Tuesday, September 30, 2008

ဆိုက်ဘာအတိုက်အခံသမားများအတွက်လက်ဆောင်မွန်လေးတစ်ခုပါ

ကျွန်တော်တို့ (န.အ.ဖ)အားအတိုက်အခံပြုလုပ်နေကြသော ဆိုက်ဘာအတိုက်အခံသမားများ များစွာရှိနေပါသည်။ ထို့ကြောင့်(န.အ.ဖ)မှလည်းထိုသို့သောဆိုက်ဘာအတိုက်အခံသမားများ၏ဘလော့များ၊ ၀ဘ်ဆိုဒ်များအား ဖျက်ဆီး
နေခြင်းများလည်းရှိနေပါသည်။ ထိုသို့သောအဖျက်အဆီးများမှအပြည့်အ၀မဟုတ်သော်လည်းတော်ရုံတန်ရုံဖျက်ဆီး
ခြင်းမပြုနိုင်စေရန်အတွက်ကျွန်တော့်အနေဖြင့်ဆောဖ့်ဝဲလ်လေးတစ်ခုအား run စေချင်ပါသည်။ ၄င်းဆောဖ့်ဝဲလ်အား
လိုချင်ပါက အောက်ပါလင့်တွင်ဒေါင်းလော့လုပ်ယူနိုင်ပါသည်။

http://www.mediafire.com/?sharekey=a6e919c1345df40dd2db6fb9a8902bda

အပြည့်အစုံသို့...

သံဃာတော်တွေကိုပြန်မလွှတ်ပေးလျှင် သံဃာ့လှုပ်ရှားမှုပြန်စမည်ဟု စစ်တေ

ဘူးသီးတောင်မှာထောင်ဒဏ်(၇)နှစ်ခွဲကျခံနေရတဲ့စစ်တွေမြို့စိတ္တသုခကျောင်းတိုက်ကသက်တော် (28) နှစ် အရွယ်အရှင်က္ကသရိယအပါအ၀င်စက်တင်ဘာသံဃာ့အရေးအခင်းနဲ့ပါတ်သတ်ပြီးဖမ်းဆီးခံထားရတဲ့သံဃာ တော်တွေနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုပြန်လွှတ်ပေးဖို့စစ်တွေမြို့သံဃာ့အဖွဲ့ချုပ်ကဒီနေ့တောင်းဆိုပါ တယ်။

အရှင်က္ကသရိယဟာမနှစ်စက်တင်ဘာလ(၂၈)ရက်နေ့ကရခိုင်ပြည်သံဃာတော်တွေရဲ့ဆန္ဒပြပွဲမှာဦးဆောင်သံ ဃာတော်တစ်ပါးဖြစ်ပြီးအခုဆိုရင်အဖမ်းခံရတာတစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါသည်။
ဒီတောင်းဆိုချက်တွေကိုစစ်အစိုးရကမလိုက်လျောဘူးဆိုရင်မကြာခင်မှာသံဃာ့လှုပ်ရှားမှုတစ်ခုကိုဖော်ထုတ် တိုက်ပွဲဝင်သွားမယ်လို့စစ်တွေမြို့သံဃာ့အဖွဲ့ချုပ်ကသတိပေးထားပါတယ်။
ဦးဆောင်ကိုယ်တော်တစ်ပါးဖြစ်တဲ့အရှင်ရက္ခပုတ္တက တကယ်လို့များဦးဇင်းတို့ကြေငြာချက်မှာပါတဲ့ဒီတောင်း ဆိုချက်ကိုသာမလိုက်လျောဘူးဆိုရင်စစ်တွေသံဃာ့အဖွဲ့ချုပ်ကနေပြီးတော့ဒီရွှေဝါရောင်တော်လှန်ရေးကို အခြေခံပြီးတော့ပြည်တွင်းပြည်ပမှာရှိတဲ့သံဃာအရှင်သူမြတ်တွေ၊ တစ်နိုင်ငံလုံးမှာရှိတဲ့သံဃာတော်တွေနဲ့ အတူပူးပေါင်းပြီးတော့ဦးဇင်းတို့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ပြောပါတယ်။
စနေနေ့က စစ်တွေမြို့သံဃာအပါး(၁၀၀)ကျော်လမ်းလျှောက်ဆန္ဒပြခဲ့တာဟာစက်တင်ဘာရွှေဝါရောင်တော် လှန်ရေးကိုမမေ့နိုင်ကြောင်းပြသတာဖြစ်ပါတယ်လို့လည်းအရှင်ရက္ခပုတ္တကမိန့်တော်မူခဲ့ပါတယ်။
ဆန္ဒပြမှုနဲ့ပါတ်သတ်ပြီးသံဃာတော်တွေကိုဖမ်းဆီးတာမျိုးမရှိပေမယ့်ကျောင်းတိုက်တွေကိုတော့လုံခြုံရေး တိုးမြှင့်ချထားတယ်လို့သိရပါတယ်။
စက်တင်ဘာလ(၁၈)ရက်နေ့တည်းကစပြီးစစ်တွေမြို့ကဘုန်းကြီးကျောင်းတွေအားလုံးညနေဘုရားဝတ်တက် ချိန်မှာမနှစ်သံဃာ့လှုပ်ရှားမှုမှာကျဆုံးခဲ့ရတဲ့ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေအတွက်မေတ္တာပို့သမှုကို ဒီနှစ်ကုန်အထိပြုလုပ်မှာဖြစ်တယ်လို့လည်း အရှင်ရက္ခပုတ္တကတိုက်တွန်းပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့တကာ၊တကာမတွေကိုလည်းဦးဇင်းတို့က ဘာတွေမှာချင်သလဲဆိုတော့မိမိကိုယ်စားမိမိ ကိုးကွယ်ရာ၊အားထားရာ၊မှီခိုရာ၊ပြည်တွင်းပြည်ပနိုင်ငံကုလသမဂ္ဂဆိုတာတွေကိုမျှော်ကိုးမနေပါနဲ့ကိုယ့်အရေးကိုသာကိုယ်တောင်းဆိုကြပါ။
ဦးဇင်းတို့ရဲ့အမျိုး၊ဘာသာ၊သာသနာဟာဒီမိစ္ဆာဝါဒရဲ့အောက်မှာပျောက်ကွယ်သွားရတော့မှာလား။ဦးဇင်းတို့ရဲ့ ဒီမျိုးဆက်ကသာကိုယ့်မှာကျရောက်နေတဲ့တာဝန်ကိုမထမ်းဆောင်ဘူး။မကျေပွန်ဘူးဆိုရင်အမျိုး၊ဘာသာ၊ သာသနာဟာကွယ်ပျောက်ရပါတော့မယ်ဆိုတာကိုဒီကနေအလေးအနက်ပြောကြားချင်ပါတယ်။ဦးဇင်းတို့ရဲ့ တိုက်ပွဲဟာမကြာခင်စတင်တော့မယ်ဆိုတာလည်းဒီကနေတစ်နိုင်ငံလုံးကိုပြောကြားပါရစေ။
နောက်ထပ်သံဃာ့လှုပ်ရှားမှုကိုလည်းစစ်အစိုးရဘက်ကအချိန်မရွေးမကြမ်းဖက်လာနိုင်ပေမယ့်ပြည်သူတွေ အနေနဲ့ကိုယ့်အခွင့်အရေးကိုကိုယ်သိပြီးတိုက်ပွဲဝင်မယ်ဆိုရင်အောင်မြင်မှုဟာလက်တကမ်းမှာရှိတယ်လို့ အရှင်ရက္ခပုတ္တရကဆက်လက်မိန့်ကြားပါတယ်။
ဦးဇင်းတို့သာသနာ့ဘောင်အတွင်းမှာနေတယ်ဆိုတာဘုရားချမှတ်ပေးထားတဲ့အမှန်တရားလမ်းစဉ်အတိုင်း နေရတာ။မဟုတ်မတရားတဲ့တရားတွေထွန်းကားနေမယ်ဆိုရင်သာသနာရေးတည်တံ့မှာမဟုတ်ဘူး။သာသနာ ဆိုတာကမဟုတ်၊မတရားတဲ့အဓမ္မ၀ါဒမဟုတ်ဘူး။မှန်ကန်တိကျတဲ့ဗုဒ္ဓ၀ါဒဖြစ်တယ်။မမှန်ကန်၊မတိကျတဲ့အရာ တွေကဗုဒ္ဓဘာသာကိုလွှမ်းမယ်ဆိုရင်အသက်ပေးကာကွယ်ရမယ်ဆိုတာဦးဇင်းတို့ရဟန်းတော်တွေရဲ့တာဝန် ဖြစ်တယ်။အဲဒါကြောင့်သူတို့ကခြောက်တယ်။ ဖမ်းတယ်၊ဆီးတယ်၊အကြမ်းဖက်တယ်ဆိုရင်ဦးဇင်းတို့ကရင်ဆိုင် ဖို့အသင့်ပဲဖြစ်နေတယ်။

အပြည့်အစုံသို့...

တရုတ်ရင်းနှီးမြှုပ်နှံမှု တိုးများလာမှုကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိခိုက်

မြန်မာနိုင်ငံတွင်းတရုတ်ကုမ္ပဏီတွေရဲ့ရင်းနှီးမြှုပ်နှံမှုအရင်ကထက်ပိုမိုများပြားလာတဲ့အပေါ်ဒီရင်းနှီးမြှုပ်နှံမှုတွေကနေ ဒေသခံပြည်သူများ ထိခိုက်နစ်နာမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်ရတယ်လို့ EarthRights International(ERI) က ပြောပါတယ်။ ERI ရဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းနဲ့ပတ်သက်လို့
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း အနည်းဆုံး ၆၉ ခုဟာ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်လုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုမိုင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားကြပြီးအရင်နှစ်တွေကထက်တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုဟာပိုမိုများပြားလာတယ်လို့ ERI စစ်တမ်းမှာ ထောက်ပြထားပါတယ်။ ဒီလို တရုတ်နိုင်ငံဒီရင်းနှီးမြှုပ်နှံမှုတွေဟာမြန်မာနိုင်ငံရဲ့အဓိကသဘာဝအရင်းအမြစ်တွေကိုအသုံးချထုတ်ယူနေပေမယ့် အခြား ဘေးထွက်ကိစ္စတွေကို အသေအချာ ကိုင်တွယ်မှုမရှိတာကြောင့် ဒေသခံပြည်သူတွေကို ထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတွေအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ERI အမှုဆောင်ဒါရိုက်တာ ကစောဝါးက ပြောပါတယ်။
"လာလုပ်တဲ့အလုပ်တွေကို ကြည့်လိုက်ရင် သဘာဝပတ်ဝန်းကျင်ကို လုံးဝဂရုစိုက်မှုမရှိဘူး။ပြည်သူပြည်သားတွေ ဘာတွေထိခိုက်မယ်ဆိုတာလေ့လာမှုမရှိဘူး။သူတို့လုပ်ချင်တိုင်းလုပ်နေတယ်ဆိုတာအင်မတန်သတိထားဖို့ကောင်းတယ် ဆိုတာတော့ကျနော့်အနေနဲ့တင်ပြချင်ပါတယ်။ကျနော်တို့မြန်မာပြည်ရဲ့သယံဇာတတွေကအများကြီးရှိတယ်ဆိုပေမယ့် တရုတ်နိုင်ငံက ယူချင်သလိုယူ၊ သုံးချင်သလိုသုံး၊ လုပ်ချင်သလိုလုပ်ဆိုတော့ ကျနော်တို့က စိတ်မကောင်းစွာနဲ့ပဲ ကြည့်နေရတဲ့အပေါ်မှာ ဒီအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်ပါတယ်။"
အခု ကိုကစောဝါးတို့ တွေ့ရတဲ့အထဲမှာ တရုတ်ကုမ္ပဏီတွေရဲ့ရင်းနှီးမြှုပ်နှံမှုကဘယ်လိုဒေသတွေမှာအများဆုံးလဲ။
"မြန်မာနိုင်ငံ အထက်ပိုင်းတွေမှာတော့ များတာသေချာတယ်။ ဒါပေမယ့် အခု ရွှေဂက်စ်ပိုက်လိုင်းနဲ့ပတ်သက်ပြီး ဖြစ်လာမယ်ဆိုရင် ကျနော်တို့စိုးရိမ်တာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးဖြစ်လာမယ်ဆိုတာ ကြိုတင်ပြီး တွက်လို့ရပါတယ်။"
အနောက်နိုင်ငံ အစိုးရတွေကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ စီးပွားရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရှိပါတယ်။
မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ တရုတ်နဲ့အိန္ဒိယ အပြိုင်အဆိုင် လုပ်လာကြရာမှာ တရုတ်နိုင်ငံဘက်က ပိုပြီး အရေးပေးမှု ရနေတယ်လို့ ယူဆကြပါတယ်။ အမေရိကန်နိုင်ငံက ရှယ်ဗရွန်ရေနံကုမ္ပဏီကတော့ မြန်မာနိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ အတော်လေးကို ဖိအားပေးခံနေရပါတယ်။
အခုလို အနောက်နိုင်ငံအစိုးရတွေက အရေးယူပိတ်ဆို့မှုကြောင့် အနောက်နိုင်ငံ စီးပွားရေးကုမ္ပဏီတွေနေရာကို တရုတ်စီးပွားရေးကုမ္ပဏီတွေက ၀င်ယူလာတယ်လို့ကစောဝါးက ပြောပါတယ်။
"အနောက်နိုင်ငံတွေကစီးပွားရေးပိတ်ဆို့မှုလုပ်တဲ့အတွက်တရုတ်နိုင်ငံကဒါကိုကြည့်ပြီးတော့အမြတ်ထုတ်တဲ့ပုံစံနဲ့ ပိုပြီးလုပ်ကြပါတယ်။အထူးသဖြင့်ကျနော်တို့ဖြစ်နေတဲ့ပြဿနာကအနောက်နိုင်ငံတွေကလာပြီးရင်းနှီးမြှုပ်နှံမယ်ဆိုရင် သူတို့နဲ့ တိုင်ပင်ညှိနှိုင်းပြီး သူတို့ကိုလူ့အခွင့်အရေးချိုးဖောက်တယ်၊သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်လို့ပြောရင် သူတို့အနေနဲ့ အနေအထားတခုမှာ ပြန်ပြီးတုံ့ပြန်ပါသေးတယ်။ တရုတ်နိုင်ငံက တရုတ်ကုမ္ပဏီတွေကတော့ သူတို့ကိုဘာပြောပြော၊ လူ့အခွင့်အရေး ချိုးဖောက်တယ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတယ်ပဲပြောပြော သူတို့က ဘာမှ မတုံ့ပြန်တဲ့အပြင်ဂရုလည်းမစိုက်ဘူး။"
အနောက်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေကို ဖိအားပေးနိုင်ခဲ့သလိုပဲ တရုတ်စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံတွင်း အခုလိုဖြစ်နေတာတွေကို ဂရုပြုလာစေရေး ဖိအားပေးနိုင်ဖို့ နည်းလမ်းတွေကိုလည်း သူတို့ရှာဖွေနေတယ်လို့ ကစောဝါးက ပြောပါတယ်။
ဒါပေမယ့်လည်းတရုတ်စီးပွားရေးကုမ္ပဏီတွေကြောင့်လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တာ၊သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေဖြစ်တာ အချက်အလက်တွေကိုတော့စုဆောင်းရရှိဖို့ အတော့်ကို အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် တည်ဆောက်မှုလုပ်ငန်းတွေ သံလွင်မြစ်ကြောတလျှောက်မှာ စစ်အစိုးရက စီမံနေရာမှာ ဒါဟာ ဒေသဖွံ့ဖြိုးရေးအတွက်လို့ ဆိုနေပါတယ်။ ဒါပေမယ့်လည်း ဒေသခံတိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာဒေသဖွံ့ဖြိုးရေးထက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ်စေတယ်၊ အတင်းအကျပ်နေရပ်ပြောင်းခိုင်းမှု၊ အတင်းအကျပ် လုပ်အားပေးခိုင်းစေမှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာတယ်လို့ ဆိုနေပါတယ်။ ဒီရေအားလျှပ်စစ်လုပ်ငန်းတွေမှာနည်းပညာအရရော ရင်းနှီးမြှုပ်နှံမှုအရပါ အများစုကတော့ တရုတ်ကုမ္ပဏီတွေ ဖြစ်ကြတယ်လို့ အခု ERI စစ်တမ်းမှာ တွေ့ရပါတယ်။

VOA သတင်းဌာနမှကိုးကားတင်ပြထားပါသည်။

အပြည့်အစုံသို့...

စစ်တွေတွင် ကျောင်းသားများ ဆန္ဒပြ

ကျောင်းကား စီစဉ်ပေးခြင်း မရှိသောကြောင့်ဆိုကာ စစ်တွေ နည်းပညာကောလိပ်မှ ကျောင်းသားများသည် တင်္နလာနေ့ မွန်းလွဲပိုင်းက စုပေါင်းလမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဒေသခံများ အပြောအရ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အပြင်ဘက် ရေချမ်းပြင်ရပ်ကွက်ရှိ အစိုးရနည်းပညာ ကောလိပ်မှ ကျောင်းသား ကျောင်းသူ ၂၅ဝ ကျော်သည် မြို့ထဲသို့ လမ်းလျှောက် ပြန်လာကြခြင်း ဖြစ်သည်။
စစ်အစိုးရ ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်ပြီး အတိုက်အခံ လှုပ်ရှားမှု အားကောင်းရာ ဒေသတခုတွင် ယခုကဲ့သို့ ကျောင်းသားများ စုရုံး လှုပ်ရှားမှုသည် အာဏာပိုင်များကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။

"၈ မိုင်လောက်ဝေးတဲ့ ဗန္ဓုလလမ်းဆုံဆိုတာ ရှိတယ်။ အဲဒီ လမ်းဆုံရောက်တဲ့အခါ ကျောင်းအကြိုအပို့ကားက နောက်ကနေ လိုက်လာတယ်။ လိုက်လာတော့လည်း ကဲ ဘာမှ မထူးတော့ဘူး ဆိုပြီးတော့ ကားမစီးပဲ ကိုယ်အိမ်ကိုယ် ပြန်ရောက်တဲ့အထိ တန်းစီပြီးတော့ လမ်းလျှောက်ခဲ့ကြတယ်" ဟု လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူတဦးက ပြောသည်။
ယခုလုပ်ရပ်သည် စာမေးပွဲတခု ဖြေဆိုနေချိန်ဖြစ်ပြီး ကျောင်းအာဏာပိုင်များက မချေမငံ ပြောဆိုမှုကြောင့် ဆန္ဒပြရခြင်း ဖြစ်သည်ဟု သူက ပြောသည်။
စစ်တွေ နည်းပညာကောလိပ်သို့ မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ "ဘာမှ မဟုတ်ပါဘူး အားလုံးပြီးသွားပါပြီ" ဟုသာ တုံ့ပြန်ဖြေကြားကာ ဖုံးချသွားသည်။
စနေနေ့နံနက်က သံဃာတော် ၁၅၀ ခန့်သည် ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့် အမှတ်အသားအနေဖြင့် တိတ်ဆိတ် ငြိမ်သက်စွာဖြင့် စစ်တွေမြို့တွင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားသော သံဃာတော်များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုမျိုး ဖြစ်ပွားလာမည် စိုးရိမ်ကာ အရေးပါသော မြို့ကြီးများတွင် လုံခြုံရေးများ တင်းကြပ်ထားသည့်ကြားမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အပြည့်အစုံသို့...

Monday, September 29, 2008

မြန်မာပြည်တွင်းမှအင်တာနက်သုံးစွဲသူများမသိမဖြစ်သိထားသင့်သောအချက်များ

မန်မာပြည်တွင်းကအချို့သောဆိုင်ဘာကဖီး(သို့)အင်တာနက်ဆိုင်များမှာkeyloggerဟုခေါ်သည့် ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီးလာရောက်သုံးစွဲနေသူတွေအထဲမှာမှနိုင်ငံရေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပ ဆက်သွယ် နေကြတဲ့ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံနိုင်အောင်လုပ်ဆောင်နေမှုများရှိနေပြီးထိုကဲ့သို့တတ်ကြွ လှုပ်ရှားသူများအားဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။
keyloggerဆိုသည်မှာwindowစတက်စဉ်ကတည်းကစအလုပ်လုပ်နေပါသည်။ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် ..။ထိုအခါမိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှအားလုံးအားငှင်းဆော့ဖ်ဝဲမှမှတ်တမ်းတင်ထားပြီးဖြစ်နေ၍ လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများအစရှိသဖြင့် အစစအရာရာအားအတိအကျပင် ၄င်းကမှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)ထိုကဲ့သို့သောဆော့ဖ်ဝဲမျိုးအားကွန်ပျူတာတွင်သွင်းထားပြီးလာရောက်သုံးစွဲသည့်သူ၏လုပ်ဆောင်ချက်များအားအတိအကျ ထောက်လှမ်းထားနိုင်၍မိမိတို့အနေဖြင့်ဆိုင်ဘာကဖီးသို့မဟုတ်တစ်ပါးသူ၏ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိ အရင်ဆုံးစစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့် လုပ်ထားပါက အကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များအားသူတစ်ပါးဆီပါမသွားနိုင်အောင်လုပ်ရမည့် နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ .. ။ ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။Task manager ၀င်းဒိုးတက်လာပါကProcess ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင် ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။ထိုသို့endprocessလုပ်လိုက်ခြင်းအားဖြင့်ငှင်းလုပ်ဆောင်နေသည့်လုပ်ငန်းတွေအားလုံးပြီးဆုံးသွားပြီးမိမိလုပ်ကိုင် နေသည်များကိုလဲမှတ်ထားတော့မည်မဟုတ်တော့ပါ။Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီး ခေါ်ယူလဲရပ်ါသည်။အကောင်းဆုံးနည်းလမ်းမှာtask manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရိုးရိုးယူဆာတွေအနေနှင့် ဘယ်လိုဖိုင်အမျိုးအစားကအချက်အလက်တွေကိုရီကော့လုပ်တာလဲဆိုခြင်းကိုမသိနိုင်၍အန္တရာယ်ကင်းဘေးရှင်း ၄င်း process tab ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။အကယ်၍taskmanagerကိုခေါ်လို့မရခဲ့ပဲadminအခွှင့်အရေးရှိမှရမည်ဆိုလျှင်တော့ထိုသို့သောအင်တာနက်ကဖီး မျိုးကိုရှောင်ဖို့သင့်ပါသည်။စိတ်ချရသည့်နည်းပညာပိုင်းအားနည်းသောအင်တာနက်ဆိုင်ကိုသာသွားရောက်အသုံးပြု စေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော်နည်းပညာအရအဆင့်အတန်းငှင်းဆိုင်တွင်အသင့်အတင့်မြင့်နေပြီဖြစ်၍ တော်ရုံမဟုတ်တော့ဘူးဟူ၍ယူဆလို့ရနိုင်နေပါသည်။ပြီးနောက်keyloggerတွေထဲမှာပင်လျှင်အွန်လိုင်းဝဘ်ပေ့ဂ်ျမှာ တင်လို့ရသည့် keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပါသေးသည်။ ငှင်းတို့အားသုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီး end process ပေးလိုက်လျှင်တောင်မရနိုင်တော့ပါ။ ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာကျမည်ဖြစ်ပါသည်။
ယခုပို့စ်လေးကိုရေးပြီးမိတ်ဆွေတို့အားလုံးကိုပို့ရတဲ့အကြောင်းရင်းမှ့ာပြီးခဲ့တဲ့တစ်ရက်ကပဲကျွန်တော့်ကိုပြည်တွင်းမှ တတ်ကြွလှုပ်ရှားနေသူမိတ်ဆွေတစ်ယောက်မှနေ၍ရန်ကုန်ုမြို့တာမွေမြို့နယ်ကျောက်မြောင်းအရပ်တွင်ရှိသော အင်တာနက်ဆိုင်တစ်ဆိုင်တွင် နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနှင့်အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာအထောက်အထားနှင့်တကွအဖမ်းခံရတယ်ဟုပြောပြခဲ့၍အခြားသောပြည်တွင်းမှတက်ကြွလှုပ်ရှားသူတွေ အနှေနှင့်နည်းပညာပိုင်းအရရှောင်လွှဲလို့ရနိုင်တဲ့အချက်လေးတစ်ချက်အဖြစ်နဲ့တစ်ဘက်တစ်လမ်းကနေအထောက်အကူ ဖြစ်စေချင်လို့ပဲဖြစ်ပါသည်။မိတ်ဆွေတို့ရဲ့ပြည်တွင်းအဆက်အသွယ်တွေကိုပြောပြရင်းးသူတို့ရဲ့အန္တရာယ်ကင်းရှင်း ရေးအတွက် အထောက်အကူ ပြုကြပါလို့လည်း မေတ္တာရပ်ခံအပ်ပါသည်။


အပြည့်အစုံသို့...

Sunday, September 28, 2008

စစ်တွေမြို့ မှ ဆန္ဒပြ သံဃာတော် (၇) ပါးကိုဖမ်းဆီး

စက်တင်ဘာ (၂၇) ရက် စနေနေ့က စစ်တွေမြို့ ပေါ်တွင် လမ်းလျှောက်စီတန်းမေတ္တာပိုခဲ့ကြသည့် သံဃာတော်များထဲမှ သံဃာတော် (၇)ပါးကို အာဏာပိုင်များက ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တွေမြို့ ခံများက ပြောသည်။
စက်တင်ဘာလ (၂၇) ရက်ကို န.အ.ဖ.စစ်အစိုးရက ပတ္တနိက္ကုစ္ဇန ကံဆောင် သံဃာတော်များအား ကျောင်းတိုက်များအထိ လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများနှစ်ပတ်လည် နေ့အဖြစ် စစ်တွေ သံဃာတော်များက အမိန့်ရှိသည်။ မြန်မာစစ်အစိုးရက သံဃာတော်များအား နှိမ်နင်း သည့် နှစ်ပတ်လည်တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားသည့်ကြားမှ စစ်တွေမြို့ခံ သံဃာတော်များကို ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ် သည်။

“ ဦးဇင်းတို့က စီတန်းလှည့်လည်မေတ္တာပို့တယ်ဆိုပေမဲ့ အာဏာပိုင်တွေ နဲ့ ထိပ်တိုက် ရင်မဆိုင်ချင်တာကြောင့် အသံတိတ်၊ စိတ်ထဲကပဲ မေတ္တာပို့ပြီး လမ်း လျှေက်ခဲ့ကြတာပါ။ ဒီလိုငြိမ်းချမ်းစွာစီတန်းလှည့်လည်တာကိုတောင် လက်မခံဘဲ သံဃာတွေကိုဖမ်းဆီးတယ်ဆိုတော့ န. အ. ဖ အစိုးရဟာ ဘယ်လောက်တောင် မိုက်ရိုင်းသလဲ စဉ်းစားသာကြည့်ကြပါတော့ “ ဟု စစ်တွေသံဃာတော်တပါးက မိန့်ကြားသည်။
အဆိုပါစီတန်းလှည့်လည်မူကို မြင်တွေ့သည့် စစ်တွေမြို့ ခံ မျက်မြင်သက်သေတဦးကမူ-
“ သံဃာ တော်တွေဟာ အော်ဟစ်ခြင်းကြွေးကြော်ခြင်းမရှိခဲ့ကြပါဘူး ပိုစတာတွေဘာတွေ လည်းကိုင်ဆောင်ထားတာမတွေ့ရပါဘူး။ အသံတိတ်စုပေါင်းလမ်းလျှေက်သွား ကြတာပါ။ ဒါကိုတောင်ညပိုင်းမှာကျောင်းတိုက်ထဲကိုဝင်ပြီးသံဃာတော် (၇)ပါးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကြားတယ်။ အာသောကာရုံကျောင်းတိုက်က နယ်လှည့် ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တဓမ္မ၀ံသ ကိုလည်း (၂၇) ရက် ညပိုင်းကတခါ (၂၈) ရက် မနက်ပိုင်းတခါလာပြီး မေးမြန်းစစ်ဆေးနေကြတယ် “ ဟု ပြောသည်။
ယမန်နှစ် စက်တင်ဘာလ (၁၉) ရက်နေ့တွင် စစ်တွေမြို့မှ သံဃာတော် အပါး (၅၀၀၀) ကျော် အာဏာပိုင်များရုံးကို ၀ိုင်းပြီး ဖမ်းဆီး ထားသည့် သံဃာများကို ပြန်လွှတ်ဖို့ တောင်းဆိုခဲ့သည်။ ထိုနေ့မတိုင်မှီက စစ်တွေ သံဃာတော်များ ဆန္ဒပြပွဲကို စစ်တပ်က မျက်ရည်ယိုဗုံး သုံးကြိမ်ခွဲပြီး သေနတ် မိုးပေါ်ထောင် ပစ်ခဲ့သည်။

အပြည့်အစုံသို့...

အဲန်အယ်လ်ဒီ အနှစ် (၂၀) ပြည့် အဖွဲ့ဝင်တချို့ အဖမ်းခံရ

အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ အနှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ကြားက အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေ ကျင်းပခဲ့ကြပါတယ်။ အဲန်အယ်လ်ဒီအဖွဲ့ဝင် တချို့ လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပတဲ့ နေရာမှာ အာဏာပိုင်တွေက လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀၀ လောက် ချထားခဲ့ပြီး အဖွဲ့ဝင် ၉ ယောက်ကိုလည်း အခမ်းအနား အပြန်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ အကြောင်း အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။
“ဒီနေ့ အခမ်းအနားကျင်းပတာပေါ့။ အခမ်းအနားပြီးစီးသွားတယ်။ လုံခြုံရေးအခြေအနေ ပြောရင်တော့ အင်အားအတော်ကို များတယ်။ အဲန်ကယ်တို့ ရုံးဝန်းကျင်မှာ ဒိုင်နာကားနဲ့ အရပ်ဝတ်နဲ့ လာတာ လေး-ငါရာ ရှိတယ်။ ဘာတွေလဲတော့ မသိဘူး၊ တာဝန်ရှိတဲ့သူလား၊ တာဝန်မရှိဘဲနဲ့ လာတဲ့သူတွေလား၊ မသိဘူး။ အဲဒါ တချက်၊ ထက်ထက်ဦးဝေရယ် ဒေါ်ရှမ်းမရယ် ရွှေပြည်သာက၊ သူတို့နှစ်ယောက်နဲ့ အားလုံး ခြောက်ယောက်က မနက် အဖွဲ့ချုပ်ရုံးကိုအလာ ရုံးနားမှာအရောက် ကားဂိတ်နားမှာ အဖမ်းခံရတယ်လို့ ကြားတယ်။ နောက်ထပ် အခမ်းအနားအပြီး ပြန်တဲ့အထဲမှာ အမျိုးသမီးသုံးယောက်ကို ကားပေါ် စွဲတင်ပြီး ဖမ်းသွားတယ်လို့ သိရတယ်။ အဲဒါ စုစုပေါင်း မနက် ခြောက်ယောက်၊ ညနေ သုံးယောက်၊ ကိုးယောက်။ နာမည်ကတော့ အဲဒီ နှစ်ယောက်ပဲ သိရတယ်။ ကျန်တဲ့သူတွေနဲ့ ပတ်သက်လို့တော့ မသိရသေးဘူး။”
မကြာခင်က လွတ်မြောက်လာတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် အဖွဲ့ချုပ်ဝင် သုံးယောက်ကို ဒီနေ့ အခမ်းအနားမှာ မူလ နေရာမှာ ပြန်လည် တာဝန်ယူပေးဖို့အတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌက ကမ်းလှမ်းခဲ့ပြီး ဦးဝင်းတင် ကလည်း ပြန်လည် လက်ခံခဲ့တယ်လို့ ပြောပါတယ်။
“၂၃ ရက်နေ့က လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်၊ ဦးခင်မောင်ဆွေ။ ဒေါက်တာ သန်းငြိမ်း သူတို့ သုံးယောက် ဒီနေ့ အခမ်းအနား တက်တယ်လေ၊ အဲတော့ သူတို့သုံးယောက်နဲ့ ပတ်သက်ပြီးတော့ သူတို့ ယခင် တာဝန်ယူခဲ့တဲ့ ဆရာဦးဝင်တင် ဆိုရင် စီအီးစီ အဖွဲ့ဝင်ပေါ့၊ ဆရာဦးခင်မောင်ဆွေလည်း စီအီးစီအဖွဲ့ဝင်ပဲ၊ ဒေါက်တာ သန်းငြိမ်းက ရန်ကုန်တိုင်း ဒု ဥက္ကဋ္ဌပေါ့၊ ဒီရာထူးတွေကို ပြန်ပြီး ထမ်းဆောင်ဖို့ ပြန်လည်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌက ဖိတ်ခေါ်လိုက်တယ်။”
ပြန်လည်လွတ်မြောက်လာပြီးမှ ထပ်ပြီး အဖမ်းခံလိုက်ရတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ အခြေအနေကို မေးကြည့်တဲ့အခါ -
“သူ ၁၇ နာရီနေရတယ်။ နောက်နေ့ သင်္ဘော စီးဖို့ စောင့်နေတာ။ သဘောင်္မစင်းခင်ဘဲ ကသာ ထောင်ထဲကို ပြန်ခေါ်သွားတယ်။ သူ့ရဲ့ မိသားစုကလည်း ကသာ လိုက်သွားတဲ့အခါ ကသာ ထောင်ထဲမှာ ရှိတဲ့ ထောင်ဝင်စာ တွေ့ခဲ့ရတယ်။ ကျနော်တို့ မေးတာက ဘာကြောင့် ဒီလိုဖြစ်တာလဲ။ အဲဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အကျိုးအကြောင်း ဘာမှ မပြောပါဘူး။”
အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောသွားတာပါ။

VOA သတင်းဌာနမှ ကိုးကားတင်ပြထားပါသည်။

အပြည့်အစုံသို့...

စစ်တွေတွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြ

ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့်သော အခါသမယတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သံဃာတော် ၁၅၀ ခန့်က စနေနေ့ နံနက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြမှုကို မျက်မြင်တွေ့ခဲ့သူ ဒေသခံ ကိုသန်းလှိုင်က မဇ္ဈိမသို့ ပြောပြရာတွင် သံဃာတော်များသည် စစ်တွေ လမ်းမကြီးမှ နံနက် ၁၀ နာရီမှစတင် ချီတက်ခဲ့ကြသည်ဟု ပြောသည်။ ဆန္ဒပြမှုမှာ ငြိမ်းငြိမ်းချမ်းချမ်းပင် ဖြစ်သည်။

"သံဃာတော်တွေက တိတ်တိတ်ဆိတ်ဆိတ်ကိုပဲ ချီတက်ခဲ့ကြတာ။ ရဲနဲ့ တခြားအာဏာပိုင်တွေ ကားတွေ၊ ဆိုင်ကယ်တွေ အများကြီးနဲ့ အနောက်က လိုက်ကြပြီး ဘာဖြစ်လို့ လုပ်တာလဲ မေးကြတယ်" ဟု သန်းလှိုင်က ပြောသည်။
"လမ်းဘေးမှာရှိတဲ့ ရဲတွေကလည်း လက်အုပ်ချီ ကန်တော့ခဲ့ကြတာပေါ့" ဟု သူက ထပ်ပြောသည်။
သံဃာတော်များသည် ဦးဥတ္တမ ပန်းခြံအထိ ဆက်လက် ချီတက်ကြခဲ့ကြပြီး ငြိမ်းချမ်းစွာပင် လူစုခွဲလိုက်ကြသည်။
"ပထမအသုတ် လူစုခွဲလိုက်ပြီးတော့ နောက်တသုတ် ၁၀၀ လောက်ရှိမယ် ထပ်လိုက်ပြီးတော့ အဲဒီမှာပဲ လူစုခွဲလိုက်ကြတယ်" ဟုဆိုကာ သံဃာတော်များ၏ ဆန္ဒပြမှု နံနက် ၁၀း၃၀ နာရီတွင် ပြီးဆုံးကြောင်း သူက ဆက်ပြောသည်။
အာဏာပိုင်များက အတင်းလူစုမခွဲသော်လည်း သံဃာတော်များနောက်က လိုက်ခဲ့ကြောင်း ကိုသန်းလှိုင်က ပြောသည်။ ရဟန်းတော်တပါးလည်း ရဲစခန်းသို့ ခေါ်သွားခံရကြောင်း သူကြားသိရသည်ဟု ပြောသည်။
ကိုသန်းလှိုင် အပြောအရ စစ်အစိုးရက ရက်စက်စွာ ဖြိုခွင်းခဲ့သော ရဟန်းတော်များ ဦးဆောင်သည့် ဆန္ဒပြမှု တနှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု သိရသည်။
ကုလသမဂ္ဂ အဆိုအရ ထောင်ပေါင်းများစွာသော သံဃာတော်များနှင့် တက်ကြွ လှုပ်ရှားသူများ အဖမ်းခံရပြီး အနည်းဆုံး လူ ၃၁ ယောက် သေဆုံးခဲ့သည်ဟု ဆိုသည်။

အပြည့်အစုံသို့...

ဗုံးသတင်းကြောင့် အစိုးရထုတ် သတင်းစာတွေ အရောင်းသွက်ခဲ့

ရန်ကုန် မြို့တော်ခန်းမ အနီး ပေါက်ကွဲခဲ့သည့် ဗုံးပေါက်ကွဲမှု သတင်းကြောင့် စစ်အစိုးရထုတ် သတင်းစာများ ယနေ့ နံနက် အစောပိုင်းတွင်ပင် အရောင်းသွက်ခဲ့ရာ သတင်းစာများ ဝယ်မရအောင် ပြတ်လပ်သွားခဲ့ကြောင်း သိရသည်။
မြန်မာဘာသာထုတ် အစိုးရထုတ် သတင်းစာ ၂ ခုဖြစ်သည့် မြန်မာ့အလင်း နှင့် ကြေးမုံ သတင်းစာများတွင် ဗုံးပေါက်ကွဲမှုသတင်း ရေးသား ဖော်ပြခဲ့ရာ လက်ပွေ့ သတင်းစာ ရောင်းသူများနှင့် လမ်းဘေး ဘန်းခင်းဈေး အရောင်းဆိုင်များတွင် နံနက် ၈းဝဝ နာရီအတွင်း သတင်းစာများ ပြတ်လပ်သွားခဲ့ကြောင်း ဈေးသည်တဦးက ယခုလိုပြောသည်။

"လာတဲ့သူတွေက ဗုံးပေါက်တဲ့ သတင်းပါသလား မေးတယ်။ ပါတယ်ပြောတော့ ဘယ်နှယောက် လောက် သေလဲ မေးတော့ မသေပါဘူးလို့ ပြောလိုက်ရော။ ပေးပေးဆိုပြီး ဝယ်ဖတ်တော့တာပါဘဲ" ဟု သူကပြောသည်။
ယမန်နေ့ နံနက်ပိုင်း ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓူလ ပန်းခြံအနီး လိုင်းကား မှတ်တိုင်အနီး ဗုံးပေါက်ကွဲမှု ကြောင့် လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့သည့် သတင်း ပြည်သူအများ စိတ်ဝင်စားခဲ့ရာ ယခုလို ဗုံးပေါက်ကွဲသည့် သတင်း ရေးသားဖော်ပြခဲ့သည့် သတင်းစာများ အရောင်းသွက်ရခြင်း ဖြစ်ကြောင်း မြို့တွင်း သတင်းစာ ရောင်းသူတဦးက ယခုလို ဆက်၍ ပြောသည်။
"ကျနော်တို့မှာ အိမ်တွေကို ပို့ဖို့ မနဲ ချန်ထားရတယ်။ အခု တစောင်ကို ၄ဝဝ ကျပ် တောင်းတာတောင် ပေးဝယ်တဲ့ သူတွေ ရှိတယ်" ဟု သူကပြောသည်။
ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ယမန်နေ့မနက် မြို့တော်ခန်းမရှေ့ ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် ပြည်သူ ၇ ဦးအနည်းငယ် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး နောက်ထပ် မပေါက်ကွဲသေးသည့် လက်လုပ် ချိန်ကိုက်ဗုံး တလုံးအား အနီးအနား တဝိုက်တွင် ထပ်မံရှာဖွေ သိမ်းဆည်း ရမိခဲ့ကြောင်း ၎င်းဗုံးသည် ပေါက်ကွဲမှုအားမှာ ပိုမို ပြင်းထန်နိုင်ကြောင်း ရေးသား ဖော်ပြထားသည်။
ယခုလို မြို့တော်ခန်းမ အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားစဉ် အာဏာပိုင်များက မြို့တွင်း အဓိက လိုင်းကား လမ်းမတချို့ ခေတ္တခဏ ပိတ်ခဲ့သော်လည်း ပြည်သူများ ပုံမှန်သွားလာ နေထိုင်လျက်ရှိကြကာ လုံခြုံရေးအဖြစ် လူစည်ကားသည့် ဈေး၊ လိုင်းကား မှတ်တိုင်များ၊ မီးပွိုင့်များ အနီးတွင် ရဲတပ်ဖွဲ့၊ ကြံ့ဖွံ့ အဖွဲ့ဝင်များ၊ စွမ်းအားရှင် အဖွဲ့ဝင်များ တင်ဆောင်ထားသည့် ဒိုင်နာကားများ တွေ့မြင်နေရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

အပြည့်အစုံသို့...

စစ်အစိုးရ၏ လျှို့ဝှက်စီမံကိန်း - တရုတ်နှင့် ပိုမိုနီးစပ်သည့် ဆက်ဆံရေး ရအောင်လုပ်မည်

မြန်မာ ပြည်ထဲရေးဝန်ကြီး သဘာပတိလုပ်သည့် အစည်းအဝေးတခု၏ အစည်းအဝေး မှတ်တမ်းတခုအရ တိုင်းပြည်ကို ဆယ်စုနှစ် ၄ ခုကျော် အုပ်စိုးလာခဲ့သည့် စစ်အစိုးရသည် တိုးပွါးလာနေသော အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ ဖိအားကြောင့် တရုတ်ပြည်နှင့် ပိုမိုနီးစပ်သည့် ဆက်ဆံရေးတရပ်ကို ထူထောင်သွားမည် ဖြစ်ကြောင်း ညွှန်ပြ ပြောဆိုနေပါသည်။

၂ဝဝ၈ ခုနှစ် ဂျူလိုင်လ ၆ ရက်နေ့စွဲပါ အစည်းအဝေး မှတ်တမ်းအရ အမေရိကန် သြဇာမှ တိုင်းပြည်ကို ကာကွယ်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် မဟာမိတ်မရှိဘဲ ထီးထည်း ရပ်တည်နေ၍ မရကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံနှင့် အလားတူ သဘောထားရှိသည့် နိုင်ငံများ၏ ထောက်ခံမှုကို လိုအပ်ကြောင်း ပြောကြားထားပါသည်။

မဇ္ဈိမသတင်းဌာန၏ လက်ဝယ်တွင် ရရှိထားသော အစည်းအဝေး မှတ်တမ်းအရ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ဆောင်ရွက်နေသည့် စစ်အစိုးရ၏ ပေါ်လစီသည် မြန်မာ တနိုင်ငံတည်း၏ အကျိုးအတွက် သာမက နှစ်နိုင်ငံလုံး၏ အကျိုးအတွက်လည်း ဖြစ်ကြောင်း ပြောဆိုထားပါသည်။

အမေရိကန်က "တရုတ်ပြည်အား ထိန်းချုပ်ထားရေး ပေါ်လစီ" ကို ကျင့်သုံး အကောင်အထည် ဖေါ်နေခြင်းကြောင့် ဤ အမေရိကန်သြဇာကို ကာကွယ် ဟန့်တားနိုင်သည့် တရုတ်ပြည်၏ အိမ်နီးချင်း နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် တနိုင်ငံ ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး မှတ်တမ်းတွင် ဖေါ်ပြထားပါသည်။

အမေရိကန်၏ တစိတ်တပိုင်းသော်၎င်း၊ လုံးလုံးသော်၎င်းး၊ သြဇာ လွှမ်းမိုးခြင်းခံထားရသော နိုင်ငံများအဖြစ် အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ ထိုင်း၊ တောင်ကို ရီးယား၊ မွန်ဂိုလီးယားနှင့် အခြားနိုင်ငံများကို အစည်းအဝေး မှတ်တမ်းတွင် ဖေါ်ပြထားပြီး မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား အပါအဝင် အခြားနိုင်ငံ အနည်းငယ်ကိုမူ အနောက်၏ သြဇာမှ ကင်းလွတ် တည်ရှိနေသော နိုင်ငံများအဖြစ် ဖေါ်ပြထားသည်။

"ဒါကြောင့် ဓါတ်ငွေ့ပိုက်လိုင်းကို တည်ဆောက်တာ၊ ကျောက်ဖြူဆိပ်ကမ်းကို ဖွံ့ဖြိုး တိုးတက်လာအောင် လုပ်တာ၊ ဒါမှ တရုတ်အနေနဲ့ မြန်မာ့ပင်လယ်က ဓါတ်ငွေ့ကို တိုက်ရိုက် ရယူနိုင်မှာ" ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြား သွားခဲ့ကြောင်းဖြင့် အဆိုပါ အစည်းအဝေး မှတ်တမ်းတွင် ဖေါ်ပြထားပါသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာ ပိုင်ဆိုင်ထားသော တရုတ်နိုင်ငံသည် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ ဆွေးနွေးပွဲများ၌ မြန်မာနိုင်ငံကို ပြောင်အတိအလင်း အကာအကွယ် ပေးခဲ့သည်။ ထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် တိုင်းပြည်တွင်း လူ့အခွင့်အရေး အခြေအနေများကို တိုးတက်အောင်လုပ်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ချမှတ်ရန် ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက် အဆိုကိုလည်း တရုတ်နှင့် ရုရှတို့က ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလတွင် ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။

သူ၏ စီးပွါးရေး၊ သံတမန်ရေး၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ရပ်တည်ချက်များမှတဆင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ အများအပြားကို သူ့သြဇာအာဏာအောက် သိမ်းသွင်းရန် ကြိုးပန်းရာ၌ အမေရိကန်အနေဖြင့် အောင်မြင်မှု မရခဲ့ကြောင်း၊ ထို့ကြောင့် သူ့သြဇာအာဏာကို ကုလသမဂ္ဂမှတဆင့် သွတ်သွင်းရန် ဝါရှင်တန် အနေဖြင့်လိုအပ်လာခဲ့ကြောင်းဖြင့် အစည်းအဝေး မှတ်တမ်းက ဖေါ်ပြထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အများအပြားကို အမေရိကန်နိုင်ငံက ဦးစီးဦးဆောင်ပြု၍ တင်သွင်း ချမှတ်ခဲ့ကြောင်း၊ လူ့အခွင့်အရေး ကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ အပါအဝင် ဤကမ္ဘာ့ အဖွဲ့အစည်းကြီး၏ ကောင်စီ အများအပြားကိုလည်း အသုံးချရန် ကြိုးပန်းနေကြောင်းဖြင့်လည်း အစည်းအဝေး မှတ်တမ်းက စွပ်စွဲ ဖေါ်ပြထားပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကမ္ဘာ့ အဖွဲ့အစည်းကြီးက ဆက်တိုက် ဖိအားပေးလာခြင်းကြောင့် စစ်အစိုးရ အနေဖြင့် ပြင်ပကမ္ဘာကို ဆက်လက်ပြီး မသိကျိုးကျွန် ပြုနေ၍ မရတော့ကြောင်း၊ အနည်းဆုံး အပြောင်းအလဲ တချို့ကိုတော့ အကောင်အထည် ဖေါ်ရတော့မည် ဖြစ်ကြောင်းဖြင့်လည်း အဆိုပါ အစည်းအဝေး မှတ်တမ်းတွင် စိတ်ဝင်စားဖွယ် ဖေါ်ပြထားပါသည်။

သို့သော် ဤသို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုမှုများ တိုးမြှင့် ပြုလုပ်လာနေသော်လည်း အစိုးရအနေဖြင့် ဒီမိုကရေစီ လမ်းပြမြေပုံနှင့် စပ်လျဉ်းသည့် ပေါ်လစီကိုမူ အပြောင်းအလဲလုပ်မည် မဟုတ်ကြောင်းဖြင့်လည်း ဤမှတ်တမ်းတွင် ဖေါ်ပြထားပါသည်။

သို့သော် နောက်တကြိမ် လူထုဆန္ဒပြပွဲများ ထပ်မံ ဖြစ်ပေါ်လာခဲ့လျှင် အပြည်ပြည်ဆိုင်ရာ ဝေဖန်မှုများကို ရှောင်ရှားနိုင်ရန် စစ်တပ်ဖြင့် ကိုင်တွယ်မည် မဟုတ်တော့ဘဲ ရဲတပ်ဖွဲ့ဖြင့်သာ ကိုင်တွယ်တော့မည် ဖြစ်ကြောင်းဖြင့်လည်း ထပ်လောင်း ရေးသားဖေါ်ပြထားပါသည်။

ပြင်ပ ဖိအားများ တိုးပွါးလာနေခြင်းကို စိုးရိမ်ရန် မရှိဘဲ ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းများ အနေဖြင့် အလုပ်ကို ကြိုးစားလုပ်ကိုင်ရန် လိုကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းများတွင် အကောင်းဆုံး အခြေအနေ၌ ရှိကြောင်း မိမိကိုယ်မိမိ သက်သေပြကြရန် လိုကြောင်းဖြင့်လည်း အစည်းအဝေး မှတ်တမ်းက ရေးသား ဖေါ်ပြထားပါသည်။

အပြည့်အစုံသို့...

Saturday, September 27, 2008

ဆိုင်ကယ်မောင်မောင်နှင့် သူ၏ အိပ်မက်ဆိုးများ

အေးချမ်းမြေ့ | စက်တင်ဘာ ၂၆၊ ၂၀၀၈

“ငါ့ကိုမခေါ်နဲ့ …. မခေါ်ကြပါနဲ့” ဟူသော အသံနက်ကြီးကို ယမန်နှစ် နိုဝင်ဘာလလယ်ပိုင်း၊ တခုသောညက ဆိုင်ကယ် မောင်မောင်၏ အိမ်နီးနားချင်းများ အားလုံး စိတ်မချမ်းမြေ့ဖွယ်ရာ ကြားခဲ့ကြရသည်။

နောက်တနေ့ နံနက်တွင်တော့ သူ၏ အသက်မရှိတော့သော ခန္ဓာကိုယ်ကြီးကိုသာ သူ့အိပ်ရာထက်တွင် မြင်တွေ့ကြရ သည်ဟု အင်းစိန်မြို့နယ် ဖော့ကန်ရှိ သူ့အိမ်နား ပတ်ဝန်းကျင်တွင် နေထိုင်သူတို့က ပြောပြကြသည်။

“သူက စက်တင်ဘာ အရေးတော်ပုံတုန်းက ဘုန်းကြီးတွေကိုကော လူကြီးတွေကိုပါ အင်းစိန် ဂျီတီအိုင်ထဲမှာ ရိုက်ခဲ့ တာပေါ့ဗျာ” ဟု သူ့အိမ်နီးချင်း တဦးက ဆိုသည်။

ဆိုင်ကယ်မောင်မောင် ဆိုလျင် ဖော့ကန်တဝိုက်တွင် မသိသူမရှိ။ သူ့အမည်ရင်းက မောင်မောင်။ သို့သော်လည်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသောကြောင့် သူ့ကို ဆိုင်ကယ် မောင်မောင်ဟု ကွဲကွဲပြားပြားခေါ်ကြသည်။

“ပုံစံက အရပ်မြင့်မြင့်၊ ဘော်ဒီတောင့်တောင့်၊ နှုတ်ခမ်းမွေးနဲ့။ ကျော်ဟိန်းညီ ဇော်ဇော် တို့လိုပုံစံ” ဟု သူ့ကိုမြင်ဖူးသူ တဦးက ပုံဖော်ပြသည်။

ဆိုင်ကယ်မောင်မောင်ရဲ့ အပြင်ပန်းပုံစံက လူမိုက်တယောက်လို ဆိုပေမယ့် ရပ်ကွက်ထဲ တွင် ဆိုးသွမ်း မိုက်ကန်းနေသူ တယောက်တော့ မဟုတ်ပါ။ သို့သော်လည်း သူ့အကျိုး စီးပွားအတွက်ဆိုလျင် လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲသူ တဦးဟုတော့ ဆိုရမည် ဖြစ်သည်။

“ကျနော့် ဆိုင်ကယ်ထဲက စက်ပစ္စည်းတွေတောင် ဖြောင်ဖူးတယ်ဗျ” ဟု သူနှင့် ဆက်ဆံ ဖူးသူတဦးက ပြောသည်။

ယခင်နှစ် စက်တင်ဘာ အရေးတော်ပုံကာလ မေတ္တာပို့ လမ်းလျှောက်ကြသည့် သံဃာများ နှင့် လူထုကို နှိမ်နင်းရန် “စွမ်းအားရှင်” ဆိုသည့် လက်ကိုင်တုတ် လူတန်းစားတရပ်ကို စစ် အာဏာရှင်များက ဖန်တီး မွေးထုတ်လိုက်ရာ ဆိုင်ကယ် မောင်မောင်သည်လည်း စွမ်းအားရှင် တဦးအဖြစ် ထိုဇာတ်လမ်းတွင် ပါဝင်ကပြခဲ့သည်။

စွမ်းအားရှင်ဆိုသည့် လူတန်းစားတွင် လက်ရဲဇက်ရဲ မိုက်ကမ်းရဲသူများသာ ပါဝင်သည်။ အပြစ်မရှိသည့် သံဃာနှင့် ပြည်သူ လူထုကို အသားလွတ် ရိုက်နှက်ကန်ကျောက်ဖို့ ဆိုသည်က အနည်းနှင့်အများ မိုက်မဲမှဖြစ်မည်။ ငွေရရုံ ဒါမှမဟုတ် အကျိုး စီးပွား တခုခုရရုံသက်သက်ဖြင့် တဖက်သားခိုင်းသမျှ ဆိုးဆိုးကောင်းကောင်း လုပ်ဖို့ဆိုသည်က ပုံမှန် အသိဥာဏ်ရှိသူ၊ စဉ်းစားတွေးခေါ်သူတို့ အတွက် မလွယ်လှ။

“ဆိုင်ကယ် မောင်မောင်က သိပ်ပြီး နလပိန်းတုံးတော့ မဟုတ်ဘူးဗျ။ လုံးဝ မတွေးတတ် မခေါ်တတ်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ သူ့အကျိုးစီးပွားတခုခုကြောင့် ခိုင်းတာလုပ်ရင်း ကျွံသွားတာလို့ ထင်တယ်” ဟု သူနှင့် ဆက်ဆံဖူးသူတဦးက ပြောပြသည်။

ဆိုင်ကယ်မောင်မောင်၏ အဖြစ်အပျက်က တချို့သော အခွင့်အရေးမားများ၊ အကျင့်ပျက် ခြစားသူများ နည်းတူ သိပ်မထူး ဆန်းလှ။ သူ့အပေါင်းအသင်းများက ရဲများ၊ စစ်သားများ နှင့် ကြံ့ဖွံ့များဖြစ်သည်။ ထိုသူများနှင့် သူက အပေးအယူရှိသည်။ ထို့ကြောင့်ပဲသူက စွမ်းအားရှင်တဦး ဖြစ်လာခဲ့သည်။ စွမ်းအားရှင် တဦးအဖြစ် စစ်အာဏာပိုင်များထံမှ လက်ကိုင်ဖုန်း ပါမစ် အပါအဝင် တခြားသော အခွင့်အရေးများရသည်။

အချုပ်မှာတော့ မနှစ်က ယခုလိုအချိန် စက်တင်ဘာ ၂၆ ရက်နေ့ အပြစ်မဲ့ သံဃာများနှင့် ပြည်သူလူထုကို ရိုက်နှက် နှိမ်နင်းရာမှာ ဆိုင်ကယ်မောင်မောင်ပါလာခဲ့တော့သည်။ သူ့ အိမ်နီးချင်းများ၏ အဆိုအရ ဆိုင်ကယ်မောင်မောင့် လက်ချက်ဖြင့် သံဃာတပါး ပျံလွန် တော်မူရသည်ဟု သိရသည်။

သူ့ပုံကို ဂြိုဟ်တု ရုပ်မြင်သံကြားသတင်းများတွင် မြင်ရသည်ဟုလည်း ဆိုသည်။ ထိုသတင်း များတွင် သူက သံဃာများနှင့် လူထုကို ရက်ရက်စက်စက် ရိုက်နှက်နေသည်ကို မြင်ရသည် ဟု သူ့အိမ်နီးချင်းများက ပြော သည်။

အဲဒီနောက်မှာတော့ သူ့ပတ်ဝန်းကျင်က သူ့ကို စက်ဆုပ်ရွံ့ရှာကုန်ကြသည်။ ဗုဒ္ဓဘာသာဝင် တဦးဖြစ်လျှက် နှင့် လက်နက်မဲ့ သံဃာများကို ရိုက်ရက်သော ဆိုင်ကယ်မောင်မောင်ကို မည်သူတ ဦးတယောက်ကမှ အခေါ်အပြောမလုပ်ချင်ကြတော့။

ကောလာဟလများကလည်း ပျံ့နှံ့နေသည်။ အစိုးရက စက်တင်ဘာ အရေးတော်ပုံတွင် ပါဝင်သည့် သံဃာများနှင့် လူထုကို နှိမ်နင်းရန် တာဝန်ပေးထားသော စစ်သားများ၊ ရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင် များကို မူးယစ်ဆေးတချို့ ကျွေးထားသည် ဟူ၍ဖြစ်၏။ ဟုတ်မ ဟုတ်တော့မသိ။ ထိုသတင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆိုင်ကယ်မောင်မောင်ကို ပတ်ဝန်း ကျင်က လုံးဝကြဉ်လိုက်ကြပြီဖြစ်သည်။

တကိုယ်တည်း အထီးကျန်ဘဝဖြင့် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ နေခဲ့ရသော ဆိုင်ကယ် မောင်မောင်မှာ စက်တင်ဘာ သံဃာများနှင့် လူထုကို နှိမ်နင်းအပြီး ၆ ပတ်ခန့်အကြာတွင် ထူးဆန်းစွာ သေဆုံးခဲ့တော့သည်။

ပတ်ဝန်းကျင်ကတော့ သူ့ကို သရဲဖမ်းစားသည်ဟုပြောကြသည်။ နိုဝင်ဘာတညတွင် သူ့ကို ခွေးမည်းကြီး တကောင်က ခုန်အုပ်ကာ ကိုက်ခဲသဖြင့် လဲကျခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ပတ်ဝန်းကျင်ရှိ မည်သူ တစုံတဦးကမှ ထိုခွေးမည်းကြီး ကိုမတွေ့လိုက်ကြ။ သူ့ပတ်ဝန်းကျင်တွင် မည်သည့်ခွေး တကောင်မျှ မရှိဟု ဆိုကြသည်။

အဲဒီနောက်တွင်တော့ သူ့ပတ်ဝန်းကျင်က “ငါ့ကိုမခေါ်ကြပါနဲ့ … မခေါ်ကြပါနဲ့” ဟူသော ဆိုင်ကယ် မောင်မောင်၏ အသံနက်ကြီးကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားကြရတော့၏။

ကျန်ရစ်သူမိသားစုက ဆိုင်ကယ်မောင်မောင်၏ အသုဘအတွက် သရဏဂုံတင်ရန် ဒေသခံ သံဃာတော်များ ကို ပင့်ဆောင်၍ မရရှိခဲ့ပေ။ တခြားသော ဒေသမှသံဃာတော်များကို ပင့် ဆောင်ရာ၌လည်း အခက်အခဲ ဖြစ်နေကြသည်။ အသုဘကို ၁ ပတ်ကျော်သည်ထိ မချရဘဲ ဖြစ်နေခဲ့သည်။ ရက်အနည်းငယ် အကြာမှ သံဃာတချို့ကို ပင့်ဆောင်နိုင်ခဲ့ပြီး အသုဘ အခမ်းအနား ကျင်းပခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်မောင်မောင်၏ အသုဘအခမ်းအနားကို သူမသေခင်က ကြဉ်ခဲ့ကြသော ဖော့ကန် တရပ်ကွက်လုံး က အထူး အဆန်းသဖွယ် လိုက်ပါပို့ဆောင်ကြသဖြင့် သင်္ချိုင်းပင် လျှံထွက် သွားခဲ့သည်။ သို့ရာတွင် သူ့ဝိဥာဉ် ကတော့ အထီးကျန် စိတ်ကို ခံစားရင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

“သူက နည်းနည်း စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုတော့ စိတ်ထဲမှာတနုံ့နုံ့ခံစားရင်း စိတ္တဇ ဖြစ်သွားတာ။ သရဲခေါ်သွားတာ လည်း မဟုတ်ဘူး၊ တခြားရောဂါကြီးတွေ ခံစားရတာလည်း မဟုတ်ဘူး၊ သူ့ရဲ့အရိပ်က သူ့ကိုပြန်သတ်သွားတာ” ဟု ဆိုင်ကယ်မောင်မောင်၏ အိမ်နီးချင်း တဦးကပြောပြသည်။

ဆိုင်ကယ်မောင်မောင်ကဲ့သို့သော ထိတ်လန့်တုန်လှုပ်နေသည့် အထီးကျန်ဝိဥာဉ်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူသတ်စစ်အာဏာရှင်များ၏ အိပ်မက်များထဲကို ညစဉ်လည်ပတ်ရင်း ခြောက်လှန့်နေကြ သည်ဟု ဆိုလျင် မည်သူမျှ ငြင်းဆိုလိမ့်မည် မဟုတ်ပေ။ ။
မှတ်ချက်။ ။ နော်မန်ရော်ဘတ်စ်ပီးယား၏ The Lonely Death Of Cycle Maung Maung ကို ကိုးကားရေးသားပါသည်။

အပြည့်အစုံသို့...

ကြေငြာချက်များ











အပြည့်အစုံသို့...

အပြည့်အစုံသို့...

Friday, September 26, 2008

သံဃာတော်များအားရိုက်နှက်ကာ ပစ္စည်းလုခဲ့ရာတွင် ခမရ (၇၀၃) ပါဝင်ခဲ့


စစ်အစိုးရက၂၀၀၇ခုနှစ်သံဃာလှုပ်ရှားမှုအားအကြမ်းဖက်နှိမ်နင်းခဲ့ရာတောင်ဥက္ကလာပ၊ငွေကြာယံကျောင်းတိုက်အား ညအချိန်ဝင်ရောက်စီးနင်း၍ပစ္စည်းများလုယူခဲ့မှုတွင်အမှတ်(၇၀၃)ခြေမြန်တပ်ရင်းလည်းအပါအဝင်ဖြစ်သည်ဟု စစ်ဘက်အရာရှိတဦးက ပြောဆိုလိုက် သည်။
ယမန်နှစ် စက်တင်ဘာလ (၂၆) ရက်နေ့ ညတွင်ငွေကြာယံကျောင်းတိုက်ဝင်းတံခါးအားဖျက်စီးကာလုံထိန်းနှင့် စစ်တပ်အင်အားအလုံးအရင်းဖြင့်သံဃာတော်များအားအကြမ်းဖက်ရိုက်နှက်ဖမ်းဆီးကာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အဖိုးတန်ပစ္စည်းအမြောက်အများကို သိမ်းပိုက်ခဲ့သည်။
“ဒုရင်းမှူး ဗိုလ်မှူးရွှေဝင်းရဲ့အကူရဲဘော်ခင်ဇော်ဦးကကာလတန်ဖိုးသိန်း(၄၀)လောက်ရှိမဲ့ရွှေတွေရသွားတယ်၊ တပ်တောင်ဘက်က မြိုင်သာယာစံပြကျေးရွာမှာ (၁၄) သိန်းတန် ခြံတကွက် ဝယ်လိုက်လို့ ရိပ်မိသွားပြီး ခင်ဇော်ဦးကို စစ်ဆေးလိုက်တာ (၂၃) သိန်းရလိုက် တယ်လို့ သိရတယ်”ဟု အဆိုပါတပ်မတော်အရာရှိက ပြောသည်။
အဆိုပါနေ့ညတွင် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၄) လက်အောက်ခံ ခမရ(၇၀၃)၊ (၇၀၉) တို့အပြင် အမှတ် (၈) ရဲတပ်ရင်းမှရဲတပ်သား၁၀၀ကျော်ပါဝင်ခဲ့ပြီးသံဃာတော်အများအပြားကိုရိုက်နှက်ဖမ်းဆီး ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရက သံဃာလှုပ်ရှားမှုအား စက်တင်ဘာ (၂၄) ရက်နေ့မှစတင်ကာ အကြမ်းဖက် ဖြိုခွဲ ခဲ့ပြီးနောက် ငွေကြာယံကျောင်းတိုက်အား အကြမ်းဖက်စီးနင်းခဲ့ရာ မနက်ဖြန်တွင် တနှစ် ပြည့်မြောက်မည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်စက်တင်ဘာလ(၂၇)ရက်နေ့တွင်လည်းကျောင်းတိုက်အားဖျက်စီးသွားသဖြင့်ဒေါသထွက်နေသော ပြည်သူများ၏ ဆက်လက်ဆန္ဒပြမှုအား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့ရာ တောင်ဥက္ကလာပနေ ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့သည်။
“တပ်သားခင်ဇော်ဦးဆီကရတဲ့ငွေရောဝယ်ထားတဲ့ခြံပါပြန်ရောင်းပြီးတပ်ရင်းမှူးနဲ့ဒုရင်းမှူးတို့ကခွဲယူလိုက်ကြတယ်။ ခု တပ်ရင်းမှူးလုပ်တဲ့ ဒုတိယဗိုလ်မှူးကြီး စိုးတင့်နိုင်က တောင်ငူ (စရဖ) ကို (G1)စစ်ဦးစီးအရာရှိ (ပ) နဲ့တောင် ရာထူးတိုးပြောင်းသွားပြီ”ဟု အဆိုပါ အမည်မဖော် လိုသူ တပ်မတော်အရာရှိတဦးက ပြောသည်။
အဆိုပါအကြမ်းဖက်မှုတွင် အဓိက အမိန့်ပေးညွှန်ကြားသူမှာစကခ(၄)မှ(ကြည်း/၁၅၉၂၇)ဗိုလ်မှူးချုပ်မြင့်နောင် (ယခု) တိုက်ခိုက်ရေးကျောင်းအုပ်(ဘုရင့်နောင်) ဖြစ်ပြီး ခမရ (၇၀၃) မှ (ကြည်း/၂၀၈၁၈) ဒုဗိုလ်မှူးကြီး စိုးတင့်နိုင်နှင့် (ကြည်း/၂၀၆၁၇) ဗိုလ်မှူးရွှေဝင်းတို့ ဖြစ်သည်။
ယခုအချိန်တွင်လည်း ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် စက်တင်ဘာသံဃာလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည့် စက်တင်ဘာလအတွင်း စစ်အစိုးရက ၎င်းတို့တပ်ဖွဲ့ဝင်များ၊ ရဲ၊လုံထိန်း၊ကြံ့ဖွံ့နှင့်စွမ်းအားရှင်စသည့်အကြမ်းဖက် နှိမ်နင်းမည့် အင်အားများကို နေရာအနှံ့ဖြန့်ကျက်ထားပြီး ဆန္ဒပြမှုဖြစ်ပေါ်ပါက နှိမ်နင်းရန် ပြင်ဆင်ထားသည်။

အပြည့်အစုံသို့...

ရွှေဝါရောင် (၁) နှစ်ပြည့်အခမ်းအနား ကျင်းပ

စက်တင်ဘာသံဃာ့လှုပ်ရှားမှု(ရွှေဝါရောင်တော်လှန်ရေး) (၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် သံဃာတော်များ၊ ပြည်သူများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစု မဟာမိတ်အဖွဲ့အစည်းများမှ အင်အား (၇၀) ခန့် တက်ရောက်ခဲ့ ကြသည်။


“အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ စက်တင်ဘာလ (၂၆) ရက်နေ့မှာ သံဃာ တော်တွေရဲ့ သွေးမြေကျခဲ့ရတဲ့အတွက် ရွှေဝါရောင်တော်လှန်ရေးနေ့နဲ့ မြန်မာရဟန်းတော် များနေ့လို့ သတ်မှတ်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်းဖြစ်ပါတယ်”ဟု သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) ဥက္ကဌ ဆရာတော် ဦးသြဘာသက မိန့်ကြားသည်။
သံဃာတော်များအနေဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းကို ယခုအချိန်ထိ ထိန်းသိမ်းစောင့်ရှောက် ထားပြီး အချို့သံဃာတော်အနည်း အကျဉ်းသာ သပိတ်ကံပြန်လှန်ခြင်းရှိကြောင်း အဆိုပါ ဆရာတော်က ဆက်လက်မိန့်သည်။
“ဝိနည်းကံနဲ့ကြည့်မယ်ဆိုရင် အခုချိန်ထိ ဦးဇင်းတို့ မန္တလေး၊ ရန်ကုန် အစရှိတဲ့မြို့ကြီးတွေနဲ့ တနိုင်ငံလုံးက ရဟန်းသံဃာတွေဟာ ဒီကံကို ထိန်းသိမ်းစောင့်ရှောက်ဆဲပါ၊ ဒါပေမဲ့ နအဖရဲ့ လာဘ်လာဘကို မျှော်ပြီးတော့ ပြန်လှန်လိုက်တဲ့ သံဃာတွေတော့ ရှိပါတယ်၊ ဒါက အနည်း အကျဉ်းပါ၊ အများဆုံးကတော့ လုံးဝကိုမလှန်ပဲ နေကြတုန်းပါ၊ ဦးဇင်းပြောချင်တာကတော့ ပတ္တနိက္ကုဇ္ဖနကံကတော့ ဆောင်နေဆဲပါဘဲ”ဟု ပြောသည်။
ဗုဒ္ဓဘာသာ မြန်မာရဟန်းသံဃာတော်များသည် ပြည်သူလူထုအရေး၊ နိုင်ငံအရေးကိစ္စများတွင် ပုဂံခေတ်ကတည်း က ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ပြီး ယခုအခါတွင်လည်း ရှေ့တန်းမှဦးဆောင် ကာ လူထုကို သွန်သင်ဆုံးမ၍ မြန်မာပြည်လွတ်မြောက်ရေးအတွက် ကြိုးစားသွားကြရန်ကို လည်း ဆက်လက်မိန့်ဆိုသည်။
ထို့အပြင် စစ်တင်ဘာရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သည် သာသနာ့တက္ကသိုလ် မန္တလေး မှ သံဃာတော်တပါးက “နအဖကို သိပ်ပြီးကြောက်နေလို့တော့လည်း ပြီးမှာမဟုတ်ဘူး၊ ပိုကြောက်လေ ပိုဆိုးလေဖြစ်မှာဘဲ၊ ဒါကြောင့်မို့ ဘယ်လောက်ဘဲ နှိပ်စက်နှိပ်စက် ရုန်းထွက် တွန်းကန် ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားကြပါလို့ ဒီကနေ တိုက်တွန်းလိုပါတယ်”ဟု မိန့်ကြား သည်။
ထို့အပြင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) အနေဖြင့် မြန်မာနိုင်ငံတွင် ဘာသာမရွေး၊ လူမျိုးမရွေး လူ့အခွင့်အရေးအပြည့်အဝရရှိပြီး ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ လူမျိုးပေါင်းစုံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သဘောထားကြေညာချက် ထုတ်ပြန်လိုက် သည်။
ယနေ့သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် သံဃာနှင့် ပြည်သူများ သွေးမြေကျခဲ့သည်မှာ(၁) နှစ်ပြည့်မြောက်ခဲ့သည့် နေ့ဖြစ်သည်။

အပြည့်အစုံသို့...

မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှု စစ်ဆေးမှုများလုပ်

ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ အနီး ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူစည်ကားရာ လမ်းဆုံ မီးပွိုင့်၊ ဈေး၊ လိုင်းကား မှတ်တိုင်များတွင် အာဏာပိုင်များမှ စစ်ဆေးမှုများ ပြုလုပ်နေသည်။
ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာဈေး၊ ဆူးလေ လိုင်းကား မှတ်တိုင်များ၊ ပန်းဆိုးတန်း ကမ်းနားလမ်းများရှိ လိုင်းကားများပေါ်တွင် ခရီးသည်များအား လိုက်လံ စစ်ဆေးမှုများ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။

"မြို့ထဲ အထွက်လမ်းတွေကို ဗုံးပေါက်ပြီးတော့ ဘတ်စ်ကားတိုင်း၊ အဌားယာဉ်ကား၊ လိုင်းကားတိုင်းပေါ် တက်ပြီးတော့ ခရီးသည်တွေကို လိုက်စစ်နေတယ်။ နာမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင် နံပတ်၊ ဘာကိစ္စနဲ့ လာလဲ။ ဘယ်ကနေ လာသလဲ မေးတယ်လေ။ ကားနံပတ်တွေ လိုက်မှတ်နေတယ်" ဟု ဘတ်စ်ကားပေါ် စစ်ဆေးခံရသူ တဦးက ပြောသည်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် လိုင်းကားများပေါ်တွင် ပါလာသည့် အိမ်များကို ဖွင့်ကြည့်ကာ ရှာဖွေစစ်ဆေးမှုများ လုပ်ခဲ့ကြောင်း တာမွေ လိုင်းကားစီးသည့် ခရီးသည် တဦးက မဇ္ဈိမကို ယခုလို ပြောသည်။
"ဒီတာမွေမှာက ဘတ်စ်ကားစီးသူတွေကို စစ်ဆေးနေတယ်လေ။ အိတ်တွေ ဖွင့်ကြည့်တာတွေ လုပ်နေတယ်။ ခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်တာပေါ့။ အဲလို စစ်လား ဆေးလား လုပ်တော့ ကတိကအောင့် ဖြစ်တာပေါ့နော်" ဟု သူက ပြောသည်။
ယခုလို ခရီးသည်တင် လိုင်းကားများကို စစ်ဆေးမှု လုပ်ရာတွင် ရဲဝတ်စုံအပြည့် လုံခြုံရေး တပ်ဖွဲ့များ၊ အရပ်ဝတ် ထောက်လှမ်းရေး၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင်များ နှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ ရှာဖွေ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း အမှတ် (၄၅) လိုင်းကား မှတ်တိုင်နောက်ရှိ ခြံစည်းရိုးထောင့် အမှိုက်ပုံ အနီးမှ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သည့်အတွက် လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အလားတူ နောက်ထပ် ချိန်ကိုက်မိုင်း တပ်ဆင်ထားသည့် ကက်ဆက်တလုံးအားလည်း မပေါက်ကွဲမီ အချိန်မီ တွေ့ရှိခဲ့ကြောင်း ဖော်ပြ ရေးသားထားသည်။
သို့သော် ပေါက်ကွဲမှုအား မည်သူမည်ဝါ လက်ချက်ဖြစ်သည် ဆိုခြင်းကို ဖော်ပြ ရေးသားထားခြင်း မရှိသော်လည်း အာဏာပိုင်များအနေဖြင့် ၎င်းဖောက်ခွဲ ဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် မတိုင်မီ စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ တစုံတရာ မသင်္ကာသူများအား အာဏာပိုင်များမှ ပိုက်စိပ်တိုက် စစ်ဆေးမှုများ လုပ်နေခဲ့သည်။

အပြည့်အစုံသို့...

ဗိုလ်ကြီးဝင်းထိန်ကို ကသာထောင်မှာ မိသားစုက ထောင်ဝင်စာတွေ့

ထောင်မှလွတ်လာပြီးမှ ပြန်အဖမ်းခံရသည့်ဗိုလ်ကြီး ၀င်းထိန်သည် စစ်ကိုင်းတိုင်း ကသာထောင်၌ ပြန်လည် အကျဉ်းကျခံနေရသည်ဟုဗိုလ်ကြီးဝင်းထိန်၏မိသားစုက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။ ယမန်နေ့ကထောင်ဝင်စာသွားတွေ့ခဲ့သည့်ဗိုလ်ကြီး ၀င်းထိန်၏ ဇနီးဖြစ်သူက “အန်တီက မန္တလေးပဲ ရောက်သေးတယ်။ရန်ကုန်ပြန်ဆင်းရမှာဆိုတော့ လောလောဆယ်တော့ အန်ကယ်လ်က နဂိုနေရာမှာ ပေါ့နော်။ အန်တီတို့ကထောင်ဝင်စာသဘောမျိုးသွားတွေ့တာပဲရှိတယ်။လောလောဆယ်တော့ထောင်ဝင်စာသွားတွေ့တယ်လို့ ဒါပဲပြောလို့ရသေးတယ်။ အန်တီအချိန်မရလို့ပါ” ဟု ပြောသည်။


ဗိုလ်ကြီးဝင်းထိန်သည် စက်တင်ဘာ (၂၃) ရက်က အကျဉ်းသား (၉၀၀,၂) ဦးကို စစ်အစိုးရက ပြန်လွှတ်ပေးရာတွင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးခင်မောင်ဆွေ စသူတို့နှင့်အတူ ပြန်လွတ်လာပြီး နေအိမ်သို့ပြန်မရောက်ခင် ကသာမြို့ရှိ ဧရာ ဟိုတယ်၌ ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက် ဗိုလ်ကြီးဝင်းထိန်ကို အာဏာပိုင်များက ပြန်ဖမ်းသည်ကိုမူ ယခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ထောင်မှပြန်လွတ်လာပြီးကာစပြုလုပ်ခဲ့သည့် ဒီဗွီဘီ အသံလွှင့်ဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတွင် ဗိုလ်ကြီးဝင်းထိန်က လူတိုင်းနိုင်ငံရေးလုပ်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ တဖက်စောင်းနင်း မလုပ်သည့်နိုင်ငံရေး၊ မျှမျှတတ လုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံရေးစနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ကြီးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၉၆ မေလတွင် နိုင်ငံခြား သတင်းထောက်များကို မဟုတ်မမှန် သတင်းပေးပို့သည်ဆိုသော စစ်အစိုးရ၏ စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ် (၁၄) နှစ် အကျဉ်းကျခံခဲ့ရသည်။ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်ကြီးဝင်းထိန်သည် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၏ ကိုယ်ရေးအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

အပြည့်အစုံသို့...

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရမည်ဟု တစညပါတီမျှော်လင့်

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က အနိုင်ရ ရှိရန် မျှော်လင့်ထားကြောင်း ယင်းပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက စက်တင်ဘာ (၂၄) ရက်ကရှားရှားပါးပါးပြုလုပ်သည့်တစညပါတီ သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်း ပြည်ပ သတင်းစာဆရာများကို ပြောကြားသည်။

ဦးခင်မောင်ကြီးက “၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျနော်တို့ ရှုံးခဲ့ရတယ်ဆိုတာ အဲဒီတုန်းက ပြည်သူတွေက ကျနော်တို့အပေါ်မှာ နာကြည်းချက်ရှိခဲ့ကြလို့ အန်အယ်လ်ဒီကို မဲပုံပေး ခဲ့ကြတာပါ။ အဲဒီလိုနာကြည်းချက်တွေ ရှိတဲ့ကြားထဲက ကျနော်တို့ပါတီဟာ မဲဆန္ဒနယ် (၁၂) ခုမှာ အနိုင်ရရှိခဲ့ပါ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ပါတီအပေါ်မှာ သံယောဇဉ်ရှိသူတွေ အများအပြားရှိနေ တယ်ဆိုတာ ထင်ရှားပါတယ်။ အခုအချိန်မှာ တိုင်းပြည်ရဲအခြေအနေဟာ အရင်အနှစ် (၂၀) က ထက်စာရင် အများကြီး ပြောင်းလဲတိုးတက်သွားပါပြီ။ ပြည်သူလူထုရဲ့သဘောထားဟာလည်း အများကြီးပြောင်းသွားပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲရဲ့ရလဒ်ကို တသမတ်တည်း ဖက်တွယ်ထားလို့ မရတော့ပါဘူး။ ဒါကြောင့်မို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျနော်တို့ပါတီ အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်” ဟု ပြောသည်။

ပါတီ၏ လက်ရှိတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို အန်အယ်လ်ဒီ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကျင်းပဖို့ အလားအလာ ရှိမရှိနှင့် တစည ပါတီ၏ စီးပွားရေးပေါ်လစီသည် ယခင် မဆလ စီးပွားရေးပေါ်လစီနှင့် အတူတူဖြစ်ပါသလား စသည့် မေးခွန်းများကို နိုင်ငံခြားသတင်းထောက်အချို့က မေးမြန်းရာ တစည ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ပြန်လည်ဖြေကြားနိုင်ခြင်း မရှိဟု စုံစမ်းသိရှိရသည်။

“ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အတည်ပြုပြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့အညီ အကောင်အထည်ဖော် မယ့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ချီတက်ကြတဲ့အခါ ကိုယ့်ပါတီအကျိုး၊ ကိုယ့်အစုအဖွဲ့ အကျိုး ထက် တိုင်းပြည်အကျိုးကို ဦးစားပေးဖို့လိုပါတယ်။ ဒါကြောင့်မို့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကြီးမှာ နိုင်ငံရေးပါတီတွေအားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ပြီး တရားသဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြ ဖို့ကိုလည်း တိုက်တွန်းပါတယ်” ဟု ဦးခင်မောင်ကြီးက ဆက်လက်ပြောကြားသည်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကပင် တစညခေါင်းဆောင် ဗိုလ်ချုပ်ထွန်းရီနှင့်အဖွဲ့ကို စစ်အစိုးရက ပြည်တွင်း လွတ်လပ်စွာ စည်းရုံးခွင့်ပေးထားသော်လည်း အန်အယ်လ်ဒီပါတီကို မည်သည့်အတွက် စည်းရုံးခွင့်မပေးသည်ကိုမူ ဦးခင်မောင်ကြီးက ပြောဆိုခြင်းမရှိပေ။

ဦးခင်မောင်ကြီးသည် အမျိုးသားညီလာခံ တက်ရောက်နေစဉ်ကာလကပင် ၂၀၁၀ ရွေးကောက်ပွဲ၌ စစ်အစိုးရက ပါတီကြီးသုံးလေးခုသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးမှာဖြစ်ပြီး အဖျက်ခံထားရသည့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ ၀င်ရောက်ခွင့်မရှိဟု ပြောခဲ့သူဖြစ်သည်။ ထို့ပြင် ကြံ့ဖွံ့အဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် စစ်အစိုးရက ပြောင်းလဲမှာဖြစ်သည်ဟုပါ တစညပါတီ သတင်းစာရှင်းလင်းပွဲတခုတွင် ဦးခင်မောင်ကြီးက ပြောခဲ့သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) သည် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်ဖွဲ့စည်းခဲ့ သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို အမည်ပြောင်းလဲထားသော နိုင်ငံရေးပါတီတခု ဖြစ်သည်။ ၁၉၈၈ ခုတွင် ပေါ်ပေါက်ခဲ့သော ပြည်သူလူထု၏ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုကြီး အတွင်း အာဏာကို စစ်တပ်လက်သို့ လွှဲပေးပြီးနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဟူသောအမည်ကို ပြောင်းလဲခဲ့သည်။

ယင်းပါတီသည် ၁၉၉၀ ပြည့်နှစ် မေလရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ဘက် ပါတီဖြစ်သော ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန် အယ်လ်ဒီ) ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည် တစညပါတီ၏ လက်ရှိဥက္ကဋ္ဌမှာ မဆလ ဗဟို ကော်မတီဝင်ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သူ ဦးထွန်းရီ ဖြစ်သည်။

တစညပါတီသည် ပါတီဝင်ငွေရရန်အတွက် စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်ခွင့်ရထား သကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီးငယ်တဦးက ရန်ကုန်ရွှေတောင်ကြားရိပ်သာ(၁) ခေါ် ဗိုလ် ချုပ်ရွာရှိ တစညရုံးချုပ်ပိုင် မြေအချို့ကို ပိုင်းဝယ်ထားပြီး အိမ်ဆောက်ထားသည်ဟု စုံစမ်းသိရသည်။

အပြည့်အစုံသို့...

အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဝင်များ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ ချီတက်သွား

အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဝင်၃၅ယောက်တို့သည်ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် နေအိမ်အကျယ်ချုပ် ကျခံနေရသောပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ဘက်သို့စတင်သွားရောက်ခဲ့ကြောင်းသတင်းရရှိသည်။
စစ်အစိုးရက ကုက္ကိုင်းလမ်း ပိတ်လိုက်သော်လည်း ချီတက်သွားကြသူများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းထဲကို ၀င်ရောက် သွားနိုင်ခဲ့ကြောင်း အစောပိုင်း သတင်းများအရ သိရသည်။ လူငယ် အယောက် ၂၀ နှင့် လူကြီး ၁၅ ယောက် ဖြစ်သည်ဟု သိရသည်။

အပြည့်အစုံသို့...

ရွှေဝါရောင်တော်လှန်ရေး အတွေ့အကြုံ သံဃာတော်များ တင်ပြ

မြန်မာစစ်အစိုးရရက်ရက်စက်စက်နှိပ်ကွပ်ဖြိုခွဲခဲ့တဲ့၂၀၀၇ခုနှစ်စက်တင်ဘာသံဃာတော်တွေရဲ့ရွှေဝါရောင်လှုပ်ရှား မှုဟာ အခုဆိုရင် တနှစ်ပြည့်ခဲ့ပါပြီ။ ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံဃာတော်တွေ အပါအ၀င် သံဃာတော်နဲ့ သီလရှင် ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ သံဃာတော်တွေလည်း ရှိနေဆဲပါ။
ဒီလိုလွတ်မြောက်လာတဲ့အထဲကသံဃာတော်တချို့ရဲ့ကြားနာပွဲကိုနယူးယောက်ခ်မြို့ကနယူးယောက်ခ်ပလာဇာမှာ စက်တင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီကြားနာပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဒီပွဲမှာ အရင် ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio)က သဘာပတိအဖြစ် ဆွေးနွေးပွဲကို ကြီးမှူးဆောင်ရွက်ခဲ့ပါတယ်။
၂၀ ရာစုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တိုက်ပွဲတိုင်းမှာ လှုပ်ရှားမှုတွေအမျိုးမျိုး ရှိခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ ပေါ်တူဂီ၊ စပိန် စတဲ့ အနောက်ဥရောပနိုင်ငံတွေအပြင် အရှေ့ဥရောပနိုင်ငံတွေရော၊ လက်တင်အမေရိကနိုင်ငံတွေမှာပါ ရှိခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတိုင်းဟာလည်း အရေးကြီးတဲ့သမိုင်းဝင်မျိုးစေ့တွေကို
ချပေးတာပါ။ အခု မြန်မာနိုင်ငံမှာဆိုရင်လည်း အနာဂတ် ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ဖို့အတွက် မျိုးစေ့ချ စိုက်ပျိုးနေချိန် ဖြစ်ပါတယ်။" လို့ အခမ်းအနားသဘာပတိ ပါမောက္ခ ပင်ညဲရိုး ပြောသွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ သံဃာတော်တွေ အပါအ၀င် ပြည်သူတရပ်လုံးဟာဖိနှိပ်မှုတွေအောက်မှာဆက်လက်ခံစားနေရဆဲ ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကိုအခုထက်ပို ဆောင်ရွက်သင့်တဲ့ အကြောင်းတွေကိုဆရာတော်တွေကတိုက်တွန်းမိန့်ကြားခဲ့ပါတယ်။အဓိကဆွေးနွေးခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ အရှင် ဦးပညာဇောတကအခုလို မိန့်ကြားပါတယ်။
"အဓိကကတော့ လက်ရှိဥပဒေကိစ္စတွေကိုလည်း ဆွေးနွေးသွားတယ်။ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့်ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဟာတွေကို ဦးဇင်းအနေနဲ့ ဆွေးနွေးသွားပါတယ်။"
ဒီသံဃာတော်တွေရဲ့လှုပ်ရှားမှုဟာပြီးဆုံးသွားပါပြီလားလို့မေးကြည့်တော့အရှင်ဦးပညာဇောတကအခုလိုမိန့်ပါတယ်။"သံဃာတော်တွေကတော့ လှုပ်ရှားမှုဆိုတာ ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့အတွက်ပြည်သူဘက်ကရပ်တည်ပြီး ပြည်သူ့လိုအပ်ချက်ကို ပြောဖို့အတွက် ပြင်ဆင်နေတာရှိတယ်။ သို့သော်လည်း လက်ရှိ နအဖစစ်အစိုးရက ရွှေဝါရောင်တနှစ်ပြည့်တဲ့အချိန်မှာအဓမ္မ၀င်ရောက်ပြီး စောင့်ရှောက်ကြည့်နေတာတွေ၊ ထိန်းသိမ်းနေတာတွေ၊ လွတ်လပ်စွာ သွားခွင့်လာခွင့်မရတာတွေ ဖြစ်တဲ့အတွက် လုပ်ဖို့ အတော်လေး အခက်အခဲ ရှိနေပါတယ်။"ဒီပွဲကနေ မြန်မာ့ဒီမိုကရေစီရေးအတွက်နိုင်ငံတကာရဲ့ထောက်ခံမှုရဖို့မျှော်လင့်တဲ့ အကြောင်းလည်းဆရာတော်က မိန့်ပါတယ်။"ကုလသမဂ္ဂညီလာခံလည်းကျင်းပနေတာဖြစ်တယ်။နောက်တချက်ကအခုလိုလုပ်လိုက်ခြင်းအားဖြင့်မြန်မာပြည်ရဲ့ အခြေအနေတွေကို နိုင်ငံတကာက သိရှိခွင့်ရသွားမယ်။ သိရှိခွင့်ရသွားခြင်းအားဖြင့် လက်ရှိ ကုလသမဂ္ဂကနေပြီး အရေးယူဆောင်ရွက်နေတာ ထိရောက်မှုမရှိဘူး၊ ဒီ့ထက်ကြီးမားတဲ့၊ ခိုင်မာတဲ့၊ တိကျတဲ့၊ အချိန်ကာလပါတဲ့အရေးယူဆောင်ရွက်ချက်တွေနဲ့အကောင်အထည်ဖော်ဖို့လိုပြီဆိုတာကိုဦးဇင်းတို့ပြောခွင့်တွေအများကြီးရခဲ့ပါတယ်။အရှင်ပညာဇောတဟာ စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း မြန်မာစစ်အစိုးရကဘုန်းတော်ကြီးကျောင်းတွေကို ၀င်ရောက်စီးနင်းပြီး သံဃာတော်တွေကို လိုက်လံဖမ်းဆီး ထောင်ချမှုတွေလုပ်နေတဲ့အချိန်မှာမြန်မာနိုင်ငံအတွင်း လှည့်လည်ပုန်းအောင်းနေခဲ့ရပါတယ်။ လေးလကြာ လှည့်လည်ပုန်းအောင်နေပြီးနောက်ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သလိုဒီနှစ်ဇန်န၀ါရီလကမှ အမေရိကန်ပြည်ထောင်စုကိုရောက်ရှိလာခဲ့တဲ့သံဃာတော်တပါးပဲ ဖြစ်ပါတယ်။

အပြည့်အစုံသို့...

သံဃာတော်တွေအပေါ် နှိပ်ကွပ်မှုကို အရေးယူရန် အမေရိကန် ဆောင်ရွက်မည်

မြန်မာနိုင်ငံမှာမနှစ်ကသံဃာထုလှုပ်ရှားမှု ရွှေဝါရောင်တော်လှန်ရေး အတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက် နှိပ်ကွပ်ခဲ့ရာမှာ တာဝန်ရှိတဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို တရားဥပဒေအရအရေး ယူရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ ဆက်လက်ကြိုးပမ်း သွားမယ်လို့ သမ္မတကတော် လော်ရာဘုရှ် (Laura Bush) ကပြောဆိုလိုက်ပါတယ်။

စားဝတ်နေရေးကျပ်တည်းကြတဲ့ လူထုအတွက် မေတ္တာရှေ့ထားပြီး ငြိမ်းချမ်းစွာ ကြွချီဆန္ဒပြခဲ့ကြတဲ့ သံဃာထုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည်နေ့ အကြိုအထိမ်းအမှတ်အဖြစ် သမ္မတ ကတော်လော်ရာဘုရှ်က ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ မေတ္တာပို့၊ ဆန္ဒပြခဲ့တဲ့ သံဃာထုနဲ့ လူထုကို မြန်မာစစ်အစိုးရက သေနတ်နဲ့ပစ် ဖြိုခွင်းခဲ့ရာမှာ ၃၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက မှတ်တမ်းတင်ထားခဲ့ပါတယ်။

VOA သတင်းဌာနမှ ကိုးကားတင်ပြထားပါသည်။

အပြည့်အစုံသို့...

မြန်မာနိုင်ငံသား ၈ ယောက် တောင်ကိုရီးယားနိုင်ငံမှာ ခိုလှုံခွင့်ရ

မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် အာဏာပိုင်တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ ခံရနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံသား ၈ ယောက်ကို တောင်ကိုရီးယားနိုင်ငံ တရားရုံးချုပ်က ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံခွင့် ပေးလိုက်ပါတယ်။ဒီလို ခိုလှုံခွင့်ပေးတဲ့အတွက်တောင်ကိုရီးယားနိုင်ငံမှာဆက်လက်နေထိုင်ရင်းမြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ နိုင်ငံရေး အရဖိအားပေးနိုင်အောင်ဆက်လက်ကြိုးပမ်းသွားမယ်လို့ ခိုလှုံခွင့် အသိအမှတ်ပြု ခံရသူတွေကပြောပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒီလို ခိုလှုံခွင့်ပေးတဲ့သူတွေထဲက တဦးဖြစ်တဲ့အန်န်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) တောင်ကိုရီးယားနိုင်ငံ၊ တွဲဖက်အတွင်းရေးမှူး-၂ ကိုဇော်မိုးအောင်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုပြောပါ တယ်။

မရတာထက်စာရင် ရတဲ့အခါကျတော့ ကိုရီးယားနိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တဲ့အပြင် တခြားနိုင်ငံတွေမှာရှိတဲ့ ဒီမိုကရေစီ အဖွဲ့အစည်းများ တွေ့ဆုံပြီးမြန်မာ့အရေးကို ပိုပြီးတော့ လှုပ်ရှားနိုင်မယ်လို့ ထင်မြင်ယူဆမိပါတယ်။"

အခုလိုနိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့တဲ့မြန်မာနိုင်ငံသား၈ယောက်ကိုစောစောပိုင်းကခရိုင်တရားရုံးနဲ့အထက်တရားရုံး တွေကငြင်းပယ်ခဲ့ပါတယ်။သူတို့ရဲ့မှတ်တမ်းမှတ်ရာနဲ့တင်ပြချက်တွေကမြန်မာနိုင်ငံကိုပြန်ရင်နိုင်ငံရေးယုံကြည်ချက်ကြောင့်
ညှဉ်းပန်းနှိပ်စက်ခံရနိုင်တယ်ဆိုတဲ့အထောက်အထားမရှိဘူးဆိုပြီးငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ဒီလိုငြင်းပယ်ထားတာကို တရားရုံးချုပ်ကပြန်လည်ပြင်ဆင်ပြီးခိုလှုံခွင့်ပေးလိုက်တာဖြစ်ပါတယ်။ကိုဇော်မိုးအောင်ကအခုလိုဆက်ပြောပါတယ်။

"ကျနော်တို့ အန်န်အယ်လ်ဒီ အဖွဲ့ဝင်တွေအားလုံးက ၂၀၀၀ ခုနှစ်မှာစပြီး နိုင်ငံရေးအရဒုက္ခသည်အဖြစ် လျှောက်လွှာတင်ခဲ့ကြပါတယ်။ တင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ၃ ဦးရရှိတယ်၊ ၂၀၀၅ ခုနှစ်မှာ ၄ ဦးရရှိပြီးနောက် အခု ၈ ဦး ပြန်လည်ရရှိတာပါ။"


တောင်ကိုရီးယားနိုင်ငံဟာ မြန်မာစစ်အစိုးရနဲ့ ကုန်သွယ်ဘက်နိုင်ငံတွေထဲက အများဆုံးရင်းနှီးမြှုပ်နှံတဲ့ ၁၀ နိုင်ငံထဲမှာ ပါဝင်တဲ့ နိုင်ငံတခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်ရှိတယ်လို့ တရားဝင်စာရင်းဇယားတွေမှာ ဖော်ပြပါတယ်။ တောင်ကိုရီးယား စီးပွားရေးကုမ္ပဏီ ၁၀၀ ကျော်ကလုပ်ငန်း ၃၀ ကျော် ရင်းနှီးမြှုပ်နှံထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းမှာ တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှု အများအပြားရှိပါတယ်။ ဒီလို စစ်အစိုးရနဲ့ စီးပွားရေး ဆက်နွယ်ပတ်သက်နေပေမယ့်လည်း နိုင်ငံရေးအရ စစ်အစိုးရကို ဖိအားပေးဖို့ ဆက်လက်လှုပ်ရှားခွင့်တွေတော့ ရှိနေသေးတယ်လို့ ကိုဇော်မိုးအောင်က ပြောပါတယ်။

"တောင်ကိုရီးယားအစိုးရအနေနဲ့မြန်မာ့ဒီမိုကရေစီရေးကိုတော့ထောက်ခံအားပေးမှုကအားနည်းတယ်ဆိုပေမယ့် ကိုရီးယားနိုင်ငံတွင်းမှာရှိတဲ့အန်ဂျီအိုအဖွဲ့အစည်းတွေ၊လူ့အခွင့်အရေးအဖွဲ့အစည်းတွေကနေပြီးမြန်မာ့ဒီမိုကရေစီရေးကို သူတို့တတ်စွမ်းသမျှကူညီအားပေးနေတာတွေ့ရတယ်။ကျနော်တို့ကတော့အခုအချိန်အထိတတ်နိုင်သလောက် ကိုရီးယားအစိုးရကိုသော်လည်းကောင်း၊ကိုရီးယားလုပ်ငန်းရှင်များကိုသော်လည်းကောင်းအခုအချိန်မြန်မာစစ်အစိုးရ အပေါ်စီးပွားရေးပိတ်ဆို့နေတဲ့အတွက်ခေတ္တရပ်ဆိုင်းပေးရန်နှင့်လူ့အခွင့်အရေးအတွက်နားလည်ထောက်ထားပေး
ရန်အခုအချိန်အထိဆက်တိုက်တောင်းဆိုမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။"တောင်ကိုရီးယားနိုင်ငံမှာနိုင်ငံရေးခိုလှုံခွင့် ရရှိသွားသူတွေထဲကတဦးဖြစ်တဲ့အန်န်အယ်လ်ဒီ(လွတ်မြောက်နယ်မြေ)တောင်ကိုရီးယားနိုင်ငံ၊တွဲဖက်အတွင်း
ရေးမှူး-၂ ကိုဇော်မိုးအောင် ပြောပြသွားတာဖြစ်ပါတယ်။

မှတ်ချက်။ VOA သတင်းဌာနမှကိုးကားတင်ပြထားပါသည်။

အပြည့်အစုံသို့...

Thursday, September 25, 2008

ထိုင်းဝန်ကြီးချုပ်ဟေုာင်း စမတ်ကို ထောင်ဒဏ် (၂) နှစ်ချ

ထိုင်းဝန်ကြီးချုပ်ဟောင်း စမတ် ဆန်ဒရာဝတ်နှင့် ၎င်း၏အမှုတွဲ ဒူးစစ် စီရီဝန် တို့အား ပုဂ္ဂိုလ်ရေး အသရေဖျက်မှုဖြင့် အယူခံတရားရုံးက ထောင်ဒဏ် (၂) နှစ်စီ ယနေ့ချမှတ်လိုက်သည်။
သို့သော် တရားခံ (၂) ဦးအနေဖြင့် တရားရုံးချုပ်သို့ ရက်ပေါင်း (၃၀) အတွင်း နောက်ဆုံးအယူခံလွှာ တင်နိုင်မည်ဖြစ်သည်။
“ဒီတရားခံနှစ်ဦးဟာ နိုင်ငံရေးဦးဆောင်အခန်းမှာ ရှိနေသူတွေလည်းဖြစ်တယ်။ သူတို့ရဲ့ ထင်မြင်ချက်တွေဟာ ပြည်သူတွေအပေါ် သြဇာညောင်းတယ်ဆိုတာလည်းသိလျက်နဲ့ တရားသူကြီးတွေက ပြန်ပြင်နိုင်ဖို့ အခွင့်အရေးပေးနေတဲ့အကြားက တပါးသူထိခိုက်စေမယ့် အမြင်တွေကို ရုပ်သံကနေတဆင့် အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်တယ်” ဟု အယူခံတရားရုံးက စီရင်ချက်အတွင်း ထည့်သွင်းဖော်ပြသည်။
တရားရုံးက တရားခံများအပေါ် စာနာထောက်ထား၍ သက်သာခွင့် ပေးစရာအကြောင်းလုံးဝမရှိကြောင်း ဖော်ပြသည်။
မစ္စတာစမတ်နှင့် ဒူးစစ်တို့သည် ရုပ်သံတွေ့ဆုံစကားပြောခန်းမှတဆင့် ဘန်ကောက် ဒု-အုပ်ချုပ်ရေးမှူးဟောင်း စမတ် ရတ်ချာဖိုးဆစ်ကို ပုဂ္ဂိုလ်ရေး အသရေဖျက်မှုဖြင့် ရာဇ၀တ်မှုတရားရုံးက စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

အပြည့်အစုံသို့...

ဗိုလ်ကြီးဝင်းထိန်ကို ထောင်ထဲ ပြန်ထည့်သွားပြန်

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို ကသာမြို့နယ် အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပြီးမှ ယနေ့နံနက်တွင် ပြန်လည် ဖမ်းဆီးလိုက်သည်။
မည်သည့်အတွက်ကြောင့် ပြန်လည် ဖမ်းဆီးသွားသည်ကို စုံစမ်းဆဲ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးဝင်းထိန် လွတ်မြောက်လာပြီဆို၍ သူမိသားစုဝင်များပင် သွားရောက် ခေါ်ယူရန် ရန်ကုန်မှ ခရီးထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

ထောင်မှ လွတ်လာပြီးနောက် ဦးဝင်းထိန်သည် မြန်မာနိုင်ငံ မြောက်ပိုင်း ကသာမြို့နယ်ရှိ တည်းခိုခန်းတခုတွင် တည်းခိုနေစဉ် ရဲတပ်ဖွဲ့ဝင်များက လာရောက် ခေါ်ယူသွားခြင်း ဖြစ်သည်ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
"ကျနော်တို့ အခုနောက်ဆုံး ကြားနေရတာကတော့ ဒီနေ့ပြန်ပြီးတော့ ကသာထောင်ကို ဗိုလ်ကြီးဝင်းထိန် ရောက်နေပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာကြောင့် ဘယ်လို ဖြစ်တယ်ဆိုတာတော့ ကျနော်တို့ မသိရသေးပါဘူး" ဟု ဦးဥာဏ်ဝင်းက ပြောသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်ရန်ဆိုကာ အကျဉ်းသား ၉၀၀၂ ယောက်ကို စစ်အစိုးရက လွတ်ပေးခဲ့ရာ ဦးဝင်းထိန် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၇ ဦး ပါဝင်ခဲ့သည်။ အခြားသူများမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးသိန်းနိုင်တို့ ဖြစ်သည်။
ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေးအရာရှိဖြစ် ထမ်းဆောင်ခဲ့သည်။
သူသည် ၁၉၉၆ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အဖမ်းခံရပြီး နိုင်ငံခြား သတင်းထောက်များကို မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့သည်ဆိုကာ အစိုးရက စွပ်စွဲ ထောင်ချခဲ့သည်။
၁၉၈၉ ခုနှစ်ကလည်း ကာလတို ချုပ်နှောင်ခံရပြီး စစ်ကြောရေးတွင် ထောက်လှမ်းရေးများ၏ ညှင်းပန်းနှိပ်စက်မှု ခံခဲ့ရသည်။
၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်သူ ဗိုလ်ကြီးဝင်းထိန်သည် ကာကွယ်ရေး ၀န်ကြီးဌာနအောက်တွင် ငါးနှစ်ကြာ စစ်မှုထမ်းခဲ့ပြီးနောက် တပ်တွင်းမှ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတခုတွင် ပါဝင် ပတ်သက်နေမှုကြောင့် တပ်မှ ထွက်ခဲ့ရသည်။
တပ်တွင်း အမှုထမ်းစဉ်ကလည်း ဗိုလ်ကြီးဝင်းထိန်သည် ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး၏ ကိုယ်ရေးအရာရှိ ဖြစ်သည်။ သေဒဏ်ပေးခံရသည့် ဗိုလ်ကြီး အုန်းကျော်မြင့်က နိုင်ငံတော် ပုန်ကန် အာဏာသိမ်းရန် ကြံစည်ခြင်းကို အထက်အာဏာပိုင်များသို့ သတင်းပို့ရန် ပျက်ကွက်သည်ဆိုကာ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည် ထောင် ၇ နှစ် အပြစ်ပေးခံခဲ့ရသည်။

အပြည့်အစုံသို့...

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ လူငယ် ဆေးရုံပို့ရ

အင်းစိန်ထောင်တွင်း ၁၁ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပြီးနောက် ကျန်းမာရေး စိုးရိမ်လာရသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုအောင်ဇော်ဦးကို ထောင်ဆေးရုံသို့ ပို့ဆောင် ကုသထားရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့သား လူငယ်ကို နေအိမ် အကျဉ်းကျ ခံနေရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်ပေးရန် ထောင်အာဏာပိုင်များအား တောင်းဆိုခဲ့ရာ ကျန်းမာရေး ချို့တဲ့ လာသည့်အတွက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆေးကုသမှု ခံယူနေရသည်။

"ထောင်ဆေးရုံးမှာ တင်လိုက်ရတယ်။ သူ့ကို အစာငတ်ခံ ဆန္ဒပြတဲ့ အတွက် အရင်တပတ်က သူ့ကို သီးသန့်ခွဲထားပြီး အင်းစိန် ခွေးတိုက်မှာ တယောက်ထဲ ထားတယ်။ ဒီနေ့ မနက်မှာ ထောင်ဆေးရုံကို ရောက်သွားတယ်။ သူရဲ့ ကျန်မာရေး အခြေအနေက အားရစရာ မရှိဘူး" ဟု လုပ်ဖော်ကိုင်ဖက် လူငယ်တဦးက ပြောသည်။
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် တရားရုံးတွင် သူ၏ အမှုတွဲများကို ယမန်နေ့က ရုံးထုတ်ခဲ့သည်။
"ရုံးချိန်းမှာ ရောက်မလာဘူး။ ဆန္ဒပြနေတယ်လို့ သတင်းကြားရတယ်။ ရုံးချိန်းကိုတော့ ထွက်မလာတာ နှစ်ပတ်ရှိပြီ" အဆိုပါအမှုကို ခုခံလျှောက်လှဲပေးနေသည့် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။
ရွှေဝါရောင်တော်လှန်းရေးတွင် ပါဝင်ခဲ့၍ ကိုအောင်ဇော်ဦး အဖမ်းခံခဲ့ရပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မတရားအသင်းများသို့ ဆက်သွယ်မှုတို့ဖြင့် အစိုးရက တရားစွဲဆိုထားသည်။
သူနှင့်အမှုတွဲများဖြစ်သည့် ကိုကျော်ဇင်ဝင်း၊ ကိုကျော်ကျော်၊ကိုနေဇာမျိုးဝင်းနှင့် မကြည်ကြည်ဝါ တို့ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့သည်။

အပြည့်အစုံသို့...

ဗုံးကြောင့် လူ ၄ ဦး ဒဏ်ရာရ၍ ဆေးရုံရောက်လာဟု အရေးပေါ် လူနာဌာနပြော

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီး ကြာသပတေး နံနက်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် လူအသေအပျောက်မရှိပဲ လူ ၄ ဦးဒဏ်ရာ ရရှိသွားသည်ဟု ရန်ကုန်ဆေးရုံကြီး အရေးပေါ်ပြင်ပလူနာဌာနမှ အပြောအရ သိရသည်။
ကြာသာပတေးနေ့နံနက် ၁၀း၄၀ က လူစည်ကားရာ မြို့လယ်ခေါင်ဘတ်စ်ကားမှတ်တိုင်တွင် ဗုံးတလုံးပေါက်ကွဲခြင်းဖြစ်သည်။
"သေတာတော့ မရှိဘူး။ ဒဏ်ရာရတာ အားလုံးပေါင်း ၄ ယောက်ပဲ၊ နာမည်တွေတော့ မသိဘူး" ဟု ဆေးရုံကြီးမှ တာဝန်ကျ ၀န်ထမ်းတဦးက မဇ္ဈိမကို ပြောပြသည်။ သို့သော် ဖြေဆိုခွင့်မရှိသဖြင့် အသေးစိတ်ဖြေကြားရန် ငြင်းဆန်သွားသည်။

အခင်းဖြစ်ရာနေရာတွင်ရှိနေခဲ့သူ မျက်မြင်သက်သေတဦးက အစောပိုင်းပြောကြားချက်တွင် လူ ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရခဲ့သည်ဟု မဇ္ဈိမသို့ ပြောသည်။
သို့သော် ရန်ကုန်ဆေးရုံကြီးကတော့ ၄ ယောက်စလုံး ဒဏ်ရာသာ ရသည်ဟု ပြောသည်။
ပန်းခြံအနီးရှိ စားသောက်ဆိုင် ပိုင်ရှင်တဦးကတော့ အနည်းဆုံး လူ ၃ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု ပြောသည်။
"ပေါက်ကွဲသံကြီး ကြားလိုက်ရတယ် ပြီးတော့ လူတွေတအုံးအုံးနဲ့ သွားကြည့်ကြတာပေါ့။ ကျနော်မြင်တာ ဒဏ်ရာရတဲ့ လူတွေ" ဟု သူက ပြောသည်။
ဒဏ်ရာရသူများတွင် ဈေးရောင်းသူ၊ ကားစောင့်နေသူများပါဝင်ခဲ့သည်။ အခင်း ဖြစ်ပွားရာသို့ ရဲများ ချက်ခြင်းရောက်ရှိလာပြီး ဗန္ဓုလလမ်းကို ပိတ်ဆို့လိုက်သည်။
ကျောက်တံတား ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်။ ဒါပေမယ့် ဗုံး ဟုတ် မဟုတ် မသေချာဘူး။ စုံစမ်းနေတုံးပဲ" ဟု ပြောသွားသည်။
ချိန်ကိုက်ဗုံး အမျိုးအစား ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ နေရာ ရောက်နေသော ရဲတပ်သားတဦးက ပြောသည်။ ထို့အပြင် မပေါက်ကွဲသေးသော ဗုံး ၁ လုံးကိုလည်း ထပ်မံ တွေ့ရှိခဲ့ရသည်ဟု သူက ပြောသည်။
ကက်ဆက်ထဲတွင် ထည့်ထားသော ဗုံးကို ရဲတဦးက ဗုံးမှန်း မသိဘဲ ယူဆောင်လာပြီးမှ ပေါက်ကွဲရန် ၅ မိနစ်အလိုတွင် စနက်တံ ဖြုတ်လိုက်နိုင်ခဲ့သည်ဟု သူက ဆိုသည်။ ဗုံးမှန်းမသိသဖြင့် ရဲများက မပေါက်ကွဲသေးသော ဗုံးကို မြို့တော်ခန်းမထဲအထိ ယူသွားနေစဉ် ဗုံးရှင်းတပ်ဖွဲ့ ရောက်လာ၍ စနက်တံ ဖြုတ်လိုက်နိုင်ခြင်း ဖြစ်သည်။
"ငါတို့ သိန်းတရာတန် ဖြစ်သွားတော့မလို့" ဟု ရဲတပ်သားတဦးက ကျန်ရဲများကို ဟာသနှော၍ ပြောသည်။ စစ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲ တခုတွင် နယ်စပ်အခြေစိုက် ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှ ဗုံးဖောက်ခွဲရန် စီစဉ်သူများက မြို့တော်ခန်းမကို ဖောက်ခွဲနိုင်လျှင် သိန်းတရာပေးမည်ဟု ဆုတော်ငွေ ထုတ်ပြန်ထားကြောင်း ပြောဆိုခဲ့သည်။
အခင်း ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်နှင့် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းတို့ လာရောက် ကြည့်ရှု စစ်ဆေးသွားသည်။
ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်က အမှိုက်များ ဓာတ်တိုင်တတိုင်စာလောက် မြင့်တက်သွားသည်ဟု အနီးနားတွင် ဈေးရောင်းနေခဲ့သူ တဦးက ပြောသည်။
ပန်းခြံရှေ့ ဘတ်စ်ကားမှတ်တိုင်အနီး တာဝန်ထမ်းဆောင်နေသူ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ၀န်ထမ်းတဦးကတော့ ပေါက်ကွဲမှုကြောင့် ယခုအချိန်ထိ နားအူနေသေးသည်ဟု ဆိုသည်။
ရန်ကုန်မှလာသော ရိုက်တာ သတင်းတရပ်တွင် လူ ၄ ဦးဒဏ်ရာရကြောင်း ရဲက ပြောကြားချက်ကို ကိုးကားထားသည်။
"အသေးစားဗုံးလေးလို့ ထင်ရတာပဲ၊ ဒါပေမယ့် ဆက်လက် စုံစမ်းဆဲပဲ ရှိသေးတယ်" ဟု ရဲအရာရှိက ရိုက်တာသို့ ပြောသည်။
မှတ်ချက်။ မဇ္ဇိမသတင်းဌာနမှကိုးကားတင်ပြထားပါသည်။

အပြည့်အစုံသို့...



အပြည့်အစုံသို့...

Wednesday, September 24, 2008

ဦးဝင်းတင်အား အန်အယ်လ်ဒီက ပါတီတာဝန် ဆက်ပေးမည် အန်အယ်လ်ဒီကထုတ်ပယ်ထားသူများပါ ပြန်ခေါ်ရန် ဦးဝင်းတင်တိုက်တွန်း

ယမန်နေ့ကအကျဉ်းထောင်မှပြန်လွတ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်သတင်းစာဆရာကြီးဦးဝင်းတင်အား၎င်း၏ မူလတာဝန်ကိုဆက်လက်ထမ်းဆောင်သွားရန်တာဝန် ပေးသွားမည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီကပြောသည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးလွင်က“ဒါကရှိပါတယ်။တာဝန်ပေးစရာရှိတယ်။သူ့တာဝန်သူဆက်ပြီး တော့ထမ်းဆောင်နိုင်ဖို့ အန်ကယ်တို့မျှော်လင့်တယ်။သူကလည်းသူလုပ်မယ်လို့ပြောတယ်။ဒါရှင်းနေပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အန်အယ်လ်ဒီပါတီကပြန်လည်လက်ခံမည်ဆိုသည့်သဘောထားကိုဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း ဦးဝင်းတင်ကပြောကြားသည်။

၎င်းက “ကျနော်တယောက်တည်းဘယ်တာဝန်ဘာညာဒါကအရေးမကြီးမပါဘူး။ဒီသဘောထားကအားလုံးကို ကမ်းလှမ်းမယ်။ကျနော်တို့ရဲဘော်ဟောင်းတွေကိုစုစည်းနိုင်သမျှစုစည်းမယ်ဆိုတဲ့သဘောထားရှိရင်အ ကောင်းဆုံးပဲ။ဒါကြောင့်မို့လို့ကျနော်ဒီသဘောထားကိုကြိုဆိုပါတယ်လို့ပြောချင်တယ်”ဟုခေတ်ပြိုင်သို့ ပြောသည်။

သို့သော်စစ်အစိုးရ၏ညွှန်ကြားချက်ဖြင့်၁၉၉၀ခုကတည်းကဦးဝင်းတင်ကိုဒေါ်အောင်ဆန်းစုကြည်၊ ဦးကြည်မောင်နှင့်ဦးတင်ဦးတို့နှင့်အတူပါတီမှထုတ်ထားပြီးဖြစ်၍လက်တွေ့အန်အယ်လ်ဒီပါတီထဲပြန်ဝင် ရောက်လုပ်ကိုင်ခွင့်ရမည်မရမည်ဆိုသည်မှာရှင်းရှင်းလင်းလင်းမသိရသေးပေ။

ပါတီဝင်ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေစစ်မှန်သည့်ဒီမိုကရေစီထွန်းကားရေး၊အန်အယ်လ်ဒီပါတီ စုစည်းရေးနှင့်အန်အယ်လ်ဒီကိုဝန်းရံရေးတို့အတွက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေါ်မြင့်မြင့်ခင်၊မောင်ဝံသ၊မောင်စူးစမ်း(ဦးချမ်းအေး)စသည့်ပုဂ္ဂိုလ်များအားလုံးကိုလည်း အန်အယ်လ်ဒီပါတီအနေဖြင့်စုစည်းနိုင်သမျှကျယ်ကျယ်ပြန့်ပြန့်စုစည်းကာဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်းဦးဝင်းတင်ကဆက်လက်အကြံပြုပြောကြားသည်။

သတင်းစာဆရာကြီးဦးဝင်းတင်ကိုစစ်အစိုးရကအင်းစိန်ထောင်တွင်း၌(၁၉)နှစ်ကျော်ထိန်းသိမ်းထားခဲ့ပြီးမှ ယမန်နေ့ကအကျဉ်းသား(၉,၀၀၀)ကျော်ကိုပြန်လွှတ်ပေးရာတွင်အခြားနိုင်ငံရေးအကျဉ်းသားအချို့နှင့်အတူ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

အပြည့်အစုံသို့...

အိမ်မှာ ကား(၂၇)စီးသုံးနေသည့်ဝန်ကြီးကို အခြားဌာနမှ ၀န်ကြီးအဖြစ်ပြောင်းရွှေအရေးယူ

အမှတ်(၂)စက်မှုဝန်ကြီးဌာန၀န်ကြီးဗိုလ်ချုပ်စောလွင်ကိုမကြာခင်ကလူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ်ပြောင်း ရွှေ့ခြင်းသည်စက်မှု(၂)လက်အောက်ခံစက်ရုံများအရှုံးပေါ်နေခြင်းအပြင်ဗိုလ်ချုပ်စောလွင်အိမ်တွင်မိသားစု သုံးကားပေါင်း(၂၇)စီးရှိသည့်အချက်ကြောင့်ဖြစ်သည်ဟုနေပြည်တော်ဝန်ကြီးချုပ်ရုံးသတင်းရပ်ကွက်ကပြော သည်။
အိမ်မှာကား(၂၇)စီးထည်လဲသုံးစီးနေသဖြင့်ဗိုလ်ချုပ်စောလွင်ကိုလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် ပြောင်းရွှေ့အရေးယူပြီးမကြာခင်စက်မှု(၁)၀န်ကြီးဌာန၀န်ကြီးဦးအောင်သောင်း၏နေအိမ်တွင်လည်းကား(၁၇) စီးသုံးနေသည့်အတွက်ဝန်ကြီးဦးအောင်သောင်းစိုးရိမ်နေသည်ဟုနေပြည်တော်သတင်းရပ်ကွက်ကပြောသည်။
အဆိုပါဝန်ကြီးများနေအိမ်တွင်သုံးနေသည့်များပြားလှသည့်ကားများမှာဝန်ကြီးလစာဝင်ငွေဖြင့်ဝယ်ထားသည့် ကားများမဟုတ်ပဲစစ်အစိုးရကသိမ်းဆည်းထားသည့်လိုင်စင်မဲ့ကားများထဲမှအကောင်းဆုံးအမျိုးအစားကားများကို
အပိုင်ယူသုံးစွဲနေခြင်းဖြစ်သည်ဟုစုံစမ်းသိရသည်။

အပြည့်အစုံသို့...

ရုံးထုတ်စဉ် အရှင် ဂမ္ဘီရ နေမကောင်းဖြစ်

တရားရုံးထုတ် စစ်ဆေးခြင်း ခံနေရသော အရှင်ဂမ္ဘီရသည် မလန်းမဆန်း ဖြစ်နေသည်ဟု သူ၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ရှိန် အပြောအရ သိရသည်။
စက်တင်ဘာ သံဃာ လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့သော အရှင်ဂမ္ဘီရကို တင်္နလာနေ့ နံနက်က ရုံးထုတ် စစ်ဆေးချိန်တွင် အရှင်ဂမ္ဘီရမှာ နေထိုင်မကောင်း ဖြစ်နေခြင်း ဖြစ်သည်။

"အစာ အဆိပ်သင့်သလို ဖြစ်နေတယ်။ မနက်က အန်ထားတာ ၃ ခါ ရှိသွားပြီ တကာ၊ အနံ့အသက်တွေ ဆိုးနေတော့ အားတော့ နာပါတယ် တကာ" ဟု သူ့အား မိန့်ကြောင်း ရှေ့နေက မဇ္ဈိမကို ပြောသည်။

အမှုကြားနာနေစဉ် အချိန်တွင် အရှင်ဂမ္ဘီရမှာ မောပန်းနွမ်းနယ်နေပြီး မှိန်းနေသည်။

"သူ့ ညီမတွေက ပါလာတဲ့ ပရုတ်ဆီတွေ ပေးရှုတာ၊ ခြေတွေ လက်တွေ လိမ်းပေး ဆုပ်နယ်ပေးနေတာပဲ တွေ့ခဲ့ရတယ်" ဟု ရှေ့နေက ပြောသည်။

"ဘယ်တုန်းက ဘာစားမိလို့ ဘယ်လို ဖြစ်ရတယ် ဆိုတာကို လုံးဝ မသိခဲ့ရပါဘူး။ အစားမှားပြီး ဖြစ်တာ ထင်တယ်လို့ပဲ သူက မိန့်တယ်"

အတင်းအကြပ် ရဟန်းဝတ် ချွတ်ချခြင်း ခံထားရပြီး လက်ထိပ်ခတ် ခံထားရသော အရှင်ဂမ္ဘီရကို စွဲတင်ထားသည့် ပုဒ်မများမှာ လဝက ဥပဒေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃၊၁၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁)၊ အသင်းအဖွဲ့ ပုဒ်မ ၆၊ နိုင်ငံတော်ကို ဆူပူမှုကို လှုံ့ဆော်မှု ၅ဝ၅(ခ)၊ ဘာသာတရားကို ညိုးနွမ်းစေမှု ၂၉၅ (က)၊ ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု ၁၄၅၊ ၁၄၇၊ ပုံနှိပ်အက်ဥပဒေ ၁၇/၂ဝ နှင့် အီလက်ထရောနစ် ဥပဒေ ၃၃ (က)/၃၈ တို့ ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ချီးမြှင့်သော ဆရာတော် ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆုနှင့် လန်ဒန်အခြေစိုက် Index on Censorship အဖွဲ့ကြီးက ချီးမြှင့်သော "လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆု ၂ဝဝ၈" တို့ကို ရရှိထားသူ ဖြစ်သည်။

ထိုနေ့တနေ့ထဲတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် ၂၁ ဦးကိုလည်း ရုံးထုတ်ခဲ့သေးသည်။ ကိုမင်းကိုနိုင် အပါအ၀င် ၂၁ ဦးတို့မှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီး အမှုကြားနာရာသို့ မိသားစုဝင်များလည်း ၀င်ရောက် နားထောင်ခွင့်များ ရခဲ့သည်ဟု ရှေ့နေက ပြောသည်။

အပြည့်အစုံသို့...

Tuesday, September 23, 2008

မြန်မာစစ်အစိုးရ အကျဉ်းသား (၉) ထောင်ကျော်လွှတ်ပေး

မြန်မာစစ်အစိုးရကအကျဉ်းသား(၉,၀၀၂)ဦးကို “မေတ္တာရှေ့ထားပြီး ရည်ရွယ်ချက်ကောင်းဖြင့်” ပြန်လည်လွှတ်ပေး လိုက်ကြောင်း ယနေ့ထုတ် ၎င်းပိုင်သတင်းစာများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် ဘာသာရေးယုံကြည်ချက်တို့ကြောင့် အကျဉ်းကျနေသူ (၂,၀၀၀) ကျော်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။


ယခုကဲ့သို့လွှတ်ပေးခြင်းသည်“၎င်းတို့မိသားစုများအတွက်ငဲ့ညှာသောအားဖြင့်” လည်းကောင်း၊ ဒီမိုကရေစီလမ်းပြမြေပုံအဆင့်ပါ၂၀၁၀ပြည့်ရွေးကောက်ပွဲ၌တစိတ်တပိုင်း ပါဝင်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း စစ်အစိုးရ သတင်းစာများက ဖော်ပြသည်။
ထို့အပြင်စည်းကမ်းနှင့်အကျင့်စာရိတ္တကောင်းမွန်လာသောအကျဉ်းသားများဖြစ်သောကြောင့်လည်းယခုကဲ့သို့ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း၊နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဖက် တလမ်းမှအကျိုးပြုစေမည့်နိုင်ငံသားများအဖြစ်သို့ပြောင်းလဲပေးရန်လည်းဆောင်ရွက်ခြင်းဖြစ် ကြောင်းဖော်ပြသည်။
မြန်မာစစ်အစိုးရသည်နိုင်ငံအတွင်းထူးခြားသည့်နေ့များ၌ယခုကဲ့သို့အကျဉ်းသားများပြန်လွှတ် ပေးလေ့ရှိသော်လည်းများသောအားဖြင့်ရာဇ၀တ်သားများသာ ဖြစ်သည်။
ယနေ့လွှတ်ပေးခြင်းသည်လည်းသံဃာတော်များမေတ္တာပို့ဆုတောင်းပွဲပြုလုပ်ခဲ့မှုအားအကြမ်း ဖက်ဖြိုခွင်းခဲ့သည့်တနှစ်ပြည့်အထိမ်းအမှတ်ဖြစ်သောယခုလ(၂၆၊၂၇)ရက်များနီးကပ်လာချိန် နှင့်တိုက်ဆိုင်နေသည်။

အပြည့်အစုံသို့...

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်အချို့လည်း ထောင်မှလွတ်

ဦးဝင်းတင်နှင့်အတူယနေ့ပြန်လွတ်လာသည့်အခြားနိုင်ငံရေးအကျဉ်းသားများအနက်မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမေ၀င်းမြင့်၊ ကျောက်တန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာသန်းငြိမ်း၊စမ်းချောင်းမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဆွေနှင့်တောင်ငူမြို့နယ်မဲဆန္ဒ နယ်အမှတ်(၁)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမြင့်တို့လည်းပါဝင်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက ပြောကြားသည်။

ဦးခင်မောင်ဆွေသည်၁၉၉၄ခုတွင်မြင်းခြံထောင်တွင်ထောင်ဒဏ်(၇)နှစ်ချမှတ်ခြင်းခံရပြီး၂၀၀၁ ခု အောက်တို ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။ ဒေါက်တာမေ၀င်းမြင့်သည် ၁၉၉၇ ခုတွင် အင်းစိန်ထောင်၌ထောင်ဒဏ်(၇)နှစ်ချမှတ်ခြင်းခံရပြီး၂၀၀၄ခုဒီဇင်ဘာတွင်ပြန်လွတ်ရမည့်သူ ဖြစ်သည်။
ဒေါက်တာသန်းငြိမ်းသည်အကျယ်ချုပ်ခံနေရသည့်ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၏ယောက်ဖ တော်သူဖြစ်သည်။၁၉၉၇ခုတွင်အဖမ်းခံရပြီးအင်းစိန်ထောင်၌ထောင်ဒဏ်(၇)နှစ် ချမှတ်ခြင်းခံရ သည်။ ဆက်တိုးသည့်ပြစ်ဒဏ်များအရ၂၀၁၄ခုတွင်မှလွတ်ရမည့်သူဖြစ်သည်။
ဦးအောင်စိုးမြင့်မှာတောင်ငူမဲဆန္ဒနယ်အမှတ်(၁)မှဖြစ်ပြီး၂၀၀၃ခုတွင်အင်းစိန်ထောင်၌ထောင် ဒဏ်(၇)နှစ်ချမှတ်ခံရသည်။၂၀၁၀ ပြည့်နှစ်တွင်မှ ပြန်လွတ်ရမည့်သူ ဖြစ်သည်။



အပြည့်အစုံသို့...

အနှစ် (၂၀) နိုင်ငံရေးအကျဉ်းသား သတင်းစာဆရာကြီး ဦးဝင်းတင်လွတ်ပြီ


အင်းစိန်ထောင်၌ အကျဉ်းကျခံနေရသည်မှာ (၁၉) နှစ်ကျော်ရှိနေပြီဖြစ်သည့် ၀ါရင့်သတင်းစာ ဆရာကြီးဦးဝင်းတင်ကိုယနေ့ညနေပိုင်းတွင်စစ်အစိုးရကထောင်မှ ပြန်လွှတ်ပေး လိုက်သည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ထောင်မှ လွတ်လွတ်ချင်း ဆရာ ဦးဝင်းတင်ပြောသည့်စကားမှာ “မြန်မာနိုင်ငံ ဒီမိုကရေစီ ရတဲ့အထိကျနော်ဆက်လက်တိုက်ပွဲဝင်သွားမယ်” ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဦးဝင်းတင်၏ အရင်းနှီးဆုံးမိတ်ဆွေ ဦးမောင်မောင်ခင်၏ သားဖြစ်သူက “ဒီနေ့ ညနေ (၄) နာရီခွဲလောက်မှာအိမ်ကိုပြန်ရောက်လာပါတယ်။ကျန်းကျန်းမာမာပါပဲ။အိမ်မှာဧည့်သည်တွေရော၊သတင်းထောက်တွေရောအများကြီးပဲဦးဝင်းတင်ကို ၀ိုင်းမေးနေကြတယ်” ဟု ပြောသည်။
အကျဉ်းသား(၉,၀၀၂)ဦးအား၂၀၁၀ရွေးကောက်ပွဲတွင်အများပြည်သူတို့နှင့်အတူနိုင်ငံတော်အကျိုးကိုထမ်းရွက်သွားနိုင်စေရန်ပြန်လွှတ်ပေးလိုက်ကြောင်း
ယနေ့ထုတ်စစ်အစိုးရပိုင်သတင်းစာများတွင်ကြေညာခဲ့ပြီးဦးဝင်းတင်အပါအ၀င်နိုင်ငံရေးအကျဉ်းသားအချို့ယနေ့ပြန်လွှတ်မည်ဟု ယနေ့နံနက်ပိုင်းကတည်းကသတင်းထွက်နေခဲ့ရာမှညနေပိုင်း၌ဦးဝင်းတင်ပြန်လွတ်မြောက်လာ ခြင်းဖြစ်သည်။
ဦးဝင်းတင်သည်ဟံသာဝတီသတင်းစာအယ်ဒီတာချုပ်ဟောင်းနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၈၉ ခုဇူလိုင်(၄)ရက်တွင်ဖမ်းဆီးခံရပြီးအလုပ်ကြမ်းနှင့်ထောင်ဒဏ်(၃)နှစ်ချမှတ်ခဲ့သည်။လွတ်ရက်စေ့ကာနီး၁၉၉၂မတ်လတွင်ထောင်ဒဏ်(၁၀)
နှစ်ထပ်မံချခံရပြီးထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုများကိုကုလသမဂ္ဂအထူးကိုယ်စားလှယ်ထံစာရေးတိုင်ကြားမှုဖြင့်၁၉၉၆မတ်လ၌နောက်ထပ်ထေင် ဒဏ် (၇) နှစ် ထပ်ဆင့် ချမှတ်ခံခဲ့ရသည်။
အသက်(၇၉)နှစ်ရှိပြီဖြစ်သည့်ဦးဝင်းတင်သည် အကျဉ်းထောင်တွင်း၌ သွေးတိုး၊နှလုံး၊ ဆီးချိုနှင့် အရိုးကျီးပေါင်းတက် ဝေဒနာများ ခံစားနေရပြီး ပြီးခဲ့သည့် ဇူလိုင်လက ထောင်သက်တမ်း (၁၉) နှစ်ပြည့်ပြီဖြစ်ကာသက်တမ်းကျော်လွန်ပြီးဖမ်းဆီးခံထားရသည့်နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဖြစ်သည်။
နိုင်ငံရေးမလုပ်တော့ပါဟုခံဝန်ချက်ကတိလက်မှတ်ရေးထိုးလျှင်ပြန်လွှတ်ပေးမည်ဟုစစ်အစိုးရကအကြိမ်ကြိမ်ကမ်းလှမ်းခဲ့သော်လည်းဦးဝင်းတင်က
ထိုကမ်းလှမ်းချက်ကိုတောက်လျှောက်ပယ်ချခဲ့သည်။၂၀၀၅ဇူလိုင်လတွင်အာဏာပိုင်များကဦးဝင်းတင်ကိုပြန်လွှတ်ပေးရန်စီစဉ်ခဲ့ပြီး အင်းစိန်ထောင်ဗူးဝသို့ရောက်ရှိပြီးကာမှထောင်မှူးကပြန်ခေါ်ဆောင်ကာပြန်လည်အကျဉ်းချထားခြင်း ခံခဲ့ရသည်။
လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက်ဦးဝင်းတင်၏ဆောင်ရွက်ချက်များကြောင့် ၂၀၀၁ ခုတွင် ယူနက်စကိုကကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆု၊ကမ္ဘာ့သတင်းစာများအသင်းက လွတ်လပ်ခွင့် ရွှေကလောင်ဆုနှင့် ၂၀၀၆ ခုတွင် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က သတင်းသမားဆု ချီးမြှင့်ခဲ့သည်။

အပြည့်အစုံသို့...

Sunday, September 21, 2008

ရန်ကုန်တွင်သံဃာငါးပါးထက်ပိုစုဝေးခွင့်မရ

ရန်ကုန်မြို့ရှိလမ်းမများတွင် သံဃာတော် ၄ … ၅ ပါးခန့်သွားလာနေလျှင် အာဏာပိုင်များနှင့် ကြံဖွံ့၊ စွမ်းအားရှင်များက အချင်းချင်းစကားပြောစက်ဖြင့်ဆက်သွယ်ကာ အဆင့်ဆင့်အသိပေးစောင့်ကြည့်မှုများ ပြုလုပ်နေသကဲ့သို့ စုံစမ်းမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်ဟု ရန်ကုန်ရှိ သံဃာ အသိုင်းအ၀န်းက ဆိုသည်။
အဆိုပါလုပ်ဆောင်မှုများကြောင့် သံဃာများဆွမ်းခံထွက်ချိန်နှင့် ဒါယကာ၊ ဒါယကာမများပင့်ဖိတ်သည့် ဆွမ်းသွပ် အလှူပွဲများကို တစုတဝေးတည်းသွားခွင့်မရကြောင်း သိရသည်။
လမ်းမတော်မြို့နယ်ရှိ သရက်တောကျောင်းတိုက်နှင့် နီးစပ်သူတဦးက “ကိုယ်တော်တွေ ဆွမ်းခံတောင် သိပ်မထွက်ရဲတဲ့ပုံစံမျိုး ဖြစ်နေတယ်။ နာရေးတို့ .. အာရုဏ်ဆွမ်းတို့ကပ်တဲ့အခါကျရင် ၅ ပါးစုပြီး မသွားရဲဘူး။ ဘုန်းကြီးတွေ အစုခွဲပြီး ကြွနေရတယ်” ဟု ဧရာဝတီကို ပြောသည်။
ရန်ကုန်ရှိ ဓမ္မာစရိယ စာချကိုယ်တော်တပါးက “သုံးလေးငါးပါးသွားလာတာမျိုးတွေ့ရင် စကားပြောစက်တွေနဲ့ အဆင့်ဆင့်လှမ်းပြီးပြောနေကြတယ် … ဘယ်သူတွေလဲဆိုတော့ ရဲတို့၊ စွမ်းအားရှင်တို့ပေါ့ … ယူနီဖောင်းတော့ မ၀တ်ထားဘူး … အဲဒီလိုလူတွေ အများကြီးရှိတယ်” ဟု မိန့်ကြားသည်။
လွန်ခဲ့သည့်နှစ်က ပေါ်ပေါက်ခဲ့သော သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့် ကာလဖြစ်သောကြောင့် လှုပ်ရှားမှုများ ထပ်မံမပေါ်ပေါက်အောင် အာဏာပိုင်တို့က လုံခြုံရေးကို တင်းကျပ်ထားပြီး သံဃာတော်များ၏ သွားလာလှုပ်ရှားမှုများကို အထူးစောင့်ကြည့်နေခြင်း ဖြစ်သည်။
လွန်ခဲ့သည်လကစ၍ ရန်ကုန်နှင့် တခြားမြို့ကြီးများရှိ ကျောင်းတိုက်များတွင် အာဏာပိုင်တို့က သီတင်းသုံး သံဃာစာရင်းကောက်ခံထားပြီး သံဃာလှုပ်ရှားမှုများပေါ်ပေါက်ပါက ကျောင်းထိုင်များ၏တာဝန်ဖြစ်သည်ဟု ဖိအားပေးမှုများ ပြုလုပ်သည်ဟုလည်း ဓမ္မာစရိယ စာချကိုယ်တော်က မိန့်ကြားသည်။
“ဦးပဉ္ဇင်းတို့မှာ ဘုရားပေးတဲ့ဝိနည်းနဲ့ မနေရဘဲ နအဖ ပေးတဲ့ဝိနည်းနဲ့နေနေရတယ်။ အလွန်တရာကို စိတ်ပျက်ဖို့ ကောင်းပါတယ် .. နောက်တခုက စစ်သားက လေးသိန်းကျော်ရှိပြီး ဘုန်းကြီးက ငါးသိန်းကျော် ခြောက်သိန်း ရှိတယ်ဆိုပြီး အင်အားယှဉ်သလို ဖြစ်နေတယ်” ဟု ဓမ္မာစရိယ စာချကိုယ်တော်က ဆက်၍ မိန့်ကြားသည်။
လွန်ခဲ့သည့်အပတ်ကစ၍ လယ်စည်းအနီများတပ်ဆင်ထားသည့် လက်နက်ကိုင်လုံထိန်းရဲများက သရက်တောကျောင်းတိုက်အ၀နှင့် ကျောင်းတွင်း၌ စောင့်ကြပ်နေသည်ဟုလည်း အဆိုပါ ကျောင်းတိုက်နှင့် နီးစပ်သူက ပြောသည်။
အန်အယ်လ်ဒီ ဌာနချုပ် ပတ်ဝန်းကျင်ဖြစ်သည့် ရွှေဂုံတိုင်လမ်းစုံရှိ မြန်မာ့အလင်းသတင်းစာတိုက်တွင် စစ်သားများ အရံသင့်နေရာယူထားကြောင်းလည်း သိရသည်။
“လုံခြုံရေးတွေကို မြို့နယ်တိုင်းမှာ ဖွက်ထားတာ နည်းတာမဟုတ်ဘူး။ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ၊ လှိုင်၊ တံတားဖြူ သံလမ်းဘက်မှာ တိုက်အဟောင်းတွေ၊ တိုက်ကြို၊ တိုက်ကြားတွေမှာ ..မြို့ထဲမှာဆိုလည်း တော်တော်များတယ်။ သာကေတကုန်းမှာဆို အငှားကားတွေကို နောက်ဖုံးတွေဖွင့်ရှာ .. ဖုန်းပါလာရင် အဲဒီလူကိုဆင်းခိုင်းပြီး စစ်တာ ..” ဟု ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောဆိုသည်။

အပြည့်အစုံသို့...

Saturday, September 20, 2008

ကျောက်မြောင်းတွင် နိုင်ငံရေးဝက်ဘ်ဆိုက်ကြည့်သူများ ဖမ်းဆီးခံရ

September 20th, 2008 by admin
၂၀-၉-၀၈
ယမန်နေ့ညက ကျောက်မြောင်းရှိ အင်တာနက်ကဖေးဆိုင်တခုတွင် နိုင်ငံရေးဝက်ဘ်ဆိုဒ် ကြည့်သူများအား ၀င်ရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်တဦးက ပြောသည်။
ရဲများက သေနတ်များဖြင့်ချိန်ပြီး ဆိုင်တွင်းသို့ဝင်လာကာ သုံးစွဲသူများကို မတ်တပ်ရပ်ခိုင်း၍ addressbars ကိုဖွင့်ကြည့်ပြီး ကြည့်သည်ဖြစ်စေမကြည့်သည်ဖြစ်စေ ထိုဘားအတွင်းတွင် နိုင်ငံရေး address တွေ့ပါက ဖမ်းဆီးခေါ်ဆောင်သွားသည်။ (၅) ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရှိရသည်။


မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း ဆန္ဒပြ


ဖနိဒါ
သောကြာနေ့၊ စက်တင်ဘာလ 19 2008 21:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုသည့် အနေဖြင့် ထောင်တွင်း အစားအစာ လက်မခံ ငြင်းပယ် ဆန္ဒပြနေခဲ့သည်မှာ စုစုပေါင်း ၉ ရက်ကြာခဲ့ပြီ ဖြစ်သည်။

တလကျော်ကြာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရခဲ့သည့် မစုစုနွေးသည် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ထောင်အတွင်း ကျွေးမွေးသည့် အစားအစာများကို လက်မခံ ငြင်းပယ် ဆန္ဒပြနေကြောင်း မစုစုနွေး အမဖြစ်သူ မဌေးဌေးကြည် မှ မဇ္ဈိမကို ယခုလိုပြောသည်။"ရှေ့နေနဲ့ စကားပါးလိုက်တယ်။ အမနဲ့ မတွေ့ရမချင်း လက်မခံဘူးလို့ ပြောတယ်။ ကျမနဲ့ မိသားစုကို ပေးမတွေ့တဲ့အပြင် ကျမမှာလဲ ဘာအပြစ်မှ မရှိဘူး။ အဲဒါတွေကို မရလို့ဆိုပြီး သူ (စုစုနွေး) က ရေနွေးတောင် လက်မခံဘူး ပြောတယ်။ ကျမနဲ့ မတွေ့တာက ကြာပြီ။ ဒီနေ့အထိဘဲ။ ဆေးနဲ့ ပစ္စည်းကို ထောင်ဘူးဝမှာ ပေးထားခဲ့ရတယ်" ဟု မစုစုနွေး၏ အမဖြစ်သူ မဌေးဌေးကြည်က ပြောသည်။အင်းစိန်ထောင် အာဏာပိုင်များထံ မစုစုနွေး နှင့်တွေ့ဆုံခွင့်ပေးရန် အစ်မဖြစ်သူ မဌေးဌေးကြည်မှ တောင်းဆိုစာတင်သွင်းခဲ့သော်လည်း အာဏာပိုင်များမှ တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရရှိခဲ့ပေ။ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တန်နာ မှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ရာ မစုစုနွေးလည်း ပါဝင်ခဲ့သည်။လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် ထောင်တွင်း တင်းကြပ်မှုကို ဆန့်ကျင် ပြောဆိုခဲ့သည့်အတွက် ထောင်ဝန်ထမ်းများနှင့် စကား အချေအတင် ဖြစ်ခဲ့ရာ ၂ ပတ်ကြာ တိုက်ပိတ်ခံခဲ့ရသည်။
၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာတမ်း ချိတ်ဆွဲခဲ့သည့် မစုစုနွေးအား အာဏာပိုင်များက ဖမ်းဆီး ထိမ်းသိမ်းခဲ့ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ လူစုလူဝေးတွင် ပါဝင်မှု နှင့် အစိုးရကို အကြည်ညို ပျက်စေမှု စသည့် ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်။လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် မစုစုနွေးအား တရားရုံးထုတ် အမှုစစ်ဆေးရန် သတ်မှတ်ရက် ဖြစ်သော်လည်း ရုံးထုတ်ခြင်းမရှိဘဲ ရမန်ရက်သာ ပေးခဲ့သည်။
လူ့အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကော့မူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးအား ကနေဒါ အခြေစိုက် “လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ” အဖွဲ့မှ ချီးမြှင့်ခဲ့သည့် ၂ဝဝ၆ ခုနှစ် ဂျွန်ဟမ်ဖရေး လွတ်လပ်ခွင့် ဆုကို ရရှိခဲ့သည့်အပြင်၊ ၂ဝဝ၇ ခုနှစ်တွင် ချက်သမတ နိုင်ငံအခြေစိုက် the People-in-Need အဖွဲ့မှ ချီးမြှင့်ခဲ့သည့် 'Homo Homini Award' ဆုကို ရရှိခဲ့သည်။


စက်တင်ဘာ အရေးတော်ပုံကို အကြမ်းဖက် ဖြိုခွဲခံရပြီးတဲ့ နောက်ပိုင်းမှာ ရှေ့ဆက်ပြီး ဘယ်လိုပုံသဏ္ဍာန်နဲ့ တိုက်ပွဲဝင်ကြမလဲဆိုတဲ့အပေါ် သုံးသပ်ဝေဖန်ချက်တွေ၊ အကြံပြုစဉ်းစားချက်တွေ အတော်များများ ထွက်ပေါ် လာတာကို တွေ့ရပါတယ်။ အရေးတော်ပုံအတွင်း သံဃာတော်တွေ ဦးဆောင်ပြီး အကြမ်းမဖက်ဘဲ အနုနည်း နဲ့ မေတ္တာပို့ချီတက်ဆန္ဒပြတာကို လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ ပြည်သူ တွေအပါအ၀င် နိုင်ငံရေးတောင်းဆိုလှုပ်ရှားသူ အတော်များများဆီက အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မ လုံလောက်တော့ဘူးဆိုတဲ့ အသံတွေ အဓိက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တချို့ကကျတော့ အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အယူအဆကို ရှေ့တန်း မတင်ဘဲ သံတမန်ရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းအပေါ် အားကိုးအားထားပြုပြီး စိတ်ရှည်လက် ရှည် သည်းခံစောင့်မျှော်ဖို့ စဉ်းစားကြတာကိုတွေ့ရတယ်။ အဲဒီလို စဉ်းစားသူတွေဆီက နိုင်ငံတကာဖိအားတွေ ပိုမိုပြင်းထန်လာတဲ့အပေါ် အခွင့်အရေးအမိအရယူပြီး စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာအောင် အား ထုတ်ကြိုးပမ်းမယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သေချာတာကတော့ အကြမ်းမဖက်ရေးနည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရော၊ သံတမန်ရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေးနည်းတွေကို စောင့်စားသူတွေပါ စက်တင်ဘာ အရေးတော်ပုံတုန်းက လို အကြမ်းမဖက်တဲ့နည်း တမျိုးတည်းကို ထပ်သုံးလို့ မရတော့ဘူး ဆိုတာကို လက်ခံလာကြတာပဲ ဖြစ် တယ်။ အဲဒီနည်းကို ထပ်သုံးရင် သံဃာတွေ ပြည်သူတွေ ကျောင်းသားတွေ သက်သက်မဲ့ ထပ်အသတ်ခံရပြီး ထပ် မံရှုံးနိမ့်ဦးမယ်ဆိုတာကို သဘောပေါက် လက်ခံလာကြတာပဲဖြစ်ပါတယ်။ နအဖစစ်အုပ်စုကို ဆန့်ကျင်တိုက် ပွဲဝင်သူမှန်သမျှ အဲဒီနည်းကို ဆက်လက်ကျင့်သုံးဖို့ မသင့်တော့ဘူးဆိုတာကို တညီတညွတ် လက်ခံလာ ကြတဲ့ သဘောပါပဲ (စက်တင်ဘာအရေးတော်ပုံအတွင်း ရှေ့ဆုံးကနေ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ကဗျာဆရာ အောင် ဝေးကဆိုရင် သူ့ရဲ့ ‘အောင်ဝေးစစ်တမ်း’မှာ အဲဒီနည်းကို ယုံကြည်တဲ့သူရှိသေးရင် ယုံကြည်တဲ့သူတွေ ရှေ့ဆုံး ကချီတက်ပြီး ပိုးစိုးပက်စက် အသေခံကြပါလို့တောင် ပြင်းပြင်းထန်ထန် သတိပေးရေးသားထားတာကို တွေ့ရ ပါတယ်)။

ပထမဦးစွာ အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရဲ့ အကြံပြုချက် တွေအပေါ် ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါ အောက်ဖော်ပြပါ တိုက်ပွဲပုံသဏ္ဍာန် အမျိုးအစား အကြံပြုချက်တွေကို တွေ့ရပါတယ်။

(၁) လက်နက်အားကိုးပြီး ဖက်ဆစ်ဆန်ဆန် ဖိနှိပ်ရက်စက်နေတဲ့ နအဖစစ်အုပ်စုကို လက်နက်ကိုင် တော် လှန်ရေးနည်းနဲ့သာ ချေမှုန်းနိုင်မယ်။ အဲဒီအတွက် စုစည်းညီညွတ်တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်နဲ့ အဲဒီတပ်ကို ဦးဆောင်ကွပ်ကဲမှု ပေးနိုင်မယ့် ခေါင်းဆောင်တယောက် အမြန်ဆုံး ပေါ်ထွန်းဖို့လိုတယ်။ အဲဒီလို ပေါ်ထွန်းလာမယ့် လက်နက်ကိုင် တော်လှန်ရေးတပ်ကို နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီလိုလားသူ မြန်မာနိုင် ငံသားအားလုံးက ငွေကြေးကအစ လိုအပ်တာတွေကို အလုံအလောက် ထောက်ပံ့ပေးမယ်။ ပြည်သူတွေက လည်း နအဖစစ်အုပ်စုကို အရင်ကထက် မုန်းတီးပြီး ဆန့်ကျင်တိုက်ခိုက်လိုစိတ်တွေ ပြင်းပြနေတဲ့အတွက် တပ် သားစုဆောင်းရတာ လွယ်ကူမယ်။ အဲဒီနည်းနဲ့ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ပြီး နအဖစစ်အုပ်ကို ဖြုတ်ချမယ်။ ဒီမိုကရေစီနိုင်ငံကို ထူထောင်ရမယ်။

(၂) ရှိရင်းစွဲ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မြို့တွေပေါ်တက်ပြီး နအဖစစ်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားကို ရပ်တန့်စေမယ့် ဖောက်ခွဲဖျက်ဆီးမှုတွေကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ လုပ်ဆောင်တဲ့ နေရာမှာ ပြည်သူတွေကို ထိခိုက်မှုမရှိစေမယ့် ပစ်မှတ်တွေကို သေချာရွေးချယ်ပြီး ဖောက်ခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ မြို့နယ်တွေက ရဲဌာနတွေ၊ ကြံ့ဖွံ့အသင်းရုံးတွေ၊ အမျိုးသမီးရေးရာ အသင်းရုံးတွေ၊ တိုင်းနဲ့ ပြည်နယ်/ မြို့နယ်/ ရပ်ကွက် အေးချမ်းသာယာရေးရုံးတွေ၊ နအဖနဲ့ ဆွေတော်မျိုးတော်တွေ/ အပေါင်းအပါတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အဦးတွေ၊ ကုမ္ပဏီရုံးတွေကို အဓိက ပစ်မှတ်ထား ဖောက်ခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်။ လိုအပ်ရင် အစိုးရယန္တရားအားလုံး လုံးဝရပ်ဆိုင်းသွားစေဖို့ ရုံးဝန်ထမ်းတွေကို ကြိုတင်အသိပေး ကြေညာချက်တွေ ထုတ်ပြန်ပြီး အစိုးရရုံးဌာန အဆောက်အဦးတွေကို ဖြိုခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်(အဲဒီလို လုပ်ဆောင်ရာမှာ အပြစ်မဲ့ ပြည်သူ့ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရတာမျိုး၊ အသက်ဆုံးရှုံးတာမျိုး မဖြစ်အောင် သတိကြီးစွာထားပြီး လုပ်ဆောင်ဖို့ လိုပါတယ်)။ အဲဒီကမှတဆင့် အထွေထွေသပိတ်ကို ဖေါ်ဆောင် အရှိန်မြှင့်ပြီး စင်ပြိုင်အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။

(၃) ပြည်သူတွေအားလုံး ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ရရာလက်နက်စွဲကိုင်ပြီး နအဖရဲ့ ဖိနှိပ်မှုယန္တရားတွေကို ကျားကန်ပေးနေတဲ့ ကြံဖွံ့၊ စွမ်းအားရှင်၊ လုံထိန်း၊ ရဲ၊ မြို့ပေါ်နေ တာဝန်ကျ စစ်သား စတဲ့ ဒေါက်တိုင်တွေ၊ နအဖနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အမျိုးအဆွေတွေ အားလုံးကို အလစ်အငိုက် တိုက်ခိုက်ပြီး သူတို့ သွေးပျက်တဲ့အချိန်မှာ လူထုတိုက်ပွဲကို ပြန်ဖော်ဖို့ ဖြစ်တယ်။ အဲဒီကနေ လူထုတိုက်ပွဲ အရှိန်မြင့်လာတဲ့အခါ စင်ပြိုင်အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ ရရာလက်နက် ဆိုတဲ့နေရာမှာ သေနတ်၊ ဗုံး စတာတွေကို ဆိုလိုတာ မဟုတ်ဘဲ မိမိတို့မှာရှိတဲ့ အပ်တိုတချောင်းကအစ တုတ်၊ ဓား၊ လေးခွ၊ ဂျင်ဂလိအဆုံး သုံးလို့ရတဲ့ ပစ္စည်းပစ္စယအကုန်လုံးကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စွဲကိုင်အသုံး ပြုပြီး တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ အဓိကက နအဖဒေါက်တိုင်(လူပုဂ္ဂိုလ်)တွေအားလုံး သွေးပျက်ခြောက်ခြားပြီး ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ဒါတွေက အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရဲ့ အကြံပြုချက်တွေကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာကြည့်တာ ဖြစ်ပါတယ်။ နံပါတ်(၁) စဉ်းစားချက်အပေါ် သုံးသပ်ကြည့်ရင် အေဘီ အက်စ်ဒီအက်ဖ်လို ကျောင်းသားတပ်မတော်ရော၊ ကေအန်ယူအပါအ၀င် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော ရှိနှင့်ပြီးသားဖြစ်တဲ့အတွက် အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပစ်ပယ်ပြီး လက် နက်ကိုင် တပ်ဖွဲ့သစ်ကို ထူထောင်ဖို့ဆိုတာ စိတ်ကူးယဉ်တဲ့ သဘောဆောင်မယ်လို့ ယူဆမိပါတယ်။ ဖြစ်နိုင် ရင် ရှိရင်းစွဲ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါင်းစည်းပြီး စည်းလုံးညီညွတ်တဲ့ တော်လှန်ရေးတပ်မတော်ကို ဖွဲ့နိုင်ဖို့ကသာ ဖြစ်နိုင်ချေ ပိုရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ၁၉နှစ်ကျော်လုံးလုံး အချိန်ရခဲ့တဲ့အ တွင်းမှာ တစုတစည်းတည်းဖြစ်တဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်မတော်ကို မထူထောင်နိုင်ခဲ့တာကို ကြည့် ရင် စုစည်းနိုင်တဲ့ အရည်အချင်းမျိုးရှိတဲ့ ခေါင်းဆောင်တယောက် ပေါ်ထွန်းမလာတာဖြစ်နိုင်သလို၊ ဖွဲ့စည်းဖို့ ဖြစ်နိုင်တဲ့အခြေအနေတွေ လုံးဝမရှိတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ မျက်စိစုံမှိတ်ပြီး တစုတစည်းတည်းဖြစ်တဲ့ လက်နက်ကိုင် တပ်မတော်ကို ဖွဲ့နိုင်ပြီ၊ နအဖ စစ်အုပ်စုကို အောင်ပွဲရတဲ့အထိ တိုက်နိုင်ပြီထားဦး၊ အဲဒီအောင်ပွဲရ လက်နက်ကိုင်တပ်မတော်ကရော ဒီမိုကရေ စီ နိုင်ငံတော်ကို ချောချောချူချူ တည်ထောင်ခွင့် ပေးပါ့မလား၊ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ကက်စ် ထရိုလို လုပ်နေရင် ဘယ်လိုလုပ်ကြမတုန်းဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ထောက်ပြစဉ်းစားချက်တွေကိုလည်း တွေ့ရပါတယ်။ အဲသလို ဖြစ်နိုင်ချေ နည်းပါးမှု၊ စိုးရိမ်ပူပန်စရာတွေ ရှိနေမှုကြောင့် နံပါတ်(၁) စဉ်းစားချက်ကို အကြံပြုတဲ့သူက အနည်းစု ဖြစ်တာကို တွေ့ရပါတယ်။

အဲဒီလို အကြမ်းမဖက်တဲ့ နည်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယုံကြည်သူတွေ စဉ်းစားတဲ့ အကြံ ပြုချက် အများစုကတော့ အမှတ်စဉ်(၂)နဲ့ (၃)တွေ ဖြစ်တာကို တွေ့ရပါတယ်။ အရေအတွက်အားဖြင့် ဆတူ လောက်ကို တွေ့ရပါတယ်။ အဓိကကတော့ အဲဒီနည်းနာ တခုခုကိုသုံးပြီး လူထုတိုက်ပွဲနဲ့ ချိတ်ဆက် အနိုင် ယူဖို့ အကြံပြုကြတာ ဖြစ်ပါတယ်။ နံပါတ်(၂) စဉ်းစားချက်ကို အကောင်အထည် ဖော်ဖို့အတွက်ဆိုရင် လက် နက်ကိုင်အဖွဲ့တွေ တပေါင်းတစည်းတည်း ဖြစ်စရာမလိုဘဲ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် အချိတ်အဆက် ရှိရှိနဲ့ ကိုယ်ကျွမ်းကျင် ပိုင်နိုင်ရာ မြို့ရွာဒေသတွေကို ၀င်ရောက်ပြီး ဖောက်ခွဲဖျက်ဆီးကြဖို့ပဲ ဖြစ်တယ်လို့ အကြံ ပြုကြတာဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ နံပါတ်(၂)နဲ့ (၃) စဉ်းစားချက် နှစ်ခုစလုံးဟာ နံပါတ်(၁) စဉ်းစားချက်ထက် ဖြစ်နိုင်ချေ ပိုများတယ်လို့ အများစုက သုံးသပ်ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနည်းနာ နှစ်ခုကနေ လူထုတိုက်ပွဲပေါ်လာတဲ့အခါမှာ မြေပေါ်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အချိတ်အဆက်မိမိ လက်တွဲလုပ်ဆောင် ဖို့ အထူးလိုအပ်လှကြောင်း သုံးသပ်တင်ပြရင်း အကြမ်းမဖက်တဲ့ နည်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယုံကြည်သူတွေရဲ့ စဉ်းစားချက်အပိုင်းကို နိဂုံးချုပ်လိုက်ရပါတယ်။

အပြည့်အစုံသို့...

Friday, September 19, 2008

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနှစ်ပါတ်လည်စာအုပ်

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး(၁)နှစ်ပြည့်အထိမ်းအမှတ် စာအုပ်အား ဖတ်ရှုလိုပါကအောက်တွင် ဒေါင်းလော့လုပ်ဆောင် နိုင်ပါသည်။

http://www.mediafire.com/?1jn3tblmgxe

အပြည့်အစုံသို့...

Wednesday, September 17, 2008

ကျားကစားကြသူများ

ကျားလို့ပြောလိုက်တာနဲ့တောထဲက Tiger လို့ခေါ်တဲ့ကျားကြီးကိုပြေးမမြင်လိုက်ကြပါနဲ့ဦး။
ကျွန်တော်ပြောမှာကအကွက်ရွှေ့ပြီးကစားရတဲ့ကျား၊ဆရာကျားဘညိမ်းကိုကျားဘညိမ်းဆိုတဲ့နာမည်
တလုံးရစေခဲ့တဲ့ကျားကစားနည်းအကြောင်းပါ။
ကျားကစားကြတာတော့အားလုံးပဲမြင်ဘူးကြမယ်ထင်ပါတယ်။စစ်တုရင်လို့ခေါ်တဲ့ချက်ကစား
နည်းလိုကမ္ဘာကျော်မဟုတ်ပေမယ့်မြန်မာပရိတ်သတ်နဲ့ဆိုပိုရင်းနှီးပါတယ်။လက်ဘက်ရည်ဆိုင်မှာ၊
ကွမ်းယာဆိုင်ဘေးမှာ၊ဆိုက်ကားဂိတ်နားမှာ၊ရပ်ကွက်ထဲကလူငယ်တွေစုတဲ့နေရာမှာနေရာစုံမှာအ
လွယ်တကူတွေနိုင်တဲ့အင်မတန်ကိုအများနဲ့နီးစပ်တဲ့ကစားနည်းလို့ဆိုချင်ပါတယ်။လူတော်တော်များ
များလဲကစားတတ်ကြပါတယ်။

အခုကျွန်တော်ပြောချင်တာအဲဒီကစားနည်းကိုကစားကြတဲ့လူတွေရဲ့အကြောင်းတစေ့တစောင်း
လေးမြင်သမျှကိုပါ။သဘောသဘာဝလေးကိုတော့နည်းနည်းလောက်ရှင်းပြပါရစေ။စစ်တုရင်ကစား
နည်းနဲ့ကျားကစားနည်းဟာတဖက်ကိုအနိုင်ရအောင်အကွက်ဆင်ရွှေ့ရတာကလွဲရင်တော်တော်ခြား
နားပါတယ်။စစ်တုရင်မှာအစကတည်းကဘုရင်၊ဘုရင်မ၊စစ်ကဲ၊ဘုန်းကြီး၊ပွန်းစသည်ဖြင့်အဆင့်သတ်
မှတ်ချက်ကရှိပြီးသားပါ။တိုက်ရတာကိုကဘုရင်ကျရင်တဖက်လူမှာမှာဘယ်နှစ်ကောင်ပဲကျန်ကျန်ပွဲပြီးသွားပါပြီ။
ကျားမှာတော့အစမှာအားလုံးဟာကျားကောင်ပါဝါတူတွေသာဖြစ်ပြီးနောက်မှကင်းပေါက်တဲ့
အကောင်ကပါဝါတက်ပြီးအဆင့်ပြောင်းသွားတာပါ။အနိုင်အရှုံးကိုလဲနောက်ဆုံးတကောင်ကျန်တဲ့အထိအဆုံးအဖြတ်ပေးပါတယ်။အဲဒီတဖက်ဆယ့်နှစ်ကောင်ကစားရတဲ့ကျားမှာပဲသူများအကောင်တွေကိုနိုင်
အောင်ကစားရတဲ့ပုံမှန်ကစားနည်းအပြင်၊အလွယ်ကစားနိုင်တဲ့ကိုယ့်ကျားတွေကိုအတင်းထိုးကျွေး
ပြီးအရင်အကောင်ကုန်တဲ့လူကနိုင်တဲ့ကစားနည်းတမျိုးလဲရှိပါသေးတယ်။ကလေးတွေတော်တော်များများကစားလေ့ရှိပါတယ်။ကျွန်တော်တို့ငယ်ငယ်ကတော့နိုင်အောင်ကစားတဲ့နည်းကိုကျနိုင်(ကျားနိုင်)၊ကုန်အောင်ကစားတဲ့နည်းကိုကျကုန်(ကျားကုန်)လို့ခေါ်ပါတယ်။ငယ်ငယ်တုန်းကဆိုရှုံးထွက်ကစား
နည်းနဲ့တနေကုန်ကစားကြတာပါ။ဥပမာကျွန်တော်ကကျားခုံပိုင်သူဆိုယင်ကျွန်တော့ကိုသရေကစား
နိုင်ရုံနဲ့ဖယ်ခိုင်းလို့မရပဲအနိုင်ရအောင်ကစားနိုင်တဲ့သူရှိမှဖယ်ပေးရမှာပါ။
ဘာမဟုတ်တဲ့ကစားနည်းအကြောင်းကိုဇာချဲ့နေတယ်လို့အထင်မစောပါနဲ့ဦးခင်ဗျာ။ကျွန်တော်
ဥပမာခိုင်းနှိုင်းပြစရာလေးရှိနေလို့ပါ။တကယ်လို့များကျွန်တော်တို့နိုင်ငံရေးသမားတတွေဟာကျားပွဲတခုကစားနေကြတာဆိုပါစို့။နအဖဟာတရားနည်းနဲ့ပဲရရ၊မတရားနည်းနဲ့ပဲရရမြန်မာ့နိုင်ငံကိုအုပ်ချုပ်နေနိုင်တဲ့လက်ရှိအခြေအနေနဲ့သို့မဟုတ်ကျားခုံဟာသူတို့လက်ထဲမှာရှိနေတဲ့ပြိုင်ဘက်ဖြစ်နေတယ်ဆိုကြပါစို့။
သေချာတာကတော့
(၁)ကျွန်တော်တို့ရှုံးရင်ထွက်ပေးရမယ်။
(၂)သရေကျရင်လဲထွက်ပေးရမယ်။
(၃)ပါဝါတူလို့သရေပဲပွဲပြီးမသွားအောင်ရွှေ့နေတယ်ထားဦးအချိန်မရွေးသူ့ကျားခုံကိုပြန်သိမ်းသွားနိုင်ခွင့်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျားခုံကသူ့လက်ထဲမှာဖြစ်နေတယ်။
အဲဒီအခြေခံလေးကိုပဲတဆင့်တက်ပြီးစဉ်းစားကြည့်မယ်ဆိုယင်ကျွန်တော့မှာမေးခွန်းထုတ်စ
ရာအချက်အလက်အချို့ရှိလာပါတယ်။မေးခွန်းတခုချင်းနဲ့ရှင်းလင်းချက်တွဲသွားချင်ပါတယ်။အဲဒီမေး
ခွန်းတွေကတော့

(၁)ကျွန်တော်တို့ဟာကျားကုန်ကစားနေတာလား၊ကျားနိုင်ကစားနေတာလားဆိုတာပါ။
ဒီမေးခွန်းအတွက်ရှင်းလင်းချက်မပေးခင်ကျွန်တော်ရဲ့ကိုယ်ပိုင်ခံစားချက်အချို့ကိုတင်ပြလို
ပါသေးတယ်။အဲဒါကတော့ကျွန်တော်တို့ဟာစစ်အာဏာရှင်စနစ်ကိုဖြုတ်ချပြီးဒီမိုကရေစီစနစ်ကိုတ
ကယ်ကူးပြောင်းဖို့ကြိုးစားနေတာဟုတ်မဟုတ်ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ကြဖို့ပါ။ထူးချွန်အောင်မြင်တဲ့ကျောင်းသားဖြစ်ချင်ရင်တကယ်စာကြိုးစားရမယ်။ဒီမိုကရေစီနဲ့အခြေခံလူ့အခွင့်အရေးတွေကိုလို
ချင်ရင်ကိုယ်တိုင်လဲဒီမိုကရေစီကိုတကယ်ယုံကြည်ပြီးဒီမိုကရေစီနည်းလမ်းကျကျလက်ခံကျင့်သုံးရ
မယ်။ပါးစပ်ဘုရားဘုရားလက်ကကားယားကားယားလုပ်လို့တော့မရပါဘူး။ဒီမိုကရေစီလိုချင်တယ်လို့လဲပြောသေးတယ် ဒီမိုကရေစီနည်းလမ်းကျကျမျှမျှတတဝေဖန်တာတောင်လက်မခံနိုင်ဘူးဆိုရင်တော့
ကျွန်တော်ဆက်ဆွေးနွေးစရာမရှိတော့ပါဘူး။
အခုဆက်ဆွေးနွေးမယ့်အချက်တွေဟာဒီမိုကရေစီနည်းလမ်းကျကျတကယ်ကျင့်သုံးချင်တဲ့
သူတွေအတွက်ပဲရည်ရွယ်ပါတယ်။အခုခေါင်းစဉ်မှာပြောခဲ့သလိုကင်းပေါက်နေတဲ့သူတွေကကိုယ်ပိုင်
ဆိုင်ထားတဲ့ကျားတွေကိုကျွေးပြီးကျားကုန်ကစားနေတာလား၊ဒါမှမဟုတ်ကျားနိုင်ကစားနေတာလား
ဆိုတာအရေးတကြီးပြန်သုံးသပ်ဖို့လိုပါတယ်။ကျားနိုင်ကစားနေတာဆိုရင်ကျားကွက်ပေါ်မှာရှိတဲ့ကျွန်
တော်တို့ပိုင်ဆိုင်တဲ့ဘယ်ကျားကောင်မဆိုရဲ့တန်ဖိုးဟာတန်ဖိုးဖြတ်လို့မရပါဘူး။သူကလဲတချိန်မှာကင်း
ပေါက်ပြီးပါဝါတက်လာနိုင်တဲ့တန်ဖိုးရှိတဲ့သူဖြစ်နိုင်လို့ပါပဲ။တနည်းဆိုယ်ယင်တချိန်တုန်းကအားလုံး
ဟာဘဝတူရဲဘော်တွေပါ။ဆန့်ကျင်ဘက်ကကျားတကောင်နဲ့တန်ဖိုးတူလဲရမယ်ဆိုရင်တောင်ကျွန်
တော့်အနေနဲ့ဆိုရင်အင်မတန်မလိုအပ်ပဲမလဲချင်ပါဘူး။ခင်ဗျားကကျားကုန်ကစားနေတယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဘာမှပြောစရာမရှိတော့ပါဘူး။ဒါပေမယ့်ကျွန်တော့်မှာပါဝါတခုခုရှိခဲ့မယ်ဆိုယင်တော့ဘဝတူတွေကိုချကျွေးနေတဲ့ကျားကုန်ကစားပွဲခင်ဗျားကစားဖို့ဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူး။ကျွန်တော့်အနေနဲ့ပြောရရင်ကျွန်တော်တို့ဘက်ကကျားတကောင်တိုင်းဟာအဖိုးအနဂ္ဂထိုက်တန်နေတယ်ဆိုတာပါပဲ။
(၂)ကျွန်တော်တို့သရေကစားနေတာလား
ကျွန်တော်အထက်မှာပြောခဲ့သလိုပါပဲလက်ရှိအခြေအနေမှာသရေကစားနေတာဟာပါဝါတူ
ရတယ်လို့ကျွန်တော်လုံးဝလက်မခံနိုင်ပါဘူး။ခင်ဗျားကတော့ကင်းပေါက်သွားလို့ခင်ဗျားသွားချင်ရာခင်
ဗျားရွှေ့ချင်ရာအကွက်ကိုကင်းပီပီရွှေ့လို့ရနေပြီးခင်ဗျားကင်းပေါက်အောင်လုပ်ပေးခဲ့ရတဲ့အရင်တုန်းကခင်ဗျားနဲ့ဘဝတူကျားတွေကတော့ဒေါင့်ကပ်တဲ့အကောင်ကကပ်၊လက်တလောအစားခံရတဲ့အကောင်ကအစားခံရ၊ခင်ဗျားကစားနေတဲ့ကျားခုံကြီးဖြစ်တဲ့မြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုတွေကတော့
ခင်ဗျားကစားနေတဲ့ပွဲရှည်ရင်ရှည်သလောက်ဆင်းရဲဒုက္ခတွေအမျိုးမျိုးရောက်နေတယ်ဆိုတာမေ့မ
ထားစေချင်ပါဘူး။ဒီကြားထဲမှာနအဖကကျပ်မပြည့်တဲ့ခပ်ဆိုးဆိုးကလေးကြီးလိုသူ့ကျားခုံကြီးပြန်သိမ်း
သွားလိုက်၊စိတ်လိုရင်ဒါမှမဟုတ်လူကြီးတွေကိုတိုင်လိုက်ရင်ပြန်ထုတ်လာလိုက်နဲ့။
မြန်မာနိုင်ငံကပြည်သူတွေအတွက်ဆိုရင်တရက်၊အသွင်ကူးပြောင်းမှုစောရင်တရက်လူ့ငရဲက
လွတ်မြောက်ရသလိုပါပဲ။ဇာတ်ထဲကလူပြက်တွေလိုပြောရရင်တော့စောစောသေရင်စောစောအိပ်ရ
တယ်ပေါ့ဗျာ။ဘာမှမလုပ်ရင်ဘာမှမဖြစ်ဘူးဘာမှဒီ့ထက်ပိုမဆိုးလာနိုင်ဘူးလို့ဆိုပေမယ့်အခုလက်ရှိ
ရင်ဆိုင်နေရတဲ့အခြေအနေထက်ပိုဆိုးနိုင်တဲ့အခြေအနေတော့မရှိတော့ဘူးလို့ပြည်သူတဦးတယောက်ကပြောလာခဲ့ရင်ကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲ၊သေချာတာတခုကတော့သရေကစားပြီးအချိန်ဆွဲနေတဲ့နည်းလမ်းဟာအကျိုးသက်ရောက်မှုရှိတဲ့နည်းလမ်းမဟုတ်ဘူးဆိုတာပါ။
(၃)ကျွန်တော်တို့ဘယ်လိုအနိုင်ကစားကြမလဲ?
အခြေအနေတွေအားလုံးကအနိုင်မရရင်ကျွန်တော်တို့အသာမရနိုင်ဘူးဆိုတာပြဆို
နေပါတယ်။ကျွန်တော်တို့ဘယ်လိုအနိုင်ကစားကြမလဲ။လက်ရှိကစားနေတဲ့PLAYERတွေဘာကြောင့်အသာရအောင်အနိုင်ရအောင်မကစားနိုင်ကြသလဲဆိုတာစစ်တမ်းထုတ်ဖို့လိုလာပါတယ်။
ကြုံဖူးတဲ့လူတွေဆိုရင်စစ်တုရင်ဝိုင်းတွေကျားကစားတဲ့ဝိုင်းတွေမှာဘေးမပြောရဆိုပြီး
စည်းကမ်းချက်ထုတ်ထားတာတွေ့ဖူးကြမှာပါ။ဘာဖြစ်လို့လဲဆိုတော့အားလုံးလက်ခံတဲ့အယူအဆတ
ရပ်ကဘေးကကြည့်နေတဲ့သူတွေဟာကိုယ်တိုင်ကစားနေတဲ့သူတွေထက်အချို့အကွက်ကလေးတွေ
မှာပိုပြီးမြင်နိုင်လို့ပါပဲ။ကစားနေတဲ့လူတွေထက်ပိုတော်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ဘေးကလူက
နှစ်ဖက်မျှကြည့်နေမိလို့သဘောသဘာဝအရအကွက်ပိုမြင်တာပါ။သူဘာသာသူဝင်ကစားရင်လက်ရှိလူထက်ညံ့ချင်ညံ့နေမှာပါ။အဲဒါကြောင့်ဘေးမပြောရဆိုတဲ့စည်းကမ်းထုတ်ထားတာပါ။
ဒီနေရာမှာကျွန်တော်တခုပြောချင်တာက
-န.အ.ဖ ဟာတရားမျှတစွာအခုကစားပွဲကိုကစားနေတယ်လို့များကျွန်တော်တို့ဘက်ကPLAYERတွေ
ယူဆထားပါသလား?
-ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အားကစားစိတ်ဓါတ်သာအဓိကမို့အနိုင်အရှုံးကိုအဓိကထားစရာမလိုဘူး
လို့ ကျွန်တော်တို့ဘက်ကPLAYERတွေယူဆထားပါသလား?
ဆိုတာရှင်းလင်းကွဲပြားစေချင်တာပါ။
ကျွန်တော့်အနေနဲ့ပြောရရင်တော့ဘယ်လိုနည်းနဲ့မဆိုကျွန်တော်တို့အနိုင်ရဖို့လိုတယ်ဆိုတာ
ပါပဲ။ဘာဖြစ်လို့လဲဆိုတော့အဲဒီအရှုံးအနိုင်ဟာသန်းငါးဆယ်နီးပါးသောမြန်မာပြည်သူလူထုတွေရဲ့ဘဝကိုကိုယ်စားပြုနေလို့ပါပဲ။အချစ်နဲ့စစ်မှာကျတော့မတရားဘူးဆိုတာမရှိဘူးလို့ပြောကြတယ်။သန်းငါး
ဆယ်သောမြန်မာပြည်သူလူထုနဲ့ဆိုင်တဲ့ကိစ္စမှာဘယ်လိုကိစ္စကမတရားဘူးလို့ခင်ဗျားတို့ယူဆနေကြပါသလဲ?
န.အ.ဖအတွက်မျှတမှုမရှိဘူးလို့ပြောချင်တဲ့သူတွေပြောကြပါစေ။ကျွန်တော်တို့ပြည်သူတွေ
အတွက်လွတ်မြောက်ဖို့ကိစ္စမှာ၊ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေပြည့်ဝစွာခံစားနိုင်ဖို့ဖန်တည်းပေးဖို့
ကိစ္စမှာတကမ္ဘာလုံးကမီးဟုန်းဟုန်းထအောင်ကန့်ကွက်နေတောင်မှကျွန်တော်တို့ပြည်သူအတွက်ဆို
မဖြစ်မနေအနိုင်ရအောင်လုပ်ရမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။ဒီမိုကရေစီလိုလားသူအားလုံးနီးပါးထောက်ခံနေသားပဲဗျာ။
ကျွန်တော်သာဆိုရင်တော့ဘေးကပဲဝင်ပြောပြော၊ကျွန်တော့်လက်ကိုဝင်ချုပ်ပြီးတော့ပဲရွှေ့
ရွှေ့အဲဒီရွှေ့ကွက်ဟာမြန်မာပြည်သူလူထုတွေအတွက်အကောင်းဆုံးနဲ့အကျိုးအရှိဆုံးရွှေ့ကွက်ဆိုရင်
ဝမ်းမြောက်ဝမ်းသာစွာနဲ့ရွှေ့ပစ်လိုက်မှာပါပဲဗျာ။
ကျွန်တော်တို့ဘက်ကအကွက်ရွှေ့နေတဲ့အဖိုးတန်PLAYERတွေအားလုံးမြန်မာပြည်ရဲ့
သန်းငါးဆယ်နီးပါးသောပြည်သူလူထုတွေကို၊ကိုယ်နဲ့ဘဝတူဖြစ်ခဲ့ဖူးတဲ့တိုက်ပွဲဝင်ဖေါ်ဝင်ဘက်ရဲဘော်ရဲဘက်ကျားကောင်တွေကိုတန်ဖိုးထားတတ်တဲ့အကောင်းဆုံးPLAYERတွေဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။
• D- WAVE

အပြည့်အစုံသို့...

blogger templates | Make Money Online