Friday, July 31, 2009

အပြင်းထန်ဆုံးသော လူထုတိုက်ပွဲ အတွက် ပထမအဆင့် ခြေလှမ်း


အပြင်းထန်ဆုံးသော လူထုတိုက်ပွဲ အတွက် ပထမအဆင့် ခြေလှမ်း

မြန်မာ နိုင်ငံကြီးသည် စစ်ကျွန်အဖြစ် လုံးလုံး ရောက်ရှိရန် လက်တစ်ကမ်းသာ လိုပါတော့သည်၊ စစ်မိစ္ဆာ အာဏာရှင်တို့၏ ယုတ်မာပက်စက် ကောက်ကျဉ်းစဉ်းလဲ နည်းအမျိုးမျိုးနှင့် ညစ်ပတ် လုပ်ကြံမှုများကြောင့် မြန်မာ နိုင်ငံကြီးသည် ဖွတ်ဖွတ်ကြေ ပြာပုံထဲက ခွေးဝဲစား ဘ၀သို့ ရောက်ရှိ ခဲ့သည်ကို လွန်ခဲ့သည့် နှစ်(၂၀) က သက်သေ ပြခဲ့ပြီဖြစ်သည်။

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ ကျောင်းသား ခေါင်းဆောင်များ ကိုလည်း ထောင်သွင်း အကျဉ်းချ ညှင်းပမ်းနှိပ်စက် အသံတိတ် သတ်ဖြတ်လျှက် ရှိနေပေပြီ၊ ပြည်သူလူထု စစ်တပ် တိုင်းရင်းသား ပေါင်းစုံ တို့ကိုလည်း အငတ် ထားကာ မျိုးသုဉ်း စစ်ဆင်ရေး များကို ဆင်နွဲလျှက် ရှိပေပြီ။

ရဟန်းရှင် လူ ပြည်သူလူထုကြီး အနေဖြင့် အာဏာရှင်ကို တိုက်ရင်း သေမလား ဒါမှမဟုတ် အာဏာရှင်က သတ်ဖြတ်တာကို ငြိမ်ပြီး အသေခံမလား ဆိုသည့် မေးခွန်းကို မိမိ ကိုယ်တိုင် မေးပြီး အဖြေရှာရတော့မည် ဖြစ်သည်၊ အာဏာရှင်ကို အမြစ်ပါ မကျန်အောင် တိုက်ထုတ် နိုင်မည့် အရာမှာ အပြင်းထန်ဆုံးသော လူထုတိုက်မှ လွဲ၍ အခြား မည်သည့် အရာမှ မရှိပေ၊ အာဏာရှင်ကို ဘယ်လို တိုက်တိုက် ပြည်သူဘက်က တရားသည် မှန်ကန်သည်ဆိုသည့် အချက်သည် ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး၏ ကိုင်စွဲ ထားသော လက်နက်ဖြစ်ပေသည်။

သို့ပါ၍ ယခုအခါသည် အပြင်းထန်ဆုံးသော လူထုတိုက်ပွဲကို ဆင်နွဲရန် အချိန်ကျရောက်ပြီ ဖြစ်သည့် အတွက် နအဖ၏ မတရား ရုံးများ၊ ကြံ့ဖွတ်ရုံးများ၊ ဌာနဆိုင်ရာကားများကို မီးရှို့ဖျက်ဆီးခြင်း၊လမ်းပန်း ဆက်သွယ်ရေးများ ဖြတ်တောက်ခြင်း၊ မိမိရပ်ကွက်ကို မိမိတို့ ကိုယ်တိုင် အုပ်ချုပ်ခြင်း နအဖအာဏာ သက်ရောက်မှု မရှိစေရန် အတွက် စုပေါင်း ညီညွတ်စွာ တော်လှန်တိုက်ပွဲဝင်ကြပြီး စစ်မိစ္ဆာ အာဏာရှင်ကို အမိ မြန်မာပြည်မှ အပြီးပိုင် တိုက်ထုတ် ပစ်ကြပါရန် တိုင်းပြည် အကျိုးကို မျှော်၍ တိုက်တွန်း နိုးဆော်အပ်ပါသည်။

ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ(ပြည်တွင်း)

အပြည့်အစုံသတင်းဖတ်ရန်....

http://arzarni.blogspot.com/

အပြည့်အစုံသို့...

ဘာမှကြောက်မနေနဲ့ ..ဆက်တက်ခဲ့



“ ဒီ အချိန်မှာ သတ္တိရှိရှိ နဲ့ လုပ်လိုက်လို့ ရှိရင် နောင်ကျရင် ကျွန်မတို့ဟာ မကြောင့်ကြ ရတဲ့ ခေတ်ကို
ရောက်သွား နိုင်ပါတယ် .. ဒီ အချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ ရှိရင် နောင် ဆက်ပြီးတော့ ကြောက်နေရတဲ့ စနစ် ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ် .. လူတစ်ယောက် အနေနဲ့ လည်း အများကြီး ဂုဏ်သိက္ခာ ကျပါတယ် .. အဲဒီတော့ အားလုံးက မှန်တာလုပ်ရလို့ ရှိရင် ကြောက်နေလည်း လုပ်ရ မှာပါ .. ”

(ဒေါ်အောင်ဆန်းစုကြည် ၁၄ - ၁ - ၁၉၈၉) ။

အပြည့်အစုံသို့...

ခမရ ၅၁၅ မှ ဗိုလ်ကြီးကောင်းဇံမှ ချစ်ဇနီးထံပေးစာ


ဇူလိုင် ၂၁။

ခင်လေး

နေကောင်းကျန်းမာမယ်လို့ထင်ပါတယ်။ ကိုယ့်အခြေအနေ သိဖို့ စာရေးလိုက်တာပါ။ ကိုယ်အခု နောက်တန်း ဆေးရုံကို ရောက်နေတယ်။ စိတ်မပူပါနဲ့ လက်နက်ကြီးအစ ရှပ်ထိရုံပါ။ မကြာခင်ပဲ ဆေးရုံကဆင်းပြီး ခင်လေးဆီ တခေါက်လောက် ပြန်လာတွေ့ဖို့ ကြိုးစားပါမယ်။ ခွင့်ရဖို့တော့ သိပ်မလွယ်ဘူး။ ထုံးစံ အတိုင်းပေါ့ ၁ရက် ၂ရက်လောက် အဆင်ပြေသလို လစ်လာရမှာပဲ။

ကိုယ်တို့ စကခ ၂၊ ခမရ ၅၁၅က မိုးတွင်းမှာလည် မနားရဘူး၊ ကိုယ်က ခွဲမှူးဖြစ်နေတော့ ပိုဆိုး တာပေါ့။ အပေါ်ကိစ္စလည်း ကိုယ်ပဲ။ အောက်ကိစ္စလည်း ကိုယ်ပဲ ဖြစ်နေတယ်။ ဇူလိုင်လထဲမှာ မိုးကလည်း အရမ်းကောင်းတယ်။ ဒီအချိန် ရှေ့တန်း စစ်မျက်နှာမှာ ဘယ်လို ဖြစ်နေမလဲဆိုတာ ခင်လေး မှန်းဆမိမှာပါ။ ကိုယ်တို့ ရောက်နေတဲ့ ဂွင်ထဲမှာ ရွက်ဆစ်အဖွဲ့တွေ တော်တော် များတယ်။ ဒီဂွင်ထဲမှာ ကိုယ်တို့ တပ်ရင်းက လှုပ်ရှား တခွဲနဲ့ ခလရ ၆၄ က ဗိုလ်မှူး နေထွတ်ဦးစီးတဲ့ တကြောင်းနဲ့ ခွဲတခွဲ လှုပ်ရှားနေရတယ်။

ဇူလိုင် ၁၆ ရက်နေ့မှာ ဗိုလ်မှူးနေထွတ်တို့ စစ်ကြောင်း ရွက်ဆစ်တို့ အဖွဲ့နဲ့ စပြီး ထိတွေ့မှု ဖြစ်ကြတယ်။ ဖြစ်တာက ညကြီးမိုးချုပ် သူတို့က ရွာအ၀င်မှာ ဖြစ်တာလို့ သိရတယ်။ ရဲဘော်တယောက် ဒူးမှာ လက်နက်ငယ်ထိပြီး ဒဏ်ရာရသွားတော့ သူတို့စစ်ကြောင်းက အဲဒီည အဲဒီရွာမှာပဲ အခြေပြု နေလိုက်ကြတယ်။ နောက်ရက်မှာ သူတို့စစ်ကြောင်းက ဟိုကောင်တွေ ဆုတ်သွားတဲ့ ဖက်ကို လိုက်ရှင်းကြတယ်။

ထုံးစံအတိုင်းပေါ့ကွာ အထက်ကလည်း ကိုယ်တို့ကို လိုက်ရှင်းခိုင်း ပိတ်ခိုင်းတော့ ကိုယ်တို့ တပ်ခွဲက နောက်နေ့ ညနေ ၃နာရီ ကျော်လောက်မှာ ဟိုကောင်တွေနဲ့ စထိတွေ့ ပစ်ခတ်ကြတယ်။ ဒီကောင် တွေ ၂၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်။ ကိုယ်တို့လည်း ပစ်အားနဲ့ ဖိပြီး တွယ်လိုက်တော့ ဒီကောင်တွေ ပြေးသွားတယ်။ ကိုယ်တို့ တပ်ခွဲက ဖြန့်ပြီး လိုက်ရှင်းတယ်။ အဲဒီမှာပဲ ညနေ ၆ နာရီ လောက်မှာ တခြားအဖွဲ့နဲ့ ထပ်ပြီး ထိတွေ့ ကြတယ်။ ဒီတခါတော့ ဒီကောင်တွေဘက်က အတော် များတယ်။ ခန့်မှန်းခြေ ၈၀ လောက်ရှိမယ် ထင်တယ်။ ဘူဇူကာလည်း အတော် သုံးနိုင်ကြတယ်။ ကိုယ်လည်း မထင်မှတ်ဘဲ ချုံခိုမိတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ သူတို့ဘက်က လက်နက် ကြီးတွေ ပုံအောပစ်တာ ခံလိုက်ရတယ်။ ဒီပွဲမှာ ကိုယ်လည်း လက်နက်ကြီး အစ ထိခဲ့တယ်။

ကိုယ်စိတ်မကောင်းတာက ကိုယ့်ခွဲက အားအကိုးရဆုံး တပ်ကြပ် ယဉ်ထွေး၊ တပ်ကြပ် မြင့်လွင်နဲ့ တပ်ကြပ် နန္ဒာထွေးတို့ ကျသွားကြတယ်။ တပ်သား စိုးမြင့်အောင်လည်း ကျသွားတယ်။ အားလုံး ၄ယောက် ကျသွားတာပေါ့။ ဟိုတလောကမှ ကိုယ်တို့ခွဲကို ပြောင်းလာတဲ့ ဗိုလ်မျိုးသူဟိန်းလည် ဒဏ်ရာရတယ်။ တပ်ကြပ်ကြီး သက်ဦး၊ တပ်ကြပ် အောင်ကျော်ဦး။ တပ်သား အေးမင်းတို့လည်း ဒဏ်ရာရတယ်။ အားလုံးက လနက ဒဏ်ရာတွေပဲ။ ဆိုးတာက သေနတ် ၄လက် ပါသွားတာပဲ။ MA1 ၁လက်၊ MA2 ၂လက် ၊ နဲ့MA4 ၁လက်။ ကိုယ်တော့ စစ်ခုံရုံး ၀င်ရမှာ သေချာ သလောက်ပဲ။

ခင်လေးဘာမှ စိတ်မပူပါနဲ့ ကိုယ်တို့စုဆောင်းရှာထားသမျှ လေးတွေနဲ့ ပေးကမ်းပြီး အမှုပေါ့အောင် ကြည့်လုပ်ရမှာပေါ့။ ခင်လေး ပစ္စည်းတွေ ခဏ ထုတ်သုံးရမှာကိုတော့ မောင်နှမျောမိ ပေမဲ့ မတတ်နိုင်ဘူး ခင်လေးရေ။ နောက်မှ မောင် ပြန်ရှာ ပေးပါမယ်ကွာ။ လောလော ဆည်ဆည်တော့ ထုခွဲပြီး ငွေရှာထားပါအုန်း။ ဒါမှ ဒီတပါတ်အတွင်း ကိုယ်ပြန်လာရင် အဆင်သင့် ဖြစ်နေအောင်။ ဘာပဲဖြစ်ဖြစ်၊ ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ မှတ်ပါတယ်။ သားလည်း နေကောင်းတယ်မို့လား။

ခင်လေးနဲ့သားမောင်သီဟ ကျန်းမာဖို့ မောင် ဆုတောင်းပါတယ်။

သတိရစွာနဲ့
မောင်

အဆုံးသို့

http://vimutti.blogspot.com/

အပြည့်အစုံသို့...

နအဖ အဓမ္မ ရွှေ့ပြောင်းမှုဒဏ်၊ ရခိုင်ပြည်နယ် ဒေသခံတွေ မိအေးနှစ်ခါနာ


၃၁ ဇူလိုင် ၂၀၀၉

နယ်နိမိတ်ချင်း ၁၇၂ မိုင် ထိစပ်နေတဲ့ မြန်မာနိုင်ငံ အနောက်တောင်ပိုင်း ရခိုင်ပြည်နယ်ဟာ ရှေးအခါတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘင်္ဂလီ လူမျိုးတွေ ၀င်ထွက်ရာ ဒေသတစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ လယ်ယာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဘင်္ဂလီ လူမျိုးတွေကို ရခိုင်ပြည်နယ်ထဲ စခေါ်သွင်း လာရာကနေ တစ်စထက် တစ်စ အင်အား များလာလို့ လည်း စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး အရေးယူ ဆောင်ရွက် ခဲ့ရပါသေးတယ်။ ၁၉၄၂ ခုနှစ်၊ ကုလား ဗမာ အဓိကရုဏ်း ဖြစ်ပြီး နောက်ပိုင်း ဘင်္ဂလီတစ်ချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ပြန်သွားတာလည်း ရှိကြောင်း သိရပါတယ်။

ဒီနောက် ၁၉၇၇-၇၈ခုနှစ်မှာ မြန်မာအစိုးရကနေ မောင်းနှင် ထုတ်လိုက်တာ ကြောင့်လည်း ဘင်္ဂလီ လူမျိုး ၂ သိန်းလောက် ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ခွာ သွားခဲ့ကြရ ပြန်ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ် အတွင်းကို ဘင်္ဂလီတွေ နောက်ထပ် အတင်းဝင်ရောက် နေရာယူ အခြေချ လာခဲ့ကြတာကြောင့် ရခိုင် ကျေးရွာပေါင်း ၉၂ ရွာ ပျက်ခဲ့ပြီး ရခိုင် လူမျိုးတွေလည်း အခြားအရပ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်းတောမြို့တွေမှာ မူစလင် ဦးရေက ၈၃% ရှိပြီး ရခိုင်နဲ့ အခြားလူ မျိုးတွေက ၇ % သာ ရှိနေကြပါတယ်။ ပြန်လည် နေရာချထားရေးနဲ့ အရင် ပျက်စီးသွားခဲ့တဲ့ ကျေးရွာ ပြန်လည်တည် ဆောက်ရေး ကိစ္စတွေကို တပ်မတော် အစိုးက ရခိုင်ပြည်နယ် အတွင်း နယ်စပ်ဒေသတွေမှာ ၂၀၀၁ ခုနှစ်က စပြီး လုပ်ဆောင် ခဲ့တာကို တွေ့ရှိရပါတယ်။

မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်က နယ်စပ်စည်းရိုး လုံဖို့ ကြိုးပမ်းတာမှာ ပထမ ဘူးသီးတောင်၊ မောင်းတော နယ်ဖက် တွေမှာ စီမံကိန်း ကျေးရွာတွေ တည်ဆောက်ပြီး အကျဉ်းထောင်တွေ ထဲက အကျဉ်းသားတွေကို သွားရောက် နေထိုင် စေခဲ့ပါတယ်။ မိသားစုနဲ့ အတူ အဲဒီ ကျေးရွာတွေမှာ သွားရောက် နေထိုင်ကြမယ် ဆိုရင် လိုအပ်တဲ့ နေစရာအိမ်၊ လယ်ယာ ၂ ဧက၊ စားစရာဆန် ၆ လစာ၊ အိုးခွက် အစုံအပြင် လုပ်ကိုင်စရာ ထွန်၊ ထယ်၊ နွား စတဲ့ ပစ္စည်းတွေပါ ပံ့ပိုးသွားမှာ ဖြစ်သလို နေထိုင်သူ အကျဉ်းသားတွေရဲ့ ပြစ်ဒဏ်ကျခံ ကာလကိုလည်း လျှော့ပေါ့ပေးမယ် ဆိုပြီး စည်းရုံး စေလွှတ် ခဲ့ကြတာပါ။

ဒီ စီမံကိန်းအတိုင်း အိမ်ခြေ ၁၀,၀၀၀ ဖြစ်မလာတာမို့ နောက်ထပ် မူးယစ်ဆေး စွဲသူတွေ၊ တပ်မတော်ထဲက ရဲဘော် ဟောင်းတွေကိုပါ သွားရောက် နေထိုင်ကြဖို့ ထပ်မံ စေလွှတ်ခဲ့ပြန်ပါတယ်။ ဝေးလံခေါင်ဖျား ဒေသတစ်ခု ဖြစ်သလို၊ ရာသီ ဥတုဆိုးဝါးပြီး၊ အလုပ်အကိုင် ရှားပါးတဲ့ ဒဏ်တွေကြောင့်လည်း အခြေချ နေထိုင်သူတွေဟာ မကြာခဏ ဆိုသလို ထုတ် ပေးထားတဲ့ ပစ္စည်းတွေ ရောင်းချပြီး နေရပ်ရင်း ပြန်ထွက်ပြေးလေ့ ရှိတာမို့ အခုထိလည်း အိမ်ခြေပေါင်း ၂၅၀၀လောက်ပဲ သွားရောက် အခြေချ နေထိုင်တာကို တွေ့ရပါတယ်။

နှစ်စဉ် အိမ်ထောင်စု ၁၅၀လောက်ကို စေလွှတ်ရာမှာ အိမ်ခြေ ၃၀ လောက်သာပဲ အခြေချ နေထိုင် နိုင်ကြတာပါ။ ဒါ ကြောင့် လုပ်ကိုင် စားသောက်ဖို့ အတွက် လက်တွန်းထွန်စက်၊ ထွေလာ၊ ဆိုက်ကား စတဲ့ ပစ္စည်းတွေ ထပ်မံ ထုတ်ပေး စည်းရုံးတာတောင် နေထိုင်ချင်သူ မရှိတာကြောင့်လည်း နောက်ဆုံး ရန်ကုန်တိုင်း ထဲက ၄၃ မြို့နယ်မှာ တမြို့နယ်ကို ဆင်းရဲသား အိမ်ထောင်စု ၂ စုနှုန်းစီ ခွဲတမ်းချပြီး စေလွှတ် ကြပြန်ပါတယ်။ စေလွှတ် ခံရသူတွေကိုလည်း တအိမ်ထောင် အတွက် ထောက်ပံ့ငွေ ၂ သိန်း ကို (မယက)တွေ ကိုယ်တိုင် စုဆောင်း ကောက်ခံ ပေးခဲ့သလို အတီးအမှုတ် တွေနဲ့လည်း လိုက်လံ ပို့ဆောင်ခဲ့ကြတာပါ။

ဘူးသီးတောင်၊ မောင်းတောပါတ်ဝန်းကျင်မှာပဲ စီမံကိန်း ကျေးရွာတွေကို ပြန်လည် နေရာချထား ပေးတာကြောင့် ဒေသခံတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေ အတော်များများ အသိမ်းခံ ကြရပါတော့တယ်။ ဒေသခံ ရခိုင်လူမျိုးတွေ အတွက်တော့ သူတို့အရင် လက်လွတ် ဆုံးရှုံးခဲ့တဲ့ ကျေးရွာတွေကို ရင်းစား ပြန်မရတဲ့အပြင် လက်ရှိ နေထိုင်တဲ့ နေရာတွေကလည်း ဖယ်ပေးကြရတာမို့ မိအေးနှစ်ခါနာ ဆိုသလို ဖြစ်နေရပါတော့တယ်။

ဒါ့အပြင်လာရောက်နေထိုင်သူတွေ အချင်းချင်း သတ်ဖြတ်ကြတာ ဒေသခံတွေရဲ့ ပစ္စည်းတွေ ခိုးဝှက်တာ စတဲ့ ပြဿနာကြောင့်လည်း ရခိုင်ပြည်နယ် အတွင်း နဂို ရှိပြီးသား ရခိုင်နဲ့ ရိုဟင်ဂျာခေါ် ဘင်္ဂလီ တွေအကြားက အဆင်မပြေမှု အပြင် နောက်ထပ် အသစ် ရောက်လာပြီး အခြေချ နေထိုင်သူ တွေနဲ့ပါ ပြဿနာတွေ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

ဒေသအာဏာပိုင်တွေနဲ့ (နစက)တပ်ဖွဲ့တွေ ကလည်း ဒီပြဿနာတွေကို ပြေလည်အောင် မဖြေရှင်း ပေးနိုင်တဲ့ အပြင် မူစလင် စီးပွားရေး သမားတွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာ မှောင်ခိုလုပ်ငန်းတွေ လုပ်ကိုင်နေကြတာ၊ စီမံကိန်း ရွာတွေက အခြေချလာသူတွေ ဖက်ကနေ ဘက်လိုက် ဖြေရှင်း ပေးတာတွေကြောင့်လည်း ဒေသခံ ရခိုင်လူမျိုးတွေရဲ့ မကျေနပ်မှု တွေဟာ တနေ့တခြား တိုးပွား လာနေကြောင်း သိရပါတယ်။ ရခိုင်လူမျိုး၊ ရိုဟင်ဂျာခေါ် ဘင်္ဂလီ လူမျိုးတွေနဲ့ နောက်ထပ် ၀င်ရောက် အခြေချ နေထိုင်သူတွေ အကြား လူမျိုးရေး ပြဿနာတွေလည်း အချိန်မရွေး ဖြစ်ပေါ် လာနိုင်ကြောင်း ဒေသခံ တွေက ပြောဆိုနေပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ အစိုးရအတွင်းမှာကို မူစလင်အခြေခံ ၀ါဒီတွေက လွှမ်းမိုးနေပြီး မြန်မာပြည် နယ်စပ် စစ်တကောင်း ဒေသ မှာလည်း အကြမ်းဖက် အဖွဲ့တွေ လှုပ်ရှားမှု ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင်း မူစလင် အကြမ်းဖက် သမားတွေက ရိုဟင်ဂျာ အမည်နဲ့ အင်အားစုနေတဲ့ သတင်းတွေအပေါ် အခြေခံပြီး အကြမ်းဖက် လှုပ်ရှားမှု လေ့လာ သုံးသပ်သူ တစ်ချို့ကတော့ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ လိုမျိုး မူစလင် အစွန်းရောက် ဆူပူမှုတွေ နောက်ထပ် ဖြစ်ပေါ်လာစရာ ရှိတဲ့ နေရာတွေထဲမှာ မြန်မာပြည်က ရခိုင်ပြည်နယ်လည်း တခုအပါအ၀င် ဖြစ်နိုင်ကြောင်း ဝေဖန် ပြောဆို နေကြတာကို တင်ပြ လိုက်ရပါတယ်။

လူအချင်းချင်းမုန်းတည်းခြင်း ကင်းဝေးကြပါစေ။

ဝိမုတ္တိဝိုင်းတော်သားတဦး


အဆုံးသို့

http://vimutti.blogspot.com/

အပြည့်အစုံသို့...

Verdict delayed in Suu Kyi trial


People gather near Insein Prison in Rangoon, 28 July 2009
Supporters of Aung San Suu Kyi met as final statements were heard

A verdict has been delayed in the trial of Burmese pro-democracy leader Aung San Suu Kyi.

She is accused of breaching the terms of her house arrest by allowing an uninvited US man stay in her home.

EU diplomats at the trial in Rangoon told the BBC that the court had delayed the verdict until 11 August, so that judges could review the case again.

Despite international calls for her release, a guilty verdict has been widely expected.

'Vision warning'

Ms Suu Kyi faces five years in jail if she is convicted.

She is accused of allowing American well-wisher John Yettaw to stay in her lakeside home in Rangoon after he swam there, evading her guards.

He has said he swam to her home to warn her he had a vision that she would be assassinated.

Lawyers for Ms Suu Kyi have not disputed the events, but say she had no control over the situation and that the guards around her home should have kept Mr Yettaw away.

Aung San Suu Kyi meets Thai, Singapore and Russian diplomats, 20 May

Her lawyers have also argued that the law she has been charged under is part of a constitution abolished 25 years ago.

The trial had initially been expected to last a few days, but has now dragged on for more than two months. Defence lawyers gave their final statements on Tuesday, in response to the prosecution's closing arguments the day before.

Analysts say the Burmese junta may use this trial to make sure the popular pro-democracy leader is still in detention during elections planned for early next year.

Her lawyer, Nyan Win, said Ms Suu Kyi was "preparing for the worst", stockpiling books and medicines.

Ms Suu Kyi's National League for Democracy won elections in 1988 but was never allowed to take power.

The 64-year-old has spent nearly 14 of the last 20 years in detention, much of it at her Rangoon home.

Unusually, diplomats from Japan, Singapore, Thailand and the US were allowed to attend the trial in its closing stages.

Analysts suggested that signalled belated recognition on the part of the government at the level of international anger over Ms Suu Kyi's prosecution.

http://news.bbc.co.uk/

အပြည့်အစုံသို့...

အမှုကို ခန့်မှန်းပြောခြင်းသည် `တရားရုံးကို မထီမဲ့မြင်ပြုမှု´ ဟု မြန်မာ့အလင်းတွင် ဖော်ပြ

မုံပီး
ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 12 နာရီ 29 မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိမ့်မည်ဟု ကျယ်ပြန့်စွာ ခန့်မှန်း ပြောဆိုနေချိန်တွင် စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာက တရားရုံး၏ စီရင်ချက်ကို ခန့်မှန်းပြောဆိုခြင်းသည် `တရားရုံးအား မထီမဲ့မြင်ပြုမှု´ မြောက်သည်ဟု သတိပေး ရေးသားလိုက်သည်။

မြန်မာ့အလင်း သတင်းစာ၏ သုံးသပ်ချက် ဆောင်းပါးတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သူနှင့်အတူနေ ပါတီဝင် အမျိုးသမီးနှစ်ဦး၊ ဂျွန်ဝီလျံယက်တောသည် ဥပဒေချိုးဖောက်သဖြင့် တရားစွဲခံရကြောင်း ထောက်ခံ ရေးသားထားသည်။ အဆိုပါ အမေရိကန်နိုင်ငံသားသည် အင်းယားကန်ကိုဖြတ်၍ ရေကူးကာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

`ဥပဒေချိုးဖောက်သူ မည်သူ့ကိုမဆို အမှုကိုရင်ဆိုင်စေရမည်ဖြစ်ပြီး တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်´ ဟု သတင်းစာက စွဲချက်များနှင့် တရားရုံးတင် စစ်ဆေးနေခြင်းတို့မှာ မှန်ကန်ကြောင်း ထောက်ခံရေးသားသည်။

အင်္ဂါနေ့က တရားခံရှေ့နေများ၏ နောက်ဆုံးလျှောက်လဲချက်ကို ကြားနာအပြီးတွင် ၂ လကျော်ကြာ ရုံးတင်စစ်ဆေးမှု ပြီးဆုံးသွားပြီဖြစ်သည်။ ယခုအခါ လာမည့်သောကြာနေ့တွင် တရားရုံးက အမိန့်ချမှတ်မည်ကို စောင့်ဆိုင်းနေကြသည်။

ဥပဒေအရပြောလျှင် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း တရားစစ်ဆေးမှုက သက်သေပြခဲ့ပြီး ဖြစ်သည်၊ သူမကို အပြစ်ပေးရန်လုံလောက်သော အကြောင်းအချက်လည်းမရှိဟု ဒေါ်စု၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက အင်္ဂါနေ့က မဇ္ဈိမကို ပြောကြားခဲ့သည်။ သို့သော် တရားရုံးမှ မည်သည့်ရလဒ် ထွက်ပေါ်လာမည်ကို သဘောထားမှတ်ချက်ပေးရန်မူ သူက ငြင်းဆိုခဲ့သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးတန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင် အပါအဝင် အကဲခတ် အများအပြားကမူ တရားရုံးက သူမကို `အပြစ်ရှိကြောင်း` ဆုံးဖြတ်၍ ထောက်ဒဏ်အပြစ်ပေးလိမ့်မည်သာ ဖြစ်သည်ဟု ပြောဆိုကြသည်။

ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာကမူ ထိုသို့ ဝေဖန်ပြောကြားမှုများနှင့်ပတ်သက်၍ `တရားရုံးက အမှုစစ်ဆေးစီရင်နေမှုကို ဘက်လိုက်ရေးသားခြင်း၊ မည်သည့်ဘက်ကနိုင်၍ မည်သည့်ဘက်က ရှုံးမည်ဟုရေးသားခြင်း၊ တရားခံအပေါ် ပြစ်ဒဏ်ချမှတ်မှုနှင့် စပ်လျဉ်း၍ ခန့်မှန်းရေးသားခြင်း၊ တရားသူကြီး၏ စီရင်ချက်အပေါ် ညွှန်ကြားသည့် သဘောပါသည့် အရေးအသားမျိုး ရေးသားခြင်းတို့သည် တရားရုံးကို မထေမဲ့မြင်ပြုရာ ရောက်သည်ဟု သတိပေးရေးသားထားသည်။

သို့သော် ဦးဝင်းတင်ကမူ တရားစစ်ဆေးစီရင်မှု ကိုယ်တိုင်ကပင် တရားမျှတမှုမရှိကြောင်းနှင့် ဒီမိုကရေစီခေါင်းဆောင်ကို စွဲချက်တင်ရန်ပင် မည်သည့်အကြောင်းမျှ မရှိကြောင်း ပြောသည်။ ထို့အပြင် လူစိမ်းတဦး သူမအိမ်အတွင်းသို့ အတင်းဝင်ရောက်လာသည်မှာ သူမ၏ အပြစ်မဟုတ်ကြောင်းနှင့် သူ့ကို သူမက ဖိတ်ကြားခဲ့ခြင်း မဟုတ်ကြောင်း ပြောဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို ရုံးတင်တရားစစ်ဆေးရာတွင် တရားရုံးအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ၊ ဒေါ်စုဘက်က သက်သေ ၄ ဦး တင်သည်ကို ၂ ဦးသာခွင့်ပြုခဲ့ပြီး၊ တရားလိုဘက်ကိုမူ သက်သေအမြောက်အမြား တင်သွင်းခွင့်ပြုခဲ့ကြောင်း ထောက်ပြပြီး ဦးဝင်းတင်က ပြောဆိုခဲ့သည်။

ရုံးတင်စစ်ဆေးမှု၏ နောက်ဆုံးအဆင့်တွင် နှစ်ဖက်ရှေ့နေများက နောက်ဆုံး လျှောက်လဲချက်များ တင်သွင်းရာ၌ ဒေါ်စု၏ ရှေ့နေများဘက်က လျှောက်လဲချက်တင်အပြီး ၂ ရက်ခွာ၍ တရားလိုဘက်ကို နောက်ဆုံး လျှောက်လဲချက် တင်သွင်းခွင့်ပြုခဲ့သည်ကို ကြည့်ခြင်းဖြင့် တရားရုံးက သူတို့၏ ဘက်လိုက်မှုကို ပြသခဲ့ကြောင်းဖြင့် သူက ဆိုသည်။

`ဒေါ်စုကိုယ်တိုင်က အခုလို ဒီဘက်နဲ့ ဟိုဘက် နောက်ဆုံး လျှောက်လဲချက်ပေးတာကို ၂ ရက်ခွာထားတာနဲ့ ပတ်သက်လို့ သူ မကျေနပ်ဘူးဆိုတာကို သူ့ရှေ့နေကို ပြောခဲ့ပါတယ်´ ဟု ဦးဝင်းတင်က ပြောသည်။

ရုံးတင်စစ်ဆေးမှုကို မေလ ၁၈ ရက်နေ့ကတည်းက စတင်ခဲ့ပြီး ဤအမှုကို လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ ကမ္ဘာ့ခေါင်းဆောင်များ၊ ကျော်ကြားထင်ရှားသော ပုဂ္ဂိုလ်များက စိတ်ဝင်တစား စောင့်ကြည့်လေ့လာခဲ့ကြပြီး သူမကို မြန်မာနိုင်ငံရှိ အခြား နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ချက်ချင်း လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

အမှုရင်ဆိုင်နေစဉ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ပြောဆိုမှုသည် တရားရုံးကို မထေမဲ့မြင်ပြုရာ ရောက်ကြောင်းလည်း ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရအာဘော် ဝေဖန်သုံးသပ်ချက်က တိုက်ခိုက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း ပေါ်ပေါက်လျှင် လွှတ်ပေးမည်သာဖြစ်သည်ဟု သတင်းစာက ရေးသားထားသော်လည်း စစ်အစိုးရသည် သူမကို ဆက်လက် ချုပ်နှောင်ထားရန် အားလုံး ပြင်ဆင်ပြီးဖြစ်သည်မှာ ထင်ရှားလှသည်ဟု ဦးဝင်းတင်က ပြောသည်။

`ကျနော့်အမြင်အရတော့ စစ်အစိုးရက ဘာပဲဖြစ်ဖြစ် ဒေါ်စုကို ဆက်လက်ထိန်းသိမ်းထားဖို့ အကုန်လုံး ပြင်ဆင်ထားတယ်လို့ပဲ မြင်တယ်။ ဒါပေမဲ့ ဖိအားတွေ သိပ်များလာရင်တော့ သူတို့ နည်းနည်း အချိန်ဆွဲချင် ဆွဲမှာပေါ့ဗျာ´ ဟု သူက ပြောသည်။

ဤအမှုအပေါ် နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများ များပြားလာလျှင် အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးသည် သူမအပေါ် ကြီးလေးသော ပြစ်ဒဏ်ပေးဖွယ်မရှိဟု သူက ဆက်လက်ပြောဆိုလိုက်သည်။

`ဒါပေမဲ့ တရားလိုဘက်က အထက်ရုံးကို တက်အယူခံပြီး ပြစ်ဒဏ်ချဘို့ ဆက်လုပ်မှာပဲ´ ဟု သူက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် ဖိအားများ လျော့ကျသွားစေရေးအတွက် သူမကို လောလောဆယ် အင်းစိန်ထောင်ရှိ တရားရုံးက ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်စေမည်မဟုတ်ကြောင်းနှင့် သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ တရားသေ လွှတ်မည်ဟုတော့ မဆိုလိုကြောင်း သူက ပြောသည်။

´ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ သူမကို ထိန်းသိမ်းထားဦးမှာပဲ´ ဟု သူက ဆက်လက်ပြောဆိုသည်။

ဤသို့ ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာက ဝေဖန်သုံးသပ်ချက်ကို ဖော်ပြလိုက်ခြင်းသည် စစ်အစိုးရအနေဖြင့် အတိုက်အခံ ခေါင်းဆောင်များကို နှိမ်နင်းမည့် သူတို့၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆို သတိပေးလိုက်ခြင်းဖြစ်ကြောင်း သူက ပြောသည်။ အတိုက်အခံ ခေါင်းဆောင်များက တရားစစ်ဆေးစီရင်မှုကို ဝေဖန်ပြောဆိုခဲ့ကြပြီး စစ်အစိုးရ၏ ဖြစ်နိုင်ဖွယ်ရှိသော အစီအစဉ်များနှင့် ပတ်သက်၍လည်း ခန့်မှန်းပြောဆိုခဲ့ကြသည်။
http://www.mizzimaburmese.com/news

အပြည့်အစုံသို့...

စာပေဟောပြောပွဲတက်ရန် ရပ်ကွက်လူထုကို ဖိအားပေး

စာပေဟောပြောပွဲတက်ရန် ရပ်ကွက်လူထုကို ဖိအားပေး
မင်းနိုင်သူ / ၃၀ ဇူလိုင် ၂၀၀၉
line

ရန်ကုန်တိုင်း၌ ယခုရက်ပိုင်းအတွင်း စာပေဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ သက်ဆိုင်ရာရယကများက စာပေဟောပြောပွဲသို့ တက်ရောက်ရန် ရပ်ကွက်လူထုအား ဖိအားပေးမှုများရှိသည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

“ဒီမှာတော့ ဇူလိုင် (၂၆) ရက်က လာလုပ်သွားပြီ။ တရပ်ကွက်ကို အနည်းဆုံး (၁၅) ယောက်နှုန်း မတက်မနေရတက်ရမယ်လို့ မယက က ရယကကို ဖိအားပေးတဲ့အတွက် ရယက က ရပ်ကွက်က လူတွေကို တဆင့်ဖိအားပေးတက်ခိုင်းပေမယ့် မသွားကြပါ ဘူး။ နောက်ဆုံးတော့ ကြံ့ဖွံ့အသင်းဝင်တွေနဲ့ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းဝင်တွေပဲ ဟောပြောပွဲ တက်လာကြတာ တွေ့ရတယ်” ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူ အင်းစိန်မြို့ခံတဦးက ပြောသည်။

အဆိုပါ စာပေဟောပြောပွဲများကို ရန်ကုန်တိုင်း တယကရုံး၏ ညွှန်ကြားမှုအရ စာပေနှင့်စာနယ်ဇင်းအဖွဲ့က စီစဉ်ပေးခဲ့ရကာ ရန်ကုန်တိုင်း (၁၁) မြို့နယ်အတွင်း စာပေဟောပြောပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း စာနယ်ဇင်းဆရာတဦးက ပြောသည်။

၎င်းက “စာပေစာနယ်ဇင်းကို ခေါင်းတပ်တယ်။ တကယ်တမ်းလုပ်တာက စစ်ဌာနချုပ်ရဲ့ ညွှန်ကြားမှုအရ ရန်ကုန် တယက ကလုပ်တာလို့ သိထားရတယ်။ ဟောရမယ့် စာရေးဆရာတွေကိုလည်း ဘယ်မြို့နယ်မှာ ဘယ်သူ့ကိုဖိတ်ပြီး ဟောခိုင်းရမယ်ဆိုတာ သူတို့ကပဲ ရှာပေးပြီးသား။ ချစ်နိုင် (စိတ်ပညာ)၊ ကောင်းသန့်၊ ချစ်ဦးညို၊ လယ်တွင်းသားစောချစ်၊ ဒေါက်တာမတင်ဝင်း၊ ချစ်စံဝင်း အဲလိုမျိုး သူတို့လိုချင်တဲ့ စာရေးဆရာတွေကို စာပေစာနယ်ဇင်းအဖွဲ့ကတဆင့် ခေါ်ခိုင်းထားပြီးသား” ဟု ရှင်းပြသည်။

ရန်ကုန် တယကရုံးက ဟောပြောသည့် စာရေးဆရာတဦးလျှင် (၅၀,၀၀၀) ကျပ်ပေးအပ်ကာ သက်ဆိုင်ရာမြို့နယ်များမှလည်း မိမိတို့ဘာသာ ရန်ပုံငွေရှာကြံ၍ လက်ဆောင်ပစ္စည်းများထပ်ပေးကြရန် ညွှန်ကြားထားကြောင်း သိရသည်။

ထိုကဲ့သို့ စာပေဆိုင်ရာ ဟောပြောချက်များ ဟောပြောပေးရန် စာပေနှင့် စာနယ်ဇင်းအဖွဲ့က မိမိကို အကြောင်းကြားခဲ့ကြောင်း စာရေးဆရာ ချစ်ဦးညိုက ပြောသည်။

“ကျနော် သုံးပွဲဟောခဲ့ရပြီးပါပြီ။ ကျနော်ကတော့ အနုပညာဆိုင်ရာ ကိစ္စရပ်တွေကိုပဲ ဟောပြောခဲ့တာပါ။ အဓိကစီစဉ်တာ ဘယ်သူတွေဆိုတာ ကျနော်မသိပါဘူး။ ကျနော့်ကို စာနယ်ဇင်းအဖွဲ့က ဖိတ်ကြားလို့ သွားရတာပါ။ စာပေပရိသတ်လို့ပဲ မှတ်ယူပြီး ဟောခဲ့တာပါပဲ” ဟု စာရေးဆရာချစ်ဦးညိုက ပြောသည်။

အင်းစိန်မြို့နယ်သို့ လာရောက်ဟောပြောခဲ့ကြသော စာရေးဆရာအချို့ကမူ မျိုးချစ်စိတ်ဓာတ်ထက်သန်ရေး ဟောပြောသယောင်ဖြင့် စစ်အစိုးရ မူဝါဒကို ထောက်ခံသင့်သည်ဟူသော သဘောမျိုးသက်ရောက်အောင် ဟောခဲ့သည်ဟု အင်းစိန်မြို့ခံက ပြောသည်။

“စာရေးဆရာတွေဆိုတော့ သိတဲ့အတိုင်းပဲလေ။ ကွေ့ကာ၊ ၀ှိုက်ကာနဲ့ ပြောတတ်လိုက်ကြတာ။ တပ်ထွက် စာရေးဆရာတွေ ပိုဆိုးသေး။ သူတို့မှပဲ အမျိုးချစ်တတ်သလိုလိုနဲ့ ဟောပြောသွားတာ” ဟု ၎င်းက ပြောသည်။

လာမည့် သြဂုတ်လ (၂) ရက်တွင်လည်း မှော်ဘီမြို့နယ်၌ စာပေဟောပြောပွဲကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

အပြည့်အစုံသို့...

မျှတမှုနှင့် ဂုဏ်ကြက်သရေ



၂၀၀၃ ခုနှစ်က နောက်ဆုံးအကြိမ် ကျနော် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရစဉ်က စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည် စီးနင်းလာသည့် ယာဉ်တန်းကို တိုက်ခိုက်ရန်အတွက် အမိန့်မပေးမီ ကာလ ဖြစ်သည်။

ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အများအပြား သေဆုံးခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် စကားပြောလေရာ နိုင်ငံနေရာ အနှံ့အပြားတွင် လူထောင် သောင်း ချီ၍ စုဝေးလာသည့်အတွက်ကြောင့်လည်း အစိုးရက ရက်ရက်စက်စက် တခုခု ပြုမူ လာတော့မည် ဖြစ်ကြောင်း ခြိမ်းခြောက်သတိပေးမှုများ များပြားလာနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားခဲ့သေးသည်။ လူမြင်ကွင်းမှပျောက်ကွယ်နေ၍ တဦးတည်းထိန်းချုပ်ထားသည့်တိုင် လူထုအကြား ဒေါ်အောင် ဆန်း စုကြည်အပေါ် ထောက်ခံနေမှုမှာ လျော့ကျမသွားခဲ့ပါ။ အန္တရာယ်တိုးများလာနေသော်လည်း မလျှော့တန်း ဆက် လက် လုပ်ကိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းအားနှင့် ဇွဲစိတ်သန်မှုမှာ လေးစားအားကျဖွယ်ပင် ဖြစ်ပါသည်။

ယခု ရင်ဆိုင်နေရသည့် ဟန်ပြခုံရုံးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့တွင်ရှိနေသည့် ရှားရှားပါးပါး အရည်အသွေး များကို အသုံးချ၍ ကျော်ဖြတ်သွားမည်ဆိုသည်ကို သိနေပါသည်။ မည်သို့ဖြစ်စေ ဤဖြစ်ရပ်ကြောင့် ဒေါ်အောင်ဆန်း စုကြည်ကို အင်အားတိုး၍ တက်ကြွစေမည်ဖြစ်ပြီး ပို၍ပင် ထောက်ခံမှုအားကောင်းလာမည်သာ ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များက အဖြစ်အပျက်များတွင်လည်း မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကလေးကလား ဆန်ဆန် ညစ်ပတ်ကွက်ကို ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခေါင်းဆောင်တဦးအလား တည်ကြည်စွာ တုံ့ပြန် ပြုမူခဲ့ပုံ နောက်တကြိမ်ကို မြင်ခဲ့ကြရပြန်သည်။ နိုင်ငံတကာ သတင်းမီဒီယာများကလည်း ဤသတင်းကိုသာ အသားပေး ဖော်ပြခဲ့ ကြသည်။ အချုပ်အနှောင်ခံနေရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အလွန် အင်အားကြီးလာအောင်၊ ရှိသမျှ မရေမတွက်နိုင်သည့် အင်အားများက ဒေါ်အောင်ဆန်းစုကြည်ထံ စုပြုံစီးဆင်းသွားလေအောင် စစ်အစိုးရက လုပ်ပေးနေ သည့် အသွင်ဖြစ်နေပါသည်။

ဒေါ်အောင်ဆန်းစုကြည်ထံတွင် ရှိနေသည့် အာဏာအစွမ်းသည် နေရာပေါင်းများစွာမှ စီးဆင်းလာပါသည်။ မြန်မာနိုင်ငံ အရေးအတွက် သူ့ထံတွင် မျှော်လင့်ချက်ထားနေကြသူ ပြည်တွင်း၊ ပြည်ပရှိ လူပေါင်းများစွာထံမှ လာပါသည်။ လယ်ကွင်း ထဲရှိ ဆင်းရဲမွဲတေနေသည့် လယ်သမားများမှသည် မြစ်ဝကျွန်းပေါ်ဒေသရှိ နာဂစ်လေမုန်တိုင်းဒဏ် ခံစားခဲ့ကြရသည့် ဒုက္ခ သည်များထံမှ လည်းကောင်း၊ မြန်မာပြည်နယ်စပ်ပြင်ပရှိ ဒုက္ခသည်များမှသည် ပြည်တွင်း၌ပင် တိမ်းရှောင်ပြေးလွှားနေကြ ရသည့် ပြည်တွင်းဒုက္ခသည်များထံမှသော်လည်းကောင်း၊ စစ်အစိုးရ ဒုက္ခပေးမှုကြောင့် အသက်ငင်နေကြရသည့် စီးပွားရေး လုပ်ငန်းရှင်များမှသည်၊ ပြည်သူ့အကျိုး ထမ်းဆောင်ပေးခွင့် မရရှာသော ပြည်သူ့ဝန်ထမ်းများ ထံမှသော်လည်းကောင်း၊ စုပြုံရောက်ရှိလာကြခြင်း ဖြစ်ပါသည်။

ထိုမျှမက ကျနော်တို့၏ ခေါင်းဆောင်များအပေါ်တွင် မယုံကြည်နိုင် သံသယအမြင်အပြည့်ဖြင့် ကြည့်နေကြရသည့် ကမ္ဘာ ကြီးထဲ၌ တည်ကြည်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု စသည့် သူမတူသည့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းများကို လေးစားကြည်ညိုနေကြသူများထံမှလည်း ၎င်းအာဏာခွန်အားများလာခြင်း ဖြစ်ပါသည်။ ထိုမျှမက တကိုယ်တော်၊ သတ္တိ ပြောင်မြောက်လှသည့် အမျိုးသမီးတဦးအပေါ် တသွေးတသံတမိန့် ဖြစ်နေသည့် စစ်တပ်ကြီးတခုလုံးက ရန်ပြုခံနေရသည့် အခြေအနေ၊ ဇာတ်နာစရာအကြောင်းမှလာခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်သန်းရွှေအနေနှင့် ဤသို့ ခွန်အားများ စီးဆင်းလာနေ မှုကို ရပ်ဆိုင်းပိတ်ဆို့နိုင်ဖွယ် အကြောင်းမရှိပါ။ တိုး၍သာ ပို၍ပြင်းထန်စွာ၊ ပို၍ မြန်ဆန်စွာ စီးဆင်းလာမည်သာ ဖြစ်ပါ သည်။ ဤအချက်ကြောင့်လည်း သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ရွံ့စိုးရိမ်နေကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အာဏာအစွမ်းက သူ၏ ဆုံးဖြတ်ချက်မှန်ကန်မှု၊ ထက်မြက်မှုအပေါ်တွင် ထပ်၍ထပ်၍ တိုးတက် လာနေကြောင်း ပို၍ ထင်ရှားလာရပါသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို သိပ်ခေါင်းမာသည်၊ သိပ် ပျော့ပြောင်းသည်၊ သိပ်အလျှော့ပေး စေ့စပ်လိုသည်၊ အလျှော့ပေး စေ့စပ်လိုစိတ်မရှိ.. စသဖြင့် ဝေဖန်ခဲ့သူ အများရှိခဲ့ပြီး၊ တချို့ပညာရှင်များပင် ပါဝင်ခဲ့ကြပါသည်။ ထိုသူများက ဖော်ပြချက်မှာ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာကြီး က သာ စစ်အစိုးရအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြပါက စစ်အစိုးရက သူ့ဘာသာ ပြောင်းလဲသွားမည်ဟု ဆိုကြ ပါသည်။ အကယ်၍ ကျနော်တို့က စစ်အစိုးရအပေါ် သနားကြင်နာစွာဆက်ဆံပါက အမှန်ပင် စစ်အစိုးရပြောင်းလဲသွားမည် ဟု သူတို့ စိတ်ထဲက ယုံကြည်စွာပြောဆိုနေခဲ့ခြင်း ဖြစ်ပါသည်။ (ဤသို့ပြောဆိုနေကြသော်လည်း သူတို့၏အမြင်ကို ထောက်ခံပံ့ပိုးပေးမည့် သက်သေသာဓက တစုံတရာ မရှိပါ။)

ထိုသူများတွင် အချိန်နှင့် ခွန်အား မြောက်များစွာ ရှိခဲ့ကြပါသည်။ မြန်မာနိုင်ငံ သမိုင်းနှင့်ပတ်သက်၍ စာအုပ် တွဲများ ထွက်ရ လောက်အောင်၊ ဉာဏ်ကြီးရှင် အစီရင်ခံစာများ၊ မြန်မာနိုင်ငံ၏ အုပ်စုဂိုဏ်းဂဏ နိုင်ငံရေးနှင့် ပတ်သက်၍ အသေးစိတ် ဖော် ပြထားသည့် သုံးသပ်ချက်များ.. စသည်ဖြင့် ရေးသားကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာသတင်း ကျော်စောနေရ မှု ချက်ကောင်းကို ထိုးနှက်ရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့သော်လည်း ဖြစ်လာသမျှအကြောင်းအချက်များက သူတို့၏ ဝေဖန် ချက်များကို ဘေးရောက်သွားခဲ့စေသည်သာ ဖြစ်ပါသည်။ သူတို့၏ အချက်အလက်များကလည်း သွေလွဲခဲ့ရသည်ချည်း ဖြစ်ပါသည်။

ပထမအချက်မှာ မြန်မာနိုင်ငံ အိမ်နီးချင်းများက ဆန်းစစ်ဝေဖန်မှု လုံးလုံးမရှိဘဲ ကျင့်သုံးနေကြသော အပြုသဘောဆောင် သည့် ပူးပေါင်းဆက်ဆံရေးမှာ ဆယ်စုနှစ် ၂ ခုတိုင် ရှိခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု အနည်ဆုံး တခုသော်မျှ မဖြစ်စေသည့်အပြင် စစ်အစိုးရအနေနှင့် ပြောင်းလဲလိုက်လျောလာစေမည့် အသွင် မမြင်ခဲ့ကြရပါ။ အကယ်၍ ပညာရှင် တဦးတလေက မိမိကြွင်းကျန်နေနိုင်သည့် သက်သေသာဓကတခုခုကို ပေးနိုင်ပါမည်လား။ အမှန်ပင် ၀မ်းသာမိ မည် ဖြစ်ပါသည်။

ဒုတိယအချက်မှာ မြန်မာပြည်သူများအတွက် အကူအညီများ(သဘာဝအရ ကောင်းမွန်သည့်အလုပ်ဖြစ်သော်လည်း)သည် လည်း စစ်အစိုးရအတွက် မက်လုံးသဖွယ် မဖြစ်စေခဲ့ပါ။ ကြိုတင်သိရှိထားမှု မရှိဘဲ၊ သတင်းမရရှိကြဘဲ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသတခုလုံး မြေပုံမှ ပျောက်ကွယ်သွားတော့မတတ် ဖြစ်ခဲ့ရသော်လည်း ကမ္ဘာက အား တက်သရောပေးကမ်းလာကြမည့် အကူအညီများအား စစ်အစိုးရက ငြင်းပယ်ကာ မုန်တိုင်းသင့်ဒုက္ခသည်များကို တပူပေါ် နှစ်ပူဆင့် ပို၍ ဒုက္ခသင့်စေခဲ့ပါသည်။

တတိယအချက်မှာ မြန်မာနိုင်ငံရှိ ပြည်သူများက အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လိုနေကြပါသည်။ ဝေဖန် သူအများစုကဆိုနေကြသည်မှာ မြန်မာပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရည်မှန်းချက်များကို စိတ်မ၀င် စားကြတော့ဘဲ သူတို့ နေ့စဉ်နှင့်အမျှ စားရေးသောက်ရေး အပြောင်းအလဲကိုသာ ရှာဖွေနေကြသည်ဟု ဆိုပါသည်။

၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာ ထောင်ပေါင်းများစွာက အပြောင်းအလဲများ ဖြစ်လာစေရန် ရဲဝံ့စွာချီတက် လမ်းလျှောက်ခဲ့ကြပြီး ပြည်သူအများက ၀န်းရံအားပေးခဲ့ကြပါသည်။ သေချာသည်မှာ ပြည်သူများက လုံးဝဥဿုံပြောင်းလဲမှုမျိုးကိုသာ ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြခြင်း ဖြစ်ပါသည်။

သို့သော်လည်း တဘက်အမြင်မှနေ၍ ဝေဖန်နေကြသူများကိုလည်း မျှမျှတတသဘော တုံ့ပြန်လိုပါသည်။ သူတို့ ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းများသုံး၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ဖိအားပေးရေး၊ သံတမာန်ရေး နည်း လမ်းများဖြင့် ကြိုးပမ်းနေကြသူများ ဖြစ်ပါသည်။

ကိုဖီအာနန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ယူနေစဉ်ကာလအတွင်း သူ့ထံမှ "အလွန်အမင်း စိုးရိမ် မကင်း ဖြစ်ရပါသည်" ဟူသော ထုတ်ပြန်ကြေညာချက် မည်မျှ တွေ့ခဲ့ရပြီဆိုသည်ကို အသေအချာ မပြောနိုင်တော့ပါ။ မစ္စတာ ဘန်ကီမွန်းသည်လည်း စက္ကူချွေတာလိုလျင်ဖြင့် ယခင်ကြေညာချက်များအောက် လက်မှတ်ထိုးသည့်နေရာတွင် ကိုဖီအာနန်၏ အမည်ကိုဖျက်၍ ဆက်ခံသူ သူ့အမည်ကို ရေးသားရုံသာ ရှိပါတော့သည်။ ထိုမျှမက စစ်အစိုးရ၏ လုပ်ရပ် များအပေါ် ပြစ်တင်ရှုတ်ချကြသူ၊ ဒေါသဖြစ်ရသူ၊ ဝေဖန်ကြသူ အစိုးရအများအပြားလည်း ရှိနေပါသေးသည်။ ရုပ်ပြ သဘောဆောင်သည့် ပိတ်ဆို့ဒဏ်ခတ်မှုဖြင့် တုံ့ပြန်ခဲ့သူ အစိုးရများလည်း ရှိနေပါသေးသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို အိမ်နီးချင်းကောင်းဟုပင် ဆို၍ မရနိုင်ကြတော့ပါ။ သူတို့က နေ့စဉ်နှင့်အမျှ၊ နှစ် လ ကြာရှည် မြန်မာနိုင်ငံတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နှိပ်စက်ညှဉ်းပန်းသံများ နားမခံသာအောင် ကြားနေကြရ သော်လည်း သူတို့အရေးမဟုတ်ဟု ဆိုနေကြပါသည်။ သူတို့၏ မူဝါဒများ၊ သို့မဟုတ် မူမဲ့ကျင့်သုံးနေပုံများမှာ ပို၍ပင် အန္တရာယ်ကြီးနေစေပါသည်။

ဤကိစ္စများတလျောက်လုံး၌ ဒေါ်အောင်ဆန်းစုကြည်က မျှမျှတတနှင့် တည်ကြည် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခဲ့သည်ဟု မြင်ပါသည်။ ကြိုတင်သတ်မှတ်ချက်များ မရှိဘဲ တွေ့ဆုံဆွေးနွေးမည်ဟု ကမ်းလှမ်းထားပြီးလည်း ဖြစ်သည်။ တိုးတက်မှုရ လာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်ပေးရမည်ဆိုသည့် အပေးအယူကိုလည်း နားလည်ထားသူ ဖြစ်ပါ သည်။ သူက နိုင်ငံရေး ရည်ရွယ်ချက်အတွက် လူထုကို လက်နက်သဖွယ် ချသုံးမည့်သူ မဟုတ်ပါ။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဟူသည်မှာ လက်တွေ့ကျမှု၊ ပွင့်လင်းသောစိတ် စသည့် မူများမှနေ၍ အခြေခံ၍လာရမည်ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည်က သဘောပေါက် ထားပါသည်။ စစ်ဗိုလ်ချုပ်များက တခုခု တုံ့ပြန်လာနိုး မျှော်လင့်ချက်ဖြင့် သင်၏ အားကောင်းချက်များကို လက်လွှတ်ပေး အပ်လိုက်ရန် မလိုအပ်ပါ။

အမှန်တကယ် အပြောင်းအလဲများ ဖြစ်ရန်အတွက်ဆိုလျှင် ဖိအားလိုအပ်ပါသည်။ ဗိုလ်ချုပ်သန်းရွှေ လက်အောက်တွင် ရှိနေ ကြသူများအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲအလုပ်လုပ်ပါက သူတို့အတွက် အကျိုးပို၍ ရှိစေမည်၊ မဟုတ်ပါက ဆုံးရှုံးရန်အကြောင်းချည်းသာ ရှိနေသည်ဟု နားလည်သဘောပေါက်လာစေသည့်တိုင် ဖိအားများ လိုအပ်နေ ပါသေးသည်။ ၎င်းဖိအားများသည် တရုတ်နိုင်ငံမှ လာရန် လိုအပ်ပါသည်။ အကယ်၍ ဗိုလ်ချုပ်သန်းရွှေကို နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး တင်ရတော့မည့်အရေး၌ တရုတ်နိုင်ငံက ဗီတိုအာဏာဖြင့် ကာကွယ်မပေးနိုင်ကြောင်း သိစေရန် လိုအပ်ပါ သည်။

အာဆီယံ အဖွဲ့ကလည်း မကြာသေးမီကမှ လက်မှတ်ရေးထိုးခဲ့သည့် လူ့အခွင့်အရေး သဘောတူညီချက်များဖြင့် တုံ့ပြန်လာ ရန် လိုအပ်နေပါသည်။ စစ်အစိုးရအပေါ် သြဇာအများဆုံးသက်ရောက်နိုင်ကြသည့် အနောက်နိုင်ငံများထံမှလည်း သံတမန် ရေးအရ ဖိအားများ အပြင်းထန်ဆုံးသက်ရောက်စေရန် လိုအပ်နေပါသည်။ ပြစ်တင်ဝေဖန်နေရုံမျှဖြင့် မည်သည့်အခါမျှ အလုပ်မဖြစ်နိုင်ပါ။ နိုင်ငံတကာ မိသားစုအနေဖြင့် တိကျသောလုပ်ဆောင်မှုများ၊ အကယ်၍ စစ်အစိုးရက ပြုပြင်ပြောင်းလဲ မှုများ လုပ်ဆောင်ရန် ဆက်လက်ပျက်ကွက်ပါက အမှန်တကယ်ရင်ဆိုင်ရမည့် အကျိုးဆက်များကို သေချာချမှတ်ဆောင် ရွက်သင့်နေပြီ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် သိသိသာသာ ချီးမြှောက်ဂုဏ်ပြုလိုပါသည်။ သို့သော်လည်း သူ့အပေါ် မိမိ၏ အမြင်နှင့် ရောထွေး၍ နားမလည်ပစ်ရန် လိုအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က သူပြုခဲ့သည့် အမှားများရှိသည်ဆိုလျှင် ၎င်း တို့အတွက် ပထမဦးဆုံး ၀န်ခံပြောဆိုရမည့်သူဟု ကျနော်က မြင်ပါသည်။ လုံးဝပြုပြင် ပြောင်းလဲပစ်မည့်သူလည်း ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်တွင် ဤကဲ့သို့သော ရိုးသားမှု ရှိပါသည်။ သို့သော် အရေးကြီးသည့်အချက်မှာ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ စစ်တပ်ကို မည်သည့်အခန်းကဏ္ဍတွင် ထားရှိ မည် နည်း၊ တိုင်းရင်းသားများအရေး တရားမျှတအောင် မည်သို့ဖြေရှင်းပေးမည်နည်းဟူသော မေးခွန်းများ ဖြစ်ပါသည်။ ဤ ကိစ္စများအပေါ် ဒေါ်အောင်ဆန်းစုကြည်က မှန်မှန်ကန်ကန်ပင် မြင်ထားပါသည်။

နိုင်ငံရေး လှုပ်ရှားမှုများ နိဂုံးချုပ်ခဲ့လေပြီ၊ သို့မဟုတ်လျှင်လည်း အလျှင်အမြန်ရလဒ်ကောင်းထွက်လာဖွယ် မရှိဟု ယုံကြည် နေကြသူများအတွက်လည်း သူတို့၏ သမိုင်းစာအုပ်ကို သေသေချာချာ၊ စိစိစစ်စစ် ပြန်လည်ဖတ်ရှုရန် တိုက်တွန်းလိုပါ သည်။

အာဖရိက အမျိုးသားကွန်ဂရက် (အေအန်စီ)ကို ၁၉၁၂ ခု စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ သူတို့၏ ရည်မှန်းချက် ဒီမိုကရေစီ တောင်အာဖရိကနိုင်ငံတော် ဖြစ်ပေါ်လာစေရန်အထိ ဆယ်စုနှစ် ၈ ခုကျော် ဖြတ်သန်းခဲ့ကြရပါသည်။ အရှေ့ဥရောပရှိ ဒီမိုကရက်များအနေနှင့် အောင်ပွဲခံရန် ရာစုနှစ်တ၀က်မျှ ရုန်းကန်လှုပ်ရှားခဲ့ကြရပါသည်။

မြန်မာနိုင်ငံကို ဤမျှ ကြာရှည်စောင့်ရမည်ဟု မဆိုလိုပါ။ လှပလွန်းသည့် နိုင်ငံတွင် အပြောင်းအလဲများတွေ့မြင်ရစေရန် မိမိတို့ ဆန္ဒစောနေကြပါသည်။ သည်းညည်းမခံနိုင် ဖြစ်နေခြင်းသာ ဖြစ်ပါသည်။ အမှန်တကယ် အပြောင်းအလဲဆိုသည်မှာ မည်သို့မည်ပုံ ဟူသည်ကိုလည်း ကျနော်တို့က အာရုံမပြတ်စေသင့်ပါ။ ဤအချက်ကို ဒေါ်အောင်ဆန်းစုကြည်က အမြဲ မျက်ချည်မပြတ်ရှိ နေသည်ဟု ယုံကြည်ပါသည်။

တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောခဲ့ဖူးပါသည်။ သူ့အပေါ် မှီခိုအားထားနေကြသူများ စိတ်ဓာတ်ကျဆင်းသွားရမည်ကိုသာ စိုးရိမ်သည်ဟု ဆိုခဲ့ပါသည်။ ဖြစ်နိုင်လျှင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် သူသာ အနစ်နာခံလိုက်မည်ဟု ဆိုပါ သည်။ ဤအချက်ကပင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်နေသဘောထားကို ဖော်ပြနေပြီး ဤအတိုင်း အနစ်နာခံ ဆောင် ရွက်နေခြင်း ဖြစ်ပါသည်။ ထိုမျှမက ဤအချက်က နိုင်ငံတကာမိသားစုအတွက်လည်း တစုံတရာပြောဆိုနေခြင်း ဖြစ်ပါတော့ သည်။

John Jackson ရေးသားသည့် Balance and Grace ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

John Jackson သည် ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ ဟောင်းတဦး ဖြစ်ပါသည်။
http://www.irrawaddy.org

အပြည့်အစုံသို့...

ဖားကန့်ရှိ အိမ်ခြေ ၁၀၀ ခန့်ကို အာဏာပိုင်များက ဖျက်သိမ်းခိုင်းနေ


ကချင်ပြည်နယ် ဖားကန့်မြို့မှ အိမ်ခြေ ၁၀၀ခန့်ကို ပြည်နယ်အာဏာပိုင်များက မြို့အင်္ဂါရပ်နှင့် မညီညွတ်ဟု အကြောင်းပြ ချက်ဖြင့် ယခုအပတ်တွင်း၌ ဖျက်သိမ်းခိုင်းထားကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက် က ရေလျံမှု ဖြစ်ခဲ့သော ဖားကန့် တာလီချောင်ချောင်း ဘေးရှိ ၎င်းလူနေအိမ်များကို ရွံညွံများထူထပ် နေ သော ကြောင့် မြို့အင်္ဂါရပ်နှင့် မည်ီညွတ်ဟုအကြောင်းပြချက်ဖြင့် ပြည်နယ်အာဏပိုင်များ အမိန့်ဖြင့် မြို့နယ် စည်ပင် သာယာ အဖွဲ့က ဖျက်သိမ်းခိုင်းသည်ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“အရင်ဖားကန့်မြို့လို့ မသတ်မှတ်ခင်ကတည်းက ရှိခဲ့တဲ့ အိမ်တွေဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ် နောက်ပိုင်း ကျူးကျော်မြေ လို့ သတ်မှတ်ခဲ့ပေမယ့် မြို့နယ်စည်ပင်သာယာက ငွေကြေး ကောက်ခံပြီး ဆက်လက်နေခွင့်ပြုခဲ့တဲ့အိမ်တွေပါ”ဟု ထိုဒေသခံ ကပြောသည်။

တချို့သော ဖျက်သိမ်းခိုင်းခံရသည့် အိမ်များသည် တန်ဖိုးအားဖြင့် ကျပ် သိန်း၆၀ ခန့် ရှိကြောင်း ၊ ထိုအိမ် ထောင်စုများ ကို ပြန်လည်နေရာချခြင်း၊ လျော်ကြေးပေးခြင်းများ မရှိဟု သိရသည်။

ထို့အပြင် လွန်ခဲ့သော ၁၀ ရက်ခန့်ကလည်း အိမ်ခြေ ၂၀၀ခန့်ရှိသော မှော်မောင်းကုန်းရွာ ခေါ် ဆုတောင်းကုန်းရွာ ကို လည်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မှ ကျောက်တွင်းလုပ်ကွက်အသစ်များ လုပ်ကိုင်ရန်အတွက် ဖယ်ရှား ခိုင်းထားကြောင်း၊ ဒေသခံရွာသားများကလည်း ဒေသအာဏာပိုင် များထံသို့ ကန့်ကွက်စာ တင်ထားကြောင်း အထက်ပါ ဒေသခံက ပြောသည်။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ မှ စတင်ပြီး ၃ ရက်ခန့် မိုးသည်းထန်စွာရွာသွန်းသောကြောင့် ဥရုချောင်း ရေလျှံပြီး လူနေအိမ်ခြေ ၆၀ ခန့် ပျက်စီး၍ လူပေါင်း ၇၀ကျော် သေဆုံးခဲ့သည်ဟု ဒေသခံများကပြောဆိုသည်။ အစိုးရ သတင်းစာများတွင် ၂၄ ဦးသေဆုံးသည်ဟု ထုတ်ပြန်ခဲ့သည်။

ဖားကန့်ဒေသသည် အဖိုးတန်ကျောက်စိမ်းများ ထွက်ရှိရာ ဒေသဖြစ်ပြီး လစဉ်လူပေါင်းသိန်းချီ၍ ၀င်ထွက်သွားလာနေ သော ဒေသတခုဖြစ်သည်။ ယခုနောက်ပိုင်း ကျောက်တူးဖော်သည့် ကုမ္ပဏီ များ၏ စည်းကမ်းမဲ့ ကျောက်တူးဖ်ာမှု များကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်လာကြောင်း သိရသည်။
http://www.irrawaddy.org/bur/

အပြည့်အစုံသို့...

ပင်လုံသက်သေ မွေခံထိုက်စေ


The NEJ



နအဖဟာ အပစ်ရပ် ငြိမ်းအဖွဲ့တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်ရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး “အသွင်ကူးပြောင်းရေး မူဝါဒကော်မတီကို” တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် အဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ကြမည့်အပြင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၊ တွဲဖက်အတွင်းရေးမှူးများဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ အဲဒီလို ဖွဲ့စည်းထားတာကိုကြည့်ရင် နအဖအနေနဲ့ အပစ်ရပ် တိုင်းရင်းသားတွေအပေါ်မှာ သတိထားကိုင်တွယ် နှိပ်ကွပ်မယ့်သဘော တွေ့ရပါတယ်။

+/- ဆက်ဖတ်ရန်...
http://sawlinux.blogspot.com/

အပြည့်အစုံသို့...

ဇူလိုင် (၃၁) အင်းစိန်ထောင်ရှေ့ချီတက်ဆန္ဒပြပွဲ


30/07/2009
လေးစားအပ်ပါသော ရဟန်းရှင်လူပြည်သူ တပ်မတော်သားအပေါင်းတို့…..

ဇူလိုင်လ (၃၁) ရက်နေ့သည် မြန်မာနိုင်ငံတွင် နအဖ စစ်မိစ္ဆာကောင်များ၏
ဆိုးဝါးကောက်ကျစ် ယုတ်မာမှု၊ မဟုတ်မတရား ဥပဒေပုဒ်မတတ်ကာ လိမ်လည်
လှည့်ဖြားမှုကြီးကို လူသိရှင်ကြား ကမ္ဘာသိအဖြစ် မတရားပြုမူလုပ်ဆောင်တော့
မည်ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ပေးနိုင်
မည့်သူများမှာ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူ မျိုးချစ်တပ်မတော်သားများသာ
လျှင်ဖြစ်ပေသည်။


ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်
ရေးအတွက် မရှိမဖြစ် အရေးပါသည့် တန်းဖိုးဖြတ်မရသည့်ခေါင်းဆောင် ဖြစ်ပေသည်၊
လူထုခေါင်းဆောင်တစ်ယောက် လွတ်မြောက်ရေးအတွက် တာဝန်သည် သန်း(၅၀)
ကျော်သော ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအားလုံး၏ တာဝန်တစ်ရပ်ဖြစ်ပေသည်၊

ဒေါ်အောင်ဆန်းစုကြည်သည် ရန်သူ့လက်တွင်းကျရောက်နေသည်ကို အထူး
သတိပြုသင့်ပေသည်၊ အစားထိုးမရသည့် ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးသွားပါက
မြန်မာနိုင်ငံ၏အနာဂတ်သည် ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဖာသည်တိုင်းပြည်ဖြစ်
ရုံမက သူတောင်းစားတိုင်းပြည်အဖြစ်သို့ရောက်ရှိတော့မည်ဖြစ်သည်။

သို့ပါ၍ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပြီး
တာဝန်ကျေသည့် ပြည်သူတစ်ယောက်ဖြစ်စေရန်အတွက် ဇူလိုင်လ (၃၁) ရက်နေ့
တွင် အင်းစိန်ထောင်ရှေ့သို့ ညီညွတ်စွာ ချီတက်ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြပါရန် အထူးတိုက်တွန်းနိုးဆော်
လိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့


ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

http://www.wanna23.blogspot.com/

အပြည့်အစုံသို့...

ရသေ့ကြီး၏ အရက်အလှူခံ (ကာတွန်း ဆရာကြီး ဦးဘဂျမ်း)


အပြည့်အစုံသို့...

http://drlunswe.blogspot.com/

အပြည့်အစုံသို့...

Thursday, July 30, 2009

မိုးမခ


Rest of your post
မြောက်ပိုင်းတိုင်းမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကိုကိုင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း နယ်ခြားစောင့်တပ်ပြောင်းလဲခြင်းမရှိသော ငြိမ်းချမ်းရေးအဖွဲ့များ၏ စစ်တပ်များသည် တရားဝင်တော့မည် မဟုတ်ကြောင်း ပြောဆိုသွားသည်။

နအဖက ကချင်အထူးဒေသ (၂) ကေအိုင်အို၏ စစ်တပ်ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို မြန်မာ့တပ်မတော် ကိုယ်စားလှယ်များ အုပ်ချုပ်မှုတွင် ပါဝင်စွက်ဖက်မည့် နယ်ခြားစောင့် တပ်အဖြစ် အသွင်းပြောင်းကာ အင်အားကိုလည်း လျော့ချစေလိုသည်။ သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လက်ရှိအင်အားအတိုင်းထားရှိလိုသော ကချင်ဒေသ၏အကြီးမားဆုံးအဖွဲ့က “ကချင်ဒေသ လုံခြုံရေးတပ်“ (Kachin Regional Guard Force - KRGF) အဖြစ်သာ လုပ်လိုကြောင်း တုံ့ပြန်ထားသည့်နောက် ယခု တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့သည်။

အစည်းအဝေး တက်ရောက်ခဲ့သူတဦးက မဇ္ဈိမသို့ ပြန်လည်ပြောပြရာတွင် “ဗိုလ်ချုပ်စိုးဝင်းက ကေအိုင်အိုတို့ တောင်းဆိုထားတဲ့ KRGF က အဆင့်နိမ့်သွားတယ်၊ ကချင်ပြည်နယ်လောက်ပဲ ဖြစ်သွားမယ်။ အခု သူတို့ပြောတာတွေက အဆင့်မြင့်တယ်ပေါ့။ နိုင်ငံတော်အဆင့်ဖြစ်အောင် လုပ်နေတာတဲ့။ KRGF အဆင့်နိမ့်ရင်တော့ အကျိုးမရှိဘူးဆိုပြီး ပြောလာတယ်” ဟု ပါရှိသည်။

အခြားသော အစည်းဝေး တက်သူတဦးကလည်း “တကယ်လို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက် မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ကေအိုင်အို ဆိုတဲ့ နာမည်တွေက ရှိဦးမလားလို့ မေးတော့၊ ဗိုလ်ချုပ်စိုးဝင်းက မရှိတော့ဘူးလို့ ပြောတယ်။ ကေအိုင်အိုက လျှပ်စစ်ဓာတ်အား ပေးနေတာကတော့ရော ဘယ်လိုလုပ်မလဲလို့ မေးတော့ - ဒါကတော့ ကုမ္ပဏီတခုလို ဆက်လုပ်ပါစေ” ဟု ဖြေကြားခဲ့သည်ဟု ဆိုသည်။

MCC ဥက္ကဋ္ဌ သင်းအုပ်ဆရာကြီး ဇုန်းကယန်း (Rev. Zung Kyang) က ဆွေးနွေးပွဲတွင် စစ်ကို ဆန့်ကျင်ကြောင်းနှင့် ကေအိုင်အို၏ တောင်းဆိုချက်အပေါ် ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု သိရသည်။

“MCC က အချက် ၂ ချက်ပဲ ပြောတယ်။ အပြစ်မဲ့ စစ်ပွဲ တိုက်ခိုက်မယ်ဆိုရင် လုံးဝ လက်မခံပါ၊ ဆန့်ကျင်ပါတယ်။ နောက် ကေအိုင်အိုက တောင်းဆိုထားတဲ့ ကိစ္စကိုလည်း ဆွေးနွေး ဆောင်ရွက်ပေးပါ၊ သူတို့ လိုအပ်ချက်ကို အလျှော့အတင်း တတ်နိုင်သလောက် ဆွေးနွေးပေးဖို့ ကျနော်တို့ လိုလားပါတယ်” ဟု ကချင်နှစ်ခြင်း အသင်းတော် အကြီးအကဲတဦးက ပြောသည်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ ကားမိုင်း၊ တနိုင်း၊ ချီဖွေ၊ ဗန်းမော်မြို့ရှိ ကချင်နှစ်ခြင်း အသင်းတော်၊ ကာသိုလိပ်၊ အင်္ဂလီကန်၊ လွတ်လပ်သော အသင်းတော်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

St. Columban ဘုရားကျောင်းမှ ဘုန်းတော်ကြီးတပါးက “အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ သဘောပေါက် နားလည်အောင်၊ နားမလည်တာတွေကို ဆွေးနွေးတယ်။ သူတို့ (နအဖ ကိုယ်စားလှယ်) ကတော့ ကောင်းတဲ့လမ်းစဉ်၊ ငြိမ်းချမ်းရေး တည်မြဲဖို့ရန်အတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော် ဆောင်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိအောင်လို့ ပြောတာပဲ” ဟု မဇ္ဈိမကို ပြောပြသည်။

စစ်အစိုးရက ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရန် ကမ်းလှမ်းခဲ့သည်။ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦးပါဝင်ပြီး မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များကိုလည်း အုပ်ချုပ်ရေးအပိုင်းတွင်ပါ လက်ခံရမည် ဖြစ်သည်။

သို့သော် တပ်မဟာ (၅) ခု၊ လှုပ်ရှားမှု တပ်မ (၁) ခုတို့ ဖြင့် ဖွဲ့စည်းထားသော ကေအိုင်အေ အနေဖြင့် ကချင်ပြည်နယ်အတွင်းသာမက ရှမ်းပြည်မြောက်ပိုင်းဒေသတွင်လည်း အခြေပြုနေရာချထားခြင်းကို ငြိမ်းချမ်းရေးရယူစဉ်က သဘောတူညီထားပြီးဖြစ်သည့်အတိုင်း ပြင်ဆင်လိုခြင်းမရှိကြောင်းနှင့် ကေအိုင်အေ အရာရှိ စစ်သည်များသာပါဝင်သော ကချင်ဒေသလုံခြုံရေးတပ်ဟူ၍ ခေါ်ဝေါ် ပြောင်းလဲလိုကြောင်း တုံ့ပြန်ခဲ့သည်။

ထို့အပြင် ၂၀၁၀ ပါတီစုံရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာသော အစိုးရသစ်သို့ နအဖက အာဏာလွှဲပြောင်းရာတွင်လည်း ကချင်ပြည်နယ်အစိုးရ အာဏာသုံးရပ်၌ ကေအိုင်အို အနေဖြင့် တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်အောင် စီမံထားရန် ပန်ကြားထားသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ခဲ့သော ကေအိုင်အိုသည် ဖေဖော်ဝါရီ ၂၄ ရက်၊ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/3471-2009-07-30-08-36-52.htm

သတင်းအကျဉ်းချုပ်...

MoeMaKa Daily e Newspaper - 29th July 2009

အပြည့်အစုံသို့...

ကိုယ့်ရှူးကိုယ်ပတ်နေတဲ့ ဟောဒီအာဏာရူးတွေရဲ့ လက်ထဲမှာ မြန်မာပြည်ပြိုကွဲတော့မယ်


မြောက်ပိုင်းတိုင်းမှူးနှင့် ဘာသာရေးခေါင်းဆောင်များ ကချင်တပ်အရေး ဆွေးနွေး
ဖနိဒါ
ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 14 နာရီ 51 မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့အကြား နယ်ခြားစောင့်တပ်အရေး သဘောကွဲလွဲမှုအပေါ် ညှိနှိုင်းရန်အတွက် မြောက်ပိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကချင်ခရစ်ယာန် ဂိုဏ်းပေါင်းစုံတို့ ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။
မြစ်ကြီးနား အောင်နန်းရိပ်သာရပ်ကွက်ရှိ ကာသိုလိပ် St. Columban ဘုရားရှိခိုးကျောင်းဓမ္မာရုံတွင် ဆွေးနွေးပွဲ ကျင်းပရာ ဗိုလ်ချုပ်စိုးဝင်းနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ (Myitkyina Christian Council - MCC) ခေါင်းဆောင်များ၊ ကေအိုင်အို ဒုဥက္ကဋ္ဌ-၂ ဒေါက်တာတူးဂျာတို့ ပါဝင်ကာ ၃ နာရီကြာ တွေ့ဆုံခဲ့ကြသည်။


Rest of your post
မြောက်ပိုင်းတိုင်းမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကိုကိုင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း နယ်ခြားစောင့်တပ်ပြောင်းလဲခြင်းမရှိသော ငြိမ်းချမ်းရေးအဖွဲ့များ၏ စစ်တပ်များသည် တရားဝင်တော့မည် မဟုတ်ကြောင်း ပြောဆိုသွားသည်။

နအဖက ကချင်အထူးဒေသ (၂) ကေအိုင်အို၏ စစ်တပ်ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို မြန်မာ့တပ်မတော် ကိုယ်စားလှယ်များ အုပ်ချုပ်မှုတွင် ပါဝင်စွက်ဖက်မည့် နယ်ခြားစောင့် တပ်အဖြစ် အသွင်းပြောင်းကာ အင်အားကိုလည်း လျော့ချစေလိုသည်။ သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လက်ရှိအင်အားအတိုင်းထားရှိလိုသော ကချင်ဒေသ၏အကြီးမားဆုံးအဖွဲ့က “ကချင်ဒေသ လုံခြုံရေးတပ်“ (Kachin Regional Guard Force - KRGF) အဖြစ်သာ လုပ်လိုကြောင်း တုံ့ပြန်ထားသည့်နောက် ယခု တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့သည်။

အစည်းအဝေး တက်ရောက်ခဲ့သူတဦးက မဇ္ဈိမသို့ ပြန်လည်ပြောပြရာတွင် “ဗိုလ်ချုပ်စိုးဝင်းက ကေအိုင်အိုတို့ တောင်းဆိုထားတဲ့ KRGF က အဆင့်နိမ့်သွားတယ်၊ ကချင်ပြည်နယ်လောက်ပဲ ဖြစ်သွားမယ်။ အခု သူတို့ပြောတာတွေက အဆင့်မြင့်တယ်ပေါ့။ နိုင်ငံတော်အဆင့်ဖြစ်အောင် လုပ်နေတာတဲ့။ KRGF အဆင့်နိမ့်ရင်တော့ အကျိုးမရှိဘူးဆိုပြီး ပြောလာတယ်” ဟု ပါရှိသည်။

အခြားသော အစည်းဝေး တက်သူတဦးကလည်း “တကယ်လို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက် မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ကေအိုင်အို ဆိုတဲ့ နာမည်တွေက ရှိဦးမလားလို့ မေးတော့၊ ဗိုလ်ချုပ်စိုးဝင်းက မရှိတော့ဘူးလို့ ပြောတယ်။ ကေအိုင်အိုက လျှပ်စစ်ဓာတ်အား ပေးနေတာကတော့ရော ဘယ်လိုလုပ်မလဲလို့ မေးတော့ - ဒါကတော့ ကုမ္ပဏီတခုလို ဆက်လုပ်ပါစေ” ဟု ဖြေကြားခဲ့သည်ဟု ဆိုသည်။

MCC ဥက္ကဋ္ဌ သင်းအုပ်ဆရာကြီး ဇုန်းကယန်း (Rev. Zung Kyang) က ဆွေးနွေးပွဲတွင် စစ်ကို ဆန့်ကျင်ကြောင်းနှင့် ကေအိုင်အို၏ တောင်းဆိုချက်အပေါ် ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု သိရသည်။

“MCC က အချက် ၂ ချက်ပဲ ပြောတယ်။ အပြစ်မဲ့ စစ်ပွဲ တိုက်ခိုက်မယ်ဆိုရင် လုံးဝ လက်မခံပါ၊ ဆန့်ကျင်ပါတယ်။ နောက် ကေအိုင်အိုက တောင်းဆိုထားတဲ့ ကိစ္စကိုလည်း ဆွေးနွေး ဆောင်ရွက်ပေးပါ၊ သူတို့ လိုအပ်ချက်ကို အလျှော့အတင်း တတ်နိုင်သလောက် ဆွေးနွေးပေးဖို့ ကျနော်တို့ လိုလားပါတယ်” ဟု ကချင်နှစ်ခြင်း အသင်းတော် အကြီးအကဲတဦးက ပြောသည်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ ကားမိုင်း၊ တနိုင်း၊ ချီဖွေ၊ ဗန်းမော်မြို့ရှိ ကချင်နှစ်ခြင်း အသင်းတော်၊ ကာသိုလိပ်၊ အင်္ဂလီကန်၊ လွတ်လပ်သော အသင်းတော်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

St. Columban ဘုရားကျောင်းမှ ဘုန်းတော်ကြီးတပါးက “အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ သဘောပေါက် နားလည်အောင်၊ နားမလည်တာတွေကို ဆွေးနွေးတယ်။ သူတို့ (နအဖ ကိုယ်စားလှယ်) ကတော့ ကောင်းတဲ့လမ်းစဉ်၊ ငြိမ်းချမ်းရေး တည်မြဲဖို့ရန်အတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော် ဆောင်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိအောင်လို့ ပြောတာပဲ” ဟု မဇ္ဈိမကို ပြောပြသည်။

စစ်အစိုးရက ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရန် ကမ်းလှမ်းခဲ့သည်။ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦးပါဝင်ပြီး မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များကိုလည်း အုပ်ချုပ်ရေးအပိုင်းတွင်ပါ လက်ခံရမည် ဖြစ်သည်။

သို့သော် တပ်မဟာ (၅) ခု၊ လှုပ်ရှားမှု တပ်မ (၁) ခုတို့ ဖြင့် ဖွဲ့စည်းထားသော ကေအိုင်အေ အနေဖြင့် ကချင်ပြည်နယ်အတွင်းသာမက ရှမ်းပြည်မြောက်ပိုင်းဒေသတွင်လည်း အခြေပြုနေရာချထားခြင်းကို ငြိမ်းချမ်းရေးရယူစဉ်က သဘောတူညီထားပြီးဖြစ်သည့်အတိုင်း ပြင်ဆင်လိုခြင်းမရှိကြောင်းနှင့် ကေအိုင်အေ အရာရှိ စစ်သည်များသာပါဝင်သော ကချင်ဒေသလုံခြုံရေးတပ်ဟူ၍ ခေါ်ဝေါ် ပြောင်းလဲလိုကြောင်း တုံ့ပြန်ခဲ့သည်။

ထို့အပြင် ၂၀၁၀ ပါတီစုံရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာသော အစိုးရသစ်သို့ နအဖက အာဏာလွှဲပြောင်းရာတွင်လည်း ကချင်ပြည်နယ်အစိုးရ အာဏာသုံးရပ်၌ ကေအိုင်အို အနေဖြင့် တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်အောင် စီမံထားရန် ပန်ကြားထားသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ခဲ့သော ကေအိုင်အိုသည် ဖေဖော်ဝါရီ ၂၄ ရက်၊ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/3471-2009-07-30-08-36-52.html

အပြည့်အစုံသတင်းဖတ်ရန်....

http://arzarni.blogspot.com/

အပြည့်အစုံသို့...

အီး မလိုတဲ့နိုင်ငံ



“ထုံးဖြူ၊ ဗမာဆေး တရာဖိုးပေးကွာ”
“ခပ် .. န လေးစောင့်နော်အားကို့ .. ချွန်ဒေါ် ယားပေးမယ်နော်၊ အော်ဒါ နည်းနည်းများလို့ပါ”
“မြန်မြန်လုပ်ကွာ .. တရာဖိုးကို ဘယ်နှယာ ရမှာလဲ”
“ခြောက်ယာရမယ်နော် အားကို .. ကွမ်းဈေးတွေ အရမ်းတက်တယ် .. ချွန်ဒေါ်တို့လည်း ရှုံးတယ်”

“မဖြစ်နိုင်ပါဘူးကွာ .. မင်း ဒီလောက်တောင် ရောင်းနေရတာ .. ရန်ကုန်တမြို့လုံးလည်း နေရာတိုင်း ကွမ်းတံတွေးချည်းပဲ .. မင်းတို့ သူဌေးမဖြစ် ဘယ်သူဖြစ်မှာလဲကွ။ ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ”
“ချွန်ဒေါ့်နာမည် မောင်တာတေပါ”

ရန်ကုန်မြို့လယ်တွင်ဖြစ်သည်။ ဖိုးရှုပ်တယောက် ကွမ်းယာဝယ်နေသည်ကို ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့ စောင့်နေ ရသည်။ ကွမ်းယာယာသည့် ကောင်လေးက လက်မလည်အောင်ယာရင်း စကားကိုလည်း အမျှင် မပြတ်ပြော နေသည်။ ဖိုးရှုပ်ကလည်း သတင်းထောက်ပီပီ စပ်စုနေသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ် မပြီးသေးဘူးလားကွာ .. ကြာလိုက်တာ။

ဦးရုက္ခစိုး၏ အသံကြားတော့ ကွမ်းယာသည်လေးက မော့ကြည့်သည် ..။

တာတေ။ ။ ဟား ဒီလူးကြီး ချွန်ဒေါ်မြင်ဖူးတယ် .. ဖိုးချစ်ဇာတ်ပွဲထဲက မဟုတ်လား။ ချွန်ဒေါ်နော် ကွမ်းယာရောင်းရင်း အဲဒီဇာတ်ပွဲကြည့်တယ်။ အရမ်းကောင်းတယ်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ .. ဦးရုက္ခစိုးကို ကွမ်းယာသည်က ဇာတ်ထဲကနတ်နဲ့ မှားနေပြီဗျ။

တာတေ။ ။ ဘယ်လိုဖစ်တာလဲ ဦးလေး .. အဝတ်အစားတွေ ပေါင်ပြီး ဖဲရိုက်လိုက်လို့လား ..။ ဇာတ်ထဲက အဝတ်တွေနဲ့ လျှောက်သွားတယ်နော် .. ဦးလေး မကောင်းဘူးရှိတယ်။ သူများ ရယ်မယ်နော်။ ဟီးဟီးဟီး။

ထင်ရာတွေလျှောက်ပြောရင်း ဖြူဖွေးသောသွားများကို ဖြဲကာ ရယ်ပြနေသော တာတေကြောင့် ဦးရုက္ခစိုး ကျွဲမြီးတိုသွားသည်။

ရုက္ခစိုး။ ။ ကဲ ကဲ ဖိုးရှုပ်ရေ .. မင်းလည်း မြန်မြန်ပြီးပါမှပဲ။ မဟုတ်ရင် ငါ ဒီကောင့်ကို ထ ရိုက်မိတော့မယ်။ သူပြောတာနဲ့ ငါ့မလဲ ရစရာကို မရှိတော့ဘူး။

ဖိုးရှုပ်။ ။ မင်းကလည်း မင်းပဲ။ အလုပ်ရှုပ်ရတဲ့ထဲ မင်းမို့လို့ ဒီလောက်လေကပန်းနိုင်တယ် အံ့ရော .. ရော့ ၂၀၀ တန် .. ပြန်အမ်း တရာ။

တာတေ။ ။ ဟား ဒါက ချွန်ဒေါ်တို့ အလုပ်ရဲ့ ကာစတန်မာ ဆားဗစ်ပဲ အားကို ..။ စကားများများ ပြောရတယ်နော်၊ လူများများလာမယ်။ ချွန်ဒေါ့်ကိုလူမှတ်မိမယ်။ ရော့ ရော့ အားကို့ ကွမ်းယာထုပ်။ ခဏစောင့် ချွန်ဒေါ် ချက် မှာ လက်မ ထိုးလိုက်ဦးမယ်။

ကြွက်စုတ်။ ။ ဟေ့ကောင် .. မင်းကို တရာပြန်အမ်းဖို့ ပြောနေတာ .. ဘယ်က ချက်ကို လက်မနဲ့ ထိုးဦးမလို့လဲ .. မြန်မြန်လုပ်စမ်းပါကွာ။ ဒီမှာ ဦးရုက္ခစိုးကြီး စိတ်တိုနေပြီ။

ကုလား။ ။ ဟား .. အားကိုတို့ တော်တော်ခေတ်နောက်ကျနေပြီ .. ကြည့်ရတာ တောက တက်လာတာနဲ့တူတယ် .. ခပ် … နလေးစောင့် ..။

ပြောရင်းဆိုရင်းနှင့် တာတေက စာရွက်ပိုင်းလေးတခုပေါ်တွင် “၁၀၀ ကျပ်” ဟု ရေးလိုက်သည်။ ပြီးတော့ အောက်တွင် “တာတေ” ဟု လက်မှတ်ထိုးကာ ဖိုးရှုပ်ကိုလှမ်းပေးလိုက်သည်။ ဖိုးရှုပ်ကလည်း ယောင်နန နှင့် ယူလိုက်သည်။

ရုက္ခစိုး။ ။ ဟ .. ဟေ့ကောင် မောင်တာတေ .. မင်းက လူလည်ကျတာလားကွ။ ဒီစာရွက်နဲ့ ဘာလုပ်လို့ ရမှာလဲ။ ပြန်အမ်းကွာ တရာ။

တာတေ။ ။ ဘာလုပ်လို့ရမလဲ .. ဟုတ်လား။ ချွန်ဒေါ် ရှင်းပြမယ် ..။ ဒီစာရွက်နဲ့နော် .. တာတေ့ ကွမ်းယာဆိုင်မှာ အချိန်မရွေး ကွမ်းပြန်လာဝယ်လို့ရတယ်။ ဒါမှမဟုတ် .. ချွန်ဒေါ့် ဆိုင်ခွဲတွေမှာ သွား ဝယ်ချင်လည်းရတယ်။ ဦးလေး တရာတောင်းတယ်နော်။ ဒါ စိတ်ကူးယဉ်တာပဲ .. ။ ဘယ်သူမှ မတောင်းတော့ဘူး .. ။ တရာတန်နော် .. အရမ်းကို ရှားပါးပစ္စည်း ဖစ်နေပြီ။

ကြွက်စုတ်။ ။ ဟေ့ကောင် အကြွေရှားတာတော့ ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် ငါကြားဖူးတာတော့ ကော်ဖီမစ်ထုပ်တို့၊ သကြားလုံးတို့၊ ဖယောင်းတိုင်တို့ အမ်းတာဆို။ မင်းလို စာရွက်ပိုင်းပေါ် ၁၀၀ လို့ ရေးပေးတာတော့ ခုမှကြုံဖူးတယ်။

တာတေ။ ။ အဲဒါကြောင့် အားကိုတို့ ခေတ်နောက်ကျနေပြီလို့ ပြောတာ ..။

ဖိုးရှုပ်။ ။ နေပါဦးကွ .. ခု ဘဏ်တွေက ပိုက်ဆံအဟောင်းနဲ့ အသစ် လဲပေးနေပြီလေကွာ .. မင်း သွားလဲပါလား။

တာတေ။ ။ စိတ်ကူးမယဉ်ပါနဲ့ အားကို .. တာတေနော် ဘဏ်သွားဖို့ အချိန်မရှိဘူး။ လူအများကြီး မစောင့်နိုင်ဘူး။ ချွန်ဒေါ် စီးပွားပျက်မယ်လေ။ ပြီးတော့ တယောက်ကိုနော် အရွက် ၃၀ ပဲ လဲပေးမယ်။ မလောက်ဘူး။ ဒီနည်းက အားလုံး အဆင်ပြေတယ်။ တချို့ဆို စာရွက် မသိမ်းချင်တော့ ချွန်ဒေါ့်ဆီမှာ ကွမ်းယာ လပေးစားကြတယ်။ ကောင်းတယ်နော် အားကို။ ဒီမှာတော့ အားလုံး ဒေါင်ကျကျ ပြားကျကျပဲ ..။ ဘဏ်ကနော် အရမ်းကြာတယ်။ ချွန်ဒေါ်တို့ ကွမ်းယာသည်တွေ၊ လက်ဖက်ရည် ဆိုင်တွေ၊ စတိုးဆိုင်တွေအားလုံး ဒီနည်းကို သုံးနေတာကြာပြီ .. ရောင်းသူ ဝယ်သူ အားလုံး အဆင်ပြေတယ်။ မကြာဘူးနော်။

ထိုစဉ် လူတယောက် ရောက်လာပြီး “ကွမ်း ၂၀၀ ဖိုးပေးပါ” ဟု ပြောလိုက်သောကြောင့် တာတေလည်း စကား ပြတ်ကာ ဦးရုက္ခစိုးတို့လည်း ထိုသူကို လှည့်ကြည့်မိကြသည်။ ထိုလူစိမ်းကိုကြည့်ရသည်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။ အဝတ်အစား အကောင်းစားများကို ဘိုသီဖတ်သီ ဝတ်ထားပြီး ခေါင်း စုတ်ဖွားနှင့် ဖြစ်နေသည်။ ထိုသူကလည်း ဦးရုက္ခစိုးတို့ကို ပြန်ကြည့်သည်။

ကြည့်ရင်းက ဦးရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့ ထိုသူကို မှတ်မိကာ ပြိုင်တူ အားရပါးရ အော်လိုက်ကြသည်
“ဟာ .. ဘီလ်ဂိတ်ကြီး”

ဂိတ်။ ။ ခင်ဗျားတို့ကို ကျုပ်သိပါတယ်ဗျာ။ နာမည်ကြီးတွေပဲဟာ ..။ ဦးရုက္ခစိုးဆို ပိုတောင် ရင်းနှီးနေသေးတယ်။

ရုက္ခစိုး။ ။ ဘယ်လိုဖြစ်ပြီး ကွမ်းဝယ်စားနေတာလဲဗျ။ မနည်းကြည့်ရတယ်။ ဘိုသီဖတ်သီနဲ့။

ဂိတ်။ ။ ပြော .. မပြောချင်ပါဘူးဗျာ။ ကျုပ် တသက်နဲ့ တကိုယ် မကြုံဘူးတာတွေ ကြုံလာရလို့ .. လူလည်း ရူးကြောင် မူးကြောင် ဖြစ်နေတာ။ ကွမ်းဝယ်တယ်ဆိုတာက စားမလို့ မဟုတ်ပါဘူးဗျာ .. စမ်းသပ်မလို့ပါ။

ဖိုးရှုပ်။ ။ ဘယ်လိုစမ်းသပ်မှာလဲဗျ .. ခင်ဗျားက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ပြောပါဦး။

“သတင်းထောက်ကတော့ မေးခွန်းတွေစပြီ” ဟု ဘီလ်ဂိတ်က တွေးလိုက်သည်။

ဂိတ်။ ။ မြန်မာပြည်မှာ အီးကောမာ့စ် (e commerce) စတော့မယ်ဆိုလို့ လာတာလေ။ ချိုကုပ်ဒူးကြီးက ကျုပ်ကို ဖိတ်လို့ဗျ။ သူကတော့ ပြောတာပဲ .. ခင်ဗျားက ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ကြားဖူးတယ် .. လာကူညီ စမ်းပါ ဆိုတာနဲ့ လာတာ။

ကြွက်စုတ်။ ။ အဲဒီသတင်း ကျနော်တို့လည်း ကြားတာပဲဗျ။ မြန်မာပြည်မှာ ခရက်ဒစ်ကတ် မရှိ ဘာမရှိနဲ့ ဘယ်လိုလုပ် အီးကောမာ့စ် မှာလဲဗျ။ ဘဏ်စနစ်တွေကလည်း ကမောက်ကမ မဟုတ်လား။

ဂိတ်။ ။ အေးဗျ .. ဒါပေမယ့် ကျုပ်ကို ခင်ဗျားတို့ ချိုကုပ်ဒူးကြီးက အထင်ကြီးနေတာဆိုတော့ ရသလောက် လုပ်ပေးကြည့်မယ်၊ ကျုပ်အစွမ်းကို ပြမယ်ဆိုပြီးလာတာပဲ။ ဒါပေမယ့် … အဲဒီ အီး …

ထိုစဉ် ကွမ်းယာသည်တာတေက ဘီလ်ဂိတ်လက်ထဲသို့ ကွမ်း ၁၂ ယာပါသည့် အထုပ်ကလေး ထည့်ပေး လိုက်သောကြောင့် စကားစပြတ်သွားသည်။ ဘီလ်ဂိတ်က ၅၀၀ ကျပ်တန်တရွက်ပေးလိုက်သည်ရာ တာတေက ၂၀၀ တန်တရွက်နှင့် ၁၀၀ ဟု ရေးထားသော စာရွက်ပိုင်းလေး တပိုင်း ပြန်ပေးသည်။ ဘီလ်ဂိတ်က ယူလိုက်သည်။

တာတေ။ ။ ဟေး .. အားကို့တို့ ပြောတဲ့ထဲမှာ အီး ဆိုတာတွေပါတယ်၊ ညစ်ပတ်တယ်နော်။

ဖိုးရှုပ်။ ။ ဟေ့ကောင် .. အဲဒီ အီး က ညစ်ပတ်တဲ့ အီး မဟုတ်ဘူးကွ။ အီလက်ထရွန်းနစ် အီး (E) ..။ မင်းက ငါတို့ကိုတော့ ခေတ်မမီဘူးပြောတယ် .. မင်းကျတော့ ဘာမှလည်း မသိဘူး။

ဖိုးရှုပ်က ခုနက ခံထားရသည့်အတွက် တာတေ့ကို ပြန်တွယ်လိုက်သည်။

တာတေ။ ။ ချွန်ဒေါ် နားမလည်ဘူး အားကို ..။

ဖိုးရှုပ်။ ။ နားမလည်ရင် မှတ်ထား ..။ ဒီဆရာကြီးက မိုက်ခရိုဆော့ဖ် သူဌေးကြီး ..။ မင်းနားလည်အောင် ပြောရရင် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး၊ အချမ်းသာဆုံးထဲမှာပါတဲ့ သူဌေးကြီးကွ။ သူက မြန်မာနိုင်ငံမှာ အွန်လိုင်း စီးပွားရေး ထွန်းကားဖို့ လာကူညီတာ ..။ လူပြိန်းနားလည်အောင် ပြောရရင် .. ပိုက်ဆံ ကိုင်စရာမလိုဘဲ ဈေးဝယ်လို့ရမယ့် စနစ်ပေါ့ကွာ .. ဟဲဟဲ .. ဟုတ်တယ်နော် .. ဆရာကြီး။

ဖိုးရှုပ်က ခပ်ကြွားကြွားပြောရင်း ဘီလ်ဂိတ်ဘက်ကိုလှည့်ကာ ထောက်ခံချက် ယူလိုက်သည်။

ဂိတ်။ ။ ဟုတ် .. ဟုတ် တော့ ဟုတ်ပါတယ် .. ဒါ .. ဒါပေမယ့် .. (တွန့်ဆုတ်ထစ်အစွာ ပြန်ပြောသည်)

တာတေ။ ။ ဟားဟား .. ပိုက်ဆံမသုံးဘဲ ဈေးဝယ်တာများ အထူးအဆန်းလုပ် လာပြောနေ သေးတယ်။ ခု ချွန်ဒေါ်တို့လည်း ဒီလိုပဲ လုပ်နေတာပဲလေ ..။ ပိုက်ဆံနော် အကုန်လုံး စုတ်ပြတ်သတ်နေတယ်။ ကွမ်းယာကို လက်ဖက်ရည်နဲ့ လဲသောက်တယ်၊ စတိုးဆိုင်က ပြန်အမ်းတဲ့ ဖယောင်းတိုင် သုံး၊ လေးတိုင် ပေါင်းလိုက်ရင် ကိုယ် လိုချင်တဲ့ ပစ္စည်း ထပ်ဝယ်ချင် ဝယ်လို့ရတယ်။ အမ်းထားတဲ့ သကြားလုံးတွေစုထားရင် လိုချင်တဲ့ ပစ္စည်းနဲ့ ပြန်လဲလို့ ရတယ်။ ကော်ဖီမစ် သုံးထုပ်ပေးရင် ခေါင်းလျှော်ရည် သုံးထုပ်ရတယ် ..။ ဘာလိုချင်လဲ အကုန်ရတယ်။ အားကိုတို့ ပြောတဲ့ အီးဆိုတာကြီး မလိုဘူးနော် .. လုံးဝ မညစ်ပတ်ဘူး။ ဘာမှမအမ်းချင်ဘူးနော် .. ခု ချွန်ဒေါ် လုပ်သလို စက္ကူပေါ်မှာ စာရေးပေးလိုက် .. ကွမ်းပြန်ဝယ်လို့ရတယ် .. တာတေ့မှာနော် .. ကွမ်းယာဆိုင်ခွဲ အများကြီးပဲ။ ရန်ကုန်မှာကော မန္တလေးမှာကော .. ရှိတယ်။ ဒီလိုလုပ်နေတာ ကြာပြီ .. အီး မလိုဘူး အားကို။

ဖိုးရှုပ်။ ။ ဟာ .. အရေးထဲ ကွမ်းယာဆိုင်ကြော်ငြာက ဝင်နေသေးတယ်။ ဒီကောင်ကတော့ ခက်နေပြန်ပါပြီ .. ခင်ဗျားပဲ ရှင်းပြလိုက်ပါတော့ ဦးဘီလ်ဂိတ်ရယ်။

ဂိတ်။ ။ သူပြောတာ ဟုတ်တယ်ဗျ။ ကျုပ်လည်း မြန်မာပြည်မှာ အီး ကောမာ့စ် ဖြစ်ထွန်းဖို့ တတ်စွမ်း သလောက် ကူညီမယ်ဆိုပြီး လာတာပဲ။ ဒီရောက်တော့ ကျုပ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ခု ကျနော့်မှာ ၁၀၀ တို့ ၅၀ တို့ရေးထားတဲ့ စာရွက်တွေ အများကြီးပဲ။ ဖယောင်းတိုင်တွေ၊ ကော်ဖီမစ် ထုပ်တွေလည်း အများ ကြီးပဲ။ မြန်မာပြည်မှာ လူများစုက ဒီလိုပဲ လုပ်နေကြတာဗျ။ ဘာခရက်ဒစ်ကတ်မှ မလိုဘူး။

ကြွက်စုတ်။ ။ ဟုတ်ပါ့မလားဗျာ .. ခင်ဗျားက မလုပ်ပေးချင်တာနဲ့ဘဲ။

ဂိတ်။ ။ လုပ်ပေးလို့ရရင် လုပ်ပေးပါတယ်ဗျာ။ ကျုပ်က ဆော့ဖ်ဝဲတွေ ဘယ်လောက်လုပ်ပေးလုပ်ပေး ..၊ ဘယ်လောက်လှူလှူ၊ ဘယ်သူက သုံးမှာလဲဗျ ..။ ခင်ဗျားတို့ ခေါင်းရှောင်ကြီးတွေပဲ သုံးမယ့်ကိစ္စ ကျုပ်က ဘာလို့ လုပ်ပေးမှာလဲ။ ပြည်သူလူထုက သူ့ဟာနဲ့သူ အဆင်ပြေနေတာပဲဟာ။ ခုနည်းက ဘယ်လောက်ကောင်းလဲ .. မီးလည်း လာစရာမလိုဘူး။ အင်တာနက်မရှိလည်းရတယ်။ ကျုပ်တောင် ဒီစနစ် ပြန်သုံးကြဖို့ အိမ်ဖြူတော်ကို အကြံပေးရင်ကောင်းမလား စဉ်းစားနေတာ။ ဘာပဲဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်ကိုလည်း ချွေတာရာ ရောက်တာ ပေါ့ဗျာ။ ကျုပ်လည်း အသစ်အဆန်းတွေချည်း လုပ်ရတာ ပျင်းလာပြီ၊ တခါတလေ ကမ္ဘာဦးကို ပြန်သွားချင်တဲ့ စိတ် ပေါက်နေတာ အတော်ပဲလေ။ အဲဒါကြောင့် ခုလို တာတေတို့ဆီက နည်းနာတွေ ဆည်းပူးနေတာ။ မကြာခင် ကျုပ်မိတ်ဆွေ ကမ္ဘာကျော် ဘဏ်သူဌေးကြီးတွေလည်း လာလိမ့်မယ်။ သူတို့ကလည်း စိတ်ဝင်စားတယ်ဗျ။

တာတေ။ ။ ကဲ .. ချွန်ဒေါ် မပြောဘူးလား .. ဘာ အီး မှ မလိုပါဘူးလို့ ..။

ဦးရုက္ခစိုး။ ။ သူတို့ပြောတာ ဟုတ်သားပဲကွ ..။ မြန်မာနိုင်ငံက အီး မလိုတဲ့ နိုင်ငံပဲ။ အမြော်အမြင် ရှိလိုက်တဲ့ ချိုကုပ်ကြီးတွေ။ ထွက်သမျှဓာတ်ငွေ့တွေ ရောင်းစားတာ လက်စသတ်တော့ အီး မလိုလို့ကိုး။ လူတွေဆီက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကိုပါ ရောင်းလို့ရရင် ရောင်းဦးမလားမသိဘူး။ ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ … အီးပေါက်ရင် သတိထားပေါက်နော်။ နောက်ပိုင်း ဈေးကောင်းချင်ကောင်းမှာ။

ကြွက်စုတ်။ ။ အဲဒီတော့လည်း စုထားပြီး နိုင်ငံတော်ကို ပြန်သွင်းရတာပေါ့ဗျာ။

ထိုစဉ် ကွမ်းယာသည်၏ ဘေးနားတွင် ထူထားသော “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးဆီသို့” ဟု ရေးထားသည့် ဆိုင်းဘုတ်ကြီး “ဝုန်း” ခနဲ ပြုတ်ကျလာသဖြင့် သူတို့အားလုံး လွတ်အောင် မနည်းရှောင်လိုက်ရ လေတော့သည်။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။

http://vimutti.blogspot.com/


အပြည့်အစုံသို့...

စစ်သားကောင်း ပီသကြပါစေ


ဗိုလ်ထက်မင်း
၃၀ ဇူလိုင် ၂၀၀၉

ရုရှားနိုင်ငံကို သွားရောက်ပညာဆည်းပူး ခဲ့တဲ့ DSA ကျောင်းဆင်း ညီတော်တွေကို အရင်ခေတ် တပ်မတော် အရာရှိတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက် ထားရှိပုံတွေကို ရှင်းပြလိုပါတယ်။ တို့တတွေ ကျောင်းဆင်း လာတော့ ပခုံးပေါ်မှာ တင်ထားတဲ့ တပွင့်တည်းသော ကြယ်ပွင့် လျှောကျ သွားမှာစိုးလို့ ဆွဲဆွဲ တင်နေလိုက်ရတာ အမောပဲ ဆိုတာကို ရှင်းပြလိုတာပါ။ ပြီးတော့ တို့တိုင်းပြည် အတွက် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီးတော့ လက်သီး လက်မောင်း တန်းရင်း ကြိမ်းဝါး မိတာလည်း ရှိပါသေးတယ်။

အရာရှိအချင်းချင်း နောက်ပြောင်ပြောဆို နေကြပုံက အဲဒီအပွင့်ကို ညှစ်လိုက်ရင် ချွေးတွေ၊ သွေးတွေ ကျလာ ရမယ်။ ရှေ့တန်းမှာ မတိုက်ရဘဲ နောက်တန်းမှာ နှပ်နေရတာမျိုး၊ သင်တန်းတွေပဲ လှိမ့်တက် နေရတာမျိုးနဲ့ ရတဲ့ အရာရှိရဲ့ အပွင့်ကိုတော့ ညှစ်လိုက်ရင် ‘ပဲ’ တွေပဲ ကျလာမယ် အထင် မကြီးဘူးလို့လည်း ရိတိတိ ပြောတတ် ခဲ့ကြပါတယ်။

တပ်ရင်းကို ရောက်သွားတော့လည်း တို့တတွေဟာ ကာဘိုင်သေနတ်ကို ရွေးရတာ ခေါင်းအကိုက်ရ ဆုံးပါပဲ။ ရန်သူနဲ့ တွေ့ရင် ပြန်ပစ် နိုင်ဖို့ရာ Zero inch ဖြောင့်တန်းမှု ရယူထားတဲ့ ကာဘိုင်ကို အလိုချင်ကြဆုံး ဖြစ်ပါတယ်။ တချို့တပ်ခွဲ တပ်ကြပ်ကြီးတွေရဲ့ ကာဘိုင်ဒင် သစ်သားပိုင်းက ပေါလစ် သုတ်ထားလို့ ပြောင်နေတာကို တွေ့ရင် အရာရှိ ပေါက်စတွေက ရင်သပ်ရှုမော ကိုင်တွယ် ကြည့်ကြတာ ညီတော်တို့ သိစေချင်ပါတယ်။

Equipment လို့ခေါ်တဲ့ စစ်ချပ်ဝတ် တန်ဆာ အပိုင်းမှာ ခါးပတ်နဲ့ ရေဘူးဆိုရင် အမေရိကန်ထုတ် ခါးပတ်၊ ရေဘူးမှ ၀တ်ဆင် ကြပါတယ်။ အရာရှိတဦး US Equipment အပြည့်အစုံ ၀တ်ထားပြီဆိုရင် ကျန်တဲ့ အရာရှိတွေက ရင်သပ်ရှုမောနဲ့ ဘယ်လောက် ပေးရလဲ ဘယ်မှာဝယ်လဲ စသဖြင့် အလုအယက် မေးမြန်း လာကြတာလည်း တွေ့ရပါတယ်။ အဲဒီအရာရှိတွေ တပ်ပြောင်း ခဲ့ရင် US Equipment ကို အမှတ်တရ လက်ဆောင်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်ကြတဲ့ အထိ အရာရှိတွေက မက်မက်မောမော ရှိကြပါတယ်။

ကျောင်းဆင်းအရာရှိတွေဟာ တပ်ရင်းရှိ တပ်စုတစုကို ကိုင်တွယ်ဖို့ တပ်ခွဲမှူးက အပ်နှံခဲ့ရင် ဖြစ်စေ၊ တပ်စု တပ်ကြပ်ကြီး တဦးက ၎င်းတပ်စုကို သတိဆွဲကာ မိမိထံသို့ အလေးပြုပြီး သတင်းပို့ခဲ့ရင် ဖြစ်စေ အဲဒီအချိန်မှာ ရင်ထဲမှာ ငါဟာ လူ (၃၀) ကို အုပ်ချုပ်ရတဲ့ အရာရှိပေါက်စ တဦး မကြာခင် ဖြစ်တော့ မှာပါလားဆိုတဲ့ ရင်ထဲက ပီတိကို ညီတော်တွေအား မျှဝေပေးချင်ပါတယ်။

ရှေ့တန်းရောက်ရင် တပ်စုတပ်ကြပ်ကြီးလုပ်သူ ဆရာကြီးက နယ်မြေနဲ့ ရန်သူ သတင်းတွေကို စိတ်ရှည် လက်ရှည် ရှင်းပြပုံ၊ ရွာတွေ ရောက်ခဲ့လို့ အိမ်တွေမှာ ညအိပ်ခဲ့ရင် ကိုယ့်ထက် အသက်ကြီးတဲ့ တပ်စု တပ်ကြပ်ကြီးက အိမ်အောက်မှာ အနစ်နာခံ အိပ်ခဲ့ပုံ၊ မိမိကိုတော့ အိမ်ပေါ်မှာ ဇိမ်ကျကျ အိပ်ခွင့် ပေးခဲ့ပုံ … စသဖြင့် အတူတူစား အတူတူ သွားလာကြတဲ့ သံယောဇဉ်နဲ့ ရဲဘော်ရဲဘက် စိတ်တွေ ကြီးမား လှပုံကို ပြောပြချင်ပါတယ်။

တပ်ခွဲမှူးကိုဆိုရင် ကိုယ့်ရဲ့ အကိုကြီး တယောက်လို ခင်တွယ်မိကာ ထမင်းလက်ဆုံ စားကြတဲ့ အခါမျိုး စစ်နည်းဗျူဟာ တွေကို လက်တွေ့ နယ်ပယ်မှာ အပ်ကျမတ်ကျ သင်ကြား ပေးခဲ့ပုံတွေက အစ နောက်ဆုံး ညီတော်တွေ ပိုက်ဆံ မရှိလို့ နောင်တော်တွေက မုန့်ဖိုးအဖြစ် ပေးသုံး ခဲ့ပုံတွေ၊ ရန်သူနဲ့ နင်လား ငါလား တိုက်ပွဲတွေ ဖြစ်လာရင် တပ်ခွဲမှူးက အတွေ့အကြုံ နည်းတဲ့ ကျောင်းဆင်း မိမိတို့ တပ်စုမှူးတွေကို ချေမှုန်းရေး တပ်စုမှာ မထားဘဲ တပ်ခွဲမှူးရုံးရဲ့ အနီးကပ် တပ်စု အဖြစ် စိုးရိမ် ကြောင့်ကြစွာ ပြောင်းလဲ ထားခဲ့ပုံတွေ ဒါတွေကိုလည်း အခုခေတ် ညီတော်တွေ သိစေချင်တယ်။

နောက်တန်းပြန်ရောက်လို့ လူပျိုအရာရှိရိပ်သာရောက်ပြီဆိုရင် စီနီယာ နောင်တော် တပ်ခွဲမှူး ဗိုလ်ကြီးတွေက ဦးဆောင်ပြီး စားသောက် ဖွယ်ရာတွေ အပါအ၀င် အထွေထွေ ကုန်ကျစရိတ် အားလုံး အကုန်အကျ ခံပုံတွေ၊ သူတို့ကိုယ်တိုင်က မင်းတို့ တပ်စုမှူးတွေ ပိုက်ဆံရှိကြတာ မဟုတ်ဘူး၊ ငါတို့အကြီးတွေပဲ ပေါင်းပြီး ရှင်းပေးလိုက်မယ် ဆိုတဲ့ ကြင်နာမှု စကားသံတွေ၊ မြို့ထဲကို ကားတစီးနဲ့ ထွက်လည်ကြလို့ စားသောက်ဆိုင်ကို ရောက်ပြီး ရှင်းကြပြီဆိုရင်လည်း စီနီယာ အရာရှိတွေက ကျနော်တို့ ဂျူနီယာ အရာရှိတွေကို လက်ကာပြီး သူတို့ပဲ ရှင်းပေးကြပုံတွေ၊ အကိုကြီး အဖအရာ ဆိုသလို တပ်ထဲမှာ နေထိုင်ပြုမူ ကျင့်ကြံပုံ၊ ဆိုင်ရာတွေကို ဆိုဆုံးမ ပုံတွေဟာ ယနေ့ထက်တိုင် ရင်ထဲ အသည်းထဲ စွဲမြဲနေပါတယ်။

တိုက်ပွဲမှာ တပ်ခွဲမှူးဖြစ်ဖြစ်၊ တပ်စုမှူးဖြစ်ဖြစ် ထိခိုက်ဒဏ်ရာ ရလို့ဖြစ်စေ ပိတ်ဆို့ ခံရလို့ဖြစ်စေ ဘယ်လိုမျိုး အခက်အခဲတွေ ကျရောက် နေပါစေ ညီတော် နောင်တော်တွေက မဖြစ်ဖြစ်အောင် ဖောက်ထွက်ပြီး ကူညီဖေးမ ကယ်တင်တတ်တဲ့ ရှေ့တန်းရဲ့  ရဲရဲတောက် သံမဏိ စိတ်ဓာတ် တွေကိုလည်း ညီတော်တွေ သိစေချင်ပါတယ်။ အခုတော့ ဒါတွေဟာ ပုံပြင်တွေလို ဖြစ်နေပြီး တို့တပ်မတော်ဟာ ရာထူး အာဏာ မက်မောမှုနဲ့ အတူ စီးပွားရေး၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက် ချုပ်ကိုင်လာတာနဲ့ အမျှ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုတာဟာ တပ်မတော်နဲ့ ဘာမှ မသက်ဆိုင်တော့တဲ့ အထိ ရာဇ၀င် ရိုင်းခဲ့ပြီ ဖြစ်ပါတယ်။

တို့ ကျောင်းဆင်းပြီးပြီးချင်း ရှေ့တန်းမှာ (၉) လ ဆက်တိုက် ကြာသွားတော့ မိခင်ဖြစ်သူက တပ်ရင်းမှူးဆီ စာရေးပြောတယ်။ အဲဒီအခါကျမှ တပ်ရင်းမှူးက သတိရပြီး ခွင့်ခေါ်ပေးလို့ မိခင်အိမ်ကို ပြန်ခွင့်ရပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ ရုန်းရင်း ကန်ရင်း ပေပေတေတေ နေလိုက်တာ ပင်ပန်းရမှန်း မသိဘဲ အချိန်ကုန် သွားခဲ့တာဖြစ်တယ်။ တပ်ရင်းမှူးက ခွင့်ခေါ်ပေးမှသာ (၉) လ ကြာပြီ ဆိုတာကို သိရတာဖြစ်တယ်။

ရှေ့တန်းမှာက တပ်ခွဲမှူးက အစစအရာရာ ကျွေးမွေးနေတော့ ဘာကုန်ကျမှုမှ မရှိဘူး။ ဒါကြောင့် အိမ်ပြန်တဲ့အခါ ဘဏ် (၆) မှာ လစာကို တလုံးတခဲတည်း ထုတ်ရတယ်။ အဲဒီအချိန်မှာ ခံစားခဲ့ရတဲ့ ပီတိ၊ အဲဒီလစာတွေ ထဲက မိခင်ကို ကန်တော့လိုက်ရတဲ့ ပီတိ၊ အရင်က ကျောင်းနေဖက် သူငယ်ချင်းဖြစ်ခဲ့တဲ့ RIT ကျောင်းသား သူငယ်ချင်းထံ သွားပြီး သူ့ကို RIT ကင်တင်း ရိပ်သာမှာ ကိုယ်ရတဲ့ လစာနဲ့ ကျွေးမွေး ပြုစုရတဲ့ ပျော်ရွှင်မှုပီတိ ခံစားချက်တွေကို ငါ့ညီတော်တွေ သိစေချင်တယ်။

ငါတို့ဟာ တက္ကသိုလ်ကျောင်းသားဘ၀က လာခဲ့တာမို့ ကျောင်းသားတွေရဲ့ ဘ၀ကို ပြန်လည် တမ်းတမိရင်း အတူတူ လက်တွဲခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေနဲ့ ရှေ့တန်းမှာ မသေလို့ ပြန်လည် ဆုံတွေ့ခဲ့ရတဲ့ ငါတို့ရဲ့  အမှတ်တရ ပွဲလေးကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားတွေရဲ့ တန်ဖိုးနဲ့ ရဲစွမ်းသတ္တိကိုလည်း ခံစားနားလည်တယ်။ တို့တပ်တွေမှာ အရင်က ရှေ့တန်းမှာ ပင်ပန်း ဆင်းရဲလွန်းအား ကြီးပြီ ဆိုရင် သင်တန်းတခုခု တက်ခွင့်ရတာကိုပဲ အနားယူတဲ့ သဘောလို့ ယူဆကြတယ်။

အခုညီတော်တွေကျတော့ အဲဒီလိုဖြတ်သန်းမှုမျိုး မရှိခဲ့လို့ တပ်မတော်ရဲ့ သံမဏိ စိတ်ဓာတ်ဆိုတာ ဘာမှန်းမသိ၊ ရဲဘော်ရဲဘက် စိတ်ဓာတ်ဆိုတာ ဘာကို ဆိုလိုရမှန်း မသိ ဖြစ်နေကြတယ်။ အဆိုးဆုံးက စစ်တပ်ကို လက်ကိုင်တုတ် သဖွယ် အသုံးချနေတဲ့ တပ်မတော် သမိုင်းကို ဖျက်ဆီးနေသူ အာဏာရှင် ထိပ်ပိုင်းတစုရဲ့ လုပ်ရပ်တွေကြောင့် ညီတော်တွေဟာ သန်လျက်ကို ရေထင်၊ ရွှေသမင် အလိုက်မှား နေကြတယ်။

ညီတော်တွေဟာ DSA သုံးနှစ် ကျောင်းဆင်းပြီး ကတည်းက ခြေလျင်တပ်ကို ရောက်ရှိ သတင်းပို့တာနဲ့ ရှေ့တန်းမှာ ကျောပူအောင် လမ်း မလျှောက်ကြရတော့ဘဲ MSC ဆိုတဲ့ (၂) နှစ် သင်တန်းကြီးကို မဖြစ်မနေ ဆက်လက် တက်ရောက်ကြပုံတွေ၊ အဲဒီကမှ တဆင့် အဆင့်မီလို့ ရုရှားကို ပညာဆည်းပူးခွင့် ဆက်လက် တက်ရောက်ခွင့် ရကြပုံတွေ၊ ပြန်လာကြတော့လည်း ပြင်ဦးလွင်မှာ ကွန်ပျူတာနဲ့ နပန်းလုံးပြီး ဒီမိုကရေစီ ဘက်တော်သား ၀က်ဆိုက်တွေကို အဖျက်အမှောင့် လုပ်ခဲ့ပုံတွေ ကြားသိရတော့ ညီတော်တွေရဲ့ ကျပ်မပြည့်တဲ့ စစ်သား တပိုင်း ဘ၀ကို သနားမိပါတယ်။

အခုတော့ ညီတော်တွေထဲက အရာရှိတဦးကို DSA မှာ နည်းပြအဖြစ် ရောက်နေတဲ့ ရုရှားနည်းပြ အမျိုးသမီးလှလှ တဦးက အပြာ ဇာတ်လမ်းတွေနဲ့ မှတ်ကျောက် တင်ပေးလိုက်တယ်လို့ ကြားသိရလို့ စိတ်မကောင်း ဖြစ်မိတယ်။ စစ်သားရဲ့ မှတ်ကျောက် တင်မှုဟာ ရှေ့တန်း စစ်ဆင်ရေး နယ်မြေသာ ဖြစ်လို့ ညီတော်တွေရဲ့ မှတ်ကျောက်ကို ဘယ်နေရာမှာ တင်ရမလဲ ဆိုတာ စဉ်းစားလို့ မရအောင်ကို ဖြစ်ရတယ်။

မင်းတို့သိပြီးသား တို့တတွေရဲ့ “ဆောင်ပုဒ်” ရှိပါတယ်။ ပြန်ပြောပြမယ်။ “ဘာလုပ်နေလဲ - လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ - တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက်၊ ဘာစိတ်ဓာတ်လဲ - သံမဏိစိတ်ဓာတ်” ဆိုပြီး ငါတို့ ဆိုရတဲ့ ဆောင်ပုဒ် ရှိပါတယ်။ အခုတော့ ညီတော်တွေခေတ်မှာ အဲဒီဆောင်ပုဒ်ကို ပြင်ရမလို ဖြစ်နေပါတယ်။

“ဘာလုပ်နေလဲ - ဒီမိုဝက်ဆိုက် ဖျက်ဆီးနေတယ်၊ ဘာလုပ်ဖို့လဲ - ရာထူးအာဏာ မတရားယူဖို့၊ ဘယ်သူ့ အတွက်လဲ - နအဖ စစ်အာဏာရှင်တွေ အတွက်၊ ဘာစိတ်ဓာတ်လဲ - မစ္ဆရိယ စိတ်ဓာတ်” လို့ ပြင်ရမလို ဖြစ်နေတယ်။

ညီတော်တွေရဲ့ ခံယူချက်၊ စိတ်ဓာတ်တွေဟာ ယခင်နောင်တော်တွေရဲ့ ခံယူချက် စိတ်ဓာတ်တွေနဲ့ မိုးနဲ့မြေလို ကွာခြားတာနဲ့ အမျှ တပ်မတော်ရဲ့ အနာဂတ်ဟာလည်း မဲမှောင်လျက်သာ ရှိနေမှာဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

Ref: ခေတ်ပြိုင်

အဆုံးသို့

http://vimutti.blogspot.com/

အပြည့်အစုံသို့...

ကတိနဲ့အညီ အကျဉ်းသားတွေ လွှတ်ဖို့ အတွင်းရေးမှူးချုပ် စစ်အစိုးရကို တိုက်တွန်း

Secretary-General of the United Nations Ban Ki-moon, speaks during a press conference in New York, Tuesday, June 23, 2009.AP


မြန်မာ စစ်အစိုးရဘက်က ပေးထားတဲ့ ကတိအတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ မျှော်လင့်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားရုံးက စီရင်ချက်မချခင်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။

အပြည့်အစုံသို့...

သာသနာကိုထိပါးသူများ သိစေချင်သည်

မေဓာဝီ (A.B.M.A)

မြန်မာနိုင်ငံတဝှမ်းတွင် စစ်အာဏာရှင်များနှင့် ၎င်းတို့၏ နောက်လိုက်အခိုင်းအစေများသည် ဘာသာတရားရှုထောင့်မှကြည့်လျှင် အင်မတန်ကြီးလေးသော အပြစ်များကို ကျူးလွန်နေကြ

တာကို တွေ့မြင်ကြရပါလိမ့်မယ်။ အကြံပေးသူတွေ-စေခိုင်းတဲ့သူတွေရော လုပ်ဆောင်နေကြ

တဲ့သူတွေပါ ၎င်းတို့ကျူးလွန်နေကြတာကို လုပ်ရိုးလုပ်စဉ် လမ်းစဉ်တခုလို မြင်နေကြ.ဖြစ်နေ

ကြတာကြောင့် ကျူးလွန်နေကြမှန်းကို မသိမြင်နိုင်ကြပဲ ဖြစ်နေကြတယ်။

၎င်းတို့ရဲ့လုပ်ရပ်များကို ပြန်လည် စဉ်းစားတွေးတောမိတဲ့ အခါတိုင်း သနားလဲ သနားမိပါ

တယ်။ ကရုဏာဒေါသလဲ ဖြစ်ရပါတယ်။ သင်းတို့ တတွေရဲ့ လုပ်ရပ်များကို စဉ်းစားမိကြလေ

အောင် အနည်းငယ်မျှ ပြန်လည်တင်ပြရလျှင်………..

အာဏာသိမ်းပြီးကထဲက မန္တလေး ဈေးချိုနှင့် အခြားနေရာများ..ရန်ကုန် စစ်တွေစတဲ့နေရာ တိုင်းလိုလိုမှာ သားမြေးအရွယ် စစ်ဗိုလ်စစ်သား အရပ်သားဝန်ထမ်းများက ဦးကြီး ဦးလေး အ

ရွယ် အဖေအမေ အဖိုးအဖွားအရွယ် လူကြီးများကို နားရိုက်ပါးရိုက် ခြေနဲ့ကန်ကြောက် ဆဲဆိုခဲ့

တာတွေကိုတော့ ဘာသာတရားနဲ့တိုက်ရိုက် မဟုတ်လို့ ၎င်းအပြစ်တွေကို အသာထားခဲ့ပါမယ်၊

သာသနာနှင့်သံဃာများကိုလဲ ထိုကဲ့သို့ ပြုလုပ်ခဲ့တာပါပဲ။


အဲဒီအချိန်တွေကစလို့ ယနေ့အချိန်အထိ ဗုဒ္ဓဘုရားကို ဗိုက်ဖောက်ဌပနာတွေ ခိုးခဲ့တာတွေ ဗုဒ္ဓကို လည်ဖြတ် စိန်ဖူးခိုးခဲ့တာတွေ… ဗုဒ္ဓကိုယ်တော်တိုင်က တပည့်သံဃာတွေကို တပါးချင်း ခရီးလှည့်လည်ပြီး ပြည်သူပြည်သားတွေ သတ္တဝါတွေကို အမှန်တရားများသိရှိနားလည်အောင်

တရားဓမ္မများ ဟောပြောဆုံးမ သွန်သင်ပြသဖို့ မှာတော်မူခဲ့တဲ့ စကားတော်တွေကိုဆန့်ကျင်ပြီး

ဟိုလမ်းမသွားရ ဒီလမ်းမသွားရနဲ့ ပိတ်ပင်တားဆီးနေတာတွေ…

ဘုရားဟော ပိဋကတ်ကျမ်းဂန်များမှာ အထင်အရှားရှိနေတဲ့တရားတော်တွေကိုလဲ ဟိုတရား

မဟောရ. ဒီတရားမဟောရ.ဆိုတဲ့ တရားဓမ္မကို ကွယ်ပျောက်အောင် ပိတ်ပင်တားဆီးတဲ့ ဓမ္မန္တ

ရာယ်လုပ်ရပ်တွေ…သံဃာတော်များဆွမ်းခံကြွတဲ့အခါ ဆွမ်းပင့်ကပ်လှူကြတဲ့ အခါတွေမှာလဲ

သံဃာစာရင်းတွေတောင်းပြီး ဘယ် ဘုန်းကြီးမကြွရ..ဘယ်သူ့အိမ်ကို မကြွရ. .ဘယ်သူတွေရဲ့

ဆွမ်းကို အလှူမခံရ.. စသည်ဖြင့် . အလှူခံပုဂ္ဂိုလ်နှင့် အလှူပေးပုဂ္ဂိုလ်ဆိုတာ ဟိုဘက်ဒီဘက်

နှစ်ဖက်လုံးမှာ အယုတ် အလတ် အမြတ်မရွေး လှူနိုင်ခွင့် အလှူခံခွင့်ရှိတာကို ပိတ်ပင်ပြီး ပိတ်

တကာ(ပြိတ္တာ)ဖြစ်အောင် သံဃာ့လဘ်များကို ပိတ်ဆို့နေကြတာတွေ…..။

မဟန အဖွဲ့အစည်းအဆင့်ဆင့် သံဃာနှင့် ပြင်ပသံဃာများ..ကျောင်းထိုင်သံဃာနှင့် ခန်းနေ

တပည့်သံဃာများ အကြား သံဃာအချင်းချင်း စိတ်ဝမ်းကွဲအောင် သံဃာအသင်းခွဲနေတာတွေ

ဘုရားသွားကျောင်းတက် ကုသိုလ်လုပ်ရာမှာ တားဆီးပိတ်ပင်နေတာတွေ..စသည်စသည် များ

စွာ ကျူးလွန်နေကြတာကို တွေ့မြင် ကြားနေရတယ်။

ပြောကြမှာပေါ့ .ဘုရားတွေ သံဃာတွေကို ရိုက်နှက်ဖျက်ဆီး ကန်ကြောက်နေသေးတာ ဒီအ

ပြစ်လောက် မှုစရာ မလိုဘူး။ ပျင်းသေးတယ် ဆိုတာမျိုးပေါ့။ အားလုံးကတော့ အပြစ်တွေချည်း

ပါပဲ။ ဒါပေမယ့် ယခု ပြဆိုခဲ့တဲ့ အပြစ်တွေဟာ အင်မတန်ကြီးလေးပါတယ်။ ဒီဘဝအတွက်ရော

သံသရာအတွက်ပါ ကြီးလေးသလို ပိတ်ပင်နှောက်ယှက်မှုများအတွက် သံသရာဝဋ်ပါ ပြန်လည်

ပြီး ခံကြရမှာ ဖြစ်နေကြလို့ပါ။ ဒီလို အပြစ်မျိုးတွေကို ဘယ်လို ကုသိုလ်မျိုးနှင့်မှ ဖြေဖျောက်လို့ မရပါဘူး။ ခြိမ်းချောက်တာ မဟုတ်ပါဘူး။ တကယ့်စေတနာမှန်နဲ့ သိစေချင်တာပါ။ ရခဲလှတဲ့ လူ့ဘဝကြီးထဲ ရောက်လာပြီး အသိဉာဏ် စုံစုံလင်လင်နဲ့ လူဖြစ်ရကျိုးနပ်စေချင်လို့ပါ။

လောကီ လောကုတ်ဘွဲ့တွေ များစွာရပြီး အခုလို သာသနာကို စော်ကားဖျက်ဆီးရာမှာအကြံ

ပေးနေသူတွေ.. လက်မှတ်ထိုးပေးနေသူတွေကို သွားမကြည့်ပါနှင့် သူတို့က ပိဋကတ် အိုးကွဲ ကြီးတွေဖြစ်နေကြပြီလေ.. ပိဋကတ်အိုးကို ခွဲပြီးမှတော့ သူတို့အတွက် သံသရာဆိုတာ မရှိကြ

တော့ဘူး တလမ်းသွားသမားတွေ ဖြစ်ကုန်ကြပါပြီ။ အသက်ကြီးတိုင်း လူကြီးမဟုတ်ဘူးဆိုတာ

သူတို့လို လူမျိုးတွေကို ခေါ်တယ်ဆိုတာ ကြုံတုန်း ပြောခဲ့ပါရစေ။

ဒီလို ကျူးလွန်ကြရာမှာ အကြံပေးတဲ့သူ စေခိုင်းတဲ့သူတွေရော..လိုက်နာဆောင်ရွက်ကြတဲ့

သူတွေပါ အပြစ်က မလွတ်ပါဘူး။ တာဝန်အရ မလွှဲမရှောင်သာလို့ပဲဖြစ်ဖြစ်…စားဝတ် နေရေး

ကြောင့်ပဲဖြစ်ဖြစ်..အတင်းအကြပ် စေခိုင်းခြင်းကြောင့်ပဲဖြစ်ဖြစ်..ကျူးလွန်တာနဲ့ အပြစ်ဟာ အ ပြစ်ပါပဲ။ လောကမှာ ပြောကြတယ်..“ရဲဘော်သေ သေသော် ငရဲမလား”တဲ့..ဒီလောက် လူတွေ

သတ်ပြီး အကြီးစား လောဘ ဒေါသ မောဟတွေနဲ့ ပိတ်ဖုံး ပြည့်နေတဲ့ သူတွေ သေလို့မှ ငရဲ မလားရင် ဘယ်ကို သွားကြမလဲ။ စဉ်းစားကြပါဦး။ ဘယ်ကမှ လက်ခံမှာ မဟုတ်ဘူး။

အဲဒီလို စိတ်ဓာတ်မျိုးတွေကို ရိုက်သွင်းပေးတဲ့သူက ပိုပြီး အပြစ်ကြီးပါတယ်။ အဲဒါ လူသား တွေရဲ့စိတ်ကို ရိုင်းစိုင်းအောင် လုပ်ဆောင်တဲ့အတွက်ကြောင့်ပဲ။ လူ့ဝန်းကျင်တခုကို အကြမ်း ဖက် ရိုင်းစိုင်းမှုတွေ စစ်တွေ မရှိပဲ ယဉ်ကျေးပြီး ငြိမ်းချမ်းသာယာအောင် လုပ်ဆောင်နိုင်တဲ့သူမှ

ကြီးမြတ်တဲ့ ပညာရှိခေါင်းဆောင်တွေဖြစ်ကြမယ်။

သံဃာတော်များ၏ လုပ်ငန်းများကို လိုက်လံ ပိတ်ပင် တားဆီး နှောက်ယှက် ဖျက်ဆီးနေ

ခြင်းသည် သာသနာတော်တခုလုံးကို ဖျက်ဆီးရာလဲရောက်ပါတယ်။ တရားဓမ္မဟောပြောမှုများ

ကို တားဆီး ပိတ်ပင်ခြင်းသည်… ဗုဒ္ဓနှင့် ဗုဒ္ဓရဲ့ နှလုံးသား(ဓမ္မရတနာ)ကို ဆွဲထုတ် ဖျက်ဆီးရာ ရောက်ပါသည်။

ဘာကြောင့်လဲဆိုတော့…..ဗုဒ္ဓက ဒီတရားဓမ္မတွေကို သတ္တဝါအားလုံးနှင့် ကမ္ဘာသူ ကမ္ဘာသား

တွေ သိစေချင် ကြားစေချင် ရစေချင်လို့ သူ့ရဲ့အသွေးအသား အသက်ပေါင်းများစွာ ဘဝပေါင်း

များစွာကို ဆင်းရဲ ဒုက္ခမျိုးစုံနဲ့ ရင်းနှီးပြီးတော့မှ သိမြင်ရရှိလာတဲ့ တရားဓမ္မတွေ ဖြစ်နေလို့ပါပဲ။

ဒီတရားတွေကို သူရဲ့တပည့်သားသံဃာတွေကို သတ္တဝါတွေထံ ခရီးလှည့်လည်ရင်း ဟောခိုင်း

ခဲ့တာပါ။ ဆွမ်းခံသွားရင်း ချီးမြှောက်ခိုင်းခဲ့တာပါ။

ဒါကြောင့်…….တရားဓမ္မဟောပြောမှု စာပေသင်ကြားမှု ပို့ချမှုတို့၌် ကန့်သတ် ချုပ်ချယ် ပိတ်

ပင် တားဆီးနေခြင်းသည် သာသနာနှင့် ရတနာသုံးပါးလုံးကို စော်ကားနေခြင်း ဆိုတာထက် သာသနာတော် ချိနဲ့ အားနည်းကွယ်ပျောက်အောင် ဖျက်ဆီးနေခြင်းသာဖြစ်ပါတယ်။

ပိုးဆိုးတာက ထိုကဲ့သို့ သာသနာတော်ကိုအားနည်း ချိနဲ့အောင် ဖျက်ဆီးနေတဲ့အထဲမှာသံဃ

မဟာနာယကအဖွဲ့အစည်း အဆင့်ဆင့်တွေကနေ ပါဝင်ထောက်ခံ အားပေးနေကြခြင်းပင်။ ခေါင်းညိတ်လို့ပဲဖြစ်ဖြစ် ဆိတ်ဆိတ်နေလို့ပဲဖြစ်ဖြစ် ဝန်ခံရာရောက်လို့ သာသနာတော်ကို ဖျက်

ဆီးတဲ့အထဲမှာ ပါဝင်နေပါတယ်။

သံဃာဆိုရာမှာလဲ ဘယ်လိုသံဃာမျိုးပဲဖြစ်ဖြစ် သံဃော ဟိ ဒုဿီလောနာမ နတ္ထိ ဆိုတဲ့ အ

တိုင်း သံဃာဆိုတာ သီလမရှိသူမရှိ=သံဃာအားလုံး ပေါင်းလိုက်ရင် သီလစင်ကြယ်နေတယ် လို့ဆိုတဲ့အတွက် သံဃာ့ကံတွေအားလုံး ထိုက်ခံကြရမှာပါ။ မကောင်းတဲ့ အကြံတွေပေးနေတဲ့

ဦးအံ့မောင်တို့လို အကြံပေးတွေကအစ လုပ်တဲ့သူများအဆုံးပေါ့။

ဘုရားလက်ထက်က ဆင်လို တိရစ္ဆာန်တောင် ဒေဝဒတ်က သင်္ကန်းကိုဆွဲရုံလိုက်တဲ့အတွက်

သင်္ကန်းရောင်မြင်လိုက်တာနဲ့ မတိုက်ခိုက်ပဲနောက်ဆုတ်သွားသေးတယ်။ခုခေတ်မှာတော့ အာ

ပိုင်တွေ နောက်လိုက်တွေဟာ သင်္ကန်းရောင်မြင်ရင် သတ်ခြင် ဖြတ်ခြင် ဒုက္ခပေးခြင်ဖြစ်နေတဲ့ အထိကို ဆုတ်ယုတ် ပျက်စီးနေပါပြီ။

အဲဒီလို ဘာသာ သာသနာနှင့် လူကြီး မိဘများကို ဂါရဝ နိဝါတဆိုတဲ့မင်္ဂလာတရားတွေကင်း

မဲ့ပြီး ရိုင်းပြစော်ကား နှိပ်စက်ဖျက်ဆီးနေကြတဲ့အတွက်လဲ မြန်မာပြည်အတွင်းမှာသဘာဝဘေး

အန္တရာယ်ဆိုးကြီးတွေ ရောဂါကပ်မျိုးစုံတွေ မဆုံးနိုင်တဲ့ တိုက်ပွဲတွေ ရိုက်နှက် အကြမ်းဖက်မှု

တွေ စားဝတ်နေရေးကြပ်တည်းမှုဆိုတဲ့ ကပ်ကြီးသုံးပါးလုံး ဆိုက်နေကြရတာဖြစ်ပါတယ်။

ဒီလို ကပ်ဆိုးဆိုက်နေတာတွေက ကျော်လွန်နိုင်ရန် ဘာသာရေးဘက်က အန္တရာယ်ကင်း တရားတွေ ရွတ်ဖတ်နေရုံနဲ့ မရပါဘူး။ တိုင်းပြည်ရဲ့ခေါင်းဆောင်အာဏာပိုင်အဆင့်ဆင့်နဲ့ ပြည် သူတွေကပါ မင်္ဂလာတရားတွေ မကောင်းတာ မမှန်တာ သဘာဝမကျတာတွေ ရိုင်းပြစော်ကား မှုတွေ လုပ်ကိုင် ပြောဆိုရာမှာ မကောင်းမှုကို ထိတ်လန့်ကြောက်တတ်တဲ့ ဟိရိ သြတ္တပ္ဂဆိုတဲ့ လောကပါလတရားတွေ ရှိနေကြရအောင် လိုက်နာဆောင်ရွက်နိုင်မှ ကပ်သုံးပါးကကျော်လွန် နိုင်ကြမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ခိုင်းတိုင်းလုပ်ဆောင်နေကြရတဲ့ စစ်ဘက် အရပ်ဘက်ဝန်ထမ်းများ ကြံဖွံ့ စွမ်းအား

ရှင်နှင့် အင်ဖော်မာ အကြမ်းဖက်တော်လှန်ရေးအမည်ခံထားသူများ အားလုံးကို သိစေချင်ပါ သည်……ဗိုလ်ချုပ်ခေါင်းဆောင်တချို့နှင့် အရာရှိတချို့တွေကတော့ သူတို့အတွက် အဝီစိငရဲ က လွဲလို့ ဘယ်ကိုမှ သွားစရာ မှန်းစရာ လမ်းမရှိတော့လို့ မထူးဇာတ် ခင်းနေကြပြီး မက်လုံး လေး ငါးစာလောက်ချကာ အတင်းအဓမ္မစေခိုင်းနေကြဦးမှာပဲ။

ဒီတော့ကာ…. သင်တို့ကိုယ်တိုင် အော် ငါတို့လုပ်နေတာဟာ ဘာသာ သာသနာတခုလုံးကို စော်ကားနေကြတာပါလား? သာသနာတော်ကြီးတခုလုံးကို ယိမ်ယိုင် ချိနဲ့ ကွယ်ပျောက်နိုင်တဲ့

အထိ ဖျက်ဆီးရာရောက်နေပါလား? သံဃဘေဒက ကံကြီးတွေထိုက်ပြီး အကြီးမားဆုံး အပြစ်

တွေကို ကျူးလွန်နေကြတာပါကလား? တိုင်းပြည်မှာ ကပ်ဆိုးကြီးတွေ ဆိုက်ရောက်လာအောင် လုပ်ရာရောက်နေပါလား? ဆိုတာတွေ…ဒီလို ကောင်းလဲမကောင်း မှန်လဲမမှန် သဘာဝလဲမကျ

သေရင် အပါယ်ကျရောက်နိုင်မယ့် အလုပ်မျိုးတွေကို ပယ်စွန့်ပြီး.. ဒီတဘဝ စားသောက်နိုင်ရုံ

လေးကို မကြည့်ကြပဲ ကိုယ့်ရဲ့ဒီဘဝရော သံသရာမှာပါ ကောင်းကျိုးတွေဖြစ်အောင် ပြင်ဆင်

လုပ်ကိုင်စရာတွေကို အသိဉာဏ်ရှိရှိ သဘာဝကျကျ တွေးတော နှိုင်းယှဉ်ဆင်ခြင်ပြီး လောက

ကို စောင့်ရှောက်နိုင်မယ့် ဟိရိ ဩတ္တပ္ဂဆိုတဲ့ လောကပါလတရား..အသက်ဂုဏ်ဝါ ကြီးသူများ

နှင့် အနန္တငါးပါးကို ရိုသေလေးစားတတ်တဲ့ ဂါရဝ နိဝါတတရား ရှိသူတွေအဖြစ်နဲ့ မားမား မတ်

မတ် ရပ်တည်ပြီး လောကအကျိုး သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြသူတွေ ဖြစ် နိုင်ကြပါစေဆိုတာ ဆန္ဒပြုလိုက်ပါတယ်။။

(လူသားအားလုံး အသိဉာဏ်မှန်မှန်နဲ့ လမ်းမှန်မြင်ပြီး ဒုက္ခမျိုးစုံမှ လွတ်မြောက်နိုင်ကြပါစေ)

အပြည့်အစုံသို့...

လတ်တလောမြန်မာနိုင်ငံအခြေနေနဲ့ပတ်သတ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ထုတ်ပြန်ကြေညာချက်

အပြည့်အစုံသို့...

ဆုတောင်းပွဲ

July 30 Protest for DawSu

အပြည့်အစုံသို့...

U2 announces Amnesty award to Aung San Suu Kyi


29/07/2009

comments (0) Links to this post
http://www.wanna23.blogspot.com/

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု ဦးဝင်းတင် ထင်မြင်ယူဆ



NEJ / ၂၉ ဇူလိုင် ၂၀၀၉

“ထောင်ကျနိုင်မယ်ဆိုတာက နဂိုကတည်းက ထောင်ချချင်လို့ လုပ်တာပဲ။ ထောင်ချချင်လို့ လုပ်တာမဟုတ်ရင် ဒီကိစ္စပေါ်စရာ အကြောင်းမရှိဘူး။ တရားဥပဒေအရပဲ ကြည့်ကြည့်၊ နိုင်ငံရေးအရပဲ ကြည့်ကြည့် ပေါ်စရာအကြောင်းမရှိဘူး....”အပြည့်အစုံသို့


မြန်မာနိုင်ငံတွင် ရင်းနှီးမှု မပြုရန် အာဆီယံသို့ ပန်ကြား

ဝီရ / ၂၉ ဇူလိုင် ၂၀၀၉ “အာဆီယံအနေနဲ့ ဒီအချိန်မှာ မြန်မာပြည်ရဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဖို့၊ ဘာကြောင့်လဲဆိုတော့ အခုရင်းနှီးမြှုပ်နှံတဲ့အမြတ်တွေက ....”အပြည့်အစုံသို့

ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းကို စိတ်ပိုင်းရောင်းချထား

မင်းနိုင်သူ / ၂၉ ဇူလိုင် ၂၀၀၉ “ဘယ်လိုဆက်လက် ဆောင်ရွက် သွားမယ်ဆိုတာ ကျနော်တို့ ညှိနှိုင်းတိုင်ပင်....”အပြည့်အစုံသို့
မီးလာသော်လည်း ရေမလာသဖြင့် ပြည်သူများ
အခက်တွေ့

NEJ / ၂၉ ဇူလိုင် ၂၀၀၉ “ရေကို ညဘက်မှ တင်ကြတာများတယ်။ လျှပ်စစ်ဗို့အား ပြည့်တဲ့အချိန် ဖြစ်တဲ့အတွက်ပါ။ ဒါပေမယ့် အခု ညဘက် လည်း တင်လို့မရတော့ဘူး။ ဗို့အားက .....” အပြည့်အစုံသို့
မိုးခေါင်၍ နှမ်းစိုက်တောင်သူများ ထိခိုက်နိုင်

မင်းနိုင်သူ / ၂၉ ဇူလိုင် ၂၀၀၉
“နှမ်းတောင်သူတွေ စိတ်ညစ်နေကြရတယ်။ အခု အသီးတင် နေပြီဖြစ်ပေမယ့် မိုးမရွာတော့ အသီးအောင်ဖို့ ခက်နေတယ်။ နှမ်းသမားက မိုးမရလို့ကတော့ အကုန်....”အပြည့်အစုံသို့
http://www.khitpyaing.org/


အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည် ထွက်ပြေးရန် ကြိုးစားခဲ့ဟု သတင်းစာတွင် ရေးသား


ဒေါ်အောင်ဆန်းစုကြည် ထွက်ပြေးရန် ကြိုးစားခဲ့ဟု သတင်းစာတွင် ရေးသား


ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံရစဉ် ရုပ်ဖျက်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ဖွယ်ရှိသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိဟု ယက်ထော ရှေ့နေလျှောက်လဲ

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့်အမှု၌ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောတွင် အပြစ် ရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း

မြန်မာ့စီးပွား ပိတ်ဆို့မှုသက်တမ်း အိုဘားမား တိုးမြှင့်

စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်အား စီရင်ချက်ချရန် ပြင်ဆင်နေချိန်တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေ

ဒေါ်အောင်ဆန်းစုကြည် အမှုကြောင့် ထိုင်းဝန်ကြီးချုပ်၏ခရီး ရွှေ့ဆိုင်း

ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် မကြာမီ ရက်ပိုင်းအတွင်း မြန်မာပြည်သို့ သွားရောက်ရန် ပြင်ဆင်ထား သော်လည်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကြိုဆို

အာဆီယံ စွမ်းအင် အစည်းအဝေး မြန်မာပြည်တွင်ပြုလုပ်

မန္တလေးမြို့တွင် လတ်တလော ကျင်းပနေသည့် အာဆီယံနိုင်ငံများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ဖက် နိုင်ငံများ၏ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၌ ရင်းနှီး

ထိန်းသိမ်းခံ ၃ နှစ်သား မြန်မာ ကလေး ပြန်လွတ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လူဝင်မှုကြီးကြပ်ရေး ဌာန (လ၀က) က တပတ်ခန့် ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သော မြန်မာ ကလေးငယ် တဦးကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည်
http://www.irrawaddy.org/bur/

အပြည့်အစုံသို့...

blogger templates | Make Money Online