Monday, February 2, 2009

အအေးလှိုင်း

ရှင်ဒိသာ

အအေးလှိုင်းဆိုတာ လေထုအေးမြလို့ဖြစ်တဲ့ရာသီဥတုအေးတာနဲ့မတူတဲ့ ထူးကဲတဲ့ ရာသီဥတုသွင်ပြင်လက္ခဏာတမျိုးကို ခေါ်တာပါ။ အမေရိကန်အမျိုးသားရာသီဥတုဌာနက သုံးတဲ့စကားနဲ့ တိတိကျကျ ပြောရမယ်ဆိုရင် အအေးလှိုင်းဆိုတာ စိုက်ပျိုးရေး၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနဲ့ လူမှုရေးလုပ်ငန်းတွေအတွက် နေ့စဉ်လိုအပ်တဲ့ ယေဘုယျအပူချိန်ဟာ ၂၄ နာရီအတွင်းမှာ ရုတ်တရက် လျင်မြန် စွာကျဆင်းသွားတဲ့ အခြေအနေတရပ်ကို ညွှန်းဆိုခြင်းဖြစ်ပါတယ်။ အအေးလှိုင်းအတွက် တိကျတဲ့စံမှတ်ကျောက်ကိုတော့ အပူချိန်ကျဆင်း နှုန်း အနိမ့်ဆုံး ဘယ်လောက်ထိ ကျဆင်းသွားသလဲဆိုတာနဲ့ ဆုံးဖြတ်ပါတယ်။ ဒီအနိမ့်ဆုံးအပူချိန်ဟာ ပထ၀ီဝန်းကျင်ဒေသနဲ့ နှစ်ကာလ အချိန်တွေပေါ်မှာ တည်မှီပါတယ်။



နောက်ဆက်တွဲအကျိုးဆက်တွေဘာတွေဖြစ်နိုင်လဲ

အအေးလှိုင်းက အိမ်မွေးတိရစ္ဆာန်နဲ့တောတွင်းတိရစ္ဆာန်တွေကို သေကြေ၊ ဒဏ်ရာ ရစေနိုင်ပါတယ်။ အအေးဒဏ် ပိုခံရတဲ့အခါမှာ လူသား တွေနဲ့ တိရစ္ဆာန်တွေအတွက် အစားအသောက်ကရတဲ့ ကယ်လိုရီစွမ်းအင် ပိုမိုလိုအပ်လို့ အစားအစာ များများစားဖို့လိုပါတယ်။ အအေလှိုင်း ဖြစ်ပြီဆိုရင် နှင်းတွေ ထူထူထဲထဲ ကျလာတာကြောင့် စားကျက်မြေကို အားထားစားသောက်နေရတဲ့ တိရစ္ဆာန်တွေအနေနဲ့ အစားအစာ လုံလုံလောက်လာက်မရနိုင်တော့လို့ သူတို့ခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့ အပူချိန်ရှိမှသာ လည်ပတ်လှုပ်ရှားနိုင်တဲ့ ဇီဝဖြစ်စဉ်နဲ့ဓာတုဖြစ်စဉ်တွေ ဟာ ပျက်ယွင်းသွားတာကြောင့် (ဒါမှမဟုတ်) အစာငတ်မွတ်တာတွေကြောင့် သေဆုံးတာတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့် လယ် သမားတွေအဖို့လည်း သူတို့မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေအတွက် အစာဝယ်ဖို့ မဖြစ်မနေ လိုအပ်လာပါတယ်။

ပြင်းထန်တဲ့ဆောင်အအေးဒဏ်ကြောင့် ကာကွယ်မှုအရည်အသွေးညံ့ဖျင်းတဲ့ ရေပိုက်လိုင်းတွေ အေးခဲကုန်ပါတယ်။ ကာကွယ်မှုညံ့ဖျင်းတဲ့ တချို့အိမ်တွင်းရေပိုက်တွေမှာဆို အအေးဒဏ်ကြောင့် ရေထုထည်ကြီးလာပြီး ပိုက်တွေပေါက်ကွဲပျက်စီးသွားလို့ အိမ်ကပစ္စည်းတွေ အကြီး အကျယ် ပျက်စီးတာ ကြုံရပါတယ်။ ဒီတော့ ဒါတွေကို ကာကွယ်ဖို့အတွက် ပိုက်လိုင်းအာမခံကြေးတွေ မြင့်တက်လာပါတယ်။ ဒီလို အချိန်ကာလမှာဆို လျှစ်စစ်နဲ့လောင်စာစွမ်းအင်လိုအပ်ချက်ဟာ အဆမတန် မြင့်တက်လာပါတယ်။ ရေအားလျှပ်စစ်လည်ပတ်ဖို့အတွက် လိုအပ်တဲ့ ရေတွေဟာ ခဲကုန်လို့ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုတွေလည်း ရပ်တန့်ကုန်ပါတယ်။ တချို့သတ္ထုတွေဟာ အပူချိန်နိမ့်ကျချိန်မှာ ကျိုးတာပဲ့တာ ဖြစ်လာပါတယ်။ အေးခဲဒဏ်မခံနိုင်လို့ တချို့ကားတွေ ပျက်ကုန်ပါတယ်။ စက်သုံးဆီတွေလည်း ခဲလာလို့ သယ်ယူပို့ဆောင် ရေးစနစ်တွေတောင်မှ မလည်ပတ်နိုင်တော့သလောက်ဖြစ်ကုန်ပါတယ်။

ပုံမှန်ကိုယ်က အရမ်းအေးတဲ့ရာသီဥတုရှိတဲ့ ဆိုက်ဘေးရီးယားတို့ ကနေဒါနိုင်ငံနေရာတော်တော်များများမှာ ဒီလို အချိန်မှာဆိုရင်တော့ ဒါမျိုးတွေ အဖြစ်ဆုံးပေါ့။ အရမ်းအေးနေချိန်မှာ မီးလောင်မှုတွေကြောင့် ပိုလို့တောင် ပျက်စီးဆုံးရှုံးတာတွေ ဖြစ်တယ်ဆိုတာဟာလည်း မယုံနိုင်စရာပါပဲ။ ရေပိုက်တွေပေါက်ကုန်တော့ ရေပေးဝေမှုတွေကို အားကိုးလို့မရ။ ဒီတော့ မီးသတ်လုပ်ငန်းတွေအတွက် ပိုပြီးအခက် အခဲဖြစ်လာပါတယ်။ အအေးလှိုင်းဖြစ်တဲ့ ကာလမှာဆို လေထုဟာ သိပ်သည်းလာပါတယ်။ လေထုပိုအေးလာလေ သိပ်သည်းမှုများလာ လေ ဒီလိုလေထဲမှာ အောက်ဆီဂျင်ပါဝင်မှု ပိုများလာလေလေပါပဲ။ ဒီလိုအခြေအနေမှာ မီးလောင်တဲ့အခါမှာတော့ မီးလောင်မှုဟာ ပိုပြင်း ထန် ကြီးမားတော့တာပေါ့။

တချို့ဒေသတွေမှာ မအေးဘူးလို့ထင်ရပေမဲ့ အပူချိန်ကတော့ ဒီဒေသအတွက် သိသိသာသာပဲ ပျမ်းမျှရေခဲမှတ်အောက်မှာရှိတဲ့ ဆောင်း တွင်း အအေးလှိုင်းတွေကြောင့် ပျက်စီးမှုတွေ ဖြစ်စေတာပါပဲ။ ရာသီဥတု အလွန်ပူတဲ့ ဒေသတွေမှာ ထူးခြားတဲ့အအေးဒဏ်တွေ ဖြစ်တတ် တာ သတိပြုရပါမယ်။

တချို့ဒေသတွေမှာ အေးတယ်လို့ မထင်ရပေမဲ့အပူချိန်ကတော့ ဒေသတခုအတွက်မှာတော့ ပျမ်းမျှအောက်ကို ထူးထူးကဲကဲကို ကျဆင်း နေပါတယ်။ ဒီဆောင်းအအေးလှိုင်းတွေကြောင့်လည်း အပျက်အစီးတွေ ဖြစ်စေပါတယ်။ အလွန်ပူပြင်းတဲ့ရာသီရှိတဲ့ဒေသတွေမှာ ထူးထူး ခြားခြား အေးတတ်ပါတယ်။ ဒီလိုဒေသမျိုးတွေမှာ အပင်နဲ့တိရစ္ဆာန်တွေအတွက် ရှင်သန်ဖို့ ခဲယဉ်းပါတယ်။ ဒီလိုပဲ အပူပိုင်းနိုင်ငံတွေမှာ အအေးလှိုင်းကျရောက်တဲ့အခါမှာ သဘာဝထုံးစံအရကိုပဲ အိမ်တွေကို အအေးဒဏ်အကာအကွယ်ခံနိုင်အောင် ဆောက်လုပ်ထားတာ မဟုတ်တာကြောင့် အအေးဒဏ်ခံရပြီး ကိုယ်ခန္ဓာတွင်း ဇီဝ၊ ဓာတုဖြစ်စဉ်ပျက်ယွင်းတာတွေနဲ့ နှင်းကိုက်တာတွေဖြစ်ကုန်ကြပါတယ်။



တုံ့ပြန်ဆောင်ရွက်မှု

ဆိုက်ဘေးရီးယားလို တချို့ဒေသတွေမှာ အရမ်းအေးတော့ အသုံးပြုတဲ့လောင်စာဆီသုံးစက်တွေကို အဆက်မပြတ် မောင်းနှင်ထား ရပါ မယ်။ အိမ်တွင်းရေပိုက်တပ်ဆင်မှုတွေကို အဖုံးအကာကောင်းကောင်းနဲ့ကာကွယ်ထားနိုင်ပြီး ရေပိုက်တွေကို မကြာခဏ အဆက်မပြတ် ဖွင့်ထားနိုင်တယ်။ အအေးလှိုင်းဖြစ်နေစဉ်မှာ လုပ်ဆောင်ဖို့ခက်ခဲမှာ ဖြစ်တာကြောင့် စွမ်းအင်လောင်စာထိန်းသိမ်းသိုလှောင်မှုတွေကို ရပ်ကွက်ကအများသုံးအဆောက်အဦးတွေမှာ ဆင်းရဲသားတွေနဲ့သက်ကြီးရွယ်အိုတွေအတွက် စီမံထားဖို့လိုပါတယ်။ အိုးမဲ့အိမ်မဲ့တွေကို ဖမ်းပြီးတော့တောင်မှ ဒီအဆောက်အဦးတွေဆီကို ပို့ပေးဖို့လိုပါတယ်။ ဆေးရုံတွေမှာလည်း နှင်းကိုက်တဲ့လူနာတွေနဲ့ခန္ဓာကိုယ်တွင်းဇီဝ-ဓာတုဖြစ်စဉ်ပျက်ယွင်းသွားသူတွေ ကုသနိုင်ဖို့ ပြင်ဆင်ထားနိုင်တယ်။ ကျောင်းနဲ့အများသုံးအဆောက်အဦးတွေကို ခေတ္တကွန်းခိုရာ နေရာ တွေအဖြစ် ပြောင်းပစ်နိုင်တယ်။ အအေးလှိုင်းမလာမီ အစားအစာနဲ့အခြားလိုအပ်တာတွေ စုစည်းသိုလှောင်ထားနိုင်တယ်။ တချို့ လူတွေအနေနဲ့ ရာသီဥတုကောင်းတဲ့ဒေသတွေဆီ ပြောင်းရွှေ့နေနိုင်တယ်။ ခေတ္တခဏ ဆောင်း ရှောင်နိုင်တယ်။ ကျွဲ၊ နွား တိရစ္ဆာန်တွေ အတွက်လည်း အအေးလှိုင်းမလာမီ အစားအစာတွေ စုဆောင်းထားနိုင်တယ်။ ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့ဒေသက တိရစ္ဆာန်တွေကိုတော့ ပြောင်းရွှေ့ထားရမယ်။ ပျက်စီးလွယ်တဲ့ သီးနှံတွေကိုတော့ ရေနဲ့ ဖျန်းပက်ထားရမယ်။ ဒါမှ အအေးဒဏ်ကနေ အပင်တွေကို ကာကွယ်မှာ ဖြစ်တယ်။ ဒါ့ပြင် အပင်တွေက ပတ်ဝန်းကျင်လေထုရဲ့အအေးကို စုတ်ယူတာကနေ ကာကွယ်ပေးပါလိမ့်မယ်။ (ရေခဲတာကနေ အပူကို ထုတ်ပေးပါတယ်။ ဒီအပူက သစ်သီးတွေကို အကာအကွယ်ပေးပါတယ်)။

လူအများစုက သင့်လျော်စွာဝတ်စားနိုင်တယ်။ ဖယောင်းတိုင်တွေ၊ မီးခြစ်တွေ၊ ဓါတ်မီးတွေနဲ့ချက်ပြုဖို့အတွက် ရေနံဆီမီးဖိုတွေနဲ့ မီးလှုံဖို့ ထင်းတွေ လိုအပ်သလို စုထားသင့်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက အိမ်အလုံခန်းမှာ မီးသွေးမီးဖိုနဲ့ ချက်ပြုတ်တာ။ မီးလှုံတာတွေ မလုပ်ဖို့ပါဘဲ။ ဘာလို့လဲဆိုတော့ မီးသွေးကထွက်တဲ့ကာဘွန်မိုနောက်ဆိုဒ် အဆိပ်ငွေ့တွေဟာ လူတွေအတွက် သေလောက်တဲ့အထိ အန္တရာယ်ဖြစ်စေနိုင်လို့ပါ။



သမိုင်းဝင်အအေးလှိုင်းများ

ခေတ်သစ်အအေးလှိုင်းများ(၂၀၀၁-ယခုထိ)

• ၂၀၀၉ ဥရောပအအေးလှိုင်း - ဇန်န၀ါရီအစောပိုင်းဟာ ဥရောပရဲ့အအေးဆုံးကာလ၊ အထူးသဖြင့် အလယ်ပိုင်းနဲ့တောင်ပိုင်းမှာ အရမ်းအေးတယ်။ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ ရူမေးနီးယားနဲ့စပိန်တို့လို နေရာတွေဟာ အအေးစံချိန်တင်တဲ့ နေရာတွေ ဖြစ်တယ်။ နေရာအများစုမှာ နှင်းနဲရေခဲတွေဖုံးနေတယ်။ ကျောင်းတွေ ပိတ်ထားရတယ်။ လေဆိပ်တွေမှာ နှောင့်နှေးကြန့်ကြာမှု တွေ ဖြစ်ကြတယ်။ ပါရီ၊ မက်ဒရစ်၊ ဘာလင်လို မြို့ကြီးတွေမှာ အရမ်းအေးတယ်။ အီတလီမြောက်ပိုင်းမှာနှင်းတွေနဲ့ရေခဲတွေ ဖုံးနေတယ်။

• ၂၀၀၈ အလာစ်ကား - ဖေဖေါ်ဝါရီအစောပိုင်းကာလမှာ အလာစ်ကားဟာ အအေးဆုံးအချိန်ဖြစ်နေတာ ၈ နှစ် ကြာပြီ။ အနှုတ် ၅၀ ဒီဂရီဖာရင်ဟိုက် (အနှုတ်၄၆ ဒီဂရီစင်တီဂရိတ်) နီးပါးရှိတယ်။ အလာစ်ကားရဲ့ ချစ်ကင်းဒေသမှာဆို အနိမ့်ဆုံး အနှုတ်၇၂ ဒီဂရီဖာရင်ဟိုက် (အနှုတ်၅၈ ဒီဂရီစင်တီဂရိတ်) ထိ ရှိတယ်။ အလာစ်ကားရဲ့ စံချိန်တင်ထားတဲ့အအေးချိန် အနှုတ်၈၀ ဒီဂရီ ဖာရင်ဟိုက် (အနှုတ်၆၂ ဒီဂရီစင်တီဂရိတ်) ရောက်ဖို့ ၈ ဒီဂရီဖာရင်ဟိုက်ပဲ လိုတော့တယ်။ ဇန်န၀ါရီလ ပထမ လ၀က်မှာတော့ တရုတ်နဲ့အရှေ့အလယ်ပိုင်းဒေသတွေ မှာ ထူးထူးခြားခြား အေးလာပြီး နေရာအနှံ့မှာ နှင်းတွေ သိပ်သိပ်သည်းသည်းကျတယ်။

• ၂၀၀၇ အာဂျင်တီးနား အအေးလှိုင်း - ၂၀၀၇၊ ဇူလိုင် ၆၊ ၇၊ ၈ အတွင်း အာဂျင်တီးနားဒေသတခုလုံးမှာ လေဖိအားနည်း ရပ်ဝန်းဒေသနဲ့ အပြန်အလှန်ထိတွေ့မှုဖြစ်ပြီး ၀င်ရိုးစွန်းက အအေးပေါက်ကွဲမှု ထုလိုက်ထည်လိုက် ၀င်လာတာကြောင့် နှင်းခဲ တွေနဲ့ နှင်းမုန်တိုင်းတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်ခဲ့တယ်။ အအေးပေါက်ကွဲမှုက တောင်ပိုင်းကနေ အလယ်ပိုင်းထိ ရောက်သွား တယ်။ နှင်းတွေထုလိုက်ထည်လိုက်ကျ၊ တပြိုင်နက်တည်းမှာ အရမ်းအေးတဲ့လေအေးတွေ တိုက်ခတ်တာကြောင့် လူ ၂၃ ယောက် သေသွားတယ်။

• ၂၀၀၇ မြောက်ကမ္ဘာလုံးခြမ်းအအေးလှိုင်း - ကနေဒါတနိုင်ငံလုံးနဲ့ အမေရိကန်ပြည်ထောင်စုဒေသအများစုမှာ မတ်လကုန် လောက်နဲ့ ဧပြီလစောစောပိုင်းတုန်းက ၂ ပတ်ကြာပူနွေး အပြီးနောက်မှာ ရေခဲတဲ့အထိ ကြုံခဲ့ရတယ်။

• ၂၀၀၅-၂၀၀၆ - ဥရောပ အအေးလှိုင်း - အရှေ့ဥရောပနဲ့ရုရှမှာ အလွန်အေးတဲ့ဆောင်းကာလကို ကြုံခဲ့ရတယ်။ ၁၉၇၀ ခုနှစ်က စပြီး အအေးဆုံးစံချိန်အဖြစ် မှတ်တမ်းတင်ခဲ့ရတယ်။ နှင်းတွေကို အရင်မတွေ့ရတဲ့နေရာတွေဖြစ်တဲ့ စပိန်တောင်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာတောင်မှ တွေ့ရတယ်။

• ၂၀၀၄-၂၀၀၅၊ ဥရောပတောင်ပိုင်းအအေးလှိုင်း - ဥရောပတောင်ပိုင်းဒေသအားလုံးမှာ ထူးထူးခြားခြားကို ကြမ်းတမ်းတဲ့ ဆောင်းဥတုပါပဲ။ အကြိမ်တထောင်မှာ တကြိမ်ပဲဖြစ်ခဲတဲ့ ရေခဲမုန်တိုင်းတွေ ဒီဒေသမှာ ရှားရှားပါးပါး တွေ့ခဲ့ရတယ်။ ဒီအအေး ဒဏ်ရဲ့ ရိုက်ခတ်ချက်က အယ်လ်ဂျီးရီးယားမှာ နှင်းကျတာကို အင်မတန့်ကို ထူးထူးခြားခြား တွေ့ရတာပါပဲ။ စပိန်နဲ့ မော်ရိုကို တောင်ပိုင်းဒေသနဲ့ပေါ်တူဂယ်လ်တောင်ပိုင်းဒေသတွေမှာ ရေခဲမှတ်ဟာ စံချိန်တင်တဲ့အထိရောက်ခဲ့တယ်။

• ၂၀၀၄ ဇန်န၀ါရီ အအေးစံချိန် - အမေရိကန်ပြည်ထောင်စုအရှေ့မြောက်ဖက်ဒေသဖြစ်တဲ့ နယူးအင်္ဂလန်ဒေသဟာ ထူးကဲစွာ အေးလာပြီး စံချိန်တင်ထားတဲ့လက အအေးချိန်နားကပ်လာတယ်။ ဘော့စတွန်ဒေသက ၁၁၄ နှစ်အတွင်းမှာအအေးဆုံးကာလ ဖြစ်ခဲ့တယ်။ ဗာဂျီးနီးယားကမ်းခြေဒေသကတော့ ထူးထူးခြားခြား ရေခဲမှတ်အောက်ရာသီဥတုဟာ ကြာရှည်ခဲ့ပါတယ်။ နယူ ယော့က်ကတော့ တလအတွင်း နှင်းထုအထူ လက္မ ၁၅၀ ရှိခဲ့ပါတယ်။ ၂၀ရာစု အအေးလှိုင်းများ (၂၀၀၁ မတိုင်မီအထိ)

• ၁၉၉၇၊ မြောက်ပိုင်းလွင်ပြင်ဒေသ လေအေးတိုက်ခတ်မှု - ဇန်န၀ါရီလလယ်က၊ အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းတခွင် မှာ လေတိုက်ခတ်မှုအကြမ်းဆုံးထဲက တခုအဖြစ် စံချိန်တင်ထားပါတယ်။ တချို့နေရာတွေမှာ အနှုတ်၄၀ ဒီဂရီဖာရင်ဟိုက်အထိ ရှိပါတယ်။ လေတိုက်ခတ်မှုကြောင့်တခါတရံ အနှုတ်၈၀ ဒီဂရီ ဖာရင်ဟိုက်နီးပါးအထိ ရှိပါတယ်။ မြောက် ဒါကိုတာမြောက်ပိုင်း ဒေသမှာ နှင်းထု လက္မ ၉၀ ထိ ကျတာတွေ့ ရတယ်။ ဒါကတော့ ၁၉၉၀ စုနှစ်များအတွင် အပြင်းထန်ဆုံးလေအေးတိုက်ခတ်မှုပဲ ဖြစ်ပါတယ်။

• ၁၉၉၆၊ အမေရိကန်အလယ်ပိုင်းရဲ့အနောက်ဖက်ဒေသ လေအေးတိုက်ခတ်မှုကြီး - ဇန်န၀ါရီလနှောင်းပိုင်းနဲ့ ဖေဖေါ်ဝါရီလ အစောပိုင်းမှာ မင်နီဆိုးတားပြည်နယ်ရဲ့ စံချိန်တင်တဲ့ တိုတောင်းတဲ့ အအေးဆုံးကာလ ဖြစ်ပါတယ်။ စံချိန်ကတော့ မင်နီဆိုးတား ပြည်နယ် တာဝါမြို့မှာ အနှုတ်၆၀ ဒီဂရီဖာရင်ဟိုက်အထိ ရှိပါတယ်။

• ၁၉၉၄၊ အမေရိကန်မြောက်ပိုင်း၊ ကနေဒါတောင်ပိုင်း အအေးဒဏ် - ၁၉၉၄၊ ဇန်န၀ါရီလဟာ ကနေဒါတောင်ပိုင်းလိုပဲ အလယ် အမေရိကန်ပြည်ထောင်စုရဲ့မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း၊ ဒေသအတော်များများမှာ အအေးဆုံးလ ဒါမှမဟုတ် ၁၉၇၀ ခုနှစ် နှောင်းပိုင်း ကာလကစလို့ တချို့ဒေသတွေမှာ အအေးဆုံးလအဖြစ် စံချိန်တင်ခဲ့ပါတယ်။

• ၁၉၈၉၊ အအေးစံချိန် - ၁၉၈၉ က အမေရိကန်ပြည်ထောင်စုရဲ့ အလယ်ပိုင်းနဲ့အရှေ့ပိုင်းမှာ အအေးဆုံး ဒီဇင်ဘာအဖြစ် စံချိန်တင်ခဲ့တယ်။ အဖြူရောင်ခရစ္စမတ်လို့တင်စားခေါ်ဝေါ်ရတယ်။

• ၁၉၈၅ ခုနှစ် အနောက်ပိုင်း ကြီးမားတဲ့လေအေးတိုက်ခတ်မှုကြီး - ၁၉၈၅၊ ဖေဖေါ်ဝါရီလဟာ အမေရိကန်ပြည်ထောင်စုမှာ တတိယ အအေးဆုံးလို့ ပြောစမှတ်ပြုကြပါတယ်။ အုတားပြည်နယ်မြောက်ပိုင်း၊ သဘာဝတွင်းချိုင့်တွေရှိတဲ့ ပီတာဆင့်ဒေသမှာ အနှုတ်၆၉ ဒီဂရီ ဖာရင်ဟိုက်အထိအေးပါတယ်။ ၁၉၈၅ ဟာ စတုတ္ထ အအေးဆုံးနှစ်အဖြစ် အမေရိကန် အနောက်ပိုင်းမှာ စံချိန် တင်ရပါတယ်။

• ၁၉၈၃ က စံချိန်တင်ရတဲ့ အမေရိကန် ဒီဇင်ဘာ - ၁၉၈၃ က အမေရိကန်မှာ အအေးဆုံးခရစ္စမတ်ပါ။ ကနေဒါကနေ တိုက်ခတ်လာတဲ့ ကြမ်းတမ်းပြင်းထန်တဲ့လေအေးကြောင့် ဖြစ်ပါတယ်။ ၁၉၈၀စုနှစ်တွေအတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ အအေးဆုံးဒီဇင်ဘာဆိုပြီး စံချိန်တင်ပါတယ်။

• ၁၉၈၂ လေအေးတိုက်ခတ်မှု- ၁၉၈၂ ဇန်န၀ါရီလဟာ အလွန်အေးတယ်။ အနှုတ်၉ ဒီဂရီဖာရင်ဟိုက်ထိ ရှိပြီး၊ လေတိုက်တဲ့အခါ အနှုတ် ၅၉ ဒီဂရီဖာရင်ဟိုက်အထိ အေးပါတယ်၊ အရိုးကွဲမတတ်စိမ့်အေးပါတယ်။

• ၁၉၇၀ ခုနှစ်များ- ၁၉၇၀ခုနှစ်နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့အအေးလှိုင်းက အမေရိကန်ပြည်ထောင်စုရဲ့ ထိစပ်နေတဲ့ အောက် ဖက် ၄၈ ပြည်နယ် ဒေသတွေမှာ မှတ်မှတ်ရရ ရှိနေခဲ့ပြီး ၁၉၇၇-၇၈ အအေးလှိုင်းကတော့ ဒီ ၄၈ ပြည်နယ်မှာ အအေးဆုံး ဆောင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။

• ၁၉၃၆ အအေးလှိုင်း - ၁၉၃၆ခုနှစ် အအေးလှိုင်းဟာ မြောက်အမေရိကနဲ့အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းရဲ့ အနောက် ဖက် ဒေသတွေမှာ ထိခိုက်စေတဲ့ ၁၉၃၀ ခုနှစ်တွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့တခုတည်းသော အအေးလှိုင်းဖြစ်ပါတယ်။

• ၁၉၁၀စုနှစ်များ- ၁၉၁၂ခုနှစ်မှာ ဖြစ်တဲ့ ဆိုးဝါးတဲ့အအေးဒဏ်ကြောင့် သုညဒီဂရီအောက် ရာသီဥတုဟာ မကြုံဘူးအောင် အရှည်ကြာဆုံးကာလအဖြစ်မှတ် တမ်းတင်ရတယ်။ အမေရိကန်ပြည်ထောင်စုတ၀ှမ်းလုံးမှာ ၁၉၁၆-၁၂ ကနေ ၁၉၁၇-၁၈ ထိ ရှည်ကြာခဲ့တဲ့ ဆောင်းရာသီဟာ ရက်ရက်စက်စက်ကို အေးပါတယ်။




ရှင်ဒိသာ

0 Comments:

blogger templates | Make Money Online