Friday, October 31, 2008

ငွေဆောင်တွင် ထူးကုမ္ပဏီမှ လေဆိပ်ဆောက်မည်

ထူးကုမ္ပဏီက ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်းရှိ ငွေဆောင်ကမ်းခြေအနီးမှ သဇင်ကျေးရွာတွင် လေယာဉ်ကွင်းတခု မကြာမီ တည်ဆောက်သွားဖွယ် ရှိသည်။

ယခင် လေယာဉ်ကွင်း ဆောက်ရန် လျာထားသည့် နေရာမှ တမိုင်ခန့်အကွာတွင် တည်ဆောက်မည့် လေယာဉ်ကွင်းသစ်အတွက် တိုင်းတာရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကာ လာမည့် ၃ နှစ်အတွင်း အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်သည်။

လေဆိပ်အသစ်သည် ရန်ကုန်-ဘန်ကောက်အပြင် နိုင်ငံတကာ လေကြောင်းများမှ ကိုယ်ပိုင်လေယာဉ်များဖြင့် တိုက်ရိုက် ပျံသန်းနိုင်မည့် အလတ်စားလေယာဉ်များ ဆင်းသက် ရပ်နားနိုင်ရန် ရည်ရွယ်ပြီး ဆောက်လုပ်သွားမည်ဟု ကုမ္ပဏီမှ တည်ဆောက်ရေးပိုင်းဆိုင်ရာ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ကုမ္ပဏီအနေဖြင့် ငွေဆောင်ကမ်းခြေသို့ လာရောက်မည့် ခရီးသွားများ ယခင်ကထက် ပိုမိုတိုးတက် ရောက်ရှိစေရန် ရည်ရွယ်သည်ဟု သူက ဆိုသည်။

စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် နီးစပ်သူ ဦးတေဇ၏ ထူးကုမ္ပဏီသည် နိုင်ငံတကာ၊ ပြည်တွင်း အဲပုဂံလေကြောင်းလိုင်းနှင့် ခရီးသွားလုပ်ငန်းများကို ပိုင်ဆိုင်သည်။

ပုသိမ်မြို့မှ ၂၉ မိုင်အကွာတွင် တည်ရှိသည့် ငွေဆောင်ကမ်းခြေတွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ် ၅ လုံးထက်မနဲ ရှိကာ နာမည်ကျော် ချောင်းသာကမ်းခြေထက် ပိုမိုလှပသော်လည်း ပိုးမွှားတိရစ္ဆာန် အန္တရာယ်များ ရှိသည့်အပြင် ရေအတိမ်အနက် မမှန်မှုကြောင့် ပြည်တွင်း ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ခြင်း ပိုမို နည်းပါးသည်။

ယခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်မှ လွတ်ကင်းခဲ့သည့် ငွေဆောင်သည် ယခင် သဘာဝ အလှအပများ မပျက်မယွင်း ရှိနေသေးသည်။

သို့သော်လည်း နာဂစ်အလွန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အခြေအနေသည် ဆိုးရွားစွာ ကျဆင်းသွားသည့်အပြင် ပွင့်လင်းရာသီ (စက်တင်ဘာမှ မတ်လလယ်အထိ) တွင် နိုင်ငံတကာ ခရီးသွား ဧည့်သည်များသည် ခရီးစဉ်အတွက် ကြိုတင်စာရင်းပေးသွင်းခြင်း - Booking မရှိသလောက် နည်းပါးနေခဲ့သည်။

ရန်ကုန်ရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ် Flower News Journal တွင် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် နိုင်ငံတကာ စာနယ်ဇင်းသမား ၅ ဦးအား တတိယ အကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ကာ ခရီးသွားဒေသများ ဖြစ်သည့် ပုဂံ၊ မန္တလေးနှင့် အင်းလေးဒေသများသို့ သွားရောက်စေခြင်းဖြင့် မြန်မာနိုင်ငံသည် လည်ပတ်ရန် သင့်တော်ကြောင်း လေဆိပ်အသစ် တည်ဆောက်ပြီးစီးပါက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်သည်ဟု ထူးကုမ္ပဏီ အရာရှိက ပြောသည်။

ပြီးခဲ့သည့်နှစ်က စတင်ခဲ့သော အမေရိကန်အစိုးရ၏ မြန်မာစစ်အစိုးရနှင့် အနီးကပ် ပူးပေါင်းစီးပွားရှာစားနေသော စီးပွားရေး လုပ်ငန်းရှင်များကို ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ရာတွင် ကုမ္ပဏီသူဌေး ဦးတေဇလည်း ပါဝင်သည်။

အပြည့်အစုံသို့...

ဒေါ်စု လွတ်လာမည်အထင်ဖြင့် ပါတီလူငယ်များ ရုံးချုပ်ကို သွားကြ

အထိန်းသိမ်းခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည် အထင်ဖြင့် NLD လူငယ် ၃၀ နီးပါးက ယနေ့တွင် ရန်ကုန်ရှိ NLD ဗဟိုရုံးချုပ်သို့ သွားရောက်ခဲ့ကြသည်။

ယခုရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီဝင်များအကြား အပြန်အလှန် တယ်လီဖုန်း သတင်းစကားများ ပေါ်ထွက်လာပြီးနောက် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်သို့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှ ပါတီဝင်လူငယ်များသည် ယခုလို သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

"ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေဆီက ပါတီအဖွဲ့ဝင် လူငယ် ၃၀ နီးပါး ရုံးကို လာမေးကြတယ်။ ရုံးက ပြောလိုက်တာကတော့ အဲဒီကိစ္စက မဟုတ်ပါဘူးလို့ တာဝန်ရှိသူတွေက ပြန်ဖြေခဲ့တယ်" ဟု ယနေ့တွင် ရုံးချုပ်သို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တောင်ဒဂုံမြို့နယ်မှ NLD ရပ်ကျေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း "ကျနော်တို့ ဘာမှ မကြားသေးပါဘူး။ ပါတီဝင်တွေက မေးမြန်းတာတွေ ရှိပါတယ်" ဟု ပြောသည်။

သို့သော်လည်း သူက တစုံတရာ မှတ်ချက်ပေးခြင်း မရှိပါ။

ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် ကမာရွတ်မြို့နယ် တက္ကသိုလ်လမ်း နေအိမ်ရှေ့တွင် သံဆူးကြိုးများကို အာဏာပိုင်များက ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ကာ ဖယ်ရှားခဲ့သည်။

အတားအဆီးများ ဖယ်ရှားပြီး နောက်ရက် တနင်္လာနေ့မှ စတင်ကာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတော့မည် ဟူသော ကောလာဟလများမှာ ပါတီ ၀င်လူငယ်များ အကြားတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

''လွတ်မယ်ဆိုတာက တနင်္လာနေ့ကတည်းက ထွက်နေတာဗျ။ ဘယ်ကနေ ဘယ်လို စတယ်တော့ မပြောနိုင်ဘူး။ ဒီနေ့ကျတော့ ဒီနေ့ပဲ လွတ်တော့မလိုလို ဖုန်းတွေ ပြောနေရင်းကနေ သွားလာကြတယ် ထင်တာပဲ'' ဟု တောင်ဒဂုံမြို့နယ်မှ NLD ရပ်ကျေးတာဝန်ခံက ပြောသည်။

အပြည့်အစုံသို့...

ကရင်စခန်းတခုကို စစ်အစိုးရ ပူးပေါင်းတပ်က သိမ်းပိုက်

ကရင်အမျိုးသား အစည်းအရုံး၏ တပ်စခန်းတခုကို ဒီကေဘီအေနှင့် စစ်အစိုးရ ပူးပေါင်းတပ်များက ယနေ့တွင် သိမ်းပိုက်လိုက်သည်။

ကေအန်ယူ၏ စစ်တပ်ဖြစ်သော တပ်မဟာ ၆၊ တပ်ရင်း ၂၀၁ လက်အောက်ခံ တပ်ခွဲ ၃ ၏ ခလယ်လောဆယ်ဒေသရှိ တပ်စခန်းအား စစ်အစိုးရတပ်နှင့် ကရင်အဖွဲ့ကွဲ တခုဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် - DKBA ပူးပေါင်းတပ်ဖွဲ့များက တရက်ကြာ တိုက်ခိုက်ပြီး ယနေ့နံနက် ၁၁ နာရီခန့်တွင် သိမ်းပိုက်သွားခြင်း ဖြစ်သည်။

"မနေ့က သူတို့ (ပူးပေါင်းတပ်) ကြိုးစားတယ်ဗျာ။ လက်နက် အကူအညီတွေနဲ့ နအဖ က ပစ်ပေးတယ်။ KNLA (ကရင်တပ်) လူဦးရေ ၁၅၀ လောက်က ခလယ်လောဆယ် စခန်းကို ၀င်လာတယ်။ ဒီနေ့ မနက် ၁၁ နာရီလောက်က ၀င်လာတယ်။ ကျနော်တို့က အဲဒီစခန်းကနေ ထွက်ပေးလိုက်ပြီ" ဟု ကေအန်ယူတွဲဖက် အတွင်းရေးမှူး (၁) ပဒို စောလှငွေက မဇ္ဈိမကို ပြောသည်။

အချို့သော သတင်းများက ကေအန်ယူဘက်မှ ၂ ယောက်ကျဆုံးသည်ဟု ပြောဆိုသော်လည်း ဖဒိုစောလှငွေကတော့ မဟုတ်မှန်ကြောင်း ငြင်းဆန်လိုက်သည်။ လက်နက်အင်အားချင်း မမျှ၍ စခန်းကျသွားရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ခလယ်လောဆယ်ဒေသသည် ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် အုန်းဖျန်ကျေးရွာ တဖက်ကမ်း မလှမ်းကမ်းတွင် တည်ရှိသည်။

လက်ရှိတွင် စခန်းအတွင်း၌ DKBA တပ်သား ၁၅၀ ခန့်က ၀င်ရောက်စခန်းချထားသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း စစ်အစိုးရနှင့် DKBA ပူးပေါင်းတပ်များက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဝေါလေခီးဒေသမှ ကရင်တပ်စခန်းတခုအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး၊ မကြာခင် ရက်ပိုင်းအတွင်း၌ ကေအန်ယူဘက် က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

အပြည့်အစုံသို့...

၈၈ ခေါင်းဆောင်များကို မအူပင်ထောင်သို့ ပြောင်းရွှေ့

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၉ ဦးအား ယနေ့ နံနက်တွင် အင်းစိန်ထောင်မှ မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုလှမျိုးနောင်၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဥာဏ်လင်း၊ ကိုပြုံးချို (ခ) ကိုဌေးဝင်းအောင်၊ ကိုအောင်သူနှင့် ကိုအောင်နိုင်တို့ ယနေ့နံနက် ၇ နာရီခန့်က ဧရာဝတီတိုင်းရှိ မအူပင်ထောင်သို့ ပို့လိုက်ခြင်း ဖြစ်သည်။

ဒီမနက် ၇ နာရီကျော်ကျော်လောက်မှာ ထွက်သွားတယ်။ မအူပင်ထောင်ကို ပို့လိုက်တယ် ပြောတယ်။ မိသားစုတွေကလည်း မေးတော့ ထောင်တာဝန်ရှိသူက မအူပင်ကို စုံစမ်းပေးတယ်လေ။ သူတို့ကို အဲဒီထောင်ကို ထုတ်တာ သေချာသွားပြီပေါ့" ဟု ကိုအောင်နိုင်၏ မိသားစုဝင်တဦးက ပြောသည်။

သူက "သူတို့ကို ထောင်ဝတ်စုံ အပြာတွေနဲ့ လက်ထိပ်ရော ခတ်ထားတယ်။ ထောင်ကားနဲ့ တင်သွားတယ်။ အနောက်မှာလည်း ရဲကားတွေ ပါတယ်။ သူတို့ ထုတ်သွားတဲ့ ပုံစံက ထူးထူးဆန်းဆန်းပေါ့နော်။ စုံစမ်းကြည့်တော့ သူတို့ အုပ်စု ထုတ်သွားတယ်ဆိုတာ သိရတယ်လို့ ထောင်ထဲမှာ ရှိတဲ့ မျက်မြင်တွေက ပြောတယ်လေ" ဟု ဆက်ပြောသည်။

အင်းစိန် အကျဉ်းထောင်သို့ ဆက်သွယ်မေးမြန်းရာတွင် အမည်မဖော်လိုသူ အရာရှိတဦးက မအူပင်ထောင်သို့ ပြောင်းရွှေ့ခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုသော်လည်း အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆိုသည်။

ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက "ရှေ့နေ ဦးအောင်သိန်းက ဒီမနက်ပဲ ဖုန်းဆက်ပြောတယ်။ သေချာပါတယ်။ ထောင်ပြောင်းလိုက်တာ။ ကျနော်တို့က ရုံးထုတ်တာကိုတောင် မစဉ်းစားတော့ဘူး။ ဘာဖြစ်မယ် ဆိုတာပဲ နားထောင်နေတော့တယ်" ဟု ပြောသည်။

ယခုလ ၂၉ ရက်နေ့က အင်းစိန်ထောင်တွင်းရှိ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် အမှုကြားနာနေစဉ် ကျောင်းသားခေါင်းဆောင် ၉ ဦးက တရားစီရင်မှုအား လွတ်လပ်မှုမရှိကြောင်း ဝေဖန်ပြောဆိုသဖြင့် ရုံးတော်အား မထီမဲ့မြင်ပြုမှု - ရာဇသတ်ကြီးပုဒ်မ ၂၂၈ ဖြင့် ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်ပြီး ၂ ရက်အကြာတွင် ထောင်ပြောင်းရွှေ့မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မနက်ဖြန် ရုံးထုတ်ရက်တွင် မိသားစုဝင်များက အင်းစိန်ထောင်သို့ သွားရောက်ရန် စီစဉ်ထားသည်။

ကိုမင်းကိုနိုင်၏ မိသားစုဝင်တဦးက ယခုလို ထောင်ပြောင်းခြင်းကြောင့် စိုးရိမ်တကြီး စောင့်ကြည့်နေရသည်ဟု ဆိုသည်။

အလားတူ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်သဖြင့် ဖမ်းဆီးအကျဉ်းကျခံနေရသူ အန်အယ်ဒီလူငယ် ကိုသော်ဇင်မင်း၊ ကိုဝေလွင်မျိုးနှင့် သံဃာတော် ဦးစန္ဒိမာ (ခေါ်) အပုလေး ဆိုသူတို့သည် အင်းစိန်ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြနေသည်ဟု သိရသည်။

ယခုလ ၂၇ ရက်နေ့က ကိုဝေလွင်မျိုး၏ မိခင်ဖြစ်သူမှ ထောင်ဝင်စာ ပို့သည်ကို လက်မခံကြောင်းနှင့် ထောင် အစားအစာများကိုလည်း စားသောက်ခြင်း မပြုကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

"ကိုဝေလွင်မျိုးရဲ့ မိခင်က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ သွားတာ။ ထောင်ဝင်စာလည်း ပေးမတွေ့ဘူး။ ထောင်ပါဆယ်လည်း လက်မခံဘူး။ အစားအသောက် ပါဆယ် လက်မခံဘူး" ဟု သူက ပြောသည်။

သူတို့သည် နိုင်ငံရေး အကျဉ်းသားများ၏ လုံခြုံရေးနှင့် ရာဇ၀တ်အကျဉ်းသားမှ မတရား အတင်းအဓမ္မ ခိုင်းစေမှု၊ ရိုက်နှက်မှုများ မပြုလုပ်ရန်အတွက် ထောင်အာဏာပိုင်များထံ တောင်းဆိုထားသည်ဟု ဆိုသည်။

အပြည့်အစုံသို့...

နိုင်ငံရေးရှေ့နေ ၂ ဦးကို ထောင်ဒဏ် ၆ လ ချမှတ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေနှစ်ဦးကို တရားစီရင်ရေးကို အနှောက်အယှက် ပြုသည်ဆိုကာ မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၆ လ အပြစ်ပေးလိုက်သည်။

အင်းစိန်ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသော ကြည်မြင့်တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်းအပါအ၀င် ၃ ဦးအတွက် ခုခံချေပပေးနေသော ရှေ့နေ ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ကို ထောင်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။ သို့သော် ကိုစောကျော်ကျော်မင်းသည် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

အမှုစစ်နေစဉ် တရားခံများက ကျောခိုင်းထိုင်နေသည်ကို ရှေ့နေများကတဆင့် ပြောခိုင်းရာ တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသည့်အတွက် ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။

"ကိုညီညီထွေး တယောက်တည်း လာတာပါ။ ကိုစောကျော်ကျော်မင်း မလာဘူး။ မနက် ၁၁ နာရီလောက်မှာ မြောက်ပိုင်းခရိုင် တရားသူကြီးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်" ဟု တရားရုံးချိန်းတွင် ရှိနေသူ ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၂၂၈ နှင့် တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်းနှင့် ၃၀ ရက်နေ့တွင် တရားရုံးသို့ လာရောက်၍ တရားရင်ဆိုင်ရန် မြောက်ပိုင်းခရိုင် တရားသူကြီးမှ သမ္မာန်စာကို ကိုစောကျော်ကျော်မင်းထံ အောက်တိုဘာ ၂၈ ရက်နေ့တွင် ပေးပို့ခဲ့သည်။

အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများ ရင်ဆိုင်နေရသော အစိုးရက ဆွဲဆိုထားသည့်အမှုများအတွက် လိုက်ပါဆောင်ရွက်နေသူ ကျန်ရှေ့နေအချို့လည်း ဖိအားပေး ခြိမ်းခြောက်မှုများ ရင်ဆိုင်လာကြရသည်။

စမ်းချောင်းမြို့နယ် တရားရုံး၌ နိုင်ငံရေးအမှုတခု လိုက်ပါဆောင်ရွက်နေစဉ်အတွင်း တရားသူကြီးက သတိထားနေရန်နှင့် ထောင်ဒဏ်ချခံရနိုင်သည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

"ကျနော့်ကိုလည်း စမ်းချောင်းမြို့နယ် တရားသူကြီးက မင်းလည်း အမှုစီစဉ်တဲ့အခါ သတိထား၊ တရားစီစဉ်ရာမှာ နှောင့်ယှက်မှုနဲ့ ထောင်ချမယ်လို့ မနေ့က ခြိမ်းခြောက်တယ်" ဟု သူက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်က "လိုရာကို ဆွဲသုံးပြီးတော့ အမှုတွေ ဆင်ပြီးတော့ ထောင်ချနေတဲ့ ကိစ္စတွေပဲဖြစ်တယ်။ အဲဒီလိုပဲ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့သူတွေ ဖမ်းဆီးခံရတဲ့ အမှုတွေကို လိုက်ပေးနေတဲ့ သူတွေကိုလည်း သူတို့တွေက ရန်သူသဖွယ် ဆက်ဆံနေတဲ့ အခြေအနေက ကြာပါပြီ။ ရှေ့နေတွေကိုလည်း အာဃာတထားခဲ့တာ ကြာပါပြီ။ အခုတော့ ကျန်တဲ့ ရှေ့နေတွေက မလိုက်ရဲလောက်အောင် ခြောက်လှန့်တဲ့ သဘောမျိုး ဖြစ်ပါတယ်" ဟု ပြောသည်။

အပြည့်အစုံသို့...

မြန်မာစစ်တပ် လက်တွင်းမှ ကလေးစစ်သားကို ကယ်တင်ခြင်း

မောင်မျိုးအောင် (အမည်ပြောင်းထားသည်) ကို သူလွန်ခဲ့သော ၃ လကျော်က အိမ်မှ ထွက်ပြေးသွားအပြီး စစ်တပ်ထဲ ရောက်သွားသည်ကြား၍ မိသားစုက သွားခေါ်သောအခါ သူသည် ဤလေ့ကျင့်ရေး စခန်းတွင် စစ်သင်တန်း တက်နေသည်မှာ ၃ လသာ ရှိသေးသည်။

မိသားစုက တပ်ထဲမှ ထွက်ခွင့်ရရန် ခွင့်တောင်းဘို့ သူနှင့် စကားပြောနေစဉ် သူ့မျက်လုံးများက အကြီးအကျယ် နောင်တရနေကြောင်း ဖေါ်ပြနေသည်။ သူ့ကံကြမ္မာအပေါ် စိတ်ထိခိုက်ခြင်းနှင့် သူ့ဘဝကို ပြောင်းလဲလိုသည့် ဆန္ဒများကို အတိုင်းသား တွေ့နေရသည်။

သို့သော် သိပ်နောက်ကျသွားပါပြီ။

စစ်ကိုင်းတိုင်း ဝန်းသိုမြို့ အရာတော်အခြေစိုက် ခလရ ၁၁၁ မှ အရာရှိများက "သူ (မျိုးအောင်) ဒီ ၄ လသင်တန်း ပြီးတော့မှာမို့ ဒီစခန်းက ထွက်လို့မရဘူး" ဟု ပြောသည်။

စိတ်ပျက်လက်ပျက် ဖြစ်သွားသော မိသားစုဝင်များက သူတို့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးပါရန် အရာရှိများထံ အသနားခံကြသည်။ သို့သော် သူတို့၏ ကြိုးပန်းမှု မှန်သမျှသည် သဲထဲရေသွန်ပင်။ သူတို့က မောင်မျိုးအောင်၏ ကျောင်းသား မှတ်ပုံတင်ကဒ်ပြား၊ ရဲစခန်းနှင့် ရယက ထောက်ခံစာ၊ ကျောင်းအုပ်ကြီး၏ထောက်ခံစာစသည့် သူ့အ သက်မှာ ၁၅ နှစ်သာရှိသေးကြောင်း အထောက်အထားများကို ထုတ်ပြကြပါသေးသည်။ သို့သော် အချည်းနှီးပင်။

ဗိုလ်ကြီးတဦးနှင့် တပ်ကြပ်ကြီးတဦးတို့ကို ဤကိစ္စ သွားပြောခဲ့သော အမဖြစ်သူ မတင်ဌေးက ဤစစ်အရာရှိများက သူ့ကို "ကျနော်တို့ သူ့ကို ခင်ဗျားတို့ လက်ထဲ ပြန်မထည့်နိုင်ဘူး" ဟုသာ ပြန်ပြောလိုက်သည်ဟု ဆိုသည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုကျေးရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ မောင်မျိုးအောင်သည် သူ့အမေက သူ့ကိုရိုက်၍ အိမ်မှ ဇွန်လအတွင်းက ထွက်ပြေးသွားခဲ့သည် ဟု အမဖြစ်သူ မတင်ဌေးက ရှင်းလင်း ပြောပြပါသည်။

လပေါင်း အတော်ကြာပြီး အောက်တိုဘာလ ၁၈ ရက်နေ့ရောက်မှ မောင်မျိုးအောင် မိမိတို့အိမ်၏ မြောက်ဘက် မိုင် ၄ဝဝ အကွာ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းရှိ စစ်သားသစ် လေ့ကျင့်ရေးစခန်းတွင် ရောက်ရှိနေကြောင်း မိသားစုက သိကြရသည်။

အိမ်မှ ထွက်ပြေးပြီး ခလရ ၁၁၁ မှ စစ်သားတဦးနှင့် တွေ့ကြောင်း၊ သူက သူ့ကို တပ်ထဲဝင်မလားဟု မေးကြောင်း၊ မောင်မျိုးအောင်ကလည်း သူ သူ့ခြေထောက် ၂ ချောင်းပေါ် ရပ်နိုင်ကြောင်း မိသားစုကို ပြသလိုသည့်အတွက် အခွင့်ရေးတရပ်ဘဲဟု ထင်ကာ ဝင်မည်ဟု ပြောလိုက်ပြီး ထိုစစ်သားနောက် လိုက်သွားမိခဲ့ကြောင်းဖြင့် သူ့မောင်က သူ့ကို ပြန်ပြောပြသည်ဟု မတင်ဌေးက ပြောပါသည်။

သူဘယ်လောက် မှားသွားပြီဆိုတာ ခုမှဘဲ သိတော့သည်။

"သူဒီလေ့ကျင့်ရေးစခန်းမှာ ဘယ်လောက် စိတ်ဆင်းရဲရတဲ့အကြောင်း ကျမမောင်က ကျမကို ပြန်ပြောပြပါတယ်။ ဒါပေမဲ့ အိမ်ပြန်လဲ တပ်က အိမ်ကို လာဖမ်းမှာ ကြောက်တယ်လို့ သူက ပြောပါတယ်" ဟု မတင်ဌေးက စိတ်ပျက်လက်ပျက် အသံဖြင့် ပြောပါသည်။

သို့သော် သူတို့မောင်ကို ဤလေ့ကျင့်ရေးစခန်းမှ ဆွဲထုတ်ရန် အကြံကို လက်မလျှော့သေးကြောင်း၊ ဤကိစ္စအတွက် ပဲခူးမြို့ရှိ အလုပ်သမားကိစ္စများ လိုက်လံ ဆောင်ရွက်ပေးနေသူ ဦးအေးမြင့်ကို ချဉ်းကပ် အကူအညီ တောင်းထားကြောင်း ပြောပါသည်။ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ဆက်ဆံရေးရုံးကို တိုင်တန်းပေးရန် အကူအညီ တောင်းထားကြောင်း ပြောပါသည်။

အလုပ်သမား အခွင့်အရေးကိစ္စများ လိုက်လံ ဆောင်ရွက်ပေးနေသူ ဦးအေးမြင့်ကလည်း ဤကိစ္စကို ရန်ကုန်ရှိ ILO ရုံး သို့တိုင်ကြားပေးရန် သဘောတူညီခဲ့ပြီး ဖြစ်ကြောင်း ပြောပါသည်။

"တကယ်တော့ ကျနော်က စာရွက်စာတမ်း အထောက်အထားတွေတောင် အကုန်ပြင်ဆင်ထားပြီးပြီ၊ သောကြာနေ့ မှာ ILO ရုံးကို တိုင်ကြားစာ သွားပို့မယ်" ဟု ဦးအေးမြင့်က ပြောပါသည်။

သို့သော် ဤသို့ ILO ရုံးကို သွားရောက် တိုင်ကြားခြင်းဖြင့် မောင်မျိုးအောင်ကို တပ်ထဲမှ ပြန်ထုတ်၍ ရမရကိုမူ မသိရသေးပါ။ မောင်မျိုးအောင်၏ အဖြစ်အပျက်သည် သူကြားဖူးသမျှထဲတွင် ပထမဆုံး မဟုတ်ကြောင်းသာ ဦးအေးမြင့်က ပြောပါသည်။

မောင်မျိုးအောင်လိုပင် မရည်ရွယ်ဘဲ တပ်ထဲ ရောက်သွားသူ ကောင်လေး အများအပြားရှိကြောင်း၊ အတော်များများပင် တပ်ထဲတွင် ဆက်မနေချင်တော့သော်လည်း ထွက်ခွင့် မရကြကြောင်း၊ သူတို့ မိသားစုများ၏ ညွှန်ကြားချက်အရ ဤ ကလေးများ အသက်မပြည့်သေးကြောင်း သက်သေပြနိုင်သည့်တိုင်အောင် ပြန်ထွက်၍ မရကြကြောင်းဖြင့်သာ ဦးအေးမြင့်က ပြောပါသည်။

"အရင်တုံးကတော့ အိုင်အယ်လ်အို ဆက်ဆံရေးရုံးက အရာရှိရဲ့ အကူအညီနဲ့ ကလေး ၁၅ ယောက်လောက်ကို တပ်ထဲက ထွက်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့တယ်" ဟု ဦးအေးမြင့်က ရှင်းပြပါသည်။

အိုင်အယ်လ်အို ဆက်ဆံရေးရုံး အရာရှိအနေဖြင့် ဤကလေးများ တပ်ထဲမှ ပြန်ထွက်ခွင့်ရရန် စုဆောင်းရေးနှင့် လေ့ကျင့်ရေးတပ်မှ တပ်မှူးများ၊ အရာရှိများနှင့် တိုက်ရိုက် စကားပြောခွင့်မရသဖြင့် အဆင့်မြင့် မြန်မာအရာရှိကြီးများနှင့် တွေ့မှသာ ဤကိစ္စကို တင်ပြပေးရကြောင်း၊ သူတို့ အကူအညီဖြင့်သာ ကလေးအချို့ လွတ်မြောက်လာအောင် လုပ်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။

အဓမ္မ လုပ်အားပေးကိစ္စများ တိုင်တန်းနိုင်ရန် ဆက်ဆံရေးအရာရှိတဦး ထားရှိခွင့်ကို ILO အား မြန်မာစစ်အစိုးရက ၂ဝဝ၇ ခုနှစ် နှစ်ဆန်းတွင် ခွင့်ပြုခဲ့ပါသည်။

ဦးအေးမြင့်၏ ကူညီမှုနှင့် ရန်ကုန်မြို့ရှိ ILO ဆက်ဆံရေးရုံးတို့ကြောင့် မတင်ဌေးတို့ မိသားစုမှာ မျှော်လင့်ချက်ကလေးများ ရှိနေပါသေးသည်။ သို့သော် စစ်သားစုဆောင်းရေးနှင့် လေ့ကျင့်ရေး တပ်များသို့ ရောက်ရှိသွားသော မြန်မာ ယောက်ျားလေး တော်တော်များများမှာမူ ကံမကောင်းလှပါ။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး (HRW) ၏ ၂ဝဝ၂ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်ထဲတွင်ရော၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင်ပါ စစ်မှုထမ်းနေသော ကလေးစစ်သားပေါင်း အနည်းဆုံး ၇ဝဝဝဝ ရှိသည်ဟု ဆိုပါသည်။

သို့သော် ဤကိန်းဂဏန်း အရေအတွက်သည် မှန်မှန် ပြုပြင်ဖြည့်စွက်ခြင်း မလုပ်သဖြင့် သိပ်စိတ်မချရတော့ကြောင်းကိုမူ (HRW) ၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ ဒေးဗစ်စကော့မက်သီးဆန် (David Scott Mathieson) က ပြောပါသည်။ ယုံကြည်ကိုးစားနိုင်သော ကိန်းဂဏန်း အချက်အလက်များ မရရှိခြင်းသည် မြန်မာနိုင်ငံမှ သတင်းအချက်အလက်များ ရရှိရေးအတွက် အခက်အခဲတရပ် ဖြစ်ကြောင်း သူက ပြောပါသည်။ မြန်မာစစ်အစိုးရသည် သတင်းစီးဆင်းမှုကို တင်းကြပ်စွာ ပိတ်ဆို့ထားသည်ဟုလည်း သူက ပြောပါသည်။

"အတည်မပြုနိုင်သေးပေမဲ့ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ ကလေးစစ်သား အရေအတွက်ဟာ အရင်အတိုင်းဘဲ နဲနဲ ပါးပါးဘဲ အတိုးအလျော့ ရှိမယ်လို့ ထင်ပါတယ်" ဟု ဒေးဗစ်စကော့မက်သီဆင် က ပြောသည်။ ကလေးစစ်သား စုဆောင်းမှုကို မီဒီယာများက သတိမထားမိနိုင်စေရန် သူတို့ အသုံးပြုသော နည်းစနစ်များသည် အလွန်အသိရ ခက်လာကြောင်းကိုလဲ သူက ဆက်လက် ပြောဆိုပါသည်။

"အသက်မပြည့်သေးသူ ကလေးစစ်သားများ စုဆောင်းမှု တားဆီးကာကွယ်ရေး ကော်မတီ" ကို ဖွဲ့စည်းလိုက်ကြောင်း စစ်အစိုးရက ဇန်နဝါရီလ ၅ ရက် ၂ဝဝ၄ ခုနှစ်တွင် ကြေငြာခဲ့ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ကလေးစစ်သား အသုံးပြုမှုကို အကြီးအကျယ် ဝေဘန်ပြစ်တင်ခြင်း ခံခဲ့ရပြီးနောက် မြန်မာစစ်တပ်တွင်းသို့ အသက်မပြည့်သေးသူ ကလေးများ စုဆောင်ခြင်း မပြုနိုင်အောင် ဤကော်မတီက ကာကွယ် တားဆီးထားကြောင်း ပြသရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

"ကျနော်ကတော့ ဒီကော်မတီက ဘာမှ မလုပ်ခဲ့ဘူးလို့ ထင်တာဘဲ" ဟုလည်း သူက မှတ်ချက်ချ ပြောကြားသွားခဲ့ပါသည်။

ဤသို့ မျှော်လင့်ချက်များ အားရစရာ သိပ်မရှိလှခြင်းကြောင့် မတင်ဌေးအနေဖြင့်လည်း သူ့မောင် တပ်သားသစ် လေ့ကျင့်ရေးစခန်းမှ ပြန်လွတ်လာကာ ပုံမှန် အရပ်သားဘဝဖြင့် ပြန်နေနိုင်ဦးမည် ဆိုသည်ကို ပူပန်ကြောင့်ကြနေရသည်။

"ဒါပေမဲ့ ကျမမောင်လေး ကျမတို့ဆီ ပြန်ရောက်လာဦးမယ်လို့တော့ မျှော်လင့်နေတုံးပါဘဲ" ဟု သူမက ပြောဆိုသွားခဲ့ပါသည်။

အပြည့်အစုံသို့...

ကေအန်ယူ တပ်မဟာ(၆) နယ်မြေမှာ ဒီကေဘီအေနှင့် တိုက်ပွဲဖြစ် ကေအန်ယူ(၂၀၁)စခန်းကိုသိမ်းဖို့ကြိုးပမ်းမှုမအောင်မြင်


ယနေ့ နံနက်(၅)နာရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊ တပ်မဟာ(၆)နယ်မြေအတွင်း ရှိ တပ်ရင်း(၂၀၁)တပ်စခန်းအား DKBAနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာ ကြိုကြားပစ်ခတ်မှုများကြောင့် ဒေသတွင်းအခြေ အနေမှာတင်းမာ လျက်ရှိသည်။

(၂၀၁)တပ်စခန်းလက်အောက်ခံ တပ်ခွဲ(၃)အခြေစိုက်ရာ (ခလုန်းလောင်ချယ်)စခန်းသည် မဲဆောက် မြို့မှ တောင်ဘက် ကီလိုမီတာ (၁၄၀)အကွာ အုန်းဖန်မြို့နယ်တဖက်ကမ်း နယ်စပ်မျဉ်းမှ မြန်မာ ဘက်အခြမ်း (၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည်။ ထိုင်းဘက်ခြမ်းရွာမှာ မယ်ပလောခီးထိုင်းရွာ ဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၁)လက်အောက်ခံ တပ်ခွဲ(၃)မှ အရာခံဗိုလ် စောထိခုက

“ဒီမနက် ငါးနာရီမှာ DKBA တပ်ရင်း (၃၃၃)၊ (၉၀၇)၊ (၉၀၆)၊ နအဖတပ်တွေ ပူးပေါင်းပြီး ကျနော်တို့ တပ်ခွဲ(၃)စခန်းနေရာကို တက်သိမ်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ကျနော်တို့ထောင်ထားတဲ့ မိုင်း(၅)လုံး ပေါက်ကွဲပြီး သူတို့ရှေ့ဆက်မတက်ရဲတော့ဘူး။ နအဖစစ်တပ်က အနောက်ကနေပြီး (၈၁မမ)၊ (၇၅မမ)၊ (၆၀မမ) လက်နက်ကြီးတွေနဲ့ ကျနော်တို့စခန်းထဲ ပစ်ချတာ အလုံး(၄၀)လောက် ရှိ ပြီ။ ဒါပေမယ့် သူတို့ချဉ်းကပ်လို့ မရဘူး။ ကျနော်တို့ ရရှိတဲ့ကြားဖြတ် စက်သတင်းအရ ဒီညသူတို့စစ် ကူတွေ လာမယ်။ ပြီးရင် ကျနော်တို့စခန်းကို တက်ရှင်းမယ်လို့ သိရတယ်။ ကျနော်တို့ဖက်ကလည်း သူ တို့နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲ။ DKBAနဲ့ နအဖစစ်တပ်တွေဟာ ထိုင်းဖက်ကဝင်ပြီး ကျနော်တို့ကိုပိုင်းဖို့ လုပ်နေတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ မရအရခုခံသွားရမှာပဲ”ဟု ခေတ်ပြိုင်သို့ ပြောသည်။

နံနက်လင်းအားကြီးအချိန်က စတင်ခဲ့သည့် ပစ်ခတ်မှုများသည် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ခြင်းအဆင့် မျိုးမရှိသေးသည့်အတွက် နှစ်ဖက်အကျအဆုံး အခြေအနေကို မသိရှိရသေးသော်လည်း မိမိတို့မိုင်း(၅) လုံးပေါက်ကွဲခဲ့မှုတွင် DKBA တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရရှိနိုင်သည်ဟု ၎င်းက ဆက်ပြော သည်။

နောက်ထိုင် မြန်မာစစ်တပ်မှ အကူပစ်ပေးသည့် လက်နက်ကြီးကျည် အလုံး(၄၀)ခန့်မှာ ထိုင်းနိုင်ငံ အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်း မရှိသေးဟု အုန်းဖန်နှင့်မဲဆောက် လိုင်းကားမောင်းသူတဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဒေသတွင်းလုံခြုံရေး တိုးမြင့်ချထား ကြောင်း မြန်မာဘက်ခြမ်းမှ ရွာသားများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာမှုများ မရှိသေးကြောင်း သိ ရှိရသည်။

ယခုတိုက်ပွဲဖြစ်ပွားရာဒေသတွင် နယ်မြေစိုးမိုးရေးရရှိရေးအတွက် DKBAနှင့် မြန်မာစစ်တပ်တို့သည် ယခုနှစ်အတွင်း အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်မှုများ ရှိသော်လည်း စခန်းသိမ်းနိုင်သည့် အနေအ ထား မရှိသေးကြောင်း သိရှိရသည်။

နအဖနှင့် DKBA၏ ထိုးစစ်ဆင်မှုများနှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဖလဲခို့(ခေါ်) စောအော်လီဗာက “ကျွန်တော်တို့ ဘက်ကတော့ စစ်ရေးနည်းနဲ့ဖြေရှင်းတာကို မလိုချင်ပေမဲ့ သူတို့ဘက်က ထိုးစစ်ဆင်လာရင်တော့ တော်လှန်စစ်ရဲ့ သဘောအရ ခုခံကာကွယ်စစ်ကိုဆင်နွဲဘို့ အရံသင့်ရှိတယ် လက်အောက်ခံ တပ်မဟာ တပ်ရင်း တပ်ဖွဲ့တွေကို ညွန်ကြားထားပြီးဖြစ်တယ် အဓိက ခံစစ်ရှင်ပြောက်ကြားစနစ်ကို သုံးပြီး ရန်သူ ကို ရင်ဆိုင်မှာဖြစ်တယ်”ဟုပြောသည်။

နအဖအနေနှင့် မြန်မာပြည်၏နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့်ဖြေရှင်း၍ မရကြောင်း KNUနှင့် တိုက်နေသည်မှာနှစ် (၆၀)ရှိပြီးဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးကို အပြောနှင့်မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖေါ်မှသာ စစ်မှန်သည့် တိုင်းပြည်ငြိမ်းချမ်းရေးကို ရမည်ဆိုသည့်အချက်ကို သ ဘောပေါက်သင့်သည် ဟုလည်းဖြည့်စွက်ပြောသည်။

အပြည့်အစုံသို့...

Thursday, October 30, 2008

NLD လူငယ် အကျိုးဆောင် ရှေ့နေ အဖမ်းခံရ

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အတိုက်အခံပါတီရဲ့ ပါတီဝင်တွေကို အကာအကွယ်ပေးတဲ့ ရှေ့နေ တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကိုညီညီထွေးကို ရန်ကုန် လှိုင်သာယာ ရဲစခန်းမှာ ရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ USCB အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ထုတ်ဖော် ပြောဆိုလိုက်တာပါ။

ကိုညီညီထွေးနဲ့အတူ ရှေ့နေတစ်ဦး ဖြစ်တဲ့ စောကျော်ကျော်မင်း တို့ဟာ လူထု မငြိမ်မသက်ဖြစ်အောင် ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အဖွဲ့ဝင် ၁၁ဦးဘက်က ကာကွယ်ပြောဆိုခဲ့တယ်လို့ USCBက ပြောပါတယ်။ ၂၀၀၇ခုနှစ် ဂျူလိုင် ၁၉ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားကို ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ကြရာမှာ အဲဒီလူငယ် ၁၁ဦးကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေဟာ တရားမျှတတဲ့ စီရင်မှုတွေ မရှိခဲ့ဘူးလို့ USCBက ပြောဆိုပါတယ်။

အပြည့်အစုံသို့...

၈၈ ကျောင်းသားခေါင်းဆောင် (၉)ဦးကို ထောင် (၆)လစီ ပြစ်ဒဏ်ချ

ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (၉)ဦးတို့အား တရားရုံးကို မထီမဲ့မြင်လုပ်မှုဖြင့် ယမန် နေ့က အင်းစိန်ထောင်တွင်း သီးသန့်တရားရုံး၌ ထောင် (၆) လစီ ချမှတ်လိုက်ကြောင်း ၎င်းတို့အတွက် အမှု လိုက်ပေးနေသည့် ရှေ့နေ ဦးအောင်သိန်းကပြောသည်။

ကျောင်းသားခေါင်းဆောင် (၉)ဦးအနက် မင်းကိုနိုင်၊ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူ၊ ကိုလှမျိုးနောင်နှင့် ကိုအောင်နိုင်တို့ပါဝင်သည်။ ကျောင်းသားခေါင်းဆောင်များက တရားခွင်၌ မိသားစုကြားနာခွင့်မရသည့်အပေါ်ဆန္ဒပြသည့်အနေဖြင့် ရှေ့နေ များ၏ မေးမြန်းချက်များအား ပြန်လည် ဖြေကြားခြင်း မရှိသဖြင့် တရားရုံးက ပြစ်ဒဏ်စီရင်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ရှေ့နေဦးအောင်သိန်းက “ ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ နှစ်ရက်သုံးရက်လောက်ကတည်းကတင်ပြတာပေါ့ဗျာ။ သူတို့ တောင်းဆိုတဲ့ မိသားစုကြားနာခွင့်မရမချင်း ကျနော်တို့ရှေ့နေတွေကို သူတို့နဲ့ပတ်သက်တာ မမေးမြန်းပါနဲ့ သူတို့ လည်း မမေးမြန်းဘူးဆိုပြီး တရားရုံးကို တင်ပြတာရှိတယ်ပေါ့။ အဲဒီအပေါ်မှာ ခရိုင်ဥပဒေအရာရှိက ပုဒ်မ ၂၂၈ ပေါ့လေ တရားစစ်ဆေးတာကို အနှောက်အယှက်ပေးတယ့် အရေးယူပေးပါဆိုပြီး တရားသူကြီးကို လျှောက်တယ်။ တရားသူကြီးက လက်ခံပြီးတော့ ပြစ်ဒဏ် (၆)လ ချလိုက်တာပဲ” ဟုပြောကြားသည်။

ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်သည့် အပေါ် ၈၈ ကျောင်းသားများက အယူခံဝင်မည်မထင်ကြောင်း၊ ယခုပြစ် ဒဏ်သည် ၈၈ ကျောင်းသားခေါင်းဆောင်များ မူလရင်ဆိုင်နေရသည့် အမှုစွဲချက်များနှင့် မသက်ဆိုင်ဘဲ သီးသန့် ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ကျောင်းသားခေါင်းဆောင် (၉)ဦးတို့အနေဖြင့် မူလအမှုများကို အချုပ် ထောင်ကျ အကျဉ်းသားများအဖြစ် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဦးအောင်သိန်းက ရှင်းပြသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ယမန်နှစ် သြဂုတ်လ လောင်စာဆီဈေးချပေးရေး လမ်းလျှောက် ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ဖမ်းဆီးခဲ့ပြီး အရေးပေါ်စီမံချက်အက်ဥပဒေ၊ မတရားသင်းဆက်သွယ်မှု၊ တရားမ၀င် နိုင် ငံခြားငွေကိုင်ဆောင်မှု၊ ပုံနှိပ်ဥပဒေတို့ အပါအ၀င် အနည်းဆုံးပုဒ်မ (၁၀)ခုခန့်ဖြင့် စစ်အစိုးရက စွဲချက်များ တင်ထားသည်။ ၎င်းတို့အမှုရင်ဆိုင်နေရစဉ်အတွင်း မိသားစုဝင်များ တရားရုံးသို့လာရောက်ကြားနာခွင့်ကို အာဏာပိုင်များက ယခုလဆန်းပိုင်းက ပိတ်ပင်တားမြစ်ခဲ့ပြီး ထောင်ဝင်စာတွေ့ခွင့်သာ ပေးထားသည်။

အပြည့်အစုံသို့...

Wednesday, October 29, 2008

၂၅ နှစ်အတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံးသော မြောက်ကိုရီးယား ခရီးစဉ်

နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၏ မြောက်ကိုရီးယား ခရီးစဉ်သည် အရှေ့တောင်အာရှမှ အထီးကျန် မြန်မာနိုင်ငံနှင့် အတွေးအခေါ် ဆင်တူသည့် နိုင်ငံများကို မိတ်ဆွေဖွဲ့သည့် ခရီးစဉ်တခု ဖြစ်သည်ဟု ဆန်းစစ်လေ့လာသူတဦးက ပြောသည်။
ထိုခရီးစဉ်သည် နှစ်နိုင်ငံအတွက် သမိုင်းအလှည့်အပြောင်း တခုပင်ဖြစ်ပြီး အထီးကျန်နေသော မြန်မာ စစ်ဗိုလ်ချုပ်များအတွက် တူညီသော အတွေးအခေါ်များကိုမျှ ဝေလက်ခံနိုင်မည့် မိတ်ဆွေရှာဖွေခြင်း တခုအဖြစ်သာ ရည်ညွှန်းသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ဆန်းစစ်လေ့လာသူ ကိုအောင်နိုင်ဦးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ဦးဥာဏ်ဝင်းရဲ့ ခရီးစဉ်ဟာ သာမန်ခရီးစဉ်တခုပါပဲ။ ဒါပေမဲ့ ဒါဟာ အတွေးအခေါ်တူတဲ့ နိုင်ငံတွေရဲ့ လိုလားမှုတွေကို ပိုပြီး နီးကပ်သွားစေတယ်လို့ ရည်ညွှန်းလိုက်တာပါပဲ" ဟု ကိုအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။

ဦးဥာဏ်ဝင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းသို့ ရောက်ရှိခဲ့ပြီး သူနှင့် ရာထူးအဆင့်တူ "ပတ်အူရီချမ်း" က ကြိုဆိုနှုတ်ဆက်ခဲ့၍ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးသည် "မန်ဆူဒေ" စည်းဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာနတခုဖြစ်သော "ကိုရီးယား ဗဟိုသတင်းဌာန" (KCNA) မှ သတင်းပေးပို့ချက်တခုတွင် ဖော်ပြထားသည်။

သို့သော် (KCNA) မှ မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ လာရောက် လည်ပတ်မှုနှင့်ပတ်သက်၍ နောက်ထပ် အသေးစိတ် တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါ။

ကိုအောင်နိုင်ဦးက နှစ်နိုင်ငံ ဆက်ဆံရေး အနေအထားအပေါ် ယခုလို ဝေဖန်ထောက်ပြသည်။

''နိုင်ငံနှစ်ခုကြားမှ ဖွံဖြိုးလာတဲ့ ဆက်ဆံရေးဟာ ကုန်သွယ်ရေး ပြန်လည်စတင်မှုအပြင် လက်နက်ခဲယမ်းနဲ့ နျူကလီးယားနည်းပညာ ထောက်ပံ့မှုတွေ ပါရှိလာနိုင်ပေမယ့်လည်း ဒါဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတခုတော့ ဖြစ်မလာနိုင်ပါဘူး။ ရှေးရိုးစကားတခုလိုပါပဲ၊ အမွေးအတောင်တူတဲ့ ငှက်တွေ အုပ်စုဖွဲ့တာပါပဲ'' ဟု သူက ပြောသည်။

ဦးဥာဏ်ဝင်းသည် ၁၉၈၃ ခုနှစ်က နှစ်နိုင်ငံ သံတမာန် အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး ၂၅ နှစ်အကြာတွင် ပြုံယမ်းသို့ ပထမဆုံး သွားရောက်သော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။

ထိုအချိန်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်အား ပစ်မှတ်ထား၍ မြောက်ကိုရီးယား လျှို့ဝှက် အေးဂျင့်များက ရန်ကုန်တွင် ဗုံးခွဲခဲ့သည့် ၁၉၈၃ တွင် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် သံတမန် အဆက်အသွယ် ဖြတ်ခဲ့ကြသည်။ ချန်ဒူးဝမ်အား မထိခိုက်ခဲ့သော်လည်း တောင်ကိုရီးယား ဝန်ကြီး ၄ ဦး အပါအဝင် ၂၁ ဦး သေဆုံးခဲ့သည်။

သို့သော်လည်း နှစ်နိုင်ငံတို့က ၂၀၀၇ ခုနှစ် ဧပြီလတွင် သံတမန် ဆက်ဆံရေး ပြန်လည်စတင်ရန် သဘောတူခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ နိုင်ငံများ၏ လက်နက်ရောင်းချမှု ပိတ်ပင်ခံထားရသော မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ လက်နက်များ ဝယ်ယူခဲ့သည်ဟု ပြောဆိုနေကြသည်။

ဆက်ဆံရေး ပြန်လည် စတင်ခဲ့ပြီးချိန် ကတည်းက နှစ်နိုင်ငံအရာရှိများသည် သံတမန်ဆိုင်ရာ ခရီးစဉ်အချို့ကို စတင်ခဲ့ကြရာ မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်သည် မကြာသေးခင်က မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ စစ်တပ်အဆင့်မြင့် အရာရှိကြီးများ ဦးဆောင်သည့် အဖွဲ့တဖွဲ့သည်လည်း ယခုနှစ်စောစောပိုင်းက မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်သွားခဲ့သည်။

အပြည့်အစုံသို့...

ရန်ကုန်ရှိ ထောက်လှမ်းရေးပိုင် တိုက်ခန်းများ လေလံတင်ရောင်းချ

နိုင်ငံပိုင်အဖြစ်သိမ်းဆည်းထားသည့် ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်နှင့် ၄င်း၏အဆက်အနွှယ်များ ပိုင်ဆိုင်သည့် တိုက်ခန်းများ အပါအ၀င် တိုက်ခန်း (၅၀)ကျော်ကို စစ်အစိုးရက ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်) သတင်းရပ်ကွက်မှ သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီက တိုက်ခန်းများကို ပြန်ရောင်းချနေခြင်းဖြစ်ပြီး ရောင်းချသည့် တိုက်ခန်း(၅၂)ခန်း အနက် ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွှန့်ပိုင် တိုက်ခန်း (၁)ခန်း၊ ၎င်း၏သား ရဲနိုင်ဝင်း၏တိုက်ခန်း (၁)ခန်း၊ ၎င်း၏ ကိုယ်ရေး အရာရှိ နိုင်ဌေး၏ တိုက်ခန်း (၁၃) ခန်းနှင့် ၎င်း၏သားမက်ပိုင် တိုက်ခန်း(၆)ခန်းတို့ပါဝင်သည်ဟု အိုးအိမ်ဌာနနှင့် နီးစပ် သူတဦးကပြောသည်။

တိုက်ခန်းဝယ်ယူလိုသူတို့အနေဖြင့် ရန်ကုန်ရှိ အိုးအိမ်ဦးစီးဌာနသို့ အောက်တိုဘာလ (၃၁) ရက်နေ့နောက်ဆုံး ထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်း၊ တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူတို့အနေဖြင့် တိုက်ခန်းတန်ဖိုးအပြင် အခွန်ငွေ (၁၅) ရာခိုင်နှုန်းကိုပါ တပါတည်း ပေးသွင်းရမည်ဖြစ်ပြီး တိုက်ခန်းလွှဲပြောင်းလက်ခံခြင်းနှင့် လူနေ ထိုင် ခွင့်ကိစ္စကို သက်ဆိုင်ရာက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အိုးအိမ်ဌာနက ကြေညာထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို ၂၀၀၄ အောက်တိုဘာ (၁၉)ရက်တွင် နအဖ စစ်အစိုးရက ကျန်းမာရေး အ ကြောင်း ပြချက်ဖြင့် ၀န်ကြီးချုပ် တာဝန်မှအနားပေးလိုက်ပြီး ၂၀၀၅ ဇူလိုင်တွင် အဂတိလိုက်စားမှု အပါအ၀င် စွဲချ က် (၈)ခုဖြင့် တရားစွဲဆိုကာ ဆိုင်းငံ့ ထောင်ဒဏ် (၄၄)နှစ် ချမှတ်ခဲ့သည်။ သို့သော် ၎င်း၏အဂတိလိုက် စားမှုများနှင့် ပတ်သက်၍ အများပြည်သူများသိရှိရန် ယခုအချိန်အထိ စစ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် နှင့်ဆက်နွှယ်သည့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်(၃၀၀)ကျော်ကိုလည်း စီးပွားရေး မသမာမှု၊ လာဘ်စားမှုများဖြင့် ထိုစဉ်က ဖမ်းဆီးအရေးယူခဲ့ပြီး အချို့ကို ထောင်ဒဏ်နှစ် (၁၀၀) ကျော် အထိချ မှတ်ခဲ့သော်လည်း အဆိုပါ လာဘ်စားမှုများကို အများပြည်သူသိအောင် စစ်အစိုးရမှ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိမ်းဆည်းထားသောတိုက်ခန်းများအား ပြန်ရောင်းချနေသည့်နည်းတူ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနကလည်း နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော ကားအစီး (၁၀၀) ကျော်ကို တောင်ငူမြို့၌ လေလံတင်ရောင်းချခဲ့ပြီး ရန်ကုန်၌လည်း ထပ်မံရောင်းချရန်စီစဉ်နေကြောင်း စုံစမ်းသိရသည်။

ခေတ်ပြိုင်သတင်းဌာနမှ ကိုးကားတင်ပြထားပါသည်။

အပြည့်အစုံသို့...

လွယ်ဟိန်းကုမ္ပဏီ စက်မှု(၁)၀န်ကြီးဌာနကို ကျပ်သန်း ၆၀၀၀ ကျော် မပေးနိုင် မြန်မာ့စားသောက်ကုန်လုပ်ငန်းပိုင်စက်ရုံများဝယ်သူမရှိ

စက်မှု (၁) ၀န်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် စိုင်းစံထွန်းနှင့် စက်မှု (၁) ၀န်ကြီးဌာန မြန်မာ့စားသောက်ကုန်လုပ်ငန်းတို့ စာရင်းရှင်းကြရာ စိုင်းစံထွန်းဘက်မှ ပေးရန်ရှိငွေ ကျပ်သန်းပေါင်း ၆၀၀၀ ကျော် မပေးနိုင်ဖြစ်နေသည်ဟု စက်မှု (၁) ၀န်ကြီးရုံး သတင်းရပ်ကွက်က ပြောသည်။

သို့သော် စိုင်းစံထွန်းပိုင် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းနှင့် ပတ်သက်နေသည့်အတွက် စိုင်းစံထွန်း ကျပ်သန်းပေါင်း ၆၀၀၀ ကျော် ပြန်မဆပ်လျင် စက်မှု (၁) ၀န်ကြီးဌာနမှ မည်သို့ အရေးယူမည်ကို ရန်ကုန်စီးပွားရေးလောကမှ စိတ်ဝင်တစား ဖြစ်နေကြသည်ဟု အရာရှိတဦးက ပြောသည်။

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နေပြည်တော်ဝန်ကြီးဌာနများကို အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထားပြီး စာရင်းစစ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးပြီး နောက်ပိုင်း စက်မှု (၁) ၀န်ကြီးဌာနကို စာရင်းပိတ်ရာမှ ယခုကဲ့သို့ ပုဂ္ဂလိက အပိုင်းမှ စာရင်းမရှင်းနိုင်သည့် အမှုများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။

ထိုအတောအတွင်း ရန်ကုန်မြို့မှာ အများဆုံးရှိပြီး မြန်မာ့စားသောက်ကုန်လုပ်ငန်း အောက်ရှိ အရှုံးပေါ်နေသည့် စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိပိုင်လုပ်ဖို့ အကျိုးတူလုပ်ဖို့ကြေငြာထားရာ စက်ရုံများကို ၀ယ်မည့်သူ တဦးမျှမရှိဘဲ မြေ၀ယ်ချင်သူတွေသာ များနေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

၂၀၀၆ ခု ဒီဇင်ဘာလကုန်တွင် စက်မှု (၁) ၀န်ကြီးဌာနလက်အောက်ခံ စက်ရုံအားလုံးမှ ရောင်းမထွက်သည့် ကုန်ချောလက်ကျန်တန်ဘိုးမှာ ကျပ်ငွေသန်းပေါင်း ၉၀၀၀ ကျော်ရှိသည့်အတွက် ၂၀၀၅ ခုနှစ်ကုန်ချောလက်ကျန်တန်ဘိုးထက် ၁၂၅ ရာနှုန်း ပိုရှုံးခဲ့သည်။

“ စက်မှု (၁) ၀န်ကြီးဌာန မြန်မာ့စားသောက်ကုန် လုပ်ငန်းအောက်မှာ ပင်မစက်ရုံ(၂၂)ရုံနဲ့ စက်ရုံခွဲပေါင်း (၂၅)ရုံ၊ စုစုပေါင်း(၄၇)ရုံရှိတယ် ဒီရောင်းမဲ့ စက်ရုံအများစုကိုကြည့်ရင် စက်ပစ္စည်းတွေက ချို့ယွင်းနေတယ်၊ ထုတ်လုပ်တဲ့ စားကုန်ပစ္စည်းကလဲ ထိုင်းတို့ တရုတ်တို့က ကလာတဲ့ စားကုန်တွေနဲ့ မယှဉ်နိုင်အောင် အရည်အသွေးညံ့တယ် ဈေးကွက်လဲမရှိဆိုတော့ ဘယ်သူမှ မလိုချင်ဘူးပေါ့။ စက်မှု (၁) သကြားလုံးစက်ရုံဆိုလဲ ရှုံးနေတယ်၊ စက်မှု (၁) က ချောကလက်ကို ထုတ်တာ ထန်းလျက်နဲ့ ထုတ်ရမယ်လို့ ၀န်ကြီးက အမိန့်ပေးထားတော့ ဘယ်လိုလုပ်ပီး တရုတ် ထိုင်းကလာတဲ့ ချောကလက်တွေနဲ့ ယှဉ်လို့ရတော့မလဲ ဘယ်သူမှ မစားတော့ဘူး” ဟု စက်ရုံမှူးတဦးက ပြောသည်။

စက်မှု ၁ ထုတ် သကြားလုံး ဧရာမ ကြော်ငြာဆိုင်းဘုတ်ကြီးများကို ၀န်ကြီးဦးအောင်သောင်း၏ မြေးပုံတူများဖြင့် တချိန်က ကြော်ငြာခဲ့သည့်အတွက် ၀န်ထမ်းများ မကျေမနပ်ဖြစ်ခဲ့သည်။

အပြည့်အစုံသို့...

စစ်မှုထမ်းဟောင်းများသာ ဦးပိုင်တက္ကစီကားများ မောင်းနှင်ခွင့်ရှိ

ရန်ကုန်တွင် ပါရမီအမည်ရှိ တက္ကစီကားများကို စစ်မှုထမ်းဟောင်းများသာ မောင်းနှင်ခွင့်ရရှိသည်။
မြန်မာ့စီးပွားရေး ဦးပိုင် လက်အောက်ခံ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်က ဂျပန်မှ တင်သွင်းသည့် ရန်ကုန်အတွက် ပါရမီအမည်ရှိ တက္ကစီများ မောင်းနှင်ခွင့်ကို စစ်မှုထမ်းဟောင်းများသာ ရရှိကြောင်း အဆိုပါကုမ္ပဏီမှ ၀န်ထမ်းတဦးကပြောသည်။

ဂျပန်မှ မှာယူထားသည့် Toyota Mark II ယာဉ်စီးရေ (၁၀၀) ကို ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြေးဆွဲနေခြင်းဖြစ်သည်။

အဆိုပါ ကားများ ပြေးဆွဲရန်အတွက် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ယာဉ်မောင်းများ ခေါ်ယူရန် လျှောက်လွှာပေါင်း (၃) သောင်းကျော် ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် စစ်မှုထမ်းဟောင်းများကို ဦးစားပေးရွေးကြောင်း၊ စပေါ်ငွေ (၃) သိန်းတင်ရကာ တနေ့ အုံနာကြေး (၁) သောင်းပေးဆောင်ရကြောင်း၊ နံနက် (၆) နာရီမှ ည (၆) နာရီထိဖြစ်ပြီး နေ့လည် (၁၂) နာရီ အ၀င်ပြရကြောင်း၊ ကားကို ကားမောင်းသူကိုယ်တိုင် ကွန်ပျူတာစနစ်သုံး လုံခြုံရေး လက်ဗွေနှိပ်ပြီးမှ ထုတ်ယူခွင့်ရရှိကြောင်း လျှောက်ထားသူ ယာဉ်မောင်းများက ပြောသည်။

“ဦးပိုင်ဆိုတာက စစ်အစိုးရရဲ့လူတွေနဲ့ ဖွဲ့ ထားတာပဲ၊ စစ်မှုထမ်းဟောင်းတွေပဲ ရမှာပေါ့၊ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအ၀န်းတွေ ကောင်းစားနေချိန်ပဲ၊ သူတို့ အသိုင်းအ၀ိုင်း ကောင်းစားဖို့ ဒီကားတွေကို စစ်မှုထမ်းဟောင်းတွေကို ပေးတာပေါ့။ စည်းရုံးထားတာလည်း ပါတယ်” ဟု မ ထ သ ယာဉ်မောင်းတဦးက ပြောသည်။

ရန်ကုန်တွင် ယခုအခါ ပါရမီတက္ကစီ စီးရေ (၂၃၄) စီး ရှိပြီဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး မှ တရားဝင်စားရင်းများအရ သိရသည်။

ပါရမီတက္ကစီများကို မောင်းချင်သူများကြကြောင်း၊ အကြောင်းမှာ စပေါ်နည်းပြီး ပြင်ဆင်စားရိတ် မရှိသည့်အတွက် ရသည့်ငွေမှာ အသားတင်ဖြစ်သည့်အပြင် လမ်းတွင် မီးနီဖြတ်မိခြင်း၊ လမ်းကြောမှားခြင်းတို့မှအစ ယာဉ်ထိန်းရဲနှင့် ရှင်းပါက ပါရမီမို့ အဆင်ပြေကြောင်း၊ အပြင်ကားများမှာမူ စပေါ်တင်ပါက (၁၀) သိန်း ၀န်းကျင်ပေးရပြီး ပြင်ဆင်စားရိတ်များလည်း ကိုယ်တိုင်ကြခံကြကြောင်း၊ ထို့ကြောင့် ကားမောင်းသူများက ယာဉ်အသစ်ဖြစ်သည့် ပါရမီယာဉ်များကို ကြိုက်နှစ်ကြကြောင်း တက္ကစီသမားများက ပြောသည်။

ပါရမီယာဉ်မောင်းတဦးက “ကျနော် တနေ့ကို (၂) သောင်းခွဲကတော့ ရတယ်၊ တခါတခါ (၃) သောင်းထိရဖူးတယ်၊ အုံနာကြေး (၁) သောင်းဆိုတော့ ပါရမီယာဉ်မောင်းတာ ကိုက်တယ်” ဟု ပြောသည်။

အပြည့်အစုံသို့...

ထိုင်းဘဏ်များရှိ စုဆောင်းငွေအားလုံး ၂၀၁၁ ခုထိ ခိုင်မာနေကြောင်း ထိုင်းအစိုးရ အာမခံ

ကမ္ဘာတ၀ှမ်း ကြုံတွေ့နေရသည့် ငွေကြေးစီးပွားကပ်ကြီးကို ကာကွယ်သည့်အနေဖြင့် ထိုင်းဘဏ်များမှာထားရှိသည့် စုဆောင်းငွေကို ၂၀၁၁ ခုနှစ်ထိ ရာနှုန်းပြည့် သက်တမ်းတိုးပြီး အာမခံပေးရန် ထိုင်းအစိုးရ၀န်ကြီးအဖွဲ့ ယမန်နေ့က အတည်ပြုလိုက်ပြီ ဖြစ်သည်။

ထိုင်းဘဏ်များရှိ စုဆောင်းငွေကို စိုးရိမ်ပြီး အမြောက်အများတပြိုင်ထည်း ပြန်ထုတ်ကြမှာ တားဆီးသည့်သဘောဖြင့် ထိုင်းဘဏ်များရှိ စုဆောင်းငွေကို ၂၀၁၁ ခုနှစ်ထိ ထိုင်းအစိုးရက၀င်ပြီး အာမခံပေးလိုက်ခြင်းဖြစ်သည်။

၂၀၀၈ ခု သြဂုတ်လမှစတင်ခဲ့သည့် ထိုင်းဘဏ်များရှိ စုဆောင်းငွေကို အစိုးရက အာမခံပေးရေး စီမံကိန်းသည် မူလက ၂၀၀၉ တွင် သက်တမ်းကုန်ဖို့ လျာထားခဲ့ရာမှ ၂၀၁၁ ခု သြဂုတ်လ ၁၀ ရက်ထိ ထိုင်းအစိုးရက သက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်သည်။ ထိုင်းဘဏ်များရှိ စုဆောင်းငွေကို ထိုင်းအစိုးရက၀င်ပြီး အာမခံပေးသော်လည်း အများအပြား အရှုံးပေါ်နေသည့် ထိုင်းစတော့ဈေးကွက်ကိုမူ အာမခံဖို့ အစီအစဉ်မရှိသေးဟု ထိုင်း ဘဏ္ဍာရေးဝန်ကြီး ဆူချတ်က ပြောသည်။

ကမ္ဘာတ၀ှမ်း ကြုံတွေ့နေရသည့် ငွေကြေးစီးပွားကပ်ကြီးကြောင့် လောလောဆယ် ထိုင်းဘဏ်များ ငွေကြေးပြဿနာကြုံတွေ့ရခြင်း မရှိသေးသော်လည်း လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ထိုင်းဘဏ်များအပေါ် ငွေကြေးစီးပွားကပ်၏ ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်သည်ဟု ဆူချတ်က ပြောသည်။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်လတွင် ဆရာဝန်နှင့် တွေ့ခွင့်ပြုမည်

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စစ်ဆေးရန်အတွက် သူ၏ မိသားစုဆရာဝန်နှင့် လာမည့် လဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံဦးမည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ ပြောဆိုသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာတင်မျိုးဝင်းနှင့် နိုဝင်ဘာလဆန်းတွင် တွေ့ဆုံခွင့် ထပ်မံခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သူ ဆရာဝန်နဲ့ နိုဝင်ဘာလဆန်းမှ တွေ့ခွင့် ရပါလိမ့်မယ်။ ရှေ့နေနဲ့ တွေ့ခွင့်မရသေးပါဘူး။ တိုးတက်မှု မရှိသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆရာဝန်နှင့် နောက်ဆုံး တွေ့ခွင့်ရသည်မှာ အောက်တိုဘာ ၂ ရက်နေ့က ဖြစ်သည်။ ယခုအခါ အကျယ်ချုပ် ကျခံနေရသည့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အနီးမှ သံဆူးကြိုးများနှင့် စစ်ဆေးရေးဂိတ်များကို ဖယ်ရှားထားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရခြင်း ဖြစ်သည်။

အပြည့်အစုံသို့...

ဗုံးကြောင့် သေဆုံးသူမှာ အဖွဲ့ဝင်ဖြစ်ကြောင်း စွမ်းအားမြှင့် ၀န်ခံ

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ဟုခေါ်သော လျှို့ဝှက် သိပ်သည်းလှသည့် အဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသ ရွှေပြည်သာတွင် သေဆုံးသွားခဲ့သူမှာ သူတို့ အဖွဲ့ဝင်ဖြစ်ကြောင်း ၀န်ခံ ကြေညာလိုက်သည်။
ပြည်ပရှိ မြန်မာအတိုက်အခံ အသိုင်းအ၀ိုင်းအကြား ပျံ့နှံ့လျက်ရှိသည့် အီးမေးလ်တွင် ကိုသက်ဦးဝင်းမှာ သူတို့၏ မြေအောက် အဖွဲ့ဝင်တဦး ဖြစ်ကြောင်းနှင့် ရွှေပြည်သာရှိ နေအိမ်တွင် ဗုံးပေါက်ကွဲ သေဆုံးသွားသည့်သူ့အား ဦးညွှတ် ဂုဏ်ပြုပါကြောင်းဖြင့် (VBSW) က ပြောကြားလိုက်ခြင်း ဖြစ်သည်။

သက်ဦးလွင် ခေါ် သန်းလွင်၊ ကိုယ်ပိုင်အမှတ် ၉၉၉၉၅၄ သည် မသေဆုံးမီက ရန်ကုန်မြို့တွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်းဖြင့် အဆိုပါအဖွဲ့က ပြောဆိုသည်။ သူသည် အဖွဲ့ဝင်များစွာထဲမှ တဦးသာဖြစ်ပြီး စစ်အာဏာရှင်များ၏ အကြမ်းဖက် အုပ်စိုးမှုကို အကြမ်းဖက်နည်းဖြင့် တုံ့ပြန်တိုက်ခိုက်သွားရန် ကတိပြုကြောင်းလည်း ဆိုထားသည်။

`ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုက်ပွဲအသီးသီးမှာ ကျဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုမှတ်တမ်းတင်သလို စစ်အာဏာရှင်များက ပြည်သူအား ဖိနှိပ်နေသမျှ၊ နိုင်ငံရေး လှုပ်ရှားနေသူများအား ဖမ်းဆီး နှိပ်စက်နေသမျှ၊ ၁၉၉၀ ပြည့်နှစ် လွှတ်တော် ကိုယ်စားလှယ်များထံ အာဏာလွှဲပြောင်း မပေးသမျှ ကာလပတ်လုံး မိမိတို့ တိုက်ပွဲဝင်မှုများ မည်သို့မှ ရပ်တန့်သွားမည် မဟုတ်ကြောင်း စစ်အာဏာရှင်များအား သတိပေးလိုက်သည်´ ဟု (VBSW) ၏ ကြေညာချက်တွင် ရေးသားဖော်ပြသည်။

ကိုသက်ဦးဝင်းသည် သံဃာဟောင်းတဦးဖြစ်ကာ ၂၀၀၇ ခုနှစ် တော်လှန်ရေးတွင် ပါဝင် ဆင်နွှဲခဲ့ကြောင်း၊ အထက်တန်းကျောင်းသား ဘ၀ကတည်းက အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု အများအပြားတွင် ပါဝင် ဆင်နွှဲခဲ့ကြောင်းလည်း ပြောဆိုထားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရန်ကုန် ဆင်ခြေဖုံးရှိ ရွှေပြည်သာတွင် လူတဦးသည် ဗုံးတပ်ဆင်နေစဉ် ထိုဗုံးဖြင့်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်မူ သက်ဦးဝင်းမှာ အရက်သမားတဦးဖြစ်ကာ အလုပ်အကိုင်မရှိ အခြေအနေမဲ့ ဖြစ်ကြောင်း၊ ရဟန်းဘောင်သို့ မကြာခဏ ၀င်ခဲ့ဖူးပြီး ယခုအခါ အရပ်သားအဖြစ် နေထိုင်နေကြောင်း ရေးသားထားသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများအပြီးတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွါသွားခဲ့ကြောင်း ပြောသည်။

VBSW အဖွဲ့ကို ထင်မြင်ချက်ပေးရန်နှင့် အတည်ပြုရန် ဆက်သွယ်ရာ မရရှိဘဲ ယခင်ကလည်း ရန်ကုန်တွင် ဖြစ်ပွါးခဲ့သည့် အလားတူ ပေါက်ကွဲမှုများကို သူတို့ လက်ချက်ဖြစ်ကြောင်း ကြေညာဖူးသည်။

ထိုပေါက်ကွဲမှုများမှာ ဧပြီလက ရန်ကုန်မြို့လယ်ရှိ စားသောက်ဆိုင်တခုအနီး ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဇူလိုင်လအတွင်း ရွှေပြည်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးအတွင်း ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုတို့ ပါဝင်သည်။

ထိုအတောအတွင်း ပန်းဘဲတန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကို သောကြာနေ့က ဖုံးခေါ်ပြီး ခြိမ်းခြောက် ပြောဆိုခဲ့သူ တင်မြင့် ဆိုသူကိုလည်း ရဲက ဖမ်းဆီးခဲ့ကြောင်းဖြင့် အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖေါ်ပြသည်။

အဆိုပါ ကိုတင်မြင့်က ပန်းဘဲတန်းကြံ့ဖွံ့ရုံးနှင့် ရဲစခန်းတို့ကို ဖေါက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများမှာ အရင်ထက်ပို၍ ဖြစ်ပေါ်နေပြီး၊ စက်တင်ဘာလအတွင်း ဗုံး ၄ ကြိမ် ပေါက်ကွဲခဲ့သည်။

အပြည့်အစုံသို့...

အာဏာရှင်မှောင်ရိပ်၌ မြန်မာအမျိုးသမီးများ ကျားမခွဲခြားဆက်ဆံမှုဆိုးရွားစွာခံနေရ

အာဏာရှင်စနစ်ကြီးစိုးသည့် မြန်မာနိုင်ငံတွင် အမျိုးသမီးများအနေဖြင့် ကျားမခွဲခြားဆက်ဆံမှုကို အစီစဉ်တကျ ကျူးလွန်ဖောက်ဖျက်ခံနေရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က အစီရင်ခံစာ ယမန်နေ့က ထုတ်ပြန်ကာ ထုတ်ဖော်ပြောကြားသည်။
‘အာဏာရှင်ကြီးစိုးမှုမှောင်ရိပ်’ ဟု အမည်ပေးထားသည့် ယင်းအစီရင်ခံစာ၌ အမျိုးသမီးနှင့် မိန်းခလေးငယ်များ လူကုန်ကူးခံနေရမှု၊ ပညာရေးတွင် သမီးမိန်းခလေး၏ ပညာရေးကို သားယောက်ကျားလေး၏ ပညာရေး လောက်ဦးစားပေးမခံရမှု ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုးဝါးသဖြင့် အမျိုးသမီး(၁၂)ဦးတွင် (၁) ဦး ကိုယ်ဝန် ဆောင်နေစဉ် သေဆုံးနေရမှုနှင့် ကျေးလက်နှင့်တိုင်းရင်းသားဒေသများ၌ နအဖ စစ်တပ်၏ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု များကို ဒေသခံအမျိုးသမီးများနှင့် တွေ့ဆုံမေးမြန်းချက်များနှင့် တကွ တင်ပြ ထားသည်။


ထို့ပြင် အာဏာရှင်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးနေမှုကြောင့် မြန်မာ့လူမှုအသိုင်းအ၀န်း၌ အမျိုးသား များလွှမ်းမိုးနေပြီး စစ်တပ်သည် မြို့တိုင်း၊ ရွာတိုင်း၊ အုပ်ချုပ်ရေးအဆင့်တိုင်း၊ အသင်းအဖွဲ့တိုင်းကိုပါ ထိန်းချုပ်ထားကြောင်း လတ်တလော ရေးဆွဲအတည်ပြုထားသည့် အခြေခံဥပဒေသည်လည်း ကျား၊မတန်း တူရေးကိုအာမခံချက် မပေးရုံသာမက အမျိုးသားများကြီးစိုးသည့် စစ်တပ်ကို လွှတ်တော်အရပ်ရပ်တွင် လေးပုံတပုံချုပ်ကိုင်ရန် သတ်မှတ်ထားသည်ဟုလည်း ဝေဖန်ထောက်ပြထားသည်။

မြန်မာနိုင်ငံ၌ရှိနေသည့် ရှေးရိုးစွဲ ပုံစံခွက်ဓလေ့ထုံးတမ်းများကြောင့် မြန်မာအမျိုးသမီးများမှာ နဂိုကတည်းက နှိပ်ချခွဲခြားဆက်ဆံခံနေကြရရာမှ စစ်အာဏာရှင်စနစ်ကြောင့် ပို၍ ခွဲခြားနှိပ်ချဆက်ဆံခံနေရသည်ဟု WLB အထွေထွေအတွင်းရေးမှူး မနန်းယဉ်ကပြောသည်။

၎င်းက “ အမျိုးသမီးတွေ ကိုခွဲခြားဆက်ဆံမှုကရှေးရိုးစွဲကမ္ဘာကြီးမှာရှိခဲ့တယ်။ အဲဒါတွေကိုပယ်ဖျက်ဖို့ နိုင်ငံ တကာသဘောတူစာချုပ်တွေမှာ ပြောထားတယ်။ ဒါပေမယ့် လက်တွေ့စစ်အာဏာရှင်ရဲ့အောက်မှာ ဒီဟာ ပယ် ဖျက်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဆက်ပြီးတော့ စစ်အာဏာရှင်စနစ် ကြီးစိုးနေသရွေ့တော့ ကျား၊ မတန်းတူရေး ဆိုတာ ကိုဘယ်လိုမှမျှော်လင့်လို့မရနိုင်ပါဘူး။ စစ်တပ်အာဏာပိုင်တွေကနေချိုးဖောက်တဲ့ အမျိုးသမီးတွေပေါ်အကြမ်း ဖက်မှုတွေကို အရေးယူလို့မရဘူးပါဘူး။ မရတဲ့အခါ ခွဲခြားဆက်ဆံခံရမှုတွေပိုပြီးတော့ ဖြစ်လာပါတယ် ”ဟု ပြောသည်။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးနိုင်ငံတကာသဘောတူစာချုပ် (CEDAW) ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထား၍ စာချုပ်ပါကတိများအတိုင်း မြန်မာစစ်အစိုးရက ဆောင်ရွက်ခြင်း မရှိ ကြောင်း သုံးသပ်တင်ပြချက်များကို လာမည့် နိုဝင်ဘာ (၃)ရက် ဂျနီဗာ၌ ကျင်းပမည့် (၄၂)ကြိမ်မြောက် စီဒေါ ကော်မတီ အစည်းအဝေးသို့ တင်ပြသွားမည်ဟု WLB ကဆက်လက်ပြောကြားသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို ကရင်၊ကရင်နီ၊ရှမ်း၊ကချင်၊ရခိုင်၊ဗမာ၊ထားဝယ်၊ပအိုဝ့်၊ပလောင်၊ လားဟူ၊ ကူကီး စသည့် တိုင်းရင်းသား အမျိုး သမီးအဖွဲ့ (၁၂)ဖွဲ့ဖြင့်ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံတွင်အခြေစိုက်သည်။

ကိုးကား။ ခေတ်ပြိုင်သတင်းဌာန။

အပြည့်အစုံသို့...

နိုင်ငံရေးသမားကြီးအချို့  ဟောင်ကောင်သွားမည်

ရန်ကုန်မြို့ရှိ နိုင်ငံရေးသမားကြီး(၃)ဦးတို့ သည် ဟောင်ကောင်ရှိ တက္ကသိုလ်တခုတွင် မြန်မာ့အရေးဆွေးနွေး တင်ပြရန် လာမည့် ဒီဇင်ဘာလ၌ ဟောင်ကောင်သို့ သွားရောက်ရန်စီစဉ်နေကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ပြောပြသည်။

ထိုသို့သွားရောက်ရန် ဟောင်ကောင်မြို့တော်တက္ကသိုလ် အာရှနှင့်နိုင်ငံတကာလေ့လာရေးဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်က စီစဉ်ခြင်းဖြစ်ပြီး ဖိတ်ကြားခံရသူများအနက် သခင်လှကွန်း၊ သခင် တင်မြနှင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးတို့ပါဝင်ကြောင်းနှင့် ရဲဘော်ချစ်လှိုင်မှာ မျက်စိမကောင်းသဖြင့် သွားနိုင်မည်မဟုတ်ကြောင်း သခင်လှကွန်းက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “ ဒီဇင်ဘာကျမှပါ။ ရက်လည်းမသိသေးဘူး။ ပထမအပတ်အကုန်လောက်ဖြစ်မယ်ထင်တယ်။ အခုကြိုး စားတုန်းပဲ။ ပတ်စ်ပို့တွေဘာတွေရအောင်၊ ဆွေးနွေးပွဲ ခေါင်းစဉ်တောင်မသိရသေးဘူး။ ကျော်ရင်လှိုင်လာတုန်းက ပြည့်ပြည့်စုံစုံပြောမသွားဘူး။ ဗမာပြည်အကြောင်းဆွေးနွေးကြမှာနဲ့တူပါတယ်။ ဗမာပြည်မှထွက်တဲ့ တချို့ဂျာနယ် တွေထဲမှာ ကျနော်တို့နဲ့ အင်တာဗျူးလုပ်လို့ပါသွားတာတွေ၊ တချို့ထင်မြင်ချက်လေးတွေပြောတာတွေကို တွေ့ပြီး တော့ခေါ်တာလို့ထင်ပါတယ်”ဟုပြောသည်။

မည်သည့် အကြောင်းအရာကိုဟောပြောရမည်ဆိုသည်ကို မစဉ်းစားရသေးကြောင်းနှင့် ပြောခွင့်ရမည်ဆိုပါက သခင်သိန်းဖေနှင့်ဝါရင့်နိုင်ငံရေးသမားကြီးများ၏ သူမနာကိုယ်မနာ ညီညွတ်ရေးငြိမ်းချမ်းရေးလမ်းစဉ်ကို ပြောပြလိုသည်ဟု သခင်လှကွန်း ကပြောသည်။

ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံးကလည်း ဟောင်ကောင်သို့ သွားခွင့်ရပါက ၎င်းရေးသားဖြန့်ချိထားသည့် မပြိုကွဲသင့်သောပြည်ထောင်စုတည်ဆောက်ကြပါဆိုသည့် စာတမ်းကို အခြေခံ၍ ဟောပြောဆွေးနွေးမည်ဟု ခေတ်ပြိုင်သို့ပြောသည်။

သခင်တင်မြနှင့် သခင်လှကွန်းတို့သည် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့နှင့်လုံးဝသက်ဆိုင်မှုမရှိ ကြောင်း နှင့် ၎င်းတို့၏ဟောင်ကောင်ခရီးစဉ်နှင့်ပတ်သက်ပြီး ဝေဖန်ပြောကြားစရာမရှိကြောင်း သခင်သိန်းဖေခေါင်းဆောင် သည့် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ကပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင် က “ သူတို့က အဘတို့ထဲမှာမပါဘူး။ အမြင်တွေလဲမတူဘူး။ လုံးလုံးကွဲ တယ်။ ဒေါက်တာကျော်ရင်လှိုင်တို့ ရောဘတ်တေလာတို့ကလည်းသူတို့နဲ့ တပေါင်းတစည်းထဲပါ။ ဒီမိုကရေစီအင် အားစုတွေက အထူးသဖြင့် အန်အယ်လ်ဒီက တင်းမာနေလို့ ဒီမိုကရေစီမရတာလို့ အမြင်ရှိသူတွေပါ။ ဒီ အယူအဆကို ရှင်းရှင်း ပြောရရင် သခင်တင်မြတို့ သခင်လှကွန်းတို့က သဘောကျတာ။ အထူးသဖြင့် ဖွဲ့ စည်းပုံနဲ့ပတ်သက်ရင် မကြိုက်ဘူး။ ကြိုက်တယ်မပြောဘဲနဲ့ မရှိတာထက် ရှိတာကောင်းတယ်ဆိုတဲ့ အယူ အဆမျိုးရှိသူတွေပါ” ဟုပြောကြားသည်။

အပြည့်အစုံသို့...

ရပ်ကွက်အာဏာပိုင်များက မမှန်မုန်တိုင်းသတိပေးချက်ထုတ်ပြန် ရန်ကုန်မြို့ခံများအထိတ်တလန့်ဖြစ်

ရန်ကုန်တိုင်းအတွင်း နအဖစစ်အစိုးရ၏ မမှန် မုန်တိုင်းကြိုတင်သတိပေးချက်ကြောင့် ပြည်သူအများ ထိတ်လန့် စိုးရိမ်ခဲ့ကြသကဲ့သို့ စိတ်ဆိုးဒေါသထွက်နေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၅) ရက် စနေနေ့ညနေနှင့် ညဘက်ပိုင်းတွင် ရန်ကုန်မြို့ဆင်ခြေဖုံး လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းတန်းစသည့် မြို့နယ်တို့တွင် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက နောက်ထပ် (၃၆) နာရီအတွင်း မုန်တိုင်းတခု ၀င်စရာရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ သတိရှိရှိနေထိုင်ကြရန်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန် လိုက်လံနှိုးဆော်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လှည်းတန်းတွင် နေထိုင်သူတဦးက “စနေနေ့ ညနေ (၆) နာရီခွဲလောက်က လမ်းထဲမှာ အသံချဲ့စက်နဲ့လှည့်ပြီးအော်တယ်။ နောက်ထပ် (၃၆) နာရီအတွင်း မုန်တိုင်းကြီးတခု ၀င်နိုင်တယ်၊ ဒါကြောင့် လိုအပ်သလို ပြင်ဆင်ထားဖို့ လိုက်ကြေညာတယ်လေ” ဟု ပြောသည်။

ထိုသို့ မြို့နယ်များအတွင်း မုန်တိုင်းသတိပေး နှိုးဆော်မှုများကြောင့် ရန်ကုန်ပတ်ဝန်းကျင်တွင် မုန်တိုင်းဝင်ရန် ရှိ မရှိ၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့သည်။

တာဝန်ခံဖြေဆိုသူက ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး မြောက်အရှေ့ယွန်းယွန်းသို့ ဆက်လက်ရွေ့ရှားနေကြောင်း၊ ထို့နောက် (၃၆) နာရီအတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်ဘက်ကမ်းခြေကို ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မည့်အကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အချို့ပြည်နယ်နှင့်တိုင်းတို့တွင် မိုးကြီးနိုင်ကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းမြို့နယ်အချို့တွင် မုန်တိုင်းဝင်မည်ဆိုကာ အသံချဲ့စက်များနှင့် လိုက်လံကြေညာနေခြင်းသည် ၎င်းတို့မိုးလေ၀သဌာန၏ အကြောင်းကြားချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ မုန်တိုင်းနှင့်ပတ်သက်သည့် မေးခွန်းများကို ၎င်းတို့အနေဖြင့် အကြိမ်ကြိမ် ဖြေကြားနေရကြောင်း၊ သက်ဆိုင်ရာမြို့နယ်အဆင့် အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ရပ်ကွက်အာဏာပိုင်များက လုပ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ဖြေကြားသူက ပြောသည်။

ရပ်ကွက်အာဏာပိုင်များ၏ ကြေညာချက်ကြောင့် ပြည်သူများမှာ နေအိမ်ခေါင်မိုးပြုပြင်ခြင်း၊ တန်ဖိုးကြီးပစ္စည်းများကို လုံခြုံသည့်အဆောက်အဦများဖြစ်သည့် ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးနေအိမ်များသို့ ရွှေ့ပြောင်းခြင်း လုပ်ခဲ့ကြကြောင်း သိရသည်။

နောက်နေ့ တနင်္ဂနွေထုတ် အစိုးရသတင်းစာများတွင် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းသည် နောက် (၃၆) နာရီအတွင်း အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ် အနောက်ဘက်ကမ်းခြေကို ဖြတ်ပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မည်၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တချို့ပြည်နယ်နှင့်တိုင်းတို့တွင် မိုးကြီးမည်၊ ကမ်းလွန်ပင်လယ်ပြင်တွင် တနာရီမိုင် (၄၀) နှုန်းခန့် လေတိုက်ခတ်နိုင်သည်ဟုသာ ဖော်ပြထားသောကြောင့် အာဏာပိုင်များ၏ ကြေညာချက်အရ စိုးရိမ်ပူပန်ခဲ့ကြသည့် ပြည်သူများက စိတ်ဆိုးဒေါသထွက်ကြကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ နာဂစ်မုန်တိုင်း မတိုင်မီကာလနှင့် မုန်တိုင်းပြီးကာလတွင် မိုးလေ၀သဦးစီးဌာန၏ ဆောင်ရွက်ချက်များကို သုတေသနပြုလုပ်နေသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုမှ နိုင်ငံခြားသားသုတေသီတဦးကမူ နအဖအာဏာပိုင်အဖွဲ့၏ ယန္တရားကို ထောက်ပြဝေဖန်သည်။

၎င်းက “ အစိုးရအာဏာပိုင်တွေက တကယ်မုန်တိုင်းဝင်မယ့် အခြေအနေဖြစ်ပေါ်ခဲ့တုန်းကတော့ ပြည်သူတွေကို တိတိကျကျ အသိပေးဖို့၊ လိုအပ်တဲ့ အကူအညီပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ အခု မြန်မာနိုင်ငံနဲ့ မပတ်သက်တဲ့ မိုးလေ၀သသတင်းကိုတော့ မလိုအပ်ဘဲ သတင်းမှားတွေ ပေးနေတယ်။ ဒါကြောင့် ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်ပြီး တကယ့်မုန်တိုင်း ၀င်ရောက်မယ့်အခြေအနေရှိရင် ယုံကြည်မှုမရှိတော့ဘဲ အသက်အိုးအိမ်တွေ ဆုံးရှုံးမှာ စိုးရိမ်ရတယ်” ဟု ပြောကြားသည်။

အပြည့်အစုံသို့...

Monday, October 27, 2008

အပစ်အခတ်ရပ်အဖွဲ့များအတွက် မေးခွန်းတခု

စစ်အစိုးရအတွက် မပြီးပြတ်သေးသော လုပ်ငန်းတခုလည်း ဖြစ်သည့် ခေါင်းကိုက်စရာတခုမှာ အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး အဖွဲ့များအား လက်နက်ဖြုတ်သိမ်းကာ အလုံးစုံ ထိန်းချုပ်နိုင်ရေး ဖြစ်သည်။

ဒေသတွင်း နိုင်ငံရေး ပြောင်းလဲလာမှုနှင့် ရပ်တည်ရေးတို့ ထိန်းညှိနေရသည့် ငြိမ်းချမ်းရေး အဖွဲ့များတွင်လည်း အတွင်းလွန်ဆွဲမှုများ ပိုမို များပြားလာခဲ့သည်။

ကျေးလက်ဒေသမှ လက်နက်ကိုင် ပုန်ကန်နေသူများနှင့်သာ ရင်ဆိုင်နေရသည့် အခြေအနေမှ မြို့ပြဆန့်ကျင်မှု ကြီးထွားလာသော ၁၉၈၈ ခုနှစ်နှင့် နောက်ပိုင်းကာလတွင် ရန်မီးတဖက် ငြိမ်းစေရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင် ပစ်ခတ်ခဲ့ကြသူများနှင့် ယာယီ အပစ်ရပ်စဲရေး ပြုလုပ်ခဲ့ကြသည်။ တနည်းအားဖြင့်တော့ စစ်အုပ်ချုပ်ရေး တကျော့ပြန်ဝင်လာခဲ့၍ တန်ခိုးထွား စစ်ဗိုလ်ချုပ်ကြီးများ၏ အခွန်အကောက် ဝေစုမျှပေးခြင်းဖြင့် နှစ်သိမ့်ခဲ့ရသည်။

န၀တ-နအဖအတွက် မြို့ပြနေလက်နက်မဲ့ ပုန်ကန်သူများသည် အဓိကပစ်မှတ် ဖြစ်နေခဲ့သည်။

အကျိုးဆက်အဖြစ် အပစ်အခတ်ရပ် ခေါင်းဆောင်အချို့တွင် "တော်လှန်ရေး" ဆိုသည်မှာ ကွယ်ပျောက်ကုန်သော်လည်း ဒေသခံအများစုမှာ တနေ့ကောင်းနိုးနိုးနှင့် မျှော်ကိုးရင်း ပျက်သုန်းရမည့် အခြေအနေကို တွေ့ကြုံနေရသည်။

သေနတ်သံများမှာ နည်းပါးသွားသည် မှန်သော်လည်း တိုင်းရင်းသား လူနည်းစုများအတွက် ၀မ်းမီးပူလောင်မှု ပိုလို့ပင် များလာသေးသည်။ ထွက်ပေါက်အဖြစ် နီးစပ်ရာ နိုင်ငံခြားတိုင်းပြည်များသို့ နောက်ဖေးပေါက်မှ တိုးဝင်ရောက်ကာ အိမ်ရှင်နိုင်ငံသားများ မလုပ်ချင်တော့သည့် အလုပ်များ သွားရောက်လုပ်ကိုင်ကာ အသက်ဆက်နေရခြင်း ဖြစ်သည်။

စစ်အစိုးရအတွက် ဖြစ်သည့်နည်းနှင့် အနိုင်ယူရန် သံဓိဌာန်ချထားသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် "ငြိမ်းအဖွဲ့" အချို့ကို သက်တမ်းတိုးပေးဖွယ် ရှိနေပေသည်။

သို့သော် စစ်အစိုးရအတွက် ဘုရားပြီး ငြမ်းဖျက်ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။ အချိန်ကာလကိုသာ ရွေးချယ် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ အချိန်ဆွဲကာ ခွဲထုတ်ခြင်းဖြင့် တစစ အင်အား ယုတ်လျော့လာရေး ဘောင်အတွင်းကသာ ဆက်လက် ကျင့်သုံးနေခြင်း ဖြစ်သည်။

မေးခွန်းထုတ်စရာက ငြိမ်းအဖွဲ့များအနေဖြင့် အစဉ်အလာလိုပင် ဖြစ်နေသည့် တစုတဖွဲ့ အလိုက်သာ ထင်သလို ဖြေရှင်းမည်လား၊ အခြားသူများနှင့် ညှိနိုင်းကာ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းအောင် အဖြေရှာနိုင်လာကြဖွယ်လား ဆိုသည်ပင် ဖြစ်ပေတော့သည်။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ လုံခြုံရေးများ လျှော့ချ


နေအိမ်အကျယ်ချုပ် ကျခံနေရသော ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ သံဆူးကြိုး အတားအဆီးများကို မြန်မာစစ်အစိုးရက တနင်္ဂနွေနေ့ကတည်းက ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း သူမ၏ ပါတီမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စစ်အစိုးရသည် တက္ကသိုလ်ရိပ်သာလမ်းရှိ အတားအဆီးများကို ဖယ်ရှားလိုက်ပြီး အစောင့်ချထားသော စစ်သားများကိုလည်း ရုပ်သိမ်းလိုက်ပြီဟု ပြောသည်။

"ကျနော်တို့ တွေ့ရသလောက်ကတော့ အဲဒီမှာ အတားအဆီးတွေ ဘာမှ မရှိတော့ဘူး။ ယူနီဖောင်းဝတ်တဲ့ လုံခြုံရေးတွေလည်း မတွေ့ရတော့ဘူး" ဟု ဦးဥာဏ်ဝင်းက ပြောသည်။ သို့သော်လည်း အရပ်ဝတ် လုံခြုံရေးဝန်ထမ်း ၃ ဦးသည် ဒေါ်စုနေအိမ်ရှေ့တွင် စောင့်ဆိုင်းနေသည်ကို တွေ့ခဲ့ရကြောင်း သူက ထပ်ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သည့် ၁၉ နှစ်တာကာလတွင် ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရသည်။ ပုံမှန်အားဖြင့် တက္ကသိုလ်ရိပ်သာလမ်းတွင် သံဆူးကြိုး အကာအရံများဖြင့် ပိတ်ဆို့ထားပြီး အနည်းဆုံး စစ်သား ၁၀ ဦးခန့် စောင့်ကြပ်ခဲ့ကြသည်။

"အခုတော့ ကားတွေရော၊ လူတွေရော ဖြတ်လို့ရနေပါပြီ" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

သို့သော်လည်း မည်သည့်အကြောင်းကြောင့် ရုတ်ချည်းပြောင်းလဲမှု ဖြစ်ပွားခဲ့ခြင်းအပေါ် ကောက်ချက်ချရန် ဦးဥာဏ်ဝင်းက ငြင်းဆန်သွားသည်။

"ဘာကြောင့်လဲတော့ ကျနော်လည်း မပြောလိုတော့ပါဘူး" ဟု သူက ပြောသည်။

ပြည်ပအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေမှ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်ကတော့ အာဆီယံ-ဥရောပ အစည်းအဝေးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရထံ ဖိအားပေးမှုများ တကျော့ပြန်ရှိနေမှုနှင့် ဆက်နွယ်နိုင်သည်ဟု ပြောကြားလိုက်သည်။

အာဆီယံနှင့် ဥရောပ ခေါင်းဆောင်များသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ၇ ကြိမ်မြောက် ASEM ထိပ်သီး အစည်းအဝေးကို လွန်ခဲ့သည့် စနေနေ့က ကျင်းပခဲ့သည်။ အစည်းအဝေးက သက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတရပ် ပြုလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် နိုင်ငံရေးပါတီများအပေါ်တွင် တားမြစ် ချုပ်ချယ်ထားမှုများ ရုပ်သိမ်းရန် စစ်အစိုးရကို တောင်းဆိုခဲ့သည်။

ဦးညိုအုံးမြင့်က မြန်မာစစ်ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး တရုတ်က အားမလိုအားမရ ဖြစ်နေခြင်း၏ အကျိုးဆက်ကြောင့် ASEM တောင်းဆိုချက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"မြန်မာစစ်အစိုးရဟာ ဒါကို (ASEM တောင်းဆိုချက်) အလေးအနက် ထားပုံရတယ်" ဟု သူက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ချောင်ပိတ်မိနေသည်ဟု သူက ထင်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်အပေါ် တားမြစ်ချုပ်ချယ်ထားတာတွေ လျှော့ချတာနဲ့ စစ်အစိုးရက စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ချင်တယ်လို့တော့ ပြောလို့ မရဘူး"

ကတိက၀တ်များ ချိုးဖောက်ခဲ့ဖူးသော ရာဇ၀င်ရှိသည့်အတွက် စစ်အစိုးရကို ယုံကြည်၍ မရကြောင်း သူက ပြောသည်။

အပြည့်အစုံသို့...

မြန်မာယူနီဗာဆယ်ဘဏ်မှ ငွေလာမထုတ်ပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းမည်

ငွေကြေးခ၀ါချမှုနှင့်ပါတ်သက်၍ အပိတ်ခံထားရသည့် မြန်မာယူနီဗာဆယ်ဘဏ် (MUB)တွင် ငွေအပ်နှံ ထား သူများအနေဖြင့် ငွေများလာရောက် ထုတ်ယူနိုင်ပြီဖြစ်ကြောင်းနှင့် မထုတ်ယူပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူ တော့မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ဖော်ပြောကြားသည်။

ငွေကြေးအပ်နှံထားသူ မြီရှင်တို့အနေဖြင့် အောက်တိုဘာလ (၂၂)ရက်မှ စတင်၍ လာမည့် ၂၀၀၉ ခု မတ်လ (၃၁) ရက် နောက်ဆုံးထား၍ အထောက်အထားအပြည့်အစုံဖြင့် ရန်ကန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁) အပေါ်ထပ်၌ လာရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။

မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁)ရှိ မြန်မာယူနီဗာဆယ်ဘဏ်ရေးရာ တာဝန်ရှိသူတဦးက “ ငွေစုစာအုပ်ရယ်၊ လူကိုယ်တိုင်ရယ်၊ မှတ်ပုံတင်ရယ် ယူလာခဲ့ပါ။ နေ့ချင်းထုတ်ပေးပါတယ်။ ကာယကံရှင်ကတော့ ကိုယ်တိုင် လာရမှာပါ။ တခြားထောက်ခံစာတွေမလိုပါဘူး။ MUB ကတော့လုံးဝပိတ်သိမ်းလိုက်ပြီး မြန်မာ့စီးပွားရေးဘဏ်က ဆက်ပြီးတော့တာဝန်ယူထားတာပါ။ အပ်ထားတဲ့ ပိုက်ဆံတွေ သိပ်အများအစားကြီးတော့မရှိပါဘူး။ (၃)နှစ် အတွင်းမှာ အတော်များများလာထုတ်ပြီးကြပါပြီ။ စားရင်းပိတ်ဖို့အတွက်ကို နှိုးဆော်လိုက်တာပါ” ဟု ပြောကြား သည်။

မြန်မာယူနီဗာဆယ်ဘဏ်ကို မြန်မာစစ်အစိုးရက ငွေကြေးခ၀ါချမှုများနှင့်စပ်လျဉ်း၍ ၂၀၀၅ ခု သြဂုတ်လတွင် စတင်ပိတ်သိမ်းအရေးယူခဲ့ပြီး ၂၀၀၇ခု ဧပြီလတွင် ဘဏ်ပိုင်ရှင် ဦးတင်စိန်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သောဥပဒေ၊ တရားမ၀င်ငွေကြေးခ၀ါချမှုနှင့်ပတ်သက်သည့် ဥပဒေများဖြင့် ထောင်ဒဏ် (၁၀)နှစ် အပြစ်ပေးအရေးယူခဲ့သည်။

ဘဏ်ပိတ်သိမ်းပြီး (၃)နှစ်တာကာလအတွင်း ငွေကြေးအပ်နှံထားသူများအား မြန်မာယူနီဗာဆယ်ဘဏ်က အပ်နှံငွေများကို ပြန်ထုတ်ပေးခဲ့ပြီး မြန်မာယူနီဗာဆယ်ဘဏ်၏ အုပ်ချုပ်မှု အားလုံးကို မြန်မာ့စီးပွားရေးဘဏ်က အောက်တိုဘာ (၁)ရက်မှ စတင်၍ လွဲပြောင်းယူကာ လာမထုတ်ယူသေးပဲ ကျန်ရှိ နေသူတို့၏ ငွေများကို ယခု နောက်ဆုံးအနေဖြင့် ပြန်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

အလားတူ မူးယစ်ဆေးဝါးနှင့်ပါတ်သက်သည်ဟု အမေရိကန်၏ စွပ်စွဲခံထားရပြီး ၂၀၀၅ မတ်လ ကုန်က ပိတ် သိမ်းခံခဲ့ရသည့် အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ကလည်း လာမည့် ဒီဇင်ဘာလ နောက် ဆုံး ထား၍ ငွေများလာရောက်ထုတ်ယူကြရန် ယင်းဘဏ် (၂)ခု၌ ငွေအပ်နှံထားများအား ပြီးခဲ့သည့် ဇူလိုင်လ က တည်းက အသိပေးကြညာထားသည်။

အပြည့်အစုံသို့...

နေပြည်တော်လွှတ်တော်ရုံးအဖွဲ့ ၂၀၀၉ မှာ စတင်ရုံးထိုင်မည်

၂၀၁၀ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရသစ်အတွက် ရည်ရွယ်ဆောက်လုပ် နေသည့် နေပြည်တော် လွှတ်တော်အဆောက်အဦတွင် ၂၀၀၉ ခု စက်တင်ဘာလမှ စတင်၍ ရုံးဝန်ထမ်းများ စတင်ရုံးထိုင်တော့မည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ချောချောမောမော ကျင်းပခွင့်ရမည် မရမည် မသေချာသေးသော်လည်း ၂၀၀၉ ခု စက်တင်ဘာလမှ စတင်ပြီး နေပြည်တော် လွှတ်တော်မှာ ရုံးအဖွဲ့ စတင်ရုံးတက်ဖို့ စစ်အစိုးရ ခေါင်းဆောင်ပိုင်းက စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် လွှတ်တော်ရုံးအဖွဲ့တွင် တာဝန်ပေးနိုင်ရေးအတွက် စစ်တပ်မှ ဗိုလ်ကြီးအဆင့်နှင့် အရာခံဗိုလ်များကို စတင်ရွေးချယ်နေပြီဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

တည်ဆောက်နေဆဲ လွှတ်တော် အဆောက်အဦကြီးမှာလည်း ၅၀ ရာနှုန်းကျော်ပြီးစီးနေပြီ ဖြစ်သည့်အတွက် ရုပ်လုံးပေါ်နေသော်လည်း အပေါ်ပိုင်းတွင် သံမဏိဂဟေလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်သည်ဟု နေပြည်တော်ဆောက်လုပ်ရေးတာဝန်ခံတဦးက ပြောသည်။

အပြည့်အစုံသို့...

လယ်မြေတော်စစ်ဆေးခန်း

http://shweaunglan.blogspot.com

နန်းတော်ကြီး၏ ညီလာခံသဘင်ခန်းမဆောင်ကြီး၌ကား မှူးမတ်သေနာပတိတို့စုံညီနေပေပြီ။ ညီလာခံသဘင် စတင်ချိန်ကျော်သည်အထိ ဘ၀ရှင်မင်းတရားကြီးကားထွက်တော်မမူသေး။ မှူးမတ်အပေါင်းတို့လဲ လက်ဆောင်ပဏ္ဍာတော်မည်မျှရကြောင်း တစ်ဦးကိုတစ်ဦးကြွားဝါရင်းမင်းတရားကြီးအားစောင့်မျှော်ကြကုန်၏။ ယနေ့ထူးခြားစွာကျင်းပသောညီလာခံသည်ကား လယ်ယာမြေသစ်များဖော်ထုတ်ရန်အတွက် ခေါ်ယူရခြင်းပေ တည်း။
----------------------------


ဘ၀ရှင်မင်းတရားကြီးကား ရာဇပုလ္လင်ပေါ်တက်ပြီးသကာလဟိုဟိုဒီဒီမေးလေ၏။ လယ်ယာမြေသစ်များဘယ် သို့ဘယ်ပုံဖော်ထုတ်ရန်အကြောင်းဆက်ကြလေသော်သစ်တောဝန်မင်း ကကျွန်ပင်ကြီးများခုတ်၍ လယ်ရာမြေ သစ်များဖော်ထုတ်သော်ကောင်း၏ဟုလျှောက်တင်လေ၏။ ပညာရေးဝန်မင်းကလဲ ဘ၀ရှင်မင်းတရားကြီး၏ တိုင်းနိုင်ငံတော်တွင် စာပေသင်ကြားရေးကျောင်းများရှိသည့်အလျှောက် ကျောင်းတွင်းမြေပို (ယခုခေတ် ကျောင်းဘောလုံးကွင်းကဲ့သို့နေရာများ) နေရာများကို လယ်ရာမြေများအဖြစ်ဖော်ထုတ်ပါက ကျောင်းသားများ လည်းစိုက်ပျိုးရေးပညာရပြီးမျိုးစေ့အတွက်လည်း ကျောင်းသားမိဘများထံမှရနိုင်မှာဖြစ်ကြောင်း လျှောက်တင် လေ၏။ (ဉာဏ်ကြီးကြပေ၏..ဤကားစကားချပ်)
---------------------------
ဝန်မင်းအပေါင်းတို့လဲ မိမိနိုင်ရာနေရာများမှလယ်ယာမြေသစ်ဖော်ထုတ်နိုင်ပါက ဘ၀ရှင်မင်းတရားကြီး၏ မျက်နှာသာ ပေးခြင်းခံရငြား ဖြစ်နိုင်မဖြစ်နိုင်မစဉ်းစားနိုင်ဘဲ အထူးထူးအပြားပြားတင်လျှောက်ကြကုန်၏။ နောက် ဆုံးသကာလ မိုးတွင်းအခါရေမြုပ်တတ်ကုန်သောနေရာ (ယခုခေတ်အခေါ်ရေနက်ကွင်း) နေရာများအား လယ် မြေသစ်အဖြစ်ဖော်ထုတ်နိုင်ပါက လယ်မြေတင်မကငါးများပါတစ်ပါတည်းမွေးနိုင်မည့်အတွက် အလွန်အကျိုးရှိ မည်ဖြစ်သဖြင့်ဤဒေသကိုသွားရောက်ကြည့်ရှုစေရန်လယ်ဝန်မင်းအား စေခိုင်းတော်မူလေ၏။ လယ်ဝန်မင်းက မသွားလိုလှသော်လည်း ပြန်ပြောခြင်းငှာ မစွမ်းသာသောကြောင့် ဤအကြံအားပေးသည့် ၀န်မင်းကိုသာ စိတ် ထဲမှကြိတ်၍ကြိမ်ဆဲလေ၏။
---------------------------
ဘ၀ရှင်မင်းတရားကြီးကိုယ်စား လယ်ဝန်မင်းကြီးကြွချီစစ်ဆေးမည်ဟူသောသတင်းမှာတောသူတောင်သား လယ်သမားတို့အကြားလှုပ်လှုပ်ရွရွဖြစ်ကြရ၏။ နယ်စားလယ်ဝန်ကလေးမှလဲ လယ်ဝန်မင်းကြီး မည်မျှတော် ကြောင်းမကြာခဏပြောတတ်သည့်အတွက်ပို၍စိတ်ဝင်းစားကြကာလယ်ဝန်မင်းကြွချီလာပါက သွားရောက် ကြည့်ရှုရန်စိုင်းပြင်းကြကုန်၏။ လယ်ဝန်မင်းလည်း ခမ်းနားကြီးကျယ်သောမဏ္ဍပ်တော်ကိုတွေ့သည်တွင်ဘ၀င် လေဟပ်ပြီးကျေနပ်တော်မူလေ၏။ လယ်ဝန်မင်းလည်းအရာရာသိသည့်ဟန်ဆောင်၍လယ်ဝန်ကလေးနှင့် လယ် သမားကြီးများတင်လျှောက်ကြသည်ကိုခေါင်းတညိတ်ညိတ်နားထောင်တော်မူလေ၏။ ကြားဖြတ်၍လည်း ဟိုဟို ဒီဒီ မေးမြန်းတော်မူလေ၏။
--------------------------------------
အသီးသီးတင်လျှောက်ပြီင်္းဆီးကြကုန်သော် ရေမြုပ်နေကုန်သောလယ်မြေတို့အားစပါးမည်သို့စိုက်သင့်ကြောင်း တင်လျှောက်ကြရန်ဝန်မင်းကမိန့်တော်မူလေ၏။ ထိုအခါသော် လယ်သမားကြီးတစ်ဦးမှ ရေမြုပ်နေကုန်သော မြေများတွင်ဒေါင်းစပါးပေါက်ကြကုန်၏ဟုတင်လျှောက်လေ၏။ ထိုအခါသော် ၀န်မင်းကြီးမှလည်း စကားစကို ဖြတ်စေလျှက် "ဟဲ့လယ်ဝန်းကလေး.. မောင်းမင်းတို့မလဲဒေါင်းစပါးရသော်ဒေါင်းစပါးကို ပစာကြောင့် မစိုက်ကြသနည်း" ဟုခတ်တည်တည်ဖြင့်ဟောက်လိုက်လေ၏။ ထိုအခါသော် လယ်ဝန်ဝန်ကလေးလည်း မည် သို့မည်ပုံတင်လျှောက်ရမည်မသိအခက်တွေ့နေ၏။ ၀န်မင်းကြီးအားလာရောက်ကြည့်ရှုကြကုန်သော လူအပေါင်းသည်လည်း ၀န်းမင်း၏ တော်ပုံကိုဂရုပြုမိကြကုန်ဟူ၏။
----------------------------------------
မှတ်ချက်။ ။ ဒေါင်းစပါး ... ရေမြုပ်မြေများ၌ပေါက်သည့်ကိုင်းမြက်ရှည်တစ်မျိုး ++++++++++++++++++
-ရွှေအောင်

အပြည့်အစုံသို့...

GTI မှGTC သို့ပြောင်းလဲခြင်းအခမ်းအနား

ကျွန်တော်တို့နှစ် တက္ကသိုလ်စတက်တော့ YTU, PTU ဆိုပြီး ရန်ကုန် YIT ကိုနှစ်ခြမ်းစခွဲတဲ့နှစ်။ ကျောင်းသား တွေရဲ့စိတ်ထဲမှာ ဘာကိုမှန်းမသိ (တကယ်ကတော့သိပါတယ် :D) တဲ့ မကျေနပ်ချက်တွေနဲ့ ကျောင်းအသီးသီး ကို ရောက်လာကြတယ်။ ကျွန်တော်တို့ပထမနှစ်ကျောင်းသားတွေဆိုပိုပြီးခံစားရတာပေါ့။ YIT ဆိုတာကျွန် တော်တို့ရဲ့အိမ်မက် ကျွန်တော်တို့ရဲ့ အနာဂတ်လို့ထင်ထားတာလေ။
-------------------------------------

တကယ်တက်ရတော့ GTI။ ကျွန်တော် တို့ကျောင်းစတက်ပြီး တစ်လကျော်တော့ GTC ဆိုပြီးပြောင်း လိုက်တယ်။ အမယ်ထူးခြားတယ်။ ကျောင်းဆိုင်းဘုတ်ကြီးက ညတွင်းချင်းပြောင်းသွားတာနော်။ မနက်ကျောင်းတက်တော့ ကျွန်တော်တို့မှာ အံ့ဩ လို့။ တစ်ယောက်နဲ့တစ်ယောက်စောင့်ပြီးပြော ရသေးတယ်။ ကျောင်းထဲချက်ခြင်းကြီးဝင်မသွားဖို့လေ။ တော်ကြာစာသင်ခန်းမကြီးတွေပါညတွင်းချင်း ကောလိပ် တစ်ခုရဲ့အသွင်အပြင်တွေများပြောင်းသွားရင် စိတ်မခိုင်တဲ့တချို့လူတွေရူးသွား တချို့မိန်းမော မူးမေ့ပြီး ဆေးရုံတွေဘာတွေလိုက်ပို့ရရင် ကျောင်းကဆရာတွေရဲ့ သင်ခန်းစာတွေလွတ်သွားမှာဆိုးလို့လေ။ မဟုတ်ဘူးလား။
-------------------------------------
ဒါနဲ့တစ်ယောက်ကိုတစ်ယောက်စောင့်ပြီး စာသင်ဆောင်ကိုတစ်ရွေ့သွားပြီး မရဲတရဲလှမ်းကြည့်လိုက်မှ စိတ်အေးသွားတယ်။ ဟူးတော်သေးတယ်။ ဆိုင်းဘုတ်ကြီးပြောင်းသွားပေမယ့် ဆရာတွေရော စာသင်ဆောင် တွေရောကုန်ကုန်ပြောရရင် GTI ကျောင်းအုပ်ကြီးကနေ နတ်ရေကန်ထဲဆင်းလိုက်သလိုကောလိပ် ကျောင်းအုပ်ကြီး ချက်ချင်းဖြစ်သွားတဲ့ အပျိုကြီးမမရော ဘာတစ်ခုမှပြောင်းမသွားတာတွေ့တော့မှ စိတ်အေးသွား တယ်။
------------------------------------
အဲဒီတော့မှ ကျွန်တော်တို့ကျောင်းသားတွေလဲ သိပ္ပံနှင့်နည်းပညာဝန်ကြီးရဲ့ စေတနာတွေကို တဖန်ဖန်တွေးပြီး တရေးရေးကျေးဇူးတင်လာတယ်။ ဟုတ်တယ်လေ။ တကယ်လို့သာ ဆိုင်းဘုတ်ကြီးပြောင်းသွားသလို ကျောင်းရဲ့ အင်္ဂါရပ်တွေပါ ကောလိပ်ကြီးလို ချက်ခြင်းကြီးများပြောင်းသွား ရင်မခက်ပေဘူးလား။ ကျွန်တော် တို့ အားလုံးရူးသွပ်သွားနိုင်တယ်လေ။ ပြီးတော့ဝန်ကြီးကိုလဲလူလို့ဘယ်ထင်တော့မလဲ။ နတ်သကြား ပေလောလို့ ထင်ကုန်မှာပေါ့။ မဟုတ်ဘူးလား။ ဒီလိုနဲ့ကျွန်တော်တို့ တက္ကသိုလ်ပထမနှစ်ရဲ့ ပထမလပိုင်းလေးကို ပျော်ပျော် ပါးပါး !_! ဖြတ်သန်းရင်း...
(ကျောင်းတော်မှာဗျာအပိုင်းများကိုဆက်ပါမည်)
×××××××××××××××××

ရွှေအောင်

အပြည့်အစုံသို့...

မြန်မာနိုင်ငံ နှင့် နတ်ကိုးကွယ်မှု

http://www.mathetzin.com
by မသက်ဇင်
လ သာ ည များတွင် ကျမ တို့ ကလေး ဘဝ နှင့် ရွာ အကြောင်း ကို ကျမ လွမ်းလွမ်း ဆွတ်ဆွတ် သတိရ တမ်း တမိ သည် ကျမ တို့ ရွာတရွာ သာ မဟုတ်ပါ ဘူး မြန်မာ နိုင်ငံ တဝန်းလုံး ရှိ ရွာတွေ က လည်း လသာ ည များ တွင် ခံစား မှု များ အတူတူ ဖြစ်ကြ မည်ဟု ကျမ ယုံကြည် ပါသည်။ သန့် ရှင်းကြည်လင်သည့် ကောင်း ကင် တွင် လမင်းက ထိန်ထိန်သာ နေသည်။ ရွာထဲ မှ ကလေးများ က ပျော်ရွှင်စွာ ဆော့ ကစားကြသည် လူကြီး များက ကွပ်ပျစ် ပေါ်တွင် ထိုင်ပြီး ရေနွေးကြမ်း သောက် လိုက် ထန်းလျက် ခဲလေးမြုံ့လိုက် လဘက်လေး ဝါး လိုက် နှင့် ရှေးဟောင်း နှောင်းဖြစ် က အစ ရပ်ရေး ရွာရေး တွေပြောနေကြသည်။

နောက် ကောင်း ကင်ကြီး ကို မော်ကြည့်ကြ မည် ကျမ တို့ ခေတ် သာမဟုတ် လူ့အနွယ် ဝင်လူသား များ ဖြစ်သည့် ကျမတို့ ဘိုးဘေး ဘီဘင် အဆက်ဆက်က ရှိခဲ့ပါ လိမ့်မည်။ အ မှတ် မထင် ကောင်းကင်ကြီး အား မော်ကြည့် ရင်း ထိန်ထိန်သာ နေ သည့် ဖိုး ရွှေ လမင်း ကို ငှင်း။ တလက် လက် တောက်ပ နေ ကြ သည့် ကြယ် စု များ စွာ ကို ငှင်း မှိတ်တုံ့ လင်းတုံ့ နှင့် အရောင် ထွက်နေ ကြသည့် ကြယ်ကလေး များ ကို ငှင်း ဘိုးဘွားဘီဘင် တို့က အမည်များ ပေးကြသည်။ ဟို --ကြယ်စုစုလေး က မောင်ရင် ဆိုင်းထမ်း -- ဟို က ဖြောက်ဆိတ် --ဟို က သောကြာကြယ် --နဂါး ငွေ့တန်းကြီး လည်း ချစ်သူတွေ လျှောက်ခဲ့ကြသည့် တံ တား ကြီးပေါ့ကွယ်-----လွမ်းဆွတ်ဘွယ် ပုံပြင်တွေပြောကြသည်။

ကျမ တို့ ဘိုးဘေး ဘီဘင် များဖြစ်သည့် လူသားများသည် ကောင်းကင်ပြင် ကြည်လင်သန့်ရှင်းသည့် ညများတွင် ကောင်းကင်သို့မော်ကြည့်မိပြီး ရင်တွင်းဝယ် လူးလွန့် လှုပ်ရှားသွားကြသည် ဘာ ဝေဒနာဟု ကိုယ့်ကိုယ်ခွဲခြား မသိကြ ထိုကြောင့် ထို ဝေဒနာကို ကင်ပွန်းတပ်လို့မရ ထိုကင်ပွန်းတပ်မရခဲ့သော ဝေဒနာကို လူ့အနွယ်ဝင် ဘိုးဘေးဘီဘင် တို့သည် ခံစားခဲ့ကြရသည်။ ထိုဝေဒနာ ကို အံထုတ်ဖေါ်ပြရန် အတွက် လူ့အနွယ်ကြီး အတွင်း ထူးထွေ ဆန်းပြား သော ပုံပြင်များ ရှိလာကြသည်။ ကဗျာ လင်္ကာ များ ဖွဲ့ခဲ့ကြသည် အထူးသဖြင့် မြေထဲ ပင်လယ်ဒေသနှင့် ဂင်္ဂါမြစ်ဝှမ်းတို့ တွင် ထို ပုံပြင်များသည် ကြီးကျယ်ခန်းနားကြပြီး ကြွယ်ဝကြသည်။

ရသ စာပေ ကိုမြတ်နိုး တတ်ကြ သည့် မြန်မာတို့ သည် မိမိ တို့ တွင် ရှိသည့် ပုံပြင်များ နှင့် တင်းတိမ် ရောင့်ရဲခြင်း မပြုနိုင်ကြ သဖြင့် ဂင်္ဂါယဉ်ကျေးမှု ၏ အသီးအပွင့်များ အား မိမိတို့ ၏ ယဉ်ကျေးမှု ဥယျာဉ်ခြံမြေ များတွင် တယု တယ စိုက်ပျိုးခဲ့ကြသည် နေနတ်သမီး နှင့် လ နတ်သား စသည့် ပုံပြင်များ ကို ကျမ တို့ မြန်မာ လူမျိုးများသည် မိ မိတို့ အမျိုးသားဝတ်ရုံများ ဆင်မြန်း ကာ အမြတ် တနိုး မွေးစားခဲ့ကြသည် မဟုတ်ပါလား။

ကျမ တို့ မြန်မာနိုင်ငံသည် တရုတ်ပြည် အိန္ဒိယပြည်နှင့် အရှေ့ အာရှ တောင်ပိုင်းဒေသများ ၏ ပတ်ဝန်း ကျင်တွင်တည်ရှိ ကာ ရေမြေ တောတောင်များ ဆက်စပ် နေသည်။ အနောက်ဘက် တောင်တန်းကြီး များ သည် အိန္ဒိယ ပြည် အရှေ့မြောက် ဒေသ နှင့်ငှင်း အာသံ မဏိပူရ နယ်များ နှင့်ငှင်း ဆက် စပ်ပြီး ရခိုင်ကမ်းမြောင် ဒေသသည် ဘင်္ဂလားနယ် နှင့်ငှင်းဆက်စပ်သည်။ မြောက်ဘက်တောင်တန်းများသည် တရုတ်ပြည်တိဗက် နယ်နှင့်ငှင်း ဆက် စပ်ပြီး အရှေ့ဘက် ကချင်တောင်တန်း နှင့်ရှမ်းကုန်းမြေမြင့်သည် တရုတ်ပြည် ယူနန်နယ်နှင်ငှင်း ။ တောင်ဘက် တွင် လင်းဇင်း ၊ မာလာယု များနှင့်ဆက်စပ်သည်။

ထို ပထဝီ အနေအထားများ ကြောင့် မြန်မာနိုင်ငံ သမိုင်း ဖြစ်ပေါ်တိုးတက် မှုသည် သီးခြား ကင်းလွတ်မနေပဲ ထို ဒေ သများ နှင့် ယဉ်ကျေး မှု နှင့်ဘာသာရေးများ ပါ ဆက်နွယ်လျက်ရှိကြပေသည်။ မြန်မာ ရာဇဝင်တော်ကြီး တွင်သာ ကီ ဝင် များဟု ရေးသား ဖေါ်ပြထားပြီး ခေတ်သစ် သမိုင်း ပညာရှင်များ က ပျူလူမျိုးများ ဟု ဖေါ်ပြထား သည့်လူ မျိုး နွယ်များသည် ရှေး နှစ်ပေါင်း နှစ်ထောင်ကျော်လောက် မှ စပြီး မဏိပူရ အာသံနယ်များမှတဆင့် ကဘော် တောင်ကြားလမ်းအတိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြပြီးလျင် သူတို့နှင့် အတူ ရှေးဟောင်း အိန္ဒိယ ပြည်ကြီး ၏ အင်ဒိုအာရိယန်ယဉ်ကျေးမှုများ ကို တင်သွင်းယူဆောင်လာခဲ့ကြသည် မြန်မာနိုင်ငံ တွင် ယနေ့ တိုင် လွှမ်းမိုး လျက်ရှိ သည့် အင်ဒို အာရိယန်ယဉ်ကျေးမှုသည် ယင်းပျူလူမျိုးများ ခေတ်မှ အစပြုခဲ့သည် ဟု လက် ခံ ယုံကြည်နိုင်စရာ သမိုင်းဝင်အထောက်အထား အများအပြား တွေ့ရှိရလေသည်။ မြန်မာ့ ယဉ်ကျေးမှု နတ် ကိုး ကွယ်မှု စစ်စစ်မှာ ၃၇ မင်းနတ်သာရှိသည်ဟု လေ့လာတွေ့ရှိရသည်။

ကိုလင်းဦး ( စိတ်ပညာ ) ရေးသားထား သည့် သာသနာတော် ကို ဂုဏ်တင်နေတာလား၊ ဂုဏ်ချနေတာလား။ ပိုစ့် လေး အား ဖတ်မိပြီး ကျမ ဒီပိုစ့်ကို ရေးလိုက်ပါသည်----။

အပြည့်အစုံသို့...

နိုင်ငံတကာ အခြေအနေ-- ( အမေရိကန်)

http://www.mathetzin.com
by မသက်ဇင်
ကမ္ဘာ့သမိုင်း နှင့်ပတ်သက်ပြီး ပိုစ့်လေးတော့ တင်အုံးမည် ဟု စိတ်ကူးထားသည့်အတိုင်း ရေး မည် ကြံတော့--ရှေးပဝေသဏီ က ကမ္ဘာ့ သမိုင်း များ ထက် ဒုတိယ ကမ္ဘာစစ် ပြီး စ စစ်အေးခေတ် ကမ္ဘာ့ နိုင်ငံရေး အခြေ အ နေများ နှင့် ဆက်နွယ် သည့် ယနေ့ နိုင်ငံ တကာ စီးပွား ရေး အခြေ အနေ များအား ဦးစွာ ရေး သား ချင် စိတ် များပေါ်ပေါက် လာခဲ့ပါသည်။

ဂျီ (၈) ဟု ခေါ် သည့် စက်မှု နိုင်ငံကြီး ရှစ် နိုင်ငံ အကြောင်း အား ရေးသွားမည်ဟု လည်း စိတ်ကူး ထား သဖြင့် အာစီယံ နိုင်ငံများ နှင့် နိုင်ငံရေး ဆက်နွယ် ပတ်သက်ခဲ့သည့် အမေရိ ကန်နိုင်ငံ ၏ စစ်အေး ခေတ် နိုင်ငံရေး အ ခြေအနေ နှင့် ယနေ့ အမေရိကန် ၏ စီးပွားရေး အခြေ အနေ ယေဘူယျ အား ပထမ ဦးစွာ ရေး သား လိုက် ပါ သည်။

ဒုတိယ ကမ္ဘာ စစ် အပြီး စစ်အေး တိုက်ပွဲ ကာလ တွင် အမေရိကန် က ဆိုဗီယက် ရုရှား အင်အားကြီး နိုင်ငံအား စိုးရိမ် စိတ်ဖြင့် ဂျပန်နိုင်ငံ မှ လက်ျာ အစွန်း ရောက် စစ်ဝါဒီ မြေအောက် ရာဇာ များအား အသုံးချပြီး နိုင်ငံ ရေး အ ရ ဂျပန် နိုင်ငံ အား ကျောထောက် နောက်ခံ ပေးခဲ့သည်။ အမေရိကန် ဈေးကွက်ကြီး အား ရက်ရောစွာဖွင့်ပေး ခဲ့ ခြင်းဖြင့်ငှင်း ကိုးရီးယား စစ်ပွဲ အားဖြင့်ငှင်း ဂျပန်နိုင်ငံ အား တဟုန်ထိုး တိုးတက် စေခဲ့သည်။ အမေရိကန် ၏ ပုံ အော ထောက် ပံ့ ခြင်း ခံရသည့် အာရှ အာဏာရှင် နိုင်ငံ များ သည်လည်း အ ရည် အ သွေး ကောင်းလာပြီး ဈေး ပေါသည့် ဂျပန်လုပ် ပစ္စည်းများ၏ အဓိက ဈေး ကွက် များဖြစ် လာကြသည်။

အမေရိကန်နှင့် အနောက် အုပ်စု ၏ မျက်နှာသာ ပေးခြင်းကြောင့် အာရှ အာ ဏာ ရှင် နိုင်ငံ များ သည် အာရှ၏ ကျား များ နဂါး များဖြစ်လာကြပြီး ရွှေထီး ဆောင်းခဲ့ကြပါသည်။ ယနေ့ ကာ လ တွင် အာဏာရှင်နိုင်ငံများ မှ ပြည် သူလူထုများ သည် ဒီမိုကရေစီရေး ရင့်ကျက်လာခြင်း အခြေခံ လူတန်း စားများ ၏ ဒီမိုကရေစီ မျက်နှာ စာ ကျယ်ပြန့် လာခြင်းတို့ကြောင့် ယနေ့ --အမေရိကန်နှင့် အနောက် အုပ်စုတို့သည် မိမိတို့ အားပေး အား မြှောက် ပြု ခဲ့ သည့် အာ ဏာ ရှင် နိုင်ငံများ၏ ဒီမိုကရေစီရေး ကို မျက်ကွယ်ပြု လို့ မရတော့---။

ယနေ့ အမေရိကန်၏ စီးပွားရေး အခြေအနေ အား ယေဘူယျ ကြည့်လျှင် အမေရိကန် နိုင်ငံတွင် လူသန်းပေါင်း ၅၀ ကျော်သည် ဆင်းရဲ မွဲတေ နေသည် ဟု လေ့လာသူများ က ဆိုပါသည်။ အိုးအိမ်မဲ့ ပြည်သူများ ၏ ပြဿနာ ကို အမေရိကန် လူမှုဗေဒ ပညာရှင်များနှင့် တက္ကသိုလ် ကျောင်းသူ ကျောင်းသား သုတေသီများ က အသေ အ ချာ လေ့လာ ဆန်း စစ်နေ ကြ ပါသည်။

သုံး မကုန် ဖြုံး မကုန် နိုင်အောင် ချမ်းသာကြွယ်ဝသူ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးများနှင့် အလွန်ဆင်းရဲမွဲတေပြီး အဟာရချို့တဲ့ ငတ်မွတ်သေဆုံးရသည် အထိ လူသား ချင်း တူ သော် လည်း မျှတ မှု မရှိသည့် အလွန် ကွာဟ နေသည့် အခြေအနေများအား တွေ့နေရသည်။

ကုလသမဂ္ဂ က ထုတ်ပြန်သည့် ကြေညာချက် တခုတွင် ကမ္ဘာ့ အချမ်းသာဆုံး သန်းကြွယ် သူဌေး သုံးယောက်၏ ချမ်းသာကြွယ်ဝ ခြင်းသည် ဆင်းရဲသည့် နိုင်ငံ လေးဆယ့် ရှစ် နိုင်ငံ၏ ပြည်တွင်း အသား တင် ထုတ်လုပ်မှု တန် ဘိုးထက် ပိုပြီး များပြားနေသည်ဟု ဖေါ်ပြထား ပါသည်။ ထို့ အပြင် ကမ္ဘာ့လူဦးရေ နှစ် ဒဿမ ငါး ဗီလီယံ သည် တရက် ဝင်ငွေ မလောက်မငှ နှင့် အသက်ရှင် ရပ်တည်နေရပြီး အဟာရ ချို့တဲ့မှု နှင့် သောက်ရေသန့် မရရှိ သူ များ ဖြစ်ကြသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်က ဖေါ်ပြထားသည်။

အမေရိကန်စာရေးဆရာ သတင်းစာဆရာတဦးဖြစ်သူ ဒေးဗစ်ကေရှစ် ပလာသည် ( The working poor - Invisible in America ) ဟူသည့် ငှင်း စာအုပ်တွင် အမေရိကန်နိုင်ငံမှ လူအချို့ ဆင်းရဲတွင်း နက်ပုံ ကို ဖေါ်ပြ ထား ပုံမှာ ပျက်စီး ဟောင်းနွမ်း နေသော လူနေ တိုက်ခန်း တခု မှ ကလေးငယ် တဦးသည် ရင်ကြပ်ရောဂါ ကို ဆိုးဆိုး ဝါးဝါး ခံစားနေရသည်။ ဆေးရုံ သို့ အရေးပေါ် ဆေးကုသ ရန်သွားရသည် မိခင်က တရိပ် ရိပ် တက် နေ သည့်ဆေးဘိုးဝါးခ ကို မပေးနိုင်ပါ--။ ထို့ကြောင့် မိခင်သည် နာမည်ပျက် စာရင်းဝင်သွားသည်--အကြွေး ဝယ် ထား သည့် မော်တော်ကား အတွက် အတိုးနှုန်း ကို တက်စေသည်။
ကား ဟောင်း ကို ဝယ်စီးရသည် --ထို မိခင်သည် ကားဟောင်း စီးပြီး ကား မကြာခဏ ပျက်သဖြင့် အလုပ်ခွင် သို့ မကြာခဏ နောက်ကျမှ ရောက်လာသည်--ထို့ကြောင့် ရာထူးတိုးရန်--လစာ ကောင်း ရရန် အခွင့်အလမ်း နည်း ပါးသွားသည်---ထို့ကြောင့် ပျက်စီးဟောင်းနွမ်းနေသည့် လူနေ တိုက်ခန်းထဲမှ ရုန်းမထွက် နိုင်တော့ပေ---
ထို ကလေးငယ်နှင့် မိခင်သည်--ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံမှာ နေလျက် သူတို့ အပေါ် ဘေး ဆိုး ကပ် ဆိုး အုပ် စိုးနေသလို အမြဲထိတ်လန့် ကြောက်ရွံ့ နေရရှာသည်ဟု ရေး သား ထား ပါ သည်။


အပြည့်အစုံသို့...

နာဂစ် မုန်တိုင်းအပြီး Logistic ဘာသာရပ်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုရန် စိတ်ဝင်စားသော လုပ်သက် သုံးနှစ် အထက်ရှိသူများက မြန်မာ - စင်ကာပူ နှစ်နိုင်ငံတွင်

http://www.khitlunge.net

နိုင်ငံတွင်း နာဂစ်မုန်တိုင်းအပြီး Logistics ဘာသာရပ်၏အခန်းကဏ္ဍသည် အဆင့်မြင့်အသက်မွေးဝမ်း"ကျောင်းပြုလိုသူများအတွက် လစာမြင့်မားစာရပ်တည်မှုရှိနေရာ လုပ်သက်သုံးနှစ်အထက်ရှိသူ စိတ်ဝင်စားသူများ"ကို မြန်မာစာနှင့် စင်ကာပူနှစ်နိုင်ငံတွင် ငါးလတာသင်ကြားပို့ချမည့် သင်တန်းစတင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံတွင်"ငါးလတာသင်ကြားပို့ချမည့်သင်တန်း စတင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် STI ကျောင်း၏ သတင်းပြန်"ချက်တစ်ရပ်အရသိရသည်။ Executive Diploma Logistic and supply Chain Managementကိုလုပ်ငန်းခွင်တွင်း"လုပ်သက်သုံးနှစ်အထက်ရှိသည့်မည်သူမဆို တက်ရောက်နိုင်ရာ စင်ကာပူနိုင်ငံ SIMM ကျောင်းမှ ပါမောက္ခများက"ရန်ကုန်မြို့တွင်တစ်လလျှင် နှစ်ပတ်နှုန်းဖြင့် ငါးလတိတိသင်ကြားသွားမည်ဖြစ်ပြီးစင်ကာပူနိုင်ငံတွင်တစ်ပတ်တိတိ"လေ့လာသင်ယူခြင်း အစီအစဉ်ပါဝင်သွားမည်ဟုလည်းသိရသည်။ စင်ကာပူနိုင်ငံတွင်း တစ်ပတ်တာသွားရောက်ရ"မည့် အစီအစဉ်နှင့် ပက်သက်၍ အရှေ့တောင်အာရှနိုင်ငံများတွင်း Logistics ဆိုင်ရာထိပ်တန်းဝင်ငွေရရှိနေ သည့်"နိုင်ငံအဖြစ်ရပ်တည်နေသည့် စင်ကာပူနိုင်ငံရှိ Logistics Industry များသို့သင်တန်းသားများမှ လေ့လာသွားရမည်
ဖြစ်ကြောင်းကို STI၏သတင်းထုတ်ပြန်ချက်အရသိရှိရသည်။ Logistics ဘာသာရပ်တွင် ကုန်ပစ္စည်းများ အချိန်မီ"ရောက်ရှိစေရေးနည်းပညာရပ်များ၊ လက်ဝယ်ရှိကုန်ပစ္စည်းများလျှော့ချနိုင်ပုံနှင့် ငွေကြေးအရင်းအနှီးလျှော့ချနိုင်ပုံ၊"ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုတို့မှ ကာကွယ်နိုင်ပုံစသည့်နည်းပညာရပ်ဆိုင်ရာများပါဝင်ကြောင်းသိရသည်။ စိတ်"ပါဝင်စားသူများ ကိုနိုဝင်ဘာလတွင် စတင် လက်ခံမည်ဖြစ်ပြီး သင်တန်းတက် ရောက်ပြီးသူများအနေဖြင့် Curtin"University မှ MBA ဘွဲ့ကိုဆက်လက်သင်ယူ သွားနိုင်မည်ဖြစ်ကြောင်းနှင့် သင်တန်းကျောင်းအား STI တည်ရှိရာ
မြန်မာ အင်ဖိုတက်ခ်ျနှင့်ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဘုံသာလမ်း(အထက်)တွင်ပို့ချသွားမည်ဖြစ်ကြောင်း ၂၀၀၈ခုနှစ်"အောက်တိုဘာလ ၂၄ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။"

အပြည့်အစုံသို့...

ဓာတ်ဆီ ဖြည့်စဉ် မော်တော်ယာဉ် တစ်စီး မီးလောင်

ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး ဓာတ်ဆီဖြည့်စဉ်မီးလောင်ကျွမ်းမှုတစ်ရပ်"အောက်တိုဘာလ ၁၄ရက်နေ့နံနက်၉နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန၏တရားဝင်"ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါယာဉ်မီးလောင်မှုသည် မရမ်းကုန်းမြို့နယ်(၅)ရပ်ကွက်၊ မောရ၀တီ လမ်း၊ ခြံ"အမှတ်(၁၃၃)တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ဆီဖြည့်နေစဉ် မီးခြစ်ခြစ်လိုက်ရာမှ လောင်ကျွမ်းမှု စတင်ခဲ့"ကြောင်း၊ မော်တော်ယာဉ် မီးလောင်းကျွမ်းမှုကြောင့် တာယာများ၊ မီးသီးလေးလုံး၊ ရှေ့မှန်၊ နောက်မှန်များ၊ ကူရှင်"များနှင့်ယာဉ်တစ်စီးလုံးနီးပါးလောင်ကျွမ်းခဲ့သည့်အပြင် မော်တော် ယာဉ်ထားရာ အဆောက်အအုံ၏ ထုတ်တန်း၊"တံခါးနှင့်ခေါင်မိုးများမီးလောင်ခဲ့ကြောင်း၊ လောင်ကျွမ်းခဲ့သည့် ယာဉ်အမျိုးအစားမှာ Sunny Pick-up ဖြစ်ကြောင်း၊"မီးလောင်ကျွမ်းမှုတစ်ခုလုံး၏ ဆုံးရှုံးမှုတန်ဖိုးကို ကျပ်သုံးသိန်းသတ်မှတ်ပြီးအဆောက်အအုံဆုံးရှုံးမှုကိုသုံးသောင်း"ကျော်သတ်မှတ်ထားကြောင်း အဆိုပါတရားဝင်ထုတ်ပြန်ချက်နှင့် အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား"ချက်အရသိရသည်။ မော်တော်ယာဉ်မီးလောင်ကျွမ်းရာ နေရာသို့မီးသတ်ယာဉ်(၁၄)စီးနှင့်မီးသတ်တပ်ဖွဲ့ဝင်(၁၂၁)
ဦးမီးငြှိမ်းသတ်ခဲ့ကြောင်း ပွင့်လင်းရာသီရောက်လာခြင်းကြောင့် မီးဘေး အန္တရာယ်ကို ပိုမိုဂရုစိုက်ကြရန် လိုအပ်"ကြောင်း မီးလောင်မှုသည်အချိန်အခါ၊ နေရာဒေသမရွေးဖြစ်ပွားတတ်ကြောင်း၊ ထို့ကြောင့် လူတိုင်းက တစ်ဦးချင်း"အသိဖြင့် ဂရုစိုက်သင့် ကြောင်းတိုင်းမီးသတ်ဦးစီးဌာနမှအရာရှိတစ်ဦးကပြောကြားကြောင်း၂၀၀၈ခုနှစ်အောက်တို"ဘာလ ၂၇ရက်နေ့The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

အပြည့်အစုံသို့...

ဗုဒ္ဓ စာပေကို အင်္ဂလိပ် ဘာသာဖြင့် အခမဲ့ လေ့လာ သင်ယူနိုင်

http://www.khitlunge.net

ဗုဒ္ဓစာပေကို အင်္ဂလိပ်ဘာသာဖြင့် လေ့လာလိုသူများအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း Brightful"Horizon ကုမ္ပဏီက စာသင်ဝိုင်းတစ်ခုစီစဉ်ပေးပြီး သင်ကြားပို့ချလျက်ရှိကြောင်းအဆိုပါကုမ္ပဏီ၏အုပ်ချုပ်မှုအကြီး"အကဲ ဦးဇော်မိုးအောင်ကပြောသည်။ အဆိုပါဗုဒ္ဓစာပေကို လေ့လာရန်စိတ်ပါဝင်စားသူများသည် အင်္ဂလိပ်စာအခြေ"ခံရှိရန် လိုအပ်ကြောင်း၊ ဗုဒ္ဓစာပေကိုလေ့လာခြင်းဖြင့် ပါဠိဖတ်တတ်လာပြီးအတွေးအမြင်လည်းပိုမိုကောင်းမွန်လာ"မည်ဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်ချိန် စက်တင်ဘာလက ၅၀ ဦးခန့်လာရောက် လျှောက်ထားကြောင်း၊ စာဖတ်ဝိုင်း"တစ်ဝိုင်းကို လူ ၂၀ဦးသာ ကန့်သတ်ထားသဖြင့် ပထမလတွင် လူ ၃၇ဦးကိုရွေးချယ် စိစစ်ရကြောင်း၊ ဆက်လက်၍"တက်ရောက်လိုသူများရှိက ညနေပိုင်းအတန်းနှင့် နံနက်ပိုင်းစာဖတ်ဝိုင်းကိုအဆင်ပြေစွာတက်ရောက်နိုင်ရန်ညှိနှိုင်း"သင်ကြားပေးမည်ဖြစ်ကြောင်း၎င်းကဆိုသည်။ ယင်းစာဖတ်ဝိုင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီမှ နေ့"လယ်၁၂နာရီအထိ ပုံမှန်ရှိပြီးနားလည်တတ်ကျွမ်းသည့် ဆရာများက ဓမ္မဒါနအဖြစ်သင်ကြားပို့ချပေးကြောင်း စိတ်"ဝင်စားတက်ရောက်လိုပါက တယ်လီဖုန်းနံပါတ် ၆၆၅၂၃၅ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း၎င်းကထပ်မံပြောကြား"ကြောင်း ၂၀၀၈ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။"

အပြည့်အစုံသို့...

ကမ္ဘာ့ စီးပွားရေး အခြေအနေ ငါးနှစ် အတွင်း ပြန်ကောင်း လာမည်



http://www.khitlunge.net

စင်္ကာပူနိုင်ငံ Human Capital Summit စည်းဝေးပွဲတွင် နိုင်ငံ၏ ၀ါရင့်ခေါင်းဆောင်ကြီးဖြစ်သူ လီကွမ်ယူ
က ယနေ့ ဈေးကွက်ကသောင်းကနင်းဖြစ်မှု၏ အတိမ်အနက်နှင့် မည်မျှကြာကြာဒုက္ခခံရမည်ကိုခန့်မှန်း ပြောဆိုရန်
မလွယ်ကူကြောင်း၊ အာရှဒေသသည် ကမ္ဘာ့အခြား ဒေသများထက် အခြေအနေ ကောင်းမွန်ကြောင်း၊ တရုတ်နှင့်
အိန္ဒိယ၏ တိုးတက်မှုအခြေအနေကြောင့် အာရှအတွက် သက်သာ ခွင့်ရကြောင်း၊ အခြေအနေအရ အလုပ်လက်မဲ့
ဖြစ်သွားကြရသူများသည် မိမိတို့၏အသိပညာနှင့်ကျွမ်းကျင်မှုများတိုးပွားအောင်ဆည်းပူးနေကြရမည်ဖြစ်ကြောင်း၊
ဘဏ်လုပ်ငန်း၏ ချွတ်ယွင်းချက်များကို ပြင်ဆင်ပြီးသွားလျှင် ကမ္ဘာ့ စီးပွားရေးသည် သုံးနှစ်မှ ငါး နှစ်အတွင်း ပြန်
လည် တည်ငြိမ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ (အေအက်ဖ်ပီ)


ဦးမြင့်သိန်း

အပြည့်အစုံသို့...

အော်စကာဆုရှင် ဂျက်နီဖာ ဟဒ်ဆန်၏ မိခင် နှင့် အစ်ကို ဖြစ်သူ အသတ်ခံရ


http://www.khitlunge.net

အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး ဂျက်နီဇာဟဒ်ဆန်၏ မိခင်နှင့် အစ်ကိုဖြစ်သူတို့သည် ၎င်းတို့နေထိုင်
ရာ ချီကာဂိုမြို့နေအိမ်၌ လုပ်ကြံ သတ်ဖြတ်ခံရမှုကြောင့် သေဆုံး ခဲ့ကြောင်း သိရသည်။ သူမ၏ မိခင် Darnell
Donnerson (၅၇ နှစ်) နှင့် အစ်ကိုဖြစ်သူ Jason Hudson (၂၉ နှစ်) တို့၏ ရုပ်အလောင်းများကိုမိခင်ဖြစ်သူနေထိုင်
ရာ Englewood အရပ်ရှိ နေအိမ်၌ သောကြာနေ့ နေံလည် ၃း၀၀နာရီအချိန်ခန့်တွင်သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်
ကြောင်း သတင်းများကဆိုသည်။ ယင်းဖြစ်ရပ်သည် အိမ်တွင်းရေးပြဿနာကို အခြေခံ၍ ပေါ်ပေါက်လာသော လူ
သတ်မှုဖြစ်ဟန်ရှိသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။ ရုပ်ရှင်မင်းသမီး ဂျက်နီဇာဟဒ်ဆန် (26 နှစ်)သည်အမေရိ
ကန်စံပြမယ်အဖြစ် နိုင်ငံတ၀ှမ်းလျှမ်းလျှမ်းတောက် ကျော်ကြားသူတစ်ဦးဖြစ်ပြီး 'Dreamgirls'ဇာတ်ကားဖြင့်အော်
စကာထူးချွန်ဆု ရရှိထားသူဖြစ်သည်။ (အေအက်ဖ်ပီ)

(၂၅၊ ၁၀၊ ၂၀၀၈) ရက်၊ နံနက် (၉း၃၀) နာရီ။

ငုဝါ

Type the rest of your post here.

အပြည့်အစုံသို့...

မဆုံးသေးသည့်နောက်ဆုံးအိမ်မက်(၄)ရွက်စိမ်း

နောက်ဆုံးအိမ်မက်အမှတ်လေးကိုဆက်ရေးဖို့တော်တော်အားမွေးခဲ့ရပါသည်။အ
ဟောင်းတွေအသစ်ပြန်ဖြစ်တဲ့အခါအဲဒီအချိန်တုံးကလိုပဲရင်မှာနာကျင်စွာပြန်ခံစား
ရပါသည်။အတွေးတွေတဆက်တစပ်တည်းရှိနေတုန်းမှာ(အရှိန်လေးရှိနေတုန်းမှာ)
မဖြစ်မနေဆက်ရေးရဦးမည်။အဖြစ်တွေကအတော်ပင်ဆင်တူရိုးမှားနိုင်ပါသည်။

ကျွန်တော်ရဲ့ဆောင်းပါးတတိယပိုင်းမှာရေးသလိုသံသရာကလည်လွန်းပါသည်။
ကျွန်တော်တို့တုန်းက၁၉၈၈ကုန်ခါနီး။၁၉၉၀မှာရွေးကောက်ပွဲကျင်းပတော့မယ်။
အခုကျွန်တော်ဆောင်းပါးရေးနေတဲ့အချိန်က၂၀၀၈ကုန်ခါနီး၊၂၀၁၀မှာပြည်သူတွေ
သဘောတူတူမတူတူသူတို့စိတ်တိုင်းကျရေးထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအ
ခြေပြုလို့သူတို့စိတ်တိုင်းကျရွေးကောက်ပွဲပြုလုပ်တော့မှာပါ။

၁၉၈၈တုန်းကလူ့ဘောင်သစ်ပါတီကရွေးကောက်ပွဲမဝင်ပါလို့တရားဝင်ကြေညာခဲ့
သည်။အခု၂၀၀၈မှာတော့NLDပါတီက၂၀၁၀ရွေးကောက်ပွဲမဝင်ဟုတရားဝင်ငြင်းဆန်
ခဲ့ပြီ။ဒါဆိုလျှင်၁၉၈၈တုန်းကလူဘောင်သစ်ပါတီကြုံခဲ့သည်အဖြစ်များသည်တပတ်ပြန်
မလည်လာနိုင်ပါဟုမည်သူပြောနိုင်ပါမည်နည်း။ကျွန်တော်တို့ကြုံခဲ့ရသည့်အဖြစ်များ
ကလက်ရှိတိုက်ပွဲဝင်နေသူများအတွက်သတိပြုစရာတစုံတရာများပေးနိုင်ပါ
မည်လား။

စစ်အာဏာရှင်များနှင့်ထိပ်တိုက်ရင်ဆိုင်ခဲ့ရမှုများအကြိမ်မြောက်များစွာဖြစ်ခဲ့ရ
သည်။၁၉၈၉ခုနှစ်ဇူလိုင်လတွင်အပြင်းထန်ဆုံးဖြစ်ခဲ့ပါသည်။ပါတီ၏လှုပ်ရှားမှု
များသာမကကျောင်းသားသမဂ္ဂများ၏လှုပ်ရှားလှုံ့ဆော်မှုများသည်အရှိန်အမြင့်
ဆုံးဖြစ်လာသည်။တဖက်မှမဟာမိတ်ပါတီဖြစ်သောNLDပါတီမှလည်းမတရား
သည့်အမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြဟူသည့်ဆောင်ပုဒ်ဖြင့်တိုက်ပွဲ
ရေချိန်အမြင့်ဆုံးဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်ကလာမည့်ဇူလိုင်လ(၁၉)ရက်အာဇာနည်နေ့ကိုမိမိတို့
NLDပါတီ၏အစီအစဉ်ဖြင့်သာတက်ရောက်အလေးပြုပန်းခွေချမည်ဟုကြေညာ
ခဲ့သည်။ဇူလိုင်လ(၁၆)ရက်နေ့တွင်အာဇာနည်နေ့အကြိုဟောပြောပွဲအဖြစ်အင်း
စိန်မြို့နယ်NLDရုံးတွင်NLDနှင့်လူ့ဘောင်သစ်ပါတီတို့ပူးတွဲကျင်းပခဲ့ကြသည်။

ထောင်နှင့်သောင်းနှင့်ချီသောလူထုကြီးကသူတို့၏လူထုခေါင်းဆောင်ဟောပြော
ခြင်းကိုတခဲနက်လာရောက်အားပေးခဲ့ကြသည်။လူ့ဘောင်သစ်ပါတီနှင့်ကျောင်း
သားသမဂ္ဂများမှခေါင်းဆောင်အချို့လည်းထိုနေ့တွင်ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင်စိတ်ဓါတ်တက်ကြွနေသောလူထုကြီးကဒေါ်အောင်ဆန်း
စုကြည်၏ကားနောက်မှကြွေးကြော်သံများကြွေးကြော်ကာလိုက်လံပို့ဆောင်ပေး
ခဲ့ကြသည်။ထိုပွဲသည်ဒေါ်အောင်ဆန်းစုကြည်အတွက်အကျယ်ချုပ်ဖြင့်ဖမ်းဆီး
ခြင်းမခံရခင်နောက်ဆုံးတရားပွဲပင်ဖြစ်တော့သည်။ထိုအချိန်ကတော့လူထုကြီး
လဲမသိ၊ကျွန်တော်တို့လည်းမသိခဲ့ပါ။

ဇူလိုင်လ(၁၉)ရက်အာဇာနည်နေ့တွင်စုရပ်ဖြစ်သောရွှေဂုံတိုင်လမ်းဆုံသို့
ကျောင်းသားများ၊ပြည်သူလူထုများ၊လူ့ဘောင်သစ်ပါတီဝင်များသည်ပန်းခြင်း
ပန်းခွေများ၊ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ
၏ရုပ်ပုံကားချပ်များကိုင်ဆောင်၍စုရုံးရောက်ရှိနေခဲ့ကြသည်ဦးဆောင်ချီတက်
မည့်ဒေါ်အောင်ဆန်းစုကြည်ကတော့ထွက်မလာနိုင်ရှာတော့။

"ကျမတို့ဟာကျမတို့တိုင်းပြည်မှာနေပြီးအကျဉ်းသားတွေဖြစ်နေရတာကမ္ဘာကသိပါ
စေ"ဟူသည့်ကြေငြာချက်အတိုလေးတစောင်သာထွက်လာနိုင်ခဲ့တော့သည်။(နှစ်ပေါင်း
များစွာကြာခဲ့ပြီဖြစ်ခြင်း၊တောထဲမှာငှက်ဖျားရောဂါအကြိမ်ကြိမ်နှိပ်စက်ခံခဲ့ရခြင်းနှင့်
ငတ်မွတ်ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းလာခဲ့ရသည့်အကြောင်းများကြောင့်တခါတရံ
စကားလုံးအနည်းငယ်လွဲချော်မှုများရှိခဲ့ပါလျှင်သည်းခံခွင့်လွှတ်ပေးပါရန်။)ကျွန်တော်
အပါအဝင်စုရုံးရောက်ရှိနေသူများအားလုံးယူကြုံးမရဒေါသဖြစ်ကြရသည်။

သွေးဆူနေကြသောကျောင်းသားများသည်ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကိုချီတက်
၍ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လုရန်စိုင်းပြင်းလာကြသည်။တယောက်နှင့်တယာက်
အမျိုးမျိုးချော့မော့ဖြောင်းဖျထိန်းသိမ်းရင်းမှနောက်ဆုံးတွင်ကျွန်တော်တို့၏လူထုခေါင်း
ဆောင်ဦးမဆောင်နိုင်တော့သော်လည်းသူဆုံးဖြတ်ခဲ့သည့်အတိုင်းအာဇာနည်ကုန်းသို့
ငြိမ်းချမ်းစွာချီတက်ပန်းခွေချအလေးပြုရန်ကျွန်တော်တို့ဆုံးဖြတ်ခဲ့ကြသည်။ငြိမ်းချမ်း
ရေးကိုမြတ်နိုးသောအကြမ်းမဖက်သောနည်းလမ်းဖြင့်သာကျွန်တော်တို့ကိုတလျှောက်
လုံးခေါင်းဆောင်မှုပေးခဲ့သောဒေါ်အောင်ဆန်းစုကြည်ကိုတုန့်ပြန်ဂုဏ်ပြုရန်ထိုတလမ်း
တည်းသာရှိသည်ဟုကျွန်တော်တို့ယုံကြည်ခဲ့ကြသည်။

ထိုကြောင့်အားလုံးကိုငြိမ်းချမ်းစွာချီတက်ရန်၊မည်သို့ပင်ဖြစ်စေဒေါသနှင့်မတုန့်ပြန်ရန်
အားလုံးကိုမေတ္တာရပ်ခံ၍အာဇာနည်ဗိမာန်သို့ချီတက်ခဲ့ကြပါသည်။ထိုအာဇာနည်ကုန်း
သို့ရောက်လျှင်လည်းသူတို့ခွင့်ပြုသည့်အစီအစဉ်အတိုင်းသာအစဉ်အလိုက်ပန်းခွေချ
မည်၊အလေးပြုကြမည်ဟုရည်စူးထားခဲ့ကြပါသည်။

သို့ရာတွင်ရေခဲဆိုင်မှတ်တိုင်မရောက်ခင်ဘက်နှစ်ဘက်လုံးအုတ်တံတိုင်းများကာရံ
ထားသောတနေရာတွင်ကျွန်တော်တို့အားပိတ်ဆို့တားဆီးခြင်းခံရပါတော့သည်။
ရုန်းရင်းဆန်ခတ်ဖြစ်ရန်ဆန္ဒမရှိသောကျွန်တော်တို့အနေဖြင့်အေးဆေးပြေလည်စွာ
ညှိနိုင်းရန်ကြိုးစားခဲ့ပါသေးသည်။သို့ရာတွင်ကျွန်တော်တို့သည်သားစားကျူးသော
ဘီလူးတို့ကိုလူဟုထင်မှတ်မှားခဲ့ပါပြီ။ရှေ့မှပန်းခွေပန်းခြင်းကိုင်အမျိုးသမီးငယ်များ
ကိုထိုင်ခိုင်းလိုက်ပြီးကျွန်တော်တို့သွားရောက်ညှိနိုင်းဆွေးနွေးနေစဉ်မှာပင်နှစ်ဘက်
ညှပ်၍ရိုက်နှက်ခြင်းခံရပါတော့သည်။

ဘေးဘက်သို့ပြေးရန်နေရာမရှိခြင်းရှေ့နှင့်နောက်နှစ်ဘက်ပြေးပေါက်မရှိအောင်ရှေ့
နောက်ပိတ်ပြီးဘက်နှက်များဖြင့်ထိုးခြင်း၊ရာဘာတုတ်များဖြင့်ရိုက်နှက်ခြင်းကြောင့်
အထိနာကြရပါသည်။အထူးသဖြင့်အုတ်တံတိုင်းနှင့်ခြံစည်းရိုးများကိုကျော်မပြေးနိုင်
ရှာသဖြင့်အမျိုးသမီးများပိုအထိနာကြပါသည်။ကျွန်တော်မှတ်မိသမျှသုံးယောက်သေ
ပြီး၊၁၈ယောက်ဒဏ်ရာရကာ၈၂ယောက်အဖမ်းခံရပါသည်။အများစုမှာလူ့ဘောင်သစ်
ပါတီဝင်များဖြစ်ကြသည်။

ထိုနှိမ်နင်းခံရမှု၏အရှိန်သည်ရန်ကုန်မြို့တွင်းအထိပြန့်နှံ့သွားခဲ့ပြီးနေရာအများအပြား
တွင်ဆန္ဒပြမှုများထက်လက်ဖြစ်ပွါးခဲ့ပါသည်။အထူးသဖြင့်လူ့ဘောင်သစ်ပါတီဌာနချုပ်
အနီးတဝိုက်ဖြစ်သောရန်ကုန်မြို့လယ်တွင်ပိုမိုများပြားခဲ့ပါသည်။ဇူလိုင်လ၂၁ရက်နေ့
တွင်ထိုဖြစ်ရပ်အတွက်သတင်းစာရှင်းလင်းပွဲကိုကျွန်တော်တို့ပြုလုပ်ခဲ့ပြီးမတရားမှုများ
ကိုဖွင့်ချနိုင်ခဲ့ပါသည်။

ထို့အတွက်သူတို့၏တုန့်ပြန်မှုကလူ့ဘောင်သစ်ပါတီခေါင်းဆောင်များကိုတဦးပြီးတဦး
ဖမ်းဆီးခဲ့ခြင်းပင်ဖြစ်သည်။ဥက္ကဌကိုအောင်ဇေယျ၊ကိုဂျင်မီကိုယဉ်ထွေးနောက်ရန်ကုန်
တိုင်းဥက္ကကိုတင်သန်းဦးအပါအဝင်မြို့နယ်အဆင့်ခေါင်းဆောင်များပါအဖမ်းခံကြရ
သည်။ကျွန်တော်တို့ဘက်တခြမ်းသည်ရပ်တည်မရတော့အောင်ဖြိုခွဲခံခဲ့ရသည်။အချို့
ခေါင်းဆောင်များတောထဲသို့ထွက်ပြေးခဲ့ရပါသည်။

ယခုဖြစ်စဉ်များကိုကျွန်တော်ပြန်ရေးနေခြင်းမှာဆက်လက်တိုက်ပွဲဝင်နေကြသူများနှိုင်း
ယှဉ်သင်္ခန်းစာယူနိုင်ပါရန်ဖြစ်သည်။ယခုNLDပါတီတွင်လူငယ်အဖွဲ့ဝင်အချို့သည်ထိုစဉ်
ကအထက်တန်းအလယ်တန်းကျောင်းသားအရွယ်သာရှိကြပါမည်။ယခုအခြေအနေများ
နှင့်ကျွန်တော်တို့ကြုံတွေ့ခံစားခဲ့ရသည့်အခြေအနေများသည့်တူညီနေသောအချက်များ
ရှိပါသည်။ထိုမျှမကလွတ်လပ်ရေးကြိုးပမ်းမှုကာလကအဖြစ်များပင်ကျွန်တော်တို့ခေတ်
တွင်ဆင်တူရိုးမှားဖြစ်ခဲ့သည်များရှိခဲ့သည်။ထိုစဉ်ကကွဲထွက်သွားခဲ့သောဘက်သည်ကော
ထိုဖြိုခွဲခံရသည့်အဖြစ်မှလွတ်ပါသည်လား။

ကျွန်တော်တို့ပြီးတော့သူတို့အလှည့်ဖြစ်သည်။နောက်ဆုံးတွင်မတရားသင်းကြေညာ
ခံရသည့်အခြေအနေရောက်ခဲ့သည်။ယခုလက်ရှိလူ့ဘောင်သစ်ပါတီကိုဦးဆောင်နေ
သောကိုအောင်မိုးဇော်တို့အသိဆုံးဖြစ်သည်။သူကတဖက်ခြမ်းတွင်ခေါင်းဆောင်တဦး
ဖြစ်သည်။လက်ရှိပါတီတွဲဘက်အထွေထွေအတွင်းရေးမှူးကိုငွေလင်းသည်ထိုစဉ်က
ကျွန်တော်တို့ဘက်ခြမ်းမှဖြစ်သည်။

ယခုတော့အတူတကွတွဲ၍တာဝန်ထမ်းဆောင်နေကြသည်။ထိုစဉ်ကကြီးမားသောညှိ
မရသောပြဿနာကြီးသည်ယခုတော့ဘာမျှမဟုတ်တော့ပေ။သမိုင်းသည်ကြော့၍
ကြော့၍တပါတ်လည်နေသည်။ဟိုယခင်မဆလလက်ထက်ကတည်းကထိုသွေးခွဲမှုမျိုး
သူတို့ကျင့်သုံးသည်။ယခုစစ်အာဏာရှင်များလည်းကျင့်သုံးသည်။ထိုသို့ပြုသမျှ
အကြိမ်ကြိမ်ခံနေကြရလျှင်ထိုမျိုးဆက်သည်ညံရာကျတော့မည်။ကျွန်တော်တို့ညံ့၍
သွေးခွဲခံခဲ့ကြသည်။

ယခုမျိုးဆက်များကောကျွန်တ်ာတို့နောက်ကိုဆက်လိုက်မည်လော။

(ဆက်လက်ဖေါ်ပြပါမည်။)

အပြည့်အစုံသို့...

Sunday, October 26, 2008

"ယောနိသော မနသိကာရ"

နိဒါန်း


သူငယ်ချင်းက မကြာခဏ ပြောတယ်
"ယောနိသော မနသိကာရ"
အသင့်အတင့်နှင့်
နှလုံးသွင်းတတ်ဖို့ လိုသည် တဲ့ ။

၁။
အာဏာရူးတွေကမ်းကုန်အောင်မိုက်မဲပုံများ
ခလေးသူငယ်တွေရဲ့ အနာဂတ်ကို
သုံးစားမရတဲ့ချောက်တဲ့ ပစ်ပစ်ချနေမှတော့
"ယောနိသော မနသိကာရ" ကို
ငါက ဘယ်လိုလုပ်ပြီး
နှလုံးသွင်းနိုင် မှာတဲ့တုန်း။

သိက္ခာအပြည့်နဲ့စီးမျော
ဧရာဝတီမြစ်တကျောအပေါ်မှာ
ကြယ်တွေကြွေပြီးရင်း ကြွေနေတာကို
ရင်နာစွာမြင်တွေ့ နေရတော့
ငါက ဘယ်လိုလုပ်ပြီး
"ယောနိသော မနသိကာရ"ကို
နှလုံးသွင်းနိုင် မှာတဲ့တုန်း။
၂။
နေရာတွေလွဲမှား
စာသင်ခန်းတွေထဲက ကျောင်းသားများ
နယ်နမိတ်မျဉ်းများအပေါ်မှာ
တော်လှန်ရေး သန္တိသုခကိုစားသုံး
အာဏာရှင်ကို တွန်းလှန်နေတာမြင်နေရမှတော့
ငါက ဘယ်လိုလုပ်ပြီး
"ယောနိသော မနသိကာရ"ကို
နှလုံးသွင်းနိုင် မှာတဲ့တုန်း ။

ရုပ်သွင်သဏ္ဍန်က
ဖေါ့ဖယောင်းလို ပျော့ ပျောင်းပေမယ့်
ုယုံကြည်ချက်နဲ့စိတ်ဓာတ်များ
သံမဏိသံဆိုင်ခဲလိုမာကျော
(အမည်နဲ့ လိုက်ဖက်စွာ)
လေးစားရသော ကိုသံခဲရေ
ဆေးထိုးအပ်ကိုင်ရမယ့် ခင်ဗျားလက်ထဲ
သေနတ်ကိုင်ဆွဲ တရားသောစစ်ကို ဆင်နွှဲနေတာမြင်နေရတော့
ငါကဘယ်လိုလုပ်ပြီး
"ယောနိသော မနသိကာရ"ကို
နှလုံးသွင်းနိုင် မှာတဲ့တုန်း။

၃။
ငယ်စဉ်ခလေးဘ၀ထဲကစ
ချစ်ခင်မြတ်နိုးရတဲ့ အကိုရေ
ပြည်တွင်းကနေ တိုက်ပွဲဝင်ရင်း
ကြယ်ရောင် လရောင်မမြင်ရအောင်မဲမှောင်
(နှစ်ဆယ့်ခြောက်နှစ်တာကာလ)
နအဖ အကျဉ်းထောင်ထဲရောက်တာတောင်မှ
အမေကနေ တဆင့်မှာကြား
"မင်းတို့ ငါတို့ ခေတ်မှာ
စစ်အာဏာရှင်စနစ် အဆုံးသတ်ဘို့ ကြိုစား"
အဲဒီစကား ပြန်ကြားရတော့
ငါက ဘယ်လိုလုပ်ပြီး
"ယောနိသော မနသိကာရ"ကို
နှလုံးသွင်နိုင် မှာတဲ့တုန်း။

ခေတ်ဆိုး စနစ်ဆိုးရဲ့ သားကောင်ဖြစ်ခဲ့ရ
လူငယ်များစွာ တိုင်းပြည်မှထွက်ခွာ
ရေကြည်ရာ မြက်နုရာရှာဖွေရင်းနဲ့
(တိုးတက်ပါတယ်ဆိုတဲ့ ဖုန်းဆိုးမြေများမှာ)
ရေမျောကမ်းတင် ဖြစ်အင်တွေ မြင်တွေ့ နေရတော့
ငါက ဘယ်လိုလုပ်ပြီးး
"ယောနိသော မနသိကာရ"ကို
နှလုံးသွင်းနိုင် မှာတဲ့တုန်း။

နိဂုံး။

သူငယ်ချင်းရေ
ကျေးဇူးလဲတင် ခင်လဲခင်တယ်
မဝေးတော့တဲ့ အနာဂတ်မှာ
အာဏာရှင်စနစ် ဘုံးဘုံးလဲကျသွားတဲ့အခါ
မင်း မကြာခဏ ပြောပြနေတဲ့
"ယောနိသော မနသိကာရ"ကို
ငါ နှလုံးသွင်းလို့ ရမှာပါ ။

အပြည့်အစုံသို့...

အရပ်သားအစိုးရတရပ် ပေါ်ပေါက်ရေးနဲ့ပတ်သက်လို့ -

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အချိန်ကြာနိုင်ပြီး စစ်အစိုးရက အရပ်သား အစိုးရတရပ် အုပ်ချုပ်နိုင်အောင် ပြင်ဆင်တာမျိုး မရှိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့တ်စ် အိုဟေး ကင်တာနား (Thomas Ojea Quintana) က ဝေဖန် ပြောဆိုပါတယ်။ တချိန်တည်းမှာ စစ်အစိုးရ ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံဟာ အတုအယောင် ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး စစ်အစိုးရအနေနဲ့ သူ အဆိုပြုထားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အချက်လေးချက်ကို လုပ်ဆောင်ဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

မနေ့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့တ်စ် ဟိုဟေး ကင်တာနား က မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖေါ်ခွင့်၊ စည်းရုံးခွင့် စတဲ့ နိုင်ငံရေး အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အကြောင်း၊ စစ်အစိုးရဘက်က နိုင်ငံတကာက လက်ခံတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် အခြေခံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတဲ့အကြောင်း အဓိက ပြောသွားတာ တွေ့ရပါတယ်။


ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ရေးရေးမှူး တိုမာ့တ်စ် အိုဟေး ကင်တားနား
"မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အရပ်သားအစိုးရတရပ် ပေါ်လာရေးနဲ့ ပတ်သက်လို့ အချိန်ယူရအုံးမှာ ဖြစ်ပါတယ်။ သေချာတဲ့အချက် သိသိသာသာ မြင်ရတဲ့အချက် ကတော့ စစ်အစိုးရက အရပ်သားအစိုးရ အတွက် ပြင်ဆင်တာမျိုး မရှိပါဘူး။ စစ်အတွက်ပဲ ပြင်ဆင်တာ တွေ့ရပါတယ်။ ဒါကြောင့် အချိန်ကြာမယ်လို့ ကျနော်ပြောတာ ဖြစ်ပါတယ်။"

လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်ဖို့ ဆိုရင် နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြည်တွင်း ဥပဒေတွေကို ပြင်ဆင်ဖို့၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ စစ်တပ်ကို လူ့အခွင့်အရေး သတင်တန်းတွေ ပေးပြီး ပြုပြင်ပြောင်းလဲဖို့ နဲ့ လွတ်လပ်တဲ့ တရားစီရင်မှု နဲ့ တရားဥပဒေ စိုးမိုးအောင် လုပ်ဆောင်ဖို့ အကြံပေးထားပါတယ်။ ဒီအကြံပေးချက်တွေကို မလိုက်နာရင် စစ်အစိုးရအပေါ် နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။

"ကျနော့် အစီရင်ခံစာမှာ ကျနော် ပြောထားပါတယ်။ စစ်အစိုးရ ကျင်းပတဲ့ အမျိုးသားညီလာခံ ဟာ အတုအယောင် အမျိုးသားညီလာခံ ဖြစ်တယ် ဆိုပြီး၊ ဒီကိစ္စက ရှင်းပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ ရောက်ခဲ့တဲ့ အတွက်လည်း ဒီကိစ္စကို ကျနော် စုံစမ်းနိုင်ပါတယ်။ ကျနော် အဆိုပြုထားတဲ့ အချက်လေးချက်က မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး ဘာပဲလုပ်လုပ်၊ ဖွဲ့စည်းပုံရေးဆွဲရေးပဲ လုပ်လုပ် ဒီအချက်တွေကို အကောင်အထည် မဖော်ဘူးဆိုရင် နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာနဲ့ ပတ်သက်လို့လည်း မစ္စတာ ကင်တားနားက -

"ကျနော့် ရှုမြင်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တဖက်သတ် စစ်အစိုးရဘက်က သူ့သဘောနဲ့သူ ချုပ်နှောင် ထားတာကို ခံထားရတာပါ။ မျှမျှတတ တရားစီရင်တာကို မခံရဘူးလို့ ကျနော် မြင်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက အယူခံ ၀င်ထားတယ်လို့ ကျနော် သိပါတယ်။ စစ်အစိုးရအနေနဲ့ ဒီကိစ္စကို အရေးတယူ ပြန်လည်ပြုပြင်ပြီး မျှမျှတတ စဉ်းစားမယ်၊ ချက်ခြင်း လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

မြန်မာနိုင်ငံအတွင်း မုန်တိုင်းဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဆက်ပြီး လိုအပ်နေဆဲ ဖြစ်တဲ့အကြောင်းနဲ့ တချိန်တည်းမှာ လူ့အခွင့်အရေး အခြေအနေကိုလည်း ပစ်ပယ်ထားလို့ မရတဲ့အကြောင်း မစ္စတာ ကင်တားနားက ပြောသွားပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အကျဉ်းထောင်တွေကို လွတ်လွတ်လပ်လပ် သွားခွင့်ရဖို့ စစ်အစိုးရ အာဏာပိုင်တွေနဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ရတာတွေ ရှိတဲ့အကြောင်း ကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်၊ ကုလသမဂ္ဂဟာ မြန်မာစစ်အစိုးရကို အထီးကျန် ၀ိုင်းပယ်ခံ ထားရတာကနေ ကယ်ထုတ်ဖို့ ကြိုးစားတာ ဖြစ်တယ်ဆိုတာ စစ်အစိုးရ နားလည်ဖို့ လိုတဲ့အကြောင်းတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အပြည့်အစုံသို့...

Friday, October 24, 2008

‘ကေ’ သင်္ဘောလိုင်း မြန်မာနိုင်ငံ ခရီးစဉ်များ ရပ်ဆိုင်း

ကာဝါဆာကီ ကီဆင် ကိုင်ရှာ (Kawasaki Kisen Kaisha Ltd.) ဂျပန်သင်္ဘောလိုင်း၏ ဒေသတွင်း လက်အောက်ခံ သင်္ဘောလိုင်း ဖြစ်သည့် စင်္ကာပူမှ ('K' Line Singapore Pte Ltd.) သည် မြန်မာနိုင်ငံသို့ ကွန်တိန်နာများ တင်ပို့နေသည့် လုပ်ငန်းကို ယာယီ ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပြီး၊ လာမည့်လတွင် လုံးဝ ရပ်ဆိုင်းရန် စီစဉ်ထားသည်။

‘K’ သင်္ဘောလိုင်း၏ ရန်ကုန်ဆိပ်ကမ်းသို့ ပြေးဆွဲနေသည့် လုပ်ငန်းကို လွန်ခဲ့သော ၂ လက ပထမအကြိမ် ရပ်ဆိုင်းခဲ့သည်ဟု စင်္ကာပူ ကေလိုင်း သင်္ဘောကုမ္ပဏီ၏ သင်္ဘောလိုင်း သုံးစွဲသူများနှင့် ဆက်ဆံရေးဌာန အမှုဆောင်အရာရှိက ပြောကြားသွားခဲ့ပါသည်။

ဤသို့ ရပ်ဆိုင်းရခြင်း၏ အကြောင်းရင်း အသေးစိတ်ကိုမူ အဆိုပါ အမှုဆောင်အရာရှိက ထုတ်ဖေါ် ပြောကြားသွားခြင်း မရှိပါ။

အဆိုပါ စင်္ကာပူ ကေလိုင်း သင်္ဘောကုမ္ပဏီသည် မြန်မာနိုင်ငံအပြင် မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အနောက်သြ စတြေလျ၊ တောင်အာရှနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သို့ပါ ပြေးဆွဲနေသည့် ကမ္ဘာ့အကြီးဆုံး သင်္ဘောကုမ္ပဏီ တခု ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ကုန်သည်များ အနေနှင့် ကုန်ပစ္စည်းများ တင်ပို့နိုင်ခြင်း မရှိသဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာသော ကုန်တင်သင်္ဘောများသည် အပြန်ကုန်မရှိဘဲ ဗလာသက်သက် ပြန်လည် ခုတ်မောင်းသွားကြရသည်ဟု မြန်မာနိုင်ငံရှိ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များ သတင်းရပ်ကွက်မှ မဇ္ဈိမကို ပြောပြပါသည်။

“ဂျပန် ကေကွန်တိန်နာ သင်္ဘောလိုင်းက မြန်မာနိုင်ငံကို ပြေးဆွဲနေတဲ့ လုပ်ငန်းကို ရပ်ဆိုင်းဘို့ စီစဉ်ထားပြီ။ သူတို့ နောက်အကျဆုံး နိုဝင်ဘာ ၂ ရက်နေ့မှာ အပြီးသတ် ရပ်ဆိုင်းမှာဘဲ” ဟု ကုန်သည်များအတွက် သွင်းကုန်ထုတ်ကုန် ပါမစ်များ ရရှိရန် ကူညီဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့မှ အေးဂျင့်တဦးက မဇ္ဈိမကို ပြောပြပါသည်။

စင်္ကာပူ ကေသင်္ဘောလိုင်း ကုမ္ပဏီ၏ အထွေထွေ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူ တဦးက သူတို့ သင်္ဘောလိုင်း အနေနှင့် ကုန်တင် ကွန်တိန်များ သယ်ပို့ခြင်း ကဲ့သို့သော မြန်မာနိုင်ငံနှင့် စီးပွါးရေး ဆက်သွယ် ဆောင်ရွက်မှုများ အစောပိုင်းက ရှိခဲ့သည်ကို အတည်ပြု ပြောကြားသော်လည်း၊ ယခု ရန်ကုန်ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ တင်ပို့ခြင်းကို ရပ်ဆိုင်းမည့်ကိစ္စနှင့် စပ်လျဉ်း၍ တစုံတရာ ထင်မြင်ချက် ပေးခဲ့ခြင်း မရှိပါ။

“ဒါဟာ အရေးကြီးတဲ့ အကြောင်းအရာ ဖြစ်လို့ အခုလောလောဆယ်မှာ ဒါနဲ့ ပတ်သက်လို့ ဘာမှမပြောနိုင်တာ ဝမ်းနည်းပါတယ်” ဟု ကုမ္ပဏီ၏ သယ်ပို့ရေးဌာန တာဝန်ရှိသူ တဦးဖြစ်သူ ပါးလ် (Pal) က ပြောကြားသွားခဲ့ပါသည်။

ဤသို့ သင်္ဘောတင်လုပ်ငန်းများ ရပ်ဆိုင်းလိုက်ခြင်း၏ အကြောင်းရင်းကို မသိရသေးသော်လည်း လတ်တလော ကမ္ဘာ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့်လည်း တစိတ်တပိုင်းအားဖြင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ စီးပွါးရေး ပညာရှင်တဦးက ခန့်မှန်း တွက်ဆ ပြောကြားခဲ့ပါသည်။ ယင်းသို့ ထိခိုက်မှုသည် နောက်ထပ်လည်း ကြီးထွားလာလိမ့်ဦးမည် ဖြစ်ကြောင်း ကိုလည်း အဆိုပါ စီးပွါးရေးပညာရှင်က ခန့်မှန်း ပြောကြားခဲ့ပါသည်။

ကေသင်္ဘောလိုင်းသည် ဂျပန်ကာဝါဆာကီ သင်္ဘောလိုင်း၏ ဒေသတွင်း လိုင်းတခုအနေဖြင့် ၁၉၈၈ ခုနှစ် ကတည်းက ရန် ကုန်ဆိပ်ကမ်းသို့ ကွန်တိန်နာများ၊ ကားတင်သင်္ဘောများ၊ ရေနံတင်သင်္ဘောများ နှင့် ဝမ်းတွင်း ကုန်တင်သင်္ဘောများဖြင့် ပြေးဆွဲနေခဲ့ပါသည်။ ကေလိုင်း သင်္ဘောကုမ္ပဏီသည် မိခင်ကုမ္ပဏီကိုယ်စား ကုန်သွယ်ရေး စီမံခန့်ခွဲမှု၊ အထွေထွေ သင်္ဘော ကုန်တင်လုပ်ငန်းများနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကိုလည်း ရန်ကုန်မြို့တွင် ဆောင်ရွက်ပေးခဲ့ပါသည်။

အပြည့်အစုံသို့...

ဒေါ်ဝင်းမြမြတို့ ပါတီ တိုင်းစည်းများ ထောင်ဒဏ်ချခံရ

မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြအား မန္တလေး အိုးဘိုထောင်တွင်း တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားစဉ် ဖမ်းဆီးခံခဲ့ရပြီး မန္တလေး အိုးဘိုထောင်တွင် ဖမ်းဆီးခံထားရသူ မန္တလေးတိုင်း အန်အယ်ဒီ စည်းရုံးရေးအဖွဲ့ဝင်နှင့် အမျိုးသမီးခေါင်းဆောင် ဒေါ်ဝင်းမြမြနှင့် အခြား တိုင်းစည်းဝင် ၅ ဦးအား အိုးဘိုထောင်တွင်း တရားရုံးက ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

"ဒီကနေ့ ၁၈ ကြိမ်မြောက်မှာ ပြစ်ဒဏ်ချတဲ့အခါ အရင်စစ်နေတဲ့ ဓမ္မာရုံမှာ ပြစ်ဒဏ်မချဘဲနဲ့ ထောင် သင်တန်းကျောင်းထဲက ဓမ္မာရုံထဲမှာ၊ ခပ်လှမ်းလှမ်းဝင်ရတာပေါ့၊ တော်တော်လေး သွားရပါသေးတယ်၊ အဲဒီ ဓမ္မာရုံမှာ ပြောင်းပြီးတော့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီးတော့မှ ပြစ်ဒဏ်ချပါတယ်" ဟု ဗဟိုတရားရုံးရှေ့နေ ဦးမြင့်သွင်က ပြောသည်။

အခြား တိုင်းစည်းဝင် ၅ ဦးဖြစ်သည့် မန္တလေးတိုင်း ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်အား ထောင်ဒဏ် ၈ နှစ်၊ ဦးကံထွန်း (တိုင်း အတွင်းရေးမှူး)အား ၁၂ နှစ်၊ ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်) အား ၂ နှစ်၊ ကိုမင်းသူ (မိုးကုတ်)အား ၁၃ နှစ်နှင့် ကိုဝင်းရွှေ (ကျောက်ပန်းတောင်း) အား ၁၁ နှစ် ပြစ်ဒဏ်များ ချလိုက်သေးသည်။

သူတို့အား သာသနာတော် ညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု ပျက်ပြားစေမှု ပုဒ်မ ၅ဝ၅ (ခ) ၊ ကိုမင်းသူနှင့် ကိုဝင်းရွှေတို့အား ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။

ဒေါ်ဝင်းမြမြသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ပါတီအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဌ ဦးတင်ဦး ဦးဆောင်သည့် မြန်မာပြည်အထက်ပိုင်း စည်းရုံးရေးခရီးဆင်းစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်၌ အစိုးရ ကျောထောက်နောက်ခံပြု လူစုလူဝေးကြီးက အကြမ်းဖက် တိုက်ခိုက်ရာ ကိုယ်ခန္ဓာအနှံ့ ဒဏ်ရာများ ရရှိခဲ့သည်။

သူသည် ပြည်ပမီဒီယာများ၏ ဆက်သွယ်မေးမြန်းချက်များကို ပွင့်လင်းရဲတင်းစွာ ဖြေဆိုခဲ့သူလည်း ဖြစ်သည်။

အပြည့်အစုံသို့...

၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင် ထုတ်ပေး

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ပလောင်ဒေသတွင် အာဏာပိုင်များက ယခုလအတွင်း နိုင်ငံရေး စိစစ်ရေးကဒ်များ ထုတ်ပေးနေကြောင်း ပြည်ပအခြေစိုက် ပလောင်အဖွဲ့အစည်း တခုက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ မန်လွယ်၊ တောင်ကျော်နှင့် နမ့်လင့်ကျေးရွာအုပ်စုများတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူများအား လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် မြို့နယ် အေးချမ်းသာရေး ကောင်စီဝင်များက ယခုလ ပထမအပတ်က စတင်ကာ တဦးလျှင် ကျပ်ငွေ ၃၀၀၀ စီ ကောက်ခံကာ ကွင်းဆင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။

"ကျနော်တို့ ကြားသိရသလောက် ဒီမှတ်ပုံတင် ပြုလုပ်ချိန်မှာ လ၀က ညွှန်ကြားရေးမှူးက ပြည်သူတွေဆီက ပိုက်ဆံ မတောင်းရဘူးလို့ တားမြစ်တာတွေ ရှိတယ်။ အခုဟာက မယကနဲ့ လ၀က အတင်းအဓမ္မ တောင်းခံတယ်။ ရွာသားတွေကတော့ ကုန်ဈေးနှုန်းကြီးတဲ့အတွက် ဒုက္ခရောက်နေတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် ပလောင်လူငယ် လုပ်ငန်းကွန်ယက် အဖွဲ့ဝင် မိုင်းအောင်က မဇ္ဈိမကို ပြောသည်။

ယခုလို ပလောင်ဒေသများအတွင်း မှတ်ပုံတင်များ ထုတ်ပေးနေခြင်းသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် လူဦးရေ စုဆောင်းနေခြင်းလည်း ဖြစ်ကြောင်း ပလောင်လူငယ် ကွန်ယက်အဖွဲ့က ဆိုသည်။

ယခုနှစ် မေလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲမတိုင်မီ ရက် ၂၀ ခန့်အလိုက မြန်မာနိုင်ငံ လ၀က ညွှန်ကြားရေးမှူးက ပြည်သူများထံမှ ငွေကြေးတောင်းခံခြင်း မပြုရန်နှင့် တောင်းခံပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း လ၀က ၀န်ထမ်းမှ ပြောဆိုခဲ့ကြောင်း ဒေသခံတဦး၏ ပြောကြားချက်ကိုလည်း အဖွဲ့က ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ကိုးကားဖော်ပြထားသည်။

မိုင်းအောင်က "ပလောင်ဒေသဟာ လ္ဘက်ကို အဓိက ထွက်ရှိပြီး ဆန်စပါးကို အောက်ပိုင်းကနေ ၀ယ်ယူရတယ်။ ဆန်ဈေးက ၂၈၀၀၀ ကျော်ရောက်နေတယ်။ လ္ဘက်ဈေးကတော့ တပိဿာ ၁၈၀၀ ကျပ် ဈေးရှိတော့ ထွက်တဲ့ ပစ္စည်းဈေးနဲ့ ၀ယ်စားရတဲ့ ကုန်ဈေးနှုန်း မကိုက်တဲ့အတွက် အကျပ်အတည်း ဖြစ်နေတယ်" ဟု ပြောသည်။

ပလောင် တိုင်းရင်းသားများအား မေလ ဆန္ဒခံယူပွဲတွင် မဲပေးရန်အတွက် ၃ ခေါက်ချိုး ယာယီ မှတ်ပုံတင် ကဒ်ပြားများကို ထုတ်ဝေပေးခဲ့သေးသည်။

အပြည့်အစုံသို့...

မြန်မာပြည်အရှေ့ပိုင်းတွင် အရပ်သား ၆၆ဝဝဝ အိုးအိမ်များ စွန့်ခွါ ထွက်ပြေးရ

စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာခြင်း၊ မြန်မာစစ်တပ်က ရွာသားများအား အတင်းအကျပ် ပြောင်းရွှေ့စေခြင်း အပါအဝင် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြီးခဲ့သောနှစ်အတွင်း မိမိတို့ အိုးအိမ်များမှ စွန့်ခွါရသည့် အရပ်သား အနည်းဆုံး ၆၆ဝဝဝ ရှိသည်ဟု ရွှေ့ပြောင်းဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသော အဖွဲ့တခုက ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို ထောက်ပံ့ပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း ၁၁ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် “ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းအဖွဲ့” (Thai Burma Border Consortium – TBBC) က အစီရင်ခံစာတရပ် ထုတ်ပြန်ရာတွင် မြန်မာစစ်တပ်က တိုင်းရင်းသား လူနည်းစုများအပေါ် ထိုးစစ်များ ပိုမို ပြုလုပ်လာနေသဖြင့် ထောင်ပေါင်းများစွာသော အရပ်သားများ မိမိတို့ အိုးအိမ်များကို စွန့်ခွါ ထွက်ပြေးရခြင်း ဖြစ်သည်။

"စစ်အစိုးရ၏ သောင်းကျန်းမှု နှိမ်နင်းရေး အစီအစဉ်၏ အစိတ်အပိုင်းတခုအဖြစ် ကျေးရွာများကို အတင်းအကျပ်နေရာ ရွှေ့ပြောင်းပစ်သဖြင့် အရပ်သားများမှာ မိမိတို့နေအိမ်များကို စွန့်ခွါ ထွက်ပြေးကြရသည်။ ထို့ပြင် အရပ်သားများမှာ အဓမ္မလုပ်အားပေးစေခြင်း၊ ခြိမ်းခြောက် ငွေတောင်းယူခြင်းတို့ကို ခံရသည့်အပြင် သူတို့နေအိမ်များကိုလည်း အကြိမ်ပေါင်းများစွာ မီးတင်ရှို့ခြင်း ခံကြရသည်" ဟု TBBC ၏ ကယ်ဆယ်ရေး ညှိနှိုင်း ဆက်သွယ်ရေးမှူး တဦးဖြစ်သူ ဒန်ကင် မက်ကာသီ (Duncan McCarthy) က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းဒုက္ခသည်များမှာ အနည်းငယ်မျှသာရှိပြီး၊ အများစုမှာ မြန်မာနိုင်ငံအတွင်း၌ပင် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များ (IDP) အဖြစ် မိမိတို့အိမ်ကို ပြန်နိုင်မည့် အချိန်ကို စောင့်ဆိုင်းနေကြရသည်ဟု မက်ကာသီက ပြောသည်။

"ပြီးခဲ့သည့် နှစ်တနှစ်တည်းအတွင်းတွင်ပင် လက်နက်ကိုင် ပဋိပက္ခများကြောင့်၎င်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်‚င်း၊ မိမိတို့ အိုးအိမ်များကို စွန့်ခွါ ထွက်ပြေးလာရသူပေါင်း ခန့်မှန်းခြေ ၆၆ဝဝဝ ဦးရှိသည်" ဟု TBBC က တနင်္လာနေ့က ထုတ်ပြန်ခဲ့သော သတင်းပြန်ချက်တွင် ၂ဝဝ၇ ဂျူလိုင်လမှ ၂ဝဝ၈ ဇွန်လအတွင်း အချိန်ကို ရည်ညွှန်း၍ ဖော်ပြထားသည်။

စစ်အစိုးရသည် စစ်ဆင်ရေးများအတွင်း အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး၊ ယင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြစ်သည်ဟု ဤအဖွဲ့ကြီးက စွပ်စွဲ ပြောဆိုထားသည်။

ကရင်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းဒုက္ခသည်များ၏ စာရင်းကို ကောက်ယူလေ့လာနေသည့် “ကရင်ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် ကော်မတီ” (CIDKP) ကလည်း အလားတူပင် မြန်မာစစ်သားများသည် ယင်းတို့၏ စစ်ဆင်ရေးများအတွင်း အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ပြောဆိုထားသည်။

"စစ်အစိုးရတပ်တွေက ရွာတွေထဲဝင်လာပြီး အိမ်တွေကို မီးရှို့တယ်၊ ရီစရာကောင်းတာက အရပ်သားတွေသုံးတဲ့ လမ်းတွေပေါ်မှာ မိုင်းထောင်တယ်။ ဒါကိုကြည့်ရင် စစ်သားတွေက အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတာ ထင်ရှားနေတာပဲ" ဟု CIDKP မှ ဘလက်တောင်း (Black Town) က မဇ္ဈိမကို ပြောသည်။

ယမန်နှစ် တနှစ်တည်းအတွင်း ကရင်ပြည်နယ် တခုတည်းတွင် ရွှေ့ပြောင်းဒုက္ခသည် ဖြစ်သွားသော အရပ်သားပေါင်း ၂ သောင်းမျှရှိပြီး မြန်မာပြည် အရှေ့ခြမ်းတခုလုံးရှိ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်ပေါင်းမှာ စုစုပေါင်း တသိန်းကျော် ရှိမည်ဟု သူက ဆက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိ ဒုက္ခသည်ပေါင်း ၁၄ဝဝဝဝ ကို အစားအစာနှင့် နေအိမ်များ ပေးအပ် ကူညီနေသည့် TBBC က လာမဲ့နှစ်တွင် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်မှာ ပို၍ပင် များလာဦးမည်ဟု မျှော်လင့်ထားသည်။ လက်နက်ကိုင် တိုင်းရင်းသား သူပုန်များနှင့် မြန်မာစစ်တပ်တို့အကြား ပဋိပက္ခမှာ လျော့ပါးသွားမည့် လက္ခဏာမရှိ၍ ဤသို့ ခန့်မှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"နှစ်တိုင်းပဲ ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်က တိုးလာတယ်၊ စစ်အစိုးရတပ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ လျော့ပါးမသွားဘူးဆိုရင် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်က ပိုမိုများလာဦးမှာပဲ" ဟု TBBC ၏ စိုးရိမ်ပူပန်မှုကို ဘလက်တောင်းကလည်း ဖြည့်စွက်ပြောဆိုသည်။

ထိုအတောအတွင်း ထိုင်း-မြန်မာ နယ်စပ်တလျှောက် လှုပ်ရှား၍ စစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်နေသော ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း မနှစ်ကတနှစ်လုံး မြန်မာစစ်တပ်နှင့် သူတို့တပ်များအကြား တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေခဲ့ပြီး ထိုစစ်ပွဲများကြောင့် ဒေသတွင်းနေထိုင်သော အရပ်သားများကို အကြီးအကျယ် ထိခိုက်ခဲ့ကြောင်း အတည်ပြုပြောဆိုသည်။

"ကေအင်ယူ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ နယ်မြေတွေကို သိမ်းယူချင်တာကြောင့် မနှစ်ကတနှစ်လုံး ကျနော်တို့နဲ့ စစ်အစိုးရ တပ်တွေကြားမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့တာ" ဟု ကေအင်ယူ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ပဒိုဒေးဗစ်ထော က ပြောဆိုသည်။

ဤပဋိပက္ခများကြောင့် ကျေးရွာသားများကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး၊ ထောင်ပေါင်းများစွာသော ကျေးရွာသားများ မိမိတို့အိုးအိမ်များကို စွန့်ခွါ ထွက်ပြေးခဲ့ကြရသည်ဟုလည်း သူက ဆက်ပြောသည်။

TBBC ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဂျက်ဒန်းဖို့ဒ် (Jack Dunfor) ကမူ စစ်အစိုးရက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ဤအရပ်သားများကို ကာကွယ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ရှိသည်ဟု ပြောသည်။ ဤအကျပ်အတည်း၏ အရင်းခံ အကြောင်းတရားသည် နိုင်ငံရေးဖြစ်သဖြင့် အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်ရန်နှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပေါ်ပေါက်ရေးတို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် သံတမန်ရေးကြိုးပန်းမှုများကို အသစ်တဖန် ပြန်လည် ပြုလုပ်သင့်သည်ဟုလည်း သူက ဆက်လက်ပြောဆိုသည်။

ဒန်းဖို့ဒ် (Dunford) က တပြည်လုံးတွင် ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုလိုက်ပြီး၊ တရားမျှတမှုကို လျစ်လျူရှု၍ မရကြောင်းလည်း သတိပေးလိုက်ကာ "မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ကျူးလွန်ခဲ့သော ကြမ်းကြုံတ်ရက်စက်မှုများအတွက် စစ်အစိုးရတွင် တာဝန်ရှိကြောင်း ဆက်လက်ကိုင်စွဲထားရန်မှာ အရေးပါဆဲဖြစ်သည်" ဟုလည်း သူက ပြောသည်။

အပြည့်အစုံသို့...

ဆရာတော်ဦးစာရိန္ဒ၊ စာတစောင်နှင့် လပြည့်နေ့ည ဘုရားပွဲ

မဇ္ဇိမသတင်းဌာနမှ စာရေးဆရာမောင်သစ်ဦး ရေးထားတဲ့ဆောင်းပါးလေးကို တင်ပြလိုက်ပါတယ်။

ဈေးဆိုင်တန်း အားလုံးလိုလို ကက်ဆက်သံ၊ ဓာတ်စက်သံများ အပြိုင်အဆိုင် ဖွင့်ထားကြသဖြင့် ပွဲခင်းတခုလုံး ဆူညံလျက်ရှိ၏။ ခနော်ခနဲ့ တန်းလျားပေါ်တွင် ထိုင်ရသည်မှာ လဲမကျအောင်ထိန်းပြီး ထိုင်ရ၏။ သည်ကြားထဲ လယ်ကွက်ထဲတွင် ကုလားဖျဉ်းထိုး ဆိုင်ဖွင့်ထားသည်မို့ မြေကြီးခဲ၊ ရိုးပြတ်ငုတ်တိုနှင့် ပတ်ကြားအက်များကြောင့် တန်းလျားမှာ တလှုပ်လှုပ်ဖြစ်နေ၏။ ကိုယ်က ငြိမ်အောင် ထိုင် ပေသည့်ဘေးချင်း ယှဉ်ထိုင်ပြီး မုန့်ဟင်းခါး စားနေသူနှစ်ယောက်က အငြိမ်မနေကြ။ ငြုပ်သီးထထည့်၊ ဟင်းရည်ထတောင်းနှင့် ထိုင်လိုက်ထလိုက် လုပ်သည့်အခါ ကျနော့်လက်ထဲက ဇွန်းမှာ ပါးစပ်ပေါက်ဝတွင် ယိမ်းထိုးလျက်ရှိ၏။

လူတယောက် ... ကျနော့်ကျောကို ထိမှီကာ ရပ်လိုက်သည်။ ခေါင်းကိုမော့ပြီး ကြည့်တော့ ကရင် အမျိုးသားတယောက်ကို တွေ့ရ၏။ ခါးတွင် စောင်တထည်ပတ်လျက်၊ ပုဆိုးတိုတို၊ အင်္ကျီခပ်နွမ်းနွမ်း။

"ဟား ... ဗိုလ်ကျော်ဆန်း"

သူက ကျနော်နှင့်ခွါကာ၊ ဆိုင်တံစက်မြိတ်တွင် သွားရပ်ပြီး စောင့်နေ၏။ ကျနော်က မုန့်ဟင်းခါးဖိုး ရှင်းသည်။ တံစက်မြိတ်ဝတွင် ရပ်နေသည့် ဗိုလ်ကျော်ဆန်းဘေးတွင် ရပ်သည်။

"ခင်ဗျားတယောက်ထဲ ပွဲခင်းထဲ ထွက်လာတာလား၊ တယောက်ယောက်တော့ ခေါ်လာမှပေါ့"

"ဘယ်မှမသွားပါဘူး။ မုန့်ဟင်းခါးတပွဲ စားပြီး လုံခြုံရေးတဲ ပြန်မှာပါ။ ခေါ်လာရမှာလည်း အားနာလို့ပါ"

"ဒါဆိုရင် ဆရာတော်ဘုရားဆီ ခဏလိုက်ခဲ့ဦးဗျာ။ ဆရာတော်ဘုရားက အရေးကြီးတဲ့ကိစ္စတခု တိုင်ပင်စရာ ရှိတယ်ဆိုပြီး ခင်ဗျားနဲ့ ကျုပ်ကို အခေါ်ခိုင်းလိုက်လို့"

ကျနော်တို့နှစ်ယောက် ပွဲခင်းထဲက ထွက်တော့ ကော်ဟဲရွာထိပ်တွင် မှောင်နှင့်မည်းမည်း ဖြစ်နေ၏။ ပွဲသွားပွဲလာ လူတချို့ ကျနော်တို့ဘေးမှ ဖြတ်လျှောက်သွားကြ၏။ ဗိုလ်ကျော်ဆန်းက လက်နှိပ်ဓာတ်မီးကို အုပ်ပြီးထိုးကာ ရှေ့ကလျှောက်၏။ လက်နှိပ်ဓာတ်မီး အလင်းရောင်မှာ တလံကွာကွာလောက်အထိသာ ထိရောက်၏။

ဖါးအံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU - စစ်ရေးတာဝန်ခံ ဗိုလ်ကျော်ဆန်းနှင့် ကျနော် လူချင်းတွေ့ဖူးသည်မှာ သုံးရက်သာလျှင် ရှိသေး၏။ ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်၊ ဖြတ်ဖြတ်လတ်လတ်၊ အသက် ၅၀ ၀န်းကျင် ကရင်လူမျိုးတဦး။ စကားကို လေလုံးကွဲရုံမျှသာ အသံနှိမ့်ပြီး ပြောတတ်သူ။

ဘုရားကျောင်းဝန်းထဲတွင် မီးစက်ဖြင့် မီးချောင်းများ ထွန်းထား၏။ ကျောင်းမကြီးပေါ်တွင်မူ မီးချောင်းများ မှိတ်ထားကာ၊ ရေနံဆီမီးခွက်တလုံးသာ ကြမ်းပြင်ပေါ် ချထားသည်ကို တွေ့ရ၏။ အနားကိုရောက်တော့ ကျောင်းထိုင်ဆရာတော် ဦးစာရိန္ဒနှင့် အခြားပုဂ္ဂိုလ်နှစ်ဦး ထိုင်နေသည်ကို တွေ့ရ၏။

"ဆရာတော်ဘုရား ... တပည့်တော်ကို အခေါ်ခိုင်းတယ်ဆိုလို့ပါဘုရား ..."

"အေး၊ ဟုတ်တယ် ဒကာကြီး။ ကျုပ်ဆီကို ကင်းသမားကတဆင့် စာတစောင် ရောက်လာတယ်။ အဲဒါ တိုင်ပင်ချင်လို့ အခေါ်ခိုင်းလိုက်တာ"

ဘေးတွင် ကပ်ထိုင်နေကြသည့် ရွာသားနှစ်ဦးက လူစိမ်းဖြစ်သူ ကျနော့်ကို အကဲခတ်နေကြ၏။ မိဆိုင်းတောင်ပေါ်ဘုရား ၁၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကျင်းပရေးကော်မတီ လူကြီးများဖြစ်မည်ဟု ယူဆမိ၏။

"အော် ... သတင်းထောက် ဒကာကြီးပါ.. ပါလာတာကိုး။ ...အဆင်ပြေတာပေါ့။ ကျုပ်တော့ ဘယ်လို ဆုံးဖြတ်ရမယ်ဆိုတာ မသိတော့ပါဘူး။ ၀ိုင်းပြီး စဉ်းစားကြပါဦး"

ဆရာတော်ဘုရားက ကြမ်းပြင်ပေါ်က စာရွက်တရွက်ကို ယူကာ ဗိုလ်ကျော်ဆန်း လက်ထဲသို့ လွှဲပေးလိုက်၏။ ဗိုလ်ကျော်ဆန်းက မီးခွက်ကိုဆွဲယူကာ စာရွက်ကို ငုံ့ပြီး ဖတ်၏။ အတန်ကြာ ဖတ်ကြည့်ပြီးမှ ကျနော့်ဆီကို လွှဲပေး၏။ လက်ထဲရောက်လာသည့် စာရွက်ကိုကိုင်ကာ မီးခွက်အနားကို တိုးကပ်ပြီး ဖတ်သည်။

၂၄.၃.၉၄

တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

တပည့်တော်တို့လည်း ဆရာတော်ဘုရား၏ လပြည့်နေ့ည ဘုရားပွဲကို ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးပြီး မှတ်တမ်း တင်ချင်ပါသည်ဘုရား။ အရှင်ဘုရားအနေနှင့် တပည့်တော်တို့ကို လာခွင့်ပြုမည်ဆိုလျှင် ကင်းသမား နှင့်အတူ ဖိတ်စာလေးတစောင် ရေးပြီး ပို့ပေးလိုက်ပါရန် လျှောက်ထားပါသည်ဘုရား။

(တပ်ခွဲမှူး)

ခလရ (၄၂) ရွှေအုပ်ကျေးရွာစခန်း

လက်ထဲက စာရွက်ကို ငုံ့ဖတ်နေရင်းက တအံ့တသြ ငိုင်နေမိသည်။ ကျနော့်ထံက စကားကို နားစွင့်နေကြသည့် ၀ိုင်းထိုင်သူများကိုပင် မေ့သွားရ၏။ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဌ ဆရာတော် ဦးစာရိန္ဒထံ နအဖ စစ်တပ်က ရေးပို့သည့် စာဖြစ်၏။

"ပဒိုကိုလေးဆီကိုကော အခေါ်ခိုင်းထားပြီးပြီလားဘုရာ့"

"ခေါ်တော့ ခေါ်ခိုင်းထားတာပဲ ဒကာကြီး။ အခုပဲ ရှစ်နာရီ ထိုးတော့မယ်။ ပဒိုကိုလေးက ချက်ချင်း ထလိုက်လာရင်တောင် တနာရီလောက် ကြာဦးမယ်။ ပွဲက ကိုးနာရီမှာ ထွက်မယ်လို့ ပြောတယ်။ အကျိုးအကြောင်း စာပြန်ရင်လည်း ညဥ့်နက်မှ စာပြန်လို့ မဖြစ်ဘူးမို့လား။ ပဒိုကိုလေး မလာခင် ကျုပ်တို့ဘာသာ ကျုပ်တို့ စဉ်းစားထားဖို့လိုတာပေါ့"

နယ်ခံပုဂ္ဂိုလ်များထက် ကျနော့်အဖို့ ပိုပြီး စဉ်းစားရခက်၏။ ကျနော်က ခဏတဖြုတ် ရောက်လာသည့် အာဂန္တုဧည့်သည်။ ဘာတခုမျှ အကျွမ်းတ၀င် သိရှိထားသူမဟုတ်။ တချိန်တည်းမှာပင် ဆရာတော်ဘုရား၊ ဗိုလ်ကျော်ဆန်းနှင့်တကွ တာဝန်ရှိသူများအဖို့လည်း စဉ်းစားဆုံးဖြတ်ရ ခက်ခဲလိမ့်မည်ဆိုသည်ကို ကျနော်သိ၏။

"ဆုံးဖြတ်ရခက်တာတော့ အမှန်ပဲ ဒကာကြီးရ"

ဝိုင်းထိုင်နေသူအားလုံး ငြိမ်ချက်သား ကောင်းနေကြ၏။ အတွေးကိုယ်စီနှင့် အလုပ်ရှုပ်နေကြရ၏။

"သူတို့ပြောသလို ဖိတ်လိုက်ရင်ကော တကယ်လာပါ့မလား။ တပည့်တော်တို့ဘက်က ဒီပွဲကို နောက်က အမာခံထားပြီး ကျင်းပတယ်ဆိုတာသိလို့ ဆရာတော်ဘုရားကို ကလိတာများလားမှ မသိတာ။ စာထဲမှာ သူတို့လည်းပဲ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ချင်ပါတယ်ဆိုတာက၊ တောင်ပေါ်ဘုရားမှာ မနေ့တုန်းက ဗဟိုက အဖွဲ့တွေ တချိန်လုံး ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်နေတာ သူတို့သိလို့ ဒီလိုလှမ်းပြီး တောက်တာလည်း ဖြစ်နိုင်တယ်ဘုရာ့"

ဗိုလ်ကျော်ဆန်း၏ စကားအပေါ် မည်သူမှ ရုတ်တရက် သဘောထား မပေးနိုင်ကြ။ ကျနော်ကလည်း မ၀ံ့မရဲဝင်ပြီး အကြံပြုဖို့ စဉ်းစားမိ၏။

"ဖိတ်စာပို့ကြည့်ရင် ကောင်းမလား။ ပွဲခင်းထဲကို ဘယ်သူမှ လက်နက်ကိုင်ပြီး၊ ယူနီဖောင်းဝတ်ပြီး မလာရဆိုပြီး ဆရာတော် အမိန့်ထုတ်တာဆိုတော့၊ ဒီကောင်တွေ လက်နက်မပါဘဲတော့ လာရဲမှာ မဟုတ်ဘူး ဘုရား။ လက်နက်ကိုင်ပြီး လာလို့ကလည်း မရဆိုတော့ ဒီကောင်တွေ လာရဲမယ် မထင်ဘူးဘုရာ့"

"ဒါလည်း မဖြစ်သေးဘူး ဒကာကြီးရဲ့။ သူတို့က လက်နက်ကိုင်ပြီးပဲလာလာ၊ လက်နက်မပါဘဲနဲ့ပဲ လာလာ၊ ပွဲခင်းထဲ သူတို့လာပြီဆိုတာ သိတာနဲ့တပြိုင်နက် ပွဲလည်းပျက်မှာပဲ။ အကုန်ထွက်ပြေးကြမှာပဲ။ အခုပဲ ကြည့်လေ။ သူတို့က တညနေလုံး လက်နက်ကြီးထုပြီး အသံပေးနေတာ ဒကာကြီးလည်း အကြားပဲဟာ"

"ဖိတ်သည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ ... တခုခုတော့ အကြောင်းပြန်ရမယ်နဲ့ တူတယ်"

"အဲဒါပြောတာပေါ့၊ ဘယ်လို အကြောင်းပြန်ရမလဲဆိုတာ ဆုံးဖြတ်ရခက်လို့ပေါ့"

"အကြောင်းမပြန်ဘဲ ဒီအတိုင်း နေလိုက်ပြန်ရင်လည်း ပွဲပြီးရင် ဆရာတော်ဘုရားကိုများ သူတို့က ပြဿနာ ရှာလာနိုင်မလား"

"ဒါလည်း အတတ်မပြောနိုင်ဘူး သတင်းထောက်ကြီးရဲ့။ ပြီးတော့ ဒီလို စာလာပို့တာကအစ သတင်း မပေါက်ကြားရအောင် ပိတ်ထားရတယ်။ တော်ကြာ ပွဲပျက်သွားမယ်မို့လား"

ကျနော်က မီးခွက်ဘေးတွင် ချထားသည့် စာရွက်ကိုယူကာ နောက်တကြိမ် ထပ်ပြီး ဖတ်ကြည့်မိပြန်သည်။ စာ၏ အောက်ခြေ၌ တပ်ခွဲမှူး၏အမည် မပါသော်လည်း လက်မှတ်ထိုးထားသည်ကို တွေ့ရ၏။ ထိပ်တွင် တပ်ခွဲရုံးတံဆိပ် ရိုက်ထားသည်ကို တွေ့ရ၏။

"တပည့်တော်က မသိလို့၊ စိုးရိမ်လို့ မေးတာပါဘုရား။ တကယ်လို့ ဆရာတော်ဘုရားက ဖိတ်စာမပို့ဘဲ ထားရင် ဒီကောင်တွေ ပွဲခင်းထဲများ လက်နက်ကြီးနဲ့ ထုချင်ထုမလား မသိဘူးဘုရာ့"

"အေး ... ဒါလည်း ပြောလို့တော့ မရဘူးပေါ့ ဒကာကြီးရာ။ ဒကာကြီးတောင် မနက်က ပွဲလာတဲ့ ရွာသားတယောက်နဲ့ စကားပြောရသေးတယ်မို့လား။ ဟို ... လက်မှာ လက်နက်ကြီး ကျည်ဆံ ရှပ်ထိထားလို့ ပတ်တီးစီးတဲ့ ဒကာလေ"

ဟုတ်တော့လည်း ဟုတ်၏။ မနက်ပိုင်းက ကော်ဟဲရွာသို့ ပွဲကြည့်ရန် ထွက်လာကြသည့် ကျောင်းရွာက ရွာသားတအုပ်ကို နအဖ စစ်တပ်က လမ်းမှဖြတ်တားပြီး စစ်ဆေးတားဆီးဖို့ ကြိုးစားခဲ့၏။ ကြောက်လန့်ကာ ထွက်ပြေးသည့် ရွာသားများကို လက်နက်ကြီးနှင့် လှမ်းပစ်၏။ လက်မောင်းတွင် ဒဏ်ရာရခဲ့သည့် ရွာသားတဦးကို ကျနော် သွားတွေ့ခဲ့၏။ သတင်းယူခဲ့ရ၏။ ဒဏ်ရာမှာ သွေးမတိတ်သေး။ ကမ္မမေါင်းဆေးရုံသို့ သွားပြသင့်ကြောင်း ကျနော်က အကြံပြုတော့လည်း သည်လို ဒဏ်ရာမျိုးနှင့် မြို့ကဆေးရုံတွင် သွားမပြရဲဟု ဆို၏။ ရွာထဲက အရပ်ဆရာနှင့်ပင် ကြိတ်ပြီး ဆေးကုနေလေသည်။

စကားဝိုင်းဖွဲ့ ထိုင်နေစဉ် ခြေသံကြားလို့ လှည့်ကြည့်တော့ ခရိုင်အတွင်းရေးမှူး ပဒိုကိုလေးနှင့် ရွာသားနှစ်ဦး ရောက်လာသည်ကို တွေ့ရ၏။

အချိန်အတန်ကြာဆက်ပြီး အကြိတ်အနယ် တိုင်ပင် ဆွေးနွေးကြပြန်သည်။ နောက်ဆုံး၌ နအဖ စစ်တပ်ထံ မည်သို့မျှ အကြောင်းမပြန်ဘဲ သည်အတိုင်း ပွဲကို ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြ၏။ သို့သော် ရွာနှင့် ခပ်လှမ်းလှမ်းအထိ ပုန်းကင်းများ တိုးချဲ့ချထားကြရန် စီစဉ်ခဲ့ကြရ၏။ အစစအရာရာ သတိနှင့် ပြင်ဆင်ထားကြဖို့ လုံခြုံရေး ကင်းသမားများကို မသိမသာ နှိုးဆော်ကြရ၏။

ညဥ့် ၂ နာရီ ထိုးသည်အထိ မည်သည့် ထူးခြားမှုမှ မရှိသေး။ လက်နက်ကြီး ပစ်သံများကိုမူ နာရီဝက် တကြိမ်မျှ ကြားနေကြရ၏။ ဆိုင်းသံတိတ်ချိန်နှင့် လက်နက်ကြီးပစ်သံ ကြုံကြိုက်သွားပါက ပွဲကြည့်ပရိသတ်များမှာ အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်ကြရ၏။ ခေါင်းတဆန့်ဆန့်နှင့် လည်ပြန်တကြည့်ကြည့် ဖြစ်ကြရ၏။ ပြီးတော့ ဆိုင်းသံများ ပြန်လည် ဆူညံလာသည့်အခါ ပွဲစင်ဘက်သို့ မျက်နှာပြန်လှည့်ပြီး ပျက်လုံးများကို တဝေါဝေါနှင့် သဘောကျနေကြပြန်၏။

မနက်မိုးလင်းလို့ ပွဲခင်းထဲတွင် လူစုကွဲသောအခါကျမှ ကျနော်သည်လည်း လူအုပ်နှင့်ရောကာ ဘုန်းတော်ကြီး ကျောင်းဘက်သို့ ထွက်ခဲ့ရ၏။ ကျောင်းမကြီးအောက်က ကုတင်တလုံးရှိရာသို့ အိပ်မှုံစုံမွှားနှင့် လျှောက်လာခဲ့၏။ ကုတင်ပေါ်တွင် အဖိုးအိုတယောက်ဟု ယူဆရသည့် လူတယောက်၊ ပုဆိုးခြုံကာ အိပ်ပျော်နေသည်ကို တွေ့ရ၏။ မိုးလင်းပြီဖြစ်သဖြင့် စိတ်ချယုံကြည်ရပြီဟု ပိုင်းဖြတ်ကာ အိပ်ပျော်နေသူ၏ ဘေးတွင်ပင် ၀င်ပြီး လှဲအိပ်လိုက်၏။

"ခင်ဗျား ... အခုမှ ပြန်လာတာလား"

မပီမသ နှုတ်ဆက်သံကြားလို့ ခေါင်းထောင်ပြီး ထကြည့်မိသည်။ ကျနော့်ဘေးတွင် ပုဆိုးခြုံပြီး အိပ်နေသည့် "ဗိုလ်ကျော်ဆန်း" ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။ စကားပြန်ပြောမည်ဟု ရည်ရွယ်စဉ် ဗိုလ်ကျော်ဆန်းကို ကြည့်တော့ သူက မျက်လုံးများပိတ်ကာ ဟောက်သံပေးပြီး ပြန်လည် အိပ်ပျော်နေလေတော့သည်။

အပြည့်အစုံသို့...

blogger templates | Make Money Online