သူမြတ်တို့ထံ ၊ နာခံတရား လျှောက်ထားမေးခြင်း ၊ မပြုပျင်းက ညံ့ဖျင်းပညာ ၊ ထုံထိုင်းစွာ၏ ကြားနာဓမ္မ ၊ သုတဖွေစစ် ကျိုးပြစ်အရေး ၊ လျှောက်မေးတက်စွာ သူတကာမူ ၊ ပညာကြွယ်နက် ဥာဏ်ထက်မြက်၏ ။ (မာဃဒေ၀ လင်္ကာ)
ငါတို့ဖြစ်ရ ၊ ဤလောက၀ယ် ဘ၀သမိုင်း ၊ မရိုင်းစေရန် စိတ်မာန်မချ ၊ မာနမပါ တို့ စွမ်းရာဖြင့် ၊ တို့ သာသနာ တို့ ပြည်ရွာကို ၊ သာယာစေမှု လုံ့ လပြုအံ့ ။ (သီတဂူဆရာတော်ဘုရားကြီး)
သံဃာ့တပ်ပေါင်းစု?..သက်ရှိထင်ရှား Buddha မြတ်စွာဘုရားလက်ထက်မှာ ဒါမျိုးတွေမကြားမိခဲ့ပါဘူး...အော် မြတ်စွာဘုရားကို ခုတုံးလုပ် ဘာသာရေးကို ခုတုံးလုပ်ပြီး အမျိုးဘာသာနဲ သာသနာပြန့်ပွားအောင် လုပ်ရမယ့်အစား ရဟန်းက နိုင်ငံရေးလုပ်တယ်ဆိုတော့ အဘယ်သို့သော ပြည်သူတွေက ကြည်ညိုကြမှာတုံး...ရဟန်း တွေရဲ့အလုပ်က သာသနာပြန့်ပွားအောင်နဲ့ နိဗာန်ရောက်ကြောင်း တရားတွေကို ဟောကြားသွန်သင့်ရမှာပါ..နိုင်ငံရေးမဟုတ်ပါဘူး..မြတ်စွာ ဘုရားရှိစင်အခါက မြတ်စွာဘုရားကို ဒေ၀ရတ်က ဆင်ကိုအရက်တိုက်ပြီး သတ်မယ်လို့ ကြုံးဝါးတည်းက ရဟန်းတွေ ပြည်သူတွေက သိကြပေမယ့် ဘယ်ရဟန်းမှ သပိတ်ကိုင်ဆောင်ပြီး ဆန္ဒမပြခဲ့ကြပါဘူး...မျက်မှောက်ခေတ်ကာလမှာတော့ ရဟန်းက လမ်းပေါ်ထွက်ပြီး သပိတ်မှောက်..ဟိုလူ့လွှတ်ပေးပါ ဒီလူ့လွှတ်ပေးပါဆိုပြီး အော်...ယခုလည်း ကိုယ့်နားကို မယုံကြည်အောင်ပဲ ကြားနေရတယ်..သံဃာ့တပ်ပေါင်းစုဆိုပဲ...အော် လောကကြီးက စောက်ထိုးကြီးများဖြစ်နေပြီလား..ငါတို့ရဲ့ အတုမရှိမြတ်စွာဘုရားကို ခုတုံးလုပ်အသုံးချနေကြလို့ ငါတို့တွေရဲ့ Buddhists တွေမှာ သာသနာညှိုးနွမ်းနေကြပါလား...
Post a Comment
blogger templates | Make Money Online
1 Comment: