Monday, August 31, 2009

တိုင်းရင်းသားအရေးသည် မြန်မာ့အရေးပင်မဟုတ်လော?


ထွန်းအောင်ကျော်
Set[1]http://komoethee.blogspot.com/

အပြည့်အစုံသို့...

ပလန်းနတ်-သတင်းများ

မြောက်ကိုရီးယားသင်္ဘောအား ယူအေအီးအစိုးရ ဖမ်းဆီးထား
အီရန်နိုင်ငံအတွက် လက်နက်များ တင်ဆောင်လာသည့် မြောက်ကိုရီးယား ...


Discovery လွန်းပျံယာဉ်အနေအထား အာကာသယာဉ်မှူးများ စိုးရိမ်နေ
ပုံနှိပ်မဂ္ဂဇင်းစာမျက်နှာတွင် ဗီဒီယိုကြည့်ရှုနိုင်မည့် နည်းပညာသစ်
မျိုးဗီဇပေါင်းစပ်ထားသည့် လူသားများဖန်တီးလာနိုင်မည့် စမ်းသပ်မှု
ဟွန်ဒူးရပ်စ်ရွေးကောက်ပွဲအား သပိတ်မှောက်ရန် နှိုးဆော်မည်ဟုဆို
Dell မိုဘိုင်းဖုန်းများ ထုတ်လုပ်တော့မည်

အပြည့်အစုံသို့...

ခေတ်ပြိုင်သတင်းများ


ကြားဖြတ်ဖြင့် သပ်လျှိုလိုက်ခြင်း

ကျော်ဗလ/ ၃၁ သြဂုတ် ၂၀၀၉

တကယ်တော့ စစ်အစိုးရရဲ့ ‘ကြားဖြတ်အစိုးရ’ ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် သင့်လျော်လိုအပ်စွာ ဖွဲ့စည်းပေးရမယ့် ‘ကြားဖြတ်’ မျိုး မဟုတ်ပါဘူး။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ခါးပြတ်မသွားရေး အတွက် အသက်ဆက်ပေးမယ့် ......အပြည့်အစုံသို့

အပြည့်အစုံသို့...

ဧရာဝတီ-သတင်းများ

ရန်ကုန်မြို့နေ ကိုးကန့်ခေါင်းဆောင်တဦး၏ ပိုင်ဆိုင်မှုများ
နအဖစစ်အစိုးရ သိမ်းယူ

အောင်ကျော်မိုး / ၃၁ သြဂုတ် ၂၀၀၉
“အိမ်မှာရှိတဲ့ မီးခံသေတ္တာ အပါအဝင် စာရွက်စာတမ်း ရုံးသုံးပစ္စည်း အတော်များများကို သိမ်းယူသွားတယ်။ နောက် အဲဒီည အိမ်ကို ရဲအစောင့်ချထားပြီး နောက်နေ့တော့ ပြန်ရုပ်သွားတယ်ဆိုပြီး ပြောပြတယ်။ ကျနော်မြင်တာလည်း အိမ်မှာ ဘာပစ္စည်းတွေမှ မကျန်သလောက်ပဲ။ ရဲတွေက ဒီပစ္စည်းတွေကို ဘာလို့ လာသိမ်းတယ်၊ သူတို့ မိသားစု .....”အပြည့်အစုံသို့

ရွှေဝါရောင် လှုပ်ရှားမှု ၂ နှစ်ပြည့်ချိန်တွင် သံဃာတချို့ ဖမ်းဆီးခံရ

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ နီးကပ်လာချိန်တွင် ထိုလှုပ်ရှားမှု စတင် ဖြစ်ပွားခဲ့ရာ မကွေးတိုင်း အတွင်းရှိ ရဟန်း သံဃာများကို အာဏာပိုင်တို့က ဖမ်းဆီး

မြောက်ကိုရီးယား၏ သဝဏ်လွှာ စာပေစိစစ်ရေးက ခွင့်ပြု

အာဏာရှင် မြောက်ကိုရီးယား နိုင်ငံတည်ထောင်ခြင်း ၆၁ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထည့်သွင်းသည့် သ၀ဏ်လွှာတခုကို စာပေစိစစ်ရေးဌာနက ယခုတပတ်ထုတ် ပြည်တွင်းသတင်း

ကိုးကန့်ဒေသ တိုက်ပွဲပြီးဆုံးသော်လည်း စစ်ရေးတင်းမာမှု မြင့်မားဆဲ

ကိုးကန့်ဒေသ အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ စနေနေ့တွင် အဆုံးသတ်သွားပြီး နယ်မြေအခြေအနေ တည်ငြိမ်နေပြီ ဖြစ်သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ

အပြည့်အစုံသို့...

DVB-သတင်းများ


more

more | audio

အပြည့်အစုံသို့...

မဇ္ဈိမသတင်းများ

နယ်စပ်ကုန်သွယ်ရေး

သံဃာတော်များအား စောင့်ကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေ

သံဃာတော်များ ဦးဆောင်လှုပ်ရှားသည့် နှစ်ပတ်လည်ကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ မြို့နယ်အချို့တွင် အာဏာပိုင်များက ဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်ရှာဖွေ ...

အပြည့်အစုံသို့...

သူရိယ-သတင်း

အမေရိကန်ဆန့်ကျင်ရေးအရှိန်ကို စစ်အစိုးရ လျှော့ချနေပြီ

- ကိုးကန့်တပ်ဖွဲ့ဝင် (၇၀၀) ကျော် တရုတ်အစိုးရထံ လက်နက်ချ
-လောက်လေးခွနှင့် တုတ်များ စစ်တပ် တပ်ရင်းများတွင် ပြုလုပ်
- တရုတ်-မြန်မာနယ်စပ် လုံခြုံရေးတင်းကျပ်

ပြည့်အစုံဖတ်ရန်

- ဂျပန်ရွေးကောက်ပွဲ စတင်

-ဘုန်းတော်ကြီး ဒလိုင်းလားမား တိုင်ဝမ်ရောက်ရှိ
- အမေရိကန်နိုင်ငံက အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိအောင် ကြိုးပမ်းမှု

အပြည့်အစုံဖတ်ရန်

အပြည့်အစုံသို့...

ခြေလေးချောင်း တော်လှန်ရေး


ခြေလေးချောင်း တော်လှန်ရေး











ဆရာကြီး သခင်ဗသောင်း မြန်မာမှု ပြုထားတဲ့ George Orwell ရဲ့ "Animal Farm" စာအုပ်အကြောင်း ကို စာဖတ်သူတွေ အတွက် ဝေမျှ ပေးချင်ပါတယ် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း ကနေ ပြီးတော့ ထုတ်ဝေခဲ့တဲ့ စာအုပ်ကောင်းတွေ ထဲက တအုပ်လဲ ဖြစ်ပါတယ်။

Read more...
http://peoplemediavoice.com/books/

အပြည့်အစုံသို့...

ရွှေပြည်မြန်မာ မျှော်တိုင်းဝေး

ရဲသွေး

မြန်မာစစ်အုပ်စုအနေနဲ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် နေအိမ် အကျယ်ချုပ် (၁၈) လ ထပ်မံချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန် ပြောဆိုမှုတွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့အတွက် ပြောင်းသာပြင်သာတဲ့နည်းတွေကို အသုံးပြုပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ဖော်ပြနိုင်ဖို့ ကောင်းမွန်တဲ့အခွင့်အရေးတရပ်ကို ရရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လ (၁၄) ရက်နေ့က ဗာဂျီးနီးယားပြည်နယ်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ရဲ့ အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အဲဒီအခွင့်အရေးကို နအဖက မိမိရရ အသုံးချနိုင်ခဲ့တာပါ။

ခွင့်ပြုချက်မရဘဲ ရေထဲဆင်းခဲ့တဲ့ မစ္စတာယက်တောနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအပေါ်မှာ အမေရိကန် အပါအဝင် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုတွေကို လျှော့ပါးစေဖို့ စစ်အစိုးရက အရေးကြီးတဲ့ အဆင့် (၂) ဆင့်ခွဲပြီး ကိုင်တွယ်ဖြေရှင်းခဲ့တာကို တွေ့ရပါတယ်။ ပထမအချက်ကတော့ မစ္စတာယက်တောကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၇)နှစ် ကျခံစေပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အမေရိကားကို ပြန်ပို့ပေးဖို့ သဘောတူ ခဲ့တဲ့ ကိစ္စပါ။ ဒုတိယအနေနဲ့ကတော့ အထက်လွှတ်တော်အမတ် ဂျင်ဝက်ကို ဗိုလ်သန်းရွှေနဲ့ရော ဒေါ်စုနဲ့ပါ တွေ့ဆုံခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုဆင် ဆက်လက်ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချထားဖို့ စစ်အစိုးရရဲ့ အသုံးပြုခံရတဲ့ မစ္စတာယက်တောကို သြဂုတ်လ (၁၁) ရက်နေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၇) နှစ် အမိန့် ချပြီးမှ ပြန်လွှတ်ပေးလိုက်တာဟာ လူသားချင်းစာနာမှုနဲ့ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတလှမ်းဖြစ်ကြောင်း နိုင်ငံတကာနဲ့ပြည်သူကို ဝါဒဖြန့်ပြီး နိုင်ငံရေးအမြတ်ထုတ်နိုင်ခဲ့ပါတယ်။

တကယ်တမ်းမှာတော့ စစ်အုပ်စုခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကိုသာ ကြောက်ရွံ့ကြတာဖြစ်ပြီး မစ္စတာယက်တောကိုတော့ စာရင်းထဲတောင် မထည့်ကြပါဘူး။ ဒါပေမယ့် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ရွေးချယ်မခံနိုင်အောင် ဖယ်ထုတ်ထားနိုင်ဖို့အတွက် မစ္စတာယက်တောနဲ့ ပတ်သက်တဲ့ အမှုကိစ္စဟာ လုံလောက်တဲ့ အကြောင်းပြချက်တခု ဖြစ်ပါတယ်။

လွှတ်တော်အမတ် ဂျင်ဝက်ရဲ့ အရှေ့တောင်အာရှရေးရာ မူဝါဒကို မြန်မာစစ်အုပ်စု ခေါင်းဆောင်တွေ ကောင်းကောင်း သဘောပေါက်ကြပါတယ်။ အိုဘားမားအစိုးရရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ရှုမြင်သုံးသပ်ချက်တွေ အရလည်း ဂျင်ဝက်က မြန်မာစစ်အုပ်စုနဲ့ ဒီကိစ္စမှာ စေ့စပ်ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အကျေအလည် ပြောဆိုဆွေးနွေးနိုင်ခဲ့တဲ့ ဂျင်ဝက်ဟာ အမေရိကန် အိမ်ဖြူတော်က တရားဝင်စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တယောက် မဟုတ်ပေမယ့်လည်း အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံခြားဆက်ဆံရေးဆပ်ကော်မတီမှာ ဥက္ကဌ တယောက် ဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၁၉၈၈ ကစပြီး ဒီနေ့အထိ မြန်မာစစ်အုပ်စုအပေါ်မှာ အမျိုးမျိုး ဝေဖန် ပြစ်တင် လာခဲ့ပါတယ်။ မြန်မာစစ်အုပ်စုအနေနဲ့ကလည်း ဝါရှင်တန်ရဲ့သြဇာဖြန့်ကျက်မှုအပေါ်မှာ တစိတ်တပိုင်း အားဖြင့် စိုးရိမ်ထိတ်လန့်မှုဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရဲ့ တနိုင်ငံတည်းသော ကမ္ဘာ့ အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်နိုင်မှုနဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို ထည့်တွက်မိလို့လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း အမေရိကန် သမ္မတလောင်းအိုဘားမားက နောက်ဆုံးအဆင့် ရွေးကောက်ပွဲမှာ အနိုင်ရ ပြီးတဲ့အခါ မြန်မာစစ်အုပ်စုခေါင်းဆောင်က ကြိုဆိုထောက်ခံခဲ့တာဟာ အများသူငါအတွက်တော့ အံအားသင့် စရာ အချက်တချက်ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားရဲ့ (၄၄) ဆက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးမှာလည်း ဗိုလ်သန်းရွှေက ထပ်မံပြီး ကြိုဆိုခဲ့ပြန်ပါသေးတယ်။ ပထမဆုံး အမေရိကန် လူမည်းသမ္မတ မစ္စတာ အိုဘားမား ရဲ့ စည်းရုံးလှုံ့ဆော်ဟောပြောပွဲတွေမှာ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒတွေအရ လက်တွေ့ကျတဲ့ သံတမန် ဆက်ဆံရေး အခင်းအကျင်း ကဏ္ဍသစ်တခု ဖွင့်လှစ်နိုင်လိမ့်မယ်လို့လည်း ဗိုလ်သန်းရွှေက အကောင်း မြင်ခဲ့ပုံ ပေါ်ပါတယ်။

အဲဒီတပြိုင်နက်တည်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကိစ္စပေါ်တဲ့အခါတိုင်း တရုတ်နဲ့ရုရှကို မြန်မာဘက်ပါအောင် ဆွဲဆောင်စည်းရုံးထားနိုင်သမျှကာလပတ်လုံး ဆုံးဖြတ်ချက်တွေ အရာမထင်နိုင်တာ ကိုလည်း ကောင်းကောင်း နားလည်ထားပါတယ်။

ဝါရှင်တန်အနေနဲ့ နေပြည်တော်ကို တဖက်သတ်အစီအစဉ်တွေ ချမှတ်ပြီး စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ အစီအစဉ် မရှိပေမယ့်လည်းပဲ အထူးသဖြင့် အမေရိကန်ရဲ့ အီရတ်အပေါ် ကျူးကျော်စစ်ပွဲကို တွေမြင်လိုက်ရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအတွက်တော့ စိုးရိမ်မကင်း ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လက ကုလအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းခဲ့တာကို စစ်အုပ်စု အကြီးအကဲ ဗိုလ်သန်းရွှေက လျစ်လျှူရှုခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ တရားရင်ဆိုင်နေရတာမို့ တွေ့ခွင့်မပေးနိုင်ဘူးလို့ မြန်မာစစ်ခေါင်းဆောင်က အကြောင်းပြချက် ပေးခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်တိုင် သွားရောက်ပြီး စေ့စပ်ညှိနှိုင်း နည်းလမ်းရှာခဲ့တာတောင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလ အတွင်း လက်ခံနိုင်လောက်တဲ့ ခိုင်မာတဲ့ဖြေရှင်းနည်းနာ တစုံတရာကို မမြင်တွေ့ခဲ့ရပါဘူး။

ဒါဟာ တစိတ်တပိုင်းအရ စစ်အုပ်စုရဲ့ စိတ်သဘောထား သေးသိမ်ကျဉ်းမြောင်းမှုတွေကို ဖော်ပြနေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် ထိရောက်တဲ့ဖိအား မပေးနိုင်တာကိုလည်း ထင်ရှားစေ
ပါတယ်။ အချို့သော ခရီးစဉ်တွေမှာ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က မြန်မာ
နိုင်ငံတင် မကသေးဘဲ မြန်မာ့မိတ်ဆွေ နိုင်ငံတွေကိုပါ လှည့်လည်ညှိနှိုင်းပြီး စစ်အုပ်စုကို ဖျောင်းဖျနားချခဲ့တာ
တောင်မှ အောင်မြင်တဲ့အကျိုးရလဒ်ကို မရရှိခဲ့ပါဘူး။

အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါ် အာဆီယံအဖွဲ့ရဲ့ စေ့စပ်ညှိနှိုင်းရေး မူဝါဒတွေကလည်းပဲ အဖွဲ့ဝင်
ဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် ခိုင်မာတဲ့ဖြေရှင်းနည်းနာ တစုံတရာကို မချမှတ်နိုင်ခဲ့ပါဘူး။ တကယ်လို့ မြန်မာနိုင်ငံ
မှာ ဒီမိုကရက်တစ်လူ့ဘောင်တခု စတင်ထူထောင်နိုင်အောင် ဝိုင်းဝန်းကူညီကြဖို့ အလေးအနက် စဉ်းစား ထားတယ် ဆိုရင် အမေရိကန်အစိုးရဟာ အထိရောက်ဆုံး အကျိုးဆောင်ပေးနိုင်တဲ့ နိုင်ငံတခု ဖြစ်လာနိုင် ပါတယ်။ ဒါဟာ အကျိုးအကြောင်း မဆီလျှော်ဘဲ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ လှုံ့ဆော်နေတာ မဟုတ်ပေမယ့်လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ခေါင်းမာတဲ့ စစ်အုပ်စုနဲ့ စေ့စပ် ညှိနှိုင်း တဲ့အခါ မုန့်ပြ တုတ်ပြ မူဝါဒကို ကျင့်သုံးသင့်ပါတယ်။

အထူးသံတမန်တယောက်ဟာ ဒေသတွင်းမှာ ကိုင်တွယ်ရမယ့် ဖြေရှင်းနည်းနာတွေကို သိရှိနားလည်လိမ့်မှာ ဖြစ်ပေမယ့်လည်း အရှေ့အာရှရေးရာ သံအမတ်အသစ်အဖြစ် ဆောင်ရွက်ဖို့ မစ္စတာ ကာ့ထ် ကမ်ဗယ်လ် ကို ခန့်အပ် တာဝန်ပေးလာနိုင်ပါတယ်။ အထီးကျန်ဆန်ခြင်းတွေက မအောင်မြင်မှုတွေနဲ့အတူ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပေမယ့် အခုအချိန်ဟာဖြင့် စေ့စပ်ညှိနှိုင်းဖို့ အခွင့်အရေးတခု ပေးသင့်တဲ့အချိန်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သန်းရွှေကို တွေ့ဆုံခွင့်ရခဲ့တဲ့ လွှတ်တော်အမတ် မစ္စတာဂျင်ဝက်အနေနဲ့ အန်အယ်ဒီနဲ့ နအဖ ဘက်နှစ်ဘက်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင် သွားမယ့် အစီအစဉ်တွေနဲ့ အမြင်သဘောထားတွေကို ထုတ်ဖော်ပြောကြားသင့်ပါတယ်။

ကုလလုံခြုံရေးကောင်စီက နအဖစစ်အုပ်စုအပေါ် သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်ဖို့ သဘော တူညီမှု မရနိုင်သေးပေမယ့် အကယ်၍ ဝါရှင်တန်က မြန်မာ့အရေးအတွက် စေ့စပ်ညှိနှိုင်းရေးကို ရွေးချယ် လိုက်တယ် ဆိုရင် တရုတ်နဲ့ရုရှကလည်း မြန်မာပြည်အပေါ် ကျောထောက်နောက်ခံပေးရေး မူဝါဒကို ပစ်ပယ်လာနိုင်စရာ အကြောင်းရှိပါတယ်။

မြန်မာ့အရေး စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ စစ်အုပ်စုက သက်တောင့်သက်သာ အခြေအနေတခုအဖြစ် အလွယ်တကူ လက်မခံနိုင်သေးသမျှတော့ ဆက်လက်ဖြစ်ပေါ်နေအုံးမယ့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေ အတွက် ရွှေပြည်တော် မျှော်တိုင်းဝေး နေအုံးမှာပဲ ဖြစ်ပါတယ်။ မြန်မာ့အရေးအတွက် တွေ့ဆုံဆွေးနွေးကြတဲ့ အခါ တိုင်းရင်းသားလူမျိုးပေါင်းစုံအပါအဝင် လက်ရှိအာဏာရ စစ်အုပ်စုနဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အစုံအလင်ပါဝင်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

ရဲသွေး

* 20.8.2009 ထုတ် ကိုရီးယားတိုင်းမ်သတင်းစာ သတင်းသုံးသပ်ချက်ကဏ္ဍမှ Nehginpao Kipgen ရေးသားသော Possible way out of Myanmar ဆောင်းပါးအား ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။

Read More...

http://www.peoplevolunteersassociation.blogspot.com/

အပြည့်အစုံသို့...

အန်ဒါမန်ဟီးရိုး-သတင်းများ

* ကိုးကန့်နယ်‌‌မြေပုံမှန်‌‌ရောက်‌။ [Click]

* ရန်ကုန်မြို့နေကိုးကန့်ခေါင်းဆောင်တဦး၏ပိုင်ဆိုင်မှုများနအဖစစ်အစိုးရသိမ်းယူ [Click]

* စစ်တပ်ကနယ်စပ်ကုန်သည်ကြီးများ၏ဂိုဒေါင်ဖောက်ပစ္စည်းများယူ [Click]

* မြန်မာအမျိုးသမီးများအားလိင်ကုန်ကူးမှုကြီးထွားလာကြောင်းအစီရင်ခံစာတစောင်ထွက်ပေါ် [Click]

* ကိုးကန့်တပ်ဖွဲ့ဝင်များတရုတ်ပြည်ဘက်သို့ခိုလှုံတိုက်ပွဲများပြီးဆုံး [Click]

* ရန်ကုန်မြို့အဆင့်မီမြို့တော်ဖြစ်ရေးဒိုင်နာကားလိုင်းများမြို့ပြင်ထုတ်ပြေးဆွဲမည် [Click]

* ကြားဖြတ်ဖြင့်သပ်လျှိုလိုက်ခြင်း [Click]

* မလေးရှားထိန်းသိမ်းရေးစခန်းရှိမြန်မာအလုပ်သမားတဦးရောဂါရသေဆုံး [Click]

အပြည့်အစုံသို့...

VOA-သတင်းများ

kokant

တိုင်းရင်းသားလက်နက်ကိုင် ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရ တပ်ဖွဲ့ဝင်တွေကြား ပြီးခဲ့တဲ့ရက်တွေ အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုတော့ တိုက်ခိုက်မှုတွေ ရပ်တန့်သွားခဲ့ပါပြီ။

အပြည့်အစုံသို့...

Sunday, August 30, 2009

စစ်အုပ်စု၏ အဖမ်းအဆီးများနှင့် ပြန်လွှတ်ပေးသူများ စာရင်းရရှိသမျှ


မိုးမခအထောက်တော် ၀၀၄

သြဂုတ် ၂၉၊ ၂၀၀၉

သြဂုတ်လ ၁၆ ရက်နေ့က ကြို့ပင်ကောက်မြို့နယ်မှာ ဒေါ်စုလွတ်မြောက်ရေးစာတမ်းများ ဖြန့်ချိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ မမာမာအေးကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၆ က ကျောက်မြောင်းအင်တာနက်ဆိုင်မှာ ဖမ်းဆီးခံရသူ ကိုနိုင်ငံလင်း ဆိုသူကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ၎င်းသည် အင်န်အယ်ဒီရုံးချုပ်မှာ အင်္ဂလိပ်စာ ပြနေသူတဦး ဖြစ်ပါတယ်။ သြဂုတ်လ ၂၄ က နေအိမ်တွင် ဖမ်းဆီးခံရသူ ကိုမင်းသိန်းကိုလည်း ပြန်လည် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ နိုင်ငံခြားရေးရာ ၀န်ထမ်းများနဲ့ အင်န်အယ်ဒီလူကြီးများတွေ့ဆုံနေချိန်မှာ နိုင်ငံရေးဖိနှိပ်မှုတွေကို စစ်အုပ်စုက ဆက်လက်ဆောင်ရွက်နေဆဲပဲလို့ သတင်းပို့သူက မှတ်ချက်ပေးပါတယ်။

http://moemaka.com

အပြည့်အစုံသို့...

အပြစ်မဲ့ ၂ လကြာ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရသူ ပြန်လည်လွတ်မြောက်



အမှုစွဲ တရားရုံးတင်ခြင်းမရှိဘဲ ၂ လကျော်ကြာ ထိန်းသိမ်းခံခဲ့ရသည် ဒေါပုံမြို့နယ်မှ ကိုနိုင်ငံလင်းသည် ယမန်နေ့က အောင်သပြေစစ်ကြောရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသည်။

ယခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် စာသင်ကြားရာမှပြန်လာသူ ကိုနိုင်ငံလင်းကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်ကာ အောင်သပြေစစ်ကြောရေးစခန်းတွင် ၆၂ ရက်ကြာ ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

“မနေ့က (၁၂) နာရီခွဲမှာ ပြန်လွတ်လာတာပါ။ အိမ်ကို ကားနဲ့လိုက်ပို့ပါတယ်။ ဘာပြစ်မှုမှမရှိလို့ ပြန်လွှတ်တာလို့တော့ ပြောတယ်ဗျ၊ ကျနော်နဲ့အတူတူ အဖမ်းခံရတဲ့ ကိုကျော်ကျော်ကိုတော့ ပြန်မလွှတ်သေးဘူး။ သူ့ကို ဘယ်မှာထားတယ်ဆိုတာလဲ မသိရဘူး” ဟု ပြန်လည်လွတ်မြောက်လာသူ ကိုနိုင်ငံလင်းက ပြောသည်။

ရန်ကုန်မြို့ တာမွေကျောက်မြောင်းအနီး အင်တာနက်ဆိုင်တွင် အင်တာနက် အသုံးပြုနေစဉ် အမည်မသိသူ ၅ ဦးက ဖမ်းဆီးသဖြင့် လိုက်ပါသွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကြောရေးစခန်းသို့ရောက်ပြီး ၃ ရက်တိတိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် နောက်ထပ်မေးမြန်းမှုများ မပြုလုပ်တော့ဘဲ အခန်းတခုတွင် သီးသန့်ထားကာ ပြန်လည်မလွတ်မြောက်မီ ၆ ရက်ခန့်အလိုတွင် အချုပ်ခန်းထဲတွင် ချုပ်နှောင်ခံခဲ့ရပြီး လွတ်မြောက်လာသည့်ရက်အထိ ကောင်းမွန်စွာ နေထိုင်ခဲ့ရကြောင်း ကိုနိုင်ငံလင်းက ပြောသည်။

အောင်သပြေစစ်ကြောရေးစခန်းမှ မေးမြန်းချက်များနှင့်ပတ်သက်၍ ကိုနိုင်ငံလင်းက “အဓိကကတော့ ကျနော်ရဲ့ နောက်ကြောင်းရာဇဝင်ပဲ မေးတယ်။ ဘာလုပ်တယ်၊ အဓိက NLD ရုံးမှာ ဘာတာဝန်ရှိလဲလို့ မေးတယ်။ ကျနော်က အစဝင်ကတည်းက အင်္ဂလိပ်စာပဲ သင်တာ။ အဲဒါပဲ ပြောပြတယ်။ သူတို့က တခြားအဖွဲ့တွေ၊ ဖောက်ခွဲရေးအဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိလားဆိုပြီး စစ်တယ်၊ ကျနော်လည်းမသိတော့ မသိဘူးပဲပြောတာပေါ့။ နောက် ဒီတိုင်းပဲထားပြီး ကျနော့်ကို ဆက်မစစ်တော့ဘူး” ဟု ပြောသည်။

ကိုနိုင်ငံလင်းသည် ဒဂုံတက္ကသိုလ်တွင် သင်္ချာဘာသာရပ်အား သင်ကြားနေသူ တတိယနှစ်ကျောင်းသားဖြစ်ပြီး သူ အဖမ်းခံရစဉ် သူ၏ဇနီးသည် မခင်စန္ဒာဝင်းမှာ ကိုယ်ဝန်ဖြင့် နေအိမ်တွင်ကျန်ရစ်ခဲ့သည်။

ယခုကဲ့သို့ ဇနီးသည်နှင့့်် ပြန်ဆုံတွေ့ခွင့်ရသည်ကို ဝမ်းသာကြောင်း ပြောဆိုပြီး သူက “ကျနော်အရမ်း ဝမ်းသာပေမဲ့ အထဲမှာ ကျန်ခဲ့တဲ့ လူတွေအတွက်တော့ အရမ်းစိတ်မကောင်းဘူး။ အောင်သပြေစခန်းမှာ အမှုမတင်ဘဲ ရှိနေတဲ့ လူတွေ အရမ်းများတယ်လို့ ယူဆရပါတယ်။ ကျနော်ကတော့ သေသေချာချာ မသိဘူး။ လူတွေကတော့ အများကြီးပဲ။ ဘယ်သူတွေမှန်းတောင် မသိဘူး” ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာပြီးနောက် သူ၏ နဂိုမူလအလုပ်ဖြစ်သော NLD လူငယ်များကို အင်္ဂလိပ်စာသင်ကြားခြင်းနှင့် ပညာဒါနအဖြစ် စာသင်ကြားခြင်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆက်လက်ပြောဆိုသည်။

ရက်ပေါင်းမြောက်များစွာ ဖမ်းဆီးခံခဲ့ရသည့် သူ၏ ခံစားချက်နှင့်ပတ်သက်၍ ကိုနိုင်ငံလင်းက “ကျနော့်အတွက်ကတော့ ကျနော်ခံလိုက်ရပေမယ့် နည်းနည်းတော့ ဖြေနိုင်တာပေါ့။ ဒါပေမယ့် နောက်ဒီလို မဖြစ်စေလိုချင်ဘူး။ သူတို့ ခုလိုဖမ်းဆီးတာ လုံးဝတရားမဝင်ဘူး။ တရားမဝင်ဘူးဆိုတာ လူတယောက်ကို လမ်းမှာတွေ့ရင် ခေါ်သွားတယ်။ ပြီးတော့ ဖမ်းထားပြီးတော့ အကြာကြီး စစ်ဆေးတယ်။ ရမန်ကိုလည်း နှစ်ခါပဲယူရမှာကို အကြာကြီးယူတယ်။ အဲလိုမျိုးလုပ်တာကိုက လုံးဝ တရားမဝင်ဘူး။ အဲဒါတွေဟာ အစိုးရတရပ်မှာ မရှိသင့်ဘူးလို့ ထင်တယ်၊ ဒါပဲ ပြောချင်တယ်” ဟု ပြောဆိုသွားခဲ့သည်။
http://www.yoma3.org/

အပြည့်အစုံသို့...

စာရေးဆရာကြီး ပါရဂူ၏ “ ရာဇာ နှင့် သာသနာ ”

စာအုပ်
စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် အမီ
ဗမာပြည်တွင်း၌ ထွက်ရှိ



(ရှေ့  မျက်နှာဖုံး)


(နောက် ကျောဖုံး)
----------------------------------------------------------------------------------

ပါရဂူ
ရာဇာ နှင့် သာသနာ
(သမိုင်း၊ သာသနာဝင်၊ ရာဇ၀ံသများကို မွှေနှောက်ပြုစုထားသည့်စာအုပ်)

----------------------------------------------------------------------------------
ပထမအကြိမ် ပုံနှိပ်ခြင်း - ( ၂၀၀၉ ခုနှစ်၊ သြဂုတ်လ၊ အုပ်ရေ ၅၀၀ )
မျက်နှာဖုံးဒီဇိုင်း - ကျော်မင်းမောင်
( တန်ဖိုး - ၃၅၀၀ ကျပ် )
----------------------------------------------------------------------------------

ပါရဂူ၏ စာအုပ်အဖွင့် စကားပလ္လင်



အပြည့်အစုံသို့...

ဂျကာတာ ကွန်ဖရင့်



တစ်ပတ်လောက်အတွင်း (အင်တာနက်)မှာ (ဂျကာတာ ကွန်ဖရင့်)နဲ့ပတ်သက်ပြီး ရေးနေကြတာတချို့ကို ဖတ်ရပါတယ်။ အပြုသဘောတွေကို ကျေးဇူးတင်ရမှာပါ။ တကယ်လို့ “Proposal for National Reconciliation” ဆိုတာကို ထုတ်ပြန်ခဲ့တဲ့ Movement for Democracy and Rights of Ethnic Nationalities ရဲ့ အစည်းအဝေးကိစ္စမှာ မရှင်းတာလေးတွေ ရှိနေပါရင် ကျွန်တော် ဒီလို ပြန်လည်ရေးသား အစီရင်ခံပါရစေ။

(ဂျကာတာ)ကွန်ဖရင့်ပြီးရင် ဥရောပကွန်ဖရင့်တခု ရှိသေးတယ်ဆိုတာကိုတော့ ရိုးရိုးသားသားပြောရရင် ကျွန်တော် အခုထိ မသိသေးပါ။ အဲဒီကွန်ဖရင့်မှာ အန်စီဂျီယူဘီ၊ အန်စီယူဘီ၊ အီးအန်စီ၊ အပြင် တတိယအုပ်စုပါမယ်ဆိုတာလည်း မသိပါ။

အတိအကျ သိတာကိုသာ ရေးပါမယ်။ ဂျကာတာမှာ လုပ်ခဲ့တာက NCGUB, NCUB, ENC, WLB, FDB, SYCB နဲ့ NYF ဆိုတဲ့ ညွန့်ပေါင်းအဖွဲ့ (၇)ဖွဲ့ဖြစ်ကြပါတယ်။ ဒီခုနစ်ဖွဲ့လုံးဟာ သိပြီးဖြစ်တဲ့အတိုင်း ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူ ညီမျှမှု၊ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ ဗျူဟာပိုင်းမှာ တူညီကြပါတယ်။ နောက်ပြီး၊ (ဆန်ရှင်)ကိစ္စမှာလည်း တူကြသလို၊ ၂၀၀၈-၂၀၁၀ မှာလည်း တူကြပါတယ်။ တူတယ်ဆိုတာထက် တွဲလုပ်နေကြတာမို့ နားလည်မှုတွေ အထူးရှိကြတာကို ပြောချင်တာပါ။

တတိယအုပ်စုဆိုတာ ဘယ်ဟာကို ရည်ညွှန်းလဲ တိတိကျကျ မမှန်းတတ်ပါ။ တကယ်လို့ စစ်အုပ်စုမဟုတ်ပေမဲ့ (ဆန်ရှင်)၊ ဖွံ့ဖြိုးရေး၊ ၂၀၁၀ ဆိုတာတွေမှာ ကျွန်တော်တို့နဲ့ မတူသူများကို တတိယလို့ ခေါ်မယ်ဆိုရင်ဖြင့် (ဂျကာတာ)မှာ သူတို့ မပါပါခင်ဗျား။ သိတဲ့အတိုင်း မြန်မာရေဒီယိုတွေက မတူဘူးထင်သူတွေကို တွဲထုတ်ပေးတာ ခေတ်စားနေတာမို့ သူတို့တတွေနဲ့ ရေဒီယိုတွေမှာ အတူတူ စကားပြောချင်ပြောပါမယ်။ ဘုံလုပ်ငန်းတခု ချရေးမှာတော့ သူတို့မပါပါ။ သူတို့လုပ်လည်း ကျွန်တော်တို့ကို ခေါ်မှာ မဟုတ်ပါ။ အတိုက်အခံတွေ မညီညွတ်ဘူးလို့ပြောလဲ ခံနေရဦးမှာပါ။

(ဂျကာတာ)ကနေ ညီညွတ်မှုတစ်ခု ရတာပါ။ အနိမ့်ဆုံးအားဖြင့် နိုင်ငံတကာရောင်းကုန်တစ်ခုကို တညီတညွတ် ထုတ်လုပ်ခဲ့ကြတာပါ။ ၀ယ်တာ၊ မ၀ယ်တာက နောက်မေးခွန်းတစ်ခု ဖြစ်ပါမယ်။ နိုင်ငံရေးစေတနာပါပါ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ (အာစီယံ)ထဲသွားထိုင်ပြီး အသံထွက်ခဲ့ကြတာလည်း ဖြစ်ပါသေးတယ်။ တစ်ဖွဲ့မှာ တစ်ခုစီလောက် (ရုပ်မက်) တို့ အသွင်ကူးပြောင်းရေး အစီအစဉ်ဆိုတာတွေ ရှိနေတဲ့အထဲ၊ (အနည်းဆုံးတော့) ဒီအဖွဲ့အစည်းတွေကဖြင့် တခုထဲ ဒါပါလို့ ပြောနိုင်တဲ့ အဆင့်တခုကို ရောက်ခဲ့တာပါ။

“ကိုယ်မကြိုက်တာတော့ သိတယ် ကိုယ်ကြိုက်တာကိုယ် မသိဘူး” လို့ အထင်ခံနေရာကနေ “ကျုပ်တို့မှာ ဒီအမြင်တွေ အတူတကွ ရှိကြတယ်”လို့ ပြောနိုင်လာတာ ဖြစ်ပါသေးတယ်။ ကျွန်တော်တို့အတွက် သက်သက်မဟုတ် အုပ်စိုးသူများလဲ ပါဝင်နိုင်တဲ့ အစီအစဉ်တရပ်ကို တင်ပြတာမို့ ဒီအဆိုပြုချက်ဟာ အဖြစ်ချင်ဆုံး (အိုင်ဒီးလ်)တွေတော့ မဟုတ်ပါ ခင်ဗျား။

ခုနစ်ဖွဲ့ဟာ “အားလုံး” လို့ မပြောပါ။ ကနေ့ကာလ အခင်းအကျင်းအရ လူဘယ်လောက်များများ တနေရာထဲ စုလို့ရမှာလဲ။ ပြည်တွင်းမှာသာမက အပြင်မှာလဲ အခြေအနေက ပေးတာမဟုတ်ပါ။ (၇)ဖွဲ့ကိုတောင် အချိန်၊ အရင်းအမြစ်နဲ့ သန္နိဋ္ဌာန်တွေ အတော်ကြီး စုစည်းခဲ့ရတာပါ။ ဒီလိုစုစည်းနိုင်တာထက် ပိုကျယ်ပြန့်တာမျိုး ဖြစ်နိုင်ရင် ဘယ်သူကမဆို ကြိုဆိုကြမယ် ထင်ပါတယ်။ (၇)ဖွဲ့ကလဲ ဒို့ချည်းဘဲကွ မဟုတ်ပါ။ ဆက်လုပ်ရာ၊ တွဲလုပ်စရာတွေ တလှေကြီး ရှိပါသေးတယ်။

အခုထိတော့ ထုတ်ပြောလို့ရမဲ့ အဖွဲ့တွေထက်ပိုပြီး တိုင်ပင်ညှိနှိုင်းတာတွေ လုပ်ထားပြီးပါပြီ။ သဘောထားရယူတာတွေ၊ ဖြည့်စွက်ချက်တွေလဲ ပါသွားပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လက အစပျိုးအဖွဲ့အစည်းရဲ့ မူကြမ်းဟာ အခုလောက်ထိ မပြည့်စုံခဲ့ပါ။

နောင်လည်း ပိုပြည့်စုံတဲ့တိုင်အောင် မစွံတဲ့ရောင်းကုန်ဖြစ်ဖို့က အများကြီး ဖြစ်နိုင်ပါတယ်။ စစ်အုပ်စုအပါအ၀င် (စတိတ်-ဟိုးလ်ဒါး) လို့ ခေါ်သူအားလုံး ပါပြီး၊ အတူတူထိုင်ဆွဲတာမျိုးဖြစ်မှ စွန်မှာပါ။ အဲဒီအဆင့် မရောက်နိုင်မီ အတူတကွ ထိုင်နိုင်ကြသူများကနေ အကျယ်ပြန့်ဆုံး အစီအစဉ်တစ်ခုကို တင်ပြလိုက်ကြတာဖြစ်ပါတယ်။

အရင်က မရှိသေးတာတစ်ခုကို စလုပ်တာဟာ သမိုင်းတွင်တယ်လို့ဆိုရင် (ဂျကာတာ)ဟာ သမိုင်းလေးတခုပါ။ အချိန်ကောင်းတော့ ဟုတ်မသွားပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်မှု လုပ်လိုက်တာနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အဆိုပြုချက်ဟာ တစ်ချိန်တည်းဆိုသလို ထွက်ခဲ့ရပါတယ်။ တဖက်က အာဃာတ ကြီးမားဆဲကာလမှာ အပြုသဘောဆောင် တင်ပြချက်လုပ်တာဟာ အားနည်းချက်လို့ မယူဆစေလိုပါ။ ကျွန်တော်တို့ ကံမကောင်းဖြစ်ဆဲပါ။

၂၀၀၃ (ရုပ်မက်)ကလွဲရင် ဘာမှ မရှိတော့ဘူးဆိုသူများ စိတ်ဝင်စားလာစေချင်ပါတယ်။ သိချင်-ဖြည့်ချင်-ပါချင်သူများ ရှိလာရင် တွေ့ဆုံ ဆွေးနွေးရေးတစ်ခု ရလာတာပဲ ဖြစ်ပါမယ်။ ကြားကနေ သွားပြောမဲ့သူများကလည်း တဖက်က “ဒါ” ရှိတယ်လို့ သယ်သွားစေဖို့လည်း မှန်းပါတယ်။

ကိုယ်လုပ်ရမယ့်အလုပ်ကို စိတ်ကောင်းစေတနာ မှန်မှန်နဲ့ မဆုပ်မနစ် လုပ်နေကြသူတွေကို လေးစားပါတယ်ခင်ဗျား။

တင့်ဆွေ
http://bigbbrown.blogspot.com/

အပြည့်အစုံသို့...

New Yettaw?


NLD ဒုဥက္ကဌ ဦးတင်ဦး၏ အကျယ်ချုပ် နေအိမ်ခြံဝင်းအတွင်း

အမေရိကန် နောက်တစ်ကောင် ခိုးဝင်၊ နေထိုင်ခြင်းအမှု


(ဦးတင်ဦး၏ နေအိမ်ခြံဝင်းအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်ခဲ့သည့် အကောင်အား အမေရိကန်သံရုံးမှ တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းနေစဉ်)

ယမန်နေ့ ညဦးပိုင်းအချိန်တွင် ဘဘဦးတင်ဦး နေအိမ် ခြံဝင်းအတွင်း မသင်္ကာဖွယ်ရာ ပုတ်သင်ညိုတစ်ကောင် တွေ့ရှိပါသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်မှီဝင်ရောက်၍ အဆိုပါ ပုတ်သင်ညိုအား ဖမ်းဆီးထိမ်းသိမ်း လိုက်သည်။

နေပြည်တော်မှ လာသည့် သတင်းများအရ ဘဘဦးတင်ဦးအား ခြံဝင်းအတွင်း ပုတ်သင်ညိုတွေ့ရှိသည့်အမှုဖြင့် အရေးယူရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။

အဆိုပါ ပုတ်သင်ညိုအား အမေရိကန်အစိုးရဧ။် အကူအညီနှင့် သစ်ပင်ပေါ်သို့ ပြန်လည် ပို့ဆောင် ပေးရန် နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆုံးဖြတ်လိုက်ကြောင်း နှင့် တရုတ်အစိုးရမှ ဤသည်မှာ မြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး အင်အားကြီးနိုင်ငံများအနေဖြင့် ၀င်ရောက် မစွက်ဖက်သင့်ကြောင်း။

ကုလသမဂ္ဂမှလည်း ၄င်းတို့ စိုးရိမ်ပူပန်မိကြောင်း ကြေညာချက်ထုတ်ပြန်ရန် အချိန် ၃ ရက် ယူမှာဖြစ်ကြောင်း နောက်ဆက်တွဲ သတင်းထပ်မံရရှိပါသည်။


(အေဘီစီဒီ သတင်းထောက်)
-----------------------------------------------------------------

အီးမေးလ်မှ တစ်ဆင့် ရရှိသည်ကို ပြန်လည် မျှဝေပါသည်။

-----------------------------------------------------------------
ပုတ်သင်ညိုပုံကို http://myitchyfingers.wordpress.com/tag/education/page/2/ မှ ရယူုပါသည်။

အပြည့်အစုံသို့...

ပခုက္ကူ က “ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ်” ဆိုသည့် “ ဒေါင်းယောင် ဆောင် တဲ့ ကျီး “ များ


29/08/2009
Photobucket
Photobucket
Photobucket
မကွေးတိုင်း ပခုက္က ခရိုင် အတွင်း နအဖ ရဲ့တပည့် လက် သားများ မှနေ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ တရားဝင် အမှတ်တံဆိပ် အမှတ်အသားတခု နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အလံ ၂ ခု တို့  အားဘမ်း ပြ၍ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ဟု ဆို ကာ ရုံးခန်းဖွင့် လှစ်ခြင်း ၊ အစည်းဝေး ခေါ်ယူခြင်းများကို ပြည်သူလူထု သို့  တရားဝင် ပါတီ များ ဖွဲ့ စည်းခွင့် နှင့် ဆိုင်းဘုတ် တင် ခွင့် ရှိပြီ ဖြစ်ကြောင်းတရားဝင် မကြေငြာပါပဲ နှင့်  ယခုလို့  မြို့  လည် ခေါင် မှာ “ ဒေါင်းယောင် ဆောင် တဲ့ ကျီး “ များ ကဲ့ သို့ ဗြောင်ကျကျ လုပ် ဆောင်လျှက် ရှိနေပါသည် ။

အဆိုပါ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ ဖွင့် လှစ် သည် နေရာမှာ ဦးဝင်းဇော် ဆို သူ ၏ နေအိမ် ဖြစ်ပြီး ၁၇ -လမ်း ၊ အမှတ် ( ၁၁ ) ရပ်ကွက် ၊ ပခုက္ကူမြို့  တွင် ဖြစ် ပါ သည် ။ ၎င်း ဦးဝင်းဇော် သည် အမတ်အဖြစ် အရွေးခံ မည့်  သူ ဖြစ် ပြီး ရွာပေးကျောင်းဆရာ အဖြစ်လည်းကောင်း ၊

ဆီစက် ပဲခွဲစက်များတွင် လည်းကောင်း ၀င်ရောက် အလုပ်လုပ် ကိုင် ခဲ့ပြီး ယခုအခါတွင် ဘောလုံးပွဲ ၂ - ၃ လုံးထီ ဒိုင်ဖွင့် လှစ်ကာ အာဏာပိုင်များနှင့် ပူးပေါင်းကာစီးပွားရေး လမ်းဖြောင့် နေသူ ဖြစ် ပါ သည် ။ မတ်ရပ် ပြောနေသူမှာ ဦးတင် မြိုင် ( တ စ ည ) ဟောင်းတဦး ဖြစ် ပါ သည် ။

အထက်ပါအခန်းအနားသို့  တက်ရောက်ခဲ့သူများမှာတော့  ၂ လုံးထီ ချဲ စသည် လက်ခွဲ ရောင်းချနေသော ရပ်ကွက် ထဲ မှ ရဲနှင့် မလွတ်ကင်းကြသည့် သူများသာ ဖြစ်သည် ။

သို့ ပါသော်လည်း တရားဝင် ပါတီဖြစ် သည့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးများကိုတော့  အကြောင်းပြချက် မရှိပဲ ပိတ်ထားခဲ့ သည်မှာကာလာကြာပြီ ဖြစ်သည့်  အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပွင့်ဖြူမြို့  နယ် စည်းရုံး ရေး အဖွဲ့  ဆိုင်းဘုတ်အား မြို့  နယ်အာဏာပိုင်တို့  မှ လာရောက်၍ ဖြုတ်ချခိုင်းခြင်း ၊ အဖွဲ့ ဝင် တို့ မှ ဖြုတ်ချ မပေးနိုင်ကြောင်း ပြန် လည် ပြောကြားသော အခါ ၎င်းညတွင်ပင်အမျိုးအမည်မသိအဖွဲ့ အစည်းမှ ခိုးကြောင်ခိုးဝှက် ဖြုတ်ယူသွားခြင်း ။ အဖွဲ့ ချုပ် မှတရားဝင်ထုတ်ပြန် ကြေငြာချက်များ စာရွက်စာတမ်းများကို သက်ဆိုင်ရာမြို့  နယ် များတွင် ဖြန့် ဝေခြင်းမပြုရန် မြို့  နယ် အာဏာပိုင်အဖွဲ့  အစည်း မှ ခေါ်ယူပိတ်ပင်တာဆီးခြင်း ၊ စသည်တို့  ကိုပြုလုပ်လျှက်ရှိပါသည် ။ ( ဥပမာ - ပခုက္ကူ ကံမ မြို့  နယ် မှ လူငယ် အဖွဲ့ ဝင်ကိုဌေးဝင်းနှင့်  ပခုက္ကူမြို့  နယ်စည်းအဖွဲ့ ဝင် ဦးပိုက်ကို တို့  အား မြို့  နယ် အာဏာ ပိုင်အဖွဲ့ အစည်းမှ ခေါ်ယူ တားမြစ်သတိပေးခဲ့ ခြင်း ) များကို တဖက်သက် နှိပ်ကွပ်လျှက် ရှိပါကြောင်း တင် ပြ လိုက်ရ ပါသည် ။
http://www.freeforcountry.co.cc/

အပြည့်အစုံသို့...

အာဖဂန်သမ္မတ ရွေးကောက်ပွဲ ဟာမစ်ခါဇိုင်း အသာစီးရ

အာဖဂန်သမ္မတ ရွေးကောက်ပွဲ ဟာမစ်ခါဇိုင်း အသာစီးရ

- တောင်ပိုင်းအာဖဂန် ဗုံးကွဲမှုကြောင့် လူ (၄၀) သေဆုံး
- မြောက်ကိုရီးယားနဲ့ တိုက်ရိုက်ဆွေးနွေးပွဲလုပ်ဖို့ ဆန္ဒမရှိ

အပြည့်အစုံဖတ်ရန်

မင်းကိုနိင်

ထုချေကြ ရက်စက်ကြ
ကျုပ်အသဲကို ချေမွကြ
ထပ်ခါချေ နာနာချေ
ပျက်စဉ် ခဏပေ-----။ ။ ---၁၄။၈

အပြည့်အစုံဖတ်ရန်

http://www.thuriya.org/

အပြည့်အစုံသို့...

ခေတ်ပြိုင်သတင်းများ

အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တွေ့ဆုံ
မြန်မာ့နိုင်ငံရေးအခြေအနေများ ဆွေးနွေး


NEJ / ၂၉ သြဂုတ် ၂၀၀၉

“သူတို့ပြောတဲ့စကားတွေအရပဲ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ လာရောက်စုဆောင်းတယ်ဆိုတာ ပေါ်နေတယ်။ ဘယ်အတွက်လဲဆိုတာက ကွန်ဂရက် အတွက်လား၊ မူဝါဒသစ် အတွက်လား ဒါတော့ .....”အပြည့်အစုံသို့


အပြည့်အစုံသို့...

ဧရာဝတီ-သတင်းများ

ကိုးကန့် တပ်ဖွဲ့ဝင် ၇၀၀ ကျော် တရုတ်အစိုးရထံ လက်နက်ချ

ကိုးကန့် တပ်ဖွဲ့ဝင် ၇၀၀ ကျော် တရုတ်အစိုးရထံ လက်နက်ချ

ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ၇၀၀ကျော်သည် ယနေ့နေ့လယ်ပိုင်းက တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်သွားပြီး တရုတ်အစိုးရထံတွင် လက်နက်အပ်လိုက်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလို၍ ကိုးကန့်စစ် ဖန်တီးဟု ဆို

စစ်အစိုးရသည် ကိုးကန့်ဒေသနှင့် နယ်စပ်ဒေသများတွင် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များနှင့် ပြည်တွင်းစစ် ဖန်တီးတိုက်ခိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်ဟူသော ထင်မြင်ယူဆချက်များ ရန်ကုန်မြို့ နေ ပြည်သူများအကြားတွင် ပျံ့နှံ့နေကြောင်း သိရှိရသည်။

အမေရိကန် ကိုယ်စားလှယ်များ နှင့် NLD တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင်များနှင့် အမေရိကန် အောက်လွှတ်တော် အမတ်များ၏ အရာရှိ ၃ ဦးတို့ ယနေ့ တွေ့ဆုံကာ

ကိုးကန့်ဒေသ အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြီ

ကိုးကန့်ဒေသတွင် ယမန်နေ့က စတင်ပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်အစိုးရနှင့် ကိုးကန့်အဖွဲ့ ကြားရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီ ဖြစ်ကြောင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြေးပွဲကျင်းပ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စုပေါင်းပြေးပွဲတခုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ လေဒီ ရှရီရမ် ကောလိပ်တွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။ လေဒီရှရီရမ်

စီးပွားပျက်ကပ်ကြောင့် ထိုင်းရောက် မြန်မာ အများအပြား အလုပ်ပြုတ်

မကြာသေးမီက ဖြစ်ခဲ့သော ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သား အလုပ်သမား အများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဟု အလုပ်သမားအရေး ဆောင်ရွက်

မလေးရှား အချုပ်ခန်းများမှ မြန်မာများ ကျန်းမာရေး ထိခိုက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် အနီးရှိ ထိန်းသိမ်းရေး စခန်းမှ မြန်မာ အလုပ်သမားများ ဆေးဝါး ကုသခွင့် မရသဖြင့် ကျန်းမာရေး ဆိုးရွားလာနေကြောင်း သိရသည်။

ကျန်းမာရေးက ပိတ်ထားသော စားသုံးဆီများကို စည်ပင်သာယာက ရောင်းခွင့်ပြု

စားသုံးရန် မသင့်ဟု ဆိုကာ ပိတ်ပင်ထားသော စားသုံးဆီ ၁၁ မျိုးထဲမှ ၇ မျိုးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည် ရောင်းချခွင့် ပြုလိုက်သည်ဟု သတင်းရရှိ

အပြည့်အစုံသို့...

မဇ္ဈိမသတင်းများ

ကရင်စစ်ဘေး ဒုက္ခသည်များ ရတက်မအေးနိုင်သေး

မြန်မာနိုင်ငံ ကိုးကန့်ဒေသမှ စစ်ဘေးရှောင်သူများ တရုတ်နိုင်ငံထဲသို့ ရောက်ရှိလာနေခိုက် ထိုင်းနိုင်ငံက ယာယီ ဒုက္ခသည်စခန်းများနေ ကရင်ဒုက္ခသည်များမှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း အသက်အိုးအိမ်လုံခြုံရေးအတွက်...

အပြည့်အစုံသို့...

Saturday, August 29, 2009

ရွှေဝါရောင်တော်လှန်ရေး

မဆုမွန်



အပူရောင်လိုင်းတွေ တဖြတ်ဖြတ်တောက်လို့ မီးတောက်မီးလျှံတွေကြားမှာ ကစဥ့်ကလျား ပြေးနေတဲ့ ပုံရိပ်တွေ၊ တဟူးဟူး မှုတ်ထုတ် နေတဲ့ မီးခိုးငွေ့တွေကြားမှာ အပြိုပြို အလဲလဲ အလံတွေ၊ အလံတွေ လမ်းမထက်မှာ အတုံးအရုံးနဲ့ ပိုင်ရှင်မဲ့ ဖိနပ်တွေ၊ အိုင်ထွန်းနေတဲ့ သွေးကွက်တွေ၊ အပိုင်းပိုင်းပြတ်နေတဲ့ သပြေခက်တွေ ပေါက်ပြဲနေတဲ့ ဘုရားပုံ ပန်းချီကားချပ်တွေ၊ သံဆူးကြား ညပ်နေတဲ့ သင်္ဃန်းစ တွေ အားလုံးကို မြင်နေတယ်။

ကျမ နိုးထပါရစေတော့။ ကိုယ်ပေါ်ကို မွန်းကျပ်စွာ ဖိနှိပ်ထားတဲ့ လက်ကြမ်းကြီးတွေရဲ့ အောက်မှာ အသက်ရှူမရ ကယ်ကြပါဦး၊ သိနေ တယ် အရာရာကို လုံးဝကို လှုပ်မရတာတခုပဲ၊ အိပ်မက် မဟုတ်မှန်းလည်း သိနေတယ်။ ဒါဆို ဘီလူး စီးတာလား၊ သိနေရဲ့ မြင်နေရဲ့ လှုပ်လို့ကို မရဖြစ်နေတာပဲ။ မိုးခြိမ်းသံတွေလည်း အဆက်မပြတ် ကြားနေရတယ်။ ဘာတွေလဲ၊ ကယ်ကြပါဦး၊ လွင့်ကနဲ ရုတ်တရက် ပြုတ်ကျသွားတယ်။


ဟိုး..အမြင့်ကြီးက ပြုတ်ကျသလို အသည်းတအေးအေး ရှိနေသလို တလှပ်လှပ်နဲ့ပေါ့။ ရေစီးကြောင်းကြီး တခုတည်းကို ပြုတ်ကျ သွားသလို ထူးဆန်းတာက ရေလုံးဝ စိုမနေဘူး။ လွတ်ပြီကျွတ်ပြီပေါ့။ ကုန်းရုန်းထချိန်မှာပဲ ရေစီးကြောင်းထဲမှာ မျောပါလာတဲ့ သဏ္ဍာန် တခု၊ ဘာများပါလိမ့်လို့ လှမ်းမျှော်ကြည့်လိုက်တော့ အညိုအမည်း စွဲနေတဲ့ ခန္ဓာကိုယ်တခု မျောလာနေတယ်။ ဦးပြည်းပြောင်ပြောင်နဲ့ သင်္ဃန်းစက လည်ပင်းမှာ ပတ်ငြိနေတယ်။ အလို … ဘုရားရေ … အရှိုးးရာအပြည့်နဲ့ အသက်ကုန်နေတဲ့ သံဃာတော် အလောင်းပါလား … ဘုရား … ဘုရား …။

အား …
ရွှံ့ထဲနွံထဲကနေ ကျုံးရုန်းထကာ ရေမြောင်းဘောင်လေးတခုကို မေးတင်ပြီး ငိုရှိုက်မိတယ်။ ရင်ထဲ နာကျင်လွန်းလို့ရင်ကွဲမ တတ်ပဲ။ အသက်ကို မနည်းပင့်ရှူရင်းက အခုမှ ဘေးဘီကို လှည့်ကြည့်မိတယ်။ ဘုရားရေ … အမှိုက်တွေ ပြည့်နေတဲ့ ရေမြောင်းနှုတ် ခမ်းစပ်မှာ ဒါက ဘာပါလိမ့်၊ ဦးနှောက်စတွေ … သွေးတွေ စွန်းထင်းပေကျန်နေတဲ့ ဦးနှောက်စတွေ၊ အသံကုန် ခြစ်အော်လိုက်မိတယ်။

အားကုန် လွင့်ထွက်သွားသလို ဖြစ်သွားပြီး အုတ်ခဲပုံတွေကြားမှာ ခွေခွေလေး ပုံလဲသွားပြန်တယ်။ ဘုရား … ဘုရား … ဘာတွေများ ဆက်ဖြစ်ဦးမှာပါလိမ့် (အမေရေ…)။ သွေးညိုညိုစတွေ ဟိုတကွက် ဒီတကွက် အုတ်ခဲပုံလေးတွေနဲ့ သွေးကွက်လေးတွေကို ၀န်းပတ် ထားတယ်။ ဘာလေးတွေပါလိမ်။ ကျောင်းတိုက်ဘေးမှာ ငိုရှိုက်နေတဲ့ အမေအိုတွေ၊ မျက်နှာလေးတွေ မှုန်မှိုင်းနေတဲ့ သီလရှင် ဆရာ လေးတွေ၊ သူတို့ဘေးမှာ မျက်နှာငယ်လေးတွေနဲ့ထိုင်နေကြတဲ့ ကလေးငယ်လေးတွေ ကုလားထိုင်ပေါ်မှာ ငူငူကြီး အောက်ကိုငေးစိုက် ကြည့်နေတဲ့ ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ဘုန်းတော်ကြီးတပါး၊ ကျောင်းဝန်းတိုက်ထဲမှာ စီတန်းထိုင်နေတဲ့ ကိုယ်တော်တွေ ပတ်တီး အဖွေးသား တွေနဲ့ ဘာတွေ ဖြစ်ကုန်ကြပါလိမ့် …။ လွင့်ကနဲ လှည့်ပတ်ကြည့်မိတော့ အားလုံး ပြိုကျပျက်စီးနေတဲ့ ဘုရားစင်တွေ ဖရိုဖရဲဖြစ်နေတဲ့ တရားစာအုပ်တွေ … မှန်ကွဲစတွေ … သွေးတွေ … သွေးတွေ … စကားသံတွေ … သဲ့သဲ့ကြားနေရတယ်။ မနည်းလွတ်အောင် ပြေးရ တယ် ဒကာကြီး … နေမကောင်း ဖြစ်နေတဲ့ သံဃာတော်တွေလည်း အိပ်နေတုန်းပေါ့။ တိုးညင်းပြီး တုန်ခါနေတဲ့ အသံတွေ …

ရုတ်တရက် အုန်းမောင်းခေါက်သံတွေ ၀ုန်းဒိုင်းကျဲထွက်လာတယ်။ ရှိုက်ကြီးတငင်ငိုနေတဲ့ ယောင်္ကျားရင့်မကြီး တယောက်ရဲ့အသံ ရေဒီ ယို သတ္ထုလှိုင်းကနေ တုန်ခါပြီး နားစည်ကို လာထိခတ်နေတယ်။ ဘုန်းဘုန်းတွေက တုံးတွေခေါက်ပြီး ကယ်ပါလို့အကူအညီ တောင်း နေတာကို ကျနော်တို့မှာ ညမထွက်ရအမိန့်နဲ့ ဘယ်လိုမှ ထွက်ကယ်လို့မရခဲ့ဘူးဟု ငိုရင်းရှိုက်ရင်း ပြောနေတဲ့ အသံကို နားထောင်ရင်းက ဖုန်းခွက်ကို ကိုင်ရင်း မျက်ရည် ပေါက်ပေါက်ကျနေတဲ့ ကောင်မလေးတယောက် …။ အလို … ကျမကိုယ်တိုင်ပါလား၊ မငိုရဘူးလေ … မငိုရဘူး … သတင်းထောက်ဆိုတာ ခံစားချက် မထည့်ရဘူး၊ တိတ်စမ်း … အသံတွေက ဝေးသွားလိုက် နီးလာလိုက် အသံသွင်းခန်းမမှာ စာရွက်လေးကိုင်ရင်း မျက်ရည် တွေတွေကျနေတဲ့ ကောင်မလေးတယောက် …

ဒါအိမ်မက်လား … တကယ်လား အကြိမ်ကြိမ် လက်ထိပ်ကို ဆွဲစိတ်နေမိရင်းက နာကျင်လွန်းလာလို့ လက်ဖ၀ါးတွေကို ဖြန့်ကြည့်လိုက် တဲ့အခါ အလို … ဟောဟို တံတားတဖက်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ လူငယ်လေးတွေ၊ မီးအားမြှင့်စက်ကြားထဲမှာ သေနတ်ဒဏ် ရာနဲ့ သွေးအိုင်ထဲမှာ လဲနေတဲ့ လူငယ်လေးနံဘေးမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဗျာများနေတဲ့ လူငယ်လေးတယောက် ဖိနပ်သံ တခွပ်ခွပ် ကြားနေရပြီ၊ ကလေးရေ … ပြေးတော့ … ပြေးတော့လေ။

မလွတ်ဘူး … မလွတ်ဘူး … ထိုင်ချလိုက် … ထိုင်ချလိုက် … မပြေးရင် သူတို့လိုက်မပစ်ဘူး၊ ယုံကြည်စွာနဲ့ ကယောင်ကတမ်း ကိုယ်ပါ ရောယောင် ထိုင်ချလိုက်မိတယ်။ အမောတွေရယ် ဘယ်တော့မှ ပြီးပါ့မလဲကွယ်။ အား … သေပြီ … သေပါပြီ … တုတ်ချက်ကြမ်းကြမ်း တွေ ခေါင်းတွေကိုမှ ရွေးပြီး အားနဲ့မာန်နဲ့ ထုရိုက်နေတဲ့ အစိမ်းရောင် အရိပ်တွေ။ အား … ဒရွတ်တိုက် ဆွဲခေါ်နေတဲ့ လက်ကြမ်းကြမ်း တွေ၊ တော်ပါတော့ … တော်ပါတော့ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ကလေးတွေ တကိုယ်လုံး တဆတ်ဆတ် တုန်ရီလို့ မျက်လုံး အကြောင်သားလေးတွေနဲ့ အလန့်တကြား အော်ငိုသံတွေ၊ ကမ္ဘာပျက်တဲ့ အလားပဲ၊ ဘုရား ကယ်ပါ၊ သူတို့ ကိုယ်ကို မမြင်လောက်ဘူး၊ အကာကြားကနေ အသာလေး လိမ့်အထွက် ဖြောင်းကနဲ ပင့်ရိုက်လိုက်တဲ့ အသံကြောင့် အလန့်တကြား ကိုယ့်ပါးကိုယ် ပြန်စမ်းမိတော့ တရပ်စပ် ပါးရိုက်ပြီး ဆွဲခေါ်တဲ့နောက် ဒရွတ်တိုက် ပါသွားရှာတဲ့ ကလေးမလေးတွေ၊ ကယ်သူမဲ့ ကူသူမဲ့ ပိုင်ရှင်မဲ့ ဖိနပ်ပုံတွေကြားမှာ ပစ္စည်းတွေကို နှုတ်သီးနဲ့ လိုက်ဟပ်နေတဲ့ အစိမ်းရောင် ခွေးတကောင် အလို … ခွေရက်သားလေး ပုံလဲနေတဲ့ တုတ်ချက်အောက်မှာ အသက်ပျောက်သွားတဲ့ အမည်မသိ လူငယ်လေးတယောက် ဘုရားဘုရား ဘာတွေများ ဖြစ်ကုန်ပါလိမ့် …။




ပြေးမှ … ပြေးမှ …
ပိတ် … ပိတ် … အရှေ့က ပိတ်ဖမ်း … ပိတ်ဖမ်း
ထိုင်ထိုင် … အားလုံး စုထိုင်စမ်း
အောင်မယ် … မင်းက ဘာကောင်လဲ … ဖုန်းဖုန်း … ဖျန်းဖျန်း …
စစ်ဖိနပ်နဲ့ စုံခုံကန်၊ နံပါတ်တုတ်နဲ့ စုံကိုင်ပြီး ရိုက်နေတယ်။ သေပါပြီ … သေပါပြီ … ခေါင်းပေါ် လက်ကိုမြှောက်ပြီး ကာထားတဲ့ အနီ ရောင်ဝတ် ကောင်လေး။ တော်ပါတော့ … တော်ပါတော့ … ကယောင်ကတမ်း ၀င်ဆွဲတာမမိဘဲ ကိုယ်ပါ လမ်းမပေါ် ပုံရပ်လဲကျတယ်။

သွား … ထ … ဟိုကားပေါ်တက် ငုတ်တုတ်လေးတွေ ထိုင်နေရာကနေ အပြေးအလွှား ဒယီးဒယိုင် ပြေးထွက်ကာမှ ကျောနောက်ကနေ နံပါတ်တုတ်နဲ့ ပြေးရိုက်လိုက်သေးတော့ အကောင်ပိန်ပိန်လေးခင်ဗျာ ၀မ်းလျားမှောက် လဲကျရှာတာကို စစ်ဖိနပ်နဲ့ ပစ်ကန်လိုက်သေး တယ်။ ထုနေရိုက်နေရင်းက ဟိုလမ်းတဖက်မှာ လမ်းဖြတ်လျှောက်လာတဲ့ အဖြူရောင် အရိပ်လေးတခု … အယ် … သေပါပြီ နံပါတ် တုတ်နဲ့မျက်နှာကို ဖြတ်ရိုက်တာ လက်နဲ့ ကာလို့ ခေါင်းကို လေးငါးချက် ဖြောင်း ဖြောင်း ဖြောင်းနဲ့ ဆင့်ဆင့်ရိုက်နေပုံများ အားမရလို့ လမ်းကူးပြီး ၀င်ရိုက်တဲ့ ကောင်က ရှိသေးတယ်။
ငါ … တောက် …
ဘယ်လိုမှ စိတ်မထိန်းနိုင်တော့လို့ပါးစပ်ထဲမှာ ကွမ်းတံတွေး အရဲသားနဲ စစ်ဝတ်စုံနဲ့ ဘီလူးပြုံးပြုံးနေတဲ့ ကောင်ကို ပါးဖြတ်ရိုက်လိုက် တာမှာ အရှိန်လွန်ပြီး ပြုတ်ကျတာ မြက်ခင်းတွေကြား ရောက်သွားပြန်တယ်။

အားလုံးငြိမ်သက် တိတ်ဆိတ်လို့၊ ပုရစ်အော်သံစူးစူးနဲ့ ငြိမ်သက်နေတဲ့ ညတည …။
ရင်ထဲမှာ သွေးရိုးသားရိုး မဟုတ်မှန်း သိပ်သိသာနေတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ မှောင်မှောင်မည်းမည်း ဂိုဒေါင်ကြီးတခု၊ လူတွေမှ ရှိရဲ့လား … အသာလေး ချောင်းကြည့်လိုက်တော့ ဖုန်းကနဲ ရိုက်လိုက်တဲ့ အသံကြီးတခုထွက်လာတယ်။ ခေါင်းတွေ မော်မကြည့်နဲ့ သေချင်နေလားတဲ့၊ ၀မ်းခေါင်းသံကြီးနဲ့ အော်သံထွက် လာတဲ့အခါ နောက်ဘေးဘီ ၀ဲယာတွေကနေ အသံတွေ အသံတွေ ငရဲပွက်သလို အော်လိုက် ဟစ်လိုက်ကြတာ အခုမှ ကမ္ဘာပျက်သလို အခန်းကျဉ်းလေးတွေထဲမှာ တ၀ုန်းဝုန်းနဲ့ ရိုက်နှက်သံတွေနဲ့အတူ ချုပ်နှောင်ထားတဲ့ လူတွေ လူတွေ …။ စစ်ကြောရေးစခန်းတဲ့ …။ အလန့်တကြား ပြေးထွက်လာခဲ့မိတယ်။




စီအန်အန်တို့ ဘီဘီစီတို့ကို ပြောပေးကြပါ။ မသေသေးတဲ့ လူတွေကိုလေ … မီးနဲ့ရှို့နေပါတယ် ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောနေတဲ့ အန်တီကြီး၊ ဘာတွေဖြစ်ကုန်ပြီလဲ လူအရှင်လတ်လတ်တောင် မီးရှို့ သတ်ရလောက်အောင် အပြစ်တွေ ဘယ်လောက်ကြီးနေလဲ။ လမ်း မထက် မေတ္တာသုတ်ရွတ်မိတာ၊ ငတ်လွန်းလို့ ဒုက္ခရောက်လွန်းလို့ ဆန္ဒကို ဖော်ထုတ်မိတာလေးကို အရှင်လတ်လတ် မီးရှို့သတ်ပစ် သတဲ့။ ဟား … မွန်းကျပ်လွန်းတဲ့ စိတ်တွေကို ထွက်ပေါက်ပေးတဲ့ အနေနဲ့သက်ပြင်း မှုတ်ထုတ်မိချိန်မှာပဲ လမ်းမပေါ် လွင့်ထွက်သွား ပြန်တယ်။

လူသူကင်းမဲ့နေတဲ့ လမ်းမလယ်မှာ ကိုယ်တယောက်တည်း ဘယ်သွားရမှန်းမသိ။ အမ … အမ ကျနော့်ကို ကယ်ပါဦးတဲ့။ ဒယီးဒယိုင်နဲ့ လျှောက်လာတဲ့ ကောင်လေးတယောက်။ သွေးတွေနဲ့ စိုရွှဲနေတဲ့ ခေါင်းကို အုပ်မိုးကိုင်ပြီး အရမ်းနာကျင်နေတဲ့ မျက်နှာနဲ့ကောင်လေး တယောက်။ အမ လိုက်ပို့ပေးမယ် ဘယ်လဲ မောင်လေးဆိုတော့ … တောင်ဥက္ကလာပကို လိုက်ပို့ပေးပါ အမရယ် ကျနော် ကိုကိုဝင်း ပါ တဲ့။ အိမ်မှာ အမေနဲ့ အဖေ စိတ်ပူနေတယ်။ မနက် အလုပ်လည်း ဆင်းရဦးမယ်တဲ့လေ။ ကိုကိုဝင်း … သူသေပြီးပြီ မဟုတ်လား။ အခု မသေသေးဘူးပဲ။ ဘုရား … ဘုရား … သွေးတွေရွှဲနေတဲ့ သူ့ခေါင်းကို အုပ်ကိုင်ပေးထားရင်းက ကူရာမဲ့ ကယ်ရာမဲ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလိမ့်၊ ရှိုက်ကြီးတငင် ငိုမိတယ်။ အသံကုန်ခြစ်ပြီးကို အော်ငိုမိတယ်။ ပြင်းထန်လွန်းတဲ့ နာကျင်ပေါက်ကွဲနေတဲ့ စိတ်တွေ နဲ့အတူ လောဟာနယ်ထဲ မျောလွင့်သွားမိတယ်။






ညီမလေး … ညီမလေး … အိမ်မက် မက်နေတာလား၊ ငိုနေလိုက်တာ ရှိုက်ကြီးတငင်နဲ့၊ လက်မောင်းအစုံကို သာသာလေး လှုပ်နှိုးလာ တဲ့ အတူနေ အမကို အိပ်နေရင်းက တွေတွေကြီး ငေးကြည့်နေရင်း ငါ့အိပ်မက် မပြီးသေးဘူး။ နှုတ်ခမ်းဖျားက ခပ်ဖွဖွ ရေရွတ်မိတယ်။ ငါ့အိပ်မက် မပြီးဆုံးသေးသလို ငါတို့ အခုထိ မပြီးသေးဘူးပဲ။ အိမ်မက်တွေဟာ မေ့ကောင်းတဲ့ အရာတွေတော့ မဟုတ်ခဲ့ပါဘူး၊၊ သေချာတယ်၊ ငါတို့ မပြီးသေးဘူး။ ပေးခဲ့တဲ့ သွေးတွေ ပြိုကွဲခဲ့ရတဲ့ ဘ၀တွေအတွက် ငါတို့အိမ်မက် မပြီးသေးဘူး။ ။ ဒီနေ့ မဆုံရတာ ကြာပြီ ဖြစ်တဲ့ မြန်မာပြည်က သူငယ်ချင်း တယောက်လာလို့ သွားတွေ့ရင်း စကားတွေ အကြာကြီးပြောဖြစ်တယ်..သူ နဲ့ စကား ပြောရင်းက သူပြောပြတဲ့ ကျွန်မတို့ တိုင်းပြည်က အကြောင်း အရာတွေကို နားထောင်ရင်း ဘာကိုမှ ခွန်းတုံ့မပြန် နိုင်အောင်ကို ဆွံအမိတယ်..



အဲ့ သလောက်တောင် လုပ်ခဲ့တယ်ဆိုတာ သိခဲ့ပေမယ့် ထင်ထားတာထက်ကို မယုံနိုင်လောက်အောင် လူမဆန်ခဲ့ တာတွေကို ပြန်ကြား မိတဲ့အခါ အဟောင်းတွေဟာ အသစ်တွေပြန်ဖြစ်တယ်.. အခုဆို.. ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး.. စတေးခဲ့တဲ့ သံဃာတော်တွေ အခု နယ်ပြောင်း ထောင်ပြောင်း ထောင်ဒဏ်တွေ စီရင်ချက် ချခံနေရတာတွေ..ရင်နဲ့ မဆန့်အောင်ကို နာကျင်ခံ စားရပါတယ်..ဘယ်လို ပြောရမှန်း တောင် မသိတော့အောင် ဖြစ်ရ ပါတယ်..သေချာ တာတော့ ငါတို့ မမေ့သေးဘူး သိလားလို့ ဆိုတော့ ကျွန်မ သူငယ်ချင်းက မဲ့ပြုံးပြုံးပြီး .. ခပ်ဟဟ ရယ်တယ်..

မိသားစုရယ် ကျွန်မ သူငယ်ချင်းတွေရယ်ကို နောက် ကျွန်မ ချစ်တဲ့ ကျွန်မတိုင်းပြည်ကို ပစ်ပြေးခဲ့သလို ဖြစ်တဲ့အတွက် နောင်တ တခု လို အမြဲခံစားရတယ် သတင်းတွေနဲ့ အတူ အနီးကပ်ရှိနေရင်းက အဖြစ်အပျက်တွေစာ ခြောက် အိမ်မက် ဆိုးကြီးတခုလို ဖြစ်နေတုန်း ပဲဆိုတာ သူငယ်ချင်းကို သိစေချင်လို့ အရင်က ရေးခဲ့ဘူးတဲ့ ပို့စ်လေးတခုကို ပြန်တင်လိုက်ပါတယ်ရှင်..

http://www.naytthit.com/



မဆုမွန် (မဆုမွန်ဘလောခ့်မှ ကူးယူဖေါ်ပြပါသည်)

အပြည့်အစုံသို့...

ဝေဒနာ ညနေခင်း





ညနေခင်းငှက်တစ်ကောင်လိုပဲ
ဝဲဝဲပြီး အသိုက်လေးဆီ ပျံချင်လိုက်တာ
သူစိမ်းတွေကြားမှာ ဝေဒနာတွေက အလွန်အကျွံ စိမ်း။

ငါကိုယ်တိုင်မသိတဲ့ ငါ
မုန်တိုင်းတွေမိနေပေါ့။

အဲဒီယဉ်ပါးမှုတွေနဲ့ ထုံထိုင်း
အော် မုန်တိုင်းကတော့ မုန်တိုင်းပဲလေ။

ကျနော်သွားနေတဲ့ လမ်းတွေလေ
အမေ့တောလမ်းလေးကို ထိခိုက်နေမလား။

ထားပါတော့လေ ဒါတွေက ကျနော်နဲ့ အမေ့ကြားမှာ တစ်နေ့ ဆွေးနွေးကြတာပေါ့။

ဝေဒနာ အလွန်အကျွံတွေကြားမှာ
အတောင်တွေက ညောင်းလွန်းလို့ ပျံရင်းအိပ်ငိုက်မိတယ်။

သူငယ်ချင်းတွေ ဘယ်မှာ ကျရစ်ခဲ့ပါလိမ့်
အဝေးကြီးကလူတွေ သူငယ်ချင်းလုပ်ရတာထက်
ကျရစ်ခဲ့တဲ့ သူငယ်ချင်းတွေ ပြန်ကောက်တော့မယ်။ ။

လွင်ပြင်ဟန်

အပြည့်အစုံသို့...

မက်ဒီတေးရှင်း အိုဗာဒေါ့စ် နဲ့ ဆိုက်အဖက်တွေ များလား....


ဘာသာရေး ဆိုက်အတော်များများ ဟိုနားတစ်ခု ဒီနားတစ်ခုဆိုသလို အွန်လိုင်းပေါ်မှာတွေ့လာရပါတယ်။ ကောင်းတယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမဲ့ ..ဘာတစ်ခု တွေ့ရသလဲ ဆိုတော့.. မြန်မာရုပ်ရှင်. ခေတ်ဟောင်း ၀တ္ထု ဖတ်နေရသလိုပဲ။ ဟိုး တုံးက မြန်မာ ၀တ္ထု ဆိုရင် ..လာပြီ....တက္ကသိုလ် နောက်ခံ.ချစ်.ကြိုက်.ညား.ကွဲ။ ရုပ်ရှင် ဆိုရင်လဲ..ဒီအပြင်အဆင် .ဒီဇာတ်လမ်း နဲ့ ဒီလို ပဲ ဇာတ်သိမ်းမဲ့ ကား ပဲ လို့ ဇာတ်လမ်း စ လို့ မကြာမှီပဲ ဇာတ်သိမ်း ခန်း ကို တွေးမိနေတာမျိုး ပေါ့။

ခု လဲ သိပ်မထူး လှပါဘူး။ဗုဒ္ဓဘာသာ အကြောင်း ရေးသားတော့မယ်..ဆိုရင်... အနိစ္စ.ဒုက္ခ. အနတ္တ. ရုပ်.နာမ် ငြီးငွေ့..ပဋိစ္စ သမုပ္ပါဒ်..။ ဟိုမှာကြည့်တော့လဲ မက်ဒီတေးရှင်း..ဒီမှာကြည့်တော့လဲ. ဖြစ်. ပျက်..ငြီးငွေ့.. ...။


ဒီလို..နဲ..ဒီလိုနဲ့...


အစ ၏ ကောင်းခြင်း ..အလယ်၏ ကောင်းခြင်း..အဆုံး ၏ ကောင်းခြင်း နဲ့ ပြည့်စုံ တဲ့ ဗုဒ္ဓတရား.. (အာဒိကလျာနံ..... )
ဖါးခုန် သလို ခုန်ပျံ ကျော်လွှား သွားလို့ မရတဲ့ ဗုဒ္ဓတရား.. ( အနုပုဗ္ဗကထာ...)
ဆိုတဲ့ အဓိပ္ပါယ်တွေ ယနေ့ မှာ တိမ်မြှပ် ပျောက်ကွယ်နေ သလား ပဲ။

ဒါနဲ့ ပတ်သက်ပြီး ကြားမိတဲ့ဖြစ်ရပ် လေးတွေ....

မလေးရှားမှာ ပါ။

တရားစခန်းတွေမှာ တရားလိုက်ထိုင်ပြီး ကိုယ့်ဒေသ မှာ ကိုယ်ပိုင်စခန်း ဖွင့်..ကမ္မဌာန်းဆရာပြန်လုပ်ပါတယ်။

ဟောတဲ့တရားက .တော့ ထူးမခြားနား..လာသမျှ လူအကုန်ကို တရားချည်း ထိုင်ခိုင်းစေတာ ပါ။

ဆရာဘုန်းကြီးကို အားကိုးရမလား လို့ ပြဿနာတွေမေးလျှောက်ပါတယ်။ ပေးတဲ့အဖြေက ..ဘာပဲဖြစ်နေနေ တရားသာ ထိုင်ပါ..အကုန် ပြေလည်သွားစေရမယ်..။

အင်း...ဒီလိုနဲ့...ဒီလို နဲ ..မေးလာတဲ့ ပြဿနာ ပေါင်း သောင်းခြောက်ထောင် ကို ဖြေရှင်း ဖို့ အတွက် မက်ဒီတေးရှင်း ဆိုတဲ့ ဆေးခါးကြီးတစ်မျိုးထဲ စွတ်တိုက် ဆရာကြီးလုပ်လာသမျှ တစ်နေ့ကျတော့ ..ဓါးနဲ့ အလိုက်ခံရပါလေရော....။ ကိုယ်နေရာကျောင်းမှာ ၀ါမဆို ရဲတော့ ပဲ ရှောင်ပုန်းနေရတဲ့အဖြစ်။

ဒါလဲ ပဲ အမှတ်သညာ မရှိ။ နောက်တော့လဲ ထိုနည်းလည်းကောင်း..လာသမျှ လူကုန်.. ဒီဆေးပဲ ထပ်တလဲလဲ တိုက်နေပါပြန်ရော....။


မက်ဒီတေးရှင်း၊ အနိစ္စ ဒုက္ခ. ရုပ်နာမ် ငြီးငွေ့ အိုဗာဒေါ့စ် တွေဖြစ်မှန်းမသိ ဖြစ်နေကြလို့..ဗုဒ္ဓဘာသာ လူမှု အသိုင်းအ၀ိုင်းမှာ ဆိုက်အဖက် တွေ ရနေတာ ဘယ်လောက်ကြာနေခဲ့ပြီလဲ။

မိမိ လူမှု ပတ်ဝန်းကျင်မှာ တင်ပဲ ကြည့်တတ်ရင် မြင်မိ သတိပြုမိမယ် ယူဆရပါတယ် ။


အနုတ္တရော ပုရိသ ဓမ္မသာရထိ ဆိုတဲ့ ဗုဒ္ဓမြတ်ဘုရားရဲ့ ဂုဏ်တော်ကို ရွတ်ဖတ်ရုံ သာ မဟုတ်မူပဲ အနက်အဓိပ္ပါယ် ပါ ထိုးထွင်းသဘောကျ .ဗုဒ္ဓအလိုတော်ကျ သာသနာပြုနိုင်ကြပါစေ ဗျာ..။

http://www.ashinkumara.com/

အပြည့်အစုံသို့...

ခေတ်ပြိုင်သတင်းများ

မြို့ပြင်တက္ကသိုလ်ပညာရေးကြောင့်
ကျောင်းသားများအခက်တွေ့

ဝီရ / ၂၈ သြဂုတ် ၂၀၀၉ “ကျနော်တို့ကျောင်းက အိမ်သာ (သန့်စင်ခန်း) တွေက ရေအမြဲပြတ် နေတော့ ဘယ်သူ...”အပြည့်အစုံသို့



ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်မည့်သတင်း
ပေါက်ကြား

NEJ/ ၂၈ သြဂုတ် ၂၀၀၉ “ဒီစစ်ဆင်ရေးမှာလည်း နအဖတပ်တွေက နောက်ကနေ လိုက်ဖြည့်တာလောက်ပဲ ပါမယ်။ ဒီစစ်ကြောင်း (၃) ကြောင်း စလုံးကို ဒီကေဘီအေက ဗိုလ်နှုတ်ခမ်းမွှေးက..”အပြည့်အစုံသို့
အလုပ်သမားလက်မှတ်ရှိသူများသာ
ယာယီနိုင်ငံကူးလက်မှတ်လုပ်ခွင့်ရှိ

NEJ / ၂၈ သြဂုတ် ၂၀၀၉ ထိုင်းမှထုတ်ပေးသည့် အလုပ် လုပ်ခွင့် အလုပ်သမားလက်မှတ် သည် ရှေ့နှစ်...အပြည့်အစုံသို့



နအဖ ဆိုတဲ့ (အ)နူ ကလီးယား
(အထူးဆောင်းပါး)
ဂါမဏိ / ၂၈ သြဂုတ် ၂၀၀၉
အခု သတင်းထွက်တာက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင်နဲ့ ပွင့်ဖြူဘက်မှာ နျူကလီးယားစက်ရုံတွေ ဆောက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ သပိတ်ကျဉ်းစက်ရုံကတော့ တပ်မတော် သိပ္ပံနဲ့သုတေသန နည်းပညာတပ် (သသန) က တာဝန်ယူတဲ့ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့ အဆင့်အထိ ထုတ်လုပ်တဲ့ ယူရေနီယမ်သန့်စင်စက်ရုံ ဒါမှမဟုတ် ရှေ့ပြေးစမ်းသပ်အဆင့်...အပြည့်အစုံသို့

အပြည့်အစုံသို့...

blogger templates | Make Money Online