Tuesday, September 29, 2009

It is Just beginning


Source:VOA



It is Just beginning

ကျနော်တို့ မှာ ဗွီဒီယိုမပါသွားတဲ့အတွက် လှုပ်ရှားမှု အားလုံးကို မဖေါ်ပြနိင်တာခွင့်လွတ်ပါ။ ဗွီအိုအေက တည်းဖြတ်ပြီးသလောက်ပဲ တင်ပြနိင်ပါတယ်။ ဆန္ဒပြရဲဘော်တွေ က သိန်းစိန် နဲ့  ညဏ်ဝင်းကိုစောစောစီးစီး အမျှဝေသံ၊ ဖိနိပ်တွေ နဲ့ ဝိုင်းပေါက် ကြတဲ့ပုံတွေ တစိတ်တဒေသ်နဲ့  ကျေနပ်ပါဦး နော်။ ဆက်လာဦးမှာပါ။ ဒီထက်ကောင်းတာတွေနဲ့ ပေါက်ဖို့ လည်းအစီအစဉ်တွေရှိပါတယ်။ ဒါအစ ပဲရှိပါသေးတယ်။
http://komoethee.blogspot.com/

အပြည့်အစုံသို့...

စစ်ရာဇ၀တ်ကောင်သိန်းစိန်-ဥာဏ်ဝင်း ဆန့်ကျင်ရှုတ်ချပွဲ(ညနေပိုင်း)


Part(1)


Part(2)


မှတ်တမ်းတင်သူ-Ko Aung Min Htun(New York)
တည်းဖြတ်တင်ပြသူ-Mr.Big Guy(Ph#917-951-2428)
http://komoethee.blogspot.com/

အပြည့်အစုံသို့...

မြန်မာ့နိုင်ငံရေးလိုအပ်ချက်များ (အပိုင်း-၁)

မြန်မာ့နိုင်ရေးဟုပြောလျှင် စစ်အာဏာရှင်နှင့် အတိုက်အခံများ ဟူ၍နှစ်မျိုးခွဲခြားပြီး ပြောဆိုရမည်ဖြစ်ပါသည်။အာဏာရှင် စစ်အစိုးရပိုင်းတွင် လူအပြောင်းအလဲသာရှိနိုင်သော်လည်း မူအပြောင်း အလဲ တော့ဖြစ်လာနိုင်စရာမရှိဘူးဆိုဒါ ကျနော်တို့ သိထားကြပြီးဖြစ်ပါသည်။ အာဏာရှင်များမှာ စစ်သားများ ဖြစ်သည်နှင့်အညီ နိုင်ငံရေးကို စစ်ဗျူဟာတစ်ခု ကဲ့သို့ အသုံးပြုပြီး ရန်သူ(အတိုက်အခံ)များကို နည်းမျိုးစုံဖြင့် လှည့်ဖျား နိုင်စွမ်း ရှိသည်။ တနည်းအားဖြင့် မိမိတို့ ထံတွင် ရှိနေသော အာဏာကို မိမိတို့ အစဉ်လက်စွဲကိုင်ရေး
ဟူသည့် မူဝါဒ ကိုဦးတည်ပြီး အတိုက်အခံ အင်အားစုများနှင့်  ကမ္ဘာ့နိုင်ငံများကို စစ်သုံးပန်းသဖွယ်အသုံးပြုကာ (ထိုးစစ် ၊ခံစစ် ၊ခွာစစ်)ဗျူဟာ များဖြင့် လျှော့တခါ၊ခြောက်တလှည့် မာယာပရိယာယ်ကိုအသုံးပြုကာကွယ်နေခြင်း ဖြစ်သည်ကိုလည်း အားလုံးမြင်တွေ့ နေကြရသည်။
အာဏာရှင်များကို အပြင်ရုပ်ပိုင်းဆိုင်ရာအရကြည့်ပါလျှင် မတူကွဲပြားနေသည်ဟုထင်ရသော်လည်း မိမိတို့ ထံတွင်ရှိနေသောအာဏာကို မိမိတို့ လက်စွဲကိုင်ရေး ဟူသည့် ခံယူချက်ဦးတည်ချက်မှာမူ အာဏာရှင် ခေါင်းဆောင်အားလုံးတို့ ၏ တူညီနေသောအဓိကအချက်တစ်ခုလည်းဖြစ်ပါသည်။ သို့ ပါ၍ အချင်းချင်းမတူညီ ကွဲပြားနေမူ့ များအာလုံးကို အာဏာအဓွန့် ရှည် တည်မြဲရေးဟူသော မူဝါဒတစ်ခုက အာဏာရှင်အားလုံးကိုထိန်းကျောင်းထားခြင်းဖြစ်သည်။
အတိုက်အခံအင်အားစုများ တွင်မူ "ဒီမိုကရေစီ" အရေး ဆိုသည့် ဦးတည်ချက်ကို ဦးတည်ပြီး တမျိုးသားလုံးလွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသော မူဝါဒ ကို ယနေ့ လက်စွဲပြု တိုက်ပွဲဝင်နေကြသည်ဟုထင်ပါသည်။
ဤသို့ တိုက်ပွဲဝင်ရာတွင်မူ တိုင်းရင်းသားလူမျိုးစုများ နှင့် နိုင်ငံရေးအင်အားစုများ ဟူ၍နှစ်မျိုး တွေ့ ရပါသည်။တိုင်းရင်းသားလူမျိုးစုများဆိုသည်မှာ (တိုင်းရင်းသားအဖွဲ့ အစည်းများ အားလုံးကိုဆိုလိုခြင်း)ဖြစ်ပါသည်။နိုင်ငံရေး အင်အားစုများဆိုသည်မှာ (ပါတီ အဖွဲ့ အစည်းများနှင့် ကျောင်းသားအစရှိသည့် အဖွဲ့ အစည်း အင်းအားစုများအားလုံး)ကိုဆိုလိုချင်းဖြစ်ပါသည်။
(က) နိုင်ငံရေးအင်အားစုများ။
×××××××××××××××××
နိုင်ငံရေးအင်အားစုများအားလုံးသည် စစ်မှန်သော ဒီမိုကရေစီအရေး ဦးတည်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးမူဝါဒကို လက်ကိုင်ပြုလိုကြသည်။ သို့ သော် ပါတီအဖွဲ့ အစည်း၊ နိုင်ငံရေးအင်အားစုများ မူဝါဒ နှင့် ဦးတည်ချက် များမှာတူညီနေကြသော်လည်း လမ်းစဉ် ကွဲပြားနေကြသည်။
ဤသို့ ကွဲပြားရခြင်းမှာ
(၁) အဖွဲ့ အစည်းတစ်ခုကို ပီပီပြင်ပြင်ပုံစံပေါ် အောင်မဆောင်ရွက်နိုင်ခြင်း။
(၂) ရှိပြီးအဖွဲ့ အစည်းများပူးပေါင်းဆောင်ရွက်မူ့ အားနည်းခြင်း။
(၃) တစ်ဦးတစ်ယောက်၏ဦးဆောင်မူ့ အသွင်ဆောင်နေသောအဖွဲ့ အစည်းပုံပေါ်နေခြင်း၊
(၄)တစ်ဦးတစ်ယောက်၏အားနည်းချက်ကိုသာရှာဖွေနေကြခြင်း။
(၅)ခေါင်းဆောင်ဖြစ်ရေးသာလုံးပန်းနေကြရခြင်း။
(၆)ကိုယ်စိတ်ကူးကိုကိုယ်ပုံဖေါ်နေကြခြင်း
(၇)နေရာအစားထိုးမူဝါဒပြောင်းလဲနိုင်မူ့ မရှိခြင်း။
(၈)ပုဂ္ဂိုလ်ရေးကိုဦးစားပေးနေကြခြင်း။
(၉)အချင်းချင်းလေးစားသောခေါင်းဆောင်မရှိခြင်း။
(၁၀)နိုင်ငံရေးအရေခြုံသူများပါဝင်နေခြင်း။
(၁၁)အခွင့်အရေးနိုင်ငံရေးသမားများရှေ့ ထွက်လာခြင်း။
(၁၂) ဦးဆောင်နိုင်စွမ်းရှိသူများခေါင်းဆောင်မဖြစ်ခြင်း။
(၁၃)ပြည်သူတရပ်လုံးအသိအမှတ်ပြုခေါင်းဆောင်မရှိခြင်း။
(၁၄)ရရှိနေသောလုပ်ပိုင်ခွင့်များကို နေရာတကျမသုံးစွဲနိုင်ခြင်း။
(၁၅)ရန်သူ့ နောက်လိုက်လမ်းစဉ်ကိုသာကျင့်သုံးနေကြခြင်း တို့ ကြောင့်ဖြစ်ပါသည်။

(ခ)တိုင်းရင်းသားလူမျိုးစုများ။
××-×××××××××××××××××
တိုင်းရင်းသားလူမျိုးစုများအားလုံးသည် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသောဦးတည်ချက်ကို လက်ကိုင်ပြုထားကြသည်။သို့ သော် ခိုင်မာသည့်နိုင်ငံရေးလမ်းစဉ်တခုကို ပူးပေါင်းချမှတ်နိုင်ခြင်းမရှိပေ။
ဤသို့ ဖြစ်ရခြင်းမှာ
(၁)တိုင်းရင်းသားအချင်းချင်းသွေးကွဲနေကြခြင်း။
(၂)လက်နက်နှင့်လက်နက်မဲ့ ပူးပေါင်းမရနိုင်ခြင်း။
(၃)လူမျိုးနွယ်စုတစ်ခုချင်းစီ၏လွတ်မြောက်ရေးကိုဦးတည်နေခြင်း။
(၄)မိမိလူမျိုးနွယ်စုတို့ ၏လေးစားချစ်ခင်မူ့ ကိုမရခြင်း။
(၅)အပြောနဲ့ အလုပ် လွဲမှားနေခြင်း။
(၆)အတက်ပညာပြည့်ဝသောခေါင်းဆောင်မရှိခြင်း။
(၇)လူမျိုးနွယ်စုအချင်းချင်းလေးစားမူ့ မရှိခြင်း။
(၈)နေထိုင်းဆင်းရဲမူ့ ဒဏ်ကိုရေရှည်မခံနိုင်ခြင်း။
(၉)အမျိုးသားရေးနှင့်တစ်မျိုးသားလုံးရေးကို ခွဲခြားနေကြခြင်း။
(၁၀)မျိုးဆက်သစ်များမမွေးထုတ်နိုင်ခြင်း တို့ ကြောင့်ဖြစ်ပါသည်။
(ကျနော့်၏အမြင်သက်သက်သာဖြစ်ပါသည်။)
ကိုကို(ရွှေဝါရောင်)



အပြည့်အစုံသို့...

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ


Print E-mail
ဖနိဒါ
တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 23 နာရီ 57 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်တို့အား မြန်မာ့အရေး လှုပ်ရှားသူများက ယနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လာသူ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား သူတို့ တည်းခိုနေသော နယူးယောက်မြို့ရှိ East Gate Hotel ရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၃၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“သိန်းစိန်နဲ့ ဦးဥာဏ်ဝင်းကို ဆန္ဒပြတယ်။ ဟိုတယ်ရှေ့မှာ ၇ နာရီ (မနက်) ကနေ ပိတ်ပြီး စောင့်နေတာ။ ၉ နာရီထိ လုပ်မယ်။ ကျနော်တို့က လူဦးရေ ၃ဝ လောက် ရှိတယ်။ ဘုန်းကြီး ၂ ပါး ကြွလာတယ်။ ဦးဥာဏ်ဝင်းက ထွက်လာတော့ ဖိနပ်နဲ့ ပေါက်လိုက်တယ်။ ဒို့ထဲက တယောက် ဖမ်းခံထိတယ်။ လုံခြုံရေးတွေ အများကြီးပဲ” ဟု ဆန္ဒပြပွဲ ဦးဆောင် သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲတွင် သာသနာ့ဥသျှောင်အဖွဲ့ သံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ (Free Burma federation)၊ Women on the move for Burma စသည့် အဖွဲ့များက ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲအား လက်မခံကြောင်း၊ ဗိုလ်ချုပ်ပေးသည့် စစ်ပညာ ကျောင်းသားပြည်သူ သတ်ရန် မဟုတ်၊ Free Burma ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်လွှတ်ပေး” စသည်တို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့မှ တာဝန်ခံ ဦးမိုးသီးဇွန်ကလည်း “ဒီစစ်အစိုးရက တရားမဝင် သူတို့ ကုလသမဂ္ဂမှာ စကားပြောခွင့် မရှိဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတယ်။ ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် ယခုလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိခဲ့သည်။

ယခုလ ၂၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီ မြို့တော်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှ ဆပ်ကော်မတီ မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb တွေ့ဆုံခဲ့သည်။

မစ္စတာဝက်ဘ်သည် ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ခိုးဝင်ရောက်သူ မစ္စတာယက်တောကိုလည်း အမေရိကန်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သူ ဖြစ်သည်။

ရွှေဝါရောင် နှစ်ပတ်လည်နေ့ ဆန္ဒပြပွဲ နယူးဒေလီတွင် ကျင်းပ

ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့် ဆန္ဒပြပွဲ တရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့လယ်ရှိ ဂျန်တားမန်းတား အရပ်၌ မြန်မာ...

ချိုးဖြူသံလွင် ခရီးနှင်

မြန်မာ့သံဃာတော်များဖြစ်သော နို့ဖိုးဒုက္ခသည်စခန်းမှ အရှင်ကေသရ၊ အရှင်ပညာသာမိ၊ အရှင်ကဝိန္ဒနှင့် အရှင်ကေသရိန္ဒတို့အား သံဃာ့ဇာနည်များအဖြစ်...



အပြည့်အစုံသို့...

မြင်းခြံ မှာ လူငယ် ၄ ဦးကို ထပ်္ဘပီး ဖမ်းဆီးသွား

http://www.rfa.org/burmese/news/four_youths_arrested_in_myingyan-09232009155536.html

အပြည့်အစုံသို့...

အရှင်ဆန္ဒာဓိက ႟ိုက်နှက်ဒဏ်ကြောင့် ခွဲစိတ်ကုသရမည့် အခြေအနေ ရောက်

http://www.rfa.org/burmese/news/beaten_monk_needs_surgical_treatment-09222009134409.html

အပြည့်အစုံသို့...

သံဃာတော် ၂၄၀ ထောင်ခဵခံနေကြရကြောင်း HRW ပြောကြား

http://www.rfa.org/burmese/news/rights_watch_dog_report_described_240_monks_in_jails-09222009140937.html

အပြည့်အစုံသို့...

သံဃာတွေကို အကြမ်းဖက်ခဲ့တာ မမေ့ဖိုႛ ဆေးနီပက်ဖြန်း

http://www.rfa.org/burmese/news/Rangoon_red_paint_campaign_launches_on_Saffron_anniversary-09262009104952.html

အပြည့်အစုံသို့...

VOA -သတင်းများ

Myanmar Prime Minister Gen. Thein Sein addresses the 64th session of the United Nations General Assembly at the United Nations headquarters Monday, Sept. 28, 2009.AP

နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ခန်းမကြီးမှာ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အပြည့်အစုံသို့...

လူငယ္အဖြဲႚမဵား စုပေၝင်း ဝတ်ပြုဆုတောင်း

http://www.rfa.org/burmese/news/activists_and_monks_pray_marking_Saffron_anniversary-09272009122529.html

အပြည့်အစုံသို့...

RFA-သတင်းများ

အပြည့်အစုံသို့...

Saturday, September 26, 2009

မဇ္ဈိမသတင်းများ

အပြည့်အစုံသို့...

ဆန္ဒပြပွဲ( ၂၃-၉-၀၉ )

အပြည့်အစုံသို့...

Sunday, September 20, 2009

ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့်

ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့်

18 September 2009

ရွှေဝါရောင်တော်လှန်ရေး လို့ အမည်တွင်တဲ့ ၂၀၀၇ စက်တင်ဘာလ ဗုဒ္ဓသံဃာတော်များ ဦးဆောင်ဆန္ဒပြပွဲ (၂) နှစ်ပြည့်မြောက်မဲ့ အကြို ရက်သတ္တပါတ်တွေအတွင်း ရန်ကုန်မြို့ နေရာအတော်များများမှာ လုံခြုံရေးတွေ ပိုပြီးတင်းကြပ်ထားတာမို့ လူထုအနေနဲ့ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို ပိုပြီး မမေ့နိုင်စရာ ဖြစ်နေရသလို ထိတ်လန့်စိုးရိမ်မှုတွေကြောင့် အသွားအလာတွေလဲ ပုံမှန်ထက်နဲနေပါတယ်။ သာသနာတော်ကို အစော်ကားခံခဲ့ရတယ်လို့ မကျေနိုင်သေးတဲ့ သံဃာတွေလဲ ရှိနေတာမို့ မြန်မာနိုင်ငံတွင်း အခြေအနေဟာ ပေါက်ကွဲလု မီးတောင်တခုလိုဖြစ်နေပါတယ်။

http://www.voanews.com/burmese/2009-09-18-voa9.cfm

အပြည့်အစုံသို့...

ရင်ထဲကရွှေဝါရောင်

ရဟန်းသံဃာတို့ရဲ့ သမိုင်း
နက်ရှိုင်းကျယ်ပြန့်
ခြေဆန့်ခဲ့တဲ့ခရီး
သွေးစည်းခြင်းတွေ အနန္တ
တော်လှန်ရေးတွေ ဗလပွနဲ့
ကယ်တင်ပြခဲ့တဲ့ အဖြစ်
ရင်ထဲမှာ “သစ်” နေဆဲပါ။

ကိုလိုနီခေတ်က
ဆရာတော် ဦးဥတ္တမ
ဆရာတော် ဦးဝိစာရတို့ရဲ့
နယ်ချဲ့ ဆန့်ကျင်စိတ်နဲ့
အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ သမိုင်း
နက်ရှိုင်းလွန်းလှပါတယ်။

ဒီမိုကရေစီခေတ်မှာ
ရဟန်း၊ သံဃာတွေက
စစ်အစိုးရရဲ့ ဖိနှိပ်မှုကို
ဒီမိုကရေစီစိတ်နဲ့ တော်လှန်တာ
ကမ္ဘာက သိနေတယ်လေ။

ရွှေဝါရောင်တော်လှန်ရေးရဲ့ အစ
ပခုက္ကူကပါလို့
ဟစ်ကြွေး ကျူးရင့်
ခွန်းဆင့် ပါရစေ။

စစ်ကျွန်အဖြစ်
နွံနစ်တဲ့ ဘဝ
လူမှုဒုက္ခ အဝဝ
ချွတ်ခြုံကျ မွဲတော့
ဆင်းရဲတွင်း နက်သမျှဒဏ်
မြန်မာတွေ ခါးစည်းခံနေရပြီလေ။

နှစ်ထောင်ခွန် စက်တင်ဘာငါး
ပခုက္ကူသံဃာ အပါးငါးရာကျော်က
ဆင်းရဲမှုဒုက္ခ ကင်းဝေးရေးအတွက်
လုံးစုံများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
လူအချင်းချင်း၊ နှိပ်စက်ခြင်း
ကင်းရှင်းကြပါစေ။
လူအချင်းချင်း၊ သတ်ဖြတ်ခြင်း
ကင်းရှင်းကြပါစေ လို့
မေတ္တာပို့ လှည့်လည်ရာမှ
စစ်အစိုးရက
အတင်းအဓမ္မသတ်ပြလို့
ရဟန်းသံဃာတွေ ကျဆုံးရာမှ
စက်တင်ဘာ ရွှေဝါရောင်
တော်လှန်ရေး ဖြစ်ရခြင်းပါ။

စစ်အစိုးရရဲ့ ရိုင်းပျမှုကို
ဝန်ချတောင်းပန်
မတောင်းပန်ပါက
ပတ္တနိက္ကုဇ္ဇနကံ
ဆောင်ရွက်ရန်ဟု
ရဟန်းသံဃာများက
မေးမြန်းကြေညာခဲ့တယ်။

ပတ္တနိက္ကုဇ္ဇနကံဆိုတာ
ရဟန်းသံဃာများ၊ စော်ကားသူကို
ရဟန်းသံဃာများက
သာရေးကိစ္စ၊ နာရေးကိစ္စပါမကျန်
ဆက်ဆံမှုမပြု၊ ပြုဆဲအလှူကိုလဲ
လက်မခံတဲ့စိတ်နဲ့
သပိတ်မှောက်ခြင်းကို၊ ဆိုထားခြင်းပါ။

စစ်အစိုးရက
ဝန်ချမတောင်းပန်ဘဲ
သူ့ရန်လို့မြင်၊ စစ်ဆင်ရေးနဲ့တိုက်
မိုက်လှချည့်လား၊ ရမ်းလှချည်လား။

ပစ်လော့.... စစ်သား
အို... စစ်သားတို့
တို့ရွာတို့မြေ၊ တို့ရွာမြေမှာ
ရဟန်းသံဃာ၊ မေတ္တာပို့ကာ
ပွားများပါ၏။ ပွားပါလေလဲ
ပစ်ခတ်ဆဲမို့၊ သွေးရဲသင်္ကန်း
ဆင်မြန်းရင်းလာ၊
ပေတရာလမ်းမှာ
ရွှေဝါရောင်သွေးတွေ
ဒလဟော စီးဆင်းနေပြီလေ။

ပစ်လော့.... စစ်သား
အို... စစ်သားတို့
တို့ရွာတို့မြေ၊ တို့ရွာမြေမှာ
ရဟန်းသံဃာ၊ ကျင့်သိက္ခာနဲ့
နေပါသော်လည်း
ပစ်ခတ်ဆဲမို့၊ ဆင်းရဲကသာ
ကာလကြာလျှင်၊ သံဃာအများ
ကျောင်းကြိုကျောင်းကြား
ဘုရားကြို ဘုရားကြား
လှည့်လည်သွားဆဲ
ဆွမ်းလဲမဘုန်း၊ ပုန်း၍နေရ
သံဃာ့ဘဝ
ဆွမ်းမျှမခံနိုင်။

အို.... စစ်သား
လူသတ်သမားတို့
ဒီဘာသာ ဒီသာသနာ
ဘယ်သူ့ဘာသာ သာသနာလဲ
ဒီသံဃာ ဒီရဟန်း
ဘယ်သူ့သံဃာ ရဟန်းလဲလို့
မေးမြန်းပါရစေ။
သတ်ရမဲ့သူက
ရဟန်းသံဃာတွေလား။

ရဟန်းသံဃာတွေ သတ်ပြ
ဗုဒ္ဓကို စော်ကားပြ
စစ်အစိုးရ ငရဲလားမှာ
သေချာတယ်ဟေ့။

ထလော့.... မြန်မာ၊ အို... မြန်မာတို့
တို့ရွာတို့ပြည်၊ ဒီမိုကရေစီရအောင်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့။

ထာဝရအမှန်ကို၊ ခံယူချက်နဲ့ ယုံကြည်
တို့တိုင်းပြည်ကို၊ ဒီမိုကရေစီနဲ့ပုံဖော်ဖို့
သံဃာတော်တွေတိုက်ပွဲ ပျော်နေပြီလေ။

ပြည်သူတွေရဲ့ ဒုက္ခခံစားမှုကို
ကိုယ်စားပြုဦးဆောင်တဲ့
သံဃာတော်များရဲ့ အလင်းရောင်ဟာ
အမှောင်ဟူသမျှဖြိုခွင်း
လွတ်လပ်ခြင်း ဒီမိုကရေစီ
မြန်မာတစ်ပြည်လုံး ရပါစေ။



ရေးသားသူ။ ။ ပန်းသုခ ၁၈.၉.၀၉


(ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် အထိန်းအမှတ်)

အပြည့်အစုံသို့...

ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့်သစ္စာဓိဋ္ဌာန်ပွဲ


sacca-(18-09-09).wma -

အပြည့်အစုံသို့...

Thursday, September 17, 2009

ရွှေဝါရောင်တော်လှန်ရေး (၁၆-၉-၀၉)

2nd SR Invite

အပြည့်အစုံသို့...

Tuesday, September 15, 2009

ရွှေဝါရောင်တော်လှန်ရေး ( ဓမ္မဃောသက)

180909

အပြည့်အစုံသို့...

သစ္စာဓိဋ္ဌာန်ပြု ဆုတောင်းရခြင်း (သို့) ထိရောက်အောင် ဆုတောင်းမှုပြုပုံ

thitsar3

အပြည့်အစုံသို့...

Thursday, September 10, 2009

ကြေညာချက်နှင့် သစ္စာဓိဋ္ဌာန် ( ၁၀-၉-၀၉ )




အပြည့်အစုံသို့...

ဗိုလ်မှုး အောင်လင်းထွဋ် က ဗိုလ်ချုပ်ရွှေမန်းသို့ ပေးစာ


ဗိုလ်ချုပ်ကြီးသူရရွှေမန်းသို့ အိတ်ဖွင့်ပေးစာ..
အကိုကြီးခင်ဗျာ..
ကျနော် အောင်လင်းထွဋ်ပါ၊ အကိုကြီး တပ်မ ၆၆ နည်းဗျူဟာမှုးတာဝန်ထမ်းဆောင်စဉ် ကရင်ပြည်နယ်ကို စစ်ဆင်ရေးမသွားခင် တပ်မတော်ထောက်လှမ်းရေးညွန်ကြားရေးမှုးရုံး တိုက်ပွဲထောက်လှမ်းရေးဌာနမှာ လာရောက်သြ၀ါဒခံယူစဉ် စစ်ဦးစီးမှုးဒုတိယတန်း ဗိုလ်မှုးအောင်လင်းထွဋ်ရဲ့ Ray Ban ကိုသတိရလိမ့်မယ်လို့ထင်ပါတယ်။ နောင် အကိုကြီးတို့ရဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အပတ်စဉ် (၁) သင်တန်းမှာ ကျနော် ထောက်လှမ်းရေးဘာသာရပ် lecture လာပို့တာကိုလည်း အမှတ်ရမိလိမ့်မယ်လို့ထင်ပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့်အရေးယူခံရပြီးနောက် အကိုကြီးပြောခဲ့တဲ့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေရဘူးဆိုတဲ့ စကားလုံးဟာ ကျနော်တို့ရင်ထဲမှာရော၊ မြန်မာပြည်သူလူထုနဲ့ တပ်မတော်သားတို့ရဲ့ရင်ထဲမှာရော အခုအချိန်ထိ စွဲကျန်နေခဲ့သလို …အားလုံးကလဲ အကိုကြီးကို မြန်မာနိုင်ငံတော်ကြီးကို အာဏာရှင်စနစ်ထဲက ကယ်တင်မဲ့ ကယ်တင်ရှင်ကြီးဖြစ်လာလိမ့်မယ်လို့ မျော်လင့်မိခဲ့ပါတယ်။ ကျနော်သိရသလောက် တပ်မတော်အရာရှိကြီးများကလည်း အကိုကြီးသာဦးဆောင်မယ်ဆိုရင် ထောက်ခံဖို့အသင့်လို့ပဲလို့သိရပါတယ်။ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးတို့ရဲ့ခေါင်းဆောင်မှုတွေကိုစိတ်ပျက်နေကြပါတယ်ဆိုတာ အားလုံးကပြောနေကြပါတယ်။ အကိုကြီးဟာ ကျနော်တို့ထက် နိုင်ငံအခြေအနေကို အသိဆုံးဖြစ်သလို ဗိုလ်ချုပ်သန်းရွှေ အကြောင်းကိုလည်း အသိဆုံးပါ။ တပ်မတော်သားများအပါအ၀င် ပြည်သူလူထုနဲ့ နိုင်ငံတကာကသိအောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကိုဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ၍ နိုင်ငံကောင်းရာကောင်းကြောင်းလုပ်မယ်ဆိုရင် အားလုံးက သာဓုခေါ်ကြပါလိမ့်မယ်။ ကျနော်တို့မြန်မာနိုင်ငံသားတွေ ပြည်တွင်းမှာရော ပြည်ပမှာရော ဒုက္ခရောက်နေကြပါတယ်။ ရွှေမြန်မာတွေ နိုင်ငံတကာမှာ ကျွန်ဖြစ်နေသလို ပြည်တွင်းကမြန်မာတွေလဲ အာဏာပိုင်တွေနှိပ်စက်ချင်တိုင်းနှိပ်စက်ခံနေရတဲ့ စစ်ကျွန်ဖြစ်နေကြပါတယ်။ အကိုကြီးအနေနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ဘာတွေဖြစ်ပြီး ဘာတွေလုပ်နေတယ်၊ ဘယ်လိုစဉ်းစားနေတယ်ဆိုတာ အကိုကြီးအသိဆုံးပါ။ ဒီပဲယင်းအရေးအခင်းရဲ့ တရားခံဟာ
ဗိုလ်ချုပ်ကြီးသန်းရွှေဆိုတာ အကိုကြီးသိပါတယ်။ ဒီပဲယင်းအရေးအခင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖျောင်းဖျခိုင်းတာလဲ ဗိုလ်ချုပ်ကြီးသန်းရွှေပါပဲ။ အဲဒီအချိန်က ပြည်ထဲရေးဝန်ကြီး ဗိုလ်မှုးကြီးတင်လှိုင် ဒုတိယတပ်မတော်ထောက်လှမ်းရေးမှုးချုပ် ဗိုလ်ချုပ်ကျော်ဝင်း တန်ပြန်ထောက်လှမ်းရေးဌာနကြီးမှုး ဗိုလ်မှုးချုပ်သန်းထွန်းတို့ကို အဖွဲ့ ဖွဲ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကိုဆွေးနွေးခိုင်းတာလဲ ဗိုလ်ချုပ်သန်းရွှေပါပဲ။ အဲဒီဆွေးနွေးလို့ကရလာတဲ့ ရလဒ်ကို ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင်သဘောတူပြီးမှ ဖျက်ပစ်တာလဲ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အကိုကြီးသိပြီးဖြစ်ပါလိမ့်မယ် ၂၀၀၄ ခုနှစ်ကဘာတွေ သဘောတူခဲ့တယ်ဆိုတာ သိအောင်ထပ်ပြီးပြောပြရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတင်ဦးကိုလွှတ်ပေးမယ် NLD အမျိုးသာညီလာခံပြန်တက်မယ် အမျိုးသားညီလာခံရဲ့ အခြေခံမှုတွေထဲကအချို့အချက်အလက်တွေပြန်ဆွေးနွေးမယ် ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးမယ်ဆိုတဲ့အဓိကအချက်တွေပါပါတယ်။ ဒီသဘောတူညီချက်တွေကို ပထမ ဗိုလ်ချုပ်သန်းရွှေက သဘောတူတယ်ဆိုလို့ ကျနော်တို့ အဖွဲ့တွေ ၉၅% တော့သေချာတယ်ဆိုပြီး ၀မ်းသာမိခဲ့ကြပါတယ်။ အမျိုးသားညီလာခံစဖို့ နီးပြီဆိုမှ ဗိုလ်ချုပ်သန်းရွှေ စိတ်ပြောင်းပြီး စေ့စပ်ညှိနိုင်းရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတင်ဦးကို ပြန်လွှတ်မပေးနိုင်သေးဘူးလို့ပြောခိုင်းတယ်။ ဒီစေ့စပ်ညှိနိုင်းရေးအဖွဲ့ကဒေါ်အောင်ဆန်းစုကြည်ကိုပြန်လယ်သတင်းပို့တော့ ဒေါ်အောင်ဆန်းစုကြည်က ရှင်တို့ယောက်ျားတွေလုပ်နေပြီး ကတိမတည်တဲ့လူတွေလို့မှတ်ချက်ပြုခဲ့တယ်ဆိုတာ အကိုကြီးသိပါလိမ့်မယ်။ ကျနော်ပြောချင်တာက အမျိုးသ္မီးတစ်ယောက်ကို ဒီပဲယင်းမှာ အပြတ်ရှင်းဖို့အမိန့်ပေးခဲ့တယ်၊ လွတ်လာပြီးတော့လဲ ဟိုလိုလိုဒီလိုလိုနဲ့လိမ်ညာပြီးလုံခြုံရေးအရ ထိန်းရပါတယ်ဆိုပြီး ကမ္ဘာကို ဗြောင်လိမ်ခိုင်းတယ် နိုင်ငံတကာရဲ့လေသံရော့သွားမှ ပုဒ်မ ၁၀/ခ ဆိုပြီး လူမသိ သူမသိ ချုပ်တယ်၊ ၅နှစ်ပြည့်လို့ လွတ်ရက်စေ့တော့လဲ ကလိမ်ကကျစ်လုပ်ပြီး ၆နှစ်လို့ပြောတယ် ၆နှစ်ပြည့်လို လွတ်ချိန်တန်တော့ USA က်Mr. Yattaw နဲ့ အကွက်ဆင်ပြီးဖမ်းတယ် ဒါတွေကို ပြန်လေ့လာရင် အကိုကြီးပြောခဲ့တဲ့ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ဟုတ်ပါသေးရဲ့လား။ ၂၀၀၉ ခု ဂျွန်လအတွင်းမှာ တရားသူကြီးချုပ် ဦးအောင်တိုး နေပြည်တော်က ဆေးရုံမှာ အရေးပေါ် ဆေးရုံတင်လိုက်ရတာ အဖိုးကြီးရဲ့ Pressure လို့ မခံနိုင်လို့ ဘူးသီးလုပ်ခံရလို့ဖြစ်တယ်လို့သိရတယ်။ တရားသူကြီချုပ်ဆိုတာ ဥပဒေကို ထိန်းရမဲ့ အမြင့်ဆုံးအာဏာပိုင်ပါ။ တရားသူကြီးချုပ်က ထိန်းချင်ပေမဲ့ ဥပဒေထက်က ဗိုလ်ချုပ်မှုးကြီးကထင်ရာစိုင်းပြီး လုပ်ချင်ရာလုပ်နေတာ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ဟုတ်ပါရဲ့လား။ အကိုကြီးခင်ဗျား.. အကိုကြီးကိုယ်တိုင်ပြောခဲ့တဲ့ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ မှန်ကန်မြင့်မြတ်တဲ့စကားကို တည်စေချင်ရင် အကိုကြီးကိုယ်တိုင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ဖယ်ရှားဖို့ပါပဲ။ အဲဒီနောက်မှာ ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အောက်ပါအချက်သုံးချက်ကိုဆောင်ရွက်ပေးဖို့ပါ။
၁ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများပြန်လွတ်ပေးရေး
၂ ။ နိုင်ငံကောင်းရာကောင်းကြောင်းတွေ့ဆုံဆွေးနွေးရေး
၃ ။ အများသဘောတူတဲ့ဖွဲ့စည်းပုံနဲ့အတူ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပြုလုပ်ပေးရေးတို့ဖြစ်ပါတယ်။
အကိုကြီး ခင်ဗျာ. ယနေ့မြန်မာနိုင်ငံကို အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့လက်တွင်းကကယ်တင်ဖို့ အကိုကြီးဟာအဓိကဖြစ်ပါတယ်။ ( Psychic reflection ) ဆိုက်ကစ် ရီဖလေးရှင်းဖြစ်နေတဲ့ စိတ္တဇဝေဒနာသည်ဖြစ်နေတဲ့ ဗိုလ်ချုပ်မှုးကြီးကို အနားပေးဖို့အချိန်တန်နေပါပြီးခင်ဗျာ. နတ်လူသာဓုခေါ်ဖို့ ကျနော်တို့စောင့်နေကြပါတယ်။


အောင်လင်းထွဋ်ပါခင်ဗျာ

အပြည့်အစုံသို့...

သံဃာ့အဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ထုတ်ပြန်ချက်





သံဃာအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ဦးဆောင်မှုဖြင့် မြန်မာပြည်တွင်း တွင် တည်ရှိသော နိုင်ငံရေးအင်အားစု(၁၄) ဖွဲ့မှ လက်ရှိတည်ဆဲ စစ်အစိုးရအား ထိပ်တိုက် ရင်ဆိုင်ပြီး မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်ပေါ် လာစေရေး အတွက် ဖွဲ့စည်း ထားသော အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင် ရေးကော်မတီ မှ တပ်မတော်ထဲက အရာရှိ ၊ အရာခံ ၊ အကြပ် ၊ တပ်သားအားလုံးနှင့် နအဖ စစ်အုပ် ချုပ်ရေး ယန္တရားအတွင်း ပါဝင်အမှုထမ်းနေကြသည့် အမျိုးကောင်းသား ၊ အမျိုး ကောင်းသားသမီး အားလုံးထံသို့ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီးတွင် သံဃာတော်များ၊ ကျောင်းသား / ကျောင်းသူများ နှင့် ပြည်သူ/ပြည်သားများ ဘက်မှ ရပ်တည်ပေးရန် အိတ်ဖွင့် ပေးစာအား ပြည်တွင်းမှ တည်ရှိသော သံဃာအဖွဲ့ချူပ် - မြန်မာနိုင်ငံ နှင့် နိုင်ငံရေး အင်အားစု (၁၄) ဖွဲ့မှ ဆရာတော် ဦးဥတ္တမနေ့ စက်တင်ဘာလ ၉ ရက်နေ့အား ဂုဏ်ပြုသော အနေဖြင့် တိုင်းစစ်ဌာနချုပ် (၁၃) ခု နှင့် လက်အောက် ခံ တပ်ရင်းတပ်ဖွဲ့(၆၅) ခု၊ ၀န်ကြီးဌာန(၃၁) ခု နှင့် လက်အောက်ခံ ရုံးဌာန (၉၃) ခု ၊ပြည်နယ် ၊ တိုင်း ၊ ခရိုင် ပြည်ခိုင်းဖြိုးရုံး (၄၀၅) ရုံး ထံသို့ စာတိုက်မှ တဆင့် ယနေ့ ( ၉ . ၉ . ၀၉ ) ရက်စွဲဖြင့် ပေးပို့ပြီး မန္တလေးမြို့ ရန်ကင်းတောင်တော်တွင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ သံဃာ ( ၁၅ ) ပါးနှင့် နိုင်ငံရေးအင်အားစု (၁၄) ဖွဲ့မှ လူပုဂ္ဂိုလ် (၃၀) ဦးမှ ဆရာတော် ဦးဥတ္တမ အတွက် မေတ္တာပို့အမျှဝေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် မောရသုတ်တော် ရွတ်ဖတ် ခြင်းများပြုလုပ်ကြသည် ။ ထို့အပြင် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံမှ ဆွမ်းခံ သံဃာ (၉) ပါးမှ မန္တလေးတောင်တော် ပေါ်တွင် မိမိတို့ ဆွမ်းခံပြီး ရရှိလာသော သပိတ် (၉) လုံးမှ ဆွမ်းတော်များအား ဘုရားရှင်အား ရည်စူးကပ်လှူပြီး ဆရာတော် ဦးဥတ္တမ အတွက် မေတ္တာပို့ အမျှဝေခြင်းများ ပြုလုပ်ကြကြောင်း GAB အဖွဲ့ဝင်များအား သိစေ အပ်ပါသည်။

http://www.khitpyaing.org/news/Sep09/90909d.php ယခု လင့်သည် ယနေ့ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ ၏ လှုပ်ရှားမှုအား ခေတ်ပြိုင် သတင်း စာမျက်နှာတွင် ဖော်ပြထားသော လင့် ဖြစ်သည်။

အရှင် ပါရမီခန္တီ
တွဲဖက်အထွေထွေအတွင်းရေးမှူး
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
sangha.burma@gmail.com
www.slm.net.tc
O.C.F.N.F.A

အပြည့်အစုံသို့...

Sunday, September 6, 2009

၈၈၈၈-ဆရာတော်ဦးပညာဝရ၏အကြံပြုစာ

အပြည့်အစုံသို့...

၅-၉-၀၉ (ကြေညာချက်နဲ့ပတ်သက်တဲ့သတင်းတွေကိုနားဆင်းနိုင်ပါသည်

http://www.bbc.co.uk/myanmar/news/story/2008/10/081008_saturday_evening.shtml
http://www.mediafire.com/?sharekey=f706800014eb69f9c79b87b207592a1ce04e75f6e8ebb871
http://www.mediafire.com/?sharekey=f706800014eb69f9c79b87b207592a1ce04e75f6e8ebb871

အပြည့်အစုံသို့...

Saturday, September 5, 2009

ကြေညာချက်( ၅-၉-၀၉ )


အပြည့်အစုံသို့...

၂၀၀၇-စက်တင်ဘာနောက်ပိုင်း ကျောင်းတိုက်အခြေနေ

List of the Monks

အပြည့်အစုံသို့...

နှီးနှောဖလှယ်ပွဲမှတ်တမ်း

Forum Record,Sydney

အပြည့်အစုံသို့...

DVB-သတင်းများ


more


more

အပြည့်အစုံသို့...

ဧရာဝတီ-သတင်းများ

အပစ်ရပ် မွန်ဒေသတွင်လည်း မတည်မငြိမ်ဖြစ်နေ

မွန်ပြည်သစ်ပါတီ (NMSP) ခေါင်းဆောင်ပိုင်းတွင် အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေကြောင်း ၎င်းပါတီနှင့် နီးစပ်သော

မြန်မာ တရုတ် နယ်စပ် ဒုက္ခသည်များ ပိုမိုထွက်ပြေးနေ

စစ်အစိုးရ သတင်းစာများတွင် ကိုးကန့်ဒေသ တည်ငြိမ်လာ သောကြောင့် ဒေသခံများ ပြန်လည်ဝင်ရောက် လာသည်ဟု ဖော်ပြနေသော်လည်း ၀ အပစ်ရပ်အဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းတွင်

စစ်တွေတွင် ထောက်လှမ်းရေးများ ဥပုသ်သည်ဟန်ဆောင်၍ သတင်းယူ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သံဃာတော်များ၏ လှုပ်ရှားမှုကို အာဏာပိုင်များက ဘုရားကျောင်းကန် အစရှိ သည့် သာသနာ့နယ်မြေ များတွင်ပါ ဘာသာတရား ကိုင်းရှိုင်းသူများ ဟန်ဆောင်၍

တိုင်းရင်းဆေးနှင့် ငရုတ်ဆီများ ထပ်မံပိတ်ပင်

မြန်မာပြည်တွင်း ထုတ်လုပ်ရောင်းချနေသော တိုင်းရင်းဆေးဝါး အမှတ်တံဆိပ် ၁၄ မျိုးနှင့် ငရုတ်ဆီ အမျိုးအစား ၁၀ မျိုးကို သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ယမန်နေ့

အပြည့်အစုံသို့...

မဇ္ဈိမသတင်းများ

ဦးရွှေအုန်းနှင့် တတိယအင်အားစု မဟာမိတ်အဖွဲ့ ဖွဲ့စည်းမည်

၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ဝါရင့်ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်းက မြန်မာ့နိုင်ငံရေး၌ တတိယအင်အားစုအဖြစ် လှုပ်ရှားနေသူတစုနှင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းသွား...

အမျိုးသမီးများ၏ မလုံမခြုံ ခန္ဓာပုံများ ခိုးရိုက်သူ ထောင်ကျ

အမျိုးသမီး ၂၀ ခန့်၏ ခန္ဓာကိုယ်အောက်ပိုင်းကို မိုဘိုင်းဖုန်းဖြင့် ခိုးရိုက်ကူးခဲ့သူဟု စွပ်စွဲကာ မြန်မာနိုင်ငံသားတစ်ဦးကို ထောင်ဒဏ် သီတင်းပတ် ၁၂...

မြန်မာ့အထည်ချုပ် တူရကီနှင့် ဒေါ်လာ ၆ သန်းခွဲဖိုး သဘောတူ

မြန်မာ့ အထည်ချုပ်လုပ်ငန်းများနှင့် တူရကီ အထည်အလိပ်အုပ်စု တီးမားတို့ ဒေါ်လာ ၆ သန်းခွဲတန် စီမံကိန်းတခုအတွက် ရန်ကုန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကာ......

ဝေ နှင့် စစ်အစိုးရ ပေါင်းမိလျှင် UWSA မလွယ်

စစ်အစိုးရ၏ `သွေးခွဲအုပ်ချုပ်မှု´ အကြောင်း အတော်လေးပြောကြသည်။ သို့သော် မျက်စိလျှမ်းနေကြသည်မှာ ဤအခြေအနေများကို စစ်အစိုးရက ဖန်တီးခဲ့ခြင်းမဟုတ်ဘဲ ဖြစ်ပေါ်နေသော အကွဲအပြဲများကို...

အပြည့်အစုံသို့...

VOA-သတင်းများ

Burmese opposition leader Aung San Suu Kyi (file photo)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ အမှုကို ပြန်လည်ကြားနာဖို့ သူ့ရဲ့ ဥပဒေကျိုးဆောင်တွေက လျှောက်လဲချက် တင်ထားတာကို ရန်ကုန်တိုင်းတရားရုံးက လက်ခံလိုက်ပြီဖြစ်ပါတယ်။

အပြည့်အစုံသို့...

blogger templates | Make Money Online