Monday, December 7, 2009

http://www.planet.com.mm/news/read.cfm/id/14101

ကျပ်ငါးသိန်းတန် ဖုန်းလျှောက်လွှာများ စတင်ရောင်းချ
ကျပ်ငါးသိန်းတန် ဖုန်းလျှောက်လွှာများ စတင်ရောင်းချ ကျပ် ၅သိန်းတန် စီဒီအမ်အေဖုန်း ရန်ကုန်နှင့်မန္တလေး၌ အလုံးရေ တစ်သိန်းခွဲချထားမည်
Posted on Dec 02 09 - 03:35 PM | Hits : 4382 | Save as PDF
ကျပ်ငါးသိန်းတန် ဖုန်းလျှောက်လွှာများ စတင်ရောင်းချ




မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာမည့်ဒီဇင်ဘာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များ၌ ချထားပေးတော့မည့် ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများအတွက် လျှောက်လွှာများ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ စုံစမ်းသိရသည်။ ကျပ်ငါးသိန်းဖြင့် ၀ယ်ယူသုံးစွဲနိုင်တော့မည့် CDMA 800 MHz ဖုန်းများအား စတင်ချပေးမည့် အချိန်တွင် ရန်ကုန်၌ အလုံးရေ တစ်သိန်း၊ မန္တလေး၌ အလုံးရေငါးသောင်း ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့တွင်းနှင့် မန္တလေးမြို့တွင်းရှိ ဖုန်းအရောင်းဆိုင်တချို့နှင့် ဖုန်းအသုံးပြုလိုသူ တချို့မှလည်း အဆိုပါကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို ၀ယ်ယူနိုင်ရန်အတွက် စိတ်ဝင်တစား စောင့်ဆိုင်းနေကြကြောင်း ရန်ကုန်မြို့ ဖုန်းအရောင်းဆိုင်တချို့မှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မကြာမီချပေးတော့မည့် CDMA 800 MHz ဖုန်းများသည် မိမိလျှောက်လွှာတင်၍ ၀ယ်ယူစဉ်က လျှောက်လွှာပါ မြို့နယ်အတွင်းမှနေ၍ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ခေါ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် အသုံးပြုသူသည် ဗဟန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပါက ဗဟန်းမြို့နယ် လိပ်စာအတိုင်း လျှောက်လွှာတင်ရမည်ဖြစ်ပြီး အဆိုပါ CDMA 800 MHz ဖုန်းများသည် ဗဟန်းမြို့နယ် အတွင်း၌သာ တည်ရှိရမည်ဖြစ်ပြီး၊ မြို့နယ်ပြင်ပရောက်သွားပါက ဆက်သွယ်မှုများ ခက်ခဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တွင် ဖုန်းအရောင်ဆိုင်အချို့မှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ယခင်ချထားပေးခဲ့သော ကမ်းရိုးတန်း CDMA 450 MHz ဖုန်းများအား လိုင်းအရေအတွက် ၁၁၉,၃၀၀ အထိချထားပေးပြီးဖြစ်သည်။

0 Comments:

blogger templates | Make Money Online