Friday, February 27, 2009

Burmese monks share stories of repression

Burmese monks share stories of repression
By: Emmeline Zhao
Issue date: 2/26/09 Section: News
Last update: 2/26/09 at 5:10 AM EST


http://media.www.dukechronicle.com/media/storage/paper884/news/2009/02/26/News/Burmese.Monks.Share.Stories.Of.Repression-3650156-page2.shtml
http://www.zmag.org/znet/viewArticle/20418
The three monks asked Duke students to "stretch out their hands" and help Burmese students escape oppression in their country. They have been exiled from Burma and now reside in a monastery in a refugee community in Utica, N.Y.

U Pyinya Zawta stood at the front of one crowd, megaphone in hand, as a human chain marched alongside the monks to shield them from armed forces.

Protesters trudged on, arms overhead, clapping and chanting for peace and democracy, Yee said. The hazy image of teargas that would be all too familiar to the monks filled the screen.

"The Burmese people don't have human rights. They probably don't even know what human rights are," U Gawasita said. "I want to help them get them and learn what they are."

U Gawasita told the story of four female Burmese students who wrote blog posts about their efforts in the revolution. The government caught wind of the posts and imprisoned the girls for 65 to 100 years for speaking out against it, he said.

"The junta lied to the people and to the world. They do not care for the deaths of thousands of people," U Gawasita said. "They do anything for power. The junta destroyed the lives of the youth and the young people."

U Tejavanta said he decided to help lead the Saffron Revolution to look after his people because the government is "autocratic and selfish," adding that he wishes his students in Burma had the same freedom and privilege as Duke students.

Amid military blockades and gunfire, the monks still had hopes of bringing democracy to Burma, speaking of signature campaigns to rally aid from the United Nations.

"When a United Nations ambassador came to Burma for the seventh time, he just listened to the military government and looked around," U Pyinya Zawta said. "His report to the United Nations could not show the true light of Burma so the people of Burma still could not escape. That is why we ask for help with the signature campaign."

Despite violent reaction from the government, U Pyinya Zawta said monks were able to respond peacefully by following the ethical teachings of Buddha-parts of a movement Tager said Duke should support.

"During the revolution in 2007, the statue of James Duke was draped with saffron robes of monks. We wanted to continue that same level of commitment and awareness," he said. "The people of Burma need the help of everyone in all nations. I hope that as Dukies we can take on our portion-more than our portion-of responsibility toward them."

အပြည့်အစုံသို့...

Tuesday, February 24, 2009

မြေအောက်လှုပ်ရှားမှု

Handbook for People Underground Movement by Moe Thee Zon

အပြည့်အစုံသို့...

Saturday, February 21, 2009

Aaharasazaung Issue 95

အပြည့်အစုံသို့...

Friday, February 20, 2009

15-19 Jan

အပြည့်အစုံသို့...

Sunday, February 15, 2009

အလင်းရနံ့

Ahlin Yanant No 01

အပြည့်အစုံသို့...

အောင်နိုင်ံဦးနှင့် သူဧ။် မျက်နှာဖြူဇနီးအား ကျေငြာ အသိပေးခြင်း

မဟာမိတ် ဒီမိုကရေစီ အဖွဲ့များထံမှ ရရှိသော သတင်းအတည်ပြုချက်များအရ ဦးအောင်နိုင်ဦးသည် နအဖ ဧ။် အသုံးတော်ခံ ဘက်သားတော်ဖြစ်ကြောင်း သတင်းမှာ လူထု တရပ်လုံးအသိဖြစ်ပါသည်။
ဦးအောင်နိုင်ဦးဧ။် မျက်နှာဖြူဇနီး (Shona Kirwood) မှာ မြန်မာနိုင်ငံအတွင်း တံခါးမရှိ ဓါးမရှိ ဝင်ထွက် ပြီး စစ်အာဏာရှင်အစိုးရ အလိုကျ အတိုင်း လှုပ်ရှားရာတွင် အထူးသဖြင့် ကရင် လူမျိုးများကို ပစ်မှတ်ထား လှုပ်ရှား နေမှု့ကို ကရင်လူမျိုးများက လုံးဝသိရှိနေပါသဖြင့် ယင်းကဲ့သို့ ဆက်လက်လှုပ်ရှားနေပါက ကရင်အမျိုးသားများအနေဖြင့် ဆက်လက်လှုပ်ရှားမှု့ မပြုနိုင်အောင် လိုအပ်သလို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကြိုတင်ကျေငြာအပ်ပါသည်။



မြန်မာအရေးလေ့လာသူ ဦးအောင်နိုင်ဦးမှ ၃၁.၁.၂၀၀၉ နေ့တွင် KNU အစည်းအရုံးကြီးဧ။် တော်လှန်ရေး အနှစ် ၆၀ ကာလတိုင်တိုင် ကိုင်စွဲခဲ့သော ဥက္ကဌကြီး စောဘဦးကြီးဧ။် မူ လေးချက်ကို KNU အစည်းအရုံးကြီးဧ။် ၁၄ ကြိမ်မြောက်

ကွန်ဂရက်မှ ဆက်လက်ကိုင်ဆွဲ သွားရန်ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားသင့်ကြောင်းပြောဆိုဝေဖန်ချက်မှာ -
1. သဘောရိုးဖြင့်ဝေဖန်ပြောဆိုခြင်းမဟုတ်ဘဲ KNU အစည်းအရုံးကြီးဧ။် ဦးဆောင်တော်လှန်ရေး တိုက်ပွဲကို တွေဝေသွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြောဆိုဝေဖန်ခြင်းဖြစ်သည်။
2. KNU အစည်းအရုံးကြီးဧ။် တရားသော လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်းဖြစ်သည်။
3. KNU အစည်းအရုံးဧ။် ဒီမိုကရေစီတော်လှန်ရေးကို ပြည်သူတရပ်လုံးဧ။် ရန်သူဖြစ်သော စစ်အာဏာရှင် လက်သို့ အညံ့ခံရန် တစ်ပေါင်းတစ်စည်း တစ်ကျိပ်တစ်ဥာဏ်တည်းဖြစ်သည်ကို တွေ့ရှိရပါသည်။

အောင်နိုင်ဦး သို့-

1. KNU ကရင်အမျိုးသားအဖွဲ့ အစည်း ကြီးဧ။် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာရခြင်းမှာ ဘာကြောင့်လဲ၊
2. ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ နိုင်ငံကို အုပ်စိုးခဲ့သော ဖဆပလ အစိုးရ အုပ်ချူပ်ခဲ့သော (၁၄) နှစ်တာ ကာလ အတွင်း လက်နက်ကိုင်တော်လှန်ကြသော တော်လှန်ရေးအဖွဲ့ အစည်းများ နှင့် ဖြေရှင်းရာတွင် မိမိ အစိုးရကိုယ်တိုင် ဘာကြောင့် အာဏာ အသိမ်းခံရသလဲ။
3. တဖန် ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ အုပ်စိုးခဲ့သော မဆလ အစိုးရ ဧ။် (၂၆) နှစ် အုပ်စိုးမှု့မှာ မြန်မာလူမျိုးအပါအဝင် ပြည်သူလူထု တိုင်းရင်းသားများဧ။် အုံကြွ ဖြုတ်ချမှု့ကို ဘာကြောင့် ခံရသနည်း။
4. တဖန် ၁၉၈၈ မှ ၂၀၀၈ ခုနှစ်အထိ တတိယ အကြိမ် အာဏာလု တက်လာသော နဝတ/နအဖ အစိုးရဧ။် အနှစ် ၂၀ အုပ်စိုးမှု့အတွင်း မည်သည့်တိုင်းရင်းသားအရေးကိုမျှ ဖြေရှင်းပေးနိုင်ခြင်း မရှိရုံမျှ မက -

• ဖဆပလ (၁၄) နှစ်သက်တမ်း
• မဆလ (၂၆) နှစ် သက်တမ်း
• နဝတ/နအဖ အနှစ် (၂ဝ) သက်တမ်း
စုစုပေါင်း အနှစ် (၆၀) အတွင်း ရှိရင်စွဲ မည်သည့်ပြသနာ မည်သည့်လူမျိုးရေးမျှ ဖြေရှင်းနိုင်စွမ်း မရှိရုံသာမက တနိုင်ငံလုံး - နိုင်ငံရေး၊ လူမှု့ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်မှ ချွတ်ခြုံကျနေသည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။

အထဲတွင် -
ဖဆပလ အစိုးရလက်ထက်
မဆလအစိုးရလက်ထက်
အခု နဝတ/နအဖ စစ်အာဏာရှင် အုပ်ချူပ်ရေး ဗမာလူမျိုးအပါအဝင် တိုင်းရင်းသား အားလုံးအနက် - ကရင်အမျိုးသားများကို နည်းမျိုးစုံ
1. ယဉ်ကျေးမှု့
2. စီးပွားရေး
3. လူမှု့ရေး
4. ဘာသာရေးအရသာမက လူမဆန်စွာ ကန်းကုန်အောင် နှိပ်စက်ညှင်းပန်းပြီး
မျိုးဖြုတ်လူမျိုးတုန်းသတ်ဖြတ်နေမှု့မှာ ကမ္ဘာ အသိပင်ဖြစ်သည်။ ယင်းအခြေ အနေအတွက် ကရင် အမျိုးသား တို့သည် ခေါင်းဆောင် စောဘဦးကြီးဧ။် မူ လေးချက်ကို ကိုင်ဆောင်လျှက် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် တိုက်ပွဲဝင်ရုံမှ လွဲ ၍ အခြားလမ်းမရှိကြောင်းကို ကရင်အမျိုးသားများသာမက ကမ္ဘာသို့ တိုက်ပွဲ ဝင်သွားမည်သာဖြစ်ကြောင်း ကြော်ငြာ အပ်ပါသည်။
မဟာမိတ် ဒီမိုကရေစီ အဖွဲ့များထံမှ ရရှိသော သတင်းအတည်ပြုချက်များအရ ဦးအောင်နိုင်ဦးသည် နအဖ ဧ။် အသုံးတော်ခံ ဘက်သားတော်ဖြစ်ကြောင်း သတင်းမှာ လူထု တရပ်လုံးအသိဖြစ်ပါသည်။
ဦးအောင်နိုင်ဦးဧ။် မျက်နှာဖြူဇနီး (Shona Kirwood) မှာ မြန်မာနိုင်ငံအတွင်း တံခါးမရှိ ဓါးမရှိ ဝင်ထွက် ပြီး စစ်အာဏာရှင်အစိုးရ အလိုကျ အတိုင်း လှုပ်ရှားရာတွင် အထူးသဖြင့် ကရင် လူမျိုးများကို ပစ်မှတ်ထား လှုပ်ရှား နေမှု့ကို ကရင်လူမျိုးများက လုံးဝသိရှိနေပါသဖြင့် ယင်းကဲ့သို့ ဆက်လက်လှုပ်ရှားနေပါက ကရင်အမျိုးသားများအနေဖြင့် ဆက်လက်လှုပ်ရှားမှု့ မပြုနိုင်အောင် လိုအပ်သလို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကြိုတင်ကျေငြာအပ်ပါသည်။




အပြည့်အစုံသို့...

သနားစရာ စင်ကာပူမှ မြန်မာသံရုံး

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မြန်မာပြည်မှာ စစ်ကျွန်ပြုမဲ့ ဖွဲ့စည်းပုံအခြေခံ ကို ဆန့်ကျင်ကန့်ကွက်
ခဲ့ကြတဲ့ မြန်မာနိုင်ငံသားများ



စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံး ကို သွားရတော့မယ်ဆိုတော့ လူတိုင်းက
စောစောသွားရတယ်တဲ့ ။ ဘယ်လောက် စောစော လဲ ဆိုတော့ လဲ မပြောကြဘူး ။
စောစောသွားပဲ ပြောနေကြတယ်၊ ဒါဆိုလဲ ၆နာရီလောက် အိမ်က ထွက်ရင် ရမှာလို့
ထင်လိုက်မိတယ်၊ နောက်သူငယ်ချင်းတယောက်ကပြောတော့မှ တော်တော်အံ့သြသွားတယ်၊
၃၊၄ နာရီလောက်ထဲကစ တန်းစီ ပြီး တုံကင်ယူရတာတဲ့။ သံရုံး မှာ လူတွေ တန်းစီ
နေရ တာ သနားစရာ တော်တော်ကောင်းတယ် ။ တချို့ တွေ ဆို ညအိပ် ပြီး စောင့်
ကြရတာ မနက်စောစော လာရမှာ အဆင်မပြေဘူး ဝေးလို့တဲ့။ ပြီးရင် လဲ
ဘယ်မှသွားလို့မရဘူး၊ ၈နာရီလောက်တခါ လူပြန်စစ်တယ်လေ။ အဲဒီ အချိန် မှာ
ကိုယ်မရှိ ရင် မနက်စောစော ထ တန်းစီ ရတာ အလကားဖြစ်ပြန်ရော။ ရှိတဲ့သူတွေရဲ့
နာမည်တွေနဲ့ ပြန်ပြီးစဉ် လိုက်ကြလို့လေ။ ဒါကတော့ သံရုံး ပါးဝ နေတဲ့သူတွေ
လုပ်တာပေါ့။ သူ့နာမည် ရှေ့ တိုး ကိုယ့်နာမည်နောက်ဆုတ်လေ။


ဒီပြဿနာတွေပြေလည်စေ ဖို့က ticket machine လေး ၁ ခုလောက်ပဲ လိုတာပါ။
ကိုယ်ရောက်တဲ့အချိန်မှာ ကိုယ့်နံပါတ်လေး ကိုယ်ယူထားပြီး ကိုယ့်အလှည့် ကို
ခေါ်တဲ့အခါ သွား လိုက်ရုံ ပဲ ပေါ့။ ဒီလောက် လွယ်လွယ်လေး ကို သူတို့ မို့
မခက် ခက်အောင် လုပ်တတ် တယ်နော်။ ပြီးရင်လဲတနေ့လုံး ကုန်အောင် စောင့်ရတာ
အခွန်ဆောင်ဖို့ ကို။

ကိုယ်တကယ်သံရုံး ကို ရောက်သွားတော့မှ မြန်မာ ပြည်သူတွေ ကို တော်တော်
သနားသွားမိတယ်၊ ရှားရှားပါးပါး အလုပ်ပိတ် ရက်လေး ကို ပြည့်ပြည့် ၀၀
မနားရဘဲ နဲ့ သူတို့ပစ်ပို့တ် သက်တမ်း တိုးရင် မရမှာ စိုးလို့ အခွန်တွေ
လာဆောင်နေကြရတာ တကယ်တော့ ဘယ်သူ မှမပေးချင်ကြပါဘူး။ အိမ်စရိတ် စားစရိတ်တွေ
နဲ့ မနဲ လောက်ငအောင် နေပြီး သူများတိုင်းပြည်မှာ အလုပ် လာ လုပ်နေ
ကြရတာလေ၊ တော်တော်များများကအိမ်ကို ပြန်ပို့ ပေးနေရ တာပါ။ ဒီနိုင်ငံမှာ
နေတော့ စင်္ကာပူ အစိုးရ ကို အခွန်ပေးပြီးသား အပြင် မြန်မာ သံရုံး ကိုလဲ
ထပ်ပေးရ တော့ ဘယ်သူ ပေးချင်ပါ့မလဲ ။ ဒါ့ပြင် ဒီလို ဒုက္ခတွေလဲ ရှိနေတော့
သံရုံး ဆို အသံတောင် မကြားချင် ကြတော့ ဘူးပေါ့။ ကိုယ့်ကို ကျတော့သူတို့ က
ဘာတခုမှ ကူညီတာမဟုတ်ဘူးနော်။ သူတို့ တာဝန်က အခွန်ကောက်ဖို့ က လွဲရင်
ကျန်တာ ဘာမှ သူတို့ နဲ့ မဆိုင်တော့ဘူး။ ဘာပြဿနာမှ ကို မဖြေရှင်းပေးဘူး။
မဖြေရှင်းတတ်တာလဲ ပါမှာ ပေါ့လေ ဥာဏ်နဲ ကြတာကိုး။ သူတို့ ဦးနှောက်ထဲ မှာ
ရှိတာ က သူတို့ အခွန် ရပြီး ရင် ကျန်တာ ဘာမှ မဆိုင်တော့ဘူး ဆိုတာပဲ လေ။

ရုံး က ၀န်ထမ်းတွေက အလုပ် ချိန် ကို အတိအကျ စ တာ မြန်မာ ပြည်က
အတိုင်းပါပဲ ။ ရုံးချိန် ၉ နာရီ ဆိုပေမဲ့ သူတို့ နာရီတွေ က နောက်ကျ နေ
တော့ ၉:၃၀ မှ ဟိုလှည့် ဒီလှည့်နဲ့  ရောက်လာ ကြလို့ မနက်အစောကြီး ထဲ ကထ
လာရတဲ့ သူတွေကပဲ စိတ်ရှည်ရှည်နဲ့ စောင့်ရတာ ပေါ့။ နောက် နံမည်တွေ စခေါ်
တော့လဲ ရှေးရိုးစဉ်လာ အတိုင်း ပါးစပ် က ခေါ်ပါတယ်။ သူတို့ မှာ
computerized system ဘာမှ မရှိပါဘူး computer ဆိုတာ ကြားဖူးရဲ့ လားလို့
တောင် မေးကြည့်သင့်တယ်။ ရှိခဲ့ရင်တောင် သံအမတ် chatting လုပ်ဖို့
ဖြစ်မှာပေါ့။ Singapore လိုနိုင်ငံမှာ manual လုပ်နေရတာ တော်တော်
သနားဖို့ ကောင်းပြီး မြန်မာအစိုးရ ရဲ့ အဆင့်အတန်းကို ပြနေသလိုပါပဲ။
မြန်မာ ပြည်မှာ ရှိတဲ့ နိုင်ငံခြားသံရုံးတွေ မှာ တောင် ဒါမျိုးမတွေ့
ဖူးပါ ဘူး။ ဒါ ပထမ ဆုံးတွေ့ ဖူးတာပါ။ သူတို့ မှာ ပိုက်ဆံ မရှိ လို့လား
ဆိုတော့ လဲ အခွန်တွေ ရတာ မနဲ မနောပါ။ တလ ကို S pass သမားက $၈၀ ၊ PR က
$၁၂၀ ပေးရတယ်။ ဒါပေမဲ့ အခွန်ဆောင်တဲ့ သူတွေက ဈေးဆစ်ကြ၊ ငိုပြကြ အန်တီ
ကြီး က ပြန်အော် လိုက်နဲ သူ့အရပ်နဲ့ သူ့ ဇာတ် နဲ့ ကတော့ ကိုက်နေတာပဲ ။
အခွန်ဆောင်တာတွေကို on line က လုပ်လို့ ရလား မေးတော့ မရဘူးတဲ့။ ရခဲ့ရင်
သူတို့ လဲ သက်သာ ပြည်သူတွေလဲ တော်တော်ကို အဆင်ပြေ လို့ ၀င်ငွေတွေ အခု ထက်
တောင် ပိုကောင်းဦး မှာ ပါ။

အန်တီ ကြီး က ပဲ အခွန်ငွေ အလျှော့အတင်း ကို ဆုံးဖြတ် ပါတယ်။ ဒါကြောင့်
လူတွေက ကိုယ့်ပိုက်ဆံ နဲ့ ကိုယ် အောက်ကျို့ နေရတာကို ကြည့်ရင်း
သနားမိပြီး မြန်မာအချင်းချင်း တိုင်းတပါးမှာ မကူညီ၊ မရိုင်းပင်းတဲ့ အပြင်
ပြည်သူ တွေဆီက အ ခွန်ကောက်ပြီး ပြည်သူတွေကို စော်ကားနေ သလို ဖြစ်တာ မို့
တော်တော်စိတ်ပျက် မိပါတယ်။

သူငယ်ချင်း က ပြောတာတော့ အာစီယံ နိုင်ငံတွေမှာ ၂ထပ်ခွန် မရှိဘူး
ဒါနားလည်မှုနဲ့ လုပ်နေတာတဲ့ သူတို့ က အခွန်မဆောင်ထားရင် ပစ်ပို့စ် သက်တမ်း
တိုးရင် ရစ် လို့ ၊ မရ လို့ ဆောင်ရတာတဲ့ တရားဝင်မဟုတ်ဘူး လို့ တော့
ပြောတာပဲ ။ ဒါပေမဲ့ သူ့ နိုင်ငံ နဲ့ သူ့ ဥပဒေ ဆိုတော့ လဲ
ဆောင်ကြရတာပေါ့လေ။ ကိုယ်ကဘာတွေ ထူးပြီး တတ်နိုင်မှာ လဲ နော။

သူတို့ က ပုံသေတွက်ထား တာ S pass သမား က အနဲ ဆုံး ၁၈၀၀ ရတယ် လို့ ဒါပေမဲ့
တကယ်တော့ ၈၀၀၊ ၁၀၀၀ လောက်နဲ့ လုပ်နေရတဲ့ သူတွေ အများကြီး ဆိုတာကို
မသိချင်ယောင်ဆောင်နေတယ်။ ၁၈၀၀ ဘဏ်ထဲကို ၀င်ပေမဲ့ ၉၀၀ ကုမ္မဏီ ကို ပြန်အမ်း
ရတဲ့ သူတွေ လဲ အများ ကြီးရှိပါတယ်။ ဘယ်လောက်ပဲ ရရ မြန်မာ ပြည်မှာ ထက်တော့
ဝင်ငွေ ကောင်နေတော့ ဖြစ်သလို လုပ်နေကြရတာပါ။ မြန်မာ ပြည်က လူတွေက
အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီး လုပ်ခ သက်သက်သာသာ နဲ့ ရတော့
စားသောက်ဆိုင်တွေက မြန်မာ တွေ ကို ခန့် ချင် ကြတယ်။ ရုံး တွေမှာတော့
သိပ်မသုံး ချင် ကြတာ အင်္ဂလိပ် စာ ညံ့ လို့ တဲ့။ မြန်မာ တွေ ထက် မလေးရှား
တွေ ကို ပို ခန့် ကြတယ်။ တော်တော်များများ မြန်မာတွေက တော်ကြပါတယ်။

အခုမြန်မာပြည်မှာ စီးပွါးရေး တွေ မကောင်းတော့ တော်တော် များများက စင်္ကာပူ
မှာ အလုပ်လာ ရှာ ကြတယ်။ ပွဲစားတွေ နဲ့လာတာတမျိုး ကိုယ့်အသိအားကိုးနဲ့
လာတာတမျိုပေါ့။ ဒါပေမဲ့ ဒီနိုင်ငံမှာတောင် အလုပ်လျှော့တာ တွေ များနေလို့
အစိုးရ ကိုယ်တိုင် က သူ့နိုင်ငံ က လူတွေကို ပဲ ဦးစားပေး ခန့်ဖို့
ပြောထားပါတယ်။ သူတို့အစိုးရ က ပြည်သူတွေ ကို ဂရုစိုက်တာ ကိုယ့်နိုင်ငံ က
နအဖ လို ပါပဲလေ နော။ ကိုယ့်နိုင်ငံ မှာ အဆင် မပြေ လို့ ရှိစု မဲ့ စု လေး
ခြစ်ကုတ် လာ ရတဲ့ သူတွေခမျာ ဖွတ်မရ ဓါးမဆုံး ပေါ့။

ဒီအကြောင်းတွေ ပဲ တွေ့တဲ့သူတိုင်းနဲ့ ပြောဖြစ်နေ တော့ ညီမလေး က သံရုံး က
သူတွေ ရော လစာ ဘယ်လောက်ရ လဲ လို့ မေး လိုက်ပါလားတဲ့။ ပြောတာမယုံရင်
ကိုယ်တိုင်မေးလို့ ရတယ်နော် ။ ဆက်သွယ်ရမဲ့ဖုန်းနံပါတ် တွေကတော့
သံရုံးဖုန်း က ၆၇၃၅၆၅၀ နဲ့ သံအမတ် ဖုန်းက ၆၇၅၆၀၂၀၉။

သံအမတ်နဲ့ chat ချင် လို့ email ရှာတာ မတွေ့ဘူး သိလား။ ဒီတော့
သေချာပါတယ်လေ သူတို့ မှာ တကယ် computer မရှိဘူးဆိုတာ။


တကယ်လို့  မိတ်ဆွေတို့ မှာ ပိုက်ဆံများရှိခဲ့ရင် သူတို့  Chat ဖို
့Computer လေးတွေ ၀ယ်ပေးလိုက်ပါနော်။ ။




အပြည့်အစုံသို့...

ိုနိုင်ငံကရှေးဟောင်း အမွေအနှစ်တွေကိုသူများနိုင်ငံတွေမှာလိုက်ကြည့်

ထိုင်းကသူငယ်ချင်းတယောက်ကပြောလို့
ဝင်ဖတ်ကြည့်တာအနော်လည်းမူးတယ်မူးတယ်
ဖြစ်သွားတာပေါ့နောက်ဆိုကိုနိုင်ငံကရှေးဟောင်း
အမွေအနှစ်တွေကိုသူများနိုင်ငံတွေမှာလိုက်ကြည့်
ရတော့မယ်
အဲဒါမို့ တတ်နိုင်သလောက်မျှဝေပေးပါ

အာလုံးကိုလေးစားလျှက် ( နတ်လူမုန်း )

မြန်မာနိုင်ငံတွင် စစ်အစိုးရများအဆက်ဆက်
စီးပွားရေးတောက်လျှောက်ကျဆင်းလာပြီး လူမူရေးဘက်မှာ လည်း
အကျင့်စာရိတ္တပျက်ပြားမှုများ တိုးမြင့်လာသည့်အပြင်
မြန်မာစစ်အစိုးရများကလည်း ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး၊
သာသနာစောင့်ထိန်းရေးပိုင်းများတွင် လစ်ဟင်းညံ့ဖျင်းမူများ ရှိလာသည်။
နောက်ဆက်တွဲ အဖြစ် မြန်မာပြည်မှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့်
ရှေးဟောင်းပစ္စည်းများမှာ နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င်ခိုးထုတ်နေသည်မှာ
နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များအဆင့်ဆင့်
ပါဝင်ပတ်သက်မူကြောင့် ယနေ့ထိတိုင် အထူးသဖြင့်
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ပုံမှန်လုပ်ကိုင်လျက်ရှိကြသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းများ
တရားမ၀င်တင်သွင်းရာတွင် မြန်မာအာဏာပိုင်များနှင့်
ထိုင်းအာဏာပိုင်များကိုလည်း ညှိနှိုင်းထားရကြောင်း၊ ညှိနှိုင်းမူမရှိဘဲ
ခိုးသွင်းပါက ထိုင်းအကောက်ခွန်ဌာနက ပစ္စည်းများသိမ်းယူပြီး
ရှေးဟောင်းပစ္စည်းများ ဟုတ်မဟုတ် စစ်ဆေးပြီးနောက် တရားဝင်လေလံတင်၍
ပြန်လည်ရောင်းချကြောင်း ရှေးဟောင်းကုန်သည်တဦးက ရှင်းပြသည်။

"မြ၀တီကတဆင့် ရှေးဟောင်းပစ္စည်းတွေကို ညဘက်လူခြေတိတ်ချိန်မှာ လှေတွေနဲ့
ထိုင်းဘက်ကို ပို့ရတယ်။ ကိုယ့်ဆီက ကိုယ်တော်တွေကို ပေးရသလို ထိုင်းဘက်က
ကိုယ်တော်တွေကိုလည်း ပေးရတာပဲ။ အဲလိုမလုပ် လို့ကတော့ အချုပ်ရောက်၊
ဂတ်ရောက်၊ ထောင်ရောက်နဲ့ တော်ရုံနဲ့ နာလန်ပြန်ထူနိုင်မှာ မဟုတ်ဘူး။
ရှေးဟောင်းပစ္စည်းသယ်တဲ့ မြန်မာကုန်သည်တွေ ထိုင်းမှာ
နှစ်ရှည်ထောင်ဒဏ်ကျနေတာတွေ အများကြီးရှိတယ်" ဟု ရှင်းပြသည်။

၎င်းက "အခုနောက်ပိုင်း ရှေးဟောင်းဘုရားတွေ ရှာရတာခက်သွားပြီး
ဘုရားဝယ်တဲ့သူတွေလည်း ရှေးဟောင်း လူသုံးကုန်တွေဘက်ကို
လမ်းကြောင်းပြောင်းပြီး အလုပ်လုပ်ကြရတယ်။ ရှေးဟောင်း တိုင်ကပ်နာရီ ဘီဒို၊
စားပွဲ၊ ကုလားထိုင်၊ တရားဟောပလ္လင်၊ တူရိယာပစ္စည်း၊ ရုပ်သေးရုပ်နတ်ရုပ်တွေ
ဘက်ကို ပြောင်းလုပ်ကြတယ်။ ဒါတွေကြတော့ တနိုင်ငံလုံးမှာ
လိုက်ဝယ်လို့ရတာကိုး၊ ရန်ကုန်မှာ စုထားပြီး ကားတွေနဲ့ မြ၀တီဘက်ကို သယ်ရ
တယ်။ အားလုံးအေးအေးဆေးဆေးသယ်လို့ရတယ်။ ဘာပြဿနာမှ မရှိဘူး။ လမ်းခရီးမှာ
ဒီလောက်များတဲ့ ဂိတ်တွေကို ဖြတ်ဖို့အတွက် ကြိုတင်ဆက်သွယ်
ပေးကမ်းထားတာမရှိရင် ဘယ်လိုမှ ခရီးမပေါက်နိုင်ဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပသို့ လက်မှုထည်များတင်ပို့ရာတွင်
လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း လိုင်စင်များ လျှောက်ထားရပြီး
ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ကတိခံဝန်ချက်ဖြင့် လျှောက်ထားရန်လိုသည်ဟု
ပို့ကုန် လုပ်ငန်းဌာနမှ သတ်မှတ်ထားသည်။ လုပ်ငန်းရှင်များအနေဖြင့်
ပြည်ပသို့ ရှေးဟောင်းနှင့် လက်မှုပစ္စည်းများ တင်ပို့ရခြင်းနှင့်ပတ်သက်၍
မြန်မာရှေးဟောင်းပစ္စည်းကုန်သည်တဦးက "ဥပဒေကတော့ အမျိုးမျိုးပြောင်းနေ
တာပဲ။ အရင်ကဆိုရင် လက်မှုပစ္စည်းတင်ပို့မှုကို ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့
ထောက်ခံချက်ယူရတယ်။ အခုမလိုတော့ဘူး။ ဒါပေမယ့် လိုင်စင်လျှောက်ရင်တော့
ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းကိုတော့ ၀န်ခံလက်မှတ်ရေးထိုးရတယ်။ ဒါကလည်း
တကယ်အလုပ်မဖြစ်တဲ့ကိစ္စကြီးပါ။ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဟာ
သူ့နည်းသူ့ဟန်နဲ့ အောက်လမ်းကနေပဲ နယ်စပ်ကိုထွက်နေတာပါ။ တနိုင်ငံလုံးက
အာဏာပိုင်တွေ ပါဝင်ပတ်သက်လို့ မြန်မာနိုင်ငံက
ရှေးဟောင်းပစ္စည်းတွေအများစုဟာ ထိုင်းနိုင်ငံကတဆင့် အခြားနိုင်ငံ
အတော်များများကို ရောက်သွားတာ ကုန်သလောက်ဖြစ်နေပြီ" ဟု ပြောသည်။

ယခုနှစ်ဆန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်တွင် "ဗုဒ္ဓဘား"
အမည်ရှိ အဆင့်မြင့် ယမကာဆိုင် ဖွင့်လှစ်ခဲ့ရာ မြန်မာလက်ရာဟုယူဆရသည့်
ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူအပါအ၀င် မြန်မာ၊ ထိုင်း ရုပ်ပွားတော်များကို
ဆိုင်ခန်းအပြင်အဆင်အဖြစ် ချထားပုံကို တိုင်းမ်မဂ္ဂဇင်းတွင်
ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည့်အတွက် ပြဿနာတွေ တက်ခဲ့ဖူးသည်။

မဲဆောက်၊ မြ၀တီ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းအောက်ရှိ
မြန်မာရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွင် တလလျှင်
အနည်းဆုံးသုံးလေးကြိမ်ခန့် မြန်မာနိုင်ငံဘက်မှာ မြန်မာဘုန်းတော်ကြီးများ
ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်အသေးလေးများ လာရောက်ရောင်းချရာ နှစ်လက်မ၊
သုံးလက်မ ရုပ်ပွားတော်တဆူလျှင် ဘတ်ငွေ (၁,၀၀၀) မှ (၂,၀၀၀)အထိ ရရှိကြသည်။

အချို့မြန်မာဘုန်းကြီးများမှာ ဈေးမတည့်ဘူးဟုဆိုကာ
ချစ်ကြည်ရေးတံတားအနီးရှိ ရှေးဟောင်းဆိုင်များသို့ တဆိုင်ဝင်တဆိုင်ထွက်
လိုက်လံရောင်းချရာ ရှေးဟောင်းဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာ
အလုပ်သမားများက "တကယ်မျက်နှာပူဖို့ကောင်းတယ်ဗျာ။ လူပုဂ္ဂိုလ်တွေလုပ်တာက
တမျိုးပေါ့၊ အခုလို သင်္ကန်းဝတ်တဲ့ မြန်မာဘုန်းကြီးတွေ
ဒီကိစ္စမျိုးမလုပ်သင့်ဘူး။ အဲ့ဒီဘုန်းကြီးတွေကို ဘာလို့ဘုရားလာ
ရောင်းရတာလဲလို့ လျှောက်တော့ ကျောင်းဝေယျာဝစ္စအတွက် ကျောင်းပြင်ဖို့
ဘုရားတည်ဖို့ ဆိုပြီး အလှူလာခံ တာပါလို့ ပြောတယ်။ အင်မတန်ကို
ရှက်ဖို့ကောင်းပါတယ်" ဟု ပြောသည်။

ယခင်က မဲဆောက်မြို့တွင် ရှေးဟောင်းဘုရားများ လာရောင်းသည့်
မြန်မာဘုန်းတော်ကြီးများနှင့် အခကြေးငွေ ယူ၍ စိတ်ကြွဆေး ခေါ် (ယာဘ)
ဆေးပြားများ အလုံးရေသိန်းနှင့်ချီ၍ သယ်ဆောင်ပေးသော မြန်မာဘုန်းကြီး
များကိုလည်း မဲဆောက်အာဏာပိုင်များက ဖမ်းဆီးရမိခြင်းများ ရှိခဲ့သည်။

မြ၀တီခရိုင်၊ မြ၀တီမြို့ရှိ မိကျောင်းကုန်းဘုန်းတော်ကြီးကျောင်းမှ
ဆရာတော်ဦးဝိရောဇနသည် ခရိုင်သံဃာ့နာယကအတွင်းရေးမှူးနှင့်
ခရိုင်သံဃာ့စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံဖြစ်သော်လည်း မြ၀တီမြို့သို့
ကြွရောက်လာသည့် သာသနာဝင်များအား ကြီးကြပ်မှု အားနည်းပေါ့လျော့နေသည့်အတွက်
သံဃာ့ဝိနည်းနှင့် ကိုက်ညီမူမရှိဘဲ ဘာသာရေးကို ဗန်းပြ၍ ထိုင်းနိုင်ငံသို့
ကိုယ်ကျိုးအတွက် လာရောက်ကြ သည့် ရဟန်းနှင့်သီလရှင်များအား
သာသနာအကျိုးမျှော်ကိုး၍ ကြပ်မတ်စစ်ဆေးသင့်သည်ဟု မြ၀တီမြို့ခံတဦးက
ပြောသည်။

မြ၀တီမြို့မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းပို့သည့်
မြန်မာအလုပ်သမားခေါင်းဆောင်တဦးက "ထိုင်းသူဌေးတွေက သူတို့ကားတွေနဲ့
အရန်သင့်လာစောင့်တယ်။ ပစ္စည်းကိုတော့ ညဘက်ပဲ သယ်ရတယ်။ နှစ်ဖက်
အာဏာပိုင်တွေကိုတော့ ညှိထားပြီးသားဖြစ်တယ်။ ပစ္စည်းရောက်တာနဲ့
တခါတည်းသယ်သွားတာပဲ။ တချို့ဆိုရင် ကျနော်တို့မတွေ့ဖူးတဲ့
လူနှစ်ဖက်စာလောက်ရှိတဲ့ ရှေးဟောင်းမောင်းကြီးတွေ၊ ပေစာထုပ်တွေ၊
ကြေးစည်ကြီးတွေအစုံပဲ။ အဲဒီအပေါ်မှာ ကဗ္ပည်းထိုး ထားတာ ပါဠိလိုချည်းပဲ၊
တကယ်နှမြောဖို့ကောင်းတယ်။ ဒါပေမယ့် ငါ့ဝမ်းပူဆာမနေသာ ကိန်းဆိုက်ကုန်ပြီး
အခုလိုထိုင်းဘက်ကို ရှေးဟောင်းပစ္စည်းတွေပို့တာ။ အဆက်အသွယ်မရှိလို့ကတော့
ကြက်သွန်နီ၊ ကြက်သွန်ဖြူသွင်းရင်တောင် ထိုင်းကာစတန်က ဖမ်းတယ်။
ဒီလိုရှေးဟောင်းတွေ ကျတော့ ညဘက် ဘယ်သူမှစစ်တာဆေးတာ မရှိဘူး။ ဟိုဘက်ဒီဘက်
မီးစိမ်းပြဖို့ပဲလို တယ်။ အခု နောက်ပိုင်း ရှေးဟောင်းဘုရားဆင်းတုတော်တွေက
နည်းသွားပေမယ့် လူသုံးကုန်တွေကတော့ ဒီနေ့အထိ ထိုင်းကိုဝင်နေဆဲပဲ။ ဥပမာ-
အင်္ဂလိပ်ခေတ်က ရုပ်ရှင်ရိုက်စက်တွေ၊ ရုပ်ရှင်ပြစက်တွေဆိုရင် ထိုင်းတွေက
မတန်မရာဈေးပဲ ပေးတယ်။ ရှေးဟောင်းပစ္စည်းက အမှန်အကန်ဆိုပေမယ့်
သူခိုးဈေးနဲ့ လာရောင်းသလိုဖြစ်တော့ အနှိမ်ခံရတာပေါ့။ ကုန်သည်တွေအပြောအရ
ဆယ်ချိုးတချိုးပဲရတယ်။ ထိုင်းဘက် ရောက်တဲ့ပစ္စည်းကို
ပြန်သယ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ အခြားရှေးဟောင်းပစ္စည်းတွေ ဖြစ်တဲ့
မှန်စီရွှေချစားပွဲ၊ ကုတင်၊ သလွန်၊ ကြေးမုံပြင်၊ မှန်တင်ခုံ တွေကအစ
ရရာဈေးနဲ့ ရောင်းနေရတော့ တဖက်ဝယ်လက်က မြိုးမြိုးးမြက်မြက်ရတဲ့
သဘောမျိုးရှိတယ်" ဟု ၎င်း၏လုပ်ငန်း အတွေ့အကြုံအား ရှင်းပြသည်။

၂၀၀၉ ခုနှစ်အစမှာ မြန်မာနိုင်ငံ ရဲဌာနာချုပ်ရုံး
နိုင်ငံဖြတ်ကျော်မူခင်းဌာနက ညွှန်ကြားရေးမှူးရဲမှူးကြီး စစ်အေးက
အာဆီယံဒေသတွင်း ရှေးဟောင်းယဉ်ကျေးမူပစ္စည်းများကို
တရားမ၀င်လွှဲပြောင်းခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း များကိုတားဆီးရန်
ဥပဒေများ ပြဋ္ဌာန်းလိုက်သည်ဟုပြောသည်။ ပြည်တွင်းတွင်လည်း
ရှေးဟောင်းယဉ်ကျေးမူ ကာကွယ်ထိန်းသိမ်းမူနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရန်
လိုကြောင်း၊ ဆင်းရဲသည့်နိုင်ငံများမှ ရှေးကျသည့် ပစ္စည်းများကို
ဈေးကောင်းရလျှင် ရောင်းချမှုများ ရှိနေသည့်အတွက်
အမျိုးဂုဏ်သိက္ခာနှင့်ဆိုင်သည့်ရှေး ဟောင်းပစ္စည်းများကို
ကာကွယ်ထိန်းသိမ်းရန်လိုသည်ဟု ပြည်တွင်းထုတ်ဂျာနယ်တစောင်တွင်
ဖော်ပြထားသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ မဲဆောက်မြို့တွင် ကိုယ်ပိုင်ရှေးဟောင်းပစ္စည်းဆိုင်
ဖွင့်ထားသည့် မြန်မာတဦးက "ဒါကတော့ လူကြားကောင်းအောင် ပြောတာပဲ။
မြန်မာပြည်က ရှေးဟောင်းပစ္စည်းတွေ ထိုင်းကိုဝင်လာတာ
ကုန်သလောက်ဖြစ်သွားပြီ။ ထိုင်းကလည်း ရှေးဟောင်းဆိုရင်
ကုလားလက်ဖက်ရည်ဆိုင်က ရေနွေးတည်တဲ့ ဆမားဒိုးလို ရှေးဟောင်းအိုးကအစ
ဝယ်တယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ မြ၀တီမှာ သိသိသာသာဖြစ် တာက ၁၉၈၈
ခုနှစ်နောက်ပိုင်းမှာ လူတွေက စားဝတ်နေရေး အတော့်ကိုဒုက္ခရောက်ကြတော့
အဲ့ဒီနောက်ပိုင်း ၀င်လိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဘယ်မှာဖမ်းတာ
ဆီးတာရှိလို့လဲ။ ဘားအံဂိတ်၊ ကော့ကရိတ်၊ မြ၀တီဂိတ်နဲ့ ရှိသမျှဂိတ်တွေကို
ငွေနဲ့သာခင်းစမ်းပါ။ သယ်ချင်ရာသယ်လို့ရတယ်။ မြန်မာရှေးဟောင်းဘုရားနဲ့
ပစ္စည်းတွေ အောက်လမ်းကနေ နိုင်ငံခြားကို ထွက်တာ မြ၀တီ၊ မဲဆောက်လမ်းဟာ
အလွယ်ကူဆုံးပဲ။ ခေတ်စနစ်ကမကောင်းတော့ လူတွေငတ်ကြတယ်။
မိသားစုစားဝတ်နေရေးအတွက် ရရာ ရှိရာရောင်းပြီး ဖြေရှင်းနေရတယ်။
သူတို့ပြောတဲ့ မျိုးချစ်စိတ်တို့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုတာတွေက
ကိုယ်လည်း သူတို့လိုနေရာတွေမှာ နေရမယ်ဆိုရင် ပြောနိုင်ပါတယ်" ဟု ဆိုသည်။

မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ရန်အတွက်
စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ကျောက်ဆင်းတုများကို မန္တလေးမှ
ပင့်ဆောင်လာရာတွင် မြ၀တီမြို့တွင် ကြုံတွေ့ရ သည့်အခက်အခဲများနှင့်
ပတ်သက်၍ "မြ၀တီအာဏာပိုင်တွေဟာ သူတို့နဲ့မညှိရင်
ကျောက်ဆင်းတုရုပ်ပွားတော်တောင်မှ သယ်ခွင့်ပြု တာမဟုတ်ဘူး။ ဒါတောင်မှ
ဘုန်းကြီးကျောင်းအတွက် ကိုးကွယ်ဖို့ ပင့်လာတာ။ ထိုင်းဘက်ကလည်း
မညှိလို့ကတော့ ပြေးနိုင်မှလွတ်မယ့် သဘောရှိတယ်။ ဒီလိုဖြစ်ရတာကလည်း
အလွဲသုံးစားလုပ်တဲ့ အချို့မြန်မာ ဘုန်းကြီးတွေကြောင့်ဖြစ်တယ်" ဟု
မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတကျောင်းမှ ဘုန်းတော်ကြီး တပါးက
မိန့်ကြားသည်။

စစ်ကိုင်းတိုင်းမှ ပန်းပုဆရာတဦးက "ပွဲစားတွေနဲ့ပေါင်းပြီးတော့
မြန်မာပြည်အနှံ့လှည့်ပြီး ဘုရားရှာတဲ့ အလုပ်ကိုလုပ်ခဲ့တာ (၁၅)
နှစ်လောက်ကြာခဲ့တယ်။ ငွေလည်း အတော့်ကိုရခဲ့ပါတယ်။ အိုးပိုင်အိမ်ပိုင်၊
ထော်လာဂျီနဲ့ ဆိုင်ကယ်နဲ့ဖြစ်ခဲ့တယ်။ ကလေးနှစ်ယောက်နဲ့ မိန်းမဟာ
နေထိုင်မကောင်းဖြစ်ပြီး တယောက် ပြီးတယောက်သေဆုံးကုန်တယ်။ အရပ်ကတော့
ကျနော်တို့ကို ဘုရားစူးတယ်လို့ပြောကြတယ်။ အခု ကျနော် တယောက်တည်း
မဲဆောက်မြို့ကိုလာပြီး ကိုယ်တတ်ထားတဲ့ ပန်းပုပညာလေးနဲ့
ထိုင်းရှေးဟောင်းဆိုင်မှာ ရှေးဟောင်းပစ္စည်းအကျိုးအပဲ့တွေကို
ပြန်ပြင်ပြန်ဆက်ပေးတဲ့ အလုပ်လုပ်နေရတယ်။ ကျနော်ကတော့ ကိုယ်တွေ့ပဲ။
ဗုဒ္ဓဘာသာဝင်တွေအနေ့နဲ့တော့ ဒီအလုပ်ကို ရှောင်စေချင်တယ်။ ဒီငရဲက
နောင်ဘ၀မဟုတ်ဘူး။ ခုဘ၀တင် ခံနေရပြီ" ဟု ခေတ်ပြိုင်သို့ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ရှေးဟောင်းဘုရားကုန်ကူးသူတဦးက
"ရှေးဟောင်းဘုရား ဆင်းတုတော်တွေရောင်းပြီး ကိုယ့်ကိုယ်ကိုယ်
ဒီတသက်မဆင်းရဲတော့ဘူးလို့ထင်ခဲ့တယ်။ တိုက်နဲ့ကား နဲ့ဖြစ်လာတယ်။
ရန်ကုန်မှာလည်း အိမ်တွေခြံတွေဝယ်ထားတဲ့ အဆင့်ထိဖြစ်လာတယ်။ ရှေးဟောင်း
ဘုရားတွေကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားရှာတဲ့လူတွေနဲ့
ဆက်သွယ်ထားပြီးလုပ်ခဲ့တယ်။ ဘယ်လောက်ထိ ရဖူးလဲဆိုရင် ပုဂံ၊ အင်းဝ၊
ကုန်းဘောင်ခေတ်က ဘုရားတွေအထိ ရဖူးတယ်။ အဲဒီ ဘုရားတွေဆိုရင် မြန်မာငွေ
ကျပ်သိန်းထောင်ဂဏန်းအထိရဖူးတယ်။ ဒီရှေးဟောင်းဘုရားတွေကို စစ်ဆေးနိုင်ဖို့
မြန်မာနိုင်ငံရှေးဟောင်းသုတသနဦးစီးဌာနက ပညာရှင်အချို့ကိုတောင်
အိပ်ထဲထည့်နိုင်ခဲ့တယ်။ သူတို့ကလည်း ဘယ်ခေတ်ကဘုရား၊ အေဒီဘယ်လောက်ကဘုရား၊
ဘယ်မှာသွန်းတဲ့ ဘုရားဆိုပြီး ခုနှစ်သက္ကရာဇ်အတိအကျပြောနိုင်တယ်။
သူတို့ကိုလည်း ပစ္စည်းစစ်ပေးတဲ့အတွက် တခေါက်ကို (၁၅) သိန်းကနေ သိန်း (၂၀)
အထိပေးရတယ်။ မြန်မာပြည်မှာ ရှေးဟောင်းပစ္စည်းတွေ ကုန်တာ အစိုးရ၀န်ထမ်းတွေ
ကိုယ်တိုင်ပါလို့ဖြစ်ရတာပါ။ ကျနော်ဆိုရင် အိမ်မီးလောင်တယ်၊ ဘားအံနဲ့
ရန်ကုန်ကိုပြေးဆွဲတဲ့ ကျနော့်ကားတွေ ကားမှောက်ပြီး ခရီးသည်တွေ
သေလို့လျော်ရတယ်။ အမှုတွေ ဖြစ်တယ်၊ နောက်ဆုံး လျော်စရာမရှိ
ပေးစရာမရှိဖြစ်ပြီး မိသားစုအားလုံး နယ်စပ်ကဒုက္ခသည်စခန်းမှာပဲ
ဒုက္ခသည်အဖြစ် လာနေရတယ်။ မကောင်းမူပြုတဲ့ ဒဏ်ကြောင့်ပဲလား၊
တိုက်ဆိုင်မှုပဲလားဆိုတာ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး" ဟုပြောသည်။

ဘန်ကောက်ရောက် ကရင်ပြည်နယ်ဒုံရင်းနယ်မှ လူငယ်တဦးက "ကျနော်တို့ရွာက
ရှေးဟောင်းဘုရားပျောက်သွားတာ (၅) နှစ်ကျော်ပြီ။ ကျနော်ထိုင်းကိုလာပြီး
ဘန်ကောက်မှာ အလုပ်လုပ်တော့ ကျနော်တို့ရွာက ရှေးဟောင်းဘုရားဆင်းတုတော်ကို
ဘန်ကောက် ဆူကွန်ဗစ်လမ်းမှာရှိတဲ့ ရှေးဟောင်းပစ္စည်း ဆိုင်ကြီးမှာ
ရောင်းဖို့ပြထားတာကိုတွေ့တော့ ရွာကလူကြီးတွေကို ပြောပြခဲ့တယ်။
သူတို့လုံးဝ စိတ်မ၀င်စားကြဘူး။ ကျနော့်အမေပြောတာကတော့ ရွာမှာ ဒီကိစ္စ
ဘယ်သူမှ မပြောရဲဘူး၊ ရွာကကျောင်းထိုင် ဘုန်းကြီးနဲ့ ဥက္ကဋ္ဌပေါင်းပြီး
နယ်စပ်ကို ခိုးထုတ်သွားတာဖြစ်တယ်တဲ့" ဟု ပြောသည်။

ဤကိစ္စများအတွက် မြန်မာအစိုးရအနေဖြင့်
သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံအစိုးရများ၊ ယူနက်စကို ခေါ် ကုလသမဂ္ဂ ပညာရေး၊
သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့၊ အင်တာပို ခေါ် နိုင်ငံတကာရဲအဖွဲ့တို့နှင့်
ဆက်စပ်ဆောင်ရွက်မှု မရှိသလောက်ဖြစ်နေပြီး
တာဝန်ရှိလုံခြုံရေးဘက်ဆိုင်ရာတို့၏ အကျင့်ပျက် ခြစားမှုများလည်း
အနှံ့အပြား ဖြစ်နေချိန်တွင် ပြည်တွင်းစီးပွားရေးနှင့်
လူမှုရေးအနေအထားများလည်း တိုးတက်မှုမရှိသရွေ့ ငါ့ဝမ်းပူဆာမနေသာသဖြင့်
ယခုလို သီလမစောင့် သားကောင်ချနင်းအခြေအနေမှာ ကာလရှည်
တည်တံ့နေဦးမည်ဖြစ်သည်။






--
ဗြဟ္မစိုရ် ( ၄ ) ပါး

တန်းတူတွေ့ရင် မေတ္တာဝင် ၊ မဝင်နိုင်ကပြိုင်တပ်သည်
ပြိုင်မည့်အစား မေတ္တာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
နိမ့်သူတွေ့ရင် ဂရုဏာဝင် ၊ မဝင်နိုင်က နိုင်တပ်သည်
နိုင်မည့်အစား ဂရုဏာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
မြင့်သူတွေ့ရင် မုဒိတာဝင် ၊ မဝင်နိုင်က ရွဲ့ တပ်သည် ။
ရွဲ့ မည့်အစား မုဒိတာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
မိုက်သူတွေ့ရင် ဥပေက္ခာဝင် ၊ မဝင်နိုင်က မဲ့တပ်သည် ။
မဲ့မည့်အစား ဥပေက္ခာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
စိတ်ကိုလည်းပြင် ရုပ်လည်းပြင် ၊ ပြင်ဆင်တိုင်ရပြုတိုင်းလှ ။
သုခနိဗ္ဗန်တိုင်လိမ့်မယ် ။




အပြည့်အစုံသို့...

မြန်မာရှေးဟောင်းပစ္စည်းတွေ ဒီလိုခိုးထုတ်ပါတယ်

ရဲရင့်မြင့်မောင်

မြန်မာနိုင်ငံတွင် စစ်အစိုးရများအဆက်ဆက် စီးပွားရေးတောက်လျှောက်ကျဆင်းလာပြီး လူမူရေးဘက်မှာ လည်း အကျင့်စာရိတ္တပျက်ပြားမှုများ တိုးမြင့်လာသည့်အပြင် မြန်မာစစ်အစိုးရများကလည်း ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး၊ သာသနာစောင့်ထိန်းရေးပိုင်းများတွင် လစ်ဟင်းညံ့ဖျင်းမူများ ရှိလာသည်။ နောက်ဆက်တွဲ အဖြစ် မြန်မာပြည်မှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းပစ္စည်းများမှာ နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င်ခိုးထုတ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များအဆင့်ဆင့် ပါဝင်ပတ်သက်မူကြောင့် ယနေ့ထိတိုင် အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ပုံမှန်လုပ်ကိုင်လျက်ရှိကြသည်။


ထိုင်း-မြန်မာနယ်စပ်တလျှောက်မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းများ တရားမ၀င်တင်သွင်းရာတွင် မြန်မာအာဏာပိုင်များနှင့် ထိုင်းအာဏာပိုင်များကိုလည်း ညှိနှိုင်းထားရကြောင်း၊ ညှိနှိုင်းမူမရှိဘဲ ခိုးသွင်းပါက ထိုင်းအကောက်ခွန်ဌာနက ပစ္စည်းများသိမ်းယူပြီး ရှေးဟောင်းပစ္စည်းများ ဟုတ်မဟုတ် စစ်ဆေးပြီးနောက် တရားဝင်လေလံတင်၍ ပြန်လည်ရောင်းချကြောင်း ရှေးဟောင်းကုန်သည်တဦးက ရှင်းပြသည်။
“မြ၀တီကတဆင့် ရှေးဟောင်းပစ္စည်းတွေကို ညဘက်လူခြေတိတ်ချိန်မှာ လှေတွေနဲ့ ထိုင်းဘက်ကို ပို့ရတယ်။ ကိုယ့်ဆီက ကိုယ်တော်တွေကို ပေးရသလို ထိုင်းဘက်က ကိုယ်တော်တွေကိုလည်း ပေးရတာပဲ။ အဲလိုမလုပ် လို့ကတော့ အချုပ်ရောက်၊ ဂတ်ရောက်၊ ထောင်ရောက်နဲ့ တော်ရုံနဲ့ နာလန်ပြန်ထူနိုင်မှာ မဟုတ်ဘူး။ ရှေးဟောင်းပစ္စည်းသယ်တဲ့ မြန်မာကုန်သည်တွေ ထိုင်းမှာ နှစ်ရှည်ထောင်ဒဏ်ကျနေတာတွေ အများကြီးရှိတယ်” ဟု ရှင်းပြသည်။
၎င်းက “အခုနောက်ပိုင်း ရှေးဟောင်းဘုရားတွေ ရှာရတာခက်သွားပြီး ဘုရားဝယ်တဲ့သူတွေလည်း ရှေးဟောင်း လူသုံးကုန်တွေဘက်ကို လမ်းကြောင်းပြောင်းပြီး အလုပ်လုပ်ကြရတယ်။ ရှေးဟောင်း တိုင်ကပ်နာရီ ဘီဒို၊ စားပွဲ၊ ကုလားထိုင်၊ တရားဟောပလ္လင်၊ တူရိယာပစ္စည်း၊ ရုပ်သေးရုပ်နတ်ရုပ်တွေ ဘက်ကို ပြောင်းလုပ်ကြတယ်။ ဒါတွေကြတော့ တနိုင်ငံလုံးမှာ လိုက်ဝယ်လို့ရတာကိုး၊ ရန်ကုန်မှာ စုထားပြီး ကားတွေနဲ့ မြ၀တီဘက်ကို သယ်ရ တယ်။ အားလုံးအေးအေးဆေးဆေးသယ်လို့ရတယ်။ ဘာပြဿနာမှ မရှိဘူး။ လမ်းခရီးမှာ ဒီလောက်များတဲ့ ဂိတ်တွေကို ဖြတ်ဖို့အတွက် ကြိုတင်ဆက်သွယ် ပေးကမ်းထားတာမရှိရင် ဘယ်လိုမှ ခရီးမပေါက်နိုင်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပသို့ လက်မှုထည်များတင်ပို့ရာတွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း လိုင်စင်များ လျှောက်ထားရပြီး ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ကတိခံဝန်ချက်ဖြင့် လျှောက်ထားရန်လိုသည်ဟု ပို့ကုန် လုပ်ငန်းဌာနမှ သတ်မှတ်ထားသည်။ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ရှေးဟောင်းနှင့် လက်မှုပစ္စည်းများ တင်ပို့ရခြင်းနှင့်ပတ်သက်၍ မြန်မာရှေးဟောင်းပစ္စည်းကုန်သည်တဦးက “ဥပဒေကတော့ အမျိုးမျိုးပြောင်းနေ တာပဲ။ အရင်ကဆိုရင် လက်မှုပစ္စည်းတင်ပို့မှုကို ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့ ထောက်ခံချက်ယူရတယ်။ အခုမလိုတော့ဘူး။ ဒါပေမယ့် လိုင်စင်လျှောက်ရင်တော့ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းကိုတော့ ၀န်ခံလက်မှတ်ရေးထိုးရတယ်။ ဒါကလည်း တကယ်အလုပ်မဖြစ်တဲ့ကိစ္စကြီးပါ။ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဟာ သူ့နည်းသူ့ဟန်နဲ့ အောက်လမ်းကနေပဲ နယ်စပ်ကိုထွက်နေတာပါ။ တနိုင်ငံလုံးက အာဏာပိုင်တွေ ပါဝင်ပတ်သက်လို့ မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေအများစုဟာ ထိုင်းနိုင်ငံကတဆင့် အခြားနိုင်ငံ အတော်များများကို ရောက်သွားတာ ကုန်သလောက်ဖြစ်နေပြီ” ဟု ပြောသည်။
ယခုနှစ်ဆန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်တွင် “ဗုဒ္ဓဘား” အမည်ရှိ အဆင့်မြင့် ယမကာဆိုင် ဖွင့်လှစ်ခဲ့ရာ မြန်မာလက်ရာဟုယူဆရသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူအပါအ၀င် မြန်မာ၊ ထိုင်း ရုပ်ပွားတော်များကို ဆိုင်ခန်းအပြင်အဆင်အဖြစ် ချထားပုံကို တိုင်းမ်မဂ္ဂဇင်းတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည့်အတွက် ပြဿနာတွေ တက်ခဲ့ဖူးသည်။
မဲဆောက်၊ မြ၀တီ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းအောက်ရှိ မြန်မာရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွင် တလလျှင် အနည်းဆုံးသုံးလေးကြိမ်ခန့် မြန်မာနိုင်ငံဘက်မှာ မြန်မာဘုန်းတော်ကြီးများ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်အသေးလေးများ လာရောက်ရောင်းချရာ နှစ်လက်မ၊ သုံးလက်မ ရုပ်ပွားတော်တဆူလျှင် ဘတ်ငွေ (၁,၀၀၀) မှ (၂,၀၀၀)အထိ ရရှိကြသည်။
အချို့မြန်မာဘုန်းကြီးများမှာ ဈေးမတည့်ဘူးဟုဆိုကာ ချစ်ကြည်ရေးတံတားအနီးရှိ ရှေးဟောင်းဆိုင်များသို့ တဆိုင်ဝင်တဆိုင်ထွက် လိုက်လံရောင်းချရာ ရှေးဟောင်းဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာ အလုပ်သမားများက “တကယ်မျက်နှာပူဖို့ကောင်းတယ်ဗျာ။ လူပုဂ္ဂိုလ်တွေလုပ်တာက တမျိုးပေါ့၊ အခုလို သင်္ကန်းဝတ်တဲ့ မြန်မာဘုန်းကြီးတွေ ဒီကိစ္စမျိုးမလုပ်သင့်ဘူး။ အဲ့ဒီဘုန်းကြီးတွေကို ဘာလို့ဘုရားလာ ရောင်းရတာလဲလို့ လျှောက်တော့ ကျောင်းဝေယျာဝစ္စအတွက် ကျောင်းပြင်ဖို့ ဘုရားတည်ဖို့ ဆိုပြီး အလှူလာခံ တာပါလို့ ပြောတယ်။ အင်မတန်ကို ရှက်ဖို့ကောင်းပါတယ်” ဟု ပြောသည်။
ယခင်က မဲဆောက်မြို့တွင် ရှေးဟောင်းဘုရားများ လာရောင်းသည့် မြန်မာဘုန်းတော်ကြီးများနှင့် အခကြေးငွေ ယူ၍ စိတ်ကြွဆေး ခေါ် (ယာဘ) ဆေးပြားများ အလုံးရေသိန်းနှင့်ချီ၍ သယ်ဆောင်ပေးသော မြန်မာဘုန်းကြီး များကိုလည်း မဲဆောက်အာဏာပိုင်များက ဖမ်းဆီးရမိခြင်းများ ရှိခဲ့သည်။
မြ၀တီခရိုင်၊ မြ၀တီမြို့ရှိ မိကျောင်းကုန်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဝိရောဇနသည် ခရိုင်သံဃာ့နာယကအတွင်းရေးမှူးနှင့် ခရိုင်သံဃာ့စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံဖြစ်သော်လည်း မြ၀တီမြို့သို့ ကြွရောက်လာသည့် သာသနာဝင်များအား ကြီးကြပ်မှု အားနည်းပေါ့လျော့နေသည့်အတွက် သံဃာ့ဝိနည်းနှင့် ကိုက်ညီမူမရှိဘဲ ဘာသာရေးကို ဗန်းပြ၍ ထိုင်းနိုင်ငံသို့ ကိုယ်ကျိုးအတွက် လာရောက်ကြ သည့် ရဟန်းနှင့်သီလရှင်များအား သာသနာအကျိုးမျှော်ကိုး၍ ကြပ်မတ်စစ်ဆေးသင့်သည်ဟု မြ၀တီမြို့ခံတဦးက ပြောသည်။
မြ၀တီမြို့မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းပို့သည့် မြန်မာအလုပ်သမားခေါင်းဆောင်တဦးက “ထိုင်းသူဌေးတွေက သူတို့ကားတွေနဲ့ အရန်သင့်လာစောင့်တယ်။ ပစ္စည်းကိုတော့ ညဘက်ပဲ သယ်ရတယ်။ နှစ်ဖက် အာဏာပိုင်တွေကိုတော့ ညှိထားပြီးသားဖြစ်တယ်။ ပစ္စည်းရောက်တာနဲ့ တခါတည်းသယ်သွားတာပဲ။ တချို့ဆိုရင် ကျနော်တို့မတွေ့ဖူးတဲ့ လူနှစ်ဖက်စာလောက်ရှိတဲ့ ရှေးဟောင်းမောင်းကြီးတွေ၊ ပေစာထုပ်တွေ၊ ကြေးစည်ကြီးတွေအစုံပဲ။ အဲဒီအပေါ်မှာ ကဗ္ပည်းထိုး ထားတာ ပါဠိလိုချည်းပဲ၊ တကယ်နှမြောဖို့ကောင်းတယ်။ ဒါပေမယ့် ငါ့ဝမ်းပူဆာမနေသာ ကိန်းဆိုက်ကုန်ပြီး အခုလိုထိုင်းဘက်ကို ရှေးဟောင်းပစ္စည်းတွေပို့တာ။ အဆက်အသွယ်မရှိလို့ကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူသွင်းရင်တောင် ထိုင်းကာစတန်က ဖမ်းတယ်။ ဒီလိုရှေးဟောင်းတွေ ကျတော့ ညဘက် ဘယ်သူမှစစ်တာဆေးတာ မရှိဘူး။ ဟိုဘက်ဒီဘက် မီးစိမ်းပြဖို့ပဲလို တယ်။ အခု နောက်ပိုင်း ရှေးဟောင်းဘုရားဆင်းတုတော်တွေက နည်းသွားပေမယ့် လူသုံးကုန်တွေကတော့ ဒီနေ့အထိ ထိုင်းကိုဝင်နေဆဲပဲ။ ဥပမာ- အင်္ဂလိပ်ခေတ်က ရုပ်ရှင်ရိုက်စက်တွေ၊ ရုပ်ရှင်ပြစက်တွေဆိုရင် ထိုင်းတွေက မတန်မရာဈေးပဲ ပေးတယ်။ ရှေးဟောင်းပစ္စည်းက အမှန်အကန်ဆိုပေမယ့် သူခိုးဈေးနဲ့ လာရောင်းသလိုဖြစ်တော့ အနှိမ်ခံရတာပေါ့။ ကုန်သည်တွေအပြောအရ ဆယ်ချိုးတချိုးပဲရတယ်။ ထိုင်းဘက် ရောက်တဲ့ပစ္စည်းကို ပြန်သယ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ အခြားရှေးဟောင်းပစ္စည်းတွေ ဖြစ်တဲ့ မှန်စီရွှေချစားပွဲ၊ ကုတင်၊ သလွန်၊ ကြေးမုံပြင်၊ မှန်တင်ခုံ တွေကအစ ရရာဈေးနဲ့ ရောင်းနေရတော့ တဖက်ဝယ်လက်က မြိုးမြိုးးမြက်မြက်ရတဲ့ သဘောမျိုးရှိတယ်” ဟု ၎င်း၏လုပ်ငန်း အတွေ့အကြုံအား ရှင်းပြသည်။
၂၀၀၉ ခုနှစ်အစမှာ မြန်မာနိုင်ငံ ရဲဌာနာချုပ်ရုံး နိုင်ငံဖြတ်ကျော်မူခင်းဌာနက ညွှန်ကြားရေးမှူးရဲမှူးကြီး စစ်အေးက အာဆီယံဒေသတွင်း ရှေးဟောင်းယဉ်ကျေးမူပစ္စည်းများကို တရားမ၀င်လွှဲပြောင်းခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း များကိုတားဆီးရန် ဥပဒေများ ပြဋ္ဌာန်းလိုက်သည်ဟုပြောသည်။ ပြည်တွင်းတွင်လည်း ရှေးဟောင်းယဉ်ကျေးမူ ကာကွယ်ထိန်းသိမ်းမူနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရန် လိုကြောင်း၊ ဆင်းရဲသည့်နိုင်ငံများမှ ရှေးကျသည့် ပစ္စည်းများကို ဈေးကောင်းရလျှင် ရောင်းချမှုများ ရှိနေသည့်အတွက် အမျိုးဂုဏ်သိက္ခာနှင့်ဆိုင်သည့်ရှေး ဟောင်းပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရန်လိုသည်ဟု ပြည်တွင်းထုတ်ဂျာနယ်တစောင်တွင် ဖော်ပြထားသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ မဲဆောက်မြို့တွင် ကိုယ်ပိုင်ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်ထားသည့် မြန်မာတဦးက “ဒါကတော့ လူကြားကောင်းအောင် ပြောတာပဲ။ မြန်မာပြည်က ရှေးဟောင်းပစ္စည်းတွေ ထိုင်းကိုဝင်လာတာ ကုန်သလောက်ဖြစ်သွားပြီ။ ထိုင်းကလည်း ရှေးဟောင်းဆိုရင် ကုလားလက်ဖက်ရည်ဆိုင်က ရေနွေးတည်တဲ့ ဆမားဒိုးလို ရှေးဟောင်းအိုးကအစ ၀ယ်တယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ မြ၀တီမှာ သိသိသာသာဖြစ် တာက ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ လူတွေက စားဝတ်နေရေး အတော့်ကိုဒုက္ခရောက်ကြတော့ အဲ့ဒီနောက်ပိုင်း ၀င်လိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဘယ်မှာဖမ်းတာ ဆီးတာရှိလို့လဲ။ ဘားအံဂိတ်၊ ကော့ကရိတ်၊ မြ၀တီဂိတ်နဲ့ ရှိသမျှဂိတ်တွေကို ငွေနဲ့သာခင်းစမ်းပါ။ သယ်ချင်ရာသယ်လို့ရတယ်။ မြန်မာရှေးဟောင်းဘုရားနဲ့ ပစ္စည်းတွေ အောက်လမ်းကနေ နိုင်ငံခြားကို ထွက်တာ မြ၀တီ၊ မဲဆောက်လမ်းဟာ အလွယ်ကူဆုံးပဲ။ ခေတ်စနစ်ကမကောင်းတော့ လူတွေငတ်ကြတယ်။ မိသားစုစားဝတ်နေရေးအတွက် ရရာ ရှိရာရောင်းပြီး ဖြေရှင်းနေရတယ်။ သူတို့ပြောတဲ့ မျိုးချစ်စိတ်တို့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုတာတွေက ကိုယ်လည်း သူတို့လိုနေရာတွေမှာ နေရမယ်ဆိုရင် ပြောနိုင်ပါတယ်” ဟု ဆိုသည်။
မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ရန်အတွက် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ကျောက်ဆင်းတုများကို မန္တလေးမှ ပင့်ဆောင်လာရာတွင် မြ၀တီမြို့တွင် ကြုံတွေ့ရ သည့်အခက်အခဲများနှင့် ပတ်သက်၍ “မြ၀တီအာဏာပိုင်တွေဟာ သူတို့နဲ့မညှိရင် ကျောက်ဆင်းတုရုပ်ပွားတော်တောင်မှ သယ်ခွင့်ပြု တာမဟုတ်ဘူး။ ဒါတောင်မှ ဘုန်းကြီးကျောင်းအတွက် ကိုးကွယ်ဖို့ ပင့်လာတာ။ ထိုင်းဘက်ကလည်း မညှိလို့ကတော့ ပြေးနိုင်မှလွတ်မယ့် သဘောရှိတယ်။ ဒီလိုဖြစ်ရတာကလည်း အလွဲသုံးစားလုပ်တဲ့ အချို့မြန်မာ ဘုန်းကြီးတွေကြောင့်ဖြစ်တယ်” ဟု မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတကျောင်းမှ ဘုန်းတော်ကြီး တပါးက မိန့်ကြားသည်။
စစ်ကိုင်းတိုင်းမှ ပန်းပုဆရာတဦးက “ပွဲစားတွေနဲ့ပေါင်းပြီးတော့ မြန်မာပြည်အနှံ့လှည့်ပြီး ဘုရားရှာတဲ့ အလုပ်ကိုလုပ်ခဲ့တာ (၁၅) နှစ်လောက်ကြာခဲ့တယ်။ ငွေလည်း အတော့်ကိုရခဲ့ပါတယ်။ အိုးပိုင်အိမ်ပိုင်၊ ထော်လာဂျီနဲ့ ဆိုင်ကယ်နဲ့ဖြစ်ခဲ့တယ်။ ကလေးနှစ်ယောက်နဲ့ မိန်းမဟာ နေထိုင်မကောင်းဖြစ်ပြီး တယောက် ပြီးတယောက်သေဆုံးကုန်တယ်။ အရပ်ကတော့ ကျနော်တို့ကို ဘုရားစူးတယ်လို့ပြောကြတယ်။ အခု ကျနော် တယောက်တည်း မဲဆောက်မြို့ကိုလာပြီး ကိုယ်တတ်ထားတဲ့ ပန်းပုပညာလေးနဲ့ ထိုင်းရှေးဟောင်းဆိုင်မှာ ရှေးဟောင်းပစ္စည်းအကျိုးအပဲ့တွေကို ပြန်ပြင်ပြန်ဆက်ပေးတဲ့ အလုပ်လုပ်နေရတယ်။ ကျနော်ကတော့ ကိုယ်တွေ့ပဲ။ ဗုဒ္ဓဘာသာဝင်တွေအနေ့နဲ့တော့ ဒီအလုပ်ကို ရှောင်စေချင်တယ်။ ဒီငရဲက နောင်ဘ၀မဟုတ်ဘူး။ ခုဘ၀တင် ခံနေရပြီ” ဟု ခေတ်ပြိုင်သို့ပြောသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ရှေးဟောင်းဘုရားကုန်ကူးသူတဦးက “ရှေးဟောင်းဘုရား ဆင်းတုတော်တွေရောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဒီတသက်မဆင်းရဲတော့ဘူးလို့ထင်ခဲ့တယ်။ တိုက်နဲ့ကား နဲ့ဖြစ်လာတယ်။ ရန်ကုန်မှာလည်း အိမ်တွေခြံတွေဝယ်ထားတဲ့ အဆင့်ထိဖြစ်လာတယ်။ ရှေးဟောင်း ဘုရားတွေကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားရှာတဲ့လူတွေနဲ့ ဆက်သွယ်ထားပြီးလုပ်ခဲ့တယ်။ ဘယ်လောက်ထိ ရဖူးလဲဆိုရင် ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ်က ဘုရားတွေအထိ ရဖူးတယ်။ အဲဒီ ဘုရားတွေဆိုရင် မြန်မာငွေ ကျပ်သိန်းထောင်ဂဏန်းအထိရဖူးတယ်။ ဒီရှေးဟောင်းဘုရားတွေကို စစ်ဆေးနိုင်ဖို့ မြန်မာနိုင်ငံရှေးဟောင်းသုတသနဦးစီးဌာနက ပညာရှင်အချို့ကိုတောင် အိပ်ထဲထည့်နိုင်ခဲ့တယ်။ သူတို့ကလည်း ဘယ်ခေတ်ကဘုရား၊ အေဒီဘယ်လောက်ကဘုရား၊ ဘယ်မှာသွန်းတဲ့ ဘုရားဆိုပြီး ခုနှစ်သက္ကရာဇ်အတိအကျပြောနိုင်တယ်။ သူတို့ကိုလည်း ပစ္စည်းစစ်ပေးတဲ့အတွက် တခေါက်ကို (၁၅) သိန်းကနေ သိန်း (၂၀) အထိပေးရတယ်။ မြန်မာပြည်မှာ ရှေးဟောင်းပစ္စည်းတွေ ကုန်တာ အစိုးရ၀န်ထမ်းတွေ ကိုယ်တိုင်ပါလို့ဖြစ်ရတာပါ။ ကျနော်ဆိုရင် အိမ်မီးလောင်တယ်၊ ဘားအံနဲ့ ရန်ကုန်ကိုပြေးဆွဲတဲ့ ကျနော့်ကားတွေ ကားမှောက်ပြီး ခရီးသည်တွေ သေလို့လျော်ရတယ်။ အမှုတွေ ဖြစ်တယ်၊ နောက်ဆုံး လျော်စရာမရှိ ပေးစရာမရှိဖြစ်ပြီး မိသားစုအားလုံး နယ်စပ်ကဒုက္ခသည်စခန်းမှာပဲ ဒုက္ခသည်အဖြစ် လာနေရတယ်။ မကောင်းမူပြုတဲ့ ဒဏ်ကြောင့်ပဲလား၊ တိုက်ဆိုင်မှုပဲလားဆိုတာ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟုပြောသည်။
ဘန်ကောက်ရောက် ကရင်ပြည်နယ်ဒုံရင်းနယ်မှ လူငယ်တဦးက “ကျနော်တို့ရွာက ရှေးဟောင်းဘုရားပျောက်သွားတာ (၅) နှစ်ကျော်ပြီ။ ကျနော်ထိုင်းကိုလာပြီး ဘန်ကောက်မှာ အလုပ်လုပ်တော့ ကျနော်တို့ရွာက ရှေးဟောင်းဘုရားဆင်းတုတော်ကို ဘန်ကောက် ဆူကွန်ဗစ်လမ်းမှာရှိတဲ့ ရှေးဟောင်းပစ္စည်း ဆိုင်ကြီးမှာ ရောင်းဖို့ပြထားတာကိုတွေ့တော့ ရွာကလူကြီးတွေကို ပြောပြခဲ့တယ်။ သူတို့လုံးဝ စိတ်မ၀င်စားကြဘူး။ ကျနော့်အမေပြောတာကတော့ ရွာမှာ ဒီကိစ္စ ဘယ်သူမှ မပြောရဲဘူး၊ ရွာကကျောင်းထိုင် ဘုန်းကြီးနဲ့ ဥက္ကဋ္ဌပေါင်းပြီး နယ်စပ်ကို ခိုးထုတ်သွားတာဖြစ်တယ်တဲ့” ဟု ပြောသည်။
ဤကိစ္စများအတွက် မြန်မာအစိုးရအနေဖြင့် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံအစိုးရများ၊ ယူနက်စကို ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့၊ အင်တာပို ခေါ် နိုင်ငံတကာရဲအဖွဲ့တို့နှင့် ဆက်စပ်ဆောင်ရွက်မှု မရှိသလောက်ဖြစ်နေပြီး တာဝန်ရှိလုံခြုံရေးဘက်ဆိုင်ရာတို့၏ အကျင့်ပျက် ခြစားမှုများလည်း အနှံ့အပြား ဖြစ်နေချိန်တွင် ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးအနေအထားများလည်း တိုးတက်မှုမရှိသရွေ့ ငါ့ဝမ်းပူဆာမနေသာသဖြင့် ယခုလို သီလမစောင့် သားကောင်ချနင်းအခြေအနေမှာ ကာလရှည် တည်တံ့နေဦးမည်ဖြစ်သည်။

(ခေတ်ပြိုင်ဂျာနယ်မှကူးယူဖေါ်ပြပါသည်)




အပြည့်အစုံသို့...

၁၈ရာစုပုံစံအုပ်ချုပ်သူု ၁၉ရာစုခံယူချက်နှင့် အတိုက်အခံ ၂၁ ရာစုတွင်နေထိုင်ရှင်သန်နေကြသော ပြည်သူများ

၁၈ရာစုပုံစံအုပ်ချုပ်သူု

၁၉ရာစုခံယူချက်နှင့် အတိုက်အခံ

၂၁ ရာစုတွင်နေထိုင်ရှင်သန်နေကြသော ပြည်သူများ

နှင့်

ဗမာပြည်

17.January.2009

၁။ အုပ်ချုပ်သူဘက်ကပြတ်သည်၊ အတွင်းအကြည့် အပြင်မကြည့် ဘာမျှအကြည့် လုပ်ချင်သလိုလုပ်သည်။ သတ်ချင်သလိုသတ်သည်။ လိမ်လိမ်ချင်သလို လိမ်သည်။ ပြည်သူကိုလည်း သတ်သည် ခလေးတွေလည်းသတ်သည်။ အဖြူအစိမ်းတို့ ရင်ဝမှာ သွေးအလိမ်းလိမ်း မကြည့်ဝန့်အမြင်ရက်စရာ သံဃာတော်တွေ သင်္ကန်းဝါဝါတွေ အသေအရှင်တွေ မီးသင်္ဂြိုစက်ထဲ သဘက်သရဲတွေ ဝိုင်းဆွဲနေသလို မျိုး။

၂၁ ရာစု ကမ္ဘာ့ရွာကို ဗမာပြည်နှင့် ကန့်လန့်ကာခြား၍ ခွဲခြားဘို့ကြိုးစားသည်။ လူမျိုးခြား၊ ကိုလိုနီ သူ့ကျွန်မခံနဲ့ (ငါ့ကျွန်ခံ) ခေါ်လျှင်ထူး၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဒို့သွေးလည်းမဟုတ် ဒို့သားလည်းမဟုတ် ဘေးပြောတာမယုံနဲ့ စကားလုံးထုံးသုတ်ပြီး စစ်မိစ္ဆာမသာယုတ်ကို ဖုံးအုပ်ဘို့ ကြိုးစားသည်။ လမ်းပြမြေပုံ ခုနှစ်ချက် ညောင်နှစ်ပင် လိမ်ဆင်တွေ တစ်ခုပြီးတစ်ခု။

၂။ အတိုက်အခံတွေဘက်ကြည့်တော့ တစ်ခုမှအသက်မပါ၊ ရှက်စရာတွေခြည်း မျက်ကန်းမျိုးချစ်များက တော်သေးသည်။ မျက်စေ့မကန်းသော မျိုးမချစ်များ၏ ကုလားထိုင်များ၊ မယားငယ်များ၊ ပရိုပိုဇယ်များ ဒေါ်လာများ ကမ္ဘာနှင့် ခေတ်အဆတ်ဆတ် ပြတ်မှုများ အာဏာရှင်က ကမ္ဘာတွင်ပျောက်ကွယ်သွားပြီဖြစ်သော ၁၈ ရာစုကိုလိုနီစကားလုံးကိုပြတိုက်ထဲမှထုတ်၍ သုံးသည်။ အတိုက်အခံက အဲဒါကိုလိုနီမဟုတ်တော့ဘူး အရင်ဆုံးရှင်းရမဲ့ အရင်းရှင်တွေ ဓနရှင်တွေ ဖောက်ပြန်နေတဲ့ လူတန်းစား မမှန်တဲ့ ဘာတဲ့ ညာတဲ့ အော်ရင်း ၁၉ ရာစုအတွေးအမြင်ကို ကိုင်စွဲရင်း အုပ်ချုပ်သူ ညွှန်ပြရာ ဖက်သို့ပင် အတူလိုက် လက်ညှိုးထိုးပြ ဆန့်ကျင်နေကြသည်။

နာဂစ် အငတ်ဘေး သေဘေးနွံတွင်းမှပြည်သူများ၏ ကယ်ပါယူပါ ဆာလွန်းလို့ပါ ဆိုသော မျက်တွင်းဟောက်ပက် လူသေမျက်ခွက် အရိုးစုလက်တို့ကို မျက်စေ့စုံမှိတ် ငြင်းဆန်ရင်း အရင်းရှင်ပြန်သွား၊ ဓနရှင်သင်္ဘောတွေ မင်းတို့ သဘောဆောင်ခွင့် မပြုဘူး။ ဒီခေတ်ကြီးမှာ ပဒေသရာဇ်အာဏာရှင်ကို ထိန်းချုပ်ဘို့ UN ရှိတယ်၊ ဘန်ကီမွန်းရှိတယ်၊ ဘာလဲဂလိုဘယ်၊ ဘာလဲ ဟူးမန်းရိုက်၊ တိန်ရှောက်ဖိန်မှားတယ်၊ ဂေါဘာချော့မမှန်ဘူး၊ ဖရန်စစ်ဖူကူရားမား ထွက်သွား၊ အနောက်ကခေါင်းဆောင်မှန်သမျှ ဥစ္စာရူး၊ ဓနရူး၊ မယားထရူး မာ့ခ် မထိနဲ့ ၊ အိန်ဂျယ်မထိနဲ့ ၊ ငါ့မိန်းမမထိနဲ့၊ ငါ့ခယ်မမထိနဲ့ ၊ ငါ့ကုလားထိုင် မထိနဲ့၊ ငါ့ ပရိုပိုဇယ်မထိနဲ့။

ခေတ်သစ် ရွဲကုန်သည်တို့ နိုင်ငံရေးဇာတ်ခုံအလယ်မှာ အသံကုန်အော်နေကြသည်။

၃။ ပြည်သူတွေ လူကိုလူလိုအသတ်မှတ်ခံချင်သည်၊ လူ့အခွင့် အရေး ငြိမ်းချမ်းရေး လိမ်ညာမှု ကင်းသော ဒီမိုကရေစီရေး ခေတ်မှီတိုးတက်ရေး နေရေး ထိုင်ရေး စားသောက်ရေး ပညာရေး ဘာသာရေး လူမှုရေး ဘာအခွင့်အရေးမှမရှိ။

အိပ် စား ကာမ တိရစ္ဆာန်ထက်အောက်ကျ ငရဲက အဖြစ်ထက်ဆိုးသော ဘဝတွေမှာ ပြည်သူတွေ နေနေရသည်။ ရခဲလှစွာသော လူ့ဘဝမှာ လူဖြစ်ရတာကိုပင် ရင်နာစရာ လို့မြင်နေသည်။

ပြည်သူတွေထံမှ နည်းပေါင်းစုံ ဓါးပြတိုက်၍ ရသမျှ နှင့် မြေပေါ်မြေအောက် သယံဇာတများကို အာဏာရှင်ဖက်စစ်တို့က အမိန့်သားထိုင်စားနေစဉ် အာဏာရှင်ပိတ်ဆို့ထားသော တံတိုင်းကြားမှ ၂၁ ရာစု ကမ္ဘာလူထားထု၏ စာနာမှုတရားနှင့်တိုးဝင်လာသော စွမ်းပကားအကူအညီအထောက်အပံ့များကို အတိုက်အခံဆိုသူ ဖောက်ပြန်ရေးသမားတို့က ကြားမှ စုပ်ယူ ပျော်ပါးစားသောက်နေကြစဉ်

၇ ဂျူလိုင်- ကျွန်းဆွယ်- ဂျွန်- သန့်- မှိုင်း- ငွေစက္ကူ- ဖုန်းမော်- တံတားနီမှသည် ကမ္ဘာကိုကိုင်လှုပ်ခဲ့သော အနှောင်းပိုင်း ၂၀ ရာစု အာဏာရှင် ဖြိုချမှုလှိုင်းလုံး၏ ဗဟိုချက်မ ဖြစ်ခဲ့သည့် ၈ရက် ၈လ ၈၈ အပါအဝင် ၉၀ ကံဆောင်ပွဲ ၉၆- ၉၈- ရွှေဝါရောင်တော်လှန်ရေးသို့တိုင် ပြည်သူတွေ မတ်မတ်ခိုင်ခိုင် လျောက်ခဲ့သည့် ၂၁ ရာစု လူ့အခွင့်အရေးကို ယုံသည်၊ ဒီမိုကရေစီရေးကို ယုံသည်။

ကမ္ဘာ့လူသားထုကို ယုံသည်။

ယုံကြည်သူချင်း လက်ကိုခိုင်ခိုင်တွဲ၍ တိုက်ပွဲဝင်ခဲ့ကြသည်။ ဒါဏ်ရာဗလပွနှင့် လဲကျနေရာမှ အကြိမ်ကြိမ် အားယူ၍ ထခဲ့ကြဖူးပြီ၊ ထလိုက်ကြဦးမည်သာဖြစ်သည်။

နိုင်ရာစားဖြစ်သော သားရဲတိရိစ္ဆာန်တို့၏ အရိုင်းခေတ် အသိအမြင်တို့ကို ကျောက်ဂူနံရံ တို့တွင် နိဋ္ဌိတံ မြှုပ်နှံထားခဲ့ကြပြီဖြစ်သည်။

ပဒေသရာဇ် နှင့် သရဖူ ဒါး သံလျက် တို့ကို အင်ပါယာ မြို့ပျက်များနှင့်အတူ ကမ္ဘာလူသားထုတို့ ကြိတ်ဝါးနင်းခြေ ပြစ်ခဲ့ပြီဖြစ်သည်။

ယနေ့ကမ္ဘာတွင် အာဏာရှင်ဖက်ဆစ်တို့ လက်တစ်ဆုပ်စာမျှပင် မရှိတော့။

လက်နက်ကိုင်အုပ်ချုပ်ပြီးထင်တိုင်းကြဲလိုသော အာဏာရှင်ဖက်ဆစ်သမိုင်း၏ ဇာတ်သိမ်းပိုင်းကို ကမ္ဘာလူသားထုတို့ ယနေ့အဆုံးသတ်ဖို့ ကြိုးစားနေကြပေပြီ၊ အဆုံးသတ်ပေတော့မည်။



မှိုင်းသစ်


အပြည့်အစုံသို့...

Saturday, February 14, 2009

၉၄နှစ်မြောက်ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ

လုပ်ကြံမခံရခင် ၆ရက်အလို ဇူလိုင် ၁၃ရက်နေ့က မြို့တော်ခန်းမမှာ
ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ နောက်ဆုံးမိန့်ခွန်းထဲက
တချို့အပိုဒ်တွေကို ၉၄နှစ်မြောက်ဗိုလ်ချုပ်မွေးနေ့ အမှတ်တရအဖြစ်
ဖော်ပြလိုက်ပါတယ်။





"တိုင်းပြုပြည်ပြုလွှတ်တော် [ဖော်ဆောင်ရတာဟာ] အိမ်ဟောင်းကို တည်ရုံ
အလုပ်မဟုတ်ဘဲနဲ့ တခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီပျက်သွားတဲ့ နေရာမှာ
ထပ်ပြီး အိမ်အသစ်ဆောက်တာနဲ့ တူပါတယ်။ ………





ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို
ကျွန်တော်တို့ရအောင် လုပ်မယ်ဆိုတဲ့အတိုင်း အဲဒီလုံးဝလွတ်လပ်ရေးကို
ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလုံးဝလွတ်လပ်ရေးကို
ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း
တနှစ်အတွင်း လုံးဝလွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာလဲ
ကျွန်တော်တို့လုပ်နေလျက်ပါပဲ။……………





ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက်မရှိတဲ့ အစိုးရမရှိဘူး။ သို့သော်လဲဘဲ
တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီး တဆင့်ထက်တဆင့်
ကျွန်တော်တို့လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလား
ဆိုတာခင်ဗျားတို့ ပြန်ကြည့်ပါ။……..နောက်အတော်လေးကြာလာယင် ကျွန်တော်တို့ဟာ
တိုင်းပြည်ကို အတိအလင်း ကြေညာနိုင်တဲ့ စကားမျိုးလုပ်လာနိုင်ပါဦးမယ်။
အဲဒီလို လုပ်လာတဲ့အခါမှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေးလုပ်ငန်းမယ်
ဘယ်ထိအောင် တစခန်း တက်လာပြီး ဘယ်ထိအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ
ဘယ်လို တစခန်း တက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို
အခွင့်အလမ်းတွေကိုလဲ ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီလို
တိုင်းပြည်ပြန်လည်ထူထောင်ရေးမယ် လုပ်တဲ့လုပ်ငန်းမှာလဲ
တဆင့်တက်လာတာကိုသော်၎င်း၊ အခုလွတ်လပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး
တဆင့်တက်လာတာကိုသော်၎င် အဲဒီလိုတက်လာတာကို ခင်ဗျားတို့ ရက်မကြာမီမှာ
မြင်ရပါလိမ့်မယ်။ အဲဒီလို မြင်ရရုံမကဘူး။ ကျွန်တော်တို့ ဒီအစိုးရနှင့်
အရင်ကရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု
အစိုးရထဲမှာ လာဘ်စားတဲ့လူတွေ မရှိပါဘူးဆိုတာ ကျုပ်ပြောရဲတယ်။



ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလို့
အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့
ကျုပ်တို့အစိုးရဖြစ်နေတာ တိုင်းပြည်ကမကြည်ညိုဘူးဆိုတာ
ကျုပ်တို့သိတဲ့တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။
သို့သော်လဲဘဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ
ဘယ်လိုလူစားတွေလဲ။ ရာဇ၀င်မှာ အရေးခံမဲ့ လူစားမျိုးတွေလား။ ရာဇ၀င်မှာ
အဆဲခံမဲ့ လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိပါလိမ့်မယ်။……..



တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊
စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသား
အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး
နှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လဲ
ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲလို့
ကျွန်တော်ပြောချင်တယ်။…..



ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့
တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပါဘဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖို့
ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။
တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ
အသုံးမချတတ်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့ နေရာမျိုးမှာ
အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။….



ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ယင်၊ လွတ်လပ်ရေးရနိုင်လောက်တဲ့
စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိယင် လွတ်လပ်ရေးကို
ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ယင်
လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို
လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုယင်၊
အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို
အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကိုပြင်ကြဖို့ လိုပြီဆိုတာ
ကျွန်တော် ကနေ့ပြောခဲ့ချင်တယ်။"

(စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်ထုတ်
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ ၁၉၄၅-၁၉၄၇ စာအုပ်မှ
မူရင်းသတ်ပုံအတိုင်း ကောက်နုတ်ဖော်ပြသည်။)



တိုင်းပြည်လွတ်လပ်ရေးအတွက် ဘယ်နည်းနဲ့ပဲရရ ရအောင်လုပ်မယ်လို့
ဆုံးဖြတ်ခဲ့၊ ရအောင်လည်းလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူနဲ့
သူ့အစိုးရဟာ ရာဇ၀င်မှာ အရေးခံရမယ့်လူစားလား။ အဆဲခံရမယ့်လူစား လားဆိုတာ
ကိုယ်တိုင်သိပါတယ်။ လာဘ်စားတဲ့လူတွေ ကျုပ်အစိုးရထဲမှာ မရှိဘူးလို့လဲ
ရဲရဲပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကျဆုံးပြီး ဘယ်အစိုးရမှ
အဲဒီလိုမပြောနိုင်ပါဘူး။



ဗိုလ်ချုပ်က ကိုယ့်အစိုးရကိုကိုယ်တာဝန်ယူတဲ့၊ တိုင်းသူပြည်သားတွေကို
ညီညွတ်ဖို့၊ တိုင်းပြည်ထူထောင်မှာ ကြိုးကြိုးစားစားဝိုင်းလုပ်ကြဖို့
စတဲ့မှာကြားချက်တွေပါတဲ့ သူ့ရဲ့နောက်ဆုံးမိန့်ခွန်းဟာ အခုဆိုရင်
၆၂နှစ်နီးပါး ကြာပါပြီ။ ဘယ်သူပြောသလဲ။ ဘယ်နှစ်ကပြောသလဲဆိုတာတွေကို
မကြည့်ဘဲ စာသားတွေပဲဖတ်မယ်ဆိုရင် တို့တတွေကိုပြောနေပါလားဆိုတာကို
စာဖတ်သူတို့ ခံစားမိမယ်ထင်ပါတယ်။



ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့အချိန်ကစလို့၊ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစလို့
တိုင်းပြည်မှာ တိုးတက်မှုက ပထမ၁၀နှစ်လောက်မှာပဲ ထင်သာမြင်သာရှိခဲ့ပါတယ်။
ပြည်တွင်းစစ်မီးလျှံကြားမှာ၊ ဆင်းရဲမွဲတေမှု ဒဏ်ကြားမှာ၊
သဘာဝဘေးတွေကြားမှာ၊ အထူးသဖြင့် မတရားမှုနဲ့ ဖိနှိပ်မှုအောက်မှာ
တို့ဗမာပြည်ဟာ အခုထိရုန်းမထွက်နိုင်သေးပါဘူး။



စစ်ရေး၊ သံတမန်ရေး၊ ထောက်ပံ့ရေးနဲ့ ဒီမိုကရေစီရေးတွေနဲ့
နိုင်ငံတွေအချင်းချင်းကူညီကြ၊ ကြားဝင်ပြီးဖြေရှင်းပေးကြ လုပ်လေ့ရှိရာမှာ
ဗမာပြည်အတွက် ၁၉၈၈ကစလို့ ဆယ်စုနှစ်၂ခုစွန်းလာတဲ့အထိ အပြောင်းအလဲ
တစုံတရာရအောင် ဘယ်နည်းကမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာမတွေ့ရပါဘူး။
၁၉၉၆ကလို၊ ၂၀၀၇ကလို တိုင်းပြည်ထဲမှာ တခုခုဖြစ်မှ တိုင်းသူပြည်သားတွေရဲ့
မျှော်လင့်ချက်တွေ ပြန်ပြီးနိုးထလာတဲ့ သဘောရှိပါတယ်။



အဲဒီလိုဖြစ်အောင် ဦးဆောင်ပြီးလုပ်ခဲ့ကြသူတွေလည်း ပင်ပန်းလှပါပြီ။
သူတို့တွေစတေးခံနေရတာ အချည်းနှီး မဟုတ်ပါလားဆိုတာ သူတို့သိအောင်
နောက်လူတွေက ဆက်လုပ်ပေးကြဖို့လိုနေပါပြီ။ ၁၉၉၀နှောင်းပိုင်း
နှစ်တွေကစပြီး အခုထိ ပြည်ပထွက်ပြီးအလုပ်လုပ်ကြ၊ စာသင်ကြတဲ့ဗမာလူငယ်တွေ
တကမ္ဘာလုံးမှာ သိန်းနဲ့ချီပြီးရှိနေပါပြီ။ ဗမာပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး၊
နိုင်ငံရေးစတဲ့ ကဏ္ဍအသီးသီးမှာ ပြည်တွင်းကလူတွေနဲ့ပေါင်းပြီး
တယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့
စဉ်းစားပြီး လုပ်သင့်ကြပါပြီ။ နိုင်ငံရေးနဲ့ စနစ်ပြောင်းလဲရင်တော့
လုပ်ရတာပိုပြီး အရှိန်ရမှာ။ မြန်မှာမလွဲပါဘူး။



အဲဒီလို လုပ်နေတဲ့လူတွေ တစထက်တစများလာတာ တွေ့ရပါတယ်။ ဒါပေမယ့်
ကျန်လူတွေလဲ ဘယ်အချိန်လုပ်ရမလဲဆိုတာ စောင့်ပြီးချိန်နေတာထက်
လုပ်နိုင်တာကို လုပ်နိုင်သလောက် ပညာသားပါပါ၊ ညီညီညွတ်ညွတ်လုပ်ရင်း
ဗိုလ်ချုပ်ပြောတဲ့ တိုင်းပြည်ထူထောင်ရေးမှာ ခြေစုံပစ်မ၀င်နိုင်သေးတောင်
ခြေတလှမ်းချထားကြရင် မကောင်းဘူးလားဆိုတဲ့ ဗိုလ်ချုပ်မွေးနေ့အကြိုအတွေးကို
ဝေငှလိုက်ရပါကြောင်း။




အပြည့်အစုံသို့...

Thursday, February 12, 2009

ရှင်းလင်းချက်

Win

အပြည့်အစုံသို့...

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးတဦးရဲ့  ပင့်ကူကွန်ရက် (ဆောင်းပါး)

တပ်မတော် အရာရှိဟောင်းတဦး



၂၄-၁-၂၀၀၈ ရက်နေ့က ကျနော်ဟာ ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ တွေ့ဆုံခဲ့ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့  နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် သဘောထားများ၊ အတိုက်အခံ အဖွဲ့အစည်းများအပေါ် နအဖက ထိန်းချုပ် ထိုးဖောက်နိုင်ပုံ အကြောင်း စတာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။



အဲဒီလို အပြန်အလှန် ဆွေးနွေးခဲ့ရာမှာ နယ်စပ်မှာရှိတဲ့ အတိုက်အခံအဖွဲ့အစည်းများအား ထိန်းချုပ်ထိုးဖောက်နိုင်ဖို့ ဘန်ကောက်ရှိ မြန်မာသံရုံး စစ်သံမှူးက အဓိကထား တိုက်ရိုက် ကိုင်တွယ်ရကြောင်း၊ ထောက်လှမ်းရေး ကွန်ရက် တည်ဆောက်ကာ သတင်းပေးများ၊ သူလျှိုများ မွေးမြူထားပြီး အဖျက်အမှောင့် လုပ်ငန်းများ လုပ်ကြကြောင်း၊ အတိုက်အခံ အဖွဲ့အစည်းတွေရဲ့ သင်တန်းများကို သူလျှိုများက စတင်တက်ရောက်သည်မှ စပြီး ယုံကြည်မှု ရှိလာသည်နှင့်အမျှ အတွင်းစည်းရုံးလုပ်ငန်းထဲသို့ ၀င်ရောက် လုပ်ကိုင်ခွင့်ရသည်အထိ ကြိုးစားလာကြကြောင်း၊ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမားအဖြစ် အသွင်ယူပြီး သတင်းပေး ဆောင်ရွက်ကြကြောင်း၊ လေ့ကျင့်ထားသည့် မိန်းကလေးများကို အားနွဲ့သူအဖြစ် အခွင့်ကောင်းယူကာ အဖွဲ့အစည်းအချို့က ရုံးလုပ်ငန်းများတွင် ခိုင်းလို့ရအောင် ဖန်တီး လာကြောင်း၊ ဒီကေဘီအေကဲ့သို့ ကရင်လူမျိုးများ ဖွင့်လှစ်တဲ့ စားသောက်ဆိုင်များကို ခြေကုပ်ယူပြီး အဖွဲ့အစည်းက လာရောက် စားသောက်ရာမှာ သတင်းယူကြောင်း၊ မြ၀တီမှ နေ့ချင်းပြန် သွားရောက် သတင်းယူတဲ့ လက်လုပ်လက်စားများကို မွေးမြူထားသလို ဈေးပေါပေါ ဆက်လို့ရတဲ့ ဆက်သွယ်ရေး အိပ်ချိန်း ဖုန်းလိုင်း နေရာများမှာလည်း ထောက်လှမ်းရေးများကို ထားတတ်ကြောင်း၊ ထိုင်းနိုင်ငံသုံး လက်ကိုင်ဖုန်းများကို ခိုးယူ နားထောင်လို့ ရတဲ့ ကြားဖြတ် အသံဖမ်းစက်ထားရှိရာ လက်ကိုင်ဖုန်းရဲ့  အသံ မူလထက် တိုးသွားသည် ဖြစ်စေ၊ မိမိအသံ ပြန်ကြားနေရသည် ဖြစ်စေ အဲဒီလို ဖြစ်လာပါက ကြားဖြတ် နားထောင်နေကြောင်း၊ မြ၀တီရှိ ထောက်လှမ်းရေး (စရဖ- SB)နဲ့ ဘန်ကောက် စစ်သံမှူးရုံးတို့ အပြန်အလှန် သတင်းဖလှယ် တည်ဆောက်ကြပြီး ထောက်လှမ်းရေး ကွန်ရက်ထားရှိကြောင်း၊ ထိုင်းနိုင်ငံ NSC (အမျိုးသားလုံခြုံရေးကောင်စီ) ထောက်လှမ်းရေးအဖွဲ့နှင့် ဆက်သွယ်ပြီး ဖိအားပေးခြင်းမျိုး လုပ်ခိုင်းတတ်ကြောင်း၊ ထိုင်း-မြန်မာ ကုန်သည်ကြီးများကို နယ်စပ်မှာ ကျွေးမွေးပြီး အခွင့်အလမ်းများ ပေးထားရာ ထိုင်း-မြန်မာ ကုန်သည်ကြီးများ အသင်းရုံးသည်လည်း နအဖရဲ့ ထောက်လှမ်းရေး သတင်းပေးဌာနဖြစ်နေတတ်ကြောင်း၊ နအဖက နယ်စပ်တံခါးများကို တဖက်သတ် ပိတ်လိုက်ခြင်းဖြင့် ထိုင်းကုန်သည်များက စီးပွားရေးထိခိုက်လာလို့ ထိုင်းအစိုးရကို ဖိအားပေးလာတတ်ကြောင်း၊ မြန်မာစစ်သံမှူးရုံးမှ ထိုင်းနိုင်ငံ အစိုးရရဲ့  အတွင်းသဘောထား လျှို့ဝှက်ချက် သတင်းများနဲ့ အတိုက်အခံ အဖွဲ့အစည်းများရဲ့  သတင်းများကို စိစစ်သုံးသပ် တည်ဆောက်ကာ ကြပ်ပြေးစစ်ရုံးသို့ သတင်းပို့ပြီး နအဖက နည်းဗျူဟာများနဲ့ စီမံချက်များ ရေးဆွဲရကြောင်း၊ မာနယ်ပလော တိုက်ခဲ့စဉ်က ကျော်မြင့်အမည်နဲ့ သူလျှိုတဦးကို စစ်သံမှူးရုံးက သုံးကာ မာနယ်ပလော စခန်းကြီးရဲ့  အတွင်းသတင်း နောက်ဆုံး အခြေအနေများကို စဉ်ဆက်မပြတ် သတင်းရယူပြီး စစ်ရေး အရှိန်အဟုန် မြှင့်ခဲ့ကြောင်း၊ ဒါကြောင့် ဘန်ကောက်ရှိ မြန်မာသံရုံးသံအမတ်ကြီးနဲ့ စစ်သံမှူးဆိုရင် အခြားနိုင်ငံများနှင့်မတူဘဲ ထောက်လှမ်းရေး အတွေ့အကြုံရှိသူများကိုသာ နအဖက အထူးစိစစ် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။



ဗိုလ်ချုပ်ခင်ညွန့်ရဲ့  ထောက်လှမ်းရေး ယန္တရား ပြိုကွဲသွားချိန်မှာတော့ နအဖက လူရွေးချယ်ဖို့ အကျပ်ရိုက်နေရာ ကြံရာမရဖြစ်ပြီး နောက်ဆုံးမှာတော့ ထောက်လှမ်းရေး မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦး လက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ OTS အပတ်စဉ် (၄၉) ဆင်း ဗိုလ်ရဲဝင်းနဲ့ DSA အပတ်စဉ် (၁၅) ဆင်း ဗိုလ်ခင်မောင်စိုးတို့ကို ဖုတ်ပူမီးတိုက် ရွေးချယ် တာဝန် ပေးခဲ့တယ်လို့ သိရပါတယ်။



ကိုအောင်လင်းထွဋ်က ကျနော့်ကို စစ်သံမှူး ဗိုလ်မှူးချုပ် ခင်မောင်စိုးရဲ့  အကြောင်းနဲ့ သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ တစေ့တစောင်း ပြောပြလာပါတယ်။ မျက်မှန်ကြီး တင်ဦး လက်ထက်က ဗိုလ်ခင်မောင်စိုးဟာ အမှတ် (၁၀) ထောက်လှမ်းရေးတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ရာမှ ထောက်လှမ်းရေးတဖွဲ့လုံး ဖျက်သိမ်းခံရချိန်တွင် ခြေလျင်တပ်ကို ပြန်လည် ဆင်းသွားရသူ ဖြစ်ပါတယ်။



အဲဒီနောက် သူဟာ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးချုပ် မြင့်ဆွေ လက်အောက်ခံ နည်းဗျူဟာမှူး ဖြစ်ခဲ့ပြီး ထိုမှတဖန် တပ်မမှူးဖြစ်လာပြီးနောက် စစ်သံမှူးအဖြစ် တာဝန်ပေးခံရသူ ဖြစ်ပါတယ်။ တပ်ချုပ် တပည့် ဗိုလ်မြင့်ဆွေက တပတ်စဉ်တည်း ပီပီ သူ့ကို စစ်သံမှူး ဖြစ်ရေး ထောက်ခံပေးလိုက်တဲ့ သဘော ရှိပါတယ်။



ဗိုလ်ခင်မောင်စိုးဟာ ထောက်လှမ်းရေးတပ် (၁၀) မှ ဗိုလ်ကြီးအဆင့်နဲ့ တန်ပြန် ထောက်လှမ်းရေး သင်တန်းတက်ဖို့ ဗဟို ထောက်လှမ်းရေးတပ်ကို လာရောက် တက်ခဲ့စဉ် ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ သင်တန်းမှာ အတူတူဆုံခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် ဧပြီ၊ မေလ အချိန်မှာ တန်ပြန် ထောက်လှမ်းရေး သင်တန်းရဲ့  လက်တွေ့ ကွင်းဆင်းတဲ့ အစီအစဉ်အရ သံလွင်ဦး စစ်ဆင်ရေးအနေနဲ့ ဗိုလ်ခင်မောင်စိုး ဦးစီးတဲ့အဖွဲ့ဟာ တာချီလိတ်-မိုင်းဖြတ်သို့ သွားရတယ်လို့ သိရပါတယ်။



ဗိုလ်ကြီး ခင်မောင်စိုးက ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့ဝင် ဗိုလ်ကြီးအောင်လင်းထွဋ်၊ ဗိုလ်ကြီး စိုးမြင့်အောင်၊ တပ်ကြပ်ကြီး ကျော်သိန်း (အမှတ် ၄ ထောက်လှမ်းရေးတပ်)၊ တပ်ကြပ်ကြီး တင်လှိုင်တို့ ပါဝင်ကြပါတယ်။ တာချီလိတ် ရောက်ချိန်မှာ ဗိုလ်ခင်မောင်စိုးဟာ ဟိုဘက်ကမ်း ကူးကာ မယ်ဆိုင်မြို့ သို့ သွားရောက်လည်ပတ်ခဲ့ရာမှ ထိုင်းမိန်းမပျိုတဦးနဲ့ ဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်ခင်မောင်စိုးဟာ ခြေစင်္ကြာဖြန့်ပြီး အိုင်တွေ့ခြေဆေးခဲ့ရာမှ လှပတဲ့ ထိုင်းမိန်းကလေးရဲ့  မာယာကျော့ကွင်းထဲမှာ နစ်မျောသွားပြီး ဗိုလ်ခင်မောင်စိုးရဲ့  အချစ်ဟာ နုတ်မရတဲ့ ရောဂါနဲ့ အစွဲကြီး စွဲလမ်းကာ မကြာခဏ ညအိပ်သွားတဲ့အထိ ဖြစ်နေပါတယ်။



စစ်ဆင်ရေး တာဝန်ပြီးဆုံးလို့ ပြန်ချိန်မှာတော့ ဗိုလ်ခင်မောင်စိုးက ကိုအောင်လင်းထွဋ်ကို "ငါ သူမကို တခါတည်း ခေါ်ခဲ့တော့မယ်ကွာ" လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့  မျက်နှာမှာလည်း မျက်ရည်တွေနဲ့ တွေ့လိုက်ရတာမို့ ကိုအောင်လင်းထွဋ်က တအံ့တသြ ဖြစ်သွားကာ သူမကို ခေါ်လာရင် ပြဿနာ အားလုံး တက်ကုန်ကြမယ်လို့ ပြောပြီး မခေါ်ဖို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောယူရတဲ့ အခြေအနေ ရောက်ခဲ့ကြောင်း သိရပါတယ်။



အခုတော့ တာဝန်အရ ဘန်ကောက် ပြန်ရောက်လာချိန်မှာ ဗိုလ်ခင်မောင်စိုးက သူ့ရဲ့ အချစ် ဇာတ်လမ်းကို ပြန်ဆက်မှာလား၊ ဒါမှမဟုတ် စစ်သံမှူးရဲ့  တာဝန်အရ အခြား ထိုင်း ကောင်မလေးတွေကို သတင်းပေးအဖြစ် မွေးစားနေဦးမှာလားဆိုတာ တွေးမိရင်း ရင်လေးမိပါတယ်။ စစ်သံမှူး ဗိုလ်ခင်မောင်စိုး လုပ်ဆောင်ချက် ချို့ယွင်းပုံကဖြင့် လုံခြုံရေး တာဝန်ယူရတဲ့ စစ်သံမှူးအနေနဲ့ မြန်မာသံရုံး မီးလောင်ခံရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။



တိုက်ပွဲ ထောက်လှမ်းရေးသင်တန်းအရ ပစ္စည်းလုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံရေး၊ လူပုဂ္ဂိုလ် လုံခြုံရေး၊ အဆောက်အဦ လုံခြုံရေး စတဲ့ ဘာသာရပ်ဆိုင်ရာ စီမံချက်များ အားနည်းချက် ကြောင့် ဂုဏ်သိက္ခာ ကျဆင်းသွားပြီး မီးလောင်ရတဲ့အကြောင်းရင်းကို ထိုင်းနိုင်ငံက စုံစမ်းစစ်ဆေးပေးမယ်ဆိုတာတောင် လက်မခံရဲတဲ့အထိ ဖြစ်ခဲ့လို့ ဘာကြောင့် မီးလောင်တယ် ဆိုတာကတော့ ဗိုလ်ခင်မောင်စိုးသာ အသိဆုံး ဖြစ်လိမ့်မယ်ဆိုတာ တင်ပြလိုက်ရပါတယ်။




အပြည့်အစုံသို့...

Wednesday, February 11, 2009

အကယ်ဒမီလည်းယတြာပါဘဲ

ဆရာကစားရေးသူကိုပြောဘူးပါသည်။တပည့်မှတ်ထားကွတဲ့လူတွေဟာအမြင်မတူကြပါဘူးတဲ့။အထူးသဖြင့်ကဗျာကိုမင်းကြည့်

လူရွှင်တော်ရွတ်တော့ခွန်းတောက်၊အဆိုတော်ရွတ်တော့သီချင်း၊ဘုန်းကြီးရွတ်တော့ဓမ္မသံတဲ့ကွာ။ဒါကြောင့်မို့ လို့ အကြောင်းအရာတခုကိုတမျိုး

တည်းပုံသေတွက်လို့ မရသလိုပြောင်းလဲစေနိုင်တာကိုလဲသိဖို့ လိုတယ်။ဒါပေမဲ့ကြိုးကြောင်းခိုင်လုံမူ့ ရှိရှိမြင်တက်ဖို့ အရေးကြီးတယ်ကွတဲ့။


ငယ်ငယ်တုန်းကစာရေးသူတို့ မှာသူငယ်ချင်းလေးယောက်ရှိခဲ့ပါတယ်။အဲဒီထဲမှာယောက်ျားလေးသုံးယောက်မိန်းခလေးတစ်

ယောက်ပါ။ခလေးဘဝကစားကြတော့ဆရာဝန်လုပ်ပြီးကစားလေ့ရှိတဲ့ကောင်ကခုဆရာဝန်ဖြစ်ခဲ့သလို၊စစ်တိုက်ကစားလေ့ရှိတဲ့ကောင်ကရဲထဲ

ရောက်ပြီး၊စာရေးသူတို့ ကိုအတင်းအဓမ္မစာပြပြီးကစားခဲ့တဲ့မိန်းခလေးကခုဆရာမဖြစ်နေတယ်။လူဆိုတာစရိုတ်လက္ခဏာကိုအခြေခံပြီးပြော

ဆိုပြုမူတက်ကြသည်ဟုစိတ်ပညာကဆိုထားပါသည်။ဝေဒပညာဗေဒင်ကဘာပြောလဲဆိုရင်သတ္တဝါတို့ ၏စရိုတ်လက္ခာတို့ သည်သူ့ ၏ကံကြမ္မာ

ကိုဖေါ်ပြနေပါသည်တဲ့။

နက္ခတ်ပညာမှာလည်းနေ၊လ၊ကြယ်တို့ နှင့်ကမ္ဘာ့၏လူပ်ရှားမူ့ တို့ ကိုကြည့်ပြီးယနေ့ ကမ္ဘာပေါ်ရှိသက်ရှိသက်မဲ့တို့ ၏ပြောင်းလဲ

မူ့ ကိုခန့် မှန်းဟောပြောကြပါသည်။ထိုသိုပြောဆိုဟောပြောချက်များကိုလည်းမြန်မာတို့ ယုံကြည်အလေးထားကြပါသည်။ရှေးလွန်ခဲ့ပြီးသော

နှစ်ပေါင်းများစွာကပင်ပေါ်ပေါက်ခဲ့သောမြန်မာ့ရိုးရာသင်္ကြံန်စာဟောစာတမ်းကိုဤနက္ခတ်များကိုကြည့်ပြီးတွက်ချက်ခဲ့ကြသည်။့တန်းဆောင်

မုန်းလပြည့်နေ့ တွင်နက္ခတ်များစုံလင်စွာထွက်ပေါ်သဖြင့်ထိုနေ့ တွင်ထွက်ပေါ်သောနက္ခတ်များကိုအခြေခံတွက်ချက်ပြီးမှသင်္ကြံန်စာကိုထုတ်ဝေ

ကြရပါသည်။ထို့ ကြောင့်သင်္ကြံန်စာပါအကြောင်းအရာများကိုမြန်မာများကအထူးတန်ဖိုးထားကာဆောင်ထားပြီးလိုက်နာတက်ကြပါသည်။

နက္ခတ်သည်ဗေဒင်မဟုတ်ဟုဆိုကြသော်လည်းဝေဒမှဆင်းသက်လာခြင်းတူသလိုဗေဒင်လေးပုံတွင်ပါဝင်သဖြင့်အတူတူသာ

ဖြစ်သည်ဟုလည်းဆိုနိုင်ပါသည်။အမှန်တော့ဤပညာရပ်များမှာလောကအကျိုးပြုပညာရပ်များဖြစ်သည်ဟုရှေးပညာရှိများကသုံးသပ်ခဲ့ကြသော်

လည်းမျက်မှောက်ခေတ်တွင်တစ်ဦးတစ်ယောက်၏အကျိုးကိုအလေးထားလုပ်ဆောင်နေကြသောပညာရပ်အဖြစ်ပြောင်းလဲလာခဲ့ပါသည်။ရှေးက

ငလျင်လူပ်မည်မိုးခေါင်မည်စသည်အားဖြင့်ဟောကိန်းထုပ်ကာလူထုတစ်ရပ်လုံး၏အကျိုးအတွက်သတိပေးတာဆီးနိုင်ခဲ့ကြပါသည်။သူတို့ ၏

ဟောပြောမူ့ များမှာလည်းမှန်ကန်ခဲ့ကြပါသည်။ထိုမှန်ကန်မူ့ များကိုအခွင့်အရေးယူကာတစ်ဦးတစ်ယောက်အတွက်အသုံးချလာသည့်အခါအများ

လေးစားသောပညာရပ်မှာအများ၏အကြောက်ဆုံးအသွင်ဆောင်လာခဲ့ပါသည်။

မြန်မာစစ်အာဏာရှင်များသည်ကားကိုယ်ကျိုးအတွက်ဗေဒင်ကိုအဓိကအသုံးချခဲ့သည်ဟုလူထုတစ်ရပ်လုံးကယုံကြည်ကြသ

လိုအသုံးချဆဲလည်းဖြစ်သည်ကိုကားတွေ့ နေရမည်သာဖြစ်ပါသည်။ဘုရားတည်၊ကျောင်းဆောက်၊လမ်းခင်း၊တံတားထိုး၊စစ်တိုက်တာတို့ မှစ

ပြီးဗေဒင်အလိုကျအဆောင်ယတြာမပါဘဲစစ်အာဏာရှင်တို့ လုပ်ခဲ့သည်ကားမရှိခဲ့သည်သာဟုပြောရပါမည်။ထိုအလုပ်တို့ အောင်မြင်ရေးအတွက်

ဆိုပါလျှင်ပြောစရာမဟုတ်သော်လည်းတစ်ဦးတစ်ယောက်၏အကျိုးတရားအတွက်လူကိုထားစေဦးတော့ဘုရားသော်မှမလွတ်ဘဲစတေးခံရသည်မှာ

တော့မပြောမပြီးပြောရမည်သာဖြစ်သည်။

အာဏာရှင်တို့ သည်သူတို့ အားနှောင့်ယှက်ဖျက်ဆီးလာမည့်အန္တရာယ်ဟူသမျှကိုကြိုတင်တွက်ထားပြီးဖြစ်သလိုကြိုတင်ကာ

ကွယ်မူ့ ကိုလည်းပြုလုပ်ခဲ့ကြသည်။သူတို့ အာဏာတည်မြဲရေးအတွက်ဆိုအပယ်ငရဲမပြောနဲ့ ငရဲထက်အဆပေါင်းများစွာသောငရဲကိုလည်းမကြောက်

ပါ။၂၀၀၇ မတိုင်မှီကတည်းကနအဖတို့ ဟာသံဃာတော်တွေလုပ်ရှားလာနိုင်တာကိုတွက်ထားပြီးဖြစ်လို့ တပြည်လုံးကိုယတြာချေစေခဲ့ပါသည်။ဘယ်

လိုပြုခဲ့ပါသနည်းဆိုမြင့်မြတ်သောသံဃာသင်္ကန်းရောင်ကို "စည်ပင်သန့် ရှင်းရေးအလုပ်သမားများအားအပေါ်ဝတ်အဖြစ် "ဝတ်စေပြီးသံဃာလူပ်ရှား

မူ့ ကိုကာကွယ်ထားခဲ့ပါသေးသည်။ထို့ အပြင်အမြင့်ကိုအပင်ဖြင့်သတ်စေဆိုသည့်သဘောဖြင့်တစ်နိုင်လုံးမှာ "သစ်ဆိမ့်" ပင်ကိုစိုက်စေပြီးသံဃာကို

နဝင်းသတ်ကာကတ်ကင်းပြန်ခဲ့တာပါဘဲ။သစ်ဆိမ့်(သစ်+ဆိမ့်)၆+၃=၉ ဖြစ်သည့်အတွက်နဝင်းကျေစေပပျောက်စေဆိုသည့်အယူကိုယူခဲ့တာပါဘဲ။

သို့ သော်ကားမရခဲ့ဘာကြောင့်ပါလိမ့်။သံဃာဆိုသည်မှာသီလကိုပုံပေါ်ပေးနိုင်သူများဖြစ်ပြီးသင်္ကန်းမှာဗုဒ္ဓ၏အမြတ်

ဆုံးရတနာဖြစ်သည့်အတွက်နိမ့်ကျသောသူတို့ မှမြင့်သောသူများကိုမတော်လှန်နိုင်ခြင်းသာဖြစ်ပါလိမ့်မည်။ဥပမာတောင်ပေါ်ကိုတောင်အောက်မှ

ခဲနဲ့ ပြစ်၍မရခြင်းသာဖြစ်ပါသည်။
ထို့ နောက်တွင်လည်းကမ္ဘာကဒေါ်စုကိုထောက်ခံပြီးမြန်မာ့အရေးကိုအာရုံစိုက်လာသောအခါတွင်လည်းနအဖတို့ ကစုကြည်ကိုရန်
နှိမ်ကာ" ကြက်ဆူ" ကိုတစ်နိုင်ငံလုံးစိုက်စေပြန်ပါသည်။အမှန်တော့ကြက်ဆူမှဆီကိုအဓိကမထားဘဲစုကြည်ကိုကပ်ကင်းရိုတ်ခြင်းသာဖြစ်ပါသည်။
"စုကြည်၊ကြက်ဆူ"(တနင်္လာ+အင်္ဂါ ကို အင်္ဂါ+တနင်္လာ)နဲ့ ကပ်ကင်းရိုတ်ခြင်းသာဖြစ်ပါသည်။ဗေဒင်တွင်ကပ်ကင်းသည်ကြောက်စရာအကောင်းဆုံး
ဖြစ်သည်။ကပ်ကင်းကြောင့်တဘက်လူမှာသေဆုံးသွားနိုင်သည်အထိဖြစ်စေပါသည်။ထို့ ကြောင့်ဆရာများက"တွက်ဆိုဟောပြော၊မလိုငြားကပ်ကင်း
မသုံးရာ၊ကပ်ကင်းသုံးကဖြေမရမုချအဆုံးသာ"ဟုပြောဆိုခဲ့ကြပါသည်။ထိုနအဖကပ်ကင်းကြောင့်ဒေါ်စုခမြာကျန်းမာရေးချိုတဲမူ့ ကိုကောင်းကောင်း
ခံခဲ့ရပါသေးသည်။ကံကောင်းလို့ သာဟုဆိုရမည်။တကယ်တော့နအဖတို့ ကဒေါ်စုကိုလူချင်းရိုတ်မနိုင်အဆုံးမှာဗေဒင်ဖြင့်အဆုံးစီရင်ခဲ့ခြင်းလည်းဖြစ်
ပါသည်။ပြုလုပ်ခံသူဘက်ကစေတနာမှန်နေသလိုပြုလုပ်သူများကစေတနာမမှန်ခြင်းကြောင့်သာဒေါ်စုလွတ်မြောက်ခြင်းဖြစ်သည်ဟုဆိုရပါမည်။
နောက်ပြောလိုသည်မှာနအဖတို့ သည် ၂၀၀၈ ခုကဆန္ဒခံယူပွဲမှာအောင်မြင်နိုင်စေဖို့ သာမညဆရာတော်ရုပ်ကလာပ်ကိုတောင်မှ
မရှောင်ခဲ့ပါဖူး။အတင်းဆွဲကာယတြာထဲမှာဆွဲထည့်ခဲ့ပါသည်။ဘာကြောင့်ပါလိမ့်ဆရာတော်မပျံလွန်ခင်မိန့် ကြားခဲ့သည်ဆိုသောမကြာမီမြန်မာ့နိုင်
ငံရေးပြောင်းလဲမည်ဆိုသည့်စကားမှာနအဖတို့ ကိုတုန်လုပ်စေခဲ့ပြီးသူတို့ အဓိကထားလုပ်နေသောအလုပ်ဟူသမျှအောင်မြင်စေဖို့ သာမညကိုဖယ်
ရှားရမည်ဆိုသည့်အတိတ်ကိုနိမိတ်လုပ်ခဲ့ခြင်းသာဖြစ်ပါသည်။သာမညကိုဖယ်ရှားနိုင်သဖြင့်သူတို့ အဓိကထားနေသောလမ်းပြမြေပုံအောင်မည်ဟု
လည်းသူတို့ ယုံကြည်နေကြပါသည်။
နောက်တဖန်နာဂစ်မှာအရှက်ရစရာတွေနဲ့ ကမ္ဘာမှာလူမိုက်စာရင်းဝင်နေချိန်မှာကုလအတွင်းရေးမူးချုပ်ဘန်ကီမွန်းကိုသန်းရွှေလုပ်
ပုံကလည်းမပြောမပြီးနိုင်သောယတြာကြီးပါဘဲ။ဘယ်လိုလုပ်ခဲ့ပါသလဲဗုဒ္ဓဘာသာတို့ အတွက်ဘုရားထက်မြင့်မြတ်သောသူဟူသည်မရှိဆိုတာလက်ခံ
ထားကြပြီးဖြစ်သလိုဘုရားကိုယှဉ်ပြိုင်နိုင်သောသူဟူသည်လည်းမရှိပါလေ။ဒီယနေ့ လောကသဘောအရကြည့်ရရင်ယနေ့ လူ့ လောကကမ္ဘာကိုအုပ်စိုး
နေသူမှာကုလသမဂ္ဂအတွင်းရေးမူးချုပ်သာလျှင်ဖြစ်သဖြင့်ဘာသာရေးစကားဖြင့်ပြောလျှင်ဘုရားတစ်ဆူဟုသာဆိုရပါမည်။ဒီတော့သူ့ ကိုနိုင်အောင်
ဘယ်လိုလုပ်ရမည်ဆိုသည်မှာသန်းရွှေအတွက်အရေးကြီးလာသည့်အတွက်နောက်ဆုံးမှာတော့မထူးဇာတ်ခင်းကာသူ့ ကိုယ်သူဘုရားဖြစ်အောင်သူ့ 
ရုပ်နဲ့ တူသောဘုရားကိုထုလုပ်စေပြီးကုလအတွင်းချုပ်ကိုဦးချစေပါတော့သည်။ဆရာကောင်းသမားကောင်းတွေကြောင့်သန်းရွှေမှာဘုရားတောင်ဖြစ်
လိုက်သလိုအာဏာသာတည်ပါစေဘုရားလည်းငါ့အောက်မှာဘဲဆိုသည့်အာဏာရူးအကျင့်ဆိုးတို့ လွှမ်းမိုးနေသည်မှာလည်းထင်ရှားစေပါသည်။
ဤကားမြင်သာသောယတြာသာဖြစ်ပြီးမမြင်နိုင်သောယတြာများမှာကားဘယ်လောက်မည်မျှရှိသည်ကိုကားပြောစရာ
လိုဦးမည်မထင်ပါ။ဆရာ့ဆရာများကလည်းအဿပြာသာအလေးထားစရာဖြစ်ကာအမျိုးမျိုးမရိုးနိုင်သောယတြာများကိုတခုပြီးတခုစီမံကာအားပေးနေ
ပုံတွေကလည်းရင်လေးစရာပါ။နအဖနဲ့ သန်းရွှေတို့ ကယခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၀)၂၀၀၉ မှာအလူးအလဲခံရမှာကိုတော့ကြိုတင်တွက်ထားပုံရပါ
သည်။ထို့ ကြောင့်မသက်သာအဆုံးတော့အကယ်ဒမီလည်းငါ့တို့ ယတြာဘဲဆိုပြီးတော့လုပ်သည်နဲ့ တူပါတော့သည်။အကယ်ဒမီပေးပွဲကိုအရင်ကဇွန်နဝါ
ရီလတွင်သာကျင်းပသော်လည်းယခုနှစ်ကျမှဘာကြောင့်ဖေဖေါ်ဝါရီလတွင်ကျင်းပရပါသလဲ။စာရေးသူအမြင်ကိုပြောရရင်ဂဏန်းသင်္ချာဗေဒင်ပညာအရ
ယခုရောက်နေသောသက္ကရာဇ်မှာမြန်မာ ၁၃၇၀ ခုဖြစ်သလို ခရာဇ်ကလည်း ၂၀၀၉ ဖြစ်နေသဖြင့်ပေါင်းသော်နှစ်ခုစလုံးနှစ်ဘဲရနေပါသည်။(၁+၃+၇+
ဝ)=၁၁(၁+၁)=၂ ဖြစ်သည်ကိုတွေ့ ရပြီး(၂+၀+၀+၉)=၁၁(၁+၁)=၂ ဖြစ်နေသည်ကိုတွေ့ ရပါသည်။ထို့ ကြောင့်ဒီနှစ်သည်တနင်္လာဂြိုဟ်စီးသောနှစ်
ဟုဆိုရမည်ဖြစ်ပါသည်။
ပြုလုပ်သောလမှာဖေဖေါ်ဝါရီလဖြစ်နေခြင်းကြောင့်လည်း(၂)သာလျှင်ဖြစ်ပါသည်။သောကြာသားသန်းရွှေကိုတနင်္လာနှစ်က
"သောက"အနေဖြင့်ကောင်းကောင်းဒုက္ခပေးနိုင်သည်ကိုရိပ်မိသလိုကိုယ်တိုင်လည်းကြုံနေရပါသည်။ဗေဒင်အလိုအရရန်ထဲတွင်အတွင်းရန်မှာကြောက်
စရာအကောင်းဆုံးဖြစ်သည်။ဒါ့ကြောင့်ရန်ပြေနိုင်မဲ့နည်းလမ်းကိုရှာသောအခါပထမဦးဆုံးတွေ့ လိုက်သည်မှာအကယ်ဒမီပေးပွဲသာဖြစ်သည်။အကယ်
ဒမီဆိုသည်မှာထိပ်တန်းရောက်ဆုဖြစ်သလိုအဓိပ္ပါယ်အားဖြင့်လည်း" ကယ်ဆယ်"ခြင်းနိမိတ်ကိုယူကာအောင်အတိတ်ကိုရှာပါတော့သည်။စာရူ့ သူများ
သေချာစွာစဉ်းစားစေလိုပါသည်။သောကြာသားသန်းရွှေကိုကယ်တင်နိုင်ရေးအတွက်အကယ်ဒမီပွဲကို(၇ -ရက်၊စနေနေ့ )မှာကျင်းပတာပါဘဲ။"သောက"
ကို "သုတ"ဖြစ်စေရန်အတွက် (၇-ရက် စနေကိုရွေးကာ)စနေနံကိုဖေါ်လိုက်ခြင်းသာဖြစ်ပါသည်။နောက်ထူးခြားသည်မှာပြည်ထောင်စုဖွားတိုင်းရင်းသား
ကိုယ်စားလှယ်များကိုအတင်းအဓမ္မခေါ်ဆောင်ထားသည်ကိုလည်းသတိပြုစေလိုပါသည်။အရင့်အရင်ယခင့်ယခင်ကတခါမှမရှိခဲ့ဆိုသည်ကိုလည်းစာဖတ်
သူများသတိပြုစေလိုပါသည်။ဘာကြောင့်ခေါ်ထားရပါသလဲ။ဆုရသည့်ဇာတ်ကားကိုဦးစွာကြည့်လျှင် " ကိုးဆယ်ဆသာလိမ့်မည်" တဲ့အဓိပ္ပါယ်ကအောင်
အတိတ်ဆောင်အောင်နိမိတ်ယူသော်အားလုံးတို့ ထက်သာလွန်စေခြင်းတည်းဟူသောဝိသေသကိုဂုဏ်ဖေါ်ကြူးထားသည်ကိုတွေ့ ရမည်။အားလုံးတို့ 
ကိုကျော်လွန်နိုင်ခြင်းနိမိတ်မှာသန်းရွှေတို့ ၏တိုင်းရင်းသားတစ်ရပ်လုံးကိုကျွန်ပြုရေးတည်းဟူသောနံနှိမ်ရေးကိုယူပြီးတိုင်းရင်းသားအားလုံးတို့ ထက်
သာလွန်ကြောင်းအတိတ်ကိုဆောင်ကာ"ပြည်ထောင်စုဖွားတိုင်းရင်းသားများ"ကိုခေါ်ယူပြီးနုတ်ပိတ်ဆွံ့ အစေခြင်းတည်းယတြာသာဖြစ်ပါသည်။
ဆုချီးမြင့်ခံရသူများမှာလည်းယောက်ျား(၆)ယောက်ဖြစ်သည်ကိုတွက်လိုပါသည်။ယောက်ျားဆိုသည်မှာ (၄+၂)=၆ ဖြစ်
၍သောကြာနံ သန်းရွှေကိုကိုယ်စားပြုထားပြန်ပါသည်။ (၆)ယောက်ဆိုပြန်တော့လဲ သောကြာသန်းရွှေကိုကိုယ်စားပြုပြီး" ယောက်ျားခြောက်ယောက်"
ဖြစ်သည့်အတွက်သောကြာနံခြောက်ကိုခြောက်ခါပေါင်းသော်တနည်းအားဖြင့်မြောက်သော်( ၃၆ ) ရပါလိမ့်မည်။၃၆ ကိုပေါင်းသော် "၉"ရသဖြင့်ငါ
သာလျှင်အားလုံးတို့ ၏ကိုးကွယ်ရာဖြစ်ရမည်ဆိုသည့် "ကိုးနဝင်း"ချေ က "အောင်ပွဲရ" ဆိုသည့်ကိန်းကိုအရဖန်းတီးထားခြင်းသာဖြစ်ပါသည်။ထို့ အပြင်
သန်းရွှေ ကိုတည်ပြီးနေ့ နံကိုနှောခါဆုရသူများ၏နံကိုပေါင်းလျှင်(သန်းရွှေ+ကိုးဆယ်ဆသာလိမ့်မည်+ကျော်ရဲအောင်+မိုးဒီ+ကျောက်ဖြူ+
စိန်မွတ်တား+မောင်ယဉ်အောင်+ခုနှစ်+ရက်+နေ့ ဂြိုဟ် ) တို့ ကိုပေါင်းသော် ( ၆ + ၂၃ + ၇ + ၁၂ +၇+၁၅+၁၀+၁၁+၇+၁၀)=(၁၀၈) ရသည်ကို
တွေ့ ရမည်။ " ၁၀၈ " ဆိုသည်မှာဂြိုဟ်အားလုံးတို့ ၏ဂြိုဟ်သက်ဖြစ်သဖြင့်"အဟောင်းကိုကျော်၊အသစ်လိုသော်၊ဂြိုဟ်သက်အကြေပြုပါလေ"ဟူ
သော်အဆိုကိုလက်ကိုင်ပြုကာအာဏာတည်သက်ဆိုးရှည်ရေးအတွက်အကယ်ဒမီကိုအကွက်ကျကျပုံဖေါ်စီရင်မံခဲ့ခြင်းသာဖြစ်ပါသည်။
၂၀၁၀ ကိုလည်းကြိုတွက်ကာတိုင်းရင်းသားအားလုံးကိုအကယ်ဒမီကဖနှောင့်နဲ့ ပေါက်ပြီးနံနှိမ်ကာအောင်ပွဲခံခဲခြင်းလည်း
ဖြစ်ပါသည်။သို့ ပါ၍သန်းရွှေတို့ ၏ယတြာပြက်ရေးတို့ အရေးဟုသဘောထားကာပြန်လည်စီမံရတော့မည်သာဖြစ်ပါတော့သည်။

ပညာကျော်



အပြည့်အစုံသို့...

Saturday, February 7, 2009

ကျော်ဗလ

20years-kyawbala

အပြည့်အစုံသို့...

သုံးပွင့်ဆိုင်ဆွေးနွေးမှုမှ စတင်မှုမရှိလျှင် မစ္စတာဂမ်ဘာရီခရီးစဉ် အောင်မြင်မည်မဟုတ်ဟု သျှမ်းဒီချုပ်ပြော

သျှမ်းသံတော်ဆင့်


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးသံတမန် မစ္စတာအီဗရာဟင်ဂမ်ဘာရီထံသို့ စစ်အစိုးရနှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု အစပြုနိုင်ရန် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့က အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့ကြောင်း - ထိုပေးစာ၌ သုံးပွင့်ဆိုင်ဆွေးနွေးမှုမှ စတင်မှုမရှိလျှင်မစ္စတာကမ်ဘာရီခရီးစဉ်အောင်မြင်မှာ မဟုတ်ဟု SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် က ဆိုပါသည်။

ဂျန္န၀ါရီလ ၃၁ ရက်မှ ဖေဖေါ်ဝါရီ ၃ ရက်နေ့အထိ ၄ ရက်ကြာမည့် ၇ ကြိမ်မြောက် မြန်မာပြည် ခရီးစဉ်ဖြစ်သောမစ္စတာ အီဗရာဟင် ဂမ်ဘာရီထံ သျှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် အိတ်ဖွင့်ပေးစာတွင် - ၁၉၉၄ ကုလသမဂ္ဂ၏အဆိုပြုချက် အရ မစ္စတာ ဂမ်ဘာရီ ကိုမျှော်လင့်ကြောင်း၊ လက်ရှိ ကမ္ဘာ့စီးပွားရေးပျက်ကပ် နှင့် ဒေသတွင်းနိုင်ငံရေးမတည်ငြိမ်မှုများ၏ ဂယက်ရိုက်မှု ပေါင်းများစွာကို ဖြေရှင်းရန် အရေးတကြီးလိုအပ်နေသကဲ့သို့မိမိတို့အမျိုးသားများအချင်းချင်းကြား သွေးစည်း ညီညွတ်မှုကို မတည်ဆောက်နိုင်ပါက နိုင်ငံ့အနာဂတ်ကို အမြော်အမြင်ကင်းမဲ့စွာရိုက်ချိုးဖျက်ဆီးပစ်နေ သည်နှင့် ခြားနားလိမ့်မည်မဟုတ် - ဟုဆိုပါသည်။

မစ္စတာဂမ်ဘာရီထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ရခြင်း၏ ရည်ရွယ်ချက်ကို SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က သျှမ်းသံတော် ဆင့်အား ဤကဲ့သို့ပြောပြ၏။

"မစ္စတာဂမ်ဘာရီခရီးစဉ်အပေါ် ကျနော်တို့သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  မျှော်လင့်ချက်က - သူရဲ့ ခရီးစဉ် က စစ် အစိုးရနဲ့ ဒီမိုကရေစီမျှော်လင့်တောင့်တသူများကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပေါင်းကူးလုပ်ပေးရမှာဆိုတော့ (၁) လက်ရှိ အာဏာ ရယူထားတဲ့ စစ်ဘက်ခေါင်းဆောင်များ၊ (၂) အတိုက်အခံနိုင်ငံရေးပါတီအစု အဖွဲ့များ၊ (၃)မိမိတို့၏ အမျိုးသားများတန်းတူညီမျှမှု နဲ့ တရားမျှတမှုရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် အဓိက ဖြစ်တယ်။ အဲလိုမှ မစဘူးဆိုရင်တော့ သူ့ခရီးစဉ်အောင်မြင်မှာမဟုတ်ဘူး" - ဟုဆိုပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့်တွေ့/မတွေ့ဖို့အတွက်မူ မစ္စတာဂမ်ဘာရီ အစီအစဉ်ချထားမှုအပေါ်သာ မူတည် ကြောင်း၊ အကယ်၍ ကုလလမ်းစဉ်အတိုင်း လုပ်ဆောင်ဖို့လာပါက တိုင်းရင်းသားအတိုက်ခံအဖွဲ့နှင့်တွေ့ကို တွေ့ဆုံရမည်ဖြစ် ကြောင်း၊ လူထုထောက်ခံပြီး ရွေးကောက်ပွဲ တကယ့် အနိုင်ရထားသည့် တိုင်းရင်းသားပါတီမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ကြောင်း၊ သို့သော်မစ္စတာဂမ်ဘာရီတခါမှ တွေ့ဖို့မကြိးစားခဲ့ကြောင်း၊ အမှန်တကယ် ဆွေးနွေးမှုဖြစ်စေလိုလျှင် နအဖ လမ်းညွန်သည့် အတိုင်းမသွားဘဲ ကုလ၏မူလလမ်းစဉ်အတိုင်းသွားပါက တိုင်းရင်းသားအတိုက်ခံအဖွဲ့ကို ဒီခရီးစဉ်တွင် တွေ့မှဖြစ် မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိနေကြောင်းနှင့် မျှော်လင့်နေကြောင်း ဦးစိုင်းလိတ်က ဆိုပါသည်။

အကယ်၍ မစ္စတာဂမ်ဘာရီ နှင့် တွေ့ဆုံပါက-"အတိုက်အခံ ဒီမိုကရေစီအင်အားစုခေါင်းဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည် နဲ့ တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဗိုလ်ချုပ်ဆေထင် တို့အပါအ၀င် ရဟန်းရှင်လူ ကျောင်းသား ပြည်သူ နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး အဆိုပြုတောင်းခံ ပေးရန် နှင့် စစ်မှန်သော သုံးပွင့်ဆိုင် ဆွေးနွေးရေးအမြန်ဆုံးလုပ်ပေးဖို့ တောင်းဆိုမယ်" -ဟုဦးစိုင်းလိတ် ကဆိုပါသည်။

ထိုအိတ်ဖွင့်ပေးစာ၌ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ အဖွဲ့အစည်းစွဲ ကိစ္စရပ်များကို ရှေ့ တန်းမတင်သည့် ဖြူစင်သော ပင်လုံစိတ်ဓါတ် အခြေခံဖြင့် ပါဝင်သင့် ပါဝင်ထိုက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံး လွတ်လပ်စွာပါဝင် ဆွေးနွေးနိုင်မည့် အခင်းအကျင်းမျိုးကို ကြိုးစား တည်ဆောက်သွားရန် ပထမဦးစားပေးလိုအပ်ကြောင်း အကြံပြုတင်ပြလိုက်သည် - ဟု ဆိုထားပါသည်။




အပြည့်အစုံသို့...

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ

လတွေထဲမှာ ကျမအချစ်ဆုံးက ဒီဇင်ဘာလပါပဲ ။
မနက်မိုးလင်းတာနဲ့ ကန်ဘောင်ပေါ်ကျမရောက်နေတတ်ခဲ့ တယ်။
ကျမအပျော်ဆုံးကလဲ ဒီဇင်ဘာပါပဲ မနက်အစောကြီး ဆိတ်ဖလူးပန်းတွေ ကောက်ခဲ့ ရတဲ့ နေ့ တွေ ကျမဘယ်တော့မှ မေ့ပစ်ဘို့ မကြိုးစားခဲ့ပါဘူး ။ ကျမ မသေခင်အထိ ဒီဇင်ဘာလရောက်ချိန်တွေကို မျှော်နေမှာပဲ ။
ဒီဇင်ဘာလတိုင်း ရန်ကုန်မြေကို နင်း ခွင့်ရဘို့ ကျမကြိုးစားနေမှာပါပဲ။
ရန်ကုန်ရဲ့ဒီဇင်ဘာကို ကျမသေမှ ခွဲချင်ခဲ့တယ်။
မနှစ်ကဒီဇင်ဘာအကြောင်းကျမရေးမလို့ပါ ။အရမ်းအေးတယ်...။


မှတ်မှတ်ရရ ကျမတို့ ညအိပ်ရင်တောင် အဲကွန်းပိတ်ထားရတဲ့အထိ ရန်ကုန်ဆောင်းပီသ ခဲ့တာပါ။ ကျမတို့ မနက် လေးနာရီထိုးတာနဲ့ သူငယ်ချင်းတွေအကုန် ချိန်းထားတယ် ။ ရွှေတိဂုံဘုရားကို တက်ကြဘို့ ပေါ့ ။ သူတို့က မြို့ ထဲကနေ ကျမကို ကမ္ဘာအေးမှာ လာခေါ်မယ်ပေါ့ ။ ကျမက ၀ီရိယလွန်ပြီး မနက်လေးနာရီထိုးဘို့ မိနစ်နှစ်ဆယ် လောက်အလိုထဲက ခြံရှေ့ မှာ ။ အဆင့်သင့်ပိုက်ဆံအိတ်လွယ်ပြီး ကမ္ဘာအေးလမ်းမ ပေါ်ထွက်ရပ်နေတဲ့ ကျမရှေ့  ကို အငှါးကားတွေတစ်စီးပြီး တစ်စီးထိုးရပ်လာတယ် ။ ကျမကလဲ ကောင်းကောင်းမွန်မွန်ပဲ ကျမ ကားမငှါးပါဘူးပေါ့ တစ် ချို့ကားက ထွက်သွားတယ် တစ်ချို့ ကားက လမ်းကြုံလို့ ပါ ပို့ ပါရစေတဲ့။ အဲဒီတော့မှကျမ ခေါင်းနပန်းကြီးသွားတယ် ဒါပေမဲ့ လမ်းပေါ်မှာ ကျမတစ်ယောက်ထဲ မဟုတ်ဘူးနော် လမ်းလျောက်တဲ့သူတွေ တဖွဲဖွဲရှိတယ် ။ ဒါပေမဲ့ ကျမက တော့အငြိမ်ပေါ့ ။ ရပ်စောင့်နေရတာကိးု ...။ အမေက ပြောတယ် လမ်းမှာ ကိုယ့်ကို မခန့် လေးစား ပြောခံရရင် ကိုယ့်ဝတ်စား ဆင်ယင်ပုံကို အရင်ပြန်ကြည့်တဲ့ ။ နောက်တစ်ခု မျက်နှာပေးတဲ့ ။
ကျမကိုယ်ကျမ ပြန်လေ့လာတော့ ပထမဦးဆုံးဘုရား တက်မဲ့နေ့ လေ ။ ကချင်အနက်ပေါ် ချည်အစိမ်းနဲ့ဖေါက်ထားတဲ့ ထမိန်စကဒ်နဲ့ စပို့ ရှပ်ခေါင်းစွပ်အစိမ်းလက်ရှည်နဲ့  ပုဝါအစိမ်းလေး ပခုံးပေါ်တင်လို့  ပိုက်ဆံအိတ် လွယ်ထားတယ် စွတ်ရချွတ်ရလွယ်တဲ့ ညှပ်ဘိနပ်အဖြူရောင်နဲ့ ။ ဘာ များမှားလို့  တုန်း ကျမတွေးရင်း တော်တော်တင်းနေပြီ။ လာခဲ့တွေ့ မယ်လို့ တေးထားတဲ့ ကျမနား အငှါးကားတစ်စီး ထိုးရပ်လာတယ် ပထမတစ်စီး နှစ်စီးလောက်သာ ကျမကောင်းကောင်းဖြေတာ နောက်ကားတွေလာရင် ကျမကြည့်ကို မကြည့်တော့တာပါ ။ အခုရပ်လာတဲ့ကားသမားလဲ ပြီတီတီပဲ အဲဒီကားသမားကို သူမမေးခင် ရှင့်ကိုမတားပဲဘာကိစ္ဓ ကျမအနားရပ်တာလဲ ဆိုတော့ ညီမလိုက်မလားတဲ့ ကျမက ဘယ်ကိုလိုက်ရမှာလဲဆိုတော့ လိုက်ပို့ မယ်လေတဲ့....။ ရှင်ကဘယ်ကိုပို့ မှာလဲဆိုတော့ တက်ပါ ကားပေါ်ကျမှ ပြောမယ်တဲ့ အနားကအုတ်ခဲကျိုးတစ်ခုကိုကောက်ပြီး လာရှင့် ဆင်းခဲ့ စမ်းပါ ကားအောက်က အခုဆင်းဆိုတော့အဲဒီလူက ကားကိုဘီးလှိမ့် ယုံလိမ့်တယ် အုတ်ခဲကျိုးကိုင်ထားတဲ့ ကျမကို အနားက ဖြတ်လာတဲ့  လူတွေကြားအောင် ရိုးရိုးသားသားမေးတာ စိတ်ဆိုးစရာမလိုဘူးလို့ လူကြားကောင်းအောင် အော်သွားတယ်။ မကြာပါဘူး နောက်တစ်စီးရပ်လာတယ် မေးပုံကိုက ညီမလေး လမ်းကြုံတယ်လိုက်မလား တဲ့  ဘယ်ကိုကြုံတာလဲ ဆိုတော့တောင်ဥက္ကလာတဲ့ လာပါ တက်ပါ အကိုက ကားသိမ်းတော့မှာတဲ့ ခဏဆိုပြီးကျမသူ့  ကားနံပတ်ကိုသေသေချာချာသွားကြည့်တယ် ပြီးတော့ဘုရားပေါ်မှာရိုက်ဘို့ ဆောင်ထားတဲ့ ဒီဂျစ်တယ် ကင်မရာ အသေးလေးနဲ့ အပီအပြင်ချိန်တယ် ရှင်နဲ့ ပါဆို ဆယ့်တစ်စီးရှိသွားပြီ မနက်အာရုဏ်တက်မှာ အမျိုးကောင်းသားသမီး တွေကိုကာယိနြေ္ဓ ပျက်အောင် ဒီအနားမှာ နှောက်ယှက်နေတယ် တိုင်ထားလို့ ရှင့် ဆိုတော့ကားသမား ပြူးတူးပြာတာ နဲ့ ကျနော်ဘာလုပ်လို့ လဲတဲ့  ရှင်ရုံးရောက်မှ ရှင်းတော့ဆိုတော့ ကျနော်တောင်းပန်ပါတယ် နောက်ဒါမျိုးမဖြစ်စေရ ပါဘူးတဲ့ .....။ ကျမလဲခပ်တည်တည်ပဲ သူ့ကို...သွားမှာသွားစမ်းပါ နောက်ကားတွေ ဖမ်းရမယ်ဆိုတော့...။ သူက ကျမကို ဒီအချိန်လမ်းမမှာ တစ်ယောက်ထဲရပ်နေမှတော့ မေးမှာပဲတဲ့..။
မေးတာကျမလက်ခံပါတယ် ။ မဟုတ်ပါဘူး ပြောနေတာ ထပ်ကွန့် ပြီးခေါ် နေတာတော့မဟုတ်ဘူးရှင့်...။ လုပ်စားတဲ့ သူက ရှင်မေးရင် ၀မ်းသာအားရရှိမှာပေါ့...။ ကျမက မဟုတ်ပါဘူးဆိုမှ မဟုတ် လို့ ပေါ့ရှင့်...။ ရှင်တို့ လူရှာတာ လမ်းဘေးရပ်သမျှ မိန်းကလေး လိုက်မေးတာတော နည်းမကျဘူးဆိုတော့ တောင်းပန် ပါတယ် နောက်မဖြစ်စေရပါဘူးတဲ့ ။ ကျမလဲ လမ်းလျှောက်သူတွေ များလာတော့ လမ်းလျောက်တော့မယ် ဆိုပြီးလမ်း မကြီးအတိုင်း ရွှေဂုံတိုင်ဘက်ကို လျှောက်လာတယ် ။ သုံးလေးခြံကျော်လောက် လျှောက်မိတော့ ပလက်ဖေါင်းပေါ်မှာ ဆိတ်ဖလူးပန်းတွေ ဖွေးဖွေးလှုပ်နေတယ် ....။ ဘယ်လိုမှ ဟန်မဆောင်နိုင်အောင်ပန်းတွေထိုင်ကောက်တော့တာပဲ...။
ပြီးတော့ အုတ်တံတိုင်းကိုကျော်ပြီး ကိုင်းကြနေတဲ့ အကိုင်းက ပန်းတွေကိုလဲကျမခူးယူခဲ့ သေးတယ်။ ပြီး... ကျမလမ်းဆက် လျှောက်လာတယ်...။ အဲဒီအချိန် ရောင်နီလာနေပြီ....။ လူတွေလဲ ပိုများလာပြီ...။ ဒါပေမဲ့ ကားသမားတွေရဲ့ နှောက်ယှက်မှုကိုတော့ ကျမခံနေရတုန်းပဲ...။ နောက်ကနေ ဟွန်းတီးလားတီးရဲ့  အနားကပ်ပြီး လိုက်မလား ခေါ်လားခေါ်ရဲ့ သူများ တွေကြည့်ပြီး ကျမပုံစံက လမ်းလျောက်တဲ့  ပုံစံမဟုတ်တာ သတိထားမိလာတယ် ...။ ပိုက်ဆံအိတ် လွယ်လာတာရယ် ထမိန်စကဒ်ဝတ်ထားတာရယ်မိန်းကလေးတစ်ယောက်ထဲ ဒီအချိန် စိမ်ပြေနပြေ လမ်းလျှောက်နေတာရယ်က ထူးခြားနေမှာ အမှန်ပဲဆိုပြီး ကျမ စိတ်လျှော့ထားလိုက်တယ် ... ။
အဲဒီအချိန်မှာပဲ ကိုယ်ပိုင်ကားတစ်စီး ကျမနောက်ကလိုက်လာတယ်....။
အသိသာကြီးရှင်..။ လမ်းလျှောက်တဲ့ သူနောက်ကို ကားနဲ့ ဘီးလှိမ့် ပြီးလိုက်တာ တော်တော်အရုပ်ဆိုးတာပဲလို့  စဉ်းစားရင်း ငါတော့တစ်ခုခုလုပ်မှလို့ တွေးမိတယ်....။ ကားက ကျမအနားကပ်လာရင် လိုက်ပို့ မယ်လေ ပြောလိုက် ကျော်သွားရင်ရပ်စောင့်လိုက်....။ ကားကလဲ ကျမတို့ ညီအမ အမည်ပေးထားတာလူပုလေးတွေ စီးတဲ့ကားလို့တီကို အ ဖြူရောင်ကျမနဲ့ မတိမ်းမယိမ်းလောက်ပဲ..... ။
အဲလိုနဲ့ ရွှေဂုံတိုင် လမ်းဆုံရောက်လာတယ်... ။ ကျမရှေ့ တည့်တည့်မှာရွှေပန်း ငွေပန်း စံပါယ်ပန်းတွေ ကိုင်ပြီး ပန်းရောင်းတဲ့ ကောင်လေးတစ်ယောက် လျှောက်လာတယ်.... ။ ရွှေတိဂုံဘုရားကိုလဲ မြင် နေရပြီ ကျမ အဲဒီကောင်လေးဆီက စံပါယ် ရွှေ ငွေ တော်တော်များများ ၀ယ်လိုက်တယ်....။
ပလက်ဖေါင်းပေါ်တင်ပဲ ၀ယ်နေတာ ကျမတို့ အနားမှာ ကပ်ပြီး အဲဒီကားရပ်နေတယ်.... ကျမဒေါသက လုံးဝမရတော့ဘူး...။ ကျမနောက်လှည့်ပြီး အဲဒီ ကားဂျပုပေါ်က လူကို ရှင်မရှက်ဘူးလားဟင်....လို့  လေသံအေးအေးနဲ့ မေးတော့...။ ရုတ်တရက် ထင်မထားဘူးထင်တယ်....။ ဘာကိုရှက်ရမှာလဲတဲ့ ဒီလမ်း ကို့လို့ ကန့်လန့် ကြီးမှာဘာကြောင့် ကားရပ်ထားတာလဲလို့ ကျမမေးတော့ စံပါယ်ပန်းဝယ်မလို့ တဲ့  ရတယ် ပြော... ဘယ်လောက်ဘိုးယူမလဲဆိုတော့ တစ်ထောင့်ငါးရာဘိုးတဲ့ တစ်ကယ့် ကလေးကလား ...။ ရတယ်... မောင်လေးသူ့ အရင် ပေးလိုက်ဆိုတော့ အဲဒီကောင်လေးလဲ ၀မ်းသာအားရ အဲဒီလူက တစ်ထောင်တန်နှစ်ရွက် ကိုင်ထားတယ်...။ ကျမက ကြားကနေ စောစောစီးစီး အမ်းစရာမရှိဘူး မောင်လေးနှစ်ထောင်ဘိုး လုပ်ပေးလိုက် ဆိုတော့ ....။ အဲလူက ပြီတီတီရုပ်နဲ့ ရတယ်.. ရတယ် လုပ်လိုက်တဲ့ ။
ပန်းသည်ကောင်လေးရဲ့ တစ်ချို့ ပန်းတွေ ကျမကိုင်ထားပေးရတာလေ...။ သူက ပန်းတွေကို ရေပြီးခဲတန်ချွန်တဲ့ ဓားလေးနဲ့ ဖြတ်တော့ ကျမက သူ့ပန်းတစ်ချို့ကျမအတွက်ဝယ်ကတည်းက ကိုင်ပေးထားတာ ကျမ မရယ်မပြုံး ခပ်တည်တည်ပဲ...။
ပန်းသည် ကောင်လေးပေးတဲ့ ပန်းနှစ်ထောင်ဘိုး ကို လှမ်းပေးရင်း ရှင် ကျမနောက်လိုက်အုန်းမယ်ဆိုရင်... ။ ကားကို တစ်နေရာမှာရပ်ခဲ့ ...။ ရှင်လဲသိက္ခာကျ၊ ကျမလဲသိက္ခာကျတဲ့ အလုပ်ကိုဆက်မလုပ်ပါနဲ့  .... ကားပေါ်ကလူတွေကို အထင်ကြီးတဲ့ အထဲမှာကျမမပါဘူး...။
ရှင်နဲ့ ဒီပန်းရောင်းတဲ့ မောင်လေးနဲ့ ယှဉ်ရင်တောင် ဒီမောင်လေးက ရှင့်ထက်သိက္ခာရှိတယ်လို့ ကျမတို့  သုံးယောက်ကြားအောင် ကျမပြောတော့....။
ကားပေါ်ကလူက လေသံမာမာနဲ့ ခင်ဗျားနောက်ကို ကျနော်ဘာလို့ လိုက်ရမလဲတဲ့ ...။ ကမ္ဘာအေးဘုရားလမ်းထဲက ရှင်ကားမောင်းတာ လမ်းလျှောက်နေတဲ့ ကျမနဲ့ အတူတူ ပန်းဝယ်နိုင်တာဘာကြောင့်လဲ ရှင့်ကိုယ်ရှင်စဉ်းစား....။ ရှက်ရင် မဟုတ်တာမလုပ်နဲ့  အဲဒါ ဆယ်ကျော်သက်တွေအလုပ်.....။ ရှင့်အရွယ် မလုပ်သင့်တော့ဘူး...။ ရော့....ရှင့်ပန်း.... ကြွပေတော့လို့ ကျမပြောတော့မှ မကျေမနပ်နဲ့ ဝူးဆိုကားကို မောင်းထွက်သွားတယ်....။ အဲဒီနေ့က ဘုရားပေါ်ကျမရောက်ပြီးမှ သူငယ်ချင်းတွေရောက်လာတယ်....။ အစောကြီး လမ်းလျှောက်ရတာ ကျမသဘောကျသွားပြီး နောက်နေ့ တွေလဲ လမ်းပဲ လျှောက်ဖြစ်တော့တယ်...။ သုံးရက်လောက်ဒုက္ခခံပြီးတော့ ကျမကို အဲဒီလမ်းတစ်လျှောက်က လူတွေသိ သွားကြပြီ...။ ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။
အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။
ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။ အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။
ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။
အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ....။
သော့ခတ်ထားတဲ့ အလှူခံပုံးကိုဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား....။
ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို........... မမလေ......... သိတယ်နော်
ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့..... ဗျာ.... အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့သိမ်းတာလေတဲ့ ။
ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့...။ မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ .....။
ကျမခေါင်းနဘမ်းကြီးသွား သလိုအမတွေလဲအနားတိုးလာတယ်ရှင်းရှင်းပြောစမ်းနားမလည်ဘူးဂေါပကသွား တိုင်မှာနော်ဘုရားပိုင်ငွေတွေပြည်သူတွေရဲ့ အလှူငွေတွေကိုဘယ်ကသူဌေးကပိုင်တယ်လို့ နင်ပြောတာတုန်းဆို တော့ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့  ရှင်....။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။ အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။ နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး..... ဘာသာခြားတဲ့  မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်တဲ့ ...။
မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား...။ ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသားဘုရားငွေတွေ ရော မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့တဲ့ ...။ ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလားကရနေတာကိုးတဲ့ ။ အဲဒီနေ့ ကစလို့ ဘုရားကိုရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲကျမတို့  အလှူငွေမထည့်တော့ဘူးရှင်.......။ ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။

မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် .....

မမ

http://mamaonlinediary.blogspot.com/ ကူးယူဖေါ်ပြပါသည်။




အပြည့်အစုံသို့...

Friday, February 6, 2009

စစ်ကျွန်(၀တ္ထုတို)

အချိန်ကား (၁၉၉၄) ခုနှစ်။

နေရာကား သန်လျင်တဘက်ကမ်း။

အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး
ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့
အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို
မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင်
ဝမ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်က
ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကို
ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။
ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့
ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည်
မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ်
အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။



"အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ်
ဆက်တက်နော်သား။ အမေထားပေးမယ်"

"အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ
သွားတော့မယ်"

"ဘာ----"



သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။
"အမယ်လေး၊ ကိုသောင်းမင်းရယ်"လို့သာ တမ်းတဟစ်အော်ပြီး
ငိုလိုက်ချင်စိတ်ပေါက်သွားသည်။

"သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့
သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့"

လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက
ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ
ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး
သေဆုံးခဲ့ရတာဖြစ်သည်။



"သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။
သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။
အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီးရယ်။
စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ
စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင်ပန်းပန်း
ရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ
စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ"



"ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ
လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့"

"သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်"



(၂)



အချိန်ကား (၂၀၀၅) ခုနှစ်။

နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။



"သမီး၊ ဆုံးဖြတ်ပြီးပြီလား"

မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။
ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။
စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။



"မေမေကသဘောမတူလို့လားဟင်"

"မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး"

"ဘာဖြစ်လို့လဲမေမေ"

"မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ
မခွဲတတ်တာ သမီးသိတယ်နော်"

"သိပါတယ်မေမေ"

"မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ
ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး"



မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။



"လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက
လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှ
ကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ
လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။
လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို
သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင်
တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ
အ၀င်မခံနိုင်ဘူးနော်သမီး"



"မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ
ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး"

"တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ
စွပ်ထားနိုင်မှာတဲ့လဲ။ မေမေတခွန်းပဲ ပြောမယ်နော်သမီး။
လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင်
လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ"



အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။
သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့
သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို
မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။



(၃)



၂၀၀၇ ခုနှစ်၊ မတ်လ။

တပ်ရင်း ( ) အရာရှိအိမ်ယာ။



"မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ"

"အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို"

"ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ"

"ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့
မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့"

"မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော်
ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင်ဘူးလား"



"ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါက
သူတို့လို မတရားသဖြင့် စီးပွားရှာလာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။
မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ"

"မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ
စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား"

"ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။
ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင်
ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား"

"စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။
လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။
လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို
တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး"



"တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။
မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊
ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို
နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့
လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။
လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီး
ကျေနပ်လွန်းတယ်မထင်နဲ့"



"မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။
ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်က
အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။
ခိုင်းတာလုပ်ရမယ်။ ဒါပဲ"

"ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို
ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့မှာပေါ့"



သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်က
လေထဲသို့မြောက်တက်သွားသည်။



"မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း"



သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။
သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။



"မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့်
လူဖျင်းလူညံ့ပါလား"



"လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ"

"ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ
ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာ
တာဝန်ရှိတယ်"

"အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊
လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ"

"ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။
လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။
ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လို
ဝတ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။
ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး"

"အန်တီက ကျွန်တော့်ကို စော်ကားနေတာလား"

"မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ
ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ
တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲ
အိမ်တွင်းအကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို
ဘယ်လိုစိတ်ချရမလဲ"



မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ
ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။
မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန်လှပါပြီ။
ကြီးနိုင်ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော်
ခြေသလုံးကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ
အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး
ညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး
သူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင်
အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ
ရွံ့မုန်းလှပြီ။ သူမတသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့်
ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့
သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊
အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို
ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။



"ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။
ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို
မက်မနေစမ်းပါနဲ့"

"မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။
မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ
အချင်းချင်းရှင်းပါရစေ"



"ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို
ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့"



မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။
လွတ်လပ်သော မိသားစုဘ၀လေးကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။
အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှ
လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ
ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။



(၄)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။

သန်လျင်တဘက်ကမ်း။



ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။
တာဝန်ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း
ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစုအိမ်လေးကို
မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့
သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့
ဘာဖြစ်တယ်မသိ။ လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲ
မကောင်းလို့လား။



"ဒေါ်ကြီးစိန်ရေ။"



ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက
ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ
အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊
ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ
ဖွင့်ထားသေးသည်။



"ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ"

"ဟေ"

သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ
မျက်ရည်စတွေကို တွေ့လိုက်ရတာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။
ဘာများဖြစ်လို့ပါလိမ့်။



"ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့"

"အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ
လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက်
လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ
မေတ္တာပို့ဝတ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။
သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲ
လူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်"



" အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ
ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကို
ခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်က
ပြိတ္တာဖြစ်မယ့်ဟာတွေ"

"ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။
လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။
အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က
ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ"



မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာ
သူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမအကြော်ဆီပူအိုးဘေးမှာ
နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ
ဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။



ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။

"အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို
ခွင့်လွှတ်ပါဘုရား"



(၅)



(၂၀၀၇) အောက်တိုဘာလ။

စင်ကာပူနိုင်ငံ။

မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။
ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။
သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး
မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။
ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင်
ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့
နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။



"သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ"

သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။
ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။



သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့်
အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို
သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward
လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။
မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည်
နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့
ရောက်သွားတော့သည်။



"တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား"

သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။



"မေမေရယ်။ သူ-"

ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။
မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။



မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။



"မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။
ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ"

"မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို----"

သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။



"အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့
သားသမီးတွေဟာ သူတို့မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ
မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။
လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။
လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး
ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့
ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့်
သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ
စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့
မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ
သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေ
မတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာ
ပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။
သမီးနားလည်တယ်နော်"



မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား
သွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက

"မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး" ဟူသတည်း။



တော်လှန်ရေး အကြောင်း

"တော်လှန်ရေးကြီး ဘာကြောင့် မအောင်မြင်ရသေးသလဲ" ဆိုတဲ့ စကားမှာပဲ တော်လှန်ရေး မပြီးဆုံးသေးဘူးလို့ အဓိပ္ပာယ် ပါဝင်နေပြီး ဖြစ်ပါတယ်။ ဒါကြောင့် မပြီးသေးတဲ့ တော်လှန်ရေးမှာ အဆုံးသပ် ပွဲပြီးတဲ့ အရှုံးအနိုင်ကို ကြိုပြောလို့ မရနိုင်သေးပါဘူး။ ဒါပေမယ့် "မအောင်မြင်သေး" ဆိုတဲ့ စကားအရ တော်လှန်ရေးရဲ့ ဖြစ်စဉ်တခုခုကို စမ်းကြည့်ခဲ့ဖူးတယ် ဆိုတာကတော့ ထင်ရှားနေပါတယ်။

တော်လှန်ရေး ဖြစ်လာအောင် လူတွေက ရည်ရွယ်ချက်နဲ့ လုပ်ပုံလုပ်နည်းကို ပေါင်းစပ်ယူလိုက်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြုပြင်ပြောင်းလဲမှုတခုခုကို ရယူချင်လို့ ဖြစ်ပြီး လုပ်ပုံလုပ်နည်းမှာတော့ အဆင့်ဆင့် အကြိမ်ကြိမ် လုပ်ယူရတာမျိုး ဖြစ်ပါတယ်။

လက်နက်ကိုင် တိုက်ခိုက်ပြီး ပြောင်းလဲယူမှ တော်လှန်ရေးလို့ ခေါ်တာ မဟုတ်ပါဘူး။ စီးပွားရေးမှာလည်း တော်လှန်ရေး ဆိုတာ ရှိပါတယ်။ သေနတ်တချက်မှ ပစ်ဖောက်တာ မရှိပါဘူး။ မိသားစုထဲမှာ တော်လှန်တာ ကအစ နိုင်ငံတခုအတွင်းမှာ တော်လှန်တာထိ တော်လှန်ရေးပေါင်းစုံ ရှိပါတယ်။ ဒီ့ထက်တောင်ရှိတာက ကမ္ဘာ့နိုင်ငံရေး စနစ်ကြီးတွေမှာ ဖြစ်ပါတယ်။

ကွန်မြူနစ်စနစ်ကို ကမ္ဘာပေါ်မှာ ပြန့်နှံ့သွားအောင် တချိန်ကကြိုးပမ်းတာတွေဟာ တော်လှန်ရေးတရပ်ပါ။ ကမ္ဘာ့အင်အားကြီး ဆိုဗီယက်က ဦးဆောင်ပြီး လုပ်တာတောင် မအောင်မြင်နိုင်ခဲ့တဲ့ သက်သေတွေ အများကြီး ရှိနေပါတယ်။

ကနေ့ခေတ်မှာလည်း ဒီမိုကရေစီစနစ်ကို ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးလာရအောင် ဝိုင်းဝန်းကြိုးပမ်း နေကြပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲဖို့ လုပ်ကြတာဟာလည်း တော်လှန်ရေး တရပ်ပါပဲ။ ခုအချိန်မှာတော့ အဆုံးသပ်အောင်ပွဲကို မရသေးပါဘူး။ ကမ္ဘာ့နိုင်ငံများအားလုံးက စစ်မှန်တဲ့ ဒီမိုကရေစီကို အပြည့်အဝ ခံစားရတဲ့နေ့ဟာ ဒီမိုကရေစီတော်လှန်ရေး ပြီးဆုံးတဲ့နေ့ ပါပဲ။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမှတ်မရတော့တဲ့ မှတ်တမ်းတခုမှာ ကမ္ဘာ့နိုင်ငံအားလုံးအနက် (၃)နိုင်ငံက လွဲပြီး မိမိတို့နိုင်ငံဟာ "ဒီမိုကရေစီပါ။ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့အညီ ဖြစ်ပါတယ်" လို့ ကြေညာထား ကြတာကို အင်္ဂလိပ်လို ဖတ်မိပါတယ်။ ဗဟုသုတအနေနဲ့ပြောရရင် အဲဒီ (၃)နိုင်ငံကတော့ ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ကျနော်တို့ရဲ့ရွှေမြန်မာ နိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။

ဒီအတိုင်းဆိုရင် ကမ္ဘာပေါ်မှာ ဒီမိုကရေစီ တော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ရွှေမြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ တော်လှန်ရေး မပြီးဆုံးသေးပါဘူး။

ကိစ္စတခုဟာ အများအကျိုးအတွက် တကယ်တမ်း ထိုက်တန်တဲ့ တန်ဖိုးတခုကို ပေးဆောင်နိုင်တယ်ဆိုရင် ဘယ်ကိစ္စမဆို မပြီးသေးရင် ပြီးအောင် လုပ်ရမှာက တာဝန်တရပ်ပါပဲ။

l ဘယ်သူတွေ တာဝန်ယူမလဲ။

l တာဝန်ယူသူတွေ များလာအောင် ဘယ်လိုလုပ်ကြမလဲ။

l ဘာတာဝန်တွေ ယူကြမှာလဲ။

l တာဝန်တွေကို ဘယ်လို ခွဲဝေထားကြမလဲ။

l ဒီတာဝန်တွေလုပ်ဖို့ အရည်အချင်းတွေ ဘယ်လို မြှင့်တင်ပေးမလဲ။

l အရည်အချင်းရှိသူတွေ ရလာပြီဆိုရင် ဘယ်နေရာတွေမှာ တာဝန်ထမ်းဆောင်စေမလဲ။

ဒီမှာတင်ပဲ မေးခွန်းတွေက များလာပြီ။ လေးလေးနက်နက်တွေးလေ၊ ပိုပြီး နက်ရှိုင်းလေ၊ လုပ်စရာတွေ များလေ ဖြစ်နေပါပြီ။

ကြီးကြီးကျယ်ကျယ် ဆိုပေမယ့် စနစ်ကျအောင် လုပ်နိုင်ရင် ကောင်းတာမို့ "မဟာဗျူဟာ" ဆိုတာ ရှိရပါ တော့မယ်။ ဒါဆိုရင် မဟာဗျူဟာ ရေးမယ့်သူတွေ၊ အကောင်အထည်ဖော်မယ့်သူတွေ လိုအပ်လာပါပြီ။ တဆက်တည်းမှာပဲ "နည်းဗျူဟာ"တွေ ပါလာတော့မယ်။ လေ့ကျင့်ရတော့မယ်။ လေ့ကျင့်ဖို့ လိုအပ်ချက် တွေကလည်း အများကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။

တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို မှန်းရလွယ်သလောက်၊ ထားရလွယ်သလောက် လက်တွေ့မှာ လုပ်ရတဲ့ နည်းလမ်းနဲ့ အားထုတ်ပုံတွေက အများကြီး ပိုခက်ရုံမက ပိုပြီးကြန့်ကြာတတ်ပါတယ်။

အားမလို အားမရ ဖြစ်လွန်းလို့ အချိန်မတန်ပဲ ထလုပ်လိုက်ရင် ဟိုအရင် မြန်မာဘုရင်ခေတ်တွေက အစည်းပြေနေတဲ့ ဝါးတချောင်းချင်းနဲ့ အင်္ဂလိပ်နယ်ချဲ့ကို လိုက်ရိုက်နေသလို ဖြစ်နေမှာပါပဲ။

တော်လှန်ရေးမှာ ပေးဆပ်လိုက်ရတယ် ဆိုတာ အင်မတန် ဂုဏ်ယူစရာပါ။ အင်မတန်ကောင်းတဲ့ သမိုင်း အမွေအနှစ်လည်း ဖြစ်ပါတယ်။ ဒါကို မငြင်းနိုင်အောင် ရှိပေမယ့် တော်လှန်ရေးနဲ့ဆိုင်တဲ့ တန်ဖိုးတခုခု အမြတ်မထွက်ပဲ ပေးဆပ်လိုက်ရတာ တော်လှန်ရေးအတွက် နစ်နာဆုံးရှုံးမှုတခုလည်း ဖြစ်နေပြန်ပါတယ်။

မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး ဆိုတာက ကမ္ဘာ့ဒီမိုကရေစီ တော်လှန်ရေးနဲ့ တဆက်တည်း တစပ်တည်း ဖြစ်လို့ ကမ္ဘာ့ရေစီးကြောင်းနဲ့အတူ လိုက်သွားဖို့လည်း ရှိပါတယ်။ စံနမူနာတောင် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။

တော်လှန်ရေးတရပ် ဖြစ်ပေါ်လာနိုင်ဖို့ မခံမရပ်နိုင်တဲ့ အကြောင်းရင်းတခု ရှိနေရပါမယ်။ ပြီးရင် အဆင့် (၄)ခုနဲ့ ဖြတ်သန်းရပါတယ်။ အဓိကအကျဆုံး အချက်ကတော့ လူထုက ပါဝင် ထောက်ခံ အားပေးတာ ရှိနေရပါတယ်။

လူထု ဆိုတာ အာဏာနဲ့ နောက်ထပ် အမိန့်ပေးတာ မခံရတော့တဲ့ ခေါင်းဆောင်နဲ့ သူ့အလိုကိုလိုက်ပြီး လုပ်ပေးနေကြတဲ့ လူတစုကလွဲ၍ ကျန်နေသူအားလုံးကို ခေါ်ပါတယ်။ ဒါကြောင့် အစိုးရဝန်ထမ်းတွေနဲ့တကွ တပ်မတော်သားတွေ၊ ရဲတွေလည်း လူထု ဖြစ်ပါတယ်။

အကြောင်းရင်းတွေမှာ အဓိကအချက်က မတရားတာကို သီးမခံနိုင်တာ ဖြစ်ချင်ဖြစ်မယ်။ အမျိုး-ဘာသာ- သာသနာကို ထိခိုက်စော်ကားတာကို လက်မခံနိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ အစိုးရကို မကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။

ဘယ်လိုပဲ အကြောင်းရင်းပဲဖြစ်ဖြစ် ပထမဦးဆုံးအဆင့်မှာ သဘောမကျ ဆန့်ကျင်သူတွေ တဦးချင်းကနေ၊ တဖြည်းဖြည်းနဲ့ လူစုလူဝေး ပုံစံမျိုးအထိ ထွက်ပေါ်လာကြပါတယ်။ သူတို့ဟာ တက်ကြွလှုပ်ရှားသူတွေပါပဲ။

လူစုလူဝေးက တညီတညာတည်း ကန့်ကွက်တောင်းဆိုတာတွေ ဖြစ်လာရင် ပုံမှန် လှုပ်ရှားနေတာတွေဟာ ထူးခြားတဲ့ အရှိန်တခုနဲ့ အလျင်အမြန် ပြောင်းလဲသွားရုံမက ငြိမ်နေတာတွေလည်း နိုးကြားလာပါတယ်။ လူထုထောက်ခံမှုကို တဖြည်းဖြည်း စရလာပါတယ်။ အစိုးရဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေလည်း ပါဝင်လာကြပါတယ်။

အဲဒီလိုဖြစ်တာတွေ များလာရင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ အားပေးထောက်ခံတဲ့ လူထုဟာ သူတို့ရဲ့ နေ့စဉ်ပုံမှန်ကိစ္စတွေကို အဖျက်ခံပြီး အရှိန်ကောင်းသထက်ကောင်းအောင် ကြိုးပမ်းလာတာကြောင့် အစိုးရယန္တယားဟာ ထိန်းမနိုင် သိမ်းမရနဲ့ စပျက်လာပါတော့တယ်။

အစိုးရလို့ခေါ်တဲ့ လူတွေကလည်း ဒါကို မဖြစ်ဖြစ်အောင် ဖြိုခွဲနှိပ်ကွပ်တတ်ကြပါတယ်။

အဲဒီလို ဖြိုခွဲနှိပ်ကွပ်နေတာတောင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ လူထုဘက်မှာ အင်အား၊ စိတ်ဓါတ်၊ နည်းပညာအပြင် အခြားပံ့ပိုးမှုတွေ အလုံအလောက် ရှိနေသေးတယ် ဆိုရင် တော်လှန်ရေး တရပ်ကို ဘယ်လိုမှ မတားဆီးနိုင်တော့ပဲ လူထုကြားထဲကနေ မွေးဖွားပေးလိုက်နိုင်ပါတော့တယ်။

ဒါက လူထုနဲ့ လူထုမကြိုက်တဲ့ အစိုးရအကြား တော်လှန်ရေးတရပ် ပေါ်ပေါက်လာပုံပါ။

လွင်အောင်စိုး (၂-၂-၂ဝဝ၉)

http://saveburma.wordpress.com/

အပြည့်အစုံသို့...

blogger templates | Make Money Online