Saturday, May 24, 2008

ပေါ်လာပြန်ပြီ တစ်လောင်းပြီးတစ်လောင်း--------



အပြည့်အစုံသို့...

ယနေ့ကြားနေရတဲ့သတင်းနှစ်ပုဒ်

ယနေ့ကြားနေရတဲ့သတင်းနှစ်ပုဒ်


လေဘေးဒုက္ခသည်ပြည်သူတွေအတွက် ထောက်ပံ့လှုဒါန်းတဲ့ငွေကြေးတွေနဲ့နေပြည်တော်အသစ်ထပ်လုပ်ဘို့စီစဉ်နေ...

ပျဉ်းမနားနေပြည်တော်သည် ဒီ၂၀၀၈ ခုမှာပျက်စီးမယ်လို့ နအဖ ကိုးကွယ်တဲ့ဗေဒင်ပညာရှင်များဟောတာကြောင့် န အ ဖ အာဏာရူး
များခေါင်းကိုက်နေ.....

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်စုကြည် လာမည့်တနင်္လာနေ့တွင်ပြန်လွတ်မြောက်ဘို့မျှော်လင့်

ဒေါ်အောင်ဆန်းစုကြည် လာမည့်တနင်္လာနေ့တွင်ပြန်လွတ်မြောက်ဘို့မျှော်လင့်
0n 23-5-2008
မေ ၃၀၊၂၀၀၃ တွင်ဒီပဲရင်းအရေးအခင်းတုန်းကအထိန်းသိမ်းခံနေရတဲ့ဒေါ်စု၏
လွတ်မြောက်ရေးကို ပြည်သူပြည်သားများမျှော်လင့်နေကြသည်။

အပြည့်အစုံသို့...

ရခိုင်ပြည်နယ်အတွင်းမှာ ဆုတောင်းပွဲများစတင်

ရခိုင်ပြည်နယ်အတွင်းမှာ ဆုတောင်းပွဲများစတင်

၂၃ ၇က်နေ့မှာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ တောင်ကုတ် စသည့်နေရာတွေမှာ
မုန်းတိုင်အတွင်းကသေဆုံးသွားသော ပြည်သူပြည်သားတွေအတွက် သံဃာတော်များအပါ ၅၀
ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။ ။

အပြည့်အစုံသို့...

မြန်မာသံတမန်များ မြန်မာပြည်ပြန်ရန် ဂျာမန်များ ဆန္ဒပြ

မြန်မာသံတမန်များ မြန်မာပြည်ပြန်ရန် ဂျာမန်များ ဆန္ဒပြ
NEJ/ ၂၃ မေ ၂၀၀၈
http://www.khitpyaing.org
ဂျာမန်ကယ်ဆယ်ရေးအဖွဲ့များ ယမန်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံးရှေ့ လာရောက်ပြီး မြန်မာသံတမန်များ မြန်မာပြည်ပြန်ကြရန် အော်ဟစ်ဆန္ဒပြခဲ့သည်ဟု မျက်မြင် သက်သေများက ပြောသည်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျာမန်စစ်သား (၂၀) ကျော် လိုက်ပါလာသည့် ဂျာမန်စစ်လေယာဉ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်သို့ ဆင်းသက်ခွင့်ပြုသော်လည်း လေယာဉ်ပေါ်ပါ ကယ်ဆယ်ရေးပစ္စည်းများကိုမူ လေယာဉ်မှ ချခွင့်မပေးဘဲ ဆိုင်းထားသည်ဟု စုံစမ်းသိရသည်။ ။

အပြည့်အစုံသို့...

Friday, May 23, 2008

၂၃ ရက်နေ့ တိုက်ပွဲခေါ်သံ



အပြည့်အစုံသို့...

အဖမ်းခံရ ( ၁၅ )ဦး အမည်စာရင်း


အပြည့်အစုံသို့...

Thursday, May 22, 2008

တိုက်ပွဲခေါ်သံ



အပြည့်အစုံသို့...

KNU ကေအင်န်ယူ ဥက္ကဌ စောဘသင် ကွယ်လွန်


မိုးမခ အထောက်တော် ၀၀၂
မေ ၂၂၊ ၂၀၀၈
http://www.moemaka.com
ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူ ဥက္ကဌ ပဒိုစောဘသင်စိန်သည် ယနေ့ နံနက် အစောပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ကွယ်လွန်သွားသည်။

ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။ စောဘသင်စိန်သည် ၂၀၀၀ ပြည့်နှစ်မှ စပြီး ကေအင်န်ယူ ဥက္ကဌအဖြစ် ရွေးချယ် တင်မြောက်ခံခဲ့ရသူဖြစ်သည်။

၂၀၀၂ခုနှစ်က ကေအင်န်ယူစခန်းတစ်ခုတွင် တွေ့ရသော ကရင်အမျိုးသားခေါင်းဆောင် စောဘိုမြ နှင့် ပဒိုစောဘသင်စိန်။ (ဓာတ်ပုံ မိုးမခ )

အပြည့်အစုံသို့...

China says death toll in quake more than 51,000

http://news.yahoo.com
BEICHUAN, China - China said the toll of dead and missing from last week's powerful earthquake jumped to more than 80,000, while the government appealed Thursday for millions of tents to shelter homeless survivors.

The confirmed number of dead rose nearly 10,000 from the day before to 51,151, Cabinet spokesman Guo Weimin told a news conference. Another 29,328 people remained missing and nearly 300,000 were hurt in the May 12 quake centered in Sichuan province, he said.

The disaster left 5 million people homeless and leveled more than 80 percent of the buildings in some remote towns and villages areas near the epicenter. In bigger cities whole apartment blocks collapsed or are now too dangerous to live in because of damage and worries about aftershocks.

"We need more than 3.3 million tents," Foreign Ministry spokesman Qin Gang told reporters, adding that 400,000 tents have already been delivered. It was the second call for tents from China in recent days.

"We hope and welcome international assistance in this regard. We hope the international community can give priority in providing tents," he said.

Underscoring the need, Chinese President Hu Jintao visited two tent manufacturing companies in eastern Zhejiang province, urging workers to boost production to meet needs from the disaster area, state media reported.

U.S. aid to earthquake victims totals $2.8 million, Ambassador Clark T. Randt Jr. said, including medical equipment and satellite images of damaged infrastructure. The American Red Cross had donated $10 million, and American companies operating in China have pledged more than $34 million.

In the effort to assure people the government was placing top priority on relief efforts, Premier Wen Jiabao returned Thursday to the disaster zone, the official Xinhua News Agency said — his second trip there following a visit immediately after the quake.

The government is also grappling with official estimates of more than 4,000 children orphaned by the quake, and received hundreds calls from people offering to adopt them.

Anger that so many children died because their school buildings were poorly built continued to simmer online and in state media. The Southern Metropolis News quoted a rescuer as saying that rubble from the Juyuan high school, where more than 270 students died, showed that no steel reinforcing bars were used in construction, only iron wire.

Pictures posted online of Wufu town, where some 200 students died when the Fuxin No. 2 Primary School collapsed, showed roads lined with wreaths. Piles of dusty school bags were among the rubble.

"The children did not die because of a natural disaster, they died because of a dangerous building," read a hand-painted banner strung across a roadway.

In Beichuan, the smell of bleach was overpowering as rescue workers in white safety suits sprayed disinfectant in the area. Villagers were picking up medicine from stands set up by the government.

The town's government offices opened Thursday at a hotel in neighboring Anxian county.

"Our previous office buildings collapsed, but our responsibilities, never," Ma Yun, head of the county's administrative office, was quoted as saying by the official Xinhua News Agency.

Blocked streams, earthquake-loosened soil, mudslides and the upcoming rainy season create the risk of secondary disasters that can make relief work and rebuilding even more difficult, officials with the Ministry of Land and Resources said Thursday.

Avoiding further geological disasters during relief work and rebuilding will be a "daunting task," said Yun Xiaosu, vice minister of land and resources.

The earthquake and aftershocks created 34 lakes, known as barrier lakes, as debris blocked rivers and streams throughout the earthquake area.

"The dangers at the barrier lakes are severe," Yun said. "The water level in some lakes is high and rising. If there's a break, it will cause severe damage."

People who might be in the way of breaks already have been evacuated, he added.

The region's rainy season starts in June, creating further problems and risk of major mudslides, Yun said.

The torch relay, a symbol of the country's hopes for the Beijing Olympics, restarted Thursday with a minute of silence at a container terminal in the eastern seaport city of Ningbo. The torch run has been toned down in the wake of the quake.

Originally planned for next month, organizers said the Sichuan leg of the run would be delayed until just before the start of the Aug. 8 games.

In another sign of attempts to return to normal after the quake, officials in the Sichuan provincial capital of Chengdu ordered all government bodies and companies to resume regular operations, Xinhua reported.

အပြည့်အစုံသို့...

အတိုက်အခံလူငယ် ၁၃ ဦးကို စစ်အစိုးရဖမ်းဆီး


မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 22 2008 16:13 - မြန်မာစံတော်ချိန် http://www.mizzimaburmese.com/news

နယူးဒေလီ။ ။ မြန်မာ စစ်အစိုးရသည် အတိုက်အခံ အင်အားစုကို ကစဥ့်ကလျားဖြစ်အောင် ကြိုးစားသည့် အနေနှင့် တိုင်းပြည်၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ လူငယ်ခေါင်းဆောင် ၁၃ ဦးကို ယနေ့ ကြာသပတေးနေ့တွင် ဖမ်းဆီးလိုက်သည်ဟု အကြီးတန်း ပါတီဝင်တဦးက ပြောဆိုလိုက်ပါသည်။

အဆိုပါ အရေးပါသည့် ဒီချုပ်လူငယ် ခေါင်းဆောင်များကို ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိများ၊ ရန်ကုန် သတင်းတပ်ဖွဲ့မှ ရဲအရာရှိများ ပါဝင်သော အဖွဲ့က ကြာသပတေးနေ့ နံနက်စောစောတွင် ဝင်ရောက်စီးနင်း ရှာဖွေ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒီချုပ် အကြီးတန်း အဖွဲ့ဝင်တဦး ဖြစ်သော ဦးအောင်သိန်းက မဇ္ဈိမကို ပြောကြားသွားပါသည်။

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သတင်းတပ်ဖွဲ့မှ ရဲအရာရှိများ ပါဝင်သော အဖွဲ့သည် ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် သူတို့ နေအိမ်သို့ လာရောက်၍ မဥမ္မာကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု သူနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုလိုက်ပါသည်။

“သူတို့ပြောတော့ ပြောစရာရှိလို့ပါ ဆိုပြီးခေါ်သွားတာဘဲ။ ဖမ်းတာ မဟုတ်ပါဘူးလို့တော့ ပြောတယ်၊ ဒါပေမဲ့ ခုထိပြန် မလာသေးဘူး” ဟု မဥမ္မာ၏ မိသားစုဝင်တဦးက မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ပြောဆို သွားပါသည်။

အဆိုပါ ရဲအရာရှိများ စီးလာသည့် ဟိုင်းလပ်ကားပေါ်တွင် အခြား ဒီချုပ်လူငယ် ခေါင်းဆောင်များ ဖြစ်ကြသော မပပ၊ မချို၊ ကိုလေးလွင် တို့ကို တွေ့လိုက်ရသည်ဟု အမည်မဖေါ်လိုသူ အဆိုပါ မိသားစုဝင်က ပြောသွားပါသည်။

ထွန်းဇော်ဇော်၊ ခင်ထွန်း၊ ဥမ္မာ၊ မပပ၊ မချို နှင့် ကိုပေါက်တို့ အပါအဝင် ဒီချုပ် လူငယ်ခေါင်းဆောင်များသည် ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် တက်တက်ကြွကြွ ရှေ့ဆောင်၍ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသူများ ဖြစ်သည်။ ယခုအခါ ဒေးဒရဲမြို့သို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်ဘို့ စီစဉ်နေကြဆဲ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်ဟု မဥမ္မာ၏ မိသားစုဝင်တဦးက ပြောသွားခဲ့ပါသည်။

“ကျနော်တို့ အရမ်းဘဲ စိုးရိမ်တာပါဘဲ၊ သူ့အမေဆိုရင် စားတောင် မစားနိုင်ဘူး” ဟု မဥမ္မာ၏ မိသားစုဝင်က ဆက်လက် ပြောဆိုသွားပါသည်။

ကိုထွန်းဇော်ဇော်၊ ကိုခင်ထွန်း၊ မဥမ္မာ၊ မပပ၊ မချို နှင့်ကိုပေါက်တို့အပါအဝင် ဒီချုပ်လူငယ် ခေါင်းဆောင်များသည် မေလ (၁ဝ) ရက်နေ့တွင် ကျင်းပခဲ့သော ဆန္ဒခံယူပွဲ၌ စစ်အစိုးရ၏ မသမာမှုများကို ဖေါ်ထုတ် ဖွင့်ချရန်လည်း တက်တက်ကြွကြွ လုပ်ဆောင်နေကြသူများ ဖြစ်သည်။

ဒီချုပ် လူငယ်ခေါင်းဆောင်များကို မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသွားကြောင်း ရှင်းလင်းစွာ မသိရသေးသော်လည်း ယနေ့ မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်နှင့် ဆက်စပ်နေဘွယ် ရှိသည်ဟု ဦးအောင်သိန်းက ပြောပါသည်။

ကမ္ဘာ့ အဖွဲ့အစည်းကြီး၏ အမြင့်ဆုံး ခေါင်းဆောင်ကြီးသည် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ရန်ကုန်တိုင်းနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အကူအညီပေးရေး လုပ်သားများကို ဝင်ရောက်ခွင့်ပြုရေးအတွက် မြန်မာစစ်အစိုးရကို ဆွဲဆောင်သိမ်းသွင်းရန် ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီလူတွေက ဒီချုပ်ရဲ့ အဓိက လူငယ် ခေါင်းဆောင်တွေဗျ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ ဘယ်လို လိမ်လည်ရယူသွားတယ် ဆိုတာ ဖေါ်ထုတ်ဘို့ လျှို့ဝှက် လုပ်ဆောင်နေကြသူတွေလဲ ဖြစ်ပါတယ်” ဟု ဒီချုပ် လူငယ်တဦးက ပြောဆို သွားပါသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပအပြီး ၅ ရက်အကြာ မေလ (၁၅) ရက်နေ့တွင် ဖွဲ့စည်းပုံ ဥပဒေကို မဲဆန္ဒရှင် ၉၂.၄% က ထောက်ခံခဲ့ကြောင်း စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသည့် မြို့နယ် ၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပမည့်ရက်ကို မေလ (၂၄) ရက်နေ့ အထိ စစ်အစိုးရက ရွှေ့ဆိုင်းထားခဲ့သည်။

အပြည့်အစုံသို့...

ဘန်ကီမွန်း မြန်မာပြည်ရောက်ပြီ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 22 2008 14:56 - မြန်မာစံတော်ချိန်http://www.mizzimaburmese.com/news/breakingnews

ချင်းမိုင်။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ယနေ့ တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ယနေ့ နံနက်က မြန်မာနိုင်ငံကို ရောက်လာခဲ့သော မစ္စတာ ဘန်ကီမွန်းသည် ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြှော်ခဲ့ပြီးနောက် ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးသော အကြောင်းအရာများကို နှစ်ဖက်လုံးက ထုတ်ပြန်ခြင်း မရှိသေးပါ။ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြစ်ဝကျွန်းပေါ် ဒေသသို့ ယနေ့တွင်ပင် သွားရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံ ဆွေးနွေးခွင့်ရမည့် အခြေအနေ ဖြစ်သည်ဟုလည်း သိရသည်။

အပြည့်အစုံသို့...

Cyclone victims cannot wait for succour

photo by http://longwalktofreedom.blog.com
Cyclone victims cannot wait for succour

Mungpi
Wednesday, 21 May 2008 21:08

New Delhi – Even as the United Nations and regional countries gear up to call for more aid for Burma's cyclone victims, aid workers on the ground said time is running out.

The UN and the Association of Southeast Asian Nations (ASEAN), of which Burma is a member, said they will hold a pledging conference for cyclone victims in Rangoon on Sunday.

An aid worker in Rangoon, who requested anonymity, said cyclone victims are dying by the hour as several villages, where the cyclone left its mark, had not received any relief or aid supplies.

"The conference, in principle is welcome, but is behind time. Time has been wasted in saving lives," the aid worker said.

The aid worker, whose organization has been providing aid extensively to villages in Irrawaddy delta, said more aid supplies and access to the affected areas is the need of the hour.

"It is not the time to talk but act, if we want to save lives," he added.

On Monday, Foreign ministers of the ASEAN agreed to form a task force that will give shape to the ASEAN-led mechanism in coordinating and liaising with the UN and the international community in assisting Burma to recover from the impact of Cyclone Nargis.

The ASEAN and the UN also agreed to hold a pledging conference on Sunday that will invite international donors to assist Burma in their effort to recover from the cyclone.

But the ASEAN's initiative, accepted by the Burmese junta after more than two weeks of the cyclone, could be the junta's ploy of avoiding international pressure to open their doors for aid agencies to help cyclone victims, the Burma Campaign UK said.

"This is a dilatory tactic being played by the regime. They don't care about the people dying," Mark Farmaner, director of the UK based Burma Campaign said.

Farmaner said, the junta is worried about the voices of the international community that has demanded unilateral action against the junta and refusing permission to aid workers to enter the affected areas.

"So, they are willing to accept the Asean-led initiative," said Farmaner, adding that he does not even believe that the Asean-led mechanism would be implemented at all as the junta is just playing another game.

"The Asean-led mechanism is not enough to save lives and worse, it might never be implemented at all," he added.

Meanwhile, the Burmese government on Tuesday announced a three-day national mourning for the cyclone victims, after more than two weeks. Critics said it is just a show and asked; Where was Than Shwe all this time?

Than Shwe, Burma's military supremo, in the past two weeks since Cyclone Nargis hit the country's coastal region, made two public appearances – during the constitutional referendum and on Saturday, to take a look at cyclone victims.

Win Min, a Burmese military analyst based in Thailand, said Than Shwe has been in his jungle capital Naypyitaw ever since the cyclone hit Burma and was not concerned about the impact of the devastating cyclone.

"His only concern is for the referendum and he does not care if millions of people die," Win Min said.

However, after a 92.4 percent approval of the constitution in the rigged referendum, Than Shwe finally made an appearance at government orchestrated refugee camps in Rangoon and Irrawaddy division.

The government said it has been providing aid and assistance to cyclone victims and even declared that the phase of emergency is over and it is embarking on the next phase of reconstruction.

However, the United Nations said only less than 25 percent of the estimated 2.5 million cyclone victims have received initial aid and more aid – food, water and medicines – are needed to avoid the 'Second wave of Death.'

The World Food Programme, which has a number of warehouses in Burma including in Laputta and Bogale townships, which are among the hardest hit by the cyclone, said they have been able to despatch food to 340,000 people out of their targeted 750,000 victims.

"Clearly, more aid is needed for the victims," Marcus Prior, WFP spokesperson told Mizzima.

But Burma Campaign UK's Farmaner said the Asean-led mechanism and the UN's efforts to hold a pledging conference might not help, as the Burmese regime makes promises, whenever it faces pressure but never keeps them.

"Because we know that the regime lies, over and over again," Farmaner said.

အပြည့်အစုံသို့...

8 Burmese Journalists Arrested in Laputta

Photo By http://longwalktofreedom.blog.com
8 Burmese Journalists Arrested in Laputta
By SAW YAN NAING
Wednesday, May 21, 2008, -->
Eight Burmese journalists who were trying to cover the cyclone disaster in Laputta Township in the Irrawaddy delta were arrested on Monday night by Burmese soldiers and detained for one night, according to sources in Rangoon.
Those arrested included journalists from The Voice journal, Yangon Times and 7 Day News journal.
A Rangoon-based colleague of one of the detained journalists told The Irrawaddy on Wednesday: “Soldiers came and arrested them at their hotel about 11 p.m. The soldiers accused the eight reporters of failing to inform the authorities of their presence in Laputta and then arrested them.

“The soldiers deleted all the photographs the journalists had taken,” the source said. “The soldiers threatened the journalists and swore at them.”
The eight journalists were interrogated all night by the soldiers, who were reportedly assigned to Light Infantry Division 66, said the source.
The journalists were released the following morning at about 7 a.m. after signing an agreement with the authorities that they would not return to cyclone-affected areas again without military authorization.
Since the cyclone of May 2-3, the Burmese military authorities have further tightened their strict code of censorship and restrictions on journals and publications in Burma, said the source.
“Only positive stories are allowed. Photos about refugees, victims and children are always rejected,” said the source in Rangoon. “The censorship board will only allow propaganda stories and photos, such as reconstruction projects, to be published.”
All publications are banned from printing the rising death toll from Cyclone Nargis, added the source.
Meanwhile, owners of guest houses in Laputta and Bogalay have been ordered to submit their guest registers to local authorities and report any arrivals of strangers, foreigners or persons from organizations that could be aid-related.
The Burmese military government announced on May 9 that it would permit supplies and aid from the international community to the affected regions, but that no foreigners or persons without permits could enter the cyclone-affected areas in the Irrawaddy delta and Rangoon Division

အပြည့်အစုံသို့...

Burma Half Flag Mourning For Cyclone Nargis Victims

Type your summary here.


Type the rest of your post here.

အပြည့်အစုံသို့...

Pado Saw Ba Thin Sein Vice - President


Pado Saw Ba Thin Sein Vice - President
National Democratic Front KNU pass away at today about 2:00a.m

အပြည့်အစုံသို့...

တွံတေးမြို့နယ်အနီးက လေဘေးခံခဲ့ရတဲ့ရွာပေါင်းသုံးဆယ်ကျော်ဆီသို့ဘယ်သူမှမရောက်


ကယ်ဆယ်ရေးနဲ့ကူညီထောက်ပံ့သူများသွားရောက်နိုင်ခြင်းမရှိသေးတဲ့နေရာတွေအများကြီး
ကျန်ရှိနေသေးတဲ့အထဲမှာတွံတေးမြို့နယ်အတွင်းကရွာပေါင်းသုံးဆယ်ကျော်ပါဝင်--------

စားစရာမရှိ၊နေစရာမရှိ၊လုပ်စရာဘာဆိုဘာမှမရှိတဲ့လေဘေးဒုက္ခသည်တွေအပေါ်မှာ
အာဏာရူးအုပ်စုက ဆန်တစ်ပြည်ကျပ်( ၆၀၀ )နဲ့ရောင်းချနေ-----------------------

မြန်မာပြည်သူတွေဟာပျော်ပွဲရွှင်ပွဲတွေကိုကျင်ပပြုလုပ်တဲ့နေရာလည်းကျောင်းတော်ရာပဲ၊
အတိဒုက္ခရောက်တဲ့အခါမှာ ကယ်ဆယ်ရေးစခန်းအသွင်းပြောင်းသွားတာလည်းကျောင်း
တော်ရာ့ပဲ၊အခုတော့ လူသားချင်းစာနာစိတ်ကင်းမဲ့တဲ့သတ္တ၀ါတစ်အုပ်စုက လေဘေးဒုက္ခ
သည်တွေကို ကျောင်းတော်ရာမှ ချက်ချင်းမဖယ်ပေးရင် သွေးစိမ်းထွက်သွားမယ်လို့
အမိန့်ပေးနေ------------------

အပြည့်အစုံသို့...

ကြည့်သောသူမြင်၏

http://picasaweb.google.com/peacehousetravel/PostNargisEffectedArea

အပြည့်အစုံသို့...

Wednesday, May 21, 2008

ကမ္ဘာ့ဘဏ် မှ မြန်မာပြည် ကို ကူညီမည် မဟုတ် ...

Type your summary here.

မန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော သဘာဝ ဘေးဒါဏ်အရေး ကိစ္စများ ကို ကူညီနိုင်ရန် အတွက် မည်သည့် ငွေကြေး ထောက်ပံမှု မျိုးကို မဆို ပြုလုပ်မည် မဟုတ်ဟု ကမ္ဘာ့ဘဏ် ၏ စီမံခန့်ခွဲမှု အရာရှိ Juan Jose Daboub က ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ တရားဝင်ထုတ်ဖေါ်ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

အပြည့်အစုံသို့...

ဘန်းကီးမွန်းမြန်မာနိုင်ငံထဲရောက်ဘို့နီးလာပြီ

ဘန်းကီးမွန်းမြန်မာနိုင်ငံထဲရောက်ဘို့နီးလာပြီ

မြန်မာနိုင်ငံသို့ မထွက်ခွာခင် လေးမှာ ကုလသမဂ္ဂ အဆောက်အအုံ ၌ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကုလ အတွင်းရေးမှုးချုပ် က သူရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံ အတွင်း ရှိနေစဉ် လုပ်ဆောင် မည့် အစီအစဉ်များ၊ တွေဆုံမည့် ပုဂ္ဂိုလ်များ၊ ဆွေးနွေးမည့် အကြောင်းအရာများ အပါအဝင် သတင်းထောက် များ ၏ မေးချက်များ၊ ဖြေကြားချက်များ ပါဝင်ပါတယ်။

အပြည့်အစုံသို့...

Myanmar Cyclone

အပြည့်အစုံသို့...

ချစ်ခြင်းကြောင့်

ပေမတော ဇာယတိ သာကော။
ပေမတော ဇာယတေ ဘယံ။
ပေမတော ၀ိပ္ပမုတ္တဿ၊
နတ္တိသောကော ကုတော ဘယံ။

ချစ်ခြင်းကြောင့် စိုးရိမ်သောကဖြစ်ရ၏။
ချစ်ခြင်းကြောင့် ကြောက်ရွံ့မှုတွေဖြစ်ရ၏။
ချစ်ခြင်းမှ လွတ်မြောက်သောသူအား
ဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှုတို့ ရှိတော့အံ့နည်း။

အပြည့်အစုံသို့...

အမေရိကန်စစ်သင်္ဘောလည်း ၀င်ရောက်အကူညီပေးဖို့ အဆင်သင့်ဖြစ်နေ

အပြည့်အစုံသို့...

ကြွေးဆပ်ရန် ပျက်ကွက်ခဲ့သည့်စစ်အစိုးအား မြန်မာမုန်တိုင်းဒုက္ခသည်များအတွက် ကမ္ဘာ့ဘဏ်က ငွေကြေးမကူညီနိုင်

NEJ/ ၂၀ မေ ၂၀၀၈

တရုတ်နိုင်ငံမှ ငလျင်ဒုက္ခသည်များကို ကူညီရန်အသင့်ရှိကြောင်း ကမ္ဘာ့ဘဏ်က ချက်ချင်း ကတိ ပြုသော်လည်း မုန်တိုင်းဒဏ် ခံရသည့် မြန်မာနိုင်ငံအတွက် ငွေကြေးအကူအညီပေးမည်မဟုတ် ကြောင်း ကမ္ဘာ့ဘဏ် အရာရှိတဦးက ပြောသည်။

ကြွေးကျန်သည့် နိုင်ငံများကို အကူအညီ မပေးရေးကိစ္စမှာ ကမ္ဘာ့ဘဏ်၏ ပေါ်လစီဖြစ်ပြီး မြန်မာနိုင်ငံသည် ၁၉၉၈ ခုမှစပြီး ကြွေးဆပ်ရန် ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် မြန်မာမုန်တိုင်း ဒုက္ခသည်များအတွက် ကမ္ဘာ့ဘဏ်က ကူညီရန် မဖြစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး Juan Jose Daboub က ပြောသည်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် စာရင်းအရ မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်ပကြွေးမှာ ၂၀၀၆ ခုနှစ်
တွင် ဒေါ်လာသန်းပေါင်း (၆,၈၀၀) ရှိပြီး စုစုပေါင်း ရေတိုပြည်ပကြွေးမှာ ဒေါ်လာသန်း (၁,၆၀၀) ရှိသည်။ ။

အပြည့်အစုံသို့...

ကိုယ်ရံတော် လေးသန်းနဲ့ဘုရင်

Hittaing
မြကြေးမုံ

မြန်မာပြည်မှာ အစိုးရလုပ်ရတာ ဘာမှ ရှက်စရာ မျက်နှာပူစရာ မလိုပါလား။

လူသိန်းနဲ့ချီ သေသွားတဲ့ မုန်တိုင်းကြီးစဲလို့ နှစ်ပတ်ကျော် ကြာမှ လူမြင်ကွင်းကို သွေးအေးအေးနဲ့ ထွက်လာတဲ့ ကျွန်ုပ်တို့၏ နိုင်ငံတော်အကြီးအကဲကြီးကို မြင်ရတယ်။ ရွက်ဖျင်တဲတွေရှေ့မှာ တန်းစီရပ်ပြီး လက်အုပ်လေးတွေ ချီနေရတဲ့ ဒုက္ခသည်တွေရှေ့မှာ။ “ဧရာဝတီ မြစ်ထဲမှာ အပုပ်နံ့တွေ လှိုင်နေပြီ”၊ “နွံထဲ ဒိုက်ထဲက အလောင်းတွေ ခုထိ မဆယ်ရသေးဘူး”၊ “ရေပုပ်တွေပဲ ခပ်သောက်နေရတယ်၊ ၀မ်းရောဂါ ဖြစ်ကုန်ပြီ”ဆိုတဲ့ အသံတွေ ရက်ဆက် ကြားနေရတုန်းက ခမျာ ဘယ်များ ရောက်နေပါလိမ့်။

နင်တို့တွေတော့ ဘဲဥ အလုံး ၁၀၀၀ ကို ချဉ်ဟင်းချက်ပြီး လူ ၂၀၀၀ စာ ရအောင် တယောက်တခြမ်း ဝေရင် ကောင်းမလား၊ ပွားပြီး ပွတက်လာအောင် ဆိုဒါထည့်ကြော်ပြီး လူတယောက် ကြက်ဥကြော် တဖဲ့စီပဲ ထမင်းပေါ် ပုံကျွေးရကောင်းမလား မနက်မနက်ဆို စဉ်းစားရင်း ခေါင်းခြောက်နေကြပြီလား။ မယုံမရှိနဲ့၊ ၀က်သား အချိန် ၂၀ ကို လူ ၂၀၀၀ စာ ကျွေးနိုင်တယ်ဟဲ့ ပြောတော့ တပိဿာကို လူ ၂၀၀ နှုန်း ဘယ်လိုများ လောက်အောင် ကျွေးပါလိမ့်လို့ ငါ လိုက်မမီ ဖြစ်ရသေးတယ်။ လက်သည်းခွံလောက် အတုံးသေးသေးလေး တွေ ညီအောင် တုံးနည်းတို့၊ ဟင်းအနှစ်များလာအောင် ကြက်သွန်ငရုတ်သီး များများ ထောင်းထည့်နည်းတို့၊ အသားဟင်းချက်ရင် အာလူး မဖြစ်မနေ ရောနည်းတို့ နင်တို့ ယောက်ျားလေးတွေ တသက်လုံး စိတ်မ၀င်စားခဲ့တဲ့ မီးဖိုချောင်အတတ်တွေ ခုမှ နာဂစ်ကျေးဇူးနဲ့ တဖက်ကမ်းခတ်ကုန်ရောပေါ့။

“ဆန်က တအိတ် ၂ သောင်းရှစ်ထောင်ထိတော့ ပြန်ကျသွားပြီ။ ဒါလဲ ဝေရတာ မလောက်တော့ ကယ်ဆယ်ရေးဆန်တွေပဲ သောင်းရှစ်ထောင်နဲ့ ပြန်ဝယ်ပြီး တအိမ်ထောင် ၄ ဘူးလောက်စီ လိုက်ဝေတော့မယ်။ သူတို့ပြန်ရောင်းတဲ့ ကယ်ဆယ်ရေးဆန်က နီတယ်၊ ကြမ်းတယ်၊ အကျိုးအကြေများတယ်။ ဒါပေမယ့် ဈေးပေါပေါနဲ့ ရဖို့ အရေးကြီးတယ်။ ဝေရတာ မလောက်လွန်းလို့”

“ရေသန့်ဆိုတာ ချိုလဲ မချိုဘူးတဲ့။ ရေသန့်ဘူးတွေ ဝေတော့ သောက်တဲ့ တောသားကြီးတွေက အံ့သြပြီး ပြန်ပြောတယ်။ မြို့မှာ ပိုက်ဆံပေး ၀ယ်သောက်ကြတဲ့ ဘူးသွတ်ရေဆိုတော့ သူတို့သောက်နေကျ ရိုးရိုးရေနဲ့ အရသာ ကွာမယ် ထင်ကြတာ။ သူတို့ တသက်လုံး မသောက်ဖူးဘူးလေ”

“ဒီနေ့ ထမင်းဟင်းသွားဝေတဲ့ ရွာက ဘယ်သူ့ကြည့်ကြည့် ပိန်ခြောက်နေတာပဲ။ သားတို့ နောက်ရက်လဲ လာပါဦးတဲ့။ ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့ရတယ်။ ငတ်နေတဲ့ ရွာတွေက အများကြီး။ အလှည့်နဲ့ သွားဝေရဦးမှာ။ နောက်ရက်တွေလဲ သူတို့ မျှော်နေမယ်ဆိုတာ သိတော့ သိတယ်။ ဒါပေမယ့်...”

“သူတို့တောင်ယာတွေ အကုန်ရေလွှမ်းကုန်တာ။ ရေကျသွားတော့ စားလို့ရတဲ့ အပင်မှန်သမျှ ဘာမှ မကျန်တော့ဘူး။ စားစရာက မရှိဘူးဆို ဘာမှကို မရှိတာ။ ဆား မရှိဘူး။ ဆီမရှိဘူး။ ဆန်မရှိဘူး”

ဖုန်းထဲက နင်တို့ ညည်းသံတွေကို နားထောင်ရင်း သဘာဝဘေး ဒုက္ခသည်များအတွက် အကြံပေးချက် လမ်းညွှန်တွေကို နင်တို့ဆီ ပို့မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒီအညွှန်းတွေထဲကအတိုင်း ရေချွေတာတဲ့အနေနဲ့ ဟဲယားစပရေးဘူးခွံတို့၊ ဘော်ဒီစပရေးဘူး ခွံတို့ထဲ ရေထည့်ပြီး ကိုယ်ကို ဖြန်းပါဆိုရင် ဒါတွေ တသက်လုံး မသုံးဘူးတဲ့ သူတွေက ဒီဘူးခွံတွေ ဘယ်က လိုက်ရှာရမလဲမသိ ဖြစ်ကုန်မယ်။ အဲဒါတွေက မုန့်နာမည်တွေလား ပြန်တောင် အမေးခံရနိုင်တဲ့ကိစ္စ။ ဆပ်ပြာရှားရင် မုတ်ဆိတ်ရိတ်တဲ့ ကရင်မ်တို့၊ ခန္ဓာကိုယ်လိမ်းတဲ့ ကရင်မ်တို့ကို ဆပ်ပြာအစားထိုး သုံးနိုင်တဲ့အကြောင်းရော ဒီပစ္စည်းတွေ မွေးကတည်းက တခါမှ မမြင်ဖူးတဲ့ သူတွေကို ဘယ်လို သွားပြောရမလဲ။ ဒုက္ခသည်တွေကို စိတ်ဖိစီးမှုတွေ သက်သာစေတဲ့ သကြားလုံးတို့၊ ချောကလက်တို့ ဝေပေးသင့်တယ် ဆိုရင်တော့ ဈေးအပေါဆုံး ဆန်ကြမ်းကိုတောင် တအိမ်ထောင် နို့ဆီဘူး သုံးလေးလုံးစာပဲ မျက်နှာပူပူနဲ့ မလောက်မင လိုက်ဝေနေရတဲ့ နင်တို့တွေက “အဲဒါတွေ နင်ပဲမျို”လို့ ငါ့ကို မေတ္တာပို့လိမ့်မယ်။

ပြည်တွင်းစစ်နဲ့ ငတ်မွတ်ခေါင်းပါးဘေးကြောင့် ဖွတ်ဖွတ်ကျေနေတဲ့ ဆိုမာလီမှာ မယ်မယ်ရရ အစိုးရ မရှိတော့တာ ၁၀ နှစ်ကျော်ပြီတဲ့။ “စစ်ပွဲမရှိရင် ငါတို့နိုင်ငံက အရမ်းနေလို့ကောင်းတာ”လို့ တမ်းတမ်းတတ ညည်းနေကျ ဆိုမာလီသူ ငါ့သူငယ်ချင်းတွေ ပြောဖူးတယ်။ ဒီအတိုင်းဆို ငါတို့မြန်မာနိုင်ငံကတော့ တတိုင်းပြည်လုံး အစိုးရတွေ ဖြစ်ကုန်ပြီ။ ကယ်ဆယ်ရေးဝန်ကြီး၊ ပြန်လည် နေရာချထားရေးဝန်ကြီး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေးဝန်ကြီး၊ ရေအရင်းအမြစ်ဆိုင်ရာ ၀န်ကြီး ဆိုပြီး အချင်းချင်း နောက်ပြောင်ခေါ်ရင်း အထုပ်ကြီးအထုပ်ငယ်တွေ၊ ရေသန့်ဘူးတွေ ထမ်းပြီး မုန်တိုင်းထိသွားတဲ့ အရပ်တွေကို ဆင်းနေကြတဲ့ လူတွေကို အစိုးရ ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ပါလိမ့်။ အင်းလေ... ရင်မဆိုင်ချင်လို့ပဲ သူတို့ ရှောင်နေကြတာပေါ့။ တခြားနိုင်ငံမှာ ဒီလိုသွားလုပ်ရင် ပြုတ်သွားတာ ကြာပြီလို့ ကြိမ်းမိရင် “ဒါ မြန်မာပြည်လေ”လို့ အကြောင်သား ကြည့်ပြီး ပြန်ပြောမယ်ထင်တယ်။

ကုလသမဂ္ဂကြီးရဲ့ အတွင်းရေးမှူးချုပ် တယောက်လုံးလဲ မြန်မာပြည်က နိုင်ငံ့အကြီးအကဲဆိုတဲ့ သူနဲ့တွေ့မှ မရှုမလှ ခံရတော့တာပဲ။ “ကျနော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဖုန်းဆက်စကားပြောခွင့် ရဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ မအောင်မြင်ဘူး”တဲ့။ ဂျော့ဒဗလျူဘုရှ်တို့၊ ဂေါ်ဒွန်ဘရောင်းတို့နဲ့ စကားပြောချင်ရင် ဘယ်တုန်းကမှ အောက်မကျခဲ့ရဖူးတဲ့ ဘန်ကီမွန်းခမျာ ပြောရှာတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လက်ခံပါမယ့်အရေး အထပ်ထပ် တောင်းပန်နေရတဲ့ နိုင်ငံတကာက သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ဘ၀ရော ဘာထူးလဲ။ ငါတို့အတွက်ကတော့ မြန်မာပြည်မှာ ပေါ်ထွန်းခဲ့တဲ့ အစိုးရတခုဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို ဒီလို နိုင်ချင်တိုင်း နိုင်ဖူးတဲ့အကြောင်း နောက်လာနောင်သားတွေကို ပြန်ပြောပြရတာပေါ့လေ။

“ပစ္စည်းတွေကို ကိုယ်တိုင် လာမဝေပါနဲ့၊ ရပ်ကွက် ကယ်ဆယ်ရေးစခန်းများသို့ လာရောက် အပ်နှံကြပါ”ဆိုတဲ့ နှိုးဆော်စာတွေ နင်တို့ မိတ္တူဆွဲပြီး အီးမေးနဲ့ ပို့ပေးလို့ ဖတ်ရပါတယ်။ “ဒုက္ခသည်တွေဟာ ဒီပစ္စည်းတွေကို မှောင်ခိုဈေးကနေ ပြန်ဝယ်နိုင်ဖို့ တပြားမှ မရှိတော့လို့ ကိုယ်တိုင်ပဲ ဝေခဲ့ပါရစေ”လို့သာ ပြောလိုက်ကြပါတော့။ ဒီလို လာဝေနေရင် လူတွေ သူတောင်းစား ဖြစ်ကုန်မယ်တဲ့။ အင်း မှန်ပေတယ်။ သူတို့သိမ်းပြီး အောက်ဈေးနဲ့ ပြန်ရောင်းတာ ၀ယ်စားရင် သူတောင်းစား မဟုတ်တော့ဘူးပေါ့။

မိုးကျလာပြီဆိုတော့ ဒုက္ခသည်တွေအတွက် ခြုံစရာစောင်နဲ့ အမိုးမိုးဖို့ တာရပတ်စတွေ လိုတယ်တဲ့။ အိမ်မိုးဖို့ ထိုင်းက လှူတဲ့ သွပ်ပြားတွေတော့ ရောင်းစားလို့ ကျန်မှ ကျန်သေးရဲ့လားမသိ။ ခြုံဖို့စောင်ကတော့ နိုင်ငံတကာက လှူတဲ့ ပစ္စည်းတွေ ပြန်ရောင်းတဲ့ နေရာတွေမှာ နင်တို့ လိုက်ဝယ်ရင် ရမှာပါ။ လေယာဉ်ပေါ်က ချပြီးကတည်းက ပို့ထားတဲ့ ဂိုဒေါင်တွေမှာ တိုးတိုးတိတ်တိတ် ပြောပြီး ၀ယ်လဲ ရတယ်ဆို။ ဒါလဲ ကောင်းတာပဲ။ ပင်ရင်းဒိုင်ကြီးက ၀ယ်တော့ ဈေးသက်သာတာပေါ့။

ဒုက္ခသည်တွေအတွက် ဆေးလေးဝါးလေး ၀ယ်ပေးဖို့ ရှည်ပြီး ငါ အကြံပေးမိတော့ “စားဖို့ဆန်က အဓိကပဲ။ ဆန်ဝယ်ပေးဖို့ ပိုက်ဆံထဲက ဆေးဖိုး မဖဲ့နိုင်ဘူး”လို့ နင်တို့ လက်တွေ့ကျကျ ပြန်ဖြေတယ်။ တခြားသူငယ်ချင်းတယောက်က သူ့ငွေနဲ့ ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ ရသလောက် ၀ယ်လှူပေးဖို့ ပြောတုန်းကလဲ “စားလို့မရတဲ့ ပစ္စည်းတွေအကြောင်း ဒီအချိန် လာမပြောရင် ကောင်းမယ်။ ခုနေ ထမင်းမစားရမှ သေမှာ။ ပါးစပ်တွေ ကိုယ်တွေ နံဟောင်နေရုံနဲ့ လူမသေသေးဘူး”တဲ့။ ပိန်ချုံးနေတဲ့ ဗိုက်ပူနံကား ကလေးတွေ၊ မျက်တွင်းဟောက်ကျနေတဲ့ အဘိုးကြီး အမယ်ကြီးတွေ လူ့ဘ၀ထဲက ထွက်မသွားရအောင် စုဆောင်းလို့ ရသမျှ စားရေရိက္ခာနဲ့ တားနေရတဲ့ နင်တို့ စကားတွေဟာ တချက်တချက် မချိုသာနိုင်တော့တာ ငါ နားလည်ပါတယ်။ “မိုးရွာထဲမှာ ဒုက္ခသည်တွေကို အင်္ကျီပါ ချွတ်ပေးခဲ့ရလို့ ပြန်လာတော့ အမျိုးသမီးတွေပဲ အင်္ကျီ ပြန်ပါတယ်။ သွားဝေတဲ့ ယောက်ျားမှန်သမျှ ကိုယ့်အိမ်ပေါ် ကိုယ်ပြန်တက်တော့ အင်္ကျီင်္ကျွတ်ချည်းပဲ“လို့ ပြောပြတုန်းကတော့ နင်တို့ ရယ်နိုင်ကြသေးတယ်။

ဒီလောက် ၀ုန်းဒိုင်းကြဲနေတာတောင် ကြပ်ပြေးက မထွက်တမ်း ဂူအောင်းနေတဲ့ တယောက်ကို နင်တို့ စိတ်ဆိုးကြမယ်ထင်တာ။ မြန်မာပြည်ထဲက နင်တို့တွေကတော့ “ဒါမျိုး ရိုး...ဟိုးဟိုးနေပြီ”ဆိုတဲ့ ပုံစံအပြည့်နဲ့။ လူတွေ သေပြီး နှစ်ပတ်ကျော်မှ ၀မ်းနည်းကြေကွဲခြင်း သုံးရက် အူကြောင်ကြောင် ကြေညာတော့လဲ နင်တို့ စိတ်မ၀င်စားအားဘူး။ “အာလူးတပိဿာ ၅၀၀ တဲ့။ အိတ်လိုက်ဝယ်ပြီး တအိမ်ထောင် လေးငါးလုံးရရ ဝေပေးရင် ကောင်းမယ်”၊ “ပုစွန်ခြောက်တွေ ငါးခြောက်သေးသေးလေးတွေ လေးငါးအိတ် စုဝယ်ပြီး ငရုတ်သီးနဲ့ ကြော်ရအောင်။ ဆာလာအိတ်တွေနဲ့ သယ်သွားပြီး ဝေရင် နှစ်ရွာလောက်တော့ တနပ်စာ ရမှာပါ”ဆိုတာတွေနဲ့ပဲ ဗျာများနေတယ်။

နင်တို့က ဘယ်လောက်ရရ တနေ့တနေ့ ဝေလို့ မလောက်နိုင်တဲ့ ဆန်တွေ၊ ဆီတွေ၊ ငရုတ်ကြက်သွန်တွေနဲ့ ဒုက္ခသည်တွေရဲ့ မျှော်လင့်မျက်နှာတွေကြား ခေါင်းမဖော်နိုင်အောင် ဖြစ်နေတဲ့အချိန်မှာ သမုဒ္ဒရာတဖက်က ငါလဲ လမ်းတွေ့သမျှ ဖြူဖြူညိုညို လူမျိုးပေါင်းစုံရဲ့ မေးခွန်းတွေကို ဖြေပြီးရင်း ဖြေနေရတယ်။

“အစားအစာတွေ တင်လာတဲ့ သင်္ဘောတွေ နင်တို့အစိုးရက ပေးမ၀င်ဘူးဆို”

“ကယ်ဆယ်ရေးအိတ်စ်ပတ်တွေ မလာရဘူးဆို”

“လှူတဲ့ ပစ္စည်းတွေ ဒုက္ခသည်တွေဆီ အကုန်မရောက်ဘူးဆို”

“...................................... ဆို”

“...............................ဆို”

သေတဲ့သူတွေအတွက် ရက်လည်ဆွမ်းတောင် နှစ်ခါပြန် သွတ်ပြီးလောက်တဲ့ ၁၇ ရက်မြောက်နေ့မှ လူကြားထဲ ခပ်တည်တည် ထွက်လာတဲ့ ငါတို့ နိုင်ငံတော်အကြီးအကဲဟာ တော်တော်တန်တန် နိုင်ငံမှာဆို အရိုးတခြားအသားတခြား ဖြစ်သွားလောက်တယ်။ နိုင်ငံအကြီးအကဲဆိုတဲ့သူရဲ့ မျက်နှာပေါ်က စိတ်မပါ့တပါ အပြုံးတောင့်တောင့်ကြီးရယ်၊ လက်နှစ်ဖက် တောင့်တောင့်ကြီး ဘေးချလို့ လိုက်လာတဲ့ နောက်တော်ပါ ဗိုလ်ချုပ်တွေရယ်၊ လူကြီးလာစစ်မယ်ဆိုလို့ အရေးပေါ် ဆောက်ပြီးစ ရွက်ဖျင်တဲတွေရှေ့မှာ မတ်တပ်ရပ်ပြီး တောင့်တောင့်ကြီး အသင့်စောင့်နေရတဲ့ ဒုက္ခသည်တွေရယ်ကို မြင်ရတာ သက်သောင့်သက်သာ မရှိလိုက်တာ။ မျက်နှာပေါ်က အကြောအခြင်တွေကလဲ အားလုံး တညီတည်း တောင့်လို့။

ရှေ့ဆုံးကနေ ယူနီဖောင်း လှလှဝတ်ပြီး လက်ယမ်းပြနေတဲ့ နိုင်ငံ့ခေါင်းဆောင်ပုံကို ကြည့်ရင်း သူ့နိုင်ငံက တောသူတောင်သားတွေဆီ အရောက်ဆင်းပြီး သူ့လက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ကိုယ်တိုင် ဝေတတ်တဲ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ကို မြင်ယောင်တယ်။ ပစ္စည်းတွေ ခြင်းတွေနဲ့ထည့်ပြီး ပေးနေတဲ့ ထိုင်းဘုရင်နဲ့ လက်ခံယူနေတဲ့ တောသားကြီးတွေရဲ့ မျက်နှာပေါ်မှာ အပြန်အလှန် နွေးထွေးမှုတွေနဲ့။

၁၉၇၃ ခုနှစ်က တကမ္ဘာလုံးမှာ စွမ်းအင်ပြဿနာ ဖြစ်တော့ နော်ဝေမှာလဲ စွမ်းအင် ချွေတာတဲ့အနေနဲ့ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ကားမောင်းတာကို ပိတ်ထားတယ်။ သွားစရာ လာစရာ ရှိတဲ့သူတွေ အများသုံး ရထားကိုပဲ သုံးကြပေါ့။

အော်စလို မြို့ပြင်မှာ နှင်းလျှောစီးချင်တဲ့ အသက် ၇၀ အရွယ် အဘိုးကြီးတယောက်ဟာ စည်းကမ်းကို လိုက်နာတဲ့အနေနဲ့ သူ သုံးနေကျ ကားကို ထားခဲ့ပြီး အများပြည်သူသုံး ရထားပေါ် တယောက်တည်း တက်လာတယ်။ တခုံပြီးတခုံ လက်မှတ်လိုက်စစ်၊ လပေးလက်မှတ် မသုံးတဲ့ သူတွေကို တကြောင်းစာလက်မှတ်ရောင်းနဲ့ အလုပ်များနေတဲ့ လက်မှတ်စစ် သူ့နားရောက်လာတော့ အဘိုးကြီးက လက်မှတ်ခ ပေးဖို့ ငွေအကြွေတွေကို အိတ်ထဲက ထုတ်လိုက်တယ်။

လက်မှတ်စစ်က သူ့ကို လက်မှတ်ခ အကြွေလေးတွေ ကမ်းပေးနေတဲ့ နော်ဝေဘုရင် ပဉ္စမမြောက် အိုလာ့ဗ်ကို အပြုံးနဲ့ကြည့်ပြီး ပြန်ဖြေလိုက်တယ်။

“နောက်ခုံက လူတွေက ဘုရင်မင်းမြတ်အတွက် လက်မှတ်ခ ပေးလိုက်ပြီးပါပြီခင်ဗျား”

တခြားခရီးသည်တွေနဲ့ ရောပြီး ရထားပေါ်မှာ အေးအေးဆေးဆေး စီးလိုက်လာတဲ့ အဘိုးကြီးဟာ နော်ဝေဘုရင်မင်းမြတ်မှန်းသိတော့ လက်မှတ်ခ စိုက်ရှင်းပေးသွားတဲ့ သူ့ပြည်သူတွေနဲ့ ဘုရင်ကြားက ဆက်ဆံရေးက ဒိုးယိုပေါက် နွေးထွေးပွင့်လင်းလို့။ ကိုယ်ရံတော် အစောင့်အရှောက်မပါဘဲ လူထုကြားမှာ တယောက်တည်း သွားလာတတ်တဲ့ အိုလာ့ဗ်ဘုရင်ကို သတင်းစာဆရာ တယောက်က “အကာအကွယ်မဲ့ သွားလာရတာ ဘုရင်မင်းမြတ် မကြောက်ဘူးလား”လို့ မေးခွန်းထုတ်ဖူးတယ်။

“ကျုပ်က ဘာကြောက်ရမှာလဲဗျ။ ကျုပ်မှာ ကိုယ်ရံတော် လေးသန်းတောင် ရှိနေတာပဲ”

အဲဒီအချိန်က သူ့နိုင်ငံ လူဦးရေကို ရည်ညွှန်းပြီး ဘုရင်ကြီးက ပြန်ဖြေလိုက်တယ်။

ကြိုမှာထားတဲ့အတိုင်း လက်အုပ်ပြိုင်တူ ချီပြီး ကြိုနေရတဲ့ ပိန်လှီနွမ်းဖတ် ဒုက္ခသည်တွေ ရှေ့ကနေ အစောင့်အရှောက် အပြည့်နဲ့ တောင့်တောင့်ကြီး ဖြတ်လျှောက်လာတဲ့ ”နိုင်ငံ့ခေါင်းဆောင်”တွေကို ကြည့်ပြီး အိုလာ့ဗ်ဘုရင်ကို မြင်ယောင်မိတယ်။

x x x x

အပြည့်အစုံသို့...

Sanghaalliance

Sanghaalliance

အပြည့်အစုံသို့...

blogger templates | Make Money Online