Monday, July 13, 2009

အင်တာနက် လုံခြုံရေး အရေးကြီးနေပြီလော

ကျွန်တော် ကိုဖိုးတရုတ်ရဲ့  စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်ဟာ ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန် မနက်ပိုင်း အချိန်မှာ ရုတ်တရက် ဖွင့်မရတော့တာ တွေ့ခဲ့ရပါတယ်။ မူလစာမျက်နှာကို ဖွင့်ကြည့်လိုက်ရာ This site has been suspended ဆိုပြီး ပေါ်လာတာကို တွေ့ရပါတယ်။

Attackအသိ မိတ်ဆွေတွေကလည်း ၀က်ဘ်ဆိုဒ် ဖွင့်ကြည့်လို့ မရတော့ကြောင်း အီးမေးလ်ပို့ခြင်း၊ ဖုန်းနဲ့ ဆက်သွယ် ပြောကြားခြင်းတွေ ရှိလာပါတယ်။ အဲဒီ ဖွင့်လို့ မရတဲ့ စာမျက်နှာကို တွေ့လိုက်တာနဲ့ တပြိုင်နက် ကျွန်တော့် ၀က်ဘ်ဆိုဒ် အတိုက်အခိုက် ခံရပြီ ဆိုတာ သိလိုက်ရပါတယ်။ ဒီတကြိမ်နဲ့ဆို ဒုတိယမြောက် ဖြစ်ပါတယ်။ ပထမ တစ်ခေါက်ကတော့ စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ် http://photayokeking.myanmarbloggers.org မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းကလည်း ဘာလောဂ် မူလစာမျက်နှာကို ဖွင့်ကြည့်လိုက်ရာ Data Base Error ဆိုပြီးတော့ ပေါ်ပေါက်ခဲ့ပါတယ်။ ဘာလောဂ်မှာ အခုလို ပြဿနာ ဖြစ်ပွားခဲ့တာကြောင့် ကျွန်တော့် အနေနဲ့ ၀က်ဘ်ဆိုဒ် www.photayokeking.org သို့ ပြောင်းခဲ့ရခြင်း ဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းက ၀က်ဘ်ဆိုဒ်ကို ကြည့်လို့ မရတော့တာ သိရတော့ မူလ ထိန်းချုပ်ရာ Control Panel ကို ၀င်ကြည့်ပါတယ်။ Control Panel ကို ၀င်ကြည့်တဲ့အခါ There are issues with this account!! ဆိုပြီး စကားလုံး ပေါ်လာပါတယ်။ ကိုယ်ပိုင် Control Panel ကိုတောင် ၀င်လို့ မရတော့တဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ အနည်းငယ် အငိုက်မိ ခံလိုက်ရတာကြောင့် Hosting Server Company ထံ ချက်ချင်း ဆက်သွယ် အကြောင်းကြားပါတော့တယ်။

Hosting Server က Technical Support Staff တွေနဲ့အတူ အပြန်အလှန် ဆွေးနွေး ပြောဆိုကြတဲ့အခါ အဲဒီ ပုဂ္ဂိုလ်တွေက Request ၁၀၀ ထက် မနည်း ကျွန်တော့် ဆိုဒ်ရဲ့  Script တခုဆီသို့ ပေးပို့ နေတာကြောင့် ကျွန်တော့် Account အား Suspended လုပ်လိုက်ထားခြင်း ဖြစ်ကြောင်း ပြောဆို လာပါတယ်။ ကျွန်တော့် အနေနဲ့ ဘယ်ကနေ ဘယ်လို ပို့ကြတာလဲလို့ မေးကြည့်တဲ့အခါ Hosting Server အနေနဲ့ Request ၁၀၀ အထိ လက်ခံပြီး ၁၀၀ ထက် ကျော်ပါက အဲဒီ Request ပို့ခြင်း ခံရတဲ့ Account ကို Suspended လုပ်ထားခြင်း ဖြစ်တယ်လို့ ပြန်လည်ပြောဆိုကာ ဘယ်ကနေ ပို့သလဲကိုတော့ ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ Request ၁၀၀ ထက် မနည်း ကျွန်တော့် ဆိုဒ်ရဲ့  Script တခုကို ပို့ထားတာကြောင့် အဲဒီ Script ပါ ဖိုင်အား ဖျက်ပစ်ဖို့ လိုကြောင်း၊ ဖျက်ပစ်ပြီးပါက သူတို့ထံ ပြန်လည် ဆက်သွယ်ကာ Account အား ပြန်လည် Active လုပ်ပေးသွားမည် ဖြစ်ကြောင်း Hosting Server က Technical Support Staff တွေ ပြောပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ Request ၁၀၀ ထက် မနည်း ပို့ခြင်း ခံရတဲ့ Script တခုကို FTP ကတဆင့် ဖျက်ပစ်လိုက်ရပါတယ်။ ပြီးနောက် Hosting Server က Technical Support Staff တွေကို အကြောင်းကြားပြီး သူတို့တွေက ဦးစားပေး အနေနဲ့ ကျွန်တော့် Account အား ပြန်လည် Active လုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တခြား ကျွမ်းကျင်သူ ပညာရှင် တစ်ယောက်နဲ့ ကျွန်တော် ကိုဖိုးတရုတ်တို့ ဆွေးနွေး ပြောဆိုရာမှာ Comment တွေကနေ Script တွေ များများ ဖြစ်အောင် ပေးကာ ဆိုဒ်ရှိ Bandwidth တွေမှာ အဖုအထစ် ဖြစ်သွားအောင် လုပ်နိုင်ခြင်း၊ DDos System ကဲ့သို့ ဆိုဒ်အား တိုက်ခိုက်နိုင်ခြင်း၊ မူလ Hosting Server သို့ ၀က်ဘ်ဆိုဒ်နဲ့ ပတ်သက်ပြီး Request ၁၀၀ ထက် မနည်း ပို့ကာ ဆိုဒ်အား ရှုပ်ထွေး ပျက်ပြား ကြန့်ကြာစေအောင် လုပ်ခြင်း၊ ၀က်ဘ်ဆိုဒ်ရှိ Script တခုခု (ဥပမာ – public_html/index.php) သို့ Request (၁၀၀) ထက် မနည်း ပို့ပြီး ရှုပ်ထွေး ကြန့်ကြာသွားအောင် လုပ်နိုင်ခြင်း စတဲ့ နည်းပညာ စနစ်များကို ရိပ်မိ သိရှိခဲ့ရပါတယ်။

မြန်မာနိုင်ငံအတွင်းမှ ကျွန်တော့် ၀က်ဘ်ဆိုဒ်အား ကြည့်ရှုလို့ မရအောင် “Access Denied” လုပ်ပါတယ်။ “Access Denied” လုပ်လို့ အားမရတော့ ဆိုဒ်ကို ပျက်ဆီး ခက်ခဲ ကြန့်ကြာအောင် Request (၁၀၀) ထက် မနည်း ကျွန်တော့် ၀က်ဘ်ဆိုဒ်ရဲ့  Script တခုသို့ ပို့ဆောင် နှောင့်ယှက်တာ လုပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ၀က်ဘ်ဆိုဒ်အား Back Up (အချက်အလက်များအား သိမ်းဆည်းထားခြင်း) လုပ်ထားတာကြောင့် မသမာသူတွေ ဘယ်လောက်ဘဲ တိုက်တိုက်ခိုက်ခိုက် ကျွန်တော့် ၀က်ဘ်ဆိုဒ် လုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ဘက်တော်သား Webmaster တွေကို အဓိက အကြံပေးချင်တာကတော့ မိမိ ဆိုဒ်အား အချိန်နဲ့အမျှ Back Up လုပ်ထားခြင်း၊ အရံ ဆိုဒ်များအား တည်ထောင်ထားခြင်း၊ တိုက်ခိုက်လာနိုင်တဲ့ IP Address များအား Scanning/Block ပြုလုပ်နိုင်ရန် လိုအပ်တဲ့ Tools များကို မိမိ ဆိုဒ်မှာ တပ်ဆင်ထားခြင်း၊ သဘောထား အမြင် အယူအဆများ (Comment) များအား လိုအပ်တာထက် ပိုရှိနေပါက ဖြုတ်ချခြင်း၊ အဓိက Hosting Server အား ခိုင်မာ တည်တံ့အောင် ပြင်ဆင် မွန်းမံထားခြင်း တို့ လုပ်ဆောင်သွားရန် ဖြစ်ပါတယ်။


ယခုအခါ ၀က်ဘ်ဆိုဒ် ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်တာကြောင့် စာဖတ်ပရိသတ်များနဲ့ ရဲဘော်ရဲဘက်များ အားလုံး ၀က်ဘ်ဆိုဒ် www.photayokeking.org သို့ သွားရောက် ဖတ်ရှုနိုင်ပြီ ဖြစ်တယ်ဆိုတဲ့ အကြောင်း တင်ပြအပ်ပါတယ်။

ယနေ့ တင်ပြထားတဲ့ အကြောင်းအရာကတော့ ဟိုတစ ဒီတစ တပ်တွင်း အက်ကွဲစ အပိုင်း (၃) ဖြစ်ပြီး အဲဒီ အကြောင်းအရာကို ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ ပေးပို့ထားတာ ဖြစ်ပြီး ဓာတ်ပုံများပါ ထည့်သွင်း ဖော်ပြထားပါတယ်။

0 Comments:

blogger templates | Make Money Online