Burma Update - Daw Aung San Su Kyi Met Liaison Aung Kyi- 9 December 2009
Wednesday, December 9, 2009
Daw Aung San Su Kyi Met Liaison Aung Kyi
Posted by Sanghaalliance at 8:40 PM 0 comments
Labels: သတင်း
http://www.voanews.com/burmese/2009-12-09-voa2.cfm
| အလွတ်သတင်းထောက်တွေ အကျဉ်းချတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာနိုင်ငံ ပါဝင် | |
| 09 December 2009 |
အလွတ်သတင်းထောက်တွေကို ဖိနှိပ်ချုပ်ချယ်ပြီး ဖမ်းဆီး ထောင်ချတဲ့နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံဟာ ထိပ်တန်း ၅ နိုင်ငံ စာရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာကြီးအတွင်းက သတင်းနဲ့ စာနယ်ဇင်းဆိုင်ရာ လုပ်ငန်းခွင်တွေအတွင်း ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အလွတ်သတင်းသမားတွေရဲ့ အရေအတွက်ဟာ ပိုများလာတယ်လို့ နယူးယောက်ခ် အခြေစိုက် သတင်းသမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (CPJ) က အခုလို ထုတ်ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ဘယ်နိုင်ငံတွေကရော သတင်းနဲ့ စာနယ်ဇင်း သမားတွေကို ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး နိုင်ငံတွေပါလဲ၊ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
သတင်းသမားတွေကို ဖမ်းဆီးထောင်ချထားတဲ့ ထိပ်ဆုံးနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံက ပထမ၊ ဒုတိယ နေရာမှာ အီရန်နိုင်ငံဖြစ်ပြီး ကျူးဘားနဲ့ အီရီထရီးယား (Eritrea) နိုင်ငံအပြင် မြန်မာနိုင်ငံတို့ဟာ ထိပ်တန်း အဆိုးဆုံး ၅ နိုင်ငံဖြစ်တယ်လို့ မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ နေ့စွဲနဲ့ CPJ အဖွဲ့က ထုတ်ပြန်ကြေညာခဲ့တာပါ။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလကစလို့ ၂၀၀၉ ဒီဇင်ဘာ ၁ ရက်နေ့ထိ တနှစ်တာ စာရင်းအရ ကမ္ဘာတ၀န်းက သတင်းထောက်တွေ၊ သတင်းအယ်တီတာတွေအပြင် ဓာတ်ပုံသတင်းသမား စတဲ့ သတင်းမီဒီယာ လုပ်ငန်းခွင်ထဲကသူ အားလုံးပေါင်း ၁၃၆ ယောက်ဟာ ထောင်ချအပြစ်ပေးတာ ခံထားကြရတယ်လို့လည်း CPJ အဖွဲ့ကြီးက ပြောပါတယ်။ ဖမ်းဆီးထောင်ချ ခံထားရတဲ့ ဒီသတင်းသမား အရေအတွက်တွေထဲကမှ ၄၅% ဟာ အလွတ်သတင်းထောက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလွတ်သတင်းထောက်တွေ၊ ဘလော့ဂါတွေ အပြင် အင်တာနက် ၀က်ဘ်ဆိုက် သတင်းအယ်တီတာသမား စတဲ့ အလွတ်သတင်းထောက်တွေဟာ အဖွဲ့အစည်း တာဝန်ခံမှု မရှိတာကြောင့် သူတို့တွေရဲ့ အကာအကွယ်ကို ထိထိရောက်ရောက် လုပ်ပေးနိုင်တာ မရှိဘူးလို့လည်း CPJ အဖွဲ့က ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်း ကြာမြင့်စွာကတည်းက ဒီမိုကရေစီရေး လှုပ်ရှားမှုဆိုင်ရာ သတင်းတွေအပေါ်မှာ အုပ်ချုပ်သူ အစိုးရက အပြင်းအထန်ကို ဖိနှပ်ချုပ်ချယ်နေပြီးတော့ ခုချိန်ထိ သတင်းနဲ့ စာနယ်ဇင်းဆိုင်ရာ ကိစ္စတွေမှာ တိုးတက်ပြောင်းလဲလာတာ မတွေ့ရဘူးလို့ CPJ အဖွဲ့က အာရှရေးရာ တာဝန်ခံ ဒစ်တစ်ဇ် (Dietz) က ပြောပါတယ်။
“မြန်မာစစ်အစိုးရက သတင်းမီဒီယာလုပ်ငန်းနဲ့ ဆိုင်တဲ့ ဘယ်ကဏ္ဍကိုမဆို ကန့်သတ်ချုပ်ချယ်ထားမှုဟာ ပြောင်းလဲလာတာ မရှိပါဘူး။ နိုင်ငံရေးနဲ့ဆိုင်တဲ့ သတင်းမှာသာ မကဘဲ လူမှုရေးနဲ့ဆိုင်တဲ့ သတင်းမျိုး၊ ဥပမာ နာဂစ်မုန်တိုင်း ကိစ္စမျိုးတွေမှာပါ သတင်းဖြန့်ဖြူးမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပါတယ်။”
အထူးသဖြင့် မြန်မာနိုင်ငံမှာ ထောင်ချတယ်ဆိုတဲ့ ပြစ်ဒဏ်တွေကို ပြပြီး သတင်းသမားတွေကို ခြိမ်းခြောက်ထားတာ ဖြစ်တယ်လို့လည်း CPJ အဖွဲ့က ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ထောင်ချ ဖမ်းဆီးတာအပြင် အင်တာနက် အသုံးပြုမှု၊ အများနဲ့ ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စတွေမှာပါ ထိန်းချုပ်ထားတာပါ။ ပုံနှိပ်လုပ်ငန်း၊ အသံလွှင့်လုပ်ငန်း၊ အင်တာနက် အွန်လိုင်း သတင်းမီဒီယာ အစရှိတဲ့ ကဏ္ဍအားလုံးကို အဆင့်ဆင့် ထိန်းချုပ်ထားသလို အများနဲ့ အလျှင်အမြန် ဆက်သွယ်နိုင်မယ့် အင်တာနက်တွေကိုတောင်မှ တိုင်းပြည်မှာ သတင်းတခုခု အရေးတကြီး ဖြစ်လာရင် အသုံးပြုလို့မရအောင် လိုင်းဖြတ်တာမျိုးတွေ လုပ်ပစ်ပါတယ်။ ပြည်ပသတင်းဌာနတွေရဲ့ ၀က်ဘ်ဆိုက်တွေကိုလည်း ကြည့်ရှုလို့ မရအောင် ပိတ်ပင်ထားပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဟာ သတင်းနဲ့ စာနယ်ဇင်း လွပ်လပ်ခွင့် အကင်းမဲ့ဆုံးနိုင်ငံ၊ ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး နိုင်ငံတခု ဖြစ်တယ်လို့ ကျနော်တို့ ထောက်ပြနေတာ ဖြစ်ပါတယ်။” လို့ CPJ အဖွဲ့က အာရှတာဝန်ခံ ဒစ်တစ်ဇ်က ပြောပြခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်သူ အစိုးရက အာဏာတည်မြဲရေး တခုတည်းကို ရှေးရှုပြီး ပြည်သူကို နားမျက်စိ ပိတ်ထားတဲ့ အမှောင်ချထားတာမျိုးဟာ အချိန်ကြာလာတာနဲ့အမျှ တိုင်းပြည်ရဲ့ အနာဂတ်ဟာ အလွန်ကို နစ်နာစေတယ်လို့ BMA မြန်မာ့သတင်းသမဂ္ဂ အဖွဲ့က ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။
“သတင်းလွတ်လပ်ခွင့် ဆိုတာမျိုးက သတင်းထောက်တွေကိုပဲ လွတ်လပ်ခွင့် ပေးထားတာမျိုး မဟုတ်ဘဲနဲ့ သတင်းလွတ်လပ်ခွင့် ရှိမှသာ တိုင်းပြည်လည်း လွတ်လပ်မယ်၊ တိုးတက်မယ်၊ ပြီးတော့ တိုင်းသူပြည်သားတွေရဲ့ အရေးအရာတွေ အားလုံးကလည်း သတင်းလွတ်လပ်ခွင့် ရှိမှသာလျှင် တိုင်းသူပြည်သားတွေ ကိုယ်တိုင်လည်း သိမယ်၊ အစိုးရကိုယ်တိုင်လည်း သိမယ်။ ဒါမှသာလျှင် တိုင်းပြည်က တိုးတက်နိုင်မယ်၊ လွတ်လပ်နိုင်မယ်ဆိုတဲ့ သဘော ရှိပါတယ်။
“လွတ်လပ်ခွင့်ကို အမှောင်ချထားတာကတော့ အစိုးရတွေ အနေနဲ့က တိုင်းသူပြည်သားတွေကို နားမျက်စိ ပိတ်ပြီးတော့ အုပ်ချုပ်မှသာလျှင် သူတို့ရဲ့ အုပ်ချုပ်မှု ပိုပြီးထိရောက်မယ်လို့ ယူဆလို့သာ အာဏာရှင်နိုင်ငံတွေမှာ ဒီလိုမျိုး လုပ်လေ့ရှိတာပါ။ ဒါပေမဲ့ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ကတော့ အကျိုးရှိချင်ရှိမယ်၊ ဒါပေမဲ့ တိုင်းပြည်အတွက်ကတော့ အင်မတန် နစ်နာပါတယ်။”
မြန်မာ့သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေ အတွင်းမှာတော့ ရုပ်ရှင်သရုပ်ဆောင် ဇာဂနာခေါ် ကိုသူရ၊ အားကစား အယ်ဒီတာဟောင်း ကိုဇော်သက်ထွေး၊ ဘလော့ဂါ နေဘုန်းလတ်၊ ကဗျာဆရာ ကိုစောဝေတို့ အပါအ၀င် သတင်းသမား ၉ ဦး ဖမ်းဆီးခံထားရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အလွတ်သတင်းသမား ၃ ဦး ဖမ်းဆီးစစ်ဆေးထားရာကနေ ပြန်လွတ်လာခဲ့ပါတယ်။
တကယ်တော့ အလွတ်သတင်းသမားတွေဟာ တာဝန်ခံမယ့် သတင်းအဖွဲ့အစည်း မရှိတဲ့အတွက် သူတို့ကို ဖမ်းဆီးအပြစ်ပေးရတာ လွယ်ကူနေသလို အဖမ်းခံရတဲ့ အလွတ်သတင်းသမားတွေ ပြန်လည်လွတ်မြောက်လာဖို့ တာဝန်ယူ ဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေလည်း နည်းပါးလွန်းတယ်လို့ CPJ ခေါ် သတင်းသမား ကာကွယ်ရေး အဖွဲ့ကြီးက ပြောပါတယ်။
Posted by Sanghaalliance at 8:34 PM 0 comments
Labels: သတင်း
http://www.yeyintnge.com/2009/12/blog-post_08.html
သာသနာ့ ဥသျှောင်အဖွဲ့ ၏ကြေငြာချက်ကို ပြန်လည်သုံးသပ်မှုပြုလုပ်ရန်...
Tuesday, December 8, 2009
သို့ပါလျှက် သာသနာ့ ဥသျောင်အဖွဲ့ မှ ရွေးကောက်ပွဲတွင် ပြည်ထောင်စုတိုင်းရင်းသူ တိုင်းရင်သားပါတီပေါင်းစုံ ပါဝင်နိုင်အောင် တောင်းဆိုနေခြင်းသည် န အ ဖ ပြုလုပ်မည့် စစ်ဗိုလ်တမတ်သား အာဏာရှင်စနစ် အဓွန့်ရှည်ရေး ရွေးကောက်ပွဲကို ထောက်ခံ အားပေးနေသည့် သဘောထားသက်ရောက်နေပေသည်။
Statement of IBMO on 2nd annual conference (Burmese)
န အ ဖ စစ်အစိုးရ ကျင်းပ ပြုလုပ်ပေးမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က နာဂစ်အပြီး ပြည်သူလူထု ဆန္ဒ ကို မျက်ကွယ်ပြုလျှက် အတင်းအဓမ္မ ပြုလုပ်ခဲ့သော ဆန္ဒ ခံယူပွဲသာဖြစ်ပါသောကြောင့် ပြည်သူလူထု ဆန္ဒကို ဘယ်လိုမှ မထင်ဟပ်ပါ။ ပြည်သူလူထု ဆန္ဒကို မျက်ကွယ်ပြုထားသော အခြေခံ ဥပဒေဖြင့် ကျင်းပမည်ဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲသည် ပြည်သူလူထု အကျိုးစီးပွားကို မည်သို့မျှ အကောင်းအထည်ဖေါ်ဆောင်နိုင်မည် မဟုတ်ပေ။
ပြည်သူ့ ကိုယ်စားလှယ်များမှာ ရုပ်သေးရုပ်သဖွယ် ဘာမှ လုပ်ပိုင်ခွင့် အပြည့်အ၀မရရှိပေ။ ဒီမိုကရေစီ ဆိုသည်မှာ လွတ်တော်သည်သာလျှင် အာဏာအမြင့်ဆုံးဖြစ်သည်။ အခု နအဖ ပြုလုပ်၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က သူတို့ စိတ်ကြိုက်ပြုလုပ်ထားသော ဖွဲ့ စည်းပုံအခြေခံဥပဒေကို အတည်ပြု အသက်ဝင်အောင် ပြုလုပ်ပြီး အာဏာကို တရားဝင်ဆက်လက် ထိမ်းချုပ်နိုင်အောင် ရေးဆွဲထားသော ဥပဒေဖြင့် ကျင်းပပေးမည့် ရွေးကောက်ပွဲသာဖြစ်သည်။
ထို့ကြောင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားပြန်လည်ညီညွတ်ရေး။ ပြည်သူလူထု ကောင်းစားရေးအတွက် ၂၀၀၈ ခု နှစ်ကလူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပြည်ထောင်စုသား အားလုံးက လက်ခံနိုင်သည့် အဖွဲ့ စည်းပုံဥပေဒဖြစ်ဘို့ ပြန်လည် ပြင်ဆင်ပေးရန် အကျိုးအကြောင်းဆီလျှော်စွာ မေတ္တာ ရပ်ခံ တောင်းဆိုနေခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တောင်းဆိုချက်ကို နအဖအဖွဲ့ က တစုံတရာ အကြောင်းပြန်ကြားခြင်းမပြုဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်လာလျှင် တိုင်းပြည် ငြိမ်းချမ်းရေးမရဘဲ ပြည်တွင်းစစ်မီးထပ်မံမွှေးလိုက်သလိုဖြစ်ပြီး ပြည်သူလူထု ဆင်းဒုက္ခမျိုးစုံနှင့် ကြုံတွေ့ ရမည်သာဖြစ်သည်။
ထိုကြောင့် သာသနာ့ ဥသျှောင်အဖွဲ့ အနေဖြင့် နအဖ က ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်စဉ်အမှားတွင် နအ ဖ နဲ့ အတူ သမိုင်းတရားခံမဖြစ်ဘို့  အရေးကြီးပါသည်။ တိုင်းပြည်အတွက် အင်မတန် အရေးကြီးပါသည်။ ဆင်ခြင်သုံးသပ်ဘို့ အကြံပြုတင်ပြခြင်းဖြစ်ပါသည်။
Posted by Sanghaalliance at 8:31 PM 0 comments
Labels: ဆောင်းပါး
Monday, December 7, 2009
http://www.voanews.com/burmese/2009-12-06-voa5.cfm
| အစိုးရ ဆန့်ကျင်ရေး အီရန် ကျောင်းသားဆန္ဒပြပွဲအတွက် နှစ်ဘက် စိုင်းပြင်း | |
| 06 December 2009 |
အီရန်နိုင်ငံမှာ တက်ကြွလှုပ်ရှားသူ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ မတိုင်မီ အင်တာနက်နဲ့ လက်ကိုင်ဖုန်း ဆက်သွယ်မှုတွေမှာ နှေးကွေးလာတာတွေ၊ ပြတ်တောက်တာတွေ ကြုံနေရတယ်လို့ အီရန်နိုင်ငံသားတွေက ပြောပါတယ်။
ဒီကနေ့ ပြုလုပ်သွားဖို့ရှိတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ တက်ကြွလှုပ်ရှားသူတွေက သတင်းပေးပို့မှာကို တားဆီးဖို့အတွက် ဆက်သွယ်ရေးတွေကို အာဏာပိုင်တွေက နှောင့်ယှက် ဟန့်တားနေတာလို့ ယုံကြည်ရတဲ့အကြောင်း မြို့တော် တီဟီရန်နဲ့ တခြား အဓိကမြို့ကြီးက လာတဲ့ သတင်းတွေက ဆိုပါတယ်။
ပြည်ပ စာနယ်ဇင်းသမားတွေ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ သတင်းမယူနိုင်အောင်လို့ သူတို့ကို ထုတ်ပေးထားတဲ့ အလုပ် လုပ်ကိုင်ခွင့်တွေကိုလည်း တီဟီရန်မြို့မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ အစိုးရက ပြန်ပြီး ရုပ်သိမ်းထားပါတယ်။
ဒီကနေ့ဟာဆိုရင် အီရန်နိုင်ငံမှာ အမျိုးသား ကျောင်းသားများနေ့ ဖြစ်ပြီး ၁၉၅၃ ခုနှစ်တုန်းက အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ကျောင်းသား ၃ ဦး သတ်ဖြတ်ခံခဲ့ရတာကို အောက်မေ့ဖွယ် အမှတ်တရနေ့အဖြစ် ကျင်းပတာလည်း ဖြစ်ပါတယ်။
အစိုးရက အသိအမှတ်ပြု ကျင်းပတဲ့ ဒီအခမ်းအနားကို ပြုပြင်ပြောင်းလဲရေးဝါဒီ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက သမ္မတ မာမွတ်ဒ် အမာဒီနီဂျတ်ဒ် (Mahmoud Ahmadinejad) အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအဖြစ် ပြောင်းလဲပစ်နိုင်ဖို့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။
သမ္မတ အမာဒီနီဂျတ်ဒ် အပေါ် ဝေဖန်သူတွေကတော့ သူ တကျော့ပြန် အာဏာရခဲ့တဲ့ ဇွန်လ ရွေးကောက်ပွဲတွေမှာ မမှန်မကန် လုပ်ခဲ့တာတွေ ရှိတယ်လို့ ဝေဖန်နေကြပါတယ်။
Posted by Sanghaalliance at 8:21 PM 0 comments
Labels: သတင်း
http://www.yeyintnge.com/2009/12/blog-post_3145.html
Posted by Sanghaalliance at 8:17 PM 0 comments
Labels: စာစောင်
ဘဏ္ဍာခိုးတဲ့ နအဖ
Posted by Sanghaalliance at 8:11 PM 0 comments
Labels: ဗွီဒီယို
http://www.planet.com.mm/news/read.cfm/id/14101
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာမည့်ဒီဇင်ဘာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များ၌ ချထားပေးတော့မည့် ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများအတွက် လျှောက်လွှာများ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ စုံစမ်းသိရသည်။ ကျပ်ငါးသိန်းဖြင့် ၀ယ်ယူသုံးစွဲနိုင်တော့မည့် CDMA 800 MHz ဖုန်းများအား စတင်ချပေးမည့် အချိန်တွင် ရန်ကုန်၌ အလုံးရေ တစ်သိန်း၊ မန္တလေး၌ အလုံးရေငါးသောင်း ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့တွင်းနှင့် မန္တလေးမြို့တွင်းရှိ ဖုန်းအရောင်းဆိုင်တချို့နှင့် ဖုန်းအသုံးပြုလိုသူ တချို့မှလည်း အဆိုပါကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို ၀ယ်ယူနိုင်ရန်အတွက် စိတ်ဝင်တစား စောင့်ဆိုင်းနေကြကြောင်း ရန်ကုန်မြို့ ဖုန်းအရောင်းဆိုင်တချို့မှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မကြာမီချပေးတော့မည့် CDMA 800 MHz ဖုန်းများသည် မိမိလျှောက်လွှာတင်၍ ၀ယ်ယူစဉ်က လျှောက်လွှာပါ မြို့နယ်အတွင်းမှနေ၍ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ခေါ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် အသုံးပြုသူသည် ဗဟန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပါက ဗဟန်းမြို့နယ် လိပ်စာအတိုင်း လျှောက်လွှာတင်ရမည်ဖြစ်ပြီး အဆိုပါ CDMA 800 MHz ဖုန်းများသည် ဗဟန်းမြို့နယ် အတွင်း၌သာ တည်ရှိရမည်ဖြစ်ပြီး၊ မြို့နယ်ပြင်ပရောက်သွားပါက ဆက်သွယ်မှုများ ခက်ခဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တွင် ဖုန်းအရောင်ဆိုင်အချို့မှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ယခင်ချထားပေးခဲ့သော ကမ်းရိုးတန်း CDMA 450 MHz ဖုန်းများအား လိုင်းအရေအတွက် ၁၁၉,၃၀၀ အထိချထားပေးပြီးဖြစ်သည်။
Posted by Sanghaalliance at 1:29 AM 0 comments
Labels: သတင်း
http://www.voanews.com/burmese/index.cfm
| | ||
|
Posted by Sanghaalliance at 1:20 AM 0 comments
Labels: သတင်း
http://komoethee.blogspot.com/
ဗိုလ်ချုပ်သန်းရွှေ လုပ်ရန် အိမ်စာများ
ဗိုလ်ချုပ်သန်းရွှေ လုပ်ရန် အိမ်စာများ၁- ဒေါ်အောင်ဆန်းစုကြည်စာကိုအကြောင်းပြန်ရန်
၂- ကြံဖွတ်ကို ပါတီအသွင်ထားမလား၊ ဖျက်သိမ်းမလား တခုခု လုပ်ရန်
၃- အငြိမ်းစားဗိုလ်ချုပ်များဖြင့် ကြားဖြတ်အစိုးရကို ဖွဲ့ စည်းရန်
၎- ရွေးကောက်ပွဲဥပဒကိုထုတ်ပြန် ရန်
၅- အမေရိကန် အစိုးရ တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်နိင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရေးကိစ္စ အကြောင်းပြန်ရန်
တို့ ဖြစ်ပါတယ်။ ဒါပေမဲ့  ဗိုလ်ချုပ်သန်းရွှေ တယောက် ၄ လ ပတ် တပ်မှုးအစည်းဝေးမှာ ဒီပြသနာတွေကို
မဖြေရှင်းရဲ ဘူးဖြစ်နေပါတယ်။ ၈၈ လေးလုံးကာလက လူထု ကတောင်းဆိုချက်များကိုမလိုက်လျောပဲ
ဒေါက်တာမောင်မောင် တယောက်ဝေလည်ကြောင်ပတ် လုပ်နေတဲ့အတွက် လူထု က
ရူးကြောင် မူးကြောင်- ဦးမောင်မောင်- အရူး ထောင်ကိုပို့ လိုက် ပါလား လို့  လှောင်ပြောင်တာကိုခံခဲ့ ရပါတယ်။ အငြိမ်းစားယူပြီးတဲ့အခါမှာလည်းခွေးသေ၀က်သေ သေရပါတယ်။
အခုလည်း လူထု၊ နိင်ငံတကာ နဲ့ စစ်တပ်ထဲက ဗိုလ်ချုပ်တွေက အပြောင်းအလဲ ( Change ) ကို
လုပ်ဖို့  သန်းရွှေကို ပြောနေကြပါပြီ။ စောင့်ကြည့်နေကြပါပြီ။
ဗိုလ်ချုပ်သန်းရွှေတယောက် ရူးကြောင်ကြောင် လုပ်လေ သူမိသားစုအနာဂတ် စိတ်မချရလေဖြစ် မည်မလွဲပါကြောင်းတင်ပြလိုက်ရပါတယ်။
- ရွှေငုံးမင်း -
Posted by Sanghaalliance at 1:15 AM 0 comments
Labels: အကြံပြုစာ
Friday, December 4, 2009
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2236:2009-12-04-10-29-58&catid=10:friday-talk&Itemid=18
သောကြာစကားဝိုင်း (ဒီဇင်ဘာ ၄၊ ၂၀၀၉)
![]() |
ကျော်စွာမိုး၊ ကိုထွေး၊ အေးချမ်းမြေ့၊ သဲသဲ တို့နဲ့အတူ ထိုင်းနိုင်ငံအခြေစိုက် သတင်း ရေးသားနည်း သင်တန်းတွေ ပို့ချနေတဲ့ ဦးစံမိုးဝေတို့ ပါဝင်ဆွေးနွေးထားပါတယ်။
ဧရာဝတီ သောကြာစကားဝိုင်းဟာ တပတ်အတွင်းပြည်တွင်း ပြည်ပမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ အကြောင်းအရာတွေကို မတူညီတဲ့ အမြင်တွေနဲ့ ထောင့်ပေါင်းစုံကနေ လွတ်လွတ် လပ်လပ် ဆွေးနွေး တင်ဆက်ထားတာ ဖြစ်ပါတယ်။
Posted by Sanghaalliance at 10:27 PM 0 comments
Labels: ဗဟုသုတ
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2240:2009-12-04-12-16-27&catid=1:news&Itemid=2
“တစညပါတီ အလိုမရှိ” ပိုစတာကပ်သူများ အဖမ်းခံရ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ “တစညပါတီ အလိုမရှိ” စာတန်းပါ ပိုစတာ ကပ်သော လူငယ် ၂ ဦး ယမန်နေ့က ဖမ်းဆီးခံရကြောင်း ဒေသခံများက ဆိုသည်။သဘောင်္ဆိပ် အနီးရှိ အုတ်နံရံပေါ်တွင် အဆိုပါ ပိုစတာများကို ကပ်နေစဉ် လုံခြုံရေး လှည့်လာသည့် ရဲတပ်ဖွဲ့ က ည ၉ နာရီ ခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဖမ်းဆီးပြီးတော့ မကြာခင်မှာဘဲ ဘူးသီးတောင်အခြေစိုက် စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) ကို ခေါ် သွားပါတယ်၊ ဒီနေ့ ညနေပိုင်းထိတော့ ပြန်မလွတ်သေးဘူး”ဟု ဘူးသီးတောင် ဒေသခံ တဦးက ဆိုသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)သည် ရခိုင်ပြည်နယ် မောင်တော၊ ရသေ့တောင် မြို့ နယ် များအတွင်းရှိ ကျောက်ပန်းတူ၊ အလယ်သံကျော်၊ အင်းဒင်၊ မြင်းလွတ်၊ ကူတောင်ရွာများတွင် နိုဝင်ဘာလ၂၆ ရက်မှ စတင်၍ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းလျက် ရှိကြောင်း၊ အိမ်ထောင်စု တစုလျှင် ခြုံ စောင်နှင့် အနွေးထည် တထည်၊ ဆန်တတင်းနှင့် စားဆီ တပုလင်းစီ ပေး၍ စည်းရုံးနေကြောင်းလည်းဒေသခံ များက ဆိုသည်။
ယင်းသို့ စည်းရုံးရေးဆင်းနေစဉ်အတွင်း ကျောက်ပန်းတူ ရွာမှ ကိုသန်းဝင်း ဆိုသူသည်လည်း တစည ပါတီကို အယုံအကြည်မရှိသကဲ့သို့ ထောက်ခံမဲမပေးနိုင်ကြောင်း ပြောသဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့်ကွပ်ကဲရေး (နစက)အဖွဲ့၏ ခေါ်ယူ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရကြောင်း ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ်က ပြောသည်။
“တစည ပါတီက ဦးဘသိန်းတို့ စည်းရုံးဟောပြောနေစဉ်အတွင်း ကိုသန်းဝင်းက တစည ပါတီကို အယုံ အကြည် မရှိကြောင်း ထပြောခဲ့တယ်။ ဒါကြောင့် ကိုသန်းဝင်းကို နစက ရုံးစိုက်တဲ့မြင်းလွတ် ရွာကို ခေါ်သွား ပြီးတော့ တနေကုန် စစ်ဆေးခဲ့ပါတယ်”ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုကျော်ခိုင်က ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များမှာမူ လှုပ်ရှားခွင့်မရှိခြင်းကြောင့် တရားမျှတခြင်း မရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တစညပါတီအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း(ကြံ့ဖွံ့)ကလည်း ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်များတွင် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရသေ့ တောင် မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုထွန်းလှိုင်က ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ပြည်ပ)မှ ဥက္ကဌ ဖြစ်သူ ဦးထွန်းဝင်းကလည်း တစည၊ ကြံ့ဖွံ့ တို့က စည်းရုံးလှုံ့ ဆော် ခွင့်ရပြီး ဒီမိုကရေစီ အင်အားစုများကို စည်းရုံးလှုံ့ ဆော်ခွင့် မပေးခြင်းသည် လုံးဝတရားမျှတမှုမရှိကြောင်းနှင့် ဒီမိုကရေစီနည်းမကျကြောင်း ပြောဆိုသည်။
“ကျနော်တို့ အနေနဲ့လာမယ့် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီစနစ်မကျတဲ့အတွက် လက်မခံနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ၊ မထောက်ခံဘူးလို့ ပြောတဲ့သူကို ဖမ်းဆီးခေါ်ယူစစ်မေးတယ်ဆိုတာ ဒီမိုကရေစီ ရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်လိုက် တာဖြစ်တယ်လို့ ပြောချင်တယ်၊ အခုလို ပြည်သူက သူတို့ ဆန္ဒကို ဖော်ထုတ်တာကိုတောင် အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက် ဒီမိုကရေစီ မဲ့နေမလဲဆိုတာကို ဖော်ပြနေတယ်လို့ပြောချင်ပါတယ်”ဟု ၎င်းကဆိုသည်။
Posted by Sanghaalliance at 10:19 PM 0 comments
Labels: သတင်း











