Thursday, December 3, 2009

http://pyethubhunebhune.blogspot.com/

ဒေါ်လာ ၂၀၀ တန်နဲ့ သမိုင်းဂုဏ်သိက္ခာ






ဒီစာကို ရေးသင့် မရေးသင့်အတော်စဉ်းစားမိသေးတယ်၊ သမိုင်းဂုဏ်သိက္ခာအရ ဖျက်မရတဲ့ အမည်းစက်ကြီးတစ်ခုဖြစ်နေတော့ မရေးပဲမနေနိုင်တော့ပဲ ရေးသားလိုက်ပါတယ်။သန်းရွှေတို့အုပ်စု သီရိလင်္ကာလို့ခေါ်တဲ့ ကျွန်းနိုင်ငံကလေးကို ဘုရားဖူးအဖြစ် နိုဝင်ဘာ ၁၁.၁၁.၂၀၀၉ နေ့မှာ ချီတက်ခဲ့ကြတယ်၊ တစ်ဆယ့်တစ်မီးငြိမ်းအောင် ယတြာသဘောနဲ့ ၁၁ ရက်နေ့မှာ လာခဲ့ဟန်တူပါတယ်။ သန်းရွှေဆိုတာ လူသိ နတ်သိ ကမ္ဘာသိ အဖြစ်ထင်ရှားတာက လူသတ်ကောင်၊ ဘုန်းကြီးသတ်တဲ့ မိစ္ဆာကောင်၊ မကောင်းဆိုးဝါး ကလိင်ကကျစ် ကောက်ကျစ်ယုတ်မာသူ၊ အာဏာအတွက် ဘာမဆို စတေးဝံ့သူ အဖြစ် ထင်ရှားကျော်ကြားသည့် သတ္တ၀ါတစ်ကောင်ပါ၊ သီဟိုဠ်ကျွန်းကိုလာတဲ့ ရည်ရွယ်ချက်ကတော့ ဘုရားလဲဖူး လိပ်ဥလဲ တူးဆိုသည့်တစ်ခုတည်းသောရည်ရွယ်ချက်၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ဘာညာသာရကာဆိုတာက လူကြားကောင်းရုံသက်သက်မျှသာ။
သန်းရွှေ ရဲ့ မလိမ့်တစ်ပတ် လူလည်ကျချက်ကတော့ သမင်ကို ကျားက အဖေခေါ်ရလောက်အောင်ပင် အံ့မခန်း စွမ်းဆောင်နိုင်ပါပေသည်။ သီဟိုဠ်ကျွန်း သီရိလင်္ကာနိုင်ငံဆိုတာ မြန်မာရဟန်းတော်များ ပညာရှာဖွေ ဆည်းပူးရာ ဘူမိနက်သန်နေရာမှန်တစ်ခု၊ သူတို့ရဲ့အဓိကအားနည်းချက်က (B.A) (M.A) (Ph.D) ဘွဲ့တစ်ခုခုရရှိဖို့အတွက် မိမိတို့ရဲ့ ခြစ်ခြုတ်စုဆောင်းထားသည့် ၀တ္ထုငွေလေးများနဲ့ ခြို့တဲ့စွာ ပညာသင်ကြားကြရသည်။ အစားအသောက် အနေအထိုင်ဆင်းရဲစွာ သီတင်းသုံးကြရသည်။ အများစုက မပြေလည်ကြသည်ကများသည်။ ဒီအချက်ကို သန်းရွှေက ကောင်းကောင်းသဘောပေါက်ထားသည်။ သို့သော် သီဟိုဠ်ရောက်မြန်မာရဟန်းတော်စာသင်သားအရေအတွက်ကလည်း နဲနဲနောနောမဟုတ် အပါး (၃၀၀) ကျော်ရှိသည်၊ သန်းရွှေမြန်မာကျောင်းရောက်လာလို့ တစ်ပါးတစ်ချက်ထုလိုက်ရင် သန်းရွှေတစ်ကောင် မှုန့်မှုန့်ညက်ကြေသွားနိုင်သည်။ လာရဲတဲ့ သတ္တိလဲ သူမှာမရှိ၊ လာရင်လဲ သန်းရွှေအသက် မြန်မာပြည် ပြန်ပါနိုင်မည်မထင်၊ ဒီတော့ သန်းရွှေက အကွက်ကျကျစီစဉ်ညွန်ကြားထားခဲ့သည်။
(၂၂-၁၁-၂၀၀၉) နေ့မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မကုဋာရာ မြန်မာကျောင်းတိုက်တွင် မြန်မာစာသင်သားရဟန်းသံဃာတော်တို့အား ဒေါ်လာ(၂၀၀) နှင့် သင်္ကန်းစသည့်လှူဖွယ်ပစ္စည်းများကို မြန်မာသံရုံးအား လှူဒါန်းစေခဲ့သည်။သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များဆိုသည်မှာ (၂၀၀၇)ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးနှင့်အတူ တစ်သွေးတည်း တစ်သားတည်းမွေးဖွား ထင်ရှားလာသည့် အဖွဲ့အစည်းကြီးဖြစ်သည်၊ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်၊ မိမိတို့ အမျိုးဘာသာ သာသနာကို စော်ကားချင်တိုင်းစော်ကား ယုတ်မာရက်စက်ရိုင်းစိုင်းတဲ့ မသူတော် စစ်မိစ္ဆာကောင်များကို တရားနည်းလမ်းကျ ဆုံးမသွန်သင်ရန် ခိုင်မာကျစ်လစ်စွာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ ယင်းအချိန်ကတည်းက နအဖစစ်မိစ္ဆာကောင်များကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ကာ သပိတ်မှောက်ခဲ့ကြသည်၊ ယခုအချိန်အထိလည်းမှောက်ထားဆဲ နောင်လဲ မှောက်နေဦးမည်ဖြစ်သည်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုသည် မသူတော် ယုတ်မာပက်စက်သည့် မင်းဆိုးမင်းညစ် ကလိမ်ကကျစ် အယောင်ဆောင် မင်းတု မင်းယုတ်များထံမှ မည်သည့် အရာဝတ္ထုကိုမျှ အလှူမခံ မပတ်သက်ဟု သံဃာ့ဆန္ဒခံယူပြီး သိမ်ဝင်ကာ ကံဆောင်ထားခြင်းဖြစ်သည်။











အပြည့်အစုံဖတ်ချင်ရင်...

0 Comments:

blogger templates | Make Money Online