Saturday, January 16, 2010

သတိ

ကျေးဇူးပြုပြီး လက်ရှိဘလော့ဂ်အစား အောက်ပါ လင့်ခ်ကိုကြည့်ရှုပါ- - -

http://allburmamonksalliance.org/

http://allburmamonksalliance.com/

အပြည့်အစုံသို့...

Thursday, January 14, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်း


အပြည့်အစုံသို့...

http://komoethee.blogspot.com/

နအဖစစ်တပ်အတွင်း မကျေမနပ်မှုများ


ဓာတ်ပုံ- မှိုပွင့်များလိုပေါ်များနေသည့် နအဖ စစ်တပ်အတွင်းရှိ ဗိုလ်ချုပ်ဆိုသူများ
"စည်းကမ်းမရှိတဲ့စစ်တပ်ရှိနေမည့်အစား အဲဒီစစ်တပ်မရှိတာ တိုင်းပြည်က ပိုကောင်းတယ် "

(ဗိုလ်ချုပ်အောင်ဆန်း)

-တင့်ဆွေ(အငြိမ်းစား)-

နအဖ စစ်တပ်၌ ဗိုလ်ချုပ်ရာထူးအဆင့်ရှိသူများ မှိုပွင့်များလိုပေါ်များနေသည့်အပြင် အသက်အရွယ်ပြည့် နေသော်လည်း အနားယူမှုများမရှိခြင်းကြောင့် ဗိုလ်မှူး၊ ဗိုလ်မှူးကြီး အဆင့်သို့ရောက်နေသူ လူငယ်အရာရှိ များမကျေမနပ်မှုများဖြစ်ပေါ်နေကြောင်း ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ မန္တလေးမြို့ များ ရှိ စစ်တပ်နှင့်နီးစပ်သူ အသိုင်းအ၀ိုင်းမှာ ပြောဆိုနေကြတယ်လို့ သိရှိရပါသည်။ စစ်တပ်အတွင်း ရာထူးအဆင့်များ တိုးမြှင့်ပေးရာ၌ လက်ရှိနအဖ စစ်ခေါင်းဆောင်များ နှင့်နီးစပ်သူဆွေမျိုးအသိုင်းအ၀ိုင်းများ ကိုသာ တိုးမြှင့်ပေးနေပြီး၊ ကျန်အရာရှိငယ်များမှာ စစ်တပ်မှ အတင်းဓမ္မအနားယူမှုများ (သို့) ချောင်ထိုးခံနေရမှုများ ရှိနေတယ်လို့ ပြောဆိုနေကြကြောင်းသိရှိရပါသည်။

ယခင်က တိုက်ပွဲများတွင် ကျဆုံးမှု၊ ဒဏ်ရာရှိခဲ့မှုများကြောင့် ရာထူးအဆင့်တိုးတက်နိုင်မည့်အခွင့်အလမ်းများ ရှိခဲ့သော်လည်း၊ ယခုအခါ လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူထားမှုများကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများ နည်းပါးလာသည့်အပြင် နှစ်စဉ်ကျောင်းဆင်းနေသော ဗိုလ်လောင်းများကြောင့် ဒီလိုအထက်အောက်ပိတ်ဆို့နေမှုများ ဖြစ်နေကြောင်း တပ်ရင်းမှူးအဆင့်ဖြင့် ရာထူးမှအနားယူခဲ့ရသူ ဗိုလ်မှူးကြီးဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။

ရောမခေတ်က ငြိမ်းချမ်းရေးကာလမှာ စစ်ပွဲများ မရှိတော့တာကြောင့် စစ်သွေးကျနေကြတဲ့ ရောမ စစ်သည်တော်များ ရောမမြို့ကြီးတွေမှာ ဘယ်သွားရမှန်းမသိ လမ်းပျောက်ခဲ့ပြီး ဒုစရိုက်လုပ်ငန်းများ၊ ခိုးယူလူယက်မှုများဖြစ်ကာရောမမြို့ကြီး၌ ပြည့်တန်ဆာများလည်း ပေါ်များခဲ့ဘူးသည်လို့ ထိုအငြိမ်းစား ဗိုလ်မှူးကြီးဟောင်းတစ်ဦးက သူရေးသားခဲ့သောစာအုပ်၌ ရည်ညွှန်းထည့်သွင်း ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိနအဖ စစ်အုပ်စုခေါင်းဆောင်များဟာ ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင်လည်း စစ်တပ်မှ အနားယူလိမ့်မှာ မဟုတ်တာကြောင့် လူငယ်အရာရှိများ သာလျှင် အတင်းဓမ္မအနားယူ ခိုင်းမှုများသာ ဖြစ်လာမှာဖြစ်ကြောင်း မန္တလေးမှာ တာဝန်ကျ နေသည့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတစ်ဦးနဲ့နီးစပ်သူ အသိုင်းအ၀ိုင်းကပြောဆို ခဲ့ကြောင်း သိရှိရပါသည်။

(အီးမေးမှတဆင့်လက်ခံရရှိသည်။ )

အပြည့်အစုံသို့...

http://komoethee.blogspot.com/

ခမရ ၅၁၅ မှ ဗိုလ်ကြီးကောင်းဇံ၏ ချစ်ဇနီးထံပေးစာ

ဇူလိုင် ၂၁။

ခင်လေး

နေကောင်းကျန်းမာမယ်လို့ထင်ပါတယ်။ ကိုယ့်အခြေအနေ သိဖို့ စာရေးလိုက်တာပါ။ ကိုယ်အခု နောက်တန်း ဆေးရုံကို ရောက်နေတယ်။ စိတ်မပူပါနဲ့ လက်နက်ကြီးအစ ရှပ်ထိရုံပါ။ မကြာခင်ပဲ ဆေးရုံကဆင်းပြီး ခင်လေးဆီ တခေါက်လောက် ပြန်လာတွေ့ဖို့ ကြိုးစားပါမယ်။ ခွင့်ရဖို့တော့ သိပ်မလွယ်ဘူး။ ထုံးစံ အတိုင်းပေါ့ ၁ရက် ၂ရက်လောက် အဆင်ပြေသလို လစ်လာရမှာပဲ။

ကိုယ်တို့ စကခ ၂၊ ခမရ ၅၁၅က မိုးတွင်းမှာလည် မနားရဘူး၊ ကိုယ်က ခွဲမှူးဖြစ်နေတော့ ပိုဆိုး တာပေါ့။ အပေါ်ကိစ္စလည်း ကိုယ်ပဲ။ အောက်ကိစ္စလည်း ကိုယ်ပဲ ဖြစ်နေတယ်။ ဇူလိုင်လထဲမှာ မိုးကလည်း အရမ်းကောင်းတယ်။ ဒီအချိန် ရှေ့တန်း စစ်မျက်နှာမှာ ဘယ်လို ဖြစ်နေမလဲဆိုတာ ခင်လေး မှန်းဆမိမှာပါ။ ကိုယ်တို့ ရောက်နေတဲ့ ဂွင်ထဲမှာ ရွက်ဆစ်အဖွဲ့တွေ တော်တော် များတယ်။ ဒီဂွင်ထဲမှာ ကိုယ်တို့ တပ်ရင်းက လှုပ်ရှား တခွဲနဲ့ ခလရ ၆၄ က ဗိုလ်မှူး နေထွတ်ဦးစီးတဲ့ တကြောင်းနဲ့ ခွဲတခွဲ လှုပ်ရှားနေရတယ်။

ဇူလိုင် ၁၆ ရက်နေ့မှာ ဗိုလ်မှူးနေထွတ်တို့ စစ်ကြောင်း ရွက်ဆစ်တို့ အဖွဲ့နဲ့ စပြီး ထိတွေ့မှု ဖြစ်ကြတယ်။ ဖြစ်တာက ညကြီးမိုးချုပ် သူတို့က ရွာအ၀င်မှာ ဖြစ်တာလို့ သိရတယ်။ ရဲဘော်တယောက် ဒူးမှာ လက်နက်ငယ်ထိပြီး ဒဏ်ရာရသွားတော့ သူတို့စစ်ကြောင်းက အဲဒီည အဲဒီရွာမှာပဲ အခြေပြု နေလိုက်ကြတယ်။ နောက်ရက်မှာ သူတို့စစ်ကြောင်းက ဟိုကောင်တွေ ဆုတ်သွားတဲ့ ဖက်ကို လိုက်ရှင်းကြတယ်။

ထုံးစံအတိုင်းပေါ့ကွာ အထက်ကလည်း ကိုယ်တို့ကို လိုက်ရှင်းခိုင်း ပိတ်ခိုင်းတော့ ကိုယ်တို့ တပ်ခွဲက နောက်နေ့ ညနေ ၃နာရီ ကျော်လောက်မှာ ဟိုကောင်တွေနဲ့ စထိတွေ့ ပစ်ခတ်ကြတယ်။ ဒီကောင် တွေ ၂၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်။ ကိုယ်တို့လည်း ပစ်အားနဲ့ ဖိပြီး တွယ်လိုက်တော့ ဒီကောင်တွေ ပြေးသွားတယ်။ ကိုယ်တို့ တပ်ခွဲက ဖြန့်ပြီး လိုက်ရှင်းတယ်။ အဲဒီမှာပဲ ညနေ ၆ နာရီ လောက်မှာ တခြားအဖွဲ့နဲ့ ထပ်ပြီး ထိတွေ့ ကြတယ်။ ဒီတခါတော့ ဒီကောင်တွေဘက်က အတော် များတယ်။ ခန့်မှန်းခြေ ၈၀ လောက်ရှိမယ် ထင်တယ်။ ဘူဇူကာလည်း အတော် သုံးနိုင်ကြတယ်။ ကိုယ်လည်း မထင်မှတ်ဘဲ ချုံခိုမိတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ သူတို့ဘက်က လက်နက် ကြီးတွေ ပုံအောပစ်တာ ခံလိုက်ရတယ်။ ဒီပွဲမှာ ကိုယ်လည်း လက်နက်ကြီး အစ ထိခဲ့တယ်။

ကိုယ်စိတ်မကောင်းတာက ကိုယ့်ခွဲက အားအကိုးရဆုံး တပ်ကြပ် ယဉ်ထွေး၊ တပ်ကြပ် မြင့်လွင်နဲ့ တပ်ကြပ် နန္ဒာထွေးတို့ ကျသွားကြတယ်။ တပ်သား စိုးမြင့်အောင်လည်း ကျသွားတယ်။ အားလုံး ၄ယောက် ကျသွားတာပေါ့။ ဟိုတလောကမှ ကိုယ်တို့ခွဲကို ပြောင်းလာတဲ့ ဗိုလ်မျိုးသူဟိန်းလည် ဒဏ်ရာရတယ်။ တပ်ကြပ်ကြီး သက်ဦး၊ တပ်ကြပ် အောင်ကျော်ဦး။ တပ်သား အေးမင်းတို့လည်း ဒဏ်ရာရတယ်။ အားလုံးက လနက ဒဏ်ရာတွေပဲ။ ဆိုးတာက သေနတ် ၄လက် ပါသွားတာပဲ။ MA1 ၁လက်၊ MA2 ၂လက် ၊ နဲ့MA4 ၁လက်။ ကိုယ်တော့ စစ်ခုံရုံး ၀င်ရမှာ သေချာ သလောက်ပဲ။

ခင်လေးဘာမှ စိတ်မပူပါနဲ့ ကိုယ်တို့စုဆောင်းရှာထားသမျှ လေးတွေနဲ့ ပေးကမ်းပြီး အမှုပေါ့အောင် ကြည့်လုပ်ရမှာပေါ့။ ခင်လေး ပစ္စည်းတွေ ခဏ ထုတ်သုံးရမှာကိုတော့ မောင်နှမျောမိ ပေမဲ့ မတတ်နိုင်ဘူး ခင်လေးရေ။ နောက်မှ မောင် ပြန်ရှာ ပေးပါမယ်ကွာ။ လောလော ဆည်ဆည်တော့ ထုခွဲပြီး ငွေရှာထားပါအုန်း။ ဒါမှ ဒီတပါတ်အတွင်း ကိုယ်ပြန်လာရင် အဆင်သင့် ဖြစ်နေအောင်။ ဘာပဲဖြစ်ဖြစ်၊ ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ မှတ်ပါတယ်။ သားလည်း နေကောင်းတယ်မို့လား။

ခင်လေးနဲ့သားမောင်သီဟ ကျန်းမာဖို့ မောင် ဆုတောင်းပါတယ်။

သတိရစွာနဲ့
မောင်

(၀ိမုတ္တိဘလော့ခ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံသို့...

http://bigbbrown.blogspot.com/

စစ်အဆိုးရ၏ ၂၀၁၀ မဖြစ်ညစ်ကျယ် လစာတိုး စည်းရုံးရေး
(သို့မဟုတ်)
စစ်အဆိုးရမှ ထုတ်ပြန်ခဲ့သော
လစာတိုး ကြော်ငြာစာများ

အောက်မှာ ပူးတွဲဖော်ပြထားတဲ့ ပုံတွေကတော့ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်စွဲ နဲ့ စစ်အဆိုးရက ထုတ်ပြန်လိုက်တဲ့ လစာတိုးအမိန့်ကြော်ငြာစာတွေပါ။

အစိုးရ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း





တပ်မတော်(ကြည်း၊ရေ၊လေ)မှ တပ်မတော်သားများ၏ အခြေခံလစာနှုန်းသစ်များ



နိုင်ငံတော်ဝန်ထမ်းများ၏ လစဉ်ပင်စင်သတ်မှတ်ခြင်းကိစ္စ


စစ်တပ်ကမဟုတ်တဲ့ အဆင့်မြင့်ဆုံး အရပ်ဝတ် ၀န်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာနှုန်းထား အမြင့်ဆုံး (၂၁၀၀၀၀ - ၂၀၀၀ - ၂၂၀၀၀၀)ဟာ စစ်တပ်က ဗိုလ်မှူးကြီးတစ်ယောက်ရတဲ့ လစာ (၂၁၀၀၀၀ - ၂၀၀၀ - ၂၂၀၀၀၀)မျှနဲ့သာ သွားတူနေတာတွေ့ရမှာပါ။

ပြီးတော့ တရားမျှတမှုမရှိဘဲ ရယ်ချင်စဖွယ်ကောင်းတဲ့စာသားတွေလည်း ကြော်ငြာစာတွေထဲပါရှိပါတယ်။

"... - ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)အဖြစ် တစ်လလျှင် ကျပ် (၅၀၀၀)ခံစားခွင့်ပြုသည်။
- ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)ကို အငြိမ်းစားလစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။ ...."

ဆိုတဲ့ ကြော်ငြာစာသားတွေပါ။

ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးသို့ မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါခင်ဗျား။

ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်ဆိုတာကို ဘယ်လိုနားလည်ရပါမည်လဲခင်ဗျား။ တိုင်းပြည်ကောင်းစားစေချင်တဲ့ စေတနာနဲ့ ရိုးသားစွာ အကြံပြုဝေဖန်ထောက်ပြ၊ ဆန္ဒထုတ်ဖော်တဲ့ သံဃာ၊ ကျောင်းသား၊ ပြည်သူပြည်သား၊ တိုင်းရင်းသားများကို သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ကလူပြုနေရတာနဲ့ ပင်ပန်းနေရှာမှာပေါ့။ ဟုတ်လား။ ပြီးတော့ သက်စွန့်တာဝန်စရိတ်... တဲ့။ ဘယ်နားမှာသွားပြီး အသက်စွန့်နေကြပါသလဲ... ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးများ ခင်ဗျား?
(ဗိုလ်ချုပ်မှူးကြီးဆို လူတကာက သေအောင် ဆုတောင်းနေတာတောင် မသေနိုင်သေးဘဲနဲ့။ အံမယ်။ အဲဒီ ဗိုလ်ချုပ်မှူးကြီးဆိုသူက လစာ တစ်လ ကျပ်(၁၂)သိန်းတောင် ယူထားသေးသဗျ။)

ဒီစစ်တပ်အရာရှိဆိုတဲ့ လူစိမ်းတွေဟာ ကိုယ့်ကိုယ်ကိုတော့ အတော်သွေးနားထင်ရောက်နေပုံရပါတယ်။ သူတို့ပဲ တိုင်းပြည်အတွက် အသက်စွန့်/ပင်ပန်းကြမ်းတမ်းနေရတယ် ထင်ကြတယ်။ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် တွေဘာတွေလုပ်လို့။

အခြားအသက်စွန့်/ပင်ပန်းကြမ်းတမ်းစွာ လုပ်ကိုင်နေရတဲ့ ၀န်ထမ်းတွေရဲ့ ဘ၀တွေကရော ဘာထူးလဲ။ ထင်သာမြင်သာရှိတဲ့ ဥပမာလေးတွေ ထုတ်ပြရရင် -
၁။ ရဲဝန်ထမ်းတွေဆိုရင်လည်း အသက်စွန့်/ပင်ပန်းကြမ်းတမ်းတာပါပဲ။ (ယာဉ်ထိန်းရဲဆိုရင်လည်း ယာဉ်အတိုက်ခံရနိုင်တယ်။ နေပူထဲလည်း ရပ်ရတယ်)။
၂။ ဆရာဝန်= ဆရာဝန်တွေမှာလည်း လူနာဆီက ရောဂါတွေကူးစက်နိုင်တယ်။ အချို့ကူးစက်ရောဂါတွေက အသက်အန္တရာယ်ထိခိုက်စေနိုင်တယ်။ လူဖြစ်ရှုံးစေနိုင်လောက်တဲ့ ရောဂါတွေလည်း ကူးစက်ခံရနိုင်တယ်။ နေ့မအိပ်/ညမအိပ်ဘဲ တာဝန်ကျေပွန်စွာ လူနာတွေကုသနေတဲ့ ဆရာဝန်တွေ ပြည်တွင်းမှာ အများကြီးရှိပါတယ်။
၃။ အခြားလုပ်ငန်းကိုယ်စီမှာလည်း သူ့အထွာနဲ့သူ အသက်စွန့်/ ပင်ပန်းကြမ်းတမ်းကြတာချည်းပါပဲ။

စစ်အရာရှိတွေဟာ ဘာကြောင့် သူများထက် ပိုပင်ပန်း/အသက်စွန့် ရမှာပါလဲ။ ဘာကြောင့် အခြားဝန်ထမ်းတွေထက် လစာပိုရရမှာပါလဲ။ လုပ်ငန်းကိုယ်စီမှာ ပင်ပန်းမှုကိုယ်စီ၊ လုပ်ငန်းခွင်အန္တရာယ်ကိုယ်စီ ရှိပါတယ်။

စစ်အရာရှိတွေအနေနဲ့ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို တွဲယူရလို့ ပင်ပန်းတယ်လို့ဆိုရအောင်ကလည်း သူတို့ကို ဘယ်ပြည်သူကမှ တင်မြှောက်ထားတာမဟုတ်။ အတင်း စစ်အာဏာသိမ်းပြီး နိုင့်ထက်စီးမိုး အုပ်စိုးနေတာပဲမင့်ဟာ။ ဆင်းပါလို့ အေးအေးဆေးဆေးပြောလည်း မဆင်း။ ဆွဲချမယ်ကြံတော့လည်း ဒုံးပေကပ်သပ်။ ပလ္လင်ပေါ်က မျောက်ကလေး လုပ်ကောင်းတုန်း။

တကယ်တော့ လက်ရှိ ဗမာပြည်က ၀န်ထမ်းများဟာ မ၀ရေစာ လစာများနဲ့သာ တိုင်းပြည့်တာဝန်ကို ချို့တဲ့စွာ ထမ်းဆောင်နေကြရတာဖြစ်တယ်။ ဒါကြောင့်လည်း လာဘ်လာဘ တောင်းယူ/လက်ခံယူတာတွေဟာ ၀န်ထမ်းတွေကြားမှာ ပုံမှန်သဘောဖြစ်လာခဲ့တယ်။ လည်သူစားစတမ်း ၀န်ထမ်းလောကကြီး ဖြစ်လာရတယ်။ " ကြားပေါက် " ဆိုတဲ့စကားဟာလည်း ၀န်ထမ်းလောကအတွင်းမှာ မက်မောစရာ စကားလုံးတစ်ခုဖြစ်လာခဲ့တယ်။
(ခုလို လစာ ကျပ်(၂)သောင်းတိုးပေးလည်း ကြားပေါက်တွေက ပျောက်သွားဦးမှာ မဟုတ်ပါ)

နဂိုလစာ (၁၅၀၀၀ - ၁၀၀၀ - ၂၀၀၀၀)စကေးသာရတဲ့ ရာထူးအနိမ့်ဆုံး အခြေခံဝန်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာဟာ တစ်လ (၃၅၀၀၀ - ၁၀၀၀ - ၄၀၀၀၀)စကေးပဲ ရှိဦးမှာပါ။ အခြေခံဝန်ထမ်းတွေအဖို့ နဂိုလစာမှာ ထပ်တိုးပေးတဲ့ဆိုတဲ့ ကျပ်ငွေ(၂)သောင်းဟာ သူတို့ဘ၀တွေလှလာဖို့တော့ ဖြစ်လာစေဦးမှာမဟုတ်ပါဘူး။ (ဒီကြားထဲ လစာလေး မဖြစ်စလောက်တိုးလာတာနဲ့ပဲ ပြည်တွင်းကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာနေပါပြီ)

တကယ်တော့ စစ်အဆိုးရအနေနဲ့ ၂၀၁၀ ခုနှစ်အဦးအစမှာ ခုလို လစာတိုးပေးတယ်ဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲအမည်ခံပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့လုပ်မယ့်အချိန်မှာ အချိန်ကိုက် စည်းရုံးရေးဆင်းပြခြင်းမျှသာ ဖြစ်ပါတယ်။

ကြားပေါက်မရှိရှာ၊ ရှားပါးတဲ့ အခြေခံစစ်သား၊ အခြေခံဝန်ထမ်းများကို (၂)သောင်းကျပ်မျှ တိုးပေးခြင်းဟာ နဂိုရ လစာနဲ့ပေါင်းရင် ခမျာများအတွက် အနည်းငယ် အပိုဝင်ငွေရခြင်းမျိုးဖြစ်လာနိုင်ပေမဲ့ ကြီးမားများပြားလှစွာသော " ကြားပေါက် " တွေနဲ့ စည်းစိမ်ယစ်မူး၊ ပျော်မြူးနေတဲ့ စစ်တပ်အရာရှိများအဖို့တော့ ကျပ်ငွေ(၂)သောင်းဆိုတဲ့ပမာဏဟာ ထိုစစ်တပ်အရာရှိတို့ရဲ့ အိမ်မှာ မွေးထားတဲ့ ခွေးတစ်ကောင်စာ အစာကျွေးဖို့ တစ်ရက်စာ မုန့်ဖိုးမျှသာ ရှိမှာဖြစ်ပါတယ်။

- ညိုကြီး

အပြည့်အစုံသို့...

http://www.irrawaddy.org/bur/index.php/news/1-news/2416-2010-01-13-11-42-41

သံဃာမက ဒကာပါဖမ်းဆီးခံရ

E-mail Print
မွန်ပြည်နယ် ရဟန်းပျိုအဖွဲ့ မှ သံဃာတော်နှင့် ပတ်သက်သည့် မွန်အမျိုးသား လူငယ် တဦး ယမန်နေ့က အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်းမှု ခံရကြောင်း သတင်းရရှိသည်။

ရဟန်းပျိုအဖွဲ့မှ အရှင်ဥက္ကံသနှင့် ရင်းနှီးသည့် မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် မုဒွန်းရွာတွင် နေထိုင်သော နိုင်မွန်ကျိုက်စွဲ အမည်ရှိ အသက် ၂၀ ခန့် လူငယ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သူငယ်ချင်း ဖြစ်သူ ကိုနိုင်မောင်ချစ်က ဧရာဝတီသို့ ပြောသည်။

“မွန်ကျိုက်စွဲက အရှင်ဥက္ကံသရဲ့ ဒကာလည်း ဒကာ၊ တရွာတည်းသား သူငယ်ချင်းတွေလည်း ဖြစ်ကြတော့ ရွာ ကိုပြန်လာတိုင်း အမြဲတမ်းသူက ဆိုင်ကယ်နဲ့ ကြိုတာ ပို့တာတွေ လုပ်ပေးတယ်လေ၊ အခု သူ့ကိုပါ ဖမ်းတာ ကတော့ ဒီဦးပဉ္ဇင်းနဲ့ အရမ်းကိုရင်းနှီးတဲ့သူမို့လို့ သူ့ ကိုပါ အမှုတွဲတာဖြစ်မယ်ထင်တယ်”ဟု ၎င်းကဆိုသည်။းခ

အဆိုပါ အရှင်ဥက္ကံသကို မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ ၂၀၁၀ ရွေး ကောက်ပွဲဆန့်ကျင်ရေး စာရွက်စာတမ်း များ တွေ့ရှိမှုဖြင့် လွန်ခဲ့သည့် အပတ် ကြာသပတေးနေ့က စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အရှင်ဥက္ကံသ အဖမ်းခံရစဉ် ဒစ်ဂျစ်တယ် ဗီဒီယိုကင်မရာ နှင့် ခရီးဆောင် ကွန်ပျူတာ၊ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်ဟု ယင်းသံဃာနှင့် နီးစပ်သူတဦးက ပြောသည်။

အရှင်ဥက္ကံသသည် မွန်ယဉ်ကျေးမှုများကို မှတ်တမ်းတင် ဗီဒီယိုရိုက်လေ့ရှိပြီး မွန်စာပေ၊ ဗုဒ္ဓစာပေများကို လေ့လာ ပို့ ချပေးနေသော စာချ သံဃာတပါးလည်းဖြစ်သည်ဟု သိရသည်။

အရှင်ဥက္ကံသဖမ်းဆီးခံရပြီးနောက် ဆက်လက်ဖမ်းဆီးမှုများ ရှိနိုင်ကြောင်းနှင့် ၎င်းနှင့်နီးစပ်သူများမှာ စိုးရိမ်မှု ဖြစ်နေကြကြောင်း မကြာသေးခင်က ထိုင်း-မြန်မာ နယ်စပ်သို့ ရောက်ရှိလာသော မွန်ပြည်နယ်မှ သံဃာတော် တပါး က မိန့်ကြားသည်။

“ဦးပဉ္ဖင်းတို့ကြားတာကတော့ သူ့ကွန်ပျူတာထဲမှာ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ဓာတ်ပုံတွေ ကိုပါ ထောက်လှမ်းရေး တွေက ရသွားလို့ အခု သူ့ကို ဖမ်းပြီး ရန်ကုန်ကို ပို့လိုက်ပြီလို့ကြားတယ်၊ အခုတခါ မနေ့က သူ့ ဒကာကို ဖမ်းတာ ထောက်ရင် နောက်ထပ်လည်း ဖမ်းဆီးမှုတွေ ရှိလာဦးမယ်ထင်တယ်”ဟု ထို သံဃာတော်က ဆိုသည်။

ယခုလဆန်းပိုင်းက မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက္ခမီမြို့ နယ်များရှိ နေရာ ၉ နေရာခန့် တွင် အင်္ဂလိပ်လို No 2010 စာများနှင့် ကြက်ခြေခတ် လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး ယင်းလှုပ်ရှားမှုနှင့်ဆက် စပ်၍ အရှင်ဥက္ကံသမှာ ပထမဆုံးအဖမ်းခံရသူဖြစ်ပြီး နိုင်မွန်ကျိုက်စွဲမှာ ဒုတိယမြောက် အဖမ်းခံရသူဖြစ်သည် ဟုလည်း မိန့်ဆိုသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးနှင့် စစ်အစိုးရ၏လျှို့ဝှက် သတင်းများ ပေါက်ကြားမှုကြောင့် သေဒဏ်ချမှတ် ခံထားရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာနိုင်ငံ လုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့က ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုထားသည်။

အပြည့်အစုံသို့...

http://www.mizzimaburmese.com/news/inside-burma/4580-2010-01-13-13-06-52.html

တပ်မ ၆၆ တပ်နှင့် ထောက်လှမ်းရေးတပ် တင်းမာမှုဖြစ်ပွား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက်သည့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတရင်းနှင့် ထောက်လှမ်းရေးတပ်တို့အကြား ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ တင်းမာမှု ဖြစ်ပွားနေသည်။

သဲကုန်းမြို့နယ် အင်းမကျေးရွာရှိ ခမရ ၈၀ နှင့် ခမရ ၅ သို့ ရန်ကုန်မှရောက်လာသည့် ထောက်လှမ်းရေး တပ်ဖွဲ့အကြား တင်းမာမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသလို ဒေသခံများကလည်း ပြောကြားကြသည်။
mar28018
“ဦးတို့သိတာကတော့ ခလရ ၈၀ နဲ့ မကြာခင်ကဘဲ ရန်ကုန်ကနေ ရောက်လာတဲ့ ထောက်လှမ်းရေး၊ စရဖ ပေါ့။ ခမရ ၅ ထဲမှာ လာပို့ထားတယ်လို့ ပြောတယ်။ အဲဒီတပ်တွေက အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်လို့ သိတယ်။ တပတ်လောက် ရှိပြီ။ အာဏာဖီဆန်မှုတော့ ဖြစ်တယ်လို့ကြားတယ်” ဟု ပေါင်းတည်မြို့ခံက မဇ္ဈိမကို ပြောသည်။

သို့သော် ဘီဘီစီ မြန်မာပိုင်း ယမန်နေ့ ညပိုင်း အစီအစဉ်ကမူ တပ်မ ၆၆ လက်အောက်ခံ အာဏာဖီဆန်သည့် ခမရ ၈၀ တပ်က ပြီးခဲ့သည့် တနင်္ဂနွေညက ပစ်ခတ်မှုများရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ခမရ ၅ မှ ထောက်လှမ်းရေး တပ်ကြပ်ကြီးတဦး အင်းမရွာနှင့် ရွာတောင်ကြားရှိ စစ်ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ထုတ်လွှင့်ခဲ့သည်။

ဒေသခံ တပ်မိသားစုဝင်တဦးက “၆၆က လုံးဝ ဝင်လို့မရဘူး။ ပိုပြီးတော့ အခြေအနေ တင်းကျပ် သွားတယ်။ နောက် တပ်သားတွေကို အနားပေးထားတယ်။ မနေ့ကကိစ္စဆိုရင် ထောက်လှမ်းရေးက အတင်းအဓမ္မ ဝင်ရောက်လို့ အခုလိုဖြစ်တာတဲ့။ အဲဒါ ရွာသားတွေက ကျနော်တို့ကို ပြောပြတယ်” ဟု ဘီဘီစီ အား ဖြေကြားသွားခဲ့သည်။

ထို့အပြင် “တပ်မ ၆၆ ရဲ့ ခမရ ၈၀၊ ၆၈၊ ၇၅ တပ်ရင်းတွေဟာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပတ်ကတည်းက အာဏာဖီဆန်လာခဲ့တာပါ” ဟုလည်း ဘီဘီစီက ပြောသည်။

လျို့ဝှက်လွန်းသည့် မြန်မာ့တပ်မတော်တွင် တိုက်ခိုက်ရေးနှင့် ထောက်လှမ်းရေးတပ်များအကြား မသင့်မြတ်မှုမှာ အစဉ်အလာတရပ်ဖြစ်သော်လည်း ယခုအကြိမ်တွင် တိုက်ပွဲဖြစ်ပွားသည်အထိ ဖြစ်သည်ဆိုခြင်းကို သံသယ ရှိနေသူများလည်းရှိနေကြောင်း ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်က ပြောသည်။

ပြည်ပရောက် စစ်တပ်အရာရှိဟောင်းတဦးကမူ ခမရ ၈ဝ အပါအဝင် အမည်မသိ အခြား ယင်းဒေသ အခြေစိုက် တပ်ရင်း ၂ ရင်းတို့၌ ယခင်လ ၂ဝ ရက် ဝန်းကျင်တွင် တပ်တွင်းလစာနှင့်ပတ်သက်၍ အာဏာဖီဆန်မှုများရှိခဲ့သဖြင့် အရာရှိများနှင့် တပ်သား များ အနည်းဆုံး ၅ဝ ဦးခန့် ဖမ်းဆီးခံထားရကြောင်း မဇ္ဈိမကို ပြောသည်။

၆၆ တပ်မမှူး ဗိုလ်မှူးကြီး စန်းမြင့်အား စစ်ခုံရုံးတင် စစ်ဆေးနေကြောင်းလည်း သူက ဆက်ပြောသည်။
myanmarnew_3
“တိုက်ပွဲဖြစ်တာ လုံးဝမဟုတ်ဘူး။ တင်းမာမှုဖြစ်ပွားတာပါ၊ အဓိကတော့ စားဝတ်နေရေး ကြပ်တည်းလို့ ဖြစ်လာတဲ့အပိုင်းမှာ သူတို့က အပစ်ခတ်ရပ် အဖွဲ့တွေနဲ့ လစာမတူတော့ ပြန်ပြီးတော့ ဖီဆန်တဲ့ သဘောပါဘဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်ဘက်သတင်းများရေးသားနေသော ဆောင်းပါးရှင် ဂါမဏိကမူ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာမှန်ကြောင်း သို့သော် “ပစ်တာခတ်တာက ခနလေးဘဲ။ တဘက်ကတပ်က ဆုတ်သွားလို့ ဆိုပြီး လောလောဆယ်တော့ ငြိမ်နေတယ်” ဟု သူက မဇ္ဈိမကိုပြောသည်။

တပ်မ ၆၆ သည် နာဂစ်ကာလတွင် ဧရာဝတီတိုင်း ကဒုံကနိကျေးရွာ ဝန်းကျင်၌ တပ်စွဲကာ လူ့အခွင့်အရေးချိုးဖောက်မှု အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုများ ကျူးလွန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

အပြည့်အစုံသို့...

http://www.mizzimaburmese.com/news/regional/4575-2010-01-13-09-01-15.html

မြန်မာဒုက္ခသည် ၅၇၀၀၀ ကျော်ကို တတိယနိုင်ငံ ပို့ပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသား ဒုက္ခသည် ၅၇၀၀၀ ကျော်ကို ထိုင်းနိုင်ငံမှတဆင့် နိုင်ငံခြားတွင် အခြေချ နေထိုင်ရန် ခြောက်နှစ်အတွင်း ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း အခြေချ နေထိုင်သူများအဖွဲ့ IOM က ထုတ်ပြန်လိုက်သည်။

၂၀၀၄ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် ခိုလှုံနေထိုင်နေသော မြန်မာဒုက္ခသည်များကို အမေရိကန်နိုင်ငံသို့ အများဆုံး ပို့ဆောင်ခဲ့ပြီး ၂၀ ရာခိုင်နှုန်းကိုတော့ ဥရောပနိုင်ငံများ၊ သြစတြေလျနှင့် ကနေဒါတို့သို့ ပို့ဆောင်ပေးခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။
tc

photo IOM


ယမန်နှစ်က မြန်မာ ဒုက္ခသည် ၁၇၀၀၀ ကျော်ကို နိုင်ငံခြား ပို့ပေးခဲ့သည့်အနက် အများစုမှာ ကရင်နှင့် ကရင်နီ တိုင်းရင်းသား အများစု ဖြစ်သည်။

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ နန်းစွိုင် ကရင်နီ ဒုက္ခသည် စခန်းမှ ၆၈၀၀ ဦး၊ တောင်ပိုင်းရှိ တာ့ခ်ခရိုင်မှ မယ်လ ကရင်ဒုက္ခသည်စခန်းမှ ၃၄၀၀ ဦးတို့ ပါဝင်သည်ဟု IOM ကဖော်ပြသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ် တောင်တန်းထူထပ်သော နယ်စပ်တလျောက် ဝေးလံခေါင်ဖျားဒေသ များရှိ အခြားသော ဒုက္ခသည်စခန်း ၇ ခုမှ ဒုက္ခသည်အချို့ကိုလည်း ပို့ဆောင်ပေးခဲ့သည်။

ဒုက္ခသည်များကို လက်ခံခဲ့သော ဥရောပနိုင်ငံများတွင် ဒိန်းမတ်၊ ဖင်လန်၊ အိုင်ယာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်သည်။

လက်ခံသော နိုင်ငံများ၏ မေတ္တာရပ်ခံချက်အရ IOM အနေဖြင့် ဒုက္ခသည်များ မထွက်ခွာမှီ အဆုတ်နာ ရောဂါနှင့် တခြားသော ကူးစက်စေတတ်သော ရောဂါရှိ မရှိ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်သည်ဟု ပြောသည်။

{တကယ်လို့ ဒုက္ခသည်တယောက်က ကူးစက်ရောဂါရှိတယ်ဆိုရင် ခရီးသွားဖို့ကောင်းတဲ့ အခြေအနေထိ ရောက်အောင် IOM က ဆေးကုပေးပါတယ်} ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဒုက္ခသည်များကို ကားဖြင့် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ သုဝဏဘူမိ လေဆိပ်သို့ ခေါ်ဆောင်ပြီး ထိုမှတဆင့် သက်ဆိုင်ရာနိုင်ငံ နေထိုင်ရာနေရာ ရောက်သည်အထိ IOM က စီစဉ်ပေးသည်။

IOM က ခြောက်နှစ်အတွင်း ဒုက္ခသည်ပေါင်း ၇၄၀၀၀ ကျော်ကို တတိယနိုင်ငံတွင် အခြေချနေထိုင်ရန် စီစဉ်ပေးခဲ့ရာ ထိုင်းနိုင်ငံတွင် ခိုလှုံနေသော မုံး တိုင်းရင်းသား လာအို ၁၅၀၀၀ ကျော်လည်းပါဝင်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် IOM သည် ဗီယက်နမ်စစ်ပွဲအပြီး ၁၉၇၅ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ ငါးသိန်းခန့်သော ဒုက္ခသည်များကို တတိယနိုင်ငံများသို့ ပို့ဆောင်ပေးနေခဲ့သည်။

ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ရောက်ရှိနေသော ဒုက္ခသည်ပေါင်းမှာ ၂၀၀၉ အောက်တိုဘာလအထိ ၁၄၀၀၀၀ ဦးခန့်ရှိကြောင်း ဒုက္ခသည်များကို ကူညီနေသည့် TBBC အဖွဲ့က ထုတ်ပြန်ထားသည်။

အပြည့်အစုံသို့...

http://www.phyowai-myanmar.co.cc/2010/01/blog-post_14.html

တပ်မတော်တွင်း လျှို့ဝှက် စည်းရုံးရေး

မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေး အရေးတော်ပုံမှာ ပြည်သူတွေနဲ့ အတူ တပ်မတော် ပူးပေါင်း ပါဝင်လာရေးဟာ အရေးတကြီး လိုအပ်ချက်ဖြစ်တယ်။

လူထုတိုက်ပွဲအတွင်း တပ်မတော်ပါဝင်လာနိုင်ရေး၊ အနိမ့်ဆုံး အားဖြင့် စစ်အုပ်စုနဲ့ ပြည်သူလူထုကြား ပဋ္ဋိပက္ခ မှာ ကြားနေလာရေး အတွက် တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ်၊ အရာရှိအရာခံ၊ အကြပ် တပ်သားများကို စည်းရုံး သိမ်းသွင်းရေးဟာ မလုပ်မဖြစ် လိုအပ်တယ် ဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု မှန်သမျှက သဘော တူကြလိမ့်မယ် လို့ ယုံကြည်တယ်။

တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် တပ်တွင်း အင်အားစုများကို လက်တွေ့ကျကျ စည်းရုံးနိုင်ဖို့ ဆိုရင် ဦးစွာအားဖြင့် နိုင်ငံရေး အင်အားစုများ အနေနဲ့ တပ်မတော်ကို စစ်အုပ်စုနဲ့ ခွဲခြား ကြည့်မြင်ကြဖို့ လိုတယ်။ ပြည်သူများနည်းတူ တပ်မတော်တွင်းရှိ အရာရှိ အရာခံ၊ အကြပ်တပ်သား အများစုကြီးဟာလည်း သန်းရွှေ စစ်အုပ်စုရဲ့ ဖက်ဆစ် အမိန့်ပေး ဌာနအောက်မှာ စိတ်ပိုင်း ရုပ်ပိုင်းအရ အဖိနှိပ် ခံနေကြရတယ် ဆိုတာကို အသိအမှတ် ပြုကြဖို့လိုတယ်။ ဒီလိုနားလည်မှု အခြေခံ မရှိရင် စစ်အုပ်စု ဆန့်ကျင်ရေး အတွက် လက်တွေ့အရ တပ်မတော်ကို စည်းရုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တပ်မတော်ကို သန်းရွှေ စစ်အုပ်စုရဲ့ ဖက်ဆစ် အမိန့်ပေးဌာန အောက်က ဘယ်လိုမှ ဆွဲထုတ်နိုင်မှာ မဟုတ်ဘူး။

အထက်ပါသဘောထားကို ချမှတ် ဆုပ်ကိုင်နိုင်ပြီ ဆိုရင် တပ်မတော်ကို သဏ္ဌာန်နှစ်မျိုးနဲ့ စည်းရုံး ရမယ်လို့ ယူဆတယ်။ တပ်မတော်တွင်း အခိုင်အမာ U.G စည်းရုံးရေး သဏ္ဌာန်နဲ့ တပ်မတော် ပြင်ပရှိ တက်ကြွ အင်အားစုများရဲ့ ယေဘုယျ စည်းရုံး လှုံ့ဆော်မှု သဏ္ဌာန်တို့ ပေါင်းစပ်ရေး ဖြစ်တယ်။ ဒီသဏ္ဌာန် နှစ်ခုဟာ ဆက်စပ် နေပေမဲ့ အခိုင်အမာ ဆောင်ရွက် ရာမှာတော့ ကိုယ်ပိုင် ထူးခြားချက် အရ တသီးတခြားစီ ဆောင်ရွက် ကြရမှာဖြစ်တယ်။ ဆိုလိုတာက တပ်တွင်း အခိုင်အမာ U.G စည်းရုံးရေးမှာ တာဝန် ယူနေကြတဲ့ ကလာပ်စည်းများနဲ့ တပ်ပြင်ပ တက်ကြွ အင်အားစု ကလပ်စည်း များဟာ တလိုင်းစီ သီးခြားခွဲ လှုပ်ရှားကြရမှာ ဖြစ်ပြီး ဆက်စပ် ပူးပေါင်းဆောင်ရွက်မှု မပြုရေးဖြစ်တယ်။ လိုင်းမပူးရေး ဖြစ်တယ်။

တပ်တွင်း U.G စည်းရုံးရေးသဏ္ဌာန် အရ လျှို့ဝှက် သိပ်သည်းစွာ စည်းရုံးရေး (Deep U.G.) ပီသစွာ လှုပ်ရှား ရေးဖြစ်တယ်။ ရေရှည်အမြင်နဲ့ လှုပ်ရှားရေး ဖြစ်တယ်။ ဘယ်လို နိုင်ငံရေး လှုပ်ရှားမှု အရိပ်အရောင်ကိုမှ မပေါ်စေဘဲ ကျစ်ကျစ်လစ်လစ် စည်းရုံး၊ အခွင့်အခါကောင်း စောင့်ရေး ဖြစ်တယ်။ သက်ဆိုင်ရာက အချက် ပြလိုက်တဲ့ အခါမှသာ တပ်တွင်း U.G အင်အားစုများဟာ လျှို့ဝှက် သဏ္ဌာန်မှ ပြောင်သဏ္ဌာန်သို့ ကူးပြောင်းရမှာ ဖြစ်တယ်။ ဒါတောင်မှ အချက်ပြခံရတဲ့ ကလာပ်စည်းများ ကသာ ပြောင်လုပ်ငန်းကို ကူးပြောင်းပြီး အချက်ပြ မခံရတဲ့ ကလာပ်စည်းများက လျှို့ဝှက် သဏ္ဌာန်အတိုင်း နေမြဲ ဆက်နေရမှာ ဖြစ်တယ်။

တပ်ပြင်ပရှိ တက်ကြွ အင်အားစုများရဲ့ ယျေဘုယျ စည်းရုံး လှုံ့ဆော် လုပ်ငန်းကတော့ တမျိုးဖြစ်တယ်။ သူက တပ်တွင်းကို ဝင်ပြီး အခိုင်အမာ စည်းရုံးတာမျိုး မဟုတ်ဘူး။ တပ်တွင်း အခိုင်အမာ စည်းရုံးရေး လုပ်ငန်းလုပ်နေတဲ့ U.G. ကလာပ်စည်းတွေ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ရတာဖြစ်တယ်။

တပ်တွင်းအခိုင်အမာ စည်းရုံး လှုပ်ရှားတဲ့ U.G ကလာပ် စည်းများဟာ တပ်မတော် တရပ်လုံး လက္ခဏာ (ကြည်း၊ ရေ၊ လေ) အရ တပြိုင်တည်း၊ တချိန်တည်း အကျယ်အပြန့် စည်းရုံး လှုံ့ဆော်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီ တပ်တွင်း U.G တွေဟာ တစက်က တမျက်နှာဖြစ်အောင် ရည်မှန်းချက်ချပြီး တိုးချဲ့ ယူရတာဖြစ်တယ်။ အခွင့်သာတဲ့ နေရာ အချက်အလက်ရှိတဲ့ နေရာမှာ ခြေကုတ်ယူ၊ ကျိတ်စည်းရုံးပြီး အခွင့် အခါကောင်း စောင့်ကြရတာ ဖြစ်တယ်။

တပ်မတော်ကို အဓိက ပစ်ကွင်းထားပြီး ယေဘုယျ စည်းရုံး လှုံ့ဆော်တဲ့ တပ်ပြင်ပရှိ တက်ကြွ အင်အားစု U.G များရဲ့ တာဝန်ကတော့ ကြည်း၊ ရေ၊ လေ တပ်မတော် တရပ်လုံးကို အတွေးအခေါ် နိုင်ငံရေးအရ၊ တတိုင်းပြည်လုံး ဆိုင်ရာ၊ နိုင်ငံတကာ ဆိုင်ရာ အခြေအနေ ပညာပေးရေး အရ အကျယ် အပြန့် တင်ပြ ညှိနှိုင်းနိုင်တယ်၊ လှုံ့ဆော် စည်းရုံး နိုင်တယ်။ မီဒီယာများရဲ့အကူအညီကို စည်းရုံးရယူပြီး တိုင်းပြည်ပြဿနာ အရပ်ရပ်ကို ကြည်း၊ ရေ၊ လေ တပ်မတော် တရပ်လုံးသို့ တချိန်တည်း တပြိုင်တည်း အကျယ်အပြန့် တင်ပြနိုင်တယ်။ တပ်မတော်တွင်း မျိုးချစ် ပြည်ချစ် အင်အားစု များရဲ့ အမှန်တရား လိုလားစိတ်ကို နိုးကြား စေနိုင်တယ်။ ဒီနည်းနဲ့ တပ်တွင်း အခိုင်အမာ လျှို့ဝှက် စည်းရုံး လှုပ်ရှားနေတဲ့ U.G ကလာပ်စည်းများ မလုပ်နိုင်တဲ့ အလုပ်ကို ဖြည့်စွမ်း ပေးနိုင်တယ်။ ဒီနည်းနဲ့ မြန်မာပြည်သူ၊ ကမ္ဘာ့ ပြည်သူတွေပါ တပ်မတော်ကို စည်းရုံးရာမှာ ပါဝင်လာအောင် ဖန်တီးပြီး တပ်မတော်တွင်းမှာ ကောင်းမွန်တဲ့ နိုင်ငံရေး ဂယက်ကို ရိုက်ခတ်စေနိုင်တယ်။ ဒီနည်းနဲ့ တပ်မတော်တွင်းရှိ မျိုးချစ် ပြည်ချစ် အရာရှိအရာခံ၊ အကြပ် တပ်သားတွေကို နိုင်ငံရေးအရ၊ လက်တွေ့ လှုပ်ရှားမှု အရ အကြံဉာဏ် နည်းနာတွေ ရရှိစေနိုင်မှာ ဖြစ်တယ်။

ဒီလို တပ်မတော်ကို အဓိက ပစ်ကွင်းထားပြီး ယေဘုယျ စည်းရုံး လှုံ့ဆော်ရေး လုပ်ငန်းကို အကောင်အထည် ဖော်ဖို့ဆိုရင် တက်ကြွတဲ့ အင်အားစု မျိုးဆက်သစ်များကို အခြေခံပြီး မြေအောက် U.G သဏ္ဍန်နဲ့ စုစည်းရမှာ ဖြစ်တယ်။ ဥပမာ- အဲဒီ အင်အားစုရဲ့အမည်က "တပ်မတော်တွင်း မျိုးချစ်ပြည်ချစ် အင်အားစုများရဲ့ ညီအစ်ကိုတော်များ အဖွဲ့" ဆိုကြပါစို့။ အဲဒီအဖွဲ့မှာ နိုင်ငံရေး သဘောထားနဲ့ လုပ်ငန်းလမ်းညွှန် ပေါ်လစီများ ရှိရမယ်။ အကြမ်းဖျင်း တင်ပြရရင် အဲဒီ အလုပ်အဖွဲ့ရဲ့ နိုင်ငံရေး သဘောထားနဲ့ လုပ်ငန်း လမ်းညွှန် ပေါ်လစီမှာ အောက်ပါ အချက်များ ပါဝင်သင့်တယ်။

နိုင်ငံရေး
၁။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး။
၂။ တပ်မတော်တွင်း အထက်အောက် အခွင့်အရေး အလွန်အကျွံ ကွာခြားမှု တိုက်ဖျက်ရေး။
၃။ ဒီမိုကရေစီနည်းကျ တောင်းဆို တင်ပြတဲ့ လူထု လှုပ်ရှားမှုများကို ပစ်ခတ် သတ်ဖြတ် ဖြိုခွဲရေး အတွက် ပေးတဲ့ အမိန့် မှန်သမျှ မလိုက်နာရေး။
၎။ တပ်မတော်ကို ခုတုံးလုပ် အသုံးချပြီး စစ်အုပ်စုက စီးပွားရေး လက်ဝါးကြီးအုပ်မှု မှန်သမျှ ရပ်ဆိုင်း ပစ်ရေး။
၅။ ပြည်တွင်းစစ် သက်ဆိုးရှည်စေမယ့် စစ်အုပ်စုရဲ့ နိုင်ငံရေး၊ စစ်ရေး ဆောင်ရွက်မှု မှန်သမျှ ဆန့်ကျင်ရေး။
၆။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ညီညွတ်ရေး အတွက် နိုင်ငံရေး ပါတီများ၊ လူမျိုးစု ကိုယ်စားပြု အဖွဲ့များ နှင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး။

ဖွဲ့စည်းမှု
၁။ မြေအောက် U.G ကလာပ်စည်း သဏ္ဌာန် အရ ဖွဲ့စည်းရေး။
၂။ မြေအောက် U.G လှုပ်ရှားဆိုင်ရာ နည်းနာ စည်းကမ်းများကို ချမှတ် ကျင့်သုံးရေး။

လက်တွေ့လုပ်ငန်းတာဝန်
၁။ တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် အင်အားစုများအား အဓိက ပစ်ကွင်းထား စည်းရုံး လှုံ့ဆော်ပြီး စစ်အုပ်စုအား နိုင်ငံရေး၊ စီးပွားရေးအရ ဘက်စုံမှ ဖွင့်ချရေး။
၂။ တပ်မတော်တွင်းဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းရေး။
၃။ စစ်အုပ်စုတွင်းဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းရေး။
၎။ စုဆောင်းရရှိတဲ့ တပ်တွင်းဆိုင်ရာ သတင်းအချက်အလက်၊ စစ်အုပ်စုတွင်း ဆိုင်ရာ သတင်းအချက် အလက် များကို အခြေခံပြီး တပ်မတော် စည်းရုံးရေးကို အထောက်အကူ ပြုမယ့် အကြောင်းအရာများကို သတင်း ထုတ်ပြန်ချက်များ၊ သဘောထား ကြေငြာချက်များ သတင်း ဆောင်းပါးများ ရေးသားပြုစုရေး။
၅။ ပြုစုရရှိတဲ့ သတင်းများ၊ သဘောထားကြေငြာချက်များ၊ ဆောင်းပါးများကို တပ်မတော် တရပ်လုံး၊ မြန်မာ တပြည်လုံး၊ ကမ္ဘာ့ပြည်သူ တရပ်လုံးသို့ အသိပေး ဖြန့်ချီနိုင်ရန် နိုင်ငံတကာ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်သံလွှင့်စတဲ့ မီဒီယာများနဲ့ ဆက်သွယ် ဖြန့်ချီနိုင်ရေး ဆောင်ရွက်ရေး။
၆။ မီဒီယာများမှ ဖြန့်ချီတဲ့အခါ တပ်တွင်း အခိုင်အမာ U.G စည်းရုံးရေး လုပ်ငန်းအား မထိခိုက်စေဖို့ ဂရုပြုရေး စတာတို့ ဖြစ်ပါတယ်။

တပ်မတော်ကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လူထုတိုက်ပွဲမှာ ပါဝင်လာအောင် စည်းရုံး ရာမှာ တပ်မတော် ပြင်ပရှိ တက်ကြွ လှုပ်ရှားသူများရဲ့ တပ်မတော်ကို အဓိက ပစ်ကွင်းထားတဲ့ ယေဘုယျ စည်းရုံး လှုံ့ဆော်ရေး လှုပ်ရှားမှုဟာ အရေးပါတဲ့ လုပ်ငန်း တရပ်အဖြစ် ယူဆပါတယ်။

ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအနေနဲ့ ဒီလှုပ်ရှားမှု သဏ္ဌာန် အကောင်အထည် ဖော်ရေး၊ တပ်မတော်တွင်း U.G စည်းရုံးရေးနဲ့ ပေါင်းစပ်ရေးကို အလေးထား ဆောင်ရွက် သင့်တယ်လို့ ထင်မြင် မိပါတယ်။

တပ်မတော်သားဟောင်းတဦး

ဒီဆောင်းပါးကို ဖတ်သူများ၊ အထူးသဖြင့် ပြည်တွင်းမှဖတ်သူများ တဆင့်ပြီးတဆင့်ကူးယူ ဖြန့်ဝေပေးပါရန် စာရေးသူမှ ပန်ကြားပါသည်။

အပြည့်အစုံသို့...

http://www.niknayman-niknayman.co.cc/2010/01/blog-post_13.html

မြန်မာပြည်သူပြည်သားအပေါင်းတို့  လွတ်လပ်မှု ရရှိကြမည့် ၂၀၁၀ ခုနှစ်သစ်ဆီသို့ ။

နှစ်ထောင့်တစ်ဆယ် လိမ်ညာကြဦးမယ်။

နှစ်ထောင့်တစ်ဆယ် လိမ်ညာကြဦးမယ်။

Wednesday, January 13, 2010

ပြည်သူ့ အတွက် ပြည်သူ့ တပ်မတော်သားတွေ အရေးတကြီး အလိုရှိနေပါတယ်။ တပ်မ (၆၆) က ခမရ (၈၀) ကို ၀ိုင်းရံပေးကြပါ။ ပြည်သူတွေလည်း ၀ိုင်းရံပေးကြပါ။

(နအဖအာဏာရှင်အား တပ်မ (၆၆) ခမရ (၈၀) မှ ဆန့် ကျင်ပြီ)။

အမှန်တရားကို လက်ခံသိမြင်ကြလို့  အာဏာရူးဗိုလ်ချူပ်ကြီးတွေကို စတင်ဆန့် ကျင်ကြတဲ့ တပ်မတော်သားတွေကို လက်ရှိတပ်မတော်ထဲက ပြည်သူ့ တပ်မတော်သားခံယူလိုသူတွေ ၀ိုင်းရံပေးကြပါ။

အာဏာရူးဗိုလ်ချူပ်ကြီးတွေ တိုင်းပြည်နဲ့  လူမျိုး ငတ်ပြတ်ဆင်းရဲအောင် ယုတ်မာစွာလုပ်ခဲ့ကြတယ်၊ ဘာသာတရားကို ရိုင်းစိုင်းစော်ကားခဲ့ကြတယ်၊ နောက်ဆုံး တပ်မတော်ထဲမှာတောင် အဆင့်အတန်း ခွဲခြားဆက်ဆံမှုတွေ လက်တွေ့ ရှိခဲ့ကြလို့  ယခုလို အမှန်ကို သိမြင်ကြသူတွေ ပေါ်ပေါက်လာတာဘဲ ဖြစ်တယ်။ ပြည်သူ့ တပ်မတော်ကို နာမည်ပျက်အောင် ဖျက်ဆီးခဲ့ကြတဲ့ ဒီ အာဏာရူးဗိုလ်ချူပ်ကြီးတွေကို အသင်တို့  တပ်မတော်သားတွေက ပြန်လည်ဆန့် ကျင်မှသာ အစဉ်အလာဂုဏ်မြင့်မားခဲ့တဲ့ တပ်မတော်သမိုင်းကို ပြန်လည်မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်။

အသင်တို့  တပ်မတော်သားတွေ အခုချိန်မှာ ပြည်သူအတွက် ပြတ်ပြတ်သားသားဖြစ်ရတော့မယ်။ အာဏာရူးတွေဘက်ကို လိုက်ပြီး အလိုက်အထိုက်နေမှာလား၊ ပြည်သူဘက်ကို ရပ်တည်ပြီး တပ်မတော်ရဲ့  ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးမှာလား။

ယခု လက်ရှိ တပ်မ (၆၆) မှာ ဖြစ်ပွားနေတာတွေကို သေသေချာချာ ဖတ်ကြည့်ပေးပါ။ အသင် တပ်မတော်သားတို့ ဘာကို ရွေးမှာလည်း၊ ဘယ်လမ်းကို လျှောက်မှာလည်း။

တပ်မ (၆၆) က အာဏာရှင်ကို စတင် ဆန့် ကျင်ပြီ။

တပ်မ (၆၆) မှာ တပ်တွင်းပုန်ကန်မှုတွေရှိနေပြီ။ မနေည ၈နာရီ ခန့် က အင်းမ အခြေစိုက် ခမရ ၈၀ မှာ -တပ်ရင်းမှာ စတင်ပြစ်ခတ်တယ်။ စားဝတ်နေရေးကြောင့် တပ်သားတွေ က အမိန့် ကိုမနာခံတော့တာ တနစ်ကျော်နေပြီလို့ သိရတယ်။ သူတို့ ကို ဘာတာဝန်မှ ထပ်မပေးတော့ပဲ ပြစ်ထားတာ ကြာပြီလို့ သိရတယ်။ ပြစ်ခတ်မှု ၁၀ မိနစ်ကျော်ကြာတယ်။ ၃ ယောက်ဒဏ်ရာရ ပြီး၊ တယောက် သေတယ်။

ဖြစ်ပွားပုံကတော့ ဇန်န၀ါရီလ ၈ ရက်နေ့ က ရန်ကုန်စစ်ဌာနချုပ်အမိန့်  နဲ့ လာတဲ့ စစ်အရာရှိ ၁၄ ဦးက ပုန်ကန်နေတဲ့ ခမရ ၈၀ ကို လက်နက်လာဖြုတ်ပါတယ်။ လက်နက်လာဖြုတ်တဲ့ ကြပ်ပြေးနေပြည်တော်က အရာရှိတွေကို ကို ခမရ ၈၀ တပ်ရင်းမှုက တပ်တွင်း စားဝတ်နေရေး ကြပ်တည်းမှု၊ ရိက္ခာပြတ်လပ်မှုနဲ့  တိုင်းမှုးနဲ့  သူမိန်းမ ဆွေမျိုးတွေရဲ့ လပ်စားမှုအကြောင်းတွေကို တင်ပြခဲ့ ကြတယ်။

ရန်ကုန်ကလာတဲ့ အရာရှိတွေကို ခမရ ၈၀ တပ်ရင်းက ရဲဘော်တွေက သူတို့  ချက်ပြုတ်စားနေရတဲ့ ထမင်းဟင်းတွေ နဲ့ ကျွေးမွေးခဲ့ကြတယ်။ ဆက်သွယ်ရေးစက်ကနေ သူတို့ အပြန်အလှန် ဆွေးနွေး ကြတယ်လို့ ဆိုတယ်။ ကျနော်တို့ နေစဉ်စားနေရတဲ့ အစားသောက်တွေကို စားကြည့်ပြီးမှာ ကျနော်တို့ တင်ပြတာတွေဟာကို ဆုံးဖြတ်ပေးပါလို့  ဆိုပြီး ထမင်းဝိုင်းကိုခေါ်သွားတယ်။

ဒါကို ကြပ်ပြေးကအရာရှိတွေက သူတို့ ကိုစော်ကားတယ်။ ပုန်ကန်တယ်လို့  ဆိုပြီးကြိမ်းမောင်း ထိုးကြိတ်မှုတွေ လုပ်ခဲ့ကြတယ်။ ခမရ ၈၀ တပ်ရင်းမှုးရဲ့  တောင်းဆိုမှု၊တင်ပြမှုတွေကို စစ်ဌာနချုပ်က အရေးယူဆောင်ရွက်ခြင်းမရှိပဲ ကြပ်ပြေးက အရာရှိတွေ က ဆဲဆိုကြိမ်းမောင်းနေတယ်။ ခမရ ၈၀ က အရာရှိတွေကို လက်နက်ဖြုတ်ဖို့ နဲ့  အရေးယူဖို့  ညွန် ကြားလာတဲ့အတွက် ခမရ ၈၀ တပ်ရင်းမှုးက ကြပ်ပြေးက အရာရှိတွေကို ၈ရက်နေ့ မှာဖမ်းဆီးလိုက်တယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့ မှာတော့ နောက်ထပ်အရေးယူဖို့ ရောက်လာတဲ့ ကြပ်ပြေး က စေလွတ်လိုက်တဲ့ တပ်ဖွဲ များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

(http://komoethee.blogspot.com/2010/01/blog-post_8315.html) မှ။

တပ်မတော်အတွင်းမှာ နအဖအာဏာရှင်အား ဆန့် ကျင်မှု ဖြစ်ပွားရခြင်း။

နအဖ စစ်တပ်၌ ဗိုလ်ချုပ်ရာထူးအဆင့်ရှိသူများ မှိုပွင့်များလိုပေါ်များနေသည့်အပြင် အသက်အရွယ်ပြည့် နေသော်လည်း အနားယူမှုများမရှိခြင်းကြောင့် ဗိုလ်မှူး၊ ဗိုလ်မှူးကြီး အဆင့်သို့ရောက်နေသူ လူငယ်အရာရှိ များမကျေမနပ်မှုများဖြစ်ပေါ်နေကြောင်း ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ မန္တလေးမြို့ များ ရှိ စစ်တပ်နှင့်နီးစပ်သူ အသိုင်းအ၀ိုင်းမှာ ပြောဆိုနေကြတယ်လို့ သိရှိရပါသည်။ စစ်တပ်အတွင်း ရာထူးအဆင့်များ တိုးမြှင့်ပေးရာ၌ လက်ရှိနအဖ စစ်ခေါင်းဆောင်များ နှင့်နီးစပ်သူဆွေမျိုးအသိုင်းအ၀ိုင်းများ ကိုသာ တိုးမြှင့်ပေးနေပြီး၊ ကျန်အရာရှိငယ်များမှာ စစ်တပ်မှ အတင်းဓမ္မအနားယူမှုများ (သို့) ချောင်ထိုးခံနေရမှုများ ရှိနေတယ်လို့ ပြောဆိုနေကြကြောင်း သိရှိရပါသည်။

ယခင်က တိုက်ပွဲများတွင် ကျဆုံးမှု၊ ဒဏ်ရာရှိခဲ့မှုများကြောင့် ရာထူးအဆင့်တိုးတက်နိုင်မည့်အခွင့်အလမ်းများ ရှိခဲ့သော်လည်း၊ ယခုအခါ လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူထားမှုများကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများ နည်းပါးလာသည့်အပြင် နှစ်စဉ်ကျောင်းဆင်းနေသော ဗိုလ်လောင်းများကြောင့် ဒီလိုအထက်အောက်ပိတ်ဆို့နေမှုများ ဖြစ်နေကြောင်း တပ်ရင်းမှူးအဆင့်ဖြင့် ရာထူးမှအနားယူခဲ့ရသူ ဗိုလ်မှူးကြီးဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။

ရောမခေတ်က ငြိမ်းချမ်းရေးကာလမှာ စစ်ပွဲများ မရှိတော့တာကြောင့် စစ်သွေးကျနေကြတဲ့ ရောမ စစ်သည်တော်များ ရောမမြို့ကြီးတွေမှာ ဘယ်သွားရမှန်းမသိ လမ်းပျောက်ခဲ့ပြီး ဒုစရိုက်လုပ်ငန်းများ၊ ခိုးယူလူယက်မှုများဖြစ်ကာရောမမြို့ကြီး၌ ပြည့်တန်ဆာများလည်း ပေါ်များခဲ့ဘူးသည်လို့ ထိုအငြိမ်းစား ဗိုလ်မှူးကြီးဟောင်းတစ်ဦးက သူရေးသားခဲ့သောစာအုပ်၌ ရည်ညွှန်းထည့်သွင်း ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိနအဖ စစ်အုပ်စုခေါင်းဆောင်များဟာ ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင်လည်း စစ်တပ်မှ အနားယူလိမ့်မှာ မဟုတ်တာကြောင့် လူငယ်အရာရှိများ သာလျှင် အတင်းဓမ္မအနားယူ ခိုင်းမှုများသာ ဖြစ်လာမှာဖြစ်ကြောင်း မန္တလေးမှာ တာဝန်ကျ နေသည့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတစ်ဦးနဲ့နီးစပ်သူ အသိုင်းအ၀ိုင်းကပြောဆို ခဲ့ကြောင်း သိရှိရပါသည်။

(တင့်ဆွေ - အငြိမ်းစား)။

ခမရ (၈၀) နဲ့ ထောက်လှမ်းရေတပ်အကြား တင်းမာမှုဖြစ်ပွား။

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပြည်ခရိုင် အင်းမရွာမှာ အခြေစိုက်တဲ့ တပ်မ (၆၆) က တပ်ရင်းတစ်ရင်းဖြစ်တဲ့ ခမရ (၈၀) နဲ့  ခမရ (၅) ထောက်လှမ်းရေး တပ်ဖွဲ့ တွေအကြား တနင်္ဂနွေညက ပစ်ခတ်မှုတွေ ဖြစ်ခဲ့စဉ် ဒဏ်ရာရခဲ့တဲ့ ထောက်လှမ်းရေး တပ်ကြပ်ကြီး သေဆုံးသွားပြီ ဖြစ်ပါတယ်။

ခမရ (၅) ထောက်လှမ်းရေးတပ်ဖွဲ့ က အကြောင်းမကြားဘဲ လာရောက်စစ်ဆေးတာကို ခမရ (၈၀) က တပ်ထဲ အ၀င်မခံတဲ့အတွက် ငြင်းခု့မှုမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုက်နှက်မှုတွေ ဖြစ်ပွားရာကနေ နောက်ဆုံး ပစ်ခတ်မှုတွေအထိ ဖြစ်ခဲ့ရတာပါ။

ပစ်ခတ်မှုအတွင်း အဲ့ဒီ တပ်ကြပ်ကြီး အပါအ၀င် (၃) ဦး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

တပ်မ (၆၆) ရဲ့  ခမရ ၈၀၊ ၆၈၊ ၇၅ တပ်ရင်းတွေဟာ စားဝတ်နေရေး အဆင်မပြေခဲ့မှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပါတ်ကတည်းက အာဏာဖီဆန်လာခဲ့တာပါ။

အဲ့ဒါကြောင့် လုံခြုံရေးအရ ထောက်လှမ်းရေးတပ်တွေက သူတို့ ကို ၀ိုင်းထားခဲ့တာ ဖြစ်ပါတယ်။

အင်းမ ရွာသားတွေကတော့ ခမရ (၈၀) တပ်ရင်းဘက်ကို ထောက်ခံကြပြီး အကူအညီပေးဖို့  အဆင်သင့်ဖြစ်နေကြတယ်လို့  ဆိုပါတယ်။

ဒါပေမယ့် ပဲခူးတိုင်း အရှေ့ ဘက်ခြမ်းက ညောင်လေးပင်ခရိုင်ဘက်မှာရှိတဲ့ လှုပ်ရှားနေတဲ့ ခလရ ၂၀ တပ်ရင်းကလည်း ဘာအကြောင်းကြောင့် အဲ့ဒီကို ရောက်နေလည်းဆိုတာ မသိရတဲ့အတွက် အခြေအနေဟာ ပိုမိုတင်းမာလာနေတယ်လို့  အခင်းဖြစ်ပွားတဲ့ နေရာက ဒေသခံ တပ်မိသားစုဝင်တစ်ဦးက ပြောပါတယ်။

(http://www.bbc.co.uk/myanmar/burma/story/2010/01/100112_army_clash.shtml) မှ။


အသင်တို့  တပ်မတော်သားတွေ အခုချိန်မှာ ပြည်သူအတွက် ပြတ်ပြတ်သားသားဖြစ်ရတော့မယ်။ အာဏာရူးတွေဘက်ကို လိုက်ပြီး အလိုက်အထိုက်နေမှာလား၊ ပြည်သူဘက်ကို ရပ်တည်ပြီး တပ်မတော်ရဲ့  ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးမှာလား။

မြန်မာပြည်သူအပေါင်းတို့  - ယခုလို အာဏာရှင်အား ဆန့် ကျင်တော်လှန်ကြတဲ့ တပ်မ (၆၆) က ခမရ (၈၀) တပ်ရင်းက တပ်မတော်သားတွေ အခြေအနေကို အမြန်စုံစမ်းကြပြီး ပြည်သူ့ အင်အားနဲ့ ဝိုင်းရံပူးပေါင်းပေးကြပါ။

မြန်မာတပ်မတော်အတွင်းမှာ အကြပ်တပ်သား အရာရှိအရာခံအပေါင်းတို့  - တပ်မ (၆၆) က ခမရ (၈၀) တပ်ရင်းက တပ်မတော်သားတွေဘက်ကို အမြန်ဆုံးဝိုင်းရံ အားဖြည့်ပေးကြပါ။ မိမိတို့  တပ်ရင်းနေရာများကနေ အာဏာရူးတွေကို ရဲရဲရင့်ရင့် ဆန့် ကျင်ပေးကြပါ။

အသင်တို့  ပြည်သူ့ ဘက်က ရပ်တည်မယ့် တပ်မတော်သားတွေကို ကျွန်ုပ်တို့  ရဟန်းသံဃာ ကျောင်းသားပြည်သူအပေါင်းက တအားမျှော်လင့်နေကြပါတယ်။ အသင်တို့ ရဲ့  သမိုင်းကို ကောင်းမွန်အောင် တပ်မတော်ရဲ့  သမိုင်းကောင်းကို ကောင်းမွန်အောင် အသင်တို့  ပြည်သူတွေဘက်က ရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ပေးကြပါ။

အပြည့်အစုံသို့...

http://www.mizzimaburmese.com/news/inside-burma/4579-2010-01-13-12-23-11.html

အတိုက်အခံ အမျိုးသမီးများ ၂၂ မြို့နယ် ဖြန့်ကျက်
မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်အမျိုးသမီးအဖွဲ့များကို လွန်ခဲ့သည့် ၇ လအတွင်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ မြို့နယ် ၂၂ မြို့နယ်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပါတီ စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့်နှစ် ဇွန်လမှစတင်၍ ရန်ကုန်၊ မန္တလေးနှင့် တနင်္သာရီတိုင်းတွင် အန်အယ်ဒီ အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) က ကြီးမှူး ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
IMG_0115
“အဓိက စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဖို့ ဖြစ်တယ်။ အမျိုးသမီးအဖွဲ့တို့၊ လူငယ်လုပ်ငန်းအဖွဲ့တို့က အဖွဲ့ချုပ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို အကောင်အထည် ဖော်ပေးဖို့အတွက် ဖြစ်တယ်။ စည်းရုံးရေး လုပ်ငန်းတွေ လုပ်ပြီးတော့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေကို ပံပိုးပေးသွားဖို့ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း အမျိုးသမီး လုပ်ငန်းအဖွဲ့ တာဝန်ခံ ဒေါက်တာမေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းတွင် ကော့မှူး၊ မရမ်းကုန်း၊ လှိုင်၊ သံလျင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရန်ကင်း၊ ဗဟန်း၊ ခရမ်း၊ သာကေတ၊ ဒဂုံမြို့သစ် အပါအဝင် မြို့နယ် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းတွင် ၈ မြို့နယ်နှင့် မန္တလေးတိုင်းတွင်မူ ၂ မြို့နယ်တို့ ဖြစ်သည်။

ဒေါက်တာမေဝင်းမြင့်က “စည်းရုံးရေးနဲ့ ဖွဲ့စည်းရေးကို တပြိုင်တည်း လုပ်နေပါတယ်။ ရန်ကုန်တိုင်းမှာ ၁၂ မြို့နယ် ရှိပြီ။ တလတခါ အစည်းအဝေး လုပ်တယ်။ မြို့နယ်က တင်ပြတဲ့ အချက်တွေ ပြန်ဆွေးနွေးတယ်။ အဖွဲ့ချုပ်က ချပေးတဲ့ မူဝါဒတွေကို ရှင်းလင်းပြတာတွေကို လုပ်တယ်။ အမျိုးသမီးတွေအနေနဲ့ အဖွဲ့ချုပ်ရုံးမှာ ရန်ပုံငွေအဖြစ် ပစ္စည်းတွေ ရောင်းချနေတယ်။ အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဆွမ်းလောင်းပွဲ လုပ်တယ်” ဟု ပြောသည်။

မန္တလေးတိုင်း အမျိုးသမီးလုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် မအေးအေးမာက “အဖွဲ့ချုပ် ဗဟိုက ညွှန်ကြားချက်အရ မန္တလေးတိုင်း အနောက်မြောက်နဲ့ အရှေ့မြောက် ၂ မြို့နယ် ဖွဲ့ဖို့ကျန်သေးတယ်။ မိတ္ထီလာ၊ ဝမ်းတွင်း မြို့နယ်တွေက လာရောက်ဖွဲ့စည်းရေးအတွက် အကြောင်းကြားလာတွေတော့ ရှိပါတယ်။ မြို့နယ်ဥက္ကဋ္ဌက နေပြီးတော့ ဘယ်နေ့ဘယ်ရက်မှာ လာရောက်ဖွဲ့စည်းပေးပါဆိုတဲ့ အကြောင်းကြားစာကို စောင့်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၅ ရက်နေ့တွင် မန္တလေး အရှေ့တောင်မြို့နယ်နှင့် ၁၅ ရက်နေ့တွင် အနောက်တောင်မြို့နယ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
IMG_0116
တိုင်းနှင့် ပြည်နယ်များအတွင်းရှိ အန်အယ်ဒီ မြို့နယ် အမျိုးသမီးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းနဲ့ ပြည်နယ် အထောက်အကူပြု အဖွဲ့ဝင်အဖြစ် ရန်ကုန်တိုင်းတွင် အမျိုးသမီး ၁၂ ဦးအပြင် ကချင်ပြည်နယ် ၁ ဦး၊ ရခိုင်ပြည်နယ် ၁ ဦး၊ မန္တလေးတိုင်း ၂ ဦး၊ ပဲခူးတိုင်း ၁ ဦး၊ ကရင်ပြည်နယ် ၁ ဦး၊ ရှမ်းပြည်နယ် ၁ ဦး၊ မကွေးတိုင်း ၁ ဦး၊ တနသာင်္ရီတိုင်း ၁ ဦး၊ စစ်ကိုင်းတိုင်း ၂ ဦး စသဖြင့် အမျိုးသမီး ၁၁ ဦးကို ရွေးချယ်တာဝန်ပေးအပ်ပြီးဖြစ်သည်။

အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ဝင်များကလည်း အထက် မြန်မာပြည် ဒေသတချို့တွင် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်းနှင့် အကျယ်ချုပ် ကျခံနေရသည့် အန်အယ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အန်အယ်ဒီ ဗဟိုရှိ အမျိုးသမီးရေးရာ ကော်မတီနှင့် လူငယ်လုပ်ငန်း အဖွဲ့တွင် တာဝန်ခံဖြစ်ကြောင်း သိရသည်။
အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့သည် အမျိုးသမီးရေးရာ ကော်မတီ လက်အောက်တွင် တည်ရှိသည်။

အပြည့်အစုံသို့...

Friday, January 8, 2010

၂၀၁၀-နှစ်သစ်မှာ လက်ရှိသုံးနေသော မြန်မာ့ငွေ- - -

အပြည့်အစုံသို့...

Monday, January 4, 2010

ကြည့်သောသူ မြင်၏- - -



အပြည့်အစုံသို့...

Saturday, January 2, 2010

လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ်ရေးကျောက်တိုင် အုတ်မြစ်ချ မိန့် ခွန်း မူရင်းထဲတွင် ပါသလိုလိုနှင့် ထည့်သွင်း လိမ်လည်ရေးသားထားသော The Voice ဆောင်းပါး။

ယခုနောက်ဆုံးထုတ် The Voice ဂျာနယ် (အတွဲ ၆ - အမှတ် ၉) ရဲ့  စာမျက်နှာ (၁၇) မှာ အေးလွင် (ဖောင်တော်သီ) ရဲ့  ဆောင်းပါး “မော်ကွန်းကဗျဉ်းများက သတည်းချ၊ ရသင့်သည့် သတိတရားများ” ဆောင်းပါးပါ ရေးသားဖေါ်ပြချက်နဲ့  လွတ်လပ်ရေးကျောက်တိုင်ဓါတ်ပုံအောက်မှာ ရေးထားတဲ့ “ပြည်ထောင်စုရဲ့  ဖွဲ့ စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကို လိုက်နာရိုသေသော အသင်းအဖွဲ့ များအားလုံးအတွက် မျှမျှတတ အသုံးချရန် ဖြစ်တယ်” စာသားဟာ မြန်မာပြည်လွတ်လပ်ရေး ရရှိအောင် သက်စွန့် ကြိုးပမ်းပေးခဲ့ကြတဲ့ ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွသော အာဇာနည်ခေါင်းဆောင်ကြီးများနဲ့  ရဟန်းရှင်လူ ပြည်သူအပေါင်းဟာ စော်ကားလိုက်ခြင်းဘဲ ဖြစ်ပါတယ်။


























“ပြည်ထောင်စုရဲ့  ဖွဲ့ စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကို လိုက်နာရိုသေသော အသင်းအဖွဲ့ များအားလုံးအတွက် မျှမျှတတ အသုံးချရန် ဖြစ်တယ်” ရေးသားမှုဟာ ယခု နအဖက လိမ်ဆည်ပြီး ကိုယ့်ဖာသာကိုယ်ရေး ကိုယ့်ဖာသာ အကွက်ဆင်ပြီး အတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံကို လိုက်နာရိုသေရမှာလား။ လိုက်နာရိုသေသော အသင်းအဖွဲ့ များအားလုံးဟာ နအဖ၊ ကြံ့ ဖွတ်၊ နအဖအမျိုးသမီးရေးရာအဖွဲ့ တွေကနေ ဝေပုံဝေကျ တိုင်းပြည်အချူပ်အခြာအာဏာကို လုယူမျှဝေကြတာကို ပြောတာပါလား။






















မူရင်းလွတ်လပ်ရေးကြေညာစာတမ်းထဲမှာရော၊ နိုင်ငံတော်ဝန်ကြီးချူပ်ဟောင်း ဦးနု ပြောတဲ့ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချ မိန့် ခွန်းစကားမှာရော လုံးဝ မပါရှိတဲ့ ဒီစာသားကို ပါသလိုလိုနဲ့  လိမ်ညာထည့်သွင်းပြီး နအဖအလိုကျ လှည်ဖြားရေးသားထားတာ ဖြစ်ပါတယ်။

















မူရင်း လွတ်လပ်ရေးကြေည်စာတမ်းထဲမှာ ပါတဲ့ အပိုဒ် ၅ မှာ ရေးသားထားမှုကို ကြည့်နိုင်ပါတယ်။

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ် ယောက်တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလကလည်းကောင်း၊ ယခုမျက် မှောက်တွင်လည်းကောင်း၊နောင်လာလတံ့ သော အနာဂတ်ကာလ၌ လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်း နေထိုင်ကြသောကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့ ဒို့၏အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစား ရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရား နှင့်အညီကမ္ဘာဦးကာလလူတို့၏ စည်းရုံးမှု ၌ လူအပေါင်းတို့၏ သဘောဆန္ဒအရလူ အ၀ှမ်း၏အကျိုးကိုကောင်းစွာ ဆောင်ရွက် နိုင်အံ့သောပုဂ္ဂိုလ်ကိုရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်း မငြိပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒ နှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင် ရှားစွာပိုင်းခြားသတ်မှတ်တူညီသော တရား တူညီသောအခွင့်အရေးတူညီသော အဆင့် အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့် သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သောအဖြစ်ကို လက် ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။” လို့  မူရင်းမှာ ဖေါ်ပြထားတာပါ။

ထို့ အတူ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချူပ်ဟောင်း ဦးနု ပြောတဲ့ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချ မိန့် ခွန်းစကားမူရင်းကိုလည်း အောက်ပါအတိုင်း ကြည့်ရှူနိုင်ပါတယ်။

“ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ အသင်းအဖွဲ့တစ်ခုတည်းရဲ့ လွတ်လပ်ရေး မဟုတ်။ ပြည်သူ့ရဲဘော်၊ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံးသမဂ္ဂ အစရှိတဲ့ အသင်းအဖွဲ့အစည်းအသီးသီးက ကိုယ်ဆိုင်ရာနယ်နိမိတ်အတွင်းမှနေပြီး နယ်ချဲ့စနစ်ကြီးကို ၀ိုင်းအုံတိုက်ခိုက်ခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့လွတ်လပ်ရေး ဖြစ်တယ်။” လို့  မူရင်း ပြောကြားချက်ပါ စာသား ဖြစ်ပါတယ်။



















































ဒီ The Voice ဂျာနယ်ပါ ဆောင်းပါးပါ စာသားကို လိမ်ညာထည့်သွင်းရေးသားဖေါ်ပြသူ အေးလွင် (ဖောင်တော်သီ) ဟာ နအဖအဖွဲ့ ဝင်သော်လည်းကောင်း (သို့ ) နအဖ ထိပ်တန်းလက်ပါးစေကြီး တစ်ဦး ဖြစ်နိုင်သလို The Voice ဂျာနယ်ကလည်း နအဖလက်ပါးစေစာစောင် ဖြစ်လာပါပြီင်္။

ဒါကြောင့် - The Voice ဂျာနယ်ထဲမှာ ဖေါ်ပြထားတဲ့ စာမျက်နှာ (၁၇) က အေးလွင် (ဖောင်တော်သီ) ရဲ့  ဆောင်းပါးပါ “ပြည်ထောင်စုရဲ့  ဖွဲ့ စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကို လိုက်နာရိုသေသော အသင်းအဖွဲ့ များအားလုံးအတွက် မျှမျှတတ အသုံးချရန် ဖြစ်တယ်” စာသားဟာ လိမ်ညာပြီထည့်ထားတာဖြစ်ပြီး နအဖတွေရဲ့  လိမ်လည်လှည့်ဖြားထည့်ထားတဲ့ စာသားသာ ဖြစ်ပါကြောင်း ကျွန်တော် နစ်နေမန်းမှ မြန်မာပြည်သူလူထုအား အသိပေး ဖေါ်ပြလိုက်ရပါတယ်။

The Voice စာစောင်အား ဤနေရာမှာ ဒေါင်းလုပ် လုပ် ကြည့်နိုင်ပါတယ်။

http://www.mediafire.com/?nznqn0hqlqj

မူရင်းလွတ်လပ်ရေးကြေညာစာတမ်းကို ဤနေရာမှာ ဒေါင်းလုပ် လုပ် ကြည့်နိုင်ပါတယ်။

http://www.mediafire.com/?iti2wcmjryn

နိုင်ငံတော်ဝန်ကြီးချူပ်ဟောင်း ဦးနု ပြောတဲ့ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချ မိန့် ခွန်းစကားကို ဤနေရာမှာ ဒေါင်းလုပ် လုပ် ကြည့်နိုင်ပါတယ်။

http://www.mediafire.com/?ea3x4zymdtw

အပြည့်အစုံသို့...

မြန်မာလွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း တစ်စိတ်တစ်ပိုင်း (ဗွီဒီယိုမှတ်တမ်း - အင်္ဂလိပ်စာတမ်းထိုး - ဂျပန်စကားပြော)






နစ်နေမန်းဘလောဂ်မှ ကူးယူဖော်ပြပါသည်

အပြည့်အစုံသို့...

မြန်မာ့လွတ်လပ်ရေး ကျောက်တိုင် ကပြောသော အတွေးအခေါ်


၂၀၁၀ပြည့်နှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် မြန်မာ့လွတ်လပ်ရေးရခဲ့မှု ၆၂ နှစ်မြောက် ရှိခဲ့ပြီး ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံအတွင်း တည်ဆောက် ထားသည့် သမိုင်းဝင် လွတ်လပ်ရေး
ကျောက် တိုင်ဖွင့်လှစ်မှုသက်တမ်းမှာ နှစ် ၆၀ ရှိပြီ။



လွတ်လပ်ရေးကျောက်တိုင်

အဆိုပါ လွတ်လပ်ရေးကျောက်တိုင် ကို ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီ ၄ ရက် နံနက် ၈နာရီတွင် အုတ်မြတ်ချ၍ ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးကျောက်တိုင်၏အမြင့်ပေမှာ ၁၅၀ ဖြစ်ပြီးဘေးပတ်လည်၌ ကျောက်တိုင် ငယ်ငါးခု ခြံရံလျက်ရှိသည်။

ကြယ်ငါးပွင့်ဝန်းရံလျက်

အလယ်ပင်မကျောက်တိုင်ကြီးနှင့် အ ရံကျောက်တိုင်ငယ်များကို ငါးမြှောင့်ကြယ် ပုံသဏ္ဌာန်ပြုလုပ်ထား သဖြင့် အထက်မှစီး ၍ကြည့်လျှင် အလံတော်တွင်မြင်ကြရသည့် အတိုင်းကြယ်ကြီးတစ်လုံးတွင် ကြယ်ငါးလုံး ရံလျက် တွေ့မြင်နိုင်သည်။

ပတ်ဝန်းကျင်ထူးခြား

လွတ်လပ်ရေး ကျောက်တိုင်၏ ၀န်း ကျင်၌ ဆူးလေ စေတီတော်မြတ်ကြီး၊ တရား ရုံးချုပ် အဆောက်အုံဟောင်းကြီး၊ မြို့တော် ခန်းမစသည့် သမိုင်းဝင် ရှေးဟောင်း အ ဆောက်အအုံများ
ရှိသည့်အတွက် လွတ် လပ်ရေး ကျောက်တိုင် ၏ အနှစ်သာရနှင့် အဓိပ္ပာယ်မှာ ပို၍ လေးနက် ပေါ်လွင်စေသည်။

တိုင်းချစ်ပြည်ချစ်

လွတ်လပ်ရေးကျောက်တိုင်အခြေပတ်လည်၌ခြင်္သေ့ရုပ်၁၀ရုပ်ဝန်းရံစောင့်ကြပ်ပြီးကမ္ပည်းမော်ကွန်းရေးထိုး ထားသည့် လွတ်လပ်ရေးနှင့်တိုင်းရေးပြည်ရေးဆိုင်ရာ အချက်အလက်များမှာ တိုင်းပြည်အတွက် အနှစ်သာရနှင့်အဓိပ္ပာယ်လေးနက်လှသည်။ ဖတ်ကြည့်သောအခါဇာတိသွေး ဇာတိမာန် များတက်ကာ တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ် များတဖွားဖွားဖြစ်ပေါ်လာပြီး ကြက်သီး ဖြန်းဖြန်းထမိသည်အထိ နှလုံးသား တွင် စိတ်လှုပ်ရှားခြင်းခံစားမှု ဖြစ်ရသည်။ နှလုံးသားစိတ်လှုပ်ရှားမှုနှင့်အတူ ဦး နှောက်တွင်လည်း စဉ်းစားစရာ၊ တွေးခေါ်စ ရာ၊သင်ခန်းစာယူစရာ၊ မျှော်လင့်စရာများ ကို အတွေးမုန်တိုင်းဆင်မိသည်။

လွတ်လပ်ရေးကြေညာစာတမ်း

လွတ်လပ်ရေးရရချင်း လွတ်လပ်ရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယ နေ့ခေတ်လူငယ်များ သိကြမည်မဟုတ်။ ဖတ်ဖူးကြမည်လည်းမဟုတ်။ လူကြီးများ လည်းမှတ်မိကြတော့မဟုတ်။ လွတ်လပ်
ရေး ကြေညာစာတမ်း အထောက်အထားကို ရှာဖွေရန်လည်း မလွယ်။

စွဲစွဲမြဲမြဲ

မည်သို့ဖြစ်ဖြစ် လွတ်လပ်ရေးကြေ ညာစာတမ်းသည် သမိုင်းဝင်ဖြစ်သည်။ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံ
ရှိသရွေ့မြန်မာတို့၏နှလုံးသားထဲတွင်စွဲစွဲမြဲမြဲကမ္ပည်းမော်ကွန်းတင်ထားကြရမည့်သမိုင်းအမွေကောင်း တစ်ခုဖြစ်သည်။

သားစဉ်မြေးဆက်


အဆိုပါအတိတ်မှသမိုင်းအမွေကောင်း သည်ပစ္စုပ္ပန်အတွက်အသုံးဝင် အကျိုးရှိသ လိုအနာဂတ်အတွက
်လည်း အရေးပါသည်။ သားစဉ်မြေးဆက် အဆင့်ဆင့်လက်ဆင့် ကမ်းသွားရမည့် နိုင်ငံရေးအမွေဖြစ်သည်။

မကြာခဏ

အထူးသဖြင့် အနာဂတ်တွင် ဒီမိုကရေ စီနိုင်ငံ အဖြစ်တက်လှမ်းပြီး နိုင်ငံရေး လုပ် မည့်လူတိုင်း လွတ်လပ်ရေး ကြေညာစာတမ်း ကို မကြာခဏ အခေါက်ခေါက် အခါခါဖတ် ကြည့် သင့်ကြသည်။ နိုင်ငံရေး လုပ်မည့်လူများအား လွတ် လပ်ရေး ကြေညာစာတမ်းဖတ်ပြီးမှ၊ လေ့ လာပြီးမှ၊ ဝေဖန်သုံးသပ်စဉ်းစားတွေးခေါ် ပြီးမှနိုင်ငံရေးလုပ်ပါဟု တိုက်တွန်းလိုသည်။

အပြည့်အစုံ


ရှာဖွေစုဆောင်းထိန်းသိမ်းထားသည့် လွတ်လပ်ရေးကြေညာစာတမ်းအပြည့်အစုံ ကို ဖော်ပြလိုက်ပါသည်။
အောင်စေသတည်း

၁။ မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်၊ ပြာသိုလဆုတ်၉-ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီ ၄-ရက်)တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့မြန်မာပြည် သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီးအဖြစ် သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီး သည် လိုရာမတပြည့်စုံလှ၍ ဘူမိနက်သန် မှန်သောမြေထူးမြေမြတ်လည်းဖြစ်၏။ မွန် မြတ်သန့်စင်သောတရားထူး တရားမြတ်တို့ တည်ရာ မြေကောင်းမြေမွန်လည်းမှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာ အပေါင်းတို့နှင့်ပြည့်စုံသဖြင့်
သတ္တ၀ါအ ပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရကြွယ်ဝပြည့်စုံသော မြေလည်း ဖြစ်၏။ ဘူမိနက်သန်မှန်လှထူးချွန် ဤမြေ မွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာစသည်ဖြင့် တစ်သွေးတစ်သား တစ်မိဖွားဖြစ်ကြကုန်သောငါတို့သည် နှစ် ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက် ခြင်းငှာမတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီ မှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သောလူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေ ခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့ နောက် မန္တလေးအထိငါတို့၏လွတ်လပ်ရေး သည် နေရောင်လ၀ါပမာကဲ့သို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင်ထွန်းလင်းခဲ့ပေ။ သို့ရာတွင်ကမ္ဘာ့တန်ဆာ ကာလအသ င်္ချေတည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ်ဖုံးအုပ်၍ ခဏ ခေတ္တအရှိန်အ၀ါညှိုးလျော်နွမ်းလျ မထွန်း မပဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပ တိုက်မှ ထွက်ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ် အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီး နှင့် မရှောင်မကွင်းသာ ကြုံ ကြိုက်ဆုံတွေ့မိ၍ ပဋ္ဌမ အင်္ဂလိပ်မြန်မာစစ်၌ ရခိုင်၊ တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ် မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယအင်္ဂလိပ် မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ် သုံးတန်ချ အပ်ရခြင်းဖြင့် ဤ မြေထူးမြေမြတ်၌ နှစ်ပေါင်း ထောင်ရာစောင့်ထိန်း၍ လာ ခဲ့ကြသောငါတို့၏ လွတ်လပ် ရေးသည် ငါတို့ လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝ ရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိ ယာလစန္ဒာတို့ကို ဆီးနှင်းမြူ တိမ်တို့သည် မည်သို့ပင်ဖုံး လွှမ်းစေကာမူ နေလ တို့၏ အရှိန်အတောက်ကို မခံနိုင်ရ ကား ခေတ္တမျှနှင့်ပင် လွင့်စင် ကွယ်ပျောက်၍ နေ၀ါလ ရောင်သည် ပကတိအသရေ ကိုပြန်၍ ဆောင်လေဘိသကဲ့ သို့ ငါတို့အပေါ်၌လွှမ်းဖုံးအပ် သောနယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့်ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင် ရကား ခြောက်ဆယ့်တစ်နှစ်တစ်လနှင့် တစ်ရက်သောအခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသ ဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူ ရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ် သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လွတ်လပ် သော ဘ၀ထူးဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ် ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်း ကင်တိမ်ရိပ်ထင် သကဲ့သို့သော လွတ်လပ် ရေးမဟုတ်၊ ငါတို့အား လွတ်လပ်ရေးလမ်း စဉ်သို့ ညွှန်လည်းညွှန်ပြလမ်း စရှာကြံအမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူး တို့မှူးခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ် သောလုံ့လ မလျော့သောဝီရိယဆီမီးတန် ဆောင် ကဲ့သို့ ထွန်းပအပ်သောÓဏ်မျက်စိ ၀ဇီရစိန်သွားကဲ့သို့ စူးရှသောသတ္တိတို့ ကြောင့် အဟံမမသံပ ကြုံးဝါးအခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တစ်ခြမ်းမျှမလျော့မလို ထိုထိုသို့ သော တန် ခိုးရှိန်ဝါတေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူး အမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တစ်မျိုးဘာသာ တစ် စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသား ရင်သား သူကားငါ ကားခွဲခြားခြင်းကိုအလိုမရှိ မြစ်ချောင်း သီ တာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မ တာသဘာဝအပိုင်းအခြားထင်ရှားစွာ သတ် မှတ်အပ်သောရာဇ၀င်ရှည်ဝေး ရှေးပဝေဏီ မှစ၍ယခုထက်တိုင် မြန်မာနိုင်ငံသားဟုသ မုတ်အပ်သူတိုင်းရင်းသားအပေါင်းတို့ ဇာတိ ချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော် တစ် ၀ှမ်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျေက် သဘာဝအ ထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ် သောစေတနာတည်းဟူသောကြိုးထူး ဤ ကြိုးသုံးပါးဖြင့်ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့ အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည် ထောင်စုအဖြစ်ကိုလက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ် ယောက်တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်
ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ် ကာလလည်းကောင်း၊ ယခုမျက် မှောက်တွင်လည်းကောင်း၊နောင်လာလတံ့ သော အနာဂတ်ကာလ ၌ လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်း နေထိုင်ကြသောကြီးငယ်ဝေးနီး ကျား/မ မခြား သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့ ဒို့၏အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစား ရာဖြစ်သည် ဟူသော လူ့ဘာသာ လူ့တရား နှင့်အညီကမ္ဘာဦးကာလလူတို့၏ စည်းရုံးမှု ၌လူအပေါင်းတို့၏ သဘောဆန္ဒအရလူ အ၀ှမ်း၏အကျိုးကိုကောင်းစွာ ဆောင်ရွက် နိုင်အံ့သောပုဂ္ဂိုလ်ကိုရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်း မငြိပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒ နှင့် လျော်စွာ စည်းကမ်းဥပဒေ သေချာထင် ရှားစွာပိုင်းခြားသတ်မှတ်တူညီသော တရား တူညီသောအခွင့်အရေးတူညီသော အဆင့် အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့် သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက် ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့၊ယနေ့ မင်္ဂလာအ ပေါင်းနှင့်ပြည့်စုံသောဤအချိန်မှစ၍ ငါတို့ ၏ မူလအပိုင်ဖြစ် သော လုံးဝလွတ်လပ်ရေး ကိုငါတို့ပြန်၍ယူပြီ။ တိုင်းရင်းသား အပေါင်း တို့ သွေးစီးညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး ၏သစ္စာကိုကမ္ဘာဆုံးတိုင်မယိမ်းမယိုင် တည် မည်၊ ငါတို့သည်လွတ်လပ်သော နိုင်ငံဖြစ် သည်နှင့်အညီကမ္ဘာ့လွတ်လပ်သော နိုင်ငံ အပေါင်းတို့တရား သဖြင့် ကျင့်ဆောင်အပ် သောကျင့်ဝတ်ကို စောင့်ရှောက်ကျင့် ဆောင်မည်၊ ငါတို့၏လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့် စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလား သူများနှင့်အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်း ရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာ လုံးတစ်ယောက်မကျန် ကြားသိစေသတည်း။

ရေးသားသူများ


အဆိုပါ လွတ်လပ်ရေးကြေညာစာ တမ်းရေးသူများမှာ ဦးသိန်းဟန်(ဆရာ ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)၊ ဆရာယော (ဆရာဇေယျ)၊ ဆရာဦးအုန်းဖေ(တက်တိုး)၊ ဦးဝင်းစိန် (တင့်တယ်)စသူတို့ဖြစ်ကြသည်။

အင်္ဂလိပ်ဘာသာပြန်သူ

လွတ်လပ်ရေးကြေညာစာတမ်း၊ အင်္ဂ လိပ်ပြန်ဆိုချက်ပထမမူကြမ်းကို ဒေါက်တာ မောင်မောင်ရေးရန်ဦးသန့်၊ ဦးခင်မောင် (တောသား)၊ဦးခင်ဇော်(ကေ)တို့က တာဝန် ပေးသည်။ အင်္ဂလိပ် ဘာသာပြန်ဆိုချက်မူ ကြမ်းကို အဆိုပါဆရာများကပြင်ဆင် တည်းဖြတ်အတည်ပြုကြသည်။ နိုင်ငံရေးတွင် စာရေးဆရာသတင်းစာ ဆရာများ၏အရေးပါမှုမှာမသေး။ ၀မ်းသာ ဂုဏ်ယူစရာဖြစ်သည်။

ထူးခြားချက်များ


လွတ်လပ်ရေး ကြေညာစာတမ်းပါရင် (နှလုံးသား)ကိုထိစေပြီးဦးနှောက်ကို အတွေး မုန်တိုင်းဆင်စေသည့် ထူးခြားအချက်အ လက်များမှာ-
- ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာ မတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေ မြတ်လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသောရတနာ အပေါင်းတို့နှင့်ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံးကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန် နိုင်အောင် ပဒေသာ စစ်အနှစ်သာရ ကြွယ်ဝပြည့်စုံ သောမြေလည်းဖြစ်၏။ - ငါတို့သည် တစ်မျိုးဘာသာ တစ်စိတ်တစ် ဒေသ၏ကောင်း ကျိုးချမ်းသာကိုမလိုလား။ ကျောသားရင်သား ခွဲခြားခြင်းကိုအလိုမရှိ။ - ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦး တစ်ယောက်တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်။ မည်သူတစ်ဦးတစ်ယောက်တစ်ဖွဲ့ တစ်သင်း၏ ပုဂ္ဂလိကပိုင် ပစ္စည်းမဟုတ်။ - မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ် သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ် သော နိုင်ငံမဟုတ်။ - ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး ၏ သစ္စာကိုကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။

ဗိုလ်ချုပ်အောင်ဆန်း




လွတ်လပ်ရေးကြိုးပမ်းစဉ်အခါကတုန်းက ဗိုလ် ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒီမိုကရေစီနှင့်စပ်လျဉ်း၍လည်း ရှင်း လင်းပြောကြားမှုများရှိခဲ့သည်။

လမ်းကြောင်းသာဖြစ်

လွတ်လပ်ရေးနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် “လွတ်လပ်ရေးရတယ်ဆိုတဲ့ကိစ္စဟာ လွယ်တဲ့ကိစ္စမ
ဟုတ်ဘူး။ လွတ်လပ်ရေးရရုံနှင့် ကျုပ်တို့ပြဿနာတွေ ဖြေရှင်းသွားကြရမှာမဟုတ်ဘူး။ အဲဒီအခါကျမှ တ ကယ့်ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေး က လမ်းဆုံးမဟုတ်ဘဲ လူတွေရဲ့ကောင်းစား ရေးကို ရောက်စေမယ့်လမ်းကြောင်းသာဖြစ်တယ်ဟု” ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် ပြောကြားခဲ့သည်။


တကယ့်ဒီမိုကရေစီ

ဒီမိုကရေစီနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် “တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရား အရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့အစိုးရဖြစ်ရုံနဲ့ မပြီးသေး ဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့စီးပွားအဆင့် အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမို ကရေစီအထိ တက်လှမ်းနိုင်မယ်”ဟု ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံတွင်ပြောကြားခဲ့သည်။

ဒီမိုကရေစီပန်းတိုင်သို့


၂၀၁၀ပြည့်နှစ်တွင် ရွေးကောက်ပွဲလုပ်တော့မည်။ ရွေးကောက်ပွဲလုပ်လျှင် ပြည်သူလူထုက လူကောင်း လူတော်တို့ကို ရွေးချယ်ကြရတော့မည်။ ပြီးလျှင် ဒီမို ကရေစီနိုင်ငံတက်လှမ်းမည်။ ဒီမိုကရေစီနိုင်ငံတက် လှမ်းရာတွင် ပထမခြေလှမ်းသာရှိသေး၍ နောက်ထပ် ရှေ့ဆက်ရဦးမည့် ခြေလှမ်းများရှိသေးသည်။
တစ်ဆင့် ပြီးတစ်ဆင့် တစ်လှမ်းချင်းတစ်လှမ်း ဒီမိုကရေစီပန်း တိုင်ကို လှမ်းကိုင်နိုင်အောင် ဆက်၍ ဆက်၍ ချီတက် ကြိုးပမ်းကြရဦးမည်။ ယင်းသို့ ကြိုးပမ်းရာတွင် ယခုဆောင်းပါးသည် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် နှစ်သစ်လက် ဆောင်မွန်အဖြစ် အထောက်အကူ ဖြစ်ပါစေသတည်း။




အပြည့်အစုံသို့...

နှင်ထုတ်ခံသံဃာ ဆေးရုံတင်ထားရ

၂၀၀၇ ခု အောက်တိုဘာလက HIV/AIDS ဝေဒနာရှင်များကို ကူညီထောက်ပံ့ပေးနေသည့် သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်မှ စစ်အစိုးရကနှင်ထုတ်ခံရသည့် ဦးနန္ဒိယ(ခ)ဦးတင်မောင်သည် နတ်မောက်မြို့အနီးမြို့သစ်ဆေးရုံတွင် ကျန်းမားရေးအလွန်ဆိုးဝါးသည့် အတွက် ဆေးကုသမှုခံယူနေရပါသည်။ ဆေရုံတက်ရောက်နေစဉ်မှာ ဒကာ၊ဒကာမများ လာရောက်ခွင့်မပေးပဲ စောင့်ကြည့်မေးမြန်း ခြင်းခံနေရပါသည်။ဦးနန္ဒိယ၏သား မဂ္ဂင်ကျောင်း ကျောင်းထိုင်ဆရာတော် ဦးဣန္ဒကသည် ထောင်ပြစ်ဒဏ် ၃၆ နှစ် ကျခံနေရပြီး လားရှိုးထောင်တွင်ရောက်ရှိနေပါသည်။မဂ္ဂင်ကျောင်းတိုက်ကိုလည်းHIV ဝေဒနာရှင်များအား ကူည်ီစောင့်ရှောက်ပေးမှုကြောင့်
နအဖ စစ်အာဏာရှင်က ၂၀၀၇-ခုနှစ်မှ စတင်ချိတ်ပိတ်ကာသံဃာတော်များ ကိုရင်ငယ်လေးများနှင့် လူနာများအား နေထိုင်ခွင့်မပေးပဲ နှင်ထုတ်ခဲ့ပါသည်။အခုချိန်ထိ မဂ္ဂင်ကျောင်းတိုက်အပါအ၀င် ကျောင်းတိုက်ပေါင်းများစွာ ချိတ်ပိတ်ခံထားနေရတုန်းဖြစ်ပါသည်။ ။

အပြည့်အစုံသို့...

၂၀၁၀ နှစ်သစ်မှာ ဘာသာရေးစတင်ဖိနှိပ်

၂၀၁၀ ဇန်န၀ါရီ ၁ ရက် နေ့လည် ၁ နာရီအချိန်တွင်

အမေရိကန်စင်တာတွင် အင်္ဂလိပ်စာ တက်ရောက်သင်ကြားနေကြသည့် ရဟန်းတော်များနေထိုင်ရာ ကျောင်းတိုက်များသို့ တိုင်းနှင့် ခရိုင် သာသနာရေးမှူးများ မ၀တ များလာရောက်ကာ သံဃာတော်များအား အမေရိကန်စင်တာတွင် စာသင်မသွားကြရန် ဆရာဒကာပုံစံဖြင့် လာရောက်လျှောက်ထားပြီး ဖိအားပေးမှုများရှိနေပါသည်။အကြောင်းပြချက် ခိုင်လုံမှုမရှိပဲ သွားရောက်သင်ကြားပါက အန္တရာယ်ရှိသည်ဟု ပြောဆိုခြိမ်းခြောက်မှုများခံနေကြရပါသည်၊သံဃာတော်များအနေဖြင့်ပြည်ပသာသနာပြုထွက်နိုင်ရန်အတွက်ငွေကုန်ခံပြီးကြိုးစားနေချိန်တွင် ရှေ့ဆက်တက်ရန် ခက်ခဲနေသည့်အတွက် ရည်မှန်းချက်ပျောက်နေကြောင်းနဲ့ ဒီလုပ်ရပ်သည် ၂၀၁၀ရဲ့ ဘာသာရေးဖိနှိပ်မှူလို့ယူဆကြောင်း ထုတ်ဖော်ပြောဆိုသွားပါသည်။

အပြည့်အစုံသို့...

blogger templates | Make Money Online