Thursday, January 14, 2010

http://komoethee.blogspot.com/

နအဖစစ်တပ်အတွင်း မကျေမနပ်မှုများ


ဓာတ်ပုံ- မှိုပွင့်များလိုပေါ်များနေသည့် နအဖ စစ်တပ်အတွင်းရှိ ဗိုလ်ချုပ်ဆိုသူများ
"စည်းကမ်းမရှိတဲ့စစ်တပ်ရှိနေမည့်အစား အဲဒီစစ်တပ်မရှိတာ တိုင်းပြည်က ပိုကောင်းတယ် "

(ဗိုလ်ချုပ်အောင်ဆန်း)

-တင့်ဆွေ(အငြိမ်းစား)-

နအဖ စစ်တပ်၌ ဗိုလ်ချုပ်ရာထူးအဆင့်ရှိသူများ မှိုပွင့်များလိုပေါ်များနေသည့်အပြင် အသက်အရွယ်ပြည့် နေသော်လည်း အနားယူမှုများမရှိခြင်းကြောင့် ဗိုလ်မှူး၊ ဗိုလ်မှူးကြီး အဆင့်သို့ရောက်နေသူ လူငယ်အရာရှိ များမကျေမနပ်မှုများဖြစ်ပေါ်နေကြောင်း ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ မန္တလေးမြို့ များ ရှိ စစ်တပ်နှင့်နီးစပ်သူ အသိုင်းအ၀ိုင်းမှာ ပြောဆိုနေကြတယ်လို့ သိရှိရပါသည်။ စစ်တပ်အတွင်း ရာထူးအဆင့်များ တိုးမြှင့်ပေးရာ၌ လက်ရှိနအဖ စစ်ခေါင်းဆောင်များ နှင့်နီးစပ်သူဆွေမျိုးအသိုင်းအ၀ိုင်းများ ကိုသာ တိုးမြှင့်ပေးနေပြီး၊ ကျန်အရာရှိငယ်များမှာ စစ်တပ်မှ အတင်းဓမ္မအနားယူမှုများ (သို့) ချောင်ထိုးခံနေရမှုများ ရှိနေတယ်လို့ ပြောဆိုနေကြကြောင်းသိရှိရပါသည်။

ယခင်က တိုက်ပွဲများတွင် ကျဆုံးမှု၊ ဒဏ်ရာရှိခဲ့မှုများကြောင့် ရာထူးအဆင့်တိုးတက်နိုင်မည့်အခွင့်အလမ်းများ ရှိခဲ့သော်လည်း၊ ယခုအခါ လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူထားမှုများကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများ နည်းပါးလာသည့်အပြင် နှစ်စဉ်ကျောင်းဆင်းနေသော ဗိုလ်လောင်းများကြောင့် ဒီလိုအထက်အောက်ပိတ်ဆို့နေမှုများ ဖြစ်နေကြောင်း တပ်ရင်းမှူးအဆင့်ဖြင့် ရာထူးမှအနားယူခဲ့ရသူ ဗိုလ်မှူးကြီးဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။

ရောမခေတ်က ငြိမ်းချမ်းရေးကာလမှာ စစ်ပွဲများ မရှိတော့တာကြောင့် စစ်သွေးကျနေကြတဲ့ ရောမ စစ်သည်တော်များ ရောမမြို့ကြီးတွေမှာ ဘယ်သွားရမှန်းမသိ လမ်းပျောက်ခဲ့ပြီး ဒုစရိုက်လုပ်ငန်းများ၊ ခိုးယူလူယက်မှုများဖြစ်ကာရောမမြို့ကြီး၌ ပြည့်တန်ဆာများလည်း ပေါ်များခဲ့ဘူးသည်လို့ ထိုအငြိမ်းစား ဗိုလ်မှူးကြီးဟောင်းတစ်ဦးက သူရေးသားခဲ့သောစာအုပ်၌ ရည်ညွှန်းထည့်သွင်း ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိနအဖ စစ်အုပ်စုခေါင်းဆောင်များဟာ ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင်လည်း စစ်တပ်မှ အနားယူလိမ့်မှာ မဟုတ်တာကြောင့် လူငယ်အရာရှိများ သာလျှင် အတင်းဓမ္မအနားယူ ခိုင်းမှုများသာ ဖြစ်လာမှာဖြစ်ကြောင်း မန္တလေးမှာ တာဝန်ကျ နေသည့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတစ်ဦးနဲ့နီးစပ်သူ အသိုင်းအ၀ိုင်းကပြောဆို ခဲ့ကြောင်း သိရှိရပါသည်။

(အီးမေးမှတဆင့်လက်ခံရရှိသည်။ )

0 Comments:

blogger templates | Make Money Online