အားကျတာက အောင်ဆန်း၊လုပ်လိုက်တာက ရှောက်(စောက်)ရမ်း တဲ့ စကားလေးက ကြမ်းသလို ရမ်းသလို ထင်ရပေမဲ့ စစ်အာဏာရှင်တော်လှန်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေသော ရဟန်းတော်တပါးရဲ့ ကိုယ့်ကိုကိုယ် အမှန်အတိုင်း ဝေဖန်ထားတဲ့ ထိမိတဲ့ စကားတခုဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို အားကျအတုယူကာ တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူအားလုံးလည်း ကိုယ့်ရဲ့အားကျမှုနဲ့ ကိုယ့်ရဲ့လုပ်ရပ်တွေကို ကိုယ်တိုင် ဆင်ခြင်သုံးသပ် ဝေဖန်အပ်တဲ့စကားလည်းဖြစ်တာမို့ကိုယ့်ကိုကိုယ်လည်းဝေဖန်ရင်း တိုင်သူပြည်သားများလည်းဝေဖန်နိုင်ရန်တင်ပြခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေး၊စစ်ရေး အတွေးအခေါ်တွေ လက်တွေ့လုပ်ရပ်
ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္ဇ၀ါဒကိုသုံး၍ ဗမာ နိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက် ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ ဗမာနိုင်ငံသားအားလုံး၏ အဓိကတာဝန်ဖြစ်သည်။”
၁၉၁၅ခုနှစ်တွင်မွေးဖွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၅ခုနှစ်မှာ အသက် ၂၀မျှသာရှိသေးသည်၊အသက်၂၀မျှသာရှိသောသော ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗုဒ္ဓတရားတော်အပေါ် ရှုမြင်သုံးသပ်မှုသည် အလွန်စူးရှ ပြတ်သားသလို၊ ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ၊ဓမ္မော လောကေ သမုပ္ပန္နော အတ္ထာယ သဗ္ဗပါဏိနံ၊သံဃော လောကေ သမုပ္ပန္နော သုခါယ သဗ္ဗပါဏိနံ=ဘုရား၊တရား၊သံဃာ ပွင့်ထွန်းလာရခြင်းသည် သတ္တ၀ါအားလုံးအတွက် စီးပွား၊ကြီးပွား၊တိုးတက်၊ချမ်းသာ ရန် ဖြစ်သည် ဟူသည့်အတိုင်း နိုင်ငံလွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်ရမည့် အဓိကတာဝန်တရပ်အဖြစ်ကျင့်သုံးခဲ့သည်။
အသက်၂၀အရွယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘာသာရေးအမြင်ကို သိသူတိုင်း အားကျကြပေမည်၊ အားကျတာကအောင်ဆန်း
ဗုဒ္ဓတရားတော်ကိုကျင့်သုံးနေရဲ့သားနဲ့ တိုင်းပြည် မလွတ်လပ်၊မတိုးတက်တာ ဟု ကိုယ့်ကိုကိုယ်မဝေဖန်နိုင်လို့ဆင်ခြေကန်မယ်ဆိုရင်တော့လုပ်နေတာကရှောက်(စောက်)ရမ်း
တောင်မြို့မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ
ဘုရားစစ်ကို ရုပ်တုရုပ်ပွားစေတီများကွယ်နေတယ်။
တရားစစ်ကို ဟောတရားကွယ်နေတယ်။
သံဃာစစ်ကို ဘုန်းကြီးရဟန်းကွယ်နေတယ။်
“တရားစစ်မှန် ကျင့်ကြံကြမှ၊ချမ်းသာသုခ ရနိုင်မည်၊
တရားတုတွေ ကျင့်နေကြလို့၊ဆင်းရဲဒုက္ခ ရောက်ရသည်၊
ယခုတဖန် အမှန်လမ်းသို့၊အမြန်လှမ်းဖို့ချိန်တော်ပြီ၊
သို့မှ တိုင်းပြည် ဘာသာရေးကြောင့်၊သာယာ အေးဆေး ရှိလိမ့်မည်။ ။
ဃောသက
0 Comments:
Post a Comment