Wednesday, March 25, 2009

March 242009 News

အပြည့်အစုံသို့...

Tuesday, March 24, 2009

တက်ကြွလှုပ်ရှားသူ

"တက်ကြွ လှုပ်ရှားသူဆိုတာ ဘယ်သူလဲ ....?

တက်ကြွ လှုပ်ရှားသူကို အင်္ဂလိပ်လို Activist လို့ခေါ်ပါတယ်။ မြန်မာဝေါဟာရကို ဘယ်သူက စတင် ဘာသာပြန်လိုက် သလဲ မသိပါဘူး။ ဒါပေမယ့် အလွန်ထိမိတဲ့ စကားလုံးပါ။ အဓိပ္ပာယ် တိကျပါတယ်။ လူအများကို နှိုးဆော်ပေးနိုင်စွမ်း ရှိပါတယ်။ အားတက်သရော ပါဝင် ပူးပေါင်းလိုစိတ် ဖြစ်ပေါ်စေပါတယ်။ ဒီစကားလုံး မြင်တာနဲ့ တာဝန်ရှိသူတွေ မတရား လုပ်နေပြီ၊ တာဝန်တွေ ပျက်ကွက်နေပြီ ဆိုတာ သိကြပါတယ်။ တာဝန်ရှိသူတွေကို ခြောက်ခြား တုန်လှုပ်စေတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။"

လူအများနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ တာဝန်ရှိသူတွေကို ကန့်ကွက်ဆန့်ကျင်တာ၊ သဘောမတူကြောင်း ပြသတာ၊ တောင်းဆိုတာနဲ့ လူအများကို ပညာပေးတာ၊ ကူညီတာတွေဟာ တက်ကြွလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ဒါမျိုးတွေ လှုပ်နေသူကို တက်ကြွလှုပ်ရှားသူလို့ ခေါ်ပါတယ်။

တက်ကြွလှုပ်ရှားရတဲ့ အကြောင်းရင်းနဲ့ ရည်မှန်းချက်ကို တာဝန်ရှိသူတွေအပါအဝင် လူအများသိအောင် လုပ်ရတာ ဖြစ်လို့ တက်ကြွလှုပ်ရှားသူတွေဟာ များသောအားဖြင့် တဦးချင်းဖြစ်စေ၊ အများဖြစ်စေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြပါ တယ်။ တာဝန်ရှိသူထံကို စာပို့ပြီးတော့လည်း လှုပ်ရှားကြပါတယ်။ တကယ်လို့ လူအများ ပါဝင်တယ်ဆိုရင် ဆန့်ကျင် ကန့်ကွက်တာ (ဒါမှမဟုတ်) သဘောတူထောက်ခံတာကို လက်မှတ်တွေရေးထိုးပြီး ပေးပို့ပါတယ်။ အင်တာနက် ခေတ်ကို ရောက်လာတဲ့အခါမှာ အင်တာနက်ကနေ စာပို့ကြပါတယ်။ တဦးချင်းလုပ်တာတွေရှိသလို လူအများက လက်မှတ်ရေးထိုးပြီး ပါဝင်တဲ့လှုပ်ရှားကြတာလည်း ရှိပါတယ်။

တက်ကြွလှုပ်ရှားသူတွေမှာ အမျိုးသား-အမျိုးသမီး ခွဲခြားမထားကြပါဘူး။ ဆင်းရဲ-ချမ်းသာ ခွဲခြားတာလည်း မရှိပါဘူး။ ပြီးတော့ စာတတ်-မတတ် သတ်မှတ်ချက် မရှိပါဘူး။ အသက်အရွယ်၊ ဘာသာတရား၊ မျိုးရိုးကန့်သတ်ချက်လည်း မထား ပါဘူး။ ဘယ်သူမဆို စိတ်ပါရင် ပါဝင်လှုပ်ရှားနိုင်ကြပါတယ်။ ဥပမာ- အမျိုးသမီးတွေ အခွင့်အရေး ပိုရဖို့ တောင်းဆိုတဲ့ တက်ကြွလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေသာမကဘဲ အမျိုးသားတွေကိုယ်တိုင်ကပါ ဦးဆောင်လှုပ်ရှားပေးကြပါတယ်။ ၂ဝဝ၇နဲ့ ၂ဝဝ၈ ခုနှစ်တွေတုန်းက မြန်မာနိုင်ငံနဲ့ တိဗက်ဒေသမှာ အရှိန်အဟုန် ပြင်းထန်တဲ့ တက်ကြွလှုပ်ရှားမှုတွေ ရှိခဲ့ ပြီး ဗုဒ္ဓဘာသာ သံဃာတော်တွေက အဓိကဦးဆောင် ပါဝင် လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လှုပ်ရှားမှုဟာ “ရွှေဝါရောင်တော်လှန်ရေး” ဆိုပြီး ကမ္ဘာကျော်သွားခဲ့ပါတယ်။

ဒီမိုကရေစီ နိုင်ငံတွေမှာတော့ ပြည်သူတဦးချင်းရဲ့ လွတ်လပ်ခွင့်ကို ဦးစားပေးထားတာဖြစ်လို့ ကိုယ်တိုင်ဆုံးဖြတ်ချက် ချပြီးမှဘဲ ဝင်ရောက် လှုပ်ရှားကြပါတယ်။ အာဏာရှင် စနစ်အောက်က ပြည်သူတွေမှာတော့ စိတ်ပါနေတာတောင်မှ ပါဝင်လှုပ်ရှားနိုင်တဲ့ အခြေအနေမရှိဘဲ ဝင်မပါနိုင်ကြပါဘူး။ အာဏာပိုင်တွေအပေါ် စားဝတ်နေရေးအရ မှီခိုနေရ တာတွေ၊ ကြောက်ရွံ့နေရတာတွေက အဓိက အတားအဆီးတွေ ဖြစ်နေပါတယ်။ ဒီလိုကိစ္စမျိုးတွေရှိနေရင် တက်ကြွ လှုပ်ရှားသူတွေက အရင်ဆုံး စုပေါင်းဖြေရှင်းပြီး အင်အားကို တည်ဆောက်ကြပါတယ်။ လှုပ်ရှားမှုမှာ ပါဝင်မယ့်သူတွေ အချင်းချင်း စားဝတ်နေရေး အခက်အခဲတွေကို ယိုင်းပင်းကူညီကြပါတယ်။ ကြောက်ရွံ့စိတ်တွေ ပျောက်သွားအောင် အားပေးကြပါတယ်။

များသောအားဖြင့်မှာတော့ နစ်နာဆုံးရှုံးမှု၊ နိုင်ငံရေးအရည်အချင်း၊ လှုပ်ရှားဖူးတဲ့ အတွေ့အကြုံ၊ အသိုင်းအဝိုင်းအင်အား၊ ရှေ့ရေးကို မျှော်မြင်တွေးဆနိုင်တဲ့အပေါ် အခြေခံပြီး ဦးဆောင်လှုပ်ရှားသူတွေ ထွက်ပေါ်လာပါတယ်။ လှုပ်ရှားမှုတွေမှာ ခေါင်းဆောင်၊ အဖွဲ့အစည်း၊ မဟာဗျူဟာ၊ အစီအစဉ် စတဲ့ စနစ်တကျ ပြင်ဆင်မှုတွေ ရှိကြပါတယ်။ သူတို့ကို ထောက်ခံ အားပေးသူတွေ များလာတဲ့အခါမှာ လှုပ်ရှားမှုဟာ ပိုမိုကျယ်ပြန့်ပြီး အရှိန်ကောင်းလာပါတယ်။

အစိုးရကို ကန့်ကွက်ဆန့်ကျင် ဆန္ဒပြ တောင်းဆို

တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရရဲ့ ပေါ်လစီနဲ့ ဥပဒေတွေ (ဒါမှမဟုတ်) အစိုးရ လုပ်ရပ်တွေကို လက်မခံနိုင်ကြပါဘူး။ ဒါကြောင့် သူတို့ဟာ ဆန့်ကျင ကန့်ကွက်ကြပါတယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေကို အထိခိုက်ခံပြီး အများအတွက် ပိုမို ကောင်းမွန်စေချင်တဲ့ စေတနာနဲ့ လုပ်ကြတာဖြစ်ပါတယ်။ ဥပမာ- အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စတွေ၊ အစိုးရတာဝန်ကို ယူထားသူတွေက အာဏာ အလွဲသုံးစား လုပ်နေတဲ့ကိစ္စတွေကို ဆန့်ကျင် ကန့်ကွက်ကြတာမျိုး ဖြစ်ပါတယ်။ တိုင်းပြည်အရေး၊ လူထုအရေးအတွက် လူထုလိုလားချက်နဲ့ မကိုက်ညီတာတွေကို အစိုးရက လုပ်ဆောင် နေသမျှ ကာလပတ်လုံး အခွင့်သာရင် သာသလို တက်ကြွ လှုပ်ရှားသူတွေက ဆန့်ကျင် ကန့်ကွက်နေကြမြဲ ဖြစ်ပါတယ်။ ပြုပြင်ပေးဖို့ တောင်းဆိုမြဲ ဖြစ်ပါတယ်။

ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာ လူ့အခွင့်အရေး အပြည့်အဝ ရှိပါတယ်။ ပြည်သူတွေမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှားခွင့်တွေ ရှိနေကြလို့ အစိုးရကို လွတ်လွတ်လပ်လပ် ဆန့်ကျင် ကန့်ကွက်ခွင့် ရှိနေပါတယ်။ အစိုးရ ပေါ်လစီတွေကို သဘောမတူပဲ ဆန့်ကျင်ပိုင်ခွင့် ရှိပါတယ်။ တောင်းဆိုပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် ဒီမိုကရေစီ နိုင်ငံတွေမှာ တက်ကြွ လှုပ်ရှားသူတွေဟာ လူထုကြားထဲကနေ အမြဲတစေ ထွက်ပေါ် လာနေတတ်ပါတယ်။

လူတွေတင်ဘဲ မဟုတ်သေးပါဘူး။ အသင်းအဖွဲ့ (Institution) တွေကလည်း အစိုးရကို ဆန့်ကျင်ကန့်ကွက် တောင်းဆို ကြတဲ့အခါ တက်ကြွလှုပ်ရှားမှုကို လုပ်တတ်ကြပါတယ်။ ဥပမာ- အလုပ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂလို့ ပြောရင် တက်ကြွ လှုပ်ရှားသူတွေဘဲလို့ မျက်စိထဲ ချက်ချင်း ပြေးမြင်မိကြပါတယ်။ ဒါဟာ မြန်မာတွေအဖို့ တက်ကြွလှုပ်ရှားမှုနဲ့ မစိမ်းတဲ့သဘောပါ။ သမဂ္ဂတွေ သာမကပါဘူး။ အစိုးရနဲ့မဆိုင်တဲ့ အသင်းအဖွဲ့ (NGO- Non-governmental Organization) မှန်သမျှ လိုအပ်ရင် လိုအပ်သလို တက်ကြွ လှုပ်ရှားသူတွေအဖြစ် အသွင်ပြောင်းနိုင်ကြပါတယ်။ အစိုးရနဲ့ ဆိုင်တဲ့ အသင်း အဖွဲ့တွေမှာတောင် တခါတလေမှာ ရှိတတ်ပါတယ်။

ဥပမာ-တပ်တွင်း ပုန်ကန်မှု (Mutiny) ဖြစ်ပါတယ်။ နိုင်ငံတချို့ရဲ့ စစ်တပ်တွေမှာ စစ်သားတွေကို လုံလောက်တဲ့ လစာငွေ မပေးတဲ့အပြင် ခွဲခြားနှိမ့်ချ ဆက်ဆံတာတွေ ရှိတတ်ကြပါတယ်။ အတိုင်းထက်အလွန် ဖြစ်သွားရင် ဘယ်စစ်သားမှ သီးမခံတတ်ပါဘူး။ ဒီအခါမှာ သူတို့ရပိုင်ခွင့်အတွက် ဆန့်ကျင်ကန့်ကွက်-တောင်းဆိုဖို့ တက်ကြွလှုပ်ရှားလာတတ် ပါတယ်။ ဒါကို တပ်တွင်း ပုန်ကန်မှုလို့ခေါ်တာပါ။ စစ်တပ်က အာဏာသိမ်းတဲ့ အမျိုးအစား (Coup d'état or Coup) နဲ့ မတူ ပါဘူး။ စစ်တပ်ထဲမှာ တက်ကြွလှုပ်ရှားတဲ့ တပ်တွင်းပုန်ကန်မှုဟာ အန္တရာယ် အမြဲဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုဖြစ်လာရင် အစိုးရတွေဟာ စစ်တပ်သုံးပြီး တိုက်ရိုက် ဖြေရှင်းတတ်လို့ ဖြစ်ပါတယ်။ စစ်သားတွေသာမက အရပ်ဘက်ပြည်သူတွေလည်း သေကြေ ဒဏ်ရာရတတ်ပါတယ်။

ဒီမိုကရေစီ မဟုတ်တဲ့ အာဏာရှင်နိုင်ငံတွေ၊ ဒီမိုကရေစီ မအောင်မြင်နိုင်သေးတဲ့ နိုင်ငံတွေနဲ့ ဘာသာရေးခေါင်းဆောင် တွေက စိုးမိုးအုပ်ချုပ်နေတဲ့ သီအိုကရေစီ (Theocracy) နိုင်ငံတွေမှာလည်း တက်ကြွလှုပ်ရှားသူတွေ ရှိနေကြပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ အခွင့်သာမှ လှုပ်ရှားနိုင်တဲ့သဘော ရှိပါတယ်။

မြန်မာနိုင်ငံမှာ လူထုကဏ္ဍ ကနေ အကြီးအကျယ် တက်ကြွ လှုပ်ရှားတာတွေနဲ့ ပတ်သက်ပြီး အချိန်ကာလ အနီးစပ်ဆုံး နမူနာပြရရင် ၁၉၈၈ ခုနှစ်တုန်းက ရှစ်လေးလုံး လူထုလှုပ်ရှားမှု (၈၈၈၈)နဲ့ ၂ဝဝရ ခုနှစ်တုန်းက ရွှေဝါရောင် တော်လှန်ရေးတို့ ဖြစ်ပါတယ်။ ဒီနေ့ခေတ် မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့ကြလို့ တက်ကြွလှုပ်ရှားမှု သဘောတရားကို အတော်အတန် တီးမိခေါက်မိ သိရှိထားပြီးကြပါပြီ။ အာဏာရှင်စနစ်အောက်မှာ ရုန်းကန်နေရ ပေမယ့်လည်း ဘယ်လိုတက်ကြွလှုပ်ရှားရမလဲ ဆိုတာကို မြန်မာနိုင်ငံသား အများစုကတော့ ချက်ဆို နားခွက်က မီးတောက်နေပြီးကြပါပြီ။ သမိုင်းအဆက်ဆက် လက်ဆင့်ကမ်း အမွေအနှစ်ကောင်း တခုလို့ ဆိုရမှာပါ။

လူထု လက်မခံနိုင်တဲ့ အစိုးရရဲ့ပေါ်လစီနဲ့ ဥပဒေတွေ (ဒါမှမဟုတ်) အစိုးရလုပ်ရပ်တွေအပြင် အစိုးရက လုပ်သင့်ရက်နဲ့ မလုပ်သေးတာတွေ၊ အစိုးရက ဦးဆောင်လုပ်ဖို့ လိုအပ်နေတာတွေကိုလည်း တက်ကြွလှုပ်ရှားသူတွေက ထောက်ပြဖို့ လိုတဲ့အခါမှာ လှုပ်ရှားတတ်ကြပါတယ်။ ဥပမာ- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ပြည်ပအရေးတွေမှာ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ အစိုးရက ပျက်ကွက်နေရင်လည်း တက်ကြွ လှုပ်ရှားသူတွေက တိုက်တွန်းနှိုးဆော်ပေးတတ်ပါတယ်။

တက်ကြွ လှုပ်ရှားမှုတွေ ရှိတဲ့ အခြားနေရာတွေ

တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရကိုသာဦးတည်ပြီး တက်ကြွလှုပ်ရှားနေကြတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊ စီးပွားရေးကော်ပိုရေးရှင်းနဲ့ ကုမ္ပဏီတွေ၊ စက်ရုံ-အလုပ်ရုံတွေ၊ ကျောင်းတွေ၊ မီဒီယာတွေ၊ အသင်းအဖွဲ့ဌာန ကိစ္စတွေ မှာလည်း အများအကျိုးနဲ့မကိုက်ညီရင် တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ဆန့်ကျင် ဆန္ဒပြ တောင်းဆိုတတ်ကြပါ တယ်။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်တွေဟာ ထင်ရှားတဲ့ နမူနာတွေ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ တပ်တွင်းပုန်ကန်မှု ဆိုတာ အသင်းအဖွဲ့ဌာနအပေါ် ဆန့်ကျင် ကန့်ကွက် တောင်းဆိုတဲ့ နမူနာတခုပါ။

ကန့်ကွက်ဆန့်ကျင် ဆန္ဒပြတောင်းဆိုဖို့အတွက်ဘဲ လှုပ်ရှားကြတာ မဟုတ်ပါဘူး။ လူထုကို ပညာပေးတာ၊ သဘာဝ ဘေးအန္တရာယ်လို ကိစ္စတွေ၊ မိဘမဲ့ကလေးတွေ ထောက်ပံ့ရေး၊ AIDS/HIV ဝေဒနာရှင် စောင့်ရှောက်ကုသရေး၊ ဆင်းရဲ နွမ်းပါးမှု သက်သာလျော့နည်းစေရေး အစရှိတဲ့ အခြားလူမှုရေးအကူအညီ ချို့တဲ့နေတဲ့ကိစ္စတွေမှာလည်း တက်ကြွ လှုပ်ရှားမှုတွေ ရှိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးတာ၊ အဓမ္မလုပ်အားခိုင်းစေတာ၊ ကလေးစစ်သားနဲ့ မြေမြှုပ်မိုင်း အစရှိတဲ့ နိုင်ငံတကာဥပဒေ-တားမြစ်ချက်တွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အစိုးရကို တိုက်တွန်းဖို့ လှုပ်ရှားတတ်ကြပါတယ်။

နမူနာပြရမယ်ဆိုရင် ၂ဝဝရ မေလ(၂)ရက်တုန်းက မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်သွားတဲ့ နာဂစ် လေမုန်တိုင်း ကြောင့် လူဦးရေ တသိန်းလေးသောင်းနီးပါး သေဆုံး-ပျောက်ဆုံးပြီး နှစ်သန်းခွဲလောက် စားဝတ်နေရေး ဒုက္ခရောက်နေ ခဲ့ရာမှာ ပြည်တွင်းပြည်ပမှာ တက်ကြွလှုပ်ရှားသူတွေ အများအပြား ထွက်ပေါ်လာခဲ့ပြီး ငွေအား၊ လူအားနဲ့ အားတက် သရော ကူညီပေးခဲ့ကြပါတယ်။

မြန်မာ့ရာဇဝင်မှာ အခုလို ကပ်ဘေးမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ အစိုးရအနေနဲ့ အချိန်မီ ပြည့်ပြည့်ဝဝ အကူအညီ မပေး နိုင်ခင်မှာ လူထုက တက်တက်ကြွကြွနဲ့ ကူညီပေးခဲ့ကြပါတယ်။ ဒီလို လူမှုရေးကိစ္စမှာ အစိုးရဘက်က အဆိုးဆုံး နာမည် ပျက်သွားတာကတော့ ထင်ရှားကျော်ကြားတဲ့ ဖျော်ဖြေရေးသမား ဇာဂနာ (ကိုသူရ) တို့လို လေဘေးကယ်ဆယ်ရေး တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အပြစ်ပေး အရေးယူခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ကြတဲ့ အခြား မြန်မာ လှုပ်ရှားတက်ကြွသူတွေလည်း အဖမ်းခံရပါတယ်။ ဒါကိုကြည့်ရင် မြန်မာ နိုင်ငံမှာ ဒုက္ခရောက်နေတဲ့လူထုကို အစိုးရက ကူညီဖို့ နှောင့်နှေးနေတဲ့အပြင် တကယ်တမ်းကူညီတဲ့ အခြားလူတွေ အပေါ် စစ်အစိုးရက ရန်ငြိုးထားနေတာ သိသာထင်ရှားပါတယ်။

လူထုပညာပေးရေးမှာ လူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် အကြောင်းအရာတွေကို တက်ကြွလှုပ်ရှားသူတွေက ပညာပေးကြပါတယ်။ လူ့အသိုင်းအဝိုင်းတခုလုံးရဲ့အသက်လို့ တင်စားရမယ့် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လည်း လူထုက ကျေကျေညက်ညက် နားလည်သဘောပေါက်အောင် တက်ကြွလှုပ်ရှားသူတွေက နှိုးဆော်ပညာပေး တတ်ပါတယ်။ အခြေခံဥပဒေကို လူထုက နားလည်သဘောပေါက်မှ ထောက်ခံအတည်ပြုပြီး လိုက်နာကျင့်သုံးနိုင်သလို လူ့အခွင့်အရေးတွေကိုလည်း အပြည့်အဝခံစားရမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ အခြားတာဝန်ရှိသူတွေကိုလည်း အာဏာ အလွဲသုံးစားမှုတွေ မရှိအောင်၊ တာဝန်တွေ မပျက်ကွက်ရအောင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

မတရားတဲ့ကိစ္စတွေကို တားမြစ်နိုင်ဖို့၊ ပပျောက်သွားနိုင်ဖို့ တရားဥပဒေ စိုးမိုးမှု (Rule of law) ဆိုတာ မရှိမဖြစ်၊ မသိ မဖြစ် အရေးကြီးလှပါတယ်။ တဆက်တည်းမှာဘဲ တရားဥပဒေစိုးမိုးမှုမှာ အဓိက ထိန်းကျောင်းပေးရတဲ့ တရားစီရင်ရေး မဏ္ဍိုင်အပြင် ရဲ အစရှိတဲ့ လူထုကြားထဲက လက်နက်ကိုင်တပ်ဖွဲ့တွေ ခြစားပျက်စီးပြီး တာဝန်တွေ လစ်ဟင်းနေတာကို ပြုပြင်တားဆီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ အမှန်တကယ်မှာတော့ အစိုးရက နိုင်ငံအဆင့်အနေနဲ့ တာဝန်ယူ လုပ်ပေးရတဲ့ ကိစ္စပါ။ အစိုးရဘက်က ပျက်ကွက်ရင် တက်ကြွလှုပ်ရှားသူတွေကိုယ်တိုင် ပါဝင်လာမှာ မဆန်းလှပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မတရားတာကို လက်မခံနိုင်၊ လစ်လျူရှု မနေနိုင်လို့ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ကျင့်သုံးမယ်ဆိုရင် လူထုထဲမှာ ဒီမိုကရေစီကို နားလည်သဘောပေါက်ထားသူတွေ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အများဆုံး ရှိနေရပါတယ်။ ဒါမှသာ ဒီမိုကရေစီကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးနိုင်မှာ ဖြစ်ပြီး မပျောက်မပျက် တန်ဖိုးမလျော့အောင်လည်း ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့အချက်ကို တက်ကြွ လှုပ်ရှားသူတွေက မြော်မြင်တွေးဆနိုင်ကြပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ လူထုပညာပေးရေးတွေ လုပ်ကိုင်ကြပါတယ်။

တက်ကြွ လှုပ်ရှားသူနဲ့ ဝိသမ စီးပွားရေး

ဒီမိုကရေစီနဲ့ဆိုရင် မိတ်ဘက်လိုဖြစ်နေတတ်တာကတော့ ပုဂ္ဂလိကပိုင် စီးပွားရေးကော်ပိုရေးရှင်းတွေနဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ များသောအားဖြင့်မှာတော့ စီးပွားရေးသမားဆိုတာ သူတို့စီးပွားရေး အမြဲတိုးတက်ကောင်းမွန်နေဖို့ဘဲ ကြည့်တတ်ကြပါတယ်။ ချမ်းသာပြီးရင်း ချမ်းသာချင်တဲ့ ကိုယ်ကျိုးစီးပွားတခုတည်းကိုဘဲ ကြည့်တတ်ကြပါတယ်။

ဒီလိုသဘောရှိတဲ့ စီးပွားရေးသမားတွေဟာ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး စီးပွားရှာတတ်ကြပါတယ်။ တခါတလေမှာ သူတို့ရလာမယ့် ရေရှည်အကျိုးစီးပွားကိုတောင် မကြည့်တတ်ကြပါဘူး။ တနပ်စားလုပ်တတ်ပါတယ်။ လူထုဖွံ့ဖြိုး တိုးတက်ရေးတွေကိုလည်း သိပ်မကြည့်တတ်ကြပါဘူး။ လူတွေဝင်ငွေကောင်းမှ များများဝယ်ယူစားသုံးနိုင်မယ်ဆိုတဲ့ သဘောကိုတောင် မမြင်တတ်လောက်အောင် လောဘစိတ် မွှန်ထူနေတတ်ကြပါတယ်။ လူ့အသိုင်းအဝိုင်းနဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးထိခိုက်တာကို သူတို့က သိပ်ဂရုမစိုက်လှပါဘူး။ ဒါတွေကို ပြုပြင်ကြပ်မတ်ရမှာက အစိုးရ တာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဘက်က ပျက်ကွက်နေရင် တက်ကြွလှုပ်ရှားသူတွေက အစိုးရနဲ့တကွ တာဝန် ရှိသူတွေ သိရှိအောင်၊ လူအများကို သိရှိအောင် ကန့်ကွက်ဆန္ဒပြပြီး ပြုပြင်ပေးဖို့ တောင်းဆိုတတ်ပါတယ်။

ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရရော ရွေးကောက်ပွဲနဲ့မဟုတ်ပဲ တရားမဝင်တက်လာတဲ့ အစိုးရတွေထဲမှာပါ အတော် များများဟာ အာဏာရလာတဲ့အခါမှာ အကျင့်စာရိတ္တတွေ ဖောက်ပြန်တတ်ကြပါတယ်။ အာဏာအလွဲသုံးစားတာ (Abuse of power)၊ လာဘ်စားဖောက်ပြန်တာ (Corruption) တွေကင်းတဲ့ အစိုးရ (Clean government) ဆိုတာ ကမ္ဘာပေါ်မှာ အတော် ရှားပါးလှပါတယ်။ များသောအားဖြင့် သူတို့ အာဏာရနေတုန်း ဓနဥစ္စာ ကြွယ်ဝချမ်းသာနိုင်ဖို့ ကြိုးပမ်း တတ်ကြပါတယ်။ ဝိသမ စီးပွားရေးတွေကို တရားဝင် လုပ်နိုင်အောင် ဥပဒေတွေကို သူတို့လိုရာဆွဲပြီး ပြဌာန်းကြပါတယ်။ ဒီအခါမှာ အစိုးရကို အမြဲစောင့်ကြည့်နေတဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ အစိုးရကို ကန့်ကွက်ကြပါတော့တယ်။

(ဆက်လက် ဖော်ပြ ပါဦးမည်။)

လွင်အောင်စိုး

အပြည့်အစုံသို့...

မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား မောင်ရဲခေါင် (စီလီကွန် လွင်ပြင်)

San Francisco Bay Area ရှိ လူငယ် ဗုဒ္ဓဘာသာ သင်တန်း တစ်ခုတွင်
ဖြစ်ပါသည်။ လူငယ်သင်တန်း ဆိုပေမယ့် အမေရိကန်ပြည်တွင် ကြီး၍
အင်္ဂလိပ် စကားသာ အဓိကပြောသော အသက် (၁၀) နှစ်မှ (၁၇) နှစ်ခန့် အထိ အရွယ်စုံ ပါဝင်သော မျိုးဆက်သစ် မြန်မာ လူငယ်လေးများ အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မြန်မာ့ ယဉ်ကျေးမှု ရေးရာများကို အဓိက မိတ်ဆက် သင်ကြားပေးသည့်
လစဉ်သင်တန်း တစ်ခု ဖြစ်ပါသည်။ ထို တစ်လက မြန်မာ့ ယဉ်ကျေးမှု မိတ်ဆက်ကဏ္ဍ အတွက် ကျွန်တော့် တာဝန်ကျရာ ယဉ်ကျေးမှုများအား အမိ မြန်မာပြည် အကြောင်းကို အရင် မိတ်ဆက်ပြောပြရန် ပြင်ဆင်ထားမိသည်။

သင်တန်းမစမီတွင် သင်တန်းသူ၊ သင်တန်းသားလေးများအား “Burma (သို့) Myanmar ဟုခေါ်သည့် အမိမြေ အကြောင်း မည်မျှ သိသနည်း၊ ဘာတွေသိထား သနည်း” ဟု အရင် မေးကြည့်ရာ ကျွန်တော်
ဘာဆက်ပြောရမှန်း မသိ ဖြစ်သွား၏။ သူတို့၏ ဖြေပုံလေးတွေကို ကြည့်၊ ကြည့်ပါ။ ‘Very Hot’ တဲ့၊ ‘Dirty’ တဲ့၊ ‘Bad Government’ တဲ့၊ ‘Mosquito’ တဲ့၊ ‘Poor People’ တဲ့၊ ကုန်ရော။ “မင်းတို့ ပြောတာတွေလည်း ဟုတ်ပါတယ်၊ ဒါတွေက နောင် အခြေအနေ အရ ကြိုးစားပြီး ပြုပြင်ယူလို့ရပါတယ်။ နောက် ကောင်းတာတွေလည်း ပြောပြပါဦး” ဟု တိုက်တွန်းတော့မှ ‘A Lot of Pagodas’ ၊‘Friendly People’ ၊ ‘Good Food’ တဲ့။ ကျွန်တော်လည်း အဲဒီတော့မှ “တခြား ကောင်းတာတွေလည်း ရှိပါသေးတယ်” ဟု ဆိုပြီး မြန်မာပြည်၌ သယံဇာတ နှင့် သဘာဝ အရင်းအမြစ်များ ကြွယ်ဝပုံ၊ ဇီဝ
မျိုးကွဲများ စုံလင်ပုံ၊ ကိုယ်ပိုင် ယဉ်ကျေးမှု နှင့် တိုင်းရင်းသား ပေါင်းစုံ ယှဉ်တွဲ နေထိုင်ကြပြီး ကမ္ဘာ့ အဆင့်မီ Civilization များ ထွန်းကားခဲ့ပုံ၊ ဦးသန့် အစရှိသည့် ကမ္ဘာသိ ထူးချွန်ကျော်ကြားသော မြန်မာများ နှင့် ထူးခြား လှပသော နေရာဒေသများ အကြောင်း စသည်ဖြင့် သူတို့ သိနိုင်အောင်
ရှင်းပြမိပါသည်။
ဟုတ်ပါသည်။ ကျွန်တော်တို့၏ အမိတိုင်းပြည်တွင် ကမ္ဘာ့ အံ့ဖွယ် ထူးခြားသော ယဉ်ကျေးမှု အမွေအနှစ် နှင့် သဘာဝ နေရာဒေသ များစွာ ရှိပါသည်။ ကျွန်တော်တို့ ကိုယ်တိုင် မသိကြ၍ နှင့် သူများသိအောင် ပြန်မပြောတတ်၍သာ တိမ်မြုပ် သလို ဖြစ်နေခြင်း ဖြစ်ပါသည်။ တစ်ချို့တော့
ကြားမိလိုက်ကြမည် ထင်ပါသည်။ 2007 July တုန်းက New 7 Wonders အဖွဲ့  ကြီးမှ ကြီးမှူး၍ ကမ္ဘာ့  အံ့ဖွယ် (၇) သွယ်စာရင်းသစ်ကို ကမ္ဘာ့ လူသား သန်းပေါင်း ရာကျော်၏ Internet ဆန္ဒမဲများဖြင့် ရွေးချယ် သတ်မှတ်ခဲ့ကြရာတွင် မြန်မာပြည်မှ ပုဂံ နှင့် ရွှေတိဂုံ စေတီတော် တို့မှာ Nominate လုပ်မည့်လူပင် မရှိ၍ ဆန်ခါတင် စာရင်း မပြော နှင့် Nominee စာရင်းတွင်ပင် မပါခဲ့ရပါ။

ကျွန်တော်လည်း Yahoo News ထဲတွင် ကမ္ဘာ့ အံ့ဖွယ် နောက်ဆုံး ဆန်ခါတင် (၂၁) နေရာစာရင်း ကိုရွေးချယ်ပြီးကြောင်း သတင်းပါလာတော့မှသာ နောက်ကျစွာ သိခဲ့ရခြင်း ဖြစ်ပါသည်။ တကယ်တော့ မြန်မာတို့၏ အံ့ဖွယ် ဖြစ်သော ပုဂံမြေသည် World’s Man-made Travel Wonders များ စာရင်းတွင် နံပါတ် (၆) နေရာ၌ ရှိနေရာ၊ အခွင့်အရေးသာ ရခဲ့ပါက ကမ္ဘာ့ အံ့ဖွယ် (၇) သွယ် စာရင်း၌ ထိုက်ထိုက်တန်တန် တစ်နေရာ ရခဲ့လိမ့်မည် ဟု ကျွန်တော် ယုံကြည်မိပါသည်။ မြန်မာတို့၏ ဦးစွန်း ရွှေတိဂုံ စေတီတော်ကြီးသည်လည်း Seven Forgotten Wonders စာရင်းတွင် ပါဝင်နေကြောင်း Internet Search လုပ်ကြည့်လျှင် ဂုဏ်ယူဖွယ်ရာ တွေ့ရပါလိမ့်မည်။ ဒါတွေထားပါတော့၊ အသိ နောက်ကျသည့် ကျွန်တော်တို့ ဘာသာပင် အပြစ်တင်ရပါမည်။ ဒါ့အပြင် ယခုAခါတွင် ကျွန်တော်တို့ မြန်မာများ အတွက် နောက်ထပ် အခွင့်အရေး တစ်ခု ရလာပါပြီ။
ဒါကတော့ New 7 Wonders အဖွဲ့ သည် နောက်ထပ် ကမ္ဘာ့ အံ့ဖွယ် (၇) သွယ်စာရင်းကို ထပ်မံ ရွေးချယ် သတ်မှတ်ဖို့ Internet မှ ဆန္ဒမဲများ တောင်းခံနေရာ မြန်မာပြည်မှ သဘာဝ ရတနာဖြစ်သော “မြိတ်ကျွန်းစု - Mergui Archipelago” သည် Final Nominees (၂၆၁) နေရာ စာရင်းတွင်
ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ လူသားများသည် ထို (၂၆၁) ခု စာရင်းဝင် နေရာများကို ၂၀၀၉ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ အထိ မဲပေးခွင့် ရမည်ဖြစ်ပြီး မဲ အများဆုံးရသော ထိပ်ဆုံး (၇၇) နေရာ သည်သာ နောက်ဆုံး အံ့ဖွယ် (၇) သွယ်နေရာ အတွက် ထပ်မံ ရွေးချယ်ခံခွင့် ရရှိမည် ဖြစ်ပါသည်။
မြန်မာပြည်၌ စိတ်ဝင်စားဖွယ် သဘာဝနေရာ များစွာရှိသည့် အနက်
မြိတ်ကျွန်းစု ကိုမှ သူတို့ ဘာကြောင့် ရွေးချယ်ထား သနည်း ဟု Internet
များထဲတွင် လေ့လာကြည့်မိသည်။ အဲဒီတော့မှ လား…၊ လား…၊ အဲဒီတော့မှ
ကျွန်တော် မသိခဲ့ဖူးသော မြိတ်ကျွန်းစု၏ အလှနှင့် ထူးခြားချက်များကို အခြား
လူမျိုးတို့ ရေးထားတော့မှ သွားသိရသည်။ မြိတ်ကျွန်းစုသည် လူသားတို့ မနှောင့်ယှက်သေးဘဲ သဘာဝအရင်း မူလအတိုင်း ကျန်နေသည့် ကမ္ဘာ့ နောက်ဆုံး ကျွန်းစု (World’s Last Archipelago) တဲ့၊ မြိတ်ကျွန်းစု၌ အခြားနေရာတွေမှာ မတွေ့နိုင်တဲ့ ရေသတ္တဝါ မျိုးစိတ်တွေကို စုံလင်အောင် တွေ့ နိုင်တယ်တဲ့၊ ယခင်က ယိုးဒယား နိုင်ငံမှ Similar ကျွန်းများကို ကမ္ဘာ့ ရေငုပ်ရန် အကောင်းဆုံး အဖြစ် သတ်မှတ်ထားရာမှ ယခုအခါ မြိတ်ကျွန်းစုသည် ကမ္ဘာ့ အကောင်းဆုံး Diving Site ဖြစ်သွားပြီတဲ့၊ မြိတ်ကျွန်းစု ငါးမန်း မျိုးစုံ တို့သည် ယဉ်ကျေးပျူငှာစွာဖြင့် လူကို
မကိုက်တတ်သောကြောင့် ကမ္ဘာ့ ရေငုပ်သမား တို့၏ အမြင့်ဆုံး အိပ်မက်ဖြစ်သော ငါးမန်းများ နှင့် မျက်နှာချင်းဆိုင် တွေ့ ဆုံ ဓာတ်ပုံ ရိုက်ယူခြင်း (Shark Encounter) ကို မြိတ်ကျွန်းစုမှာ ပြုလုပ်နိုင်ပြီတဲ့၊ ယခုအခါ ကမ္ဘာလှည့် ခရီးသွားများသည် ထိုင်းနိုင်ငံမှ တဆင့် မြိတ်ကျွန်းစုသို့
ဝင်ရောက်နိုင်ရန် အတွက် မျက်စောင်း တခဲခဲ နှင့် စိုင်းပြင်းနေကြရာ Sea Gypsies ခေါ် ဆလုံ - 3 -
တိုင်းရင်းသား တို့၏ သဘာဝနေအိမ် ဖြစ်သော မြိတ်ကျွန်းစု၏ သဘာဝ ပတ်ဝန်းကျင်များကို မူရင်းအတိုင်း ထိန်းသိမ်းထားနိုင်ရန် အရေးကြီးပြီ စသည်ဖြင့် သိရပါသည်။ အံ့ဖွယ် မြိတ်ကျွန်းစု အတွက်၊ အမိမြေ၏ သဘာဝ အလှအပများ အတွက် ကျွန်တော် ဂုဏ်ယူမိပါသည်။ အကယ်၍
မြိတ်ကျွန်းစုသာ ထိပ်ဆုံး ဆန်ခါတင် (၇၇) နေရာ စာရင်းတွင်သာ အရွေးချယ်ခံရပါက မည်မျှ အားရဖွယ် ကောင်းလိမ့်မည်နည်း ဟုလည်း တွေးတော အိပ်မက် မက်မိပါသည်။ သိပ်တော့ မလွယ်လှပါ။ New 7 Wonders of Nature ရွေးချယ်ပွဲအား လေ့လာကြည့်မိရာ မိမိတို့
နိုင်ငံမှ နေရာများကို အဓိက Vote ကြသည့် ကမ္ဘာ့ နိုင်ငံစုံ မျိုးချစ်စိတ်ဓာတ် ပြိုင်ပွဲသဖွယ်ဖြစ်နေသည်ကို တွေ့ ရပါသည်။ ကျွန်တော်တို့ မြန်မာတွေရော မျိုးချစ်စိတ် မည်မျှ ရှိကြမည် မသိပါ။ လူဦးရေ များပြားလှသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများတွင်ပင် သူတို့၏ နိုင်ငံ ကိုယ်စားပြု
သဘာဝ အံ့ဖွယ်များကို မဲပေးကြရန် အတွက် အမျိုးသားရေး လှုပ်ရှားမှု တစ်ရပ် အဖြစ် နိုင်ငံပိုင် Media များမှပင် လှုံ့ဆော်နေကြပါပြီ။ ကျွန်တော်တို့၏ နိုင်ငံပိုင် Media များကတော့ တခြားအရေးကြီးသည့် ကိစ္စများနှင့် အလုပ်ရှုပ်နေကြတုန်း ရှိပါဦးမည်။ မကြာသေးမီက တောင်အမေရိကမှ အလည်ပြန်လာခဲ့သော မြန်မာ မိတ်ဆွေ တစ်ဦးကလည်း ပြောပါသည်။ ဘရာဇီး နှင့် အာဂျင်တီးနားမှ လူများသည်လည်း သူတို့၏ နာမည်ကျော် Iguazu ရေတံခွန်ကြီးအား ကမ္ဘာ့ အံ့ဖွယ် အဖြစ် မဲပေးကြရန် ခရီးသွား eည့်သည်များကို တိုက်တွန်းသည့် Campaign များလုပ်နေကြပြီတဲ့။
ဒီလိုဆို ကျွန်တော်တို့ နိုင်ငံကရော။ ချစ်လှစွာသော အမိမြေ၏ လူဦးရေ (၉၀) ရာခိုင်နှုန်းကျော်မှာEmail နှင့် Internet သုံးရန် မဆိုထားဘိ၊ Computer ပင် ကောင်းကောင်း မကိုင်ဖူးကြရာ မြိတ်ကျွန်းစု အတွက် လိုအပ်သော မဲများရရန် အားလျော့မိပါသည်။ သို့သော် မြန်မာပြည် ပြင်ပ၌ ရောက်နေကြသော မြန်မာ လူမျိုးများ သန်းပေါင်းများစွာ ရှိပါသည်။ အမေရိကား၊ ကနေဒါ၊ သြစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ ဂျမေကာ၊ အာရပ် နှင့် အာဖရိက စသည့် နိုင်ငံများ အားလုံးတို့မှ မြန်မာများ တက်ညီလက်ညီဖြင့် ဝိုင်းဝန်း မဲပေးကြမည် ဆိုလျှင် ကျွန်တော်တို့၏ အမျိုးသား ရတနာ မြိတ်ကျွန်းစု အတွက် အခွင့်အရေး တစ်ခု ရှိနိုင်ပါသေးသည်။ မိမိတို့၏ အချိန် ၁ မိနစ်ဆို၊ ၁ မိနစ် ကလေးခန့်သာ ကြာပါသည်။ www.new7wonders.com သို့ သွား၍ Asia ၊ Mergui Archipelago (Myanmar) ကို ရွေးလိုက် ရုံသာ ဖြစ်ပါသည်။ ယခုAခါလို မြန်မာလူမျိုးတို့၏ နိုင်ငံ နှင့် အခြေအနေ Aဘက်ဘက်မှ နိမ့်ကျနေချိန်တွင် မိမိတို့၏ အမျိုးသား ဂုဏ်ကို မည်သည့်နည်းနှင့်ပဲ ဖြစ်ဖြစ် မြှင့်တင်ဖို့ ကျွန်တော်တို့ အားလုံး အားထုတ်သင့်ပါသည်။ မျက်မှောက်ကာလတွင် မြိတ်ကျွန်းစုAား ထိန်းသိမ်း စောင့်ရှောက်ရေးထက် သူဌေးကျွန်း စသည့် နေရာများတွင် ကြယ်ငါးပွင့် ကာဆီနို ရုံကြီးများ ဖွင့်၍ နိုင်ငံခြားငွေ ရရှိရေးကိုသာ အလေးပေးနေရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ကမ္ဘာ၏ Aာရုံစိုက် ပံ့ပိုးမှုကိုသာ စောစောစီးစီး မရခဲ့လျှင် မြိတ်ကျွန်းစု၏ Aနာဂတ် Aတွက် ရင်လေးစရာသာ ဖြစ်တော့သည်။

ပြည်တွင်း၊ ပြည်ပ ဘယ်မှာပဲ ရောက်နေနေ မြန်မာတို့ စုစည်း အင်အားပြကြဖို့ အချိန်ကျပါပြီ။ Email Account (၁) ခု ရှိလျှင် (၁) မဲ ပေး၍ ရပါမည်။ ပြည်ပရောက် မြန်မာတိုင်း၌ မရှိဘူးဆိုလျှင်တောင် Email (၂) ခု၊ (၃) ခု ရှိကြပါသည်။ မြန်မာပြည်၌ Internet မသုံးနိုင်သူပေါင်း သန်း (၅၀) ကျော်
ရှိပါသည်။ သူတို့ အားလုံး၏ ကိုယ်စား မိမိတို့၌ ရှိသမျှ Email များဖြင့် Vote ပေးကြပါ။ လူလည်ကျသည် မဟုတ်ပါ။ တခြား လူမျိုးများလည်း ဒီအတိုင်း လုပ်မည် ဖြစ်ပါသည်။ မြိတ်ကျွန်းစုသည် ယခုအခါ (၂၆၁) နေရာ ရှိသည့် အနက် အဆင့် (၁၉၆)၊ ကျွန်းစု အမျိုးအစား အနေနှင့် ဆိုလျှင် အဆင့် (၂၈) ၌သာ ရှိနေပါသည်။ အားလုံး ဝိုင်း Vote ကြလျှင် အဆင့် (၇၇) အတွင်းသို့ အလွယ်တကူ ဝင်နိုင်ပါလိမ့်မည်။ အချိန် (၃) လခန့်သာ ရှိပါတော့သည်။ အချိန်မဆိုင်းဘဲ ချက်ချင်းသွား၍ Vote ကြစေလိုပါသည်။ ကိုယ်တိုင်လည်း Vote ပါ။ မိသားစု နှင့်သူငယ်ချင်းများကိုလည်း တိုက်တွန်းပါ။ ရှိသမျှ နိုင်ငံစုံမှ မိတ်ဆွေများအားလည်း Email Forwardလုပ်ပါ။ ကျွန်တော်တို့ မြန်မာပြည်၏ တိုင်းရင်းသား ပြည်သူများ အတွက်၊ အမိမြေ၏ သဘာဝအံ့ဖွယ် အလှအပ အတွက်၊ ညှိုးနွမ်းနေခဲ့ရသော ကျွန်တော်တို့၏ အမျိုးသား ဂုဏ်သိက္ခာများ အတွက်၊
တောက်ပဆဲ မြန်မာတို့၏ အနာဂတ် အိပ်မက်များ အတွက် သဘာဝ အတိုင်း လှနေသည့် မြန်မာ့ မြိတ်ကျွန်းစု - Mergui Archipelago - ကို ပိုမို ထွန်းပအောင် Vote ပေးကြပါလို့သာ မေတ္တာရပ်ခံ တိုက်တွန်း ရေးသား လိုက်ရပါသည်။ အခုပဲ မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား ခင်ဗျာ။ ။

အပြည့်အစုံသို့...

ဗိုလ်သန်းရွှေ၏ ရွေးချယ် ဆက်ဆံသည့် သံတမန်ရေး

ဗိုလ်သန်းရွှေ၏ ရွေးချယ် ဆက်ဆံသည့် သံတမန်ရေး
အောင်ဇော်


အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်တွင် အာဏာရလာချိန်မှစ၍ သတင်းများအရ ကမ္ဘာ့အင်အားကြီး နိုင်ငံနှင့် ပျက်ယွင်းနေရသည့် ဆက်ဆံရေး ကိစ္စကို ပြန်လည် ပြင်ဆင်နိုင်ရန်
မြန်မာစစ်ဗိုလ်ချုပ်များက ကြိုးပမ်းနေခဲ့ကြသည်ဟု ဆိုပါသည်။ အလားတူပင် ၀ါရှင်တန်ရှိ အစိုးရကလည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ သူတို့ ချမှတ် ကျင့်သုံးနေသည့် မူဝါဒများကို ပြန်လည်သုံးသပ်နေသည်ဟု ဆိုလာခဲ့သည်။

မည်သို့ပင် ဖြစ်စေ၊ နေပြည်တော်ရှိ မြန်မာစစ်အစိုးရနှင့် ဆက်ဆံရမည့်ကိစ္စမှာ အိုဘားမား အစိုးရအတွက် လွယ်ကူလှ သည့် ကိစ္စတော့ မဟုတ်ပါ။ ပို၍ ဆင်ခြင်ပိုင်းခြားမှုရှိသော၊ မဟာဗျူဟာကျသော ချည်းကပ်မှုမျိုးပြုရန် လိုအပ်ပြီး သတိ ကြီးကြီးထားရန်လည်း လိုအပ်ပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ၂-ခုအတွင်း မြန်မာစစ်အစိုးရခေါင်းဆောင်များက အာဏာတပြားသားမျှ လက်လွှတ်လျှော့မပေး ဘဲ တင်းခံရပ်တည်နိုင်ခဲ့ကြပြီး၊ ၎င်းအရည်အချင်းကို လျှော့တွက်၍ မရပါ။ မျက်နှာပျက်စရာအကြောင်း ရှိကောင်းရှိမည်။ သို့သော်လည်း သံတမာန်နည်းလမ်းမှနေ၍ နောက်ဆုံး ပြောင်ပြောင်တင်းတင်း ဖိအားသုံးသည့်နည်း စသဖြင့် နည်းလမ်း ပေါင်းစုံကို အသုံးချကြရမည် ဖြစ်ပါသည်။

အနောက်နိုင်ငံများနှင့် နိုင်ငံတကာမိသားစုက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန်၊ အကူအညီပေးရန် လိုလားကြောင်းပြသ ခဲ့ကြသော်လည်း မြန်မာစစ်အစိုးရက လှိုက်လှိုက်လှဲလှဲ လက်ကမ်းကြိုဆိုသည့်ဟန် မတွေ့ခဲ့ရပါ။

ပုံမှန်ဆိုသလို ပြည်ပမှ မိတ်ဆွေများနှင့် ဆက်ဆံရာတွင် သူတို့က ရွေးချယ်၍ ဆက်ဆံပြီး၊ သတိကြီးကြီးထား လုပ်ဆောင် လေ့ရှိကြပါသည်။ မည်သည့်အတွက်ကြောင့်နည်း။ စစ်အစိုးရ၏ အန္တိမရည်မှန်းချက်မှာ အာဏာဆက်လက်တည်မြဲရေးသာ ဖြစ်ပြီး နိုင်ငံတကာမိသားစုနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လာပါက သူတို့၏ထိန်းချုပ်မှုအာဏာ တိုက်စားခံလာရမည် ကိုလည်း သိနေကြသည်။

သို့အတွက်ကြောင့် စစ်အစိုးရခေါင်းဆောင်များက သူတို့နှစ်သက်ရာ မိတ်ဆွေများနှင့် ရွေးချယ်ပေါင်းသင်းရန် အကြောင်း ဖြစ်လာပြီး၊ တချိန် သူတို့အတွက် အသုံးမ၀င်ပါက စွန့်ပစ်ရန်လည်း ၀န်မလေးကြပါ။

စစ်အစိုးရ ကျင့်သုံးနေသည့် သံတမာန်ရေးမှာ ရွေးချယ်ပေါင်းသင်းဆက်ဆံနေခြင်းသာ ဖြစ်ကြောင်း ပို၍ ထင်ရှားလာပါ သည်။ မိမိဘာသာ သိမ်ငယ်နေသည့် သူတို့၏ အငုံ့စိတ်နှင့် နိုင်ငံခြားသားမုန်းတီးရေးဝါဒကလည်း အထင်းသားပေါ်လွင် နေပါသည်။

မြန်မာစစ်အစိုးရက အနောက်နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့တို့ကို လိုအပ်သလို ခွဲခြား၍ ကစားနေသည် ကို မြင်သာနိုင်သည်။ မြန်မာခေါင်းဆောင်ကြီး ဗိုလ်ချုပ်သန်းရွှေက မစ္စတာဂမ်ဘာရီကို မည်သို့ နှပ်ပစ်ခဲ့သည်ကိုလည်း မမေ့သင့်ပါ။ သူက မျက်နှာသာပေးသည့် မဟာမိတ်နိုင်ငံများနှင့် မည်သို့ဆက်ဆံသည်ကိုလည်း သိသာစွာ တွေ့နိုင်ပါသည်။

လွန်ခဲ့သည့် ၃-လက၊ ဗိုလ်ချုပ်သန်းရွှေက တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ယန် ဂျေးချီ (Yang Jiechi) ကို နေပြည်တော် တွင် လက်ခံတွေ့ဆုံခဲ့ပြီး၊ စစ်အစိုးရ ခေါင်းဆောင်ကြီးက မြန်မာပြည်တွင်းရေး အခြေအနေများကို ၀မ်းသာအားရ ရှင်းလင်း ပြခဲ့ပါသည်။ မြန်မာနိုင်ငံ၏ "မိမိဘာသာ လွတ်လပ်အချုပ်အချယ်ကင်းသည့်မူနှင့် ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ချက် မူများအရ ဆောင်ရွက်နေသော ဒီမိုကရေစီ လုပ်ငန်းစဉ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ" ကို ရှင်းပြခဲ့သည်။ ဧရာဝတီတိုင်းရှိ မုန်တိုင်း သင့်ဒေသများအတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၏ တိုးတက်မှု အခြေအနေများကိုပါ ရှင်းပြခဲ့ပါသည်။

လွန်ခဲ့သည့်လက ဗိုလ်ချုပ်သန်းရွှေ၏ လက်စွဲ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် တွေ့ဆုံပြောကြားရာ၌ သူ၏အစိုးရအနေနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် စောင့်ကြည့်လေ့လာရန် ကုလအထူးသံ မစ္စတာဂမ်ဘာရီကို ခွင့်ပေးမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြ သည်။

ပြီးခဲ့သည့်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲ ကျင်းပစဉ်က မစ္စတာဂမ်ဘာရီကို လာရောက်လေ့လာရန် ဖိတ် ကြားခဲ့ခြင်း မရှိပါ။ သို့သော် စိတ်ဖွယ်စားဖွယ်သတင်းအဖြစ် မြန်မာစစ်အစိုးရပိုင် သတင်းစာများတွင် လာအို၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံမှ သံအမတ်များက မဲရုံများသို့ လာရောက်လေ့လာခဲ့ကြသည်ဟု ဖော်ပြခဲ့ပါသည်။

မစ္စတာ ဂမ်ဘာရီကား အကြိမ်ကြိမ် နှပ်ပစ်ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် စင်္ကာပူ၌ ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာစစ်အစိုးရ၏တောင်းဆိုချက် အရ သူကတင်ပြမည့်အရေးကို အရေးမပါဟု ပယ်ချခံခဲ့ရဖူးသည်။ ထိုအချိန်က သံဃာများဦးဆောင် သည့် ရွှေဝါရောင်တော်လှန်ရေးအပြီး ၂-လအကြာကာလဖြစ်ပြီး၊ မစ္စတာ ဂမ်ဘာရီက မြန်မာနိုင်ငံတွင်း အခြေအနေကို အာ ဆီယံ ခေါင်းဆောင်များထံ အစည်းအဝေးတွင် တင်ပြနိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဗိုလ်ချုပ်သိန်းစိန်က မစ္စတာဂမ်ဘာရီအနေနှင့် "ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုသာ ပြန်လည် အစီရင်ခံ ရန် တာဝန်ရှိကြောင်း၊ အာဆီယံခေါင်းဆောင်များနှင့် အရှေ့ဖျားအာရှ ထိပ်သီးအစည်းအဝေးတွင် တင်ပြရန် တာဝန်မရှိ ကြောင်း" ငြင်းပယ်ခဲ့ပြီးသည့်နောက်တွင် အစည်းအဝေးက ကြိုတင်စီစဉ်ထားသည့် အစီအစဉ်ကို ရုတ်ချည်းရုပ်သိမ်းပေးခဲ့ ပါသည်။

ဗိုလ်ချုပ်သိန်းစိန်က "ပါမောက္ခဂမ်ဘာရီ၏ ခရီးစဉ်များနှင့် ကုလသမဂ္ဂ၏ စေတနာမွန်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများကို မြန်မာအစိုးရက ယုံကြည့်မှုအပြည့်ဖြင့် စီမံဆောင်ရွက်ပေးခဲ့ကြောင်း" ပြောဆိုခဲ့သည်။ ဤအချက်မှာ လုံးဝမမှန်ပါ။ မြန်မာ စစ်အစိုးရက ဂမ်ဘာရီအပေါ် ယုံကြည်မှုဆိုသည်မှာ ၎င်းအနေနှင့် သူတို့၏ရည်ရွယ်ချက်အတွက် အသုံးဝင်နေသမျှ ကာလ မျှသာ ဖြစ်ပါလိမ့်မည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးတွင်လည်း အလားတူပင် ဖြစ်ပါလိမ့်မည်။



သမ္မတအိုဘားမား ယခုနှစ် ဇန်န၀ါရီလတွင် အာဏာရလာချိန်မှစ၍ စစ်အစိုးရ၏ ယခင်သံအမတ်ဟောင်းများက ၀ါရှင်တန် သို့သွား၍ အုပ်ချုပ်ရေးအဖွဲ့သစ်၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒများကို စနည်းနာတီးခေါက်ကြကြောင်း သတင်းများ လည်း ရရှိခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စဟေလာရီ ကလင်တန် လွန်ခဲ့သည့်လက အာရှနိုင်ငံများ သို့ လာရောက်ခဲ့ပြီးနောက်ပိုင်းတွင်လည်း၊ တရုတ်အာဏာပိုင်များနှင့် "သုတေသီ ဆိုသူများ"က ထိုင်းနိုင်ငံသို့ အလျှင် အမြန် ပြေးလွှား ရောက်ရှိလာကြပြီး မြန်မာအတိုက်အခံအုပ်စုများ၊ ပြည်ပရှိနေထိုင်သူများနှင့် အမေရိကန်က မည်သို့မည်ပုံ စဉ်းစားနေသည်ကို တီးခေါက်စနည်းနာခဲ့ကြပါသည်။

စစ်အစိုးရ အာဏာပိုင်များအနေနှင့် ဒေသအတွင်းရှိ အမေရိကန်ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ်များနှင့် ဒုတိယ အကြိမ်အဖြစ် တရားဝင်မဟုတ်သည့် ဆွေးနွေးပွဲများ ကျင်းပရန် ဆန္ဒရှိနေသည်ဟု ပြည်ပရောက် မြန်မာအတိုက်အခံ များက ယုံကြည်နေကြသည်။ အလားတူပထမအကြိမ် တွေ့ဆုံပွဲကို ၂၀၀၆ ခုနှစ်က တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းတွင် ယခင်တခါ ကျင်းပခဲ့သလို၊ ယခုတကြိမ်လည်း ၎င်းနေရာတွင်ပင် ဖြစ်ဖွယ်ရှိသည်။ ပထမအကြိမ်တွေ့ဆုံစဉ်က မြန်မာ စစ်အစိုးရ ခေါင်းဆောင် ၀န်ကြီးများနှင့် အမေရိကန်ပြည်ထောင်စုမှ ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဲရစ်ခ်ဂျွန် (Eric John) တို့ တွေ့ဆုံခဲ့ကြသည်။

လူသူလေးစားခံရသည့် မြန်မာပညာရှင်တဦးက ထင်သာမြင်သာ ဖော်ပြခဲ့ရာတွင် "အပျိုကြီး လင်လိုချင်" သည့်ပုံ ဖြစ်နေ သည်ဟု ဆိုခဲ့သည်။ (ဤနေရာတွင် မြင်သာအောင် တင်စားသုံးနှုန်းခြင်းသာဖြစ်ပြီး အပျိုကြီးများကို စော်ကားလိုသည့် ရည်ရွယ်ချက် မဟုတ်ပါ။)

အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်မည်ဆိုလျှင် တန်ဖိုးကြီးကြီးပေးရမည် ဖြစ်ကြောင်း မြန်မာစစ်အစိုးရက သိထားပါသည်။ အပေးအယူ လိုက်လျောမှုများ ပြုရလိမ့်မည်။ ဖြစ်နိုင်သည်မှာ အမေရိ ကန် ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက်တောင်းဆို လိမ့်မည်ဖြစ်ပြီး၊ ယခုစစ်အစိုးရ၏ "လမ်းပြမြေပုံ" တွင် အင်အားစုများအားလုံး ပို၍ပါဝင်ဆောင်ရွက်စေရန်လည်း တောင်းဆို လာလိမ့်မည်ဖြစ်သည်။

ယခုအပတ်ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာ (Washington Post) ၏ ခေါင်းကြီးပိုင်းက မြန်မာနိုင်ငံ စစ်အစိုးရနှင့် ပတ်သက် ၍ အမေရိကန်ပြည်ထောင်စု၏ မူဝါဒများ ပြန်လည်သုံးသပ်ရာ၌ အထူးသတိထားပါရန် သတိပေးရေးသားခဲ့သေးသည်။

"အမေရိကန်ပြည်ထောင်စု၏ ပြန်လည်ပြင်ဆင်သည့် မူဝါဒက ပို၍ ထိရောက်သည့်၊ သေချာပစ်မှတ်ထားသည့် အရေးယူ ဒဏ်ခတ်မှုမျိုး ဖြစ်လာနိုင်ပါသည်။ မဟာမိတ်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပို၍ ပူးပေါင်းဆောင်ရွက်မှု ရနိုင်သည့်မူဝါဒ မျိုး ဖြစ်နိုင်သည်" ဟု သတင်းစာခေါင်းကြီးက ရေးသားခဲ့သည်။

ထို့အပြင် ၎င်းသတင်းစာကြီးက မှန်မှန်ကန်ကန် မှတ်ချက်ပေးခဲ့ရာတွင် "မြန်မာနိုင်ငံ၏ ဖြစ်သင့်ဖြစ်ထိုက်သည့်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာ၊ ပြည့်စုံကုံလုံစွာ တိုင်ပင်ညှိနှိုင်းမှု မရှိဘဲ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို ဖြေလျှော့ပေးမည် မဟုတ်ကြောင်း မြန်မာအစိုးရကို သိစေသင့်ပါသည်။ မစ္စကလင်တန်အနေနှင့် ဤ အချက်ကို မြန်မာစစ်အစိုးရထံ ရှင်းလင်းစွာ ပြောကြားလိမ့်မည်ဟု မိမိတို့က မျှော်လင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ပါသည်။ သို့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုထားခဲ့ပြီး၊ ထိုအချိန်မှစ၍ အချိန်အတော်များများတွင် သူ့ကို အထီးကျန်ဖြစ်အောင် အိမ်အကျယ်ချုပ်ချ ထား ထိန်းသိမ်းခဲ့ပါသည်။ ဒေါ်အောင်စုကြည် လွတ်မြောက်ရေးကိစ္စ၊ အခြားထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ နှင့် သူတို့၏မိသားစုများအရေးသည် အထူးအရေးကြီးနေဆဲပင် ဖြစ်ပါသည်" ဟု ဖော်ပြရေးသားခဲ့သည်။

မည်သို့ပင် ဖြစ်စေ၊ သေချာသိထားသည့်အချက်မှာ မြန်မာစစ်အစိုးရက ၎င်းတို့အကျိုးမရှိလျှင် မည်သည့်အခါမျှ လိုက် လျောစေ့စပ်လေ့ မရှိခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် စစ်အစိုးရထိပ်သီး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်သန်းရွှေက ဤမူကို အထူးကိုင်စွဲထားသည် မဟုတ်ပါလား။

အောင်ဇော် ရေးသားသည့် Than Shwe’s Selective Diplomacy Demands Caution ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။


အပြည့်အစုံသို့...

ခံစစ်သေ

အောင်သူငြိမ်း
မှဧရာဝတီဘလော့ဂ်
မာနယ်ပလောမှ ရရှိလာသည့် သင်ခန်းစာဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်နှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေတို့ကို နှိုင်းယှဉ်သုံးသပ် မိသည်။ မာနယ်ပလော၏ နေ့များကို မှတ်မှတ်ရရ ကျနော်သတိရနေသေးသည်။ မာနယ်ပလောဆိုသည်က ကရင်ပြောက်ကျား ၃,၀၀၀ ခန့် နေထိုင်သည့် တောရွာကြီးဖြစ်သော်လည်း၊ သေနင်္ဂဗျူဟာအရ အချက်အခြာကျသည့် နေရာတွင်ရှိနေသည်။ သံလွင်မြစ်နှင့် သောင်ရင်းမြစ်အကြား သွယ်တန်းတည်ရှိနေသည့် မြေပြင်ဖြစ်ပြီး၊ သဘာဝတောင်တန်းများ ကာရံထား သောကြောင့်လည်း အရောက်အပေါက် ခက်ခဲသည့်နေရာ ဖြစ်သည်။

မာနယ်ပလောက တိတ်ဆိတ်ငြိမ်သက်နေရာမှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွတောင်းဆိုမှုကို အကြမ်းဖက်ချေမှုန်းခံရ အပြီး၊ ကျောင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက လာရောက်ပူးပေါင်းကြသောအခါ သက်ဝင်လှုပ်ရှားလာခဲ့သည်။ ဒီမိုကရေစီရေး တိုက်ပွဲဆက်ရန် မြို့ပြမှ ကျောင်းသားများကလည်း တိုင်းရင်းသား လက်နက်ကိုင်သူပုန်အင်အားစုများနှင့် ပူးပေါင်းခဲ့ကြသည်။

ယခင်က တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုများ ရှိနေခဲ့သော်လည်း ပင်မမြန်မာ့နိုင်ငံရေးတွင် အလေးထားဖော်ပြ မခံခဲ့ရပါ။ သို့သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးစုများ၏ အရေးက အစွန်အဖျားနေရာမှ ဗဟို ချက်မနေရာသို့ ရောက်လာခဲ့သည်။ အလေးပေး အာရုံစိုက်ခံလာခဲ့ကြရသည်။ မာနယ်ပလောသည်လည်း တချိန်က ကရင် ပြောက်ကျားများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဌာနချုပ်အဖြစ်မှသာမက ဒီမိုကရေစီအင်အားစုများ၏ ဌာနချုပ်အဖြစ်ပါ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့လေသည်။ မာနယ်ပလောကို အဖွဲ့အများအပြားက "လွတ်မြောက် နယ်မြေ" အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ဒီမိုကရေစီအင်အားစုများ၏ တပ်ပေါင်းစု (DAB) နှင့် နောက်ပိုင်းပေါ်ထွက်လာ သည့် တပ်ပေါင်းစုများ၏ ဘူမိနက်သန်ဖြစ်ခဲ့သည့်အပြင်၊ ပြည်ပရောက် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) သည် လည်း ရှားရှားပါးပါး ဤနယ်မြေကျဉ်းကလေးကပင် ပေါ်ထွက်မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က စစ်ရေးအတွေ့အကြုံနည်းလှသေးသော (ABSDF) ကျောင်းသားစစ်သားတဦး အနေနှင့် တာဝန်ယူခဲ့ရသည့် ကျနော့်အနေနှင့် မာနယ်ပလောနှင့် ပတ်သက်သည့် ခံစားမှုက ထူးထူးခြားခြားနိုင်လှသည်။ တဖက်တွင် ပြင်းထန်ကြမ်း တမ်း၊ ရက်စက်ကြမ်းကြုတ်လှသည့် စစ်ပွဲများကြုံခဲ့ရသလို၊ သတ္တိပြောင်မြောက်သူများနှင့် အံ့ချီးဖွယ် လေးစားထိုက်သူ သူရဲကောင်းများကိုလည်း ကြုံခဲ့ရသည်။

မြန်မာစစ်အစိုးရက မာနယ်ပလောသို့ ၁၉၉၁ ခုနှစ်မှ စ၍ ထိုးစစ်များ ဆင်လာခဲ့သည်။ ထိုးစစ်များက များသောအားဖြင့် ခြောက်သွေ့ရာသီ (နွေရာသီ) တွင် ထိုးစစ်ဆင်လာတတ်သည် ဖြစ်ရာ၊ တောမီးလောင်သည့် ရနံ့များ၊ ခြောက်သွေ့သည့် နွေအပူရှိန်၊ နားကွဲမတတ် ဆူလောင်နေတတ်သည့် ပုဇဉ်းရင်ကွဲကောင်များ၏ အော်သံကို ကြားလျှင် ရံဖန်ရံခါ ကျနော် မာနယ်ပလောကို ပြန်အမှတ်ရနေတတ်သည်။ ကျနော့်အတိတ်က မာနယ်ပလော အတွေ့အကြုံကို ပြန်လှုပ်ခတ်လာတတ် သည်။ မာနယ်ပလောတွင် အဖြစ်မျိုးစုံ ကြုံခဲ့ရဖူးသည်။ လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီးပေါက်ကွဲမှုများ ကြုံခဲ့ရ သလို၊ ရုပ်ပုံ ပျက်ယွင်းနေသည့် အလောင်းများကိုလည်း ရေချိုးပေးရဖူးသည်။ စစ်ရှိန်အမြင့်ဆုံး အချိန်၌ တစ္ဆေမြို့ကြီး သဖွယ် လူသူတိတ်ဆိတ်နေသည့် မာနယ်ပလောကိုလည်း မြင်ခဲ့ရဖူးသည်။ သေနတ်ထောက်ခေါ်လာပြီး ပေါ်တာထမ်းခိုင်း သည့်ကြားမှ သက်စွန့်ဆံဖျားထွက်ပြေးလာပြီး ကျနော်တို့တပ်များနှင့် ပူးပေါင်းလာကြသည့် အထမ်းသမား ပေါ်တာများကို လည်း ကြုံဆုံခဲ့ရဖူးပါသည်။

မိမိထက် လက်နက်၊ လူသူ အင်အားသာသော မြန်မာစစ်တပ်များ၏ ထိုးစစ်ကို အံ့သြဖွယ် ကြံ့ကြံ့ခံနိုင်ခဲ့သည့် ကရင်တပ် များကို ချီးကျူးကြရမည်ပင် ဖြစ်သည်။ ထိုစဉ်က အတွေ့အကြုံနည်းလှသေးသည့် လူငယ်လေးတဦးအနေဖြင့် ကျနော်က မာနယ်ပလောကို မကျရှုံးဘဲ ဆက်လက်ခုခံနိုင်သည်ကို မြင်ချင်နေမိသည်။ ထိုးစစ်မှန်သမျှ လှန်ပစ်လိုက်သည်ကို မြင်ချင် နေမိသည်။ သို့သော်လည်း ဤသည်က ကျနော်၏စိတ်ကူးဆန္ဒသာ ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် စစ်အစိုးရ စစ်တပ်များ နှင့် ခွဲထွက် ဒီကေဘီအေတပ်များလက်တွင်းသို့ မာနယ်ပလောကို လက်လွှတ်ခဲ့ရပါသည်။ အမှန်တော့ ခံစစ်သေဆိုသည်မှာ ယနေ့ကာလတွင် မသုံးတော့သော၊ မေ့လျော့နေကြပြီဖြစ်သော စစ်အတတ်ပညာသာ ဖြစ်ပါသည်။ မည်သည့် စစ် တပ်ကမျှ ခံစစ်ကတုတ် တခုထဲတွင် ပိတ်မိ၍ မနေလိုကြတော့ပြီ။ ခံတပ်များကိုလည်း မဆောက်လိုကြတော့ပြီ ဖြစ်သည်။

ထိုအချိန် တောထဲနေစဉ်က ကျနော် ဆောင်းပါးတပုဒ် ဖတ်ခဲ့ရသည်။ စာရေးဆရာကို တိတိကျကျ မှန်းဆမရတော့သော် လည်း မာတင်စမစ်ဟု ထင်ပါသည်။ သူက ၁၉၉၀ ခုနှစ် ကာလများက မာနယ်ပလောကို မြန်မာ့နိုင်ငံရေးဟု "ဗဟိုချက်မ" ဟု ဖော်ပြခဲ့သည်။ ထိုအချိန်က ကျောင်းသားများ ထွက်ပြေးရောက်ရှိလာကြပြီး နောက်ပိုင်း၊ နိုင်ငံတကာနှင့် သတင်းမီဒီ ယာများကလည်း မာနယ်ပလောတွင် အာရုံစိုက်နေခဲ့ကြသည် မဟုတ်ပါလား။ မာနယ်ပလောက တိုင်းရင်းသားအင်အားစု များ၏ (ရေတိုပဲ ဖြစ်ပါစေ) ညီညွတ်မှုပြယုဂ်တခု ဖြစ်နေခဲ့သလို၊ စင်ပြိုင် အစိုးရဖွဲ့စည်းထားသည်မှာလည်း လတ်လတ် ဆတ်ဆတ်၊ ထိုမျှမက စိတ်လှုပ်ရှားဖွယ် တိုက်ပွဲကြီးများ၊ ထိုးစစ်များကြောင့်လည်း မာနယ်ပလောက လူအများကိုဖမ်းစား ထားနိုင်ခဲ့ပါသည်။

၎င်းစာရေးသူကပင် ဆက်ပြောပါသည်။ နောက်ပိုင်း ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း ဤနိုင်ငံရေး "ဗဟိုချက်မ"က အိမ်အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းသို့ ပြောင်းရွှေ့သွားခဲ့ သည်ဟု ဆိုသည်။ ဒေါ်စုအိမ်ရှေ့တွင် ထောက်ခံသူများဖြင့် စည်ကားနေခဲ့သလို၊ အပတ်စဉ် ဆွေးနွေးပွဲများတွင်လည်း ဒေါ် အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များက စိတ်လှုပ်ရှားဖွယ် ဟောပြောစည်းရုံးနိုင် ခဲ့ကြသည်။ နောက်တကြိမ် ချေမှုန်း ဖြိုခွဲမခံရမီ အထိ လှုပ်ရှားနိုင်ခဲ့ကြပါသည်။

ဤဆောင်းပါးကို ဖတ်မိချိန်မှစ၍ ရံဖန်ရံခါဆိုသလို ကျနော် တွက်ဆနေမိဖူးသည်။ မြန်မာနိုင်ငံရေး၏ "ဗဟိုချက်မ" က ယနေ့ အချိန်တွင် မည်သည့်နေရာတွင် ရှိနေပါသနည်း။ ကျနော့်တွင် အဖြေ အတိအကျ မရှိပါ။ သို့သော်လည်း နိုင်ငံရေး နှင့် အာဏာသဘော၏ အရည်ဆန်မှု၊ ရွှေ့ပြောင်းနေမှုကို သဘောပေါက်လာသည်ဟုတော့ ထင်သည်။

မာနယ်ပလော ခံစစ် အတွေ့အကြုံမှနေ၍ ကျနော် သင်ကြားရရှိလာခဲ့သည့် အရေးကြီးသော သင်ခန်းစာတခု ရှိသည်ဟု တော့ထင်သည်။ ခံစစ်သေများမှာ ဘယ်တော့မှ ရေရှည်မမြဲဟူ၍ ဖြစ်ပါသည်။ ကျနော်က ဒေါ်စုအိမ်ရှေ့ လူထုစုဝေးပွဲများ နှင့် ၅-ယောက်ထက်ပို၍ မစုရုံးရ မာရှယ်လောကို အာခံနေသည့် လှုပ်ရှားမှုများကို စစ်ရေးအရ သုံးသပ်မိသည်။ ခြံအမှတ် -၅၄ က ခံစစ်သေသဖွယ် ဖြစ်လာခဲ့ပြီဟု ကျနော်မြင်မိသည်။ ဖြစ်နိုင်လျှင် အလားတူ လှုပ်ရှားမှုများကို ခြံအမှတ်-၅၄ တခု တည်းသာမက အခြား အနယ်နယ် အရပ်ရပ်ရှိ NLD ရုံးခွဲများ အထိပါ ပျံ့နှံ့သွားစေချင်ပါသည်။ ခံစစ်သေဆိုလျှင် မကြာမီပင် ၀ိုင်းပတ်ခံရမည်၊ ချေမှုန်းခံရဖို့ များနေပါသည်။

မာနယ်ပလော ခေတ်ကောင်းစဉ်ကပင် အချို့သော တပ်မှူးများနှင့် နိုင်ငံရေးသမားများက ကေအဲန်ယူခေါင်းဆောင်များထံ တပ်များကို ဖြန့်ချရန် အကြံပေးခဲ့ကြဖူးပါသည်။ ခံတပ်တခုသဖွယ် ခုခံနေကြမည့်အစား၊ ရှေ့ကိုထိုးဖောက်၍ ပြောက်ကျား စစ်ဆင်ရန် အကြံပေးခဲ့ကြဖူးပါသည်။ လက်နက် လူအင်အားမယှဉ်သာသော ပြောက်ကျားစစ်ပွဲ၏ သဘောသဘာဝနှင့် လည်း သို့မှသာ ကိုက်ညီလိမ့်မည်ဟု ဆိုခဲ့ကြသည်။ ဒီမိုကရေစီအင်အားစုများအနေနှင့်လည်း ဤသင်ခန်းစာကို အသုံးမချ သင့်ပါသလော၊ ကျနော် စဉ်းစားခဲ့ဖူးသည်။

ယခုတော့ စစ်အစိုးရက ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု ကြေညာလာခဲ့ရာ "ရပ်တည်ချက်" ပြဿနာပေါ် ပေါက်လာခဲ့သည်။ အထူးသဖြင့် မြေပြိုကမ်းပြို အနိုင်ရခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ဆုပ်ကိုင်မည် လော၊ နောက်တပွဲအတွက် ပြင်မည်လောဟု ပြဿနာ ရှိလာသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူများက သူတို့၏ ဒီမိုကရေစီ လိုလားချက်ကို ပြသသည့်အနေနှင့် သူတို့၏ နှလုံး သားမှ မဲတပြားကို တန်ဖိုးထားပေးခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အားကိုးအားထား ပေးခဲ့ကြပြီး၊ NLD က သမိုင်းဝင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာ စေရေးအတွက် NLD ရွေးချယ်ခံ ကိုယ်စားလှယ်များအပါအ၀င် လူအများအပြားက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အခြေပြု အသုံးချခဲ့ကြပါသည်။ ဂန္ဒီခမ်းမ ကြေညာချက်ထုတ်၍ တောင်းဆိုခဲ့သည်။ မြန်မာပြည်တွင်း စင်ပြိုင်အစိုးရဖွဲ့စည်းရေး လှုပ်ရှားခဲ့ကြသည်။ ပြည်ပတွင် အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို တည်ထောင်ခဲ့ကြသည်။ စစ် အစိုးရ၏ တရားဝင်မှုကို သရော်စိန်ခေါ်လုပ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ (CRPP) ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုမျှမက အခြားနည်းများဖြင့်ပါ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို သုံး၍ ကြိုးပမ်းခဲ့ကြပါသည်။ ၂၀၀၆ ခုနှစ်၊ NLD အထူးကြေ ညာချက်အရ "လွှတ်တော်ခေါ်ပေးပါ၊ လွှတ်တော်မှ စစ်အစိုးရကို အသိအမှတ်ပြုပေးမည်။ နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ် ငန်းများ ဆက်ဆွေးနွေးမည်" ဟု အတုံ့အလှယ်သဘောမျိုးလည်း အဆိုပြုခဲ့ဖူးသည်။ နောက်ဆုံး ကုလသမဂ္ဂတွင် စစ်အစိုး ရ၏ ထိုင်ခုံနေရာ ဖယ်ရှားရေးအတွက် လှုပ်ရှားမှုများကိုပါ ဆောင်ရွက်ခဲ့ကြပါသည်။

သို့သော် မေးခွန်းဖြစ်လာသည်မှာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် မြန်မာ့နိုင်ငံရေး၏ "ဗဟိုချက်မ" တွင် ရှိနေပါသေး၏ လော ဆိုသည့် မေးခွန်းဖြစ်သည်။ ကျနော့်အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ဆုပ်ကိုင်ထားလိုသည့် တက်ကြွလှုပ်ရှားသူများ၊ မစွန့်ပယ်လိုကြသူများအပေါ် နားလည်စာနာမှု ပေးနိုင်ပါသည်။ ထိုရလဒ်ကို ကာကွယ်ထိန်းသိမ်း ရေးအတွက် လူအများက သူတို့၏ အသက်သွေးချွေးများ စွန့်လွှတ်ပေးဆပ် ကာကွယ်ခဲ့ကြရသလို၊ အများအပြားမှာလည်း ထောင်များအတွင်း အနစ်နာခံ ပေးဆပ်နေကြရဆဲ ဖြစ်သည်။
စစ်တပ်က ဆောင်ရွက်ပေးမည့် ၂၀၁၀ ရွေးကောက်ပွဲသည်လည်း မြန်မာနိုင်ငံရေး၏ "ဗဟိုချက်မ" ဖြစ်လာနိုင်ပါ၏လော။ မေးရန် ကျန်ရှိနေပါသေးသည်။ လာမည့် ရွေးကောက်ပွဲတွင် မသမာမှုများ၊ မဲညစ်မဲလိမ်မှုများ မျှော်လင့်ထားကြသလို၊ ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများ၊ ပါတီများ လုပ်ပိုင်စည်းရုံးခွင့်များလည်း လူသိရှင်ကြား ရှင်းရှင်းလင်းလင်း ထွက်ပေါ် မလာ သေးပါ။ လူအများစုက ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပစဉ်ကလို၊ သူ့ဖဲသူချိုး သူ့အကွက်သူဆင် သွားလိမ့်မည်ဟုသာ ယူဆနေကြပါသည်။ ထိုမျှမက ဤရွေးကောက်ပွဲရလဒ်သည်ပင် ဒီမိုကရေစီနည်း မကျသော စစ်တပ်က ဓါးမိုးထားသည့် ဖွဲ့စည်းပုံအရ ဆက်လက်စခန်းသွားကြရဖို့ ရှိနေပါသည်။

အများစုက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မစွန့်လွှတ်လိုကြပါ။ တချိန် အသုံးပြုနိုင်မည့် လက်နက်ကောင်း ဖြစ်နိုင်သည်ဟု ယူဆနေကြဆဲ ဖြစ်ပါသည်။ သို့ဆိုလျှင်လည်း မေးခွန်းရှိနေပါသေးသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မည်သို့ အား ကောင်းသက်ဝင်လာအောင် ဖြည့်ဆီးကြမည်နည်းဟူသော မေးခွန်းပင် ဖြစ်ပါသည်။

အတိုက်အခံ အင်အားစု အများစုနှင့် အစိုးရနှင့် သဘောထားကွဲသူများက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားရေး ၌သာ ရပ်တည်တင်းခံနေကြသည်ကို ကျနော်သတိပြုမိပါသည်။ ဤအနေအထားကို ကျနော်က ခံစစ်သေသဖွယ် ထင်မြင် လာမိပါသည်။ ဤခံစစ်သေကို မည်မျှကြာကြာ ကျနော်တို့ ထိန်းသိမ်းနိုင်ပါမည်နည်း။ မသေချာလှပါ။

တချိန်တည်းမှာပင် ၂၀၁၀ ရွေးကောက်ပွဲကို ရွေးလိုက်ကြရအောင်လားဟုလည်း ကျနော် မတိုက်တွန်းလိုသေးပါ။ ဤ ၂၀၁၀ ရွေးကောက်ပွဲသည်သာ မြန်မာ့နိုင်ငံရေး၏ ဗဟိုချက်မ၊ မြန်မာနိုင်ငံ ပြဿနာများ ပြေလည် သွားဖွယ်ရာ လမ်းကြောင်းအဖြစ် မမြင်မိသေးပါ။

မြန်မာ ဒီမိုကရေစီအင်အားစုများ အားလုံး၊ တိုင်းရင်းသား အင်အားစုများ အားလုံး ဆုံချက်တခုတည်းတွင် စုစည်းမိနိုင်မည့် ဗဟိုချက်မမျိုး ယနေ့ကာလတွင် ကျနော် မမြင်မိသေးပါ။ တနိုင်ငံလုံးကို ဖြန့်ကျက်၊ စည်းရုံး၊ လူထုအများကြား ပျံ့နှံ့သွားဖွယ် လှုပ်ရှားမှုများလည်း မမြင်မိသေးပါ။

သေချာသည်ကတော့ ခံစစ်သေ အနေအထားဖြင့် ကျနော်မသွားလိုလှပါ။ သို့သော် သေချာသော အဖြေလည်း ကျနော့ တွင် ရှိမနေပါ။ ၂၀၁၀ ရွေးကောက်ပွဲတခုတည်းဖြင့် ပွဲအပြီးဟု ယူဆထားရန် မဖြစ်နိုင်ပါ။ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ရေရှည်ဖြတ်သန်းရမည့် ခရီးစဉ်တခုဟု သတ်မှတ်ယူဆလျှင်ဖြင့် ၂၀၁၀ ရွေး ကောက်ပွဲသည်လည်း ကျနော်တို့ မကြိုက် သော်လည်း၊ ကျနော်တို့ မျှော်မှန်းထားသည့် လမ်းနှင့် လွဲနေသော်လည်း မလွဲမသွေ ဖြတ်သန်းကြရမည့် အဆင့်တခု၊ လှုပ်ရှားမှုတခုဟု ယူဆမိပါတော့သည်။

အောင်သူငြိမ်းသည် ပြည်ပတွင် နေထိုင်၊ အလုပ် လုပ်ကိုင်နေသည့် အလွတ်သုတေသီတဦး ဖြစ်ပါသည်။



အပြည့်အစုံသို့...

Monday, March 16, 2009

င့ါတိုင်းပြည်လေးမှာ

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတက်ပါတယ် ။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတက်ကြပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတက်ကြပါတယ်

မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို
ငါ မက်မောပါတယ်
ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးက အစ " ဟလို " ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်

ဒါပေမယ့်.....အချစ်ရယ်
ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
ကာပူချီနိ ထက်
အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေ ကို ငါပိုမက်မောတယ်

မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်

အသားညှပ်ပေါင်မုန့်ထက်
ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
ငါကျေနပ်တယ်

ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို
ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
ငါမလဲ နိင်ခဲ့ပါဘူး

ဒါပါပဲ......ချစ်ရယ်
နောက်ဆုံး
ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
" ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် "

အပြည့်အစုံသို့...

မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်

တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။ ကျောင်းသားတွေ နားလည်အောင် စာကို ရှင်းမပြတတ်တော့ အလုပ်ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို အမေက ပွတ်သပ်ပေးရင်း 'သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ' လို့ သူ့ကို နှစ်သိမ့်ခဲ့တယ်။

အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီး အလုပ်သွားလုပ်ခဲ့တယ်။ မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ် ဆိုပြီး အလုပ်ထုတ်ခံလိုက်ရပြန်တယ်။ 'မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်း နှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့ ဖြစ်လိမ့်မယ်' လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။

အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။ အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့ ထုတ်ခံလိုက်ရတာချည်းပဲ။ စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက အပြစ်မတင်ဘဲ အမြဲနှစ်သိမ့် အားပေးခဲ့တယ်။

သူအသက် ၃ဝမှာ တတ်ထားတဲ့ ပညာလေးနဲ့ ဆွံအ နားမကြားကျောင်းမှာ ဝင်လုပ်ခဲ့တယ်။ အဲဒီနောက် မသန်မစွမ်း ကလေးတွေအတွက် ကျောင်းတစ်ကျောင်း ဖွင့်နိုင်ခဲ့တယ်။ နောက်ထပ် မသန်မစွမ်းသူတွေ သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ဖြန့်ဝေခဲ့တယ်။ အခုဆိုရင် သူဟာ အောင်မြင်တဲ့ သူဌေးတစ်ဦး ဖြစ်ခဲ့ပါပြီ။

တစ်နေ့မှာ အောင်မြင်တဲ့ သမီးတစ်ဦးက အိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီး နှစ်ရှည်လကြာ သူသိချင်ခဲ့တဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို မေးခဲ့တယ်။ အဲတာက သူကျရှုံးနေတဲ့အချိန်၊ အနာဂတ်တွေ မဲမှောင်နေတဲ့အချိန်၊ ရှေ့ဆက်ဖို့ လမ်းတွေ ပျောက်နေတဲ့အချိန်မှာ အမေက ဘာအကြောင်းကြောင့် သူ့အပေါ် ယုံကြည်မှုတွေ ရှိနေသေးသလဲ? ဆိုတာဖြစ်တယ်။

အမေရဲ့ အဖြေက ရိုးရိုးလေးပါ။ အမေက ပြောတယ်.. ' မြေတစ်ကွက်မှာ ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ မဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင် တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။ ပန်းပွင့်မှာတော့ သေချာတယ်။ မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။ နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်'

အမေ့ရဲ့ စကားကိုကြားတော့ သူငိုမိတယ်။ မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့ အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင် အညှောင့်ပေါက်စေကြောင်း သူနားလည်လိုက်တယ်။

မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင် လှပတဲ့အပွင့်နဲ့ ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။ ဘယ်နေရာ၊ဘယ်ဒေသပဲ ရောက်ရောက် ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။သင့်တော်တဲ့ နေရာမှာ ကိုယ်တတ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်....

မူရင်းရေးသားသူ Wen-Yin Chen (陳文英) မူရင်းကို ဒီနေရာမှာ ကြည့်ပါ။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အပြည့်အစုံသို့...

Sunday, March 15, 2009

အထူးသတိထားရမယ့် အချက်တစ်ချက်







အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။
အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့။


အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။


ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက်ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက်ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့၊ သေချာအောင် ပုံပါထည့်ပေးလိုက်တယ်။
Web: တစ်ခုမှ ကူးယူမျှဝေပေးလိုက်ပါသည်။

အပြည့်အစုံသို့...

souls of 88

အပြည့်အစုံသို့...

တာဝန်ရှိကယူရမည်

တာဝန်ရှိကယူရမည်

ရေမလာလို့မီးကပျက် နအဖအခက်၊

ထကြွကြလော့ခွပ်ဒေါင်းတွေ အချိန်အခါကျရောက်ပေ၊

နေရာအနှံ့သပိတ်မှောက် ငရွှေမြောင်းထဲအရောက်၊

ဘုန်းကြီးသတ်တဲ့အပုပ်ကောင် လဒမစားပေါင်၊

ဘုရားတည်လည်းမရနိုင် သံသရာကိုတိုင်၊

ကြိုင်ရွှေမပါအဆစ်ရ အဝေဇိမှာဂျိုးကပ်ဟ

ဂျိုးကပ်ဟ ဂျိုးကပ်ဟ။ ။

(ရဲရင့်ငယ်-ကိုဖုန်းမော်နှစ်ပတ်လည်နေ့)

အပြည့်အစုံသို့...

လက်တွေ့ထောင်ဖောက်ခြင်း သင်ခန်းစာ

လက်တွေ့ထောင်ဖောက်ခြင်း သင်ခန်းစာ

ဂါမဏိ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အကျဉ်းထောင်တခုကနေ ၁၉၉၆ ခုမှာ ထောင်ဖောက်လွတ်မြောက်သွားတဲ့ မူးယစ်ဆေး ကုန်ကူးမှုနဲ့ ထောင် ကျခဲ့တဲ့ ဒေးဗစ်မက်မီလန်က သူ့ရဲ့ ထောင်ဖောက်မှုအတွေ့အကြုံကို အခုလို ဝေမျှပါတယ်။

"ကျနော့်ကို ရဲ ၄ ယောက်က ဘန်ကောက်မြို့ တရုတ်တန်းက ခရီးသွားအေဂျင်စီရုံးခန်းထဲ လာဖမ်းတဲ့အချိန်ကစပြီး [ထွက်ပြေးဖို့] စ,ကြံစည်ခဲ့တာဖြစ်ပါတယ်။ တပတ်လောက်ကြာတော့ ကျနော် ထောင်ထဲရောက်သွားတဲ့အခါ ကျနော်ဟာ သံတိုင်တွေ၊ အုတ်နံရံတွေ၊ လျှပ်စစ်လွှတ်ထားတဲ့ သံဆူးကြိုးတွေကို စတင်လေ့လာပြီး ထွက်ပြေးနိုင်ဖို့ အကောင်းဆုံးနေရာကို ရှာဖွေခဲ့ပါတယ်။ ကျနော်ဟာ အဆောင် ၆ မှာ သွားနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဆောင် ၆ က ပြူတင်းပေါက် သံတိုင်တွေဟာ အသေးဆုံးဖြစ်လို့ပါဘဲ။...

အဲဒီထောင်မှာ ထောင်ဝါဒါကလည်း သိတ်မများပါဘူး။ အကျဉ်းသား ၁၂၀ ကို ဝါဒါတယောက်နှုန်းလောက်ဘဲ ရှိမယ် ထင်ပါတယ်။ တကယ်တော့ အဲဒီထောင်ကို အစိုးရက ကိုင်တွယ်ထိန်းသိမ်းတာမဟုတ်ဘဲ ထိန်းသိမ်းရေးဂေါပကအဖွဲ့ တခုက အုပ်ချုပ်တာဖြစ်ပါတယ်။ ယူနီဖောင်းတွေမှာ ပန်းပွားတွေ၊ လေထီးခုန်တံဆိပ်တွေ၊ အပွင့်တွေ အချောင်းတွေ တပ်ပြီး ဟန်ရေးပြနေတဲ့လူတွေ ဖြစ်ပါတယ်။

[ထောင်ဖောက်ပြေးရာမှာ] အရေးကြီးတကာ့အရေးကြီးဆုံးအချက်ကတော့ လျှို့ဝှက်ရေးပါဘဲ။ တကယ်တော့ ထောင် ထဲမှာ ကျနော့်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းထားပေးနိုင်မယ့်လူ တယောက်မှမရှိပါဘူး။ ...

စီမံကိန်းဆွဲခြင်းသည် ပထမ

ပထမဆုံးလုပ်ရမှာက တယောက်ထဲနေလို့ရတဲ့ အကျဉ်းခန်းလေးရဖို့ဖြစ်ပါတယ်။ အကျဉ်းခန်းအများစုဟာ ကားဂိုဒေါင် တလုံးစာလောက် ရှိပြီး အကျဉ်းသား ၂၅ ယောက်လောက် စုနေရပါတယ်။ ငါးသေတ္တာဗူးထဲက ငါးတွေလို ကျပ်ညပ်ပြီး အိပ်ရပါတယ်။

လူတိုင်းကိုသံခြေကျင်းတွေ ခတ်ထားတဲ့အတွက် တချွင်ချွင်အသံလည်း မြည်နေပါတယ်။ မီးကိုလည်း တညလုံး ထွန်းထားပါတယ်။ ကျနော်ကတော့ ပိတ်ဖွင့်လို့ရတဲ့ မီးခလုတ်တခုရအောင် ပိုက်ဆံပေးပြီး အကြံအဖန်လုပ်ခဲ့ပါတယ်။

ကျနော် ထောင်ထဲမှာ ငွေအများကြီးအကုန်ခံခဲ့ပါတယ်။ ကျနော့်မှာ ရုံးခန်းတခန်း၊ ထမင်းချက်တယောက်၊ သန့်ရှင်းရေးသမားတယောက် စသဖြင့် ထားပါတယ်။ တလကို ဒေါ်လာ ၇၀၀ ကျော်လောက် အကုန်ခံနိုင်ရင် ထောင်ထဲမှာ ဇိမ်နဲ့နေလို့ရပါတယ်။ ဒါပေမဲ့ သိထားဖို့က ထောင်ထဲရောက်လာသူ ရာဇဝတ်သားအများစုဟာ လူ့အဖွဲ့အစည်းက စွန့်ပယ်ပစ်လိုက်သူတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဝမှာ မျှော်လင့် ချက်တွေ ပျောက်ဆုံးသွားပြီး မိတ်ဆွေအပေါင်းအသင်း ဘာမှမကျန်တော့သလောက် ဖြစ်သွားကြသူတွေဖြစ်ပါတယ်။

အကျဉ်းသားအများစုဟာ ထောင်ဖောက်ပေးဖို့ကိစ္စ ပြောရင် တအားတက်ကြွ စိတ်ပါလာတတ်ပါတယ်။ ဒါပေမဲ့ သိတ် မကြာခင်မှာဘဲ 'နေစမ်းပါဦး။ မဖြစ်သေးပါဘူး' လို့ သဘောပေါက်သွားတတ်ပါတယ်။ အရင်က ထောင်ဖောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ အကျဉ်းသားငါးယောက်ကို ခဏအတွင်းမှာ သွားသတိရလို့ဖြစ်ပါတယ်။ ဒီငါးယောက် ဟာ အပြင်ဆုံးအုတ်နံရံအထိ ရောက်သွားခဲ့ပြီးမှ ပြန်မိခဲ့တာဖြစ်ပါတယ်။ သူတို့အားလုံး ပြစ်ဒဏ်တိုက်ပိတ်ခံရပါတယ်။ ပြစ်ဒဏ်တိုက် ဆိုတာ အဝတ်ဘီဒိုအသေးတလုံးလောက်ရှိတဲ့ သွပ်လှောင်အိမ်ဘဲဖြစ်ပါတယ်။ သူတို့ကို အဲဒီတိုက်ထဲ ကနေ ဆင်ခတ်တဲ့သံမဏိထူးကြိုးကြီးတွေခတ်ပြီး နေ့တိုင်း ထုတ်လိုက်သွင်းလိုက် လုပ်ပါတယ်။ အပြင်ထုတ်ချိန်မှာ ရိုက်နှက်ညှဉ်းဆဲပါတယ်။ ငါးယောက်မှာ လေးယောက်သေသွားခဲ့ပါတယ်။

ကျနော်ဟာ ထောင်ဝင်စာအထုပ်ထဲမှာ သေသေချာချာဝှက်သွင်းလာတဲ့ သံဖြတ်လွှတွေနဲ့ ညသန်းခေါင်အချိန်မှာ သံတိုင်တွေကို စဖြတ် ပါတယ်။ တကယ်တော့ သံတိုင်တချောင်းဘဲ ဖြတ်ဖို့လိုပါတယ်။ ဒါတောင် တချောင်းလုံး ပြတ်အောင် ဖြတ်ဖို့မလိုပါဘူး။ ကျနော့်အဖော် ဆွီဒင်လူမျိုးဗလကြီးက ဆွဲကွေးပစ်နိုင်လို့ ဖြစ်ပါတယ်။ ကျနော်ကတော့ အတွင်းခံဘောင်းဘီတိုဝတ် ကိုယ်မှာဆီသုတ်ထားပြီး သံတိုင် ကြားကနေ လျှောထွက်လိုက်ပါတယ်။

နောက်ဆုံးအဟန့်အတား

ကျနော် အခန်းပြင်ရောက်ပြီးနောက် တိုက်ဝင်းထဲကထွက်နိုင်ဖို့ ပျဉ်တချပ်သုံးရပါတယ်။ အဲဒီပျဉ်က စာအုပ်စင်ကပျဉ် ဖြစ်ပါတယ်။ ကျနော့်အခန်းထဲကပစ္စည်းအားလုံးဟာ ထောင်ဖောက်ရာမှာ အထောက်အကူရဖို့ ရည်ရွယ်ပြီး ရှာဖွေစု ဆောင်းထားတာဖြစ်ပါတယ်။ ပရိဘောဂတွေဟာ လှေခါးတွေဖြစ်သွားပြီး ခန်းဆီးတွေက ကြိုးတွေဖြစ်သွားပါတယ်။

ကျနော်ဟာ အုတ်နံရံ ၆ ခုကို ကျော်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်ဟာ အလုပ်ရုံတခုထဲဝင်ပြီး လှေခါးရှည်တခုနဲ့ ဝါးလုံးရှည် တချောင်း ယူလိုက်ပြီး အုတ်နံရံတွေကို တခုပြီးတခု ကျော်ခဲ့ပါတယ်။ ဝါဒါတွေ ဘယ်မှာအိပ်တယ် ဆိုတာကို ကျနော်စုံစမ်းထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တယောက်တလေက ကင်းလှည့်တာမျိုး ရှိတတ်ပါတယ်။ အဲသလိုကင်းလှည့်နေတဲ့အခါ ကျနော်အမှောင်ရိပ်မှာ ပုံးနေရပါတယ်။

မနက် ၄ နာရီလောက်ရောက်ချိန်မှာ ကျနော်ဟာ အတော့်ကို ပင်ပန်းနုံးချိနေပါပြီ။ ဘာခံစားမှုမှမရှိတော့ဘဲ ထုံကျင်နေပြီး စက်ရုပ်လိုဘဲ လှုပ်ရှားနေမိပါတယ်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ဒီဒုက္ခဆင်းရဲကမ္ဘာလေးထဲမှာ လူပေါင်း ၁၂၀၀၀ လောက် ပြစ်ဒဏ် ကျခံနေရင်း လုံးလုံးလျားလျားပိတ်မိနေတာကို ဆင်ခြင်မိတော့ ငါလည်း ထောင်မဖောက်နိုင်ရင် ဒီလိုဘဲနေရမှာဘဲလို့ အတွေးပေါက် မိပါတယ်။

လျှပ်စစ်လွှတ်သံဆူးကြိုးတပ် နောက်ဆုံးအုတ်တံတိုင်းထိပ်ကို ကျနော်ရောက်တဲ့အချိန်မှာ အရုဏ်ပျို့လာပြီး အရှေ့ဘက်ကောင်းကင်မှာ လိမ္မော်ရောင်နုနုလေး စလွင်လာပါပြီ။ တနည်းအားဖြင့်ပြောရရင် ကျနော့်ရဲ့အချိန်ဇယား နောက်ကျနေတဲ့ သဘောပါဘဲ။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ထောင်ပြင်ကိုတော့ ခန္ဓာကိုယ်ရောက်နေပါပြီ။ ဒီလိုခံစားမှုမျိုး ကျနော်မခံစားရတာကြာပါပြီ။ ကလေးဘဝတုံးကတော့ မနက်အိပ်ရာထတဲ့အချိန်မှာ ကမ္ဘာလောကကြီးထဲ ကောင်းတဲ့အရာတွေရှိတယ်ဆိုတာကို သိရတဲ့အရသာမျိုးပေါ့။

ကားလမ်းကိုဖြတ်ကူးလိုက်ပြီး နေခဲ့ရတဲ့ထောင်ကို အရင်မမြင်ခဲ့ရတဲ့ မြင်ကွင်းကနေ တခဏပြန်ငေးကြည့်မိပါတယ်။ အရင်ကြည့်ခဲ့ရတဲ့ မြင်ကွင်းကတော့ ထောင်ကိုအပို့မှာ သံခြေကျင်းတွေ၊ ထောင်အဝတ်အစားတွေနဲ့ လူ ၂၀၀ လောက် ပြွတ်သိပ်နေတဲ့ အချုပ်ကားပေါ် ကနေ မြင်ခဲ့ရတဲ့ မြင်ကွင်းပါ။ ဒီ့နောက် ကျနော် တက္ကဆီတစီးငှားပြီး ထွက်လာခဲ့ပါတော့တယ်။"

ဒီဆောင်းပါးရေးတဲ့ ဒေးဗစ်မက်မီလန်ဟာ ဘန်ကောက်ဟီလ်တန်ဟော်တယ် လို့ခေါ်ကြတဲ့ ဘန်ကောက်ထောင် က ဖောက်ပြေးနိုင်ခဲ့တဲ့ တဦးတည်းသော အနောက်နိုင်ငံသားဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ တရားဝင်နေထိုင်နေပါတယ်။ ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့ကတော့ သူ့ကို ဖမ်းဝရန်းထုတ်ထားပါတယ်။

ဘီဘီစီ (မတ်လ ၁ ရက် ၂၀၀၉ ခု)

ဂါမဏိ


http://www.naytthit.com/ မှကူးယူဖေါ်ပြပါသည်။

အပြည့်အစုံသို့...

အမေကွိုင့်ဘုရား ဗိုလ်ချုပ်ကြီးများကောင်းမှု

အမေကွိုင့်ဘုရား ဗိုလ်ချုပ်ကြီးများကောင်းမှု

ရန်ကုန်သားတာတေ
ရုတ်တရက် မျက်စိများ အလွန်ကျိန်းစပ်သွား၍ ချင်းမိုင်တုန်းက လေထု ညစ်ညမ်းသဖြင့် မချွတ်တမ်း တပ်ထားရသည့် နှာခေါင်းစည်းကို ဖြုတ်ကာ နေကာမျက်မှန် ကမန်းကတန်း ထုတ်တပ် လိုက်ရသည်။ ဦးရုက္ခစိုး တယောက် ညဘက်ကြီး နေပြည်တော် ရောက်နေခြင်း ဖြစ်၏။ သူအရင်ဆုံး တွေ့လိုက်သည်က ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ်ကွိုင်ကွိုင် (အမေကွိုင်) ဖြစ်သည် ... ။

အမေကွိုင်။ ။ ဟော ဦးရုက္ခစိုးပါလား။ ညဘက်ကြီး ဘာလို့ မိုးအုံ့မျက်မှန်ကြီး တပ်ထားရတာလဲဟင်။

ဦးရုက္ခစိုး။ ။ မြန်မာပြည်ကို ဖြတ်လာတော့ တလမ်းလုံး မှောင်မည်းနေတာ နေပြည်တော်လည်း ရောက်ရော ရုတ်တရက် ထိန်လင်းသွားလို့ မျက်စိအသား မကျတာနဲ့ နေကာမျက်မှန် တပ်လိုက်ရတာပါ။

ပြောပြောဆိုဆို ဦးရုက္ခစိုးက နေကာမျက်မှန်ကို ချွတ်၍ ဘေးကတိုင်တွင် လှမ်းချိတ်လိုက်ရာ တိုင်မဟုတ်ဘဲ အသင့်အနေအထား ကိုင်ထားသည့် စစ်သားတယောက်၏ သေနတ် ဖြစ်နေသောကြောင့် လန့်ပြီး ထခုန် လိုက်သည်။

ရုက္ခစိုး။ ။ ကလူ .. ကလူ .. လန့်လိုက်တာဗျာ။ ခင်ဗျားတို့ နေပြည်တော်ကလည်း စိမ်းစိမ်း စိမ်းစိမ်း တွေချည်းပါပဲလား အမေမော်တော် .. အဲအဲ မှားလို့ အမေကွိုင်ကွိုင်ရဲ့။

ဦးရုက္ခစိုးကမေးစဉ် ဒေါ်ကွိုင်ကွိုင်မှာ နတ်တပါးပါး ဝင်ပူးသွားပုံရ၏။ ခေါင်းကိုခါ လက်ကို ဆန့်၍ မျက်လုံးကို မှိတ်ရင်း ဖြေလေတော့သည်။

အမေကွိုင်။ ။ ဟေ့ အမေတို့ကကြောက်လို့ဟေ့ .. အဲလေ၊ ထီးတင်ပွဲမှာ အဖျက်သမားတွေ နှောင့်ယှက်မှာ စိုးလို့ကွဲ့နော် .. ဘာမှတ်နေလည်း။ အမေတို့ မိသားစုကို ပြည်သူလူထုက အရမ်းချစ်တာကွဲ့ .. ကိုယ့်ဘက်က လုံအောင် တတောလုံးစိမ်းလုပ်ထားတာ ဟေ့နော်။ (ထို့နောက် တချက်သမ်းကာ နတ်ပြန်ထွက်သွားသည်)

ပွဲဈေးတန်းဖြစ်သောကြောင့် ဈေးခေါ်သံ၊ လူသံများ ဆူညံနေသည်။ ပူဖောင်းသည်ထံမှ “ကွီ .. ဂေါ်” ဟူသည့် အသံက ဆက်တိုက်ထွက်နေသည်။ ထိုစဉ် “ပြောင်းဘူး (ဖူး) .. ပြောင်းဘူး ………….. ပြုတ်” ဆိုသော အသံ ထွက်လာသဖြင့် ဒေါ်ကွိုင်ကွိုင့်ခေါင်းမှ ဆံပင်များ ထောင်သွားသည် (မှတ်ချက်။ ။ ဦးရုက္ခစိုး တဦးသာ နတ် ဖြစ်သောကြောင့် မြင်လိုက်ခြင်းဖြစ်၏)

အမေကွိုင်။ ။ ဟေ့ လုံခြုံရေးတယောက် ဟိုပြောင်းဖူးပြုတ်သည်ကို နားရင်း သွားအုပ်စမ်း။ ရှေ့က “ပြောင်းဘူး” ဆိုတာပဲအော် .. နောက်က “ပြုတ်” ဆိုတဲ့အသံမကြားချင်ဘူးလို့ ပြောလိုက်။

ဒေါ်ကွိုင်ကွိုင်က အမိန့်ပေးလိုက်ရာ လုံခြုံရေးတပ်သားတယောက် အပြေးထွက်သွားပြီး ပြောင်းဖူးသည်ကို နားရင်း သွားအုပ်သည်။ ဦးရုက္ခစိုးလည်း နည်းနည်းလန့်သွားသဖြင့် စကားလွှဲလိုက်သည်။

ရုက္ခစိုး။ ။ ဟား နေကာမျက်မှန် ပြန်တပ်ထားမှ ဖြစ်မယ်ထင်တယ်ဗျို့။ နေပြည်တော်ကလည်း လင်းလိုက်တာဗျာ။ လူဖြင့် မရှိဘဲနဲ့။ ကျန်တဲ့မြို့ရွာတွေကျ မှောင်မည်းနေတာပဲ။ ဘာမှ မလုပ်ပေးဘူးလား။

အမေကွိုင်။ ။ နေပြည်တော်ကလား .. လပေါ်ကကြည့်ရင်တောင် မီးတထိန်ထိန်နဲ့ တွေ့ရအောင် လုပ်ထား တာလေ။ လူတွေကလည်း ခက်ပါတယ်။ မှောင်တယ်၊ မှောင်တယ် ထိုင်ညည်းနေကြတယ်။ မှောင်ရင် မီးစက်နဲ့ မီးထွန်းပေါ့။ ဒါလေးတောင် အတွေးအခေါ် မရှိဘူး။ နေရာတကာ လိုက်လုပ်ပေးနေရမှာလား။ ရွှေရွှေက အားတာမဟုတ်ဘူးရှင့် သိရဲ့လား။

ထိုစဉ် ကလေးတသိုက် ပြေးလာပြီး ဦးရုက္ခစိုးကို ဝင်တိုးသွားကြသဖြင့် ဦးရုက္ခစိုးယိုင်သွားသည်။

ရုက္ခစိုး။ ။ ဆိုးလိုက်တဲ့ ကလေးတွေဗျာ .. ။ ဘယ်မိမဆုံးမ၊ ဖမဆုံးမလေးတွေလည်း မသိဘူး နော်။ လူကြီးကို လူကြီးမှန်းမသိဘူး ဝင်တိုက်သွားတယ် တောက်။

အမေကွိုင်။ ။ ဒီမယ် ဦးရုက္ခစိုး (နှုတ်ခမ်းကိုထော်၍) စကားကိုဆင်ဆင်ခြင်ခြင်ပြောပါ။ အဲဒါ ကျမမြေးတော်လေးတွေရှင့်။ ဘုရား ထီးတင်ရင် ကြိုးဝိုင်းဆွဲပေးဖို့ မနည်းချော့ခေါ်ထားရတာ။ သူတို့က လိုက်ချင်တာ မဟုတ်ဘူး။ တထောင်တန်တွေ ကျဲရင် နင်တို့ဘက်ကိုပဲ သေချာကျဲပါ့မယ်လို့ ပြောမှ လိုက်လာတာ။ သိရဲ့လား။

ဒေါ်ကွိုင်ကွိုင် စိတ်ဆိုးသွားသောကြောင့် ဦးရုက္ခစိုး မျက်နှာချိုပြန်သွေးလိုက်သည်။

ရုက္ခစိုး။ ။ ဒါနဲ့ ရွှေရွှေ .. အဲလေ ယောင်လို့ ချိုကုပ်ဒူးကြီး .. ဟာ .. မှားကုန်ပါပြီ။ ဗိုလ်ချုပ်မှူးကြီး ဘယ်သွားလဲဗျ။ မတွေ့ပါလား။

အမေကွိုင်။ ။ မြေမြိုခံရမှာ ကြောက်လို့ ပုန်းနေ … အဲ … ဟိုဒင်းလုပ်နေတယ်။ မနက် ထီးတင်မှာ ဆိုတော့လေ .. အအား မနေနဲ့ဆိုပြီး တရားထိုင်ခိုင်းထားတယ်။

ရုက္ခစိုး။ ။ ကြည့်ရတာ အမေကွိုင်ရဲ့ အစီအမံတွေချည်းပဲ ထင်ပါရဲ့နော်။

အမေကွိုင်။ ။ ဒါပေါ့ရှင့် မိန်းမဖျက်ရင် ပြည်ပျက်တယ် ဆိုတာ မကြားဖူးဘူးလား။

ရုက္ခစိုး။ ။ ဟင် တမျိုးပါလား .. အမေကွိုင်က ပျက်အောင် ဖျက်နေတာလား။

အမေကွိုင်။ ။ ဒါကတော့ တင်စားပြီး ပြောတာပေါ့ရှင့်။ ခုတောင် ကျမရဲ့ အစီအမံတွေ၊ ယတြာတွေကြောင့် ဒီ ဘုရားကြီး တည်ဖြစ်တာ။ နည်းတဲ့ကုသိုလ်တွေ ရမှာ မဟုတ်ဘူး။

ပြောရင်း အားရလာသဖြင့် ဒေါ်ကွိုင်ကွိုင်က လက်နှစ်ဘက်ကို ဘေးသို့ဆန့်ကားလိုက်ရာ လုံခြုံရေး ယူထားသော စစ်သားနှစ်ယောက်မှာ အမြန် ငုံ့ရှောင်လိုက်ရသည်။

ရုက္ခစိုး။ ။ ဘုရားမတည်လည်း ကုသိုလ်က တခြားနည်းနဲ့ ယူလို့ရတယ် မဟုတ်ဘူးလား။ ဥပမာဗျာ ပြည်သူ တွေ စိတ်ချမ်းသာဖို့ လျှပ်စစ်မီးမှန်မှန်ပေးတာမျိုး၊ ရေရအောင် လုပ်ပေးတာမျိုး .. မျိုး .. မျိုး ..

အမေကွိုင်။ ။ ကွိုင့် ကို စာလာချနေပြန်ပြီ .. ။ ဒါတွေ လုပ်ပေးရင် ကုသိုလ်ရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဗေဒင်ကိန်းခန်း အလိုအရ ရွှေရွှေက ဘုရင် ဇာတာ ပါလာတယ်ဆိုလို့ ကုသိုလ်ရရုံ တင်မဟုတ်ဘူး ကျန်တာ တွေပါ ရအောင် လုပ်ရဦးမှာ။

ရုက္ခစိုး။ ။ ဘာတွေများပါလိမ့်။

အမေကွိုင်။ ။ ရှေးဘုရင်တွေလို ဖုန်း (ဘုန်း)၊ နှလုံး၊ လက်ရုံး ပြည့်စုံအောင် လုပ်ရမှာ။ သူ့မှာက အဲဒီ ၃ ခုလုံး မရှိရှာဘူးလေ။ သနားစရာကောင်းတဲ့ ရွှေရွှေလေးပါရှင် .. ။

ဒေါ်ကွိုင်ကွိုင်မှာ စကားပြောရင်းက မျက်ရည်များစီးကျလာရာ ဘေးမှာရှိသည့် စစ်သားတယောက်က အလျှင်အမြန် ခွက်ဖြင့်ခံပေးလိုက်ရသည်။ မပြီးသေး .. ဒေါ်ကွိုင်ကွိုင်က နှပ်ပါညှစ်ပြီး စစ်သားတယောက်၏ ယူနီဖောင်းဖြင့် သုတ်လိုက်သေးသည်။

အမေကွိုင်။ ။ ပြောရရင် .. သူ ဘုရင်ဖြစ်မှ ကွိုင်က မိဘုရားခေါင်ကြီးဖြစ်မှာဆိုတော့ တတ်စွမ်းသမျှ လုပ်ရတာ ပေါ့လေ။ ခုဏက ပြောတဲ့ ၃ ခုလုံး မရှိတော့ ဘိုးတော်ကပြောတယ်၊ ဖုန်းတခုရှိရင် ကျန်တဲ့ ၂ ခု အလိုလို ရှိလာမယ်တဲ့ .. ။ အဲဒါ ဖုန်းရှိအောင် ဘုရားတည်ရမယ်ဆိုလို့ တည်လိုက်တာပါပဲ။

ထိုစဉ် ဒေါ်ကွိုင်ကွိုင်၏ အကြီးဆုံးမြေး ဖိုးလောက်လန်းဘေးသို့ ရောက်လာပြီး ဆောင့်ကြီးအောင့်ကြီး ဝင်ပြောသည်။

ဖိုးလောက်လန်း။ ။ အဲဒါပြောတာပေါ့။ အဘွားတို့ကခက်တာပဲ။ ဖုန်းရှိအောင် ဒီဘုရားကြီးများ တည်နေရသေး တယ်။ ဘယ်နှလုံးလိုချင်လဲ သားဝယ်ပေးပါမယ်ဆို။ အိုင်ဖုန်းယူမလား၊ ဘလူးဘယ်ရီ ယူမလား။ ဖုန်းနှစ်လုံး ရဖို့ တာဝန်ယူတယ်။ အဘွား ခုဏပြောတဲ့ လရုန်းဆိုတာကြီးတော့ မသိဘူး။

အမေကွိုင်။ ။ သားပြောတာတွေက သားအဘိုးက မသုံးတတ်ဘူးလေသားရဲ့။ သူက ကိုရီးယားကားနဲ့ တရုတ်ကားတွေပဲကြည့်ကြည့်ပြီး ဒို့တာဝန် အရေးသုံးပါးကို ထမ်းဆောင်နေရတာ။ ဒီတော့ သူလုပ်တတ်တာပဲ လုပ်ပါစေ .. ။ ဟုတ်လား။ ညစ်တီးညစ်ပတ်တွေ မပြောနဲ့။ ကဲကဲ လိမ်မာတယ်၊ လူကြီးတွေစကားဝိုင်းထဲ ဝင်မပါနဲ့နော်။ ဒီကပြန်ရင် သားလိုချင်တဲ့ နိုက်ကလပ် တခု သားအဘိုးကို ထောင်ပေးခိုင်းမယ်။

ဖိုးလောက်လန့်း။ ။ ဟို မော်ဒယ်မလေးပါ ဝယ်ပေး .. ။

အမေကွိုင်။ ။ စိတ်ချ၊ စိတ်ချ ဝယ်ပေးမယ်။

ဒေါ်ကွိုင်ကွိုင်က အချိုသပ်လိုက်သဖြင့် ဖိုးလောက်လန်း ကျေနပ်ကာ “ရို့ .. ရို့” ဟုအော်၍ ကောက်ကွေးကာ ကရင်း ထွက်သွားသည်။

ဦးရုက္ခစိုး။ ။ ပွဲခင်းကြီးက ဟီးနေပေမယ့် .. လူတွေလည်း သိပ်မတွေ့ရဘူးနော်။

အမေကွိုင်။ ။ မပူနဲ့၊ မပူနဲ့ .. ဝန်ထမ်းတွေအားလုံးကို မလာမနေရ ဆိုပြီး သေနတ်နဲ့ချိန်၊ အမိန့်ထုတ် ထားပြီးသား။ လာကြလိမ့်မယ်။ ထီးတင်ပွဲမှာ ကြဲဖို့ တထောင်တန်တွေတောင် အသစ်ထပ်ရိုက်ထားတာလေ။ ကုသိုလ်က များလေကောင်းလေပဲ ဦးရုက္ခစိုးရဲ့။ ရွှေရွှေ့ အကုသိုလ်တွေက နည်းတာမှ မဟုတ်တာ။ အဲဒါတွေကို ပြန်ချေရမှာ။

ထိုစဉ် “ဝေါ .. ဝေါ … ဝုန်း” ဆိုသည့် အသံကြီးတသံ ပွဲခင်းထဲမှ ထွက်ပေါ်လာသည်။

အမေကွိုင်။ ။ ဟာ တော်လဲသံ .. တော်လဲသံ .. အထက်ဗြဟ္မာကနေ .. အောက်အဝီစိအထိ ဘုရားတည် တာကို ကောင်းချီးပေးတာ ကြားလား ဦးရုက္ခစိုးရေ .. တော်လဲတယ်ဆိုတော့ ကျုပ်မလဲတော့ဘူးပေါ့။

ဒေါ်ကွိုင်ကွိုင်၏ စကားကြောင့်





အပြည့်အစုံသို့...

စစ်အစိုးရ၏ စိတ်နေသဘောထား

စစ်အစိုးရ၏ စိတ်နေသဘောထား
စောထွန်း

ဂရစ်ဖစ်တက္ကသိုလ် ဂရစ်ဖစ် အာရှ အင်စတီကျု (Griffith Asia Institute) မှ အင်ဒရူးဆဲလ်သ် -Andrew Selth က ဖေဖော်ဝါရီလ ဆန်းပိုင်း နယူးဒေလီတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး အင်စတီကျု (Institute of Peace and Conflict Studies) ၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သြဇာ၏ အကန့်အသတ်များ (Burma and the limits of International Influence) ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေးရာ၌ စစ်အစိုးရနှင့် ဆက်ဆံရာတွင် စစ်အစိုးရ၏ စိတ်သဘောထားကို နိုင်ငံတကာ အသိုင်းအဝန်း က နားလည်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည် ကို မဇ္ဈိမသတင်းစာမျက်နှာတွင်ဖတ်ရပါသည်။

ဤတွင် စစ်အစိုးရ၏စိတ်သဘောထားမှာ ဘာလဲဟူသောမေးခွန်းပေါ်လာပါသည်။ ကျနော်တို့အားလုံးသိထားကြသည့် သတင်းမှောင်ချခြင်း၊ ပြောင်ငြင်းကွယ်ခြင်း၊ တရားမဲ့ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်း၊ ယုံကြည်မှုအတွက် သာမန်လူများ၊ ကျောင်းသားငယ်များသာမက သံဃာများကို ပါညှဉ်းဆဲသတ်ဖြတ်ခြင်းတို့ကို မာခီးယားဗယ်လီ၏အယူအဆအတိုင်း (ကြားနေအဖွဲ့ဆိုသည့် ကျောင်းတော်သား နိုင်ငံရေးပါတီမှပြောသလို) ရပ်တည်ချက်ထိပါးလာ၍ ပြတ်ပြတ်သားသား ဆောင်ရွက်ခြင်း ဟုသာထားမည်ဆိုလျှင်၊ မတရားစီးပွားအခွင့်အရေးယူခြင်းများကို သူလည်းလေလောကီသားပေမို့ဟု နားလည်မှု ပေးကြမည်ဆိုလျှင်၊ စစ်အစိုးရ၏ ပင်မရပ်တည်ချက်မှာ (အစဉ်အာဏာတည်မြဲရေးသာ ဟု လည်း မပြောလိုဘူးဆိုလျှင်) ဘာလဲဟု စဉ်းစားကြရန်ရှိပါသည်။ ယခုဆောင်းပါးတွင် ကျနော်သိနားလည်သလောက် သူတို့ သဘောထားမှန်ကို ရှင်းပြလိုပါသည်။ ကျနော်သည် စစ်သား သားသမီးတဦးဖြစ်ပြီး ၈၈ ခေတ် ကျောင်းသားလှုပ်ရှားသူ တဦးလည်းဖြစ်ပါ၍ ကျနော်တို့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တိုင်း မသိရှိသေးသည့် အချက်များကို သိရှိသည်ဟု ထင်ပါသည်။ မည်သို့ပင်ဆိုစေ ဆွေးနွေးစရာ အချက်များတော့ရနိုင်ပါလိမ့်မည်။

ယနေ့တပ်မတော်၏ ယုံကြည်ရပ်တည်ချက်က ဘာပါလဲ။ ၈၈ ခေတ်အထိတော့ ရှင်းလင်းစွာပင် ဦးနေ၀င်း၏ ရပ်တည်ချက်အတိုင်း ဖြစ် ပါသည်။ ကွန်မြူနစ်နှင့် ဓနရှင်ပါလီမာန်ဒီမိုကရေစီကို မယုံကြည်။ ယင်းတို့ နှစ်မျိုးကြား အလယ်အလတ် သွားနိုင်မည့် လမ်းစဉ် တရပ်ကို တချိန်က ထူးချွန်သော နိုင်ငံရေးသဘောတရားဆရာများအား ရေးဆွဲစေကာ စမ်းသပ်ကျင့်သုံးကြည့်ခဲ့သည်။ ၁၉၇၇ တွင် အရေးပေါ်ပါတီညီလာခံခေါ်ရသည်အထိဖြစ်သွားကာ ယင်းလမ်းကြောင်းမှ သိသိသာသာခွဲကာ မိမိသဘောကျစနစ်ကို ကျင့်သုံးခဲ့တော့သည်။ နောက်ဆုံး ၁၉၈၅ တွင် စီးပွားရေးကျဆုံးမှုကြောင့် ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်ကို အားကျကာ ပြုပြင်ပြောင်းလဲရန် စ စဉ်းစားသည်။

သို့သော် ကိုယ်တိုင်ဖျက်ဆီးခဲ့ပြီးသော ဗြူရိုကရေစီယန္တရားကို မထိန်းနိုင်ဖြစ်ကာ ၈၈ တွင် ပြိုကျခဲ့ရသည်။ ၈၈ ခုနှစ်က ကျနော်တို့၏လှုပ်ရှားမှုသည် အင်အားပြင်းထန်တာမှန်သော်လည်း အဆိုပါ ပျက်စီးပြီး ဗြူရိုကရေစီ အဖွဲ့အစည်းကြီး လွယ်လွယ်နှင့် ပြိုမကျလျင် ထိုမျှ ခရီးမရောက်နိုင်သည်မှာ သေချာပါသည်။ ထိုအခါ ဦးနေ၀င်းက သူ့သဘော အတိုင်း နောက်ဖဲတမျိုးချိုးပြီး စစ်တပ်ကို အာဏာပြန်သိမ်းစေခဲ့သည်။ ထိုအချိန်က တပ်တွင်း အရာရှိများဖြစ်နေသော၊ ကျနော်တို့နှင့်ကျောင်းနေဖက်မှ စစ်ထဲရောက်သွားကြသော သူတို့ကို မည်သို့လမ်းညွှန်ခဲ့သနည်း။ ထိုစဉ်က ဗိုလ်ချုပ်ခင်ညွန့်တို့ ရှင်းလင်းပွဲတွေမှာ ပေါ်လွင်ပါသည်။ စစ်တပ်၏ရန်သူဖြစ်သော ကွန်မြူနစ်များကြိုးကိုင်မှု နှင့် ကိုလိုနီလက်သစ်လုပ်လိုသော (မှတ်ချက်။ အဆိုပါစကားမှာ ကွန်မြူနစ်စကားဖြစ်ပါသည်) နယ်ချဲ့နိုင်ငံကြီးများ၏ ကြိုးကိုင်မှုဖြစ်သည်ဟု သူတို့ရဲဘော်တွေကို သင်ပြခဲ့ပါသည်။ ယနေ့အထိလည်း သည်အတိုင်း သင်ကြားပို့ချဆဲဖြစ်ပါသည်။

နောက်ပိုင်း ဦးနေ၀င်းကို သူတို့ရှင်းထုတ်ပစ်နိုင်ခဲ့သော်လည်း ယနေ့ခေါင်းဆောင်များသည် ဦးနေ၀င်းကဲ့သို့ လွတ်လပ်ရေးတိုက်ပွဲ နှင့် စစ်အေးကာလ ကမ္ဘာ့နိုင်ငံရေး အတွေ့အကြုံရှိသူများ မဟုတ်ပါ။ စစ်အေးကာလအတွင်း ဦးနေ၀င်းကဲ့သို့ အမျိုးသားရေးနှင့် ဘက်မလိုက်ရေးဝါဒများဖြင့် ရပ်တည်နိုင်အောင် မစွမ်းနိုင်ကြပါ။ နိုင်ငံရေးကစားသည့် သီအိုရီလည်း မကျွမ်းကျင်ကြပါ။ သို့သော် သူတို့အတွက် နည်းလမ်းရှိလာခဲ့ပြီး ယနေ့ကာလ အချို့ ကမ္ဘာ့ပညာရှင်ဆိုသူများ၊ သတင်းစာဆရာကြီးဆိုသူများပင် ချီးမွမ်းရလောက်အောင် နိုင်ငံရေးကို ပိုင်နိုင်သည်၊ အာဏာနိုင်ငံရေးကို ကျွမ်းကျင်သည် ဟု သုံးသပ်လာရသည့် အခြေအနေသို့ စွမ်းဆောင်ခဲ့သည်မှာ အဓိက အကြောင်းတရား ၂ မျိုးဖြစ်ပါသည်။ ပထမအကြောင်းတရားသည် သူတို့အား တွန်းပို့ပေးနိုင်သည့် တွန်းအားဖြစ်ပြီး ဒုတိယ အကြောင်းတရားသည် နည်းပရိယာယ်ဖြစ်ပါသည်။

ပထမအကြောင်းတရား (သို့မဟုတ်) စစ်တပ်ဝါဒ

စစ်တပ်ဝါဒ ဟု အမည်တတ်သဖြင့် ကြမ်းတမ်းစွာသုံးနှုန်းလိုခြင်း မဟုတ်ပါ။ ယနေ့ ရွေးကောက်ပွဲအထိမှန်းလာသည့် အယူအဆကို ဖြစ်စေသည့် ၀ါဒတရားဖြစ်ပါသည်။ (မှတ်ချက်၊ ဦးနေ၀င်း သည် ၁၁ နှစ်အကြာတွင် ရွေးကောက်ပွဲလုပ်ခဲ့ပြီး ယခု ဦးသန်းရွှေက ၂၂ နှစ်ကြာမှ လုပ်နိုင်ခြင်းဖြစ်ပါသည်။) ဦးနေ၀င်း၏ စစ်သည်တော်ကျင့်ဝတ်တွင် စတင်ခဲ့သော ၀ါဒဖြစ်ပါသည်။ စစ်တပ်အတွင်း မည်သည့်ပုံစံဖြင့် ၀င်လာသည်ဖြစ်စေ စည်းကမ်း (ဤတွင် အမိန့်နာခံမှုကို ၄င်းတို့က စည်းကမ်းဟုခေါ်ပါသည်) ကျနအောင် ပုံသွင်းပေးလိုက် ပါသည်။ ငယ်စဉ်က လမ်းစဉ်လူငယ် စစ်ရေးပြ သင်တန်းဆင်း ကျနော့်ကို အစ်ကိုဝမ်းကွဲ စစ်ဗိုလ်က မေးဖူးပါသည်။ “ညီလေး စစ်ရေးပြဆိုတာ ဘာလုပ်တာလဲ မင်းသိလား” ကျနော်က စည်းကမ်းကျအောင်သင်ပေးတာ ထင်ကြောင်း ပြောသောအခါ “မဟုတ်ဘူးကွ၊ အဲဒါ အမိန့်ကို မစဉ်းစားဘဲနာခံတတ်အောင် ပုံသွင်းပေးတာ။ သတိ သက်သာ အေးစေ ပြောတဲ့အခါ မင်းက မစဉ်းစားဘဲ ချက်ခြင်း လုပ်လိုက်တယ်မဟုတ်လား။ ဒီ လို ဘာမှမဟုတ်တဲ့ အပြုအမူလေးကစပြီး မစဉ်းစားတဲ့အကျင့် သွင်းပေးတဲ့အခါ ရှေ့တန်းမှာ “တက်” လို့ အမိန့်ပေးတဲ့အခါ မစဉ်းစားဘဲ တက်တဲ့အကျင့်ရသွားတာပေါ့” စာဖတ်နာသော ကျနော့် အစ်ကိုသည် စစ်တပ်ထဲမှာ ရာထူးသိပ်ကြီးကြီးမရပါ။ ရှင်းပါသည်။ သို့သော် ထိုစဉ်က ၁၈ နှစ်သား ကျောင်းသားခေါင်းဆောင် ဖြစ်လာသည့် ကျနော့်အတွက် ပညာရပါသည်။

စစ်ရေးပြဖြင့် ပုံသွင်းပြီးနောက်ပိုင်း ပင်ပန်းမှု၊ အနားမနေရမှုတို့ကို ဆက်လက်ပို့ချပါသည်။ fatigue ခေါ် အားလပ်ချိန်မရအောင် ထားသော အလုပ်များကို ဆက်တိုက်ခိုင်းပါသည်။ ကျနော့် မိခင်ဖြစ်သူသည် အိမ်ဖော် အပျိုရွယ်လေးများ ထားသည့်အခါ တမျိုးပြီး တမျိုးခိုင်းသောကြောင့် ကျနော်က မေးဖူးပါသည်။ အမေက “ဒီအရွယ် အားနေရင် တောင်စိတ် မြောက်စိတ်တွေ ၀င်တတ်တယ် သားရဲ့ ဒါကြောင့် မအားအောင် တမင်ရှာခိုင်းရတာ” ဟုပြောပြပါသည်။ တနည်းအားဖြင့် စိတ်ရောလူပါ မလွတ်လပ် အောင် ထားခြင်းဖြစ်ပါသည်။ သည်နောက်မှာတော့ ရှေ့တန်းထွက်ခြင်း၊ (မည်သည့်အကြောင်းကြောင့်မသိဘဲ) စစ်ပွဲဆင်နွှဲခြင်း၊ တို့တွင် မိမိရဲဘော်များ မိုင်းထိ၍ ခြေပြတ်လက်ပြတ်ဖြစ်ရခြင်း၊ သေဆုံးရခြင်း၊ ရန်သူက သတ်ဖြတ်ခြင်း တို့ဖြင့် ဆက်လက် သင်ကြားပို့ချပေးပြန်ပါသည်။ နောက်ဆုံးအဖြေတခုသို့တွန်းပို့ပါသည်။ ယင်းသည် ဆိုခဲ့သော “စစ်တပ်ဝါဒ” ဖြစ်ပါသည်။ ရှင်းအောင်ဆိုရလျှင် -

မိမိတို့သည် (တိုင်းပြည်အတွက်) သူများထက် အပင်ပန်းခံအလုပ်လုပ်ရသည်။
မိမိတို့သည် (တိုင်းပြည်အတွက်) သက်စွန့်ဆံဖျား အလုပ်လုပ်ရသည်။
(ဘာကြောင့်မှန်းမသိဘဲ ဖြစ်သွားသော) ရန်သူကြောင့် မိမိတို့ ရဲဘော်ရဲဘက်တွေ ထိခိုက်သေဆုံးရသည်။
မိမိတို့ကို နှိပ်စက်ခဲ့သော ယင်း ရန်သူကို ပြည်သူတချို့ ထောက်ခံနေသည်။
မိမိတို့သည် အမိန့်နာခံရသည်။ စစ်စည်းကမ်းဖြင့် အချိန်ပြည့် နေရသည်။ ညအိပ်နေစဉ် လာနှိုးလျင် သက်စွန့်ဆံဖျား ခရီး စတင်ရသည်အထိ ၂၄ နာရီထမ်းဆောင်ရသူများဖြစ်သည်။

ထိုအချိန်တွင် သာမန်ပြည်သူများ၊ ၀န်ထမ်းများ (ယင်းတို့စကားအရ “အရပ်သားများ”) သည် သက်သက်သာသာ နေရသည်။ အသက်စွန့်ရန်မလို၊ စည်းကမ်းမရှိ၊ အားလပ်ချိန်တွေ အပြည့်ရှိနေသည် ။ စီးပွားရေးလုပ်ပြီး ချမ်းသာနေသည် … ဟူသော အတွေးကို ဆက်တိုက် ပို့ချပေးပါသည်။ ထိုသို့သော အနစ်နာခံမှုများကြောင့် သူတို့တွင် “နိုင်ငံတော်အာဏာ” ကို သုံးပိုင်ခွင့်ရှိသည် ဟု အဖြေထုတ်ပေးပါသည်။

ပြည်သူလူထုနှင့် စစ်တပ်အတွင်းအကြီးမားဆုံး အတားအဆီးသည် အဆိုပါအတွေးအမြင်ဖြစ်ပါသည်။ ကျနော် ပညာရှင်ဘ၀ စစ်တပ်နှင့် တွဲ၍ တောထဲတောင်ထဲသွားရသည့်အခါ စစ်ဗိုလ်တွေ အင်မတန်အံ့သြကြပါသည်။ သူတို့မှလွဲ၍ မြို့ပေါ်တွင် တိုက်ပုံ ၀တ်နေသော လူပျော့များ ဤသို့ အပင်ပန်းခံနိုင်မည်၊ အပင်ပန်းခံအလုပ်လုပ်လိမ့်မည်ဟု မထင်ခဲ့ကြပါ။ အင်္ဂလန်မှ ဘွဲ့ထူးတွေ ရလာသည့် ဆရာဝန်ကြီးသည်လည်း ညလာနှိုးလျှင် ထလိုက်ရမှန်း ဂျူတီယူရမှန်းသူတို့မသိကြပါ။ (အစပိုင်းတွင် မသိကြပါ၊ နောက်ပိုင်းရာထူးရလာတော့လည်း မသိချင်ကြတော့ပါ)။ တနှစ်က တက္ကသိုလ်ဆရာမလေးတဦး ကျောင်းသားများနှင့် ကွင်းဆင်း ခရီးထွက်လာစဉ် လက်နက်ကိုင်လက်ချက်နှင့် ကွယ်လွန်ပါသည်။ ၀န်ထမ်းတိုင်း၊ ပြည်သူတိုင်း မှာ လက်နက်မဲ့ သက်စွန့်ဆံဖျား မှုတွေ ပြည့်နေကြောင်း သတိမထားမိကြပါ။

နောင်တချိန်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအားနှိမ်နင်းသည့်အခါ နိုင်ငံတကာက ယုံကြည်ချက်ကြောင့်အကျဉ်းချခံရခြင်း ဟုမြင်သော်လည်း သူတို့လို ပင်ပန်းစွာအလုပ်မလုပ်ရဘဲ အခွင့်အရေးတောင်းသူများဟု ဆက်လက်မြင်လာပါတော့သည်။

သည်ထက် ပိုကြီးသည့် စစ်တပ်ဝါဒတစ်ရပ်မှာ နိုင်ငံခြားသားကို အထင်ကြီးခြင်းဖြစ်ပါသည်။ နိုင်ငံခြားသားမုန်းတီးခြင်း (xenophoebia) သည် အထင်ကြီးရာမှ ကြောက်လန့်မုန်းတီးခြင်းဖြစ်ပါသည်။ ယင်းသည် မိမိတို့ ကြိုးစားသော်လည်း တိုးတက်မှု မရလာသည့်အခါ ကြီးသောအကြောင်းပြချက်ဖြစ်လာပါသည်။ နိုင်ငံခြားသားကို ပိုမို အလုပ်လုပ်သူ၊ ပိုမို ဥာဏ်ကြီးသူ ဟုမြင်ပါသည်။ ပြည်ပတွင် တိုးတက်ခြင်းသည် ယင်းလူမျိုးများ အလုပ်လုပ်၊ ဥာဏ်မြင့်သောကြောင့်ဖြစ်ပြီး မြန်မာပြည် မတိုးတက်ခြင်း မှာ စစ်တပ်တတပ်လုံး အလုပ်လုပ်သော်လည်း ပြည်သူတွေ၊ ၀န်ထမ်းတွေ အလုပ်မလုပ်သောကြောင့် မတိုးတက်ခြင်းဟုမြင်လာပါသည်။ သည်အတိုင်းလည်း သင်ကြားပေးပါသည်။ သာမန်ပြည်သူတွေမှာတော့ နိုင်ငံခြားသွားအလုပ် လုပ်ကြသည့်အခါ နိုင်ငံခြားသားကို သူလိုကိုယ်လို ဟုသာမြင်ပါသည်။ အလုပ်လုပ်သလောက်အခွင့်အရေးရသဖြင့် အလုပ်လုပ်ကြ သည်။ စည်းကမ်းရှိသလောက် စည်းကမ်း၏အကျိုးကို ခံစားရသဖြင့် စည်းကမ်းနှင့်နေကြသည်။ သူတို့လို ကိုယ်လည်း အခွင့်အရေး ရရင် ကိုယ့်တိုင်းပြည်လည်း ဖြစ်နိုင်ကြောင်းနားလည်ကြသည်။ ကြီးမားသော အတွေးအခေါ်ကွာဟမှုကြီးဖြစ်ပါသည်။

ထိုမှတဆင့်တိုးသောအခါ စစ်တပ်က ပိုအလုပ်လုပ် အနစ်နာခံရတဲ့အတွက် အခွင့်အရေးယူထိုက်သည်ဟု မြင်လာပါတော့သည်။ နိုင်ငံရေးသမားများအား နိုင်ငံတော်အာဏာကို ဖြတ်လမ်းနည်းဖြင့် ရယူလိုသည်ဟု စွပ်စွဲပေးလိုက်ပါသည်။ တပ်ထဲတွင် နေခဲ့သော ငယ်စဉ်က ကျနော်ကိုယ်တိုင်သည် အမိန့်နှင့် အာဏာကို ယုံကြည်ပါသည်။ နောင် ၈၈ ခေတ်ကိုကျော်မှ စည်းရုံးရေးကို ယုံကြည် လာပါသည်။ ပတ်ဝန်းကျင်က ပုံသွင်းပေးခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးကို ယုံကြည်ပြီး ဗိုလ်ချုပ်နေ၀င်း သည် အမိန့်နှင့် အာဏာကို ယုံကြည်ခဲ့ခြင်း၏ နောက်ဆက်တွဲ အမွေဖြစ်ပါသည်။

အထက်ပါ စစ်တပ်ဝါဒ သည် နိုင်ငံတကာ၊ ဘာသာတရားနှင့်၊ နိုင်ငံရေးသဘောတရားများ သိရှိနားလည်လာသည့် အရာရှိကြီး များဖြစ်လာသည့်အခါ မိမိတို့၏ အထက်ပါ ကျင့်ထုံးများနှင့် ဆန့်ကျင်ဆုံးဖြတ်မှုတိုင်း၊ အဖြေတိုင်းအတွက် စိတ်ဖြေစရာ ဆေးကောင်း ကြီး တခွက်ဖြစ်လာပါတော့သည်။ ယနေ့ ဗိုလ်ချုပ်ကြီးများအားလုံး ဤအတိုင်း ယုံကြည်ကြသည်မှာ မှားယွင်းဖွယ် မရှိပါ။

ဒုတိယအကြောင်းတရား (သို့မဟုတ်) ပုံတူကူးခြင်း

ဦးနေ၀င်းအားဖယ်ရှားပြီးသည့်အခါ စစ်ဗိုလ်ချုပ်ကြီးများအတွက် လမ်းကြောင်းချပေးမည့်သူမရှိတော့သလောက်ဖြစ်ပါသည်။ (ထိုမတိုင်ခင် အာဏာသိမ်းပြီးကာလက ဒေါက်တာမောင်မောင်နှင့်တကွ ပါတီခေတ်ခေါင်းဆောင်များ Policy နှင့် လမ်းညွှန်မှုများ ချပေးခဲ့ပါသည်။) သို့ရာတွင် အတန်အသင့် အမြင်ကျယ်သူ ဗိုလ်ချုပ်ခင်ညွန့်သည် မဟာဗျူဟာလေ့လာရေးဌာနကို (အမေရိကန်ပုံစံအတိုင်း) ထူထောင်ကာ ပညာတော်သော စစ်ဗိုလ်ငယ်များမှအစ ခေါင်းခေါက်ရွေးယူ၍ ထောက်လှမ်းရေးဌာနချုပ် တွင် ကမ္ဘာ့နိုင်ငံရေးအလိုက် အထူးပြုတာဝန်အမျိုးမျိုးဖြင့် လေ့လာ လေ့ကျင့်စေခဲ့သည်။ အမေရိကန်နှင့် အီးယူ၊ ဂျပန် တို့သို့ နိုင်ငံရေးအောက်လမ်းနည်းများဖြင့် ချဉ်းကပ်ခဲ့သည်။ စစ်အစိုးရ၏ လမ်းပြမြေပုံ နှင့် နေပြည်တော်စီမံကိန်း၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ခေါ် ပေါ်လစီ စီမံကိန်းများကို သူ၏ ဦးခေါင်းများဖြင့် ဆွဲယူခဲ့သည်။

နောင်တချိန် ဗိုလ်ချုပ်ခင်ညွန့်မရှိသောအခါ စစ်တပ်ခေါင်းဆောင်များအတွက် နမူနာပေါင်းများစွာ၊ စကားလုံးပေါင်းများစွာ (ယနေ့နောက်ဆုံးပေါ် - ရိုဟင်ဂျာမဟုတ်၊ ဘင်္ဂါလီ ဆိုသည့် စကားလုံးမျိုးအထိ) အရန်သင့်ရှိထားပြီဖြစ်သည်။ ကာကွယ်ရေးတက္ကသိုလ်တွင် အရည်အချင်းရှိသော ပညာတတ်ဗိုလ်မှူးကြီးများ၏ သုတေသနကျမ်းများ ရှိနေသည်။ ဒီပဲယင်း အရေးအခင်းကို “ဒေါ်အောင်ဆန်းစုကြည်အန္တရာယ်ကာကွယ်ရေး” ဟူသော သုတေသနစာတမ်းအတိုင်း ဖန်တီးခဲ့သည်။ UN ကိုယ်စားလှယ် ဂန်ဘာရီမလာမီ ပြည်တွင်းတာဝန်ခံကို မောင်းထုတ်ပြခြင်း၊ ယင်းမှတဆင့်ချင်းရှေ့တိုးလာပြခြင်း၊ အမေရိကန် စစ်ရေယာဉ်မ၀င်နိုင်မီ အာဆီယံ၊ UN တို့နှင့် အစည်းအဝေးလုပ်ပြခြင်း စသည်ဖြင့် နည်းဗျူဟာမျိုးစုံကို အသစ်ဖန်တီးယူခြင်း ထက် ဦးနေ၀င်းလုပ်ခဲ့သည့် ခြေလှမ်းများကို အနီးစပ်ဆုံး ပုံတူကူးချခြင်းများဖြစ်သည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့ကို မယုံကြည် သော်လည်း ထို ၀ါဒကျင့်သုံးသူ တို့၏ နည်းပရိယာယ် လုပ်နည်းလုပ်ဟန်များကို လေ့လာကြသည်။ ဤသည်မှာလည်းမဆန်း၊ မဆလခေတ်တွင်သူတို့ ကြီးပြင်းလာကြပေရာ (တနည်းအားဖြင့် လူရာဝင်လာရပေရာ) ထိုခေတ်က သင်ကြားခဲ့သော နိုင်ငံရေးသမား မုန်းတီးရေးတရားများ၊ ဦးနု မကောင်းကြောင်းများ၊ ပါတီစုံနှင့် ဖက်ဒရယ်မူ မကောင်းကြောင်းများ သည် အသည်းတွင် စွဲထင်နေပေပြီ။ ထိုခေတ်တလျှောက်လုံး ဖတ်စရာနိုင်ငံရေးစာအုပ်ဆို၍ လက်ဝဲစာပေသာရှိရာ ထို စာပေတို့မှ လက်ဝဲ၀ါဒ တော်လှန်ရေးသမားတို့၏ ကောင်းကွက်များ အယူအဆကောင်းများကို အရမယူနိုင်သောအခါ မကောင်းသော လုပ်နည်းလုပ်ဟန်များကိုသာ ကူးယူရပေတော့သည်။ “ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ” ဆိုသည့် လက်မောင်းတန်းအော်ဟစ်မှု များကို သူတို့ရိုက်သောရုပ်ရှင်ထဲမှ အလံနီတို့ထံမှအရယူသည်။ ကျနော့်နားထဲတွင် “သတ်ပစ်၊ သတ်ပစ်” ဆိုသည့်အသံများ ကြားယောင် မိရသည်။

အရေးအခင်းပြီးခါစက အားလုံးသပိတ်မှောက်ပြီး ဖြစ်နေသည့် ၀န်ထမ်းများဖြင့် မည်သို့ဆက်လက်အုပ်ချုပ်မည်နည်းဟု ကျနော်တို့တွေးခဲ့ဖူးသည်။ တပြည်လုံးသပိတ်မှောက်လျင် တိုင်းပြည်ကို အုတ်တံတိုင်းခတ်ရုံပေါ့ဟု ပြောခဲ့ကြသည်။ သို့သော် အာဏာမသိမ်းမီတွင် မော်စီတုန်း၏ နည်းလမ်းတခုကို ကျနော်ဖတ်မိသည်။ ယင်းမှာ “အစွန်းရောက်လူနည်းစု ကို တိုက်ရိုက်နှိမ်နင်းခြင်း၊ အလတ်တန်းစားလူများကို တွေဝေယိမ်းယိုင်စေခြင်း နှင့် နောက်တန်းက လူုထုကြီးကို မိမိ လူဟု အမည်တပ်ခြင်းဖြင့် တဖြည်းဖြည်းပြောင်းလဲယူခြင်း” လုပ်ငန်းစဉ်ဖြစ်ပါသည်။ ကူးယူတတ်သော စစ်အုပ်စုသည် ထိုအတိုင်း တသဝေမတိမ်းကျင့်သုံး ပါသည်။ ယနေ့တိုင်လည်း ပြည်တွင်းသာမက ပြည်ပနိုင်ငံများအထိပါ တိုးချဲ့ယူလာရာ အာဆီယံသည် ထိုလမ်းစဉ်မှ အလယ်အလတ်တန်း စားအုပ်စုဖြစ်လာပါသည်။ အတိုက်အခံထဲမှလည်း အဆိုပါ အလယ်အလတ်တန်းအုပ်စုကို ဆွဲယူနေပါပြီ။ တွေဝေသော (ကွန်မြူနစ်စကားဖြင့် ဆက်ပြောလျှင် ပညာတတ်များ) လူတချို့သည် ပါတီဖွဲ့အရွေးခံရန်၊ ရွေးကောက်ပွဲကို ထောက်ခံရန် လမ်းစဉ်ကို ရွေးနေကြလေပြီ။ စစ်တပ်သည် သာမန်အားဖြင့် ကျောင်းသားများကို မထလာအောင် နှိပ်ကွက် ထားလိုသည်မှအပ နိုင်ငံရေးသမားများ လောက် အမြင်မကြည်မှုမရှိသည်ဖြစ်ရာ (သူတို့သင်ခဲ့သော ဦးနေ၀င်းခေတ် သမိုင်းစာအုပ်များတွင်လည်း ကျောင်းသားများ အမြင်မှား၍သာ နိုင်ငံရေးလုပ်ကြကြောင်း သင်ခဲ့ရရာ) ကျနော်တို့ ၈၈ ကျောင်းသားများကိုလည်း အလယ်အလတ် လူစုတွင်ပါဝင်မည်လားဟု ထင်ကာ လွှတ်ပေးထားခဲ့သည်။ ၂၀၀၇ တွင်မှ အစွန်းရောက်စာရင်း သို့ ထည့်သွင်းခဲ့ ခြင်းဖြစ်ပါသည်။

ခြုံငုံ၍ဆိုရလျှင် စစ်တပ်၏ မကောင်းမှုများကို နားလည်မှုပေးသည့်တိုင် ယင်းတို့၏ ရပ်တည်ချက် သဘောထားသည် မှားယွင်းစွာ သင်ကြားလာသော အခြေခံအပေါ်မှ ဖြစ်ပေါ်လာခြင်းသာဖြစ်ပါသည်။ တိုင်းသူပြည်သားများ အမှန်တကယ်ခံစားမှု၊ အမှန်တကယ် အလုပ်လုပ်ကိုင်နေကြပြီး အကျိုးမရကြမှု၊ ယင်းတို့ အထင်ကြီးသော ပြည်ပနိုင်ငံသားများကဲ့သို့ အရည်အချင်းရှိသူများစွာ ရှိနေမှု၊ ယင်းတို့ကဲ့သို့ ပင်ပန်းနွမ်းနယ်စွာ၊ သက်စွန့်ဆံဖျား တိုင်းပြည်အတွက် အလုပ်လုပ်နေသူများရှိနေမှုတို့ကို ယနေ့တိုင် သိမြင်လာကြခြင်း မရှိသေးပါ။ ပြည်သူလူထုနှင့် အမှန်တကယ် နီးနီးစပ်စပ် နေထိုင်လိုစိတ်၊ နားလည်အောင်လုပ်လိုစိတ် နည်းပါးအောင် ကြိုတင် လေ့ကျင့်ပေးထားခြင်းဖြင့် အရပ်ဘက်တာဝန်ယူရသည့်တိုင် အစဉ်ကင်းကွာ နေလေ့ရှိသည်။ နားလည်သွားသော အရာရှိများသည်လည်း ဘေးဖယ်ခြင်း ခံသွားကြရသည်။ ထို့ကြောင့်လည်း ယနေ့ခေတ် ပင်စင်ယူသွားသော စစ်ခေါင်းဆောင်အားလုံးသည် လက်ရှိစစ်တပ်၏ ဘေးဖယ်ခြင်းကို ခံကြရသည်ဖြစ်ရာ လက်ရှိခေါင်းဆောင်ကြီး များ တသက်တာ မည်သည့်အခါမျှ အငြိမ်းစားမယူရဲတော့သည့်အဖြစ်သို့ရောက်ရှိကုန်ကြခြင်းဖြစ်ပေသည်။



http://www.irrawaddy.org/




အပြည့်အစုံသို့...

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို
မြန်မာနှင့် မွန်မလေးများ ခံစားနေရ

၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ်
ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ
မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ
ဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမားလက်မှတ်
တရားဝင် လက်ဝယ် ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံ
ခဲ့ရပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီး
နောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား
လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။

သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး
ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင်
တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ တိုက် ခန်း
တွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံ
ထားရ ချိန် တိုတောင်း သောကြောင့် ၊ ထိုမိန်းကလေးများ မည်သည့်လူမျိုးများ
ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစု မှာ မွန်နှင့် မြန်မာမ လေးများ
ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေး ထား ကြောင်း၊
ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး
လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ
ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့်
ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊ နင် တို့ကို
လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း
ရဲသို့အကြောင်း ကြား ခဲ့သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း
သတင်းကြား သိရပါသည်။

မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီး
စက်ရုံပိုင်ရှင် သူဌေး များသည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်း
ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင် လေ့ရှိကြ သည်။
ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေ
များ တွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီး
ရောင်းစား ပေးလေ့ ရှိပြီး ထို လှေ သား များကလည်း စိတ်တိုင်းကျ
ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကို
ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သော
အကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင်
ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို
အဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊
ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး
ဝန်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့
တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှု
စတင်ခဲ့ပါသည်။ လူဆိုးများ ထွက်မပြေး နိုင်ရန် ၊ ထိုမာဖီးယားဂိုဏ်း
တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်း
ကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှု
အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့်
ရအောင် သတင်းပေးသလို ဖြစ်ခဲ့ သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာ
လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။

ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများ ကြောင့်
ဇူလိုင် ၁၃ရက် ထိ ထို မာဖီးယား ဂိုဏ်းကို သူစီးနိုး ငါစီးနိုး နှင့်
ဝင်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင်
၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံရဲတစ်ဦး၏ နေ
အိမ်ဟောင်းအတွင်း တွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ်
ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏
ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။

ဖောက်ထွင်းသူသည် တအိမ်လုံး အ ပြောင် သိမ်းသွားရာ လက်ကိုင်ဖုန်းပါ
ပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ..
ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက်
သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့်
ဖမ်းရိုးမရှိသော နယ်တွင် လက် မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကို
ဖမ်းသည် ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံး ပြီး အတင်းဖမ်းဆီးမှုကို
ထူးခြား တိုက်ဆိုင် စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ
ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။

ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့်
အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ
တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေးယူမှု
ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေး
ကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူစောင့်ရှောက်ပေးထားခြင်းများ ပြု
လုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား
ဂိုဏ်းသား ၄ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း
လိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံ
ကြား မှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို
လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။

သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက
ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ
ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထို မာဖီးယားဂိုဏ်းတွင်
အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ
ထိုဒေသရှိထိပ်တန်းအာဏာပိုင် များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို
အင်အားကြီးမား သည်ကို တွေ့၇လေသည်။ ထိုမျှမကသေး ဘဲ မိန်းကလေးတစ်ဦး
ထွက်ပြေး လွတ်မြောက် ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀
ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယားဂိုဏ်း သားများ
ကိုလည်း ရှာမတွေ့တော့ပေ။ ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ
ထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက်
သေးသိမ်စေခဲ့သည်။ လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို
ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန်
သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။

ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး
ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော
လုပ်ငန်းဖြစ်ရာ ထို လုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန်
လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော် ဆက်စေပြီး သက်ဆိုင်ရာ
အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲ သည်လို မသိချင် ဟန်ဆောင်ကာ
ဖုံးဖိမှုကို ကန့်ကွက်သည့် အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို
တွန်းအား ပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူ များ၊
အဖွဲ့အစည်းများမှ လည်းကောင်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော
ပြည်ပရောက် မြန်မာများမှလည်းကောင်း online petition များကို
ပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆို ပေးကြပါရန် ပန်ကြားအပ်ပါသည် ။


ရည်ညွှန်းချက် ။

http://burmesemigrantwatch.blogspot.com

http://anti786.blogspot.com





အပြည့်အစုံသို့...

Saturday, March 14, 2009

Burmese Monks Depict Plight, Protest
by Madina Toure

In 2007, a group of Burmese monks led the Saffron Revolution, a series of anti-government protests in response to military oppression. On Tuesday evening, four rally participants addressed students in Earl Hall about the plight of Burmese citizens—from human rights abuses to a lack of freedom of speech to the dearth of international awareness.

The monks—U Pyinnyar Zawta, U Gawsita, U Pyinnyar Thiri, and U Agga—are part of an organization called the All Burma Monks’ Alliance, which supports Buddhist monks who helped lead the Saffron Revolution. The organization also supports political prisoners and activists still in hiding in Burma.

The monks emphasized that the goal of their protest was to peacefully oppose the Burmese military’s unfair treatment of citizens and express the need to improve civil conditions. U Agga said his intentions are “to represent these people of Burma who are suffering significantly.”

“They beat monks without reason ... we didn’t commit any crime,” U Pyinnyar Zawta said.

U Pyinnyar Thiri witnessed the beating of monks by the military junta—which calls itself the State Peace and Development Council—and fled to Thailand, eventually escaping and making it to the United States. U Gawsita met with former President George Bush to testify about his beating. U Agga arrived in the U.S. at the end of January, partaking in the 2007 protest and fleeing to Thailand after his monastery was raided by the police. After surviving imprisonment by the SPDC for 9 years and an assassination attempt by the government, U Pyinnyar Zawta made it to the U.S. after the Revolution.

U Pyinnyar Thiri mentioned that Buddhism places restrictions on monks, preventing them from engaging with citizens in a political manner. Yet he explained, if “the government or regime is not doing the right thing [like] not protecting the citizens, as the monks, they have to give the advice.”

The monks also discussed the role of the international community in the conflict, maintaining that the relationship between the military junta and the Chinese government prevents Burmese citizens from getting the help they need.

Kabita Parajuli, CC ’10 and organizer of the event, noted. “the Burmese military is able to stay in power through the Chinese government.”

The monks further addressed the outside world’s general lack of awareness of Burma’s harsh conditions. “They are not able to see the reality of how our people live in the country,” U Agga said.

“All the help during and after Saffron revolutions came through illegal [sources],” U Agga added. “They don’t allow anybody to have contact with people outside the country.”
When asked about the upcoming 2010 elections, U Pyinnyar Thiri said they would not change civic conditions, since the majority of government officials must come from the military or have some military experience.

The monks will likely face time in prison if they return to Burma. Yet the lack of internet and telephone lines make it difficult for them to reach their families at home.

U Gawsita told students not to take their American freedom for granted, saying, “All I want to request from all of you free students in the United States is to do everything to protect these human rights [you have].”
Rate this article:



Saffron Revolution Flyer March 10

အပြည့်အစုံသို့...

Thursday, March 12, 2009

မြန်မာမင်းများဇာတာနှင့်သန်းရွှေဖျက်ကိန်း(အပိုင်း-၁)

မြတ်စွာဘုရားအလောင်းတော်ကိုမွေးဖွားပြီးခုနှစ်ရက်အကြာတွင်ကောဏ္ဍညပုဏ္ဏားမှသိဒ္ဓတ္ထမင်းသားသည်အမှန်စင်စစ်ဘုရားဖြစ်
မည်ဟုလက်ညိုးတစ်ချောင်းကိုထောင်ကာတစ်ခွန်းတည်းသောဗေဒင်ကိုဟောလေသည်။သုဒ္ဓေါဓနမင်းကြီးသည်သားတော်သိဒ္ဓတ္ထမင်းသားဘုရားမ
ဖြစ်စေရန်မင်းသား၏နန်းတော်တွင်အသက်ကြီးသူအမျိုးသား၊အမျိုးသမီးများကိုအမူ့ တော်မထမ်းစေရဘဲငယ်ရွယ်နုပျိုသူအမျိုးသား၊အမျိုးသမီးများ
ကိုသာအမူ့ တော်ထမ်းစေလျှက်အိုသောသူနာသောသူများကိုသိဒ္ဓတ္ထမင်းသားမတွေ့ မမြင်ရစေရန်ရှောင်ရှားစေပါသည်။
သို့ သော်လည်းကံအကြောင်းတရားတို့ ၏စီမံရာကုသိုလ်၊အကုသိုလ်တရားတို့ ၏အကျိုးပေးသဘောကိုကားမည်သူတစ်ဦးတစ်ယောက်က
မျှတားဆီးပိတ်ပင်လို့ ရရိုးထုံးစဉ်မရှိသည့်အတွက်နတ်တို့ ဖန်ဆင်းအပ်သောနိမိတ်ကြီးလေးပါးကိုအကြောင်းခံကာတောထွက်ရဟန်းပြုဘုရားဖြစ်ခဲ့ရ
သည်သာ။


ရှေးအခါကလူတစ်ယောက်သည်လည်းသေမှာကိုကြောက်ရွံ့ သဖြင့်ရေလုံသေတ္တာတစ်လုံးပြုလုပ်ပြီးပင်လယ်ထဲကိုဆင်းကာပုန်းအောင်း
နေစဉ်သေမင်းကထိုသူကိုလိုက်ရှာရင်းပင်လယ်ထဲကသေတ္တာကိုဆွဲထားသည့်ကြိုးကိုခလုတ်တိုက်မိ၍လဲလေသော်ကြိုးစကိုဆွဲရင်းဆွဲရင်းဖြင့်သေတ္တာတစ်
လုံးကိုတွေ့ ၍ဖွင့်ကြည့်ရာသေမှာကြောက်၍ပုန်းနေသူကိုတွေ့ သဖြင့်သေမင်းကထိုသူကိုသေရွာသို့ ပို့ ဆောင်ပေးလေသည်။ထို့ ကြောင့်ကံတရားတို့ 
အကျိုးမပေးခင်ရှောင်လွဲ၍ရသော်လည်းတကယ်အကျိုးပေးလာသောအခါမူကားဘယ်သူမျှတားဆီးပိတ်ပင်၍မရနိုင်ပါ။
မိမိတို့ ပြုလုပ်ပြီးသောကံတရားနှင့်ပြုလုပ်နေသောကံတို့ ၏အကျိုးပေးကသာအဓိကဖြစ်ပါသည်။မြန်မာ့စကားပုံတွင်လည်း"ကံစီမံရာ
သာ""ကံတူအကျိုးပေး"ဟုပြောကြသည်မဟုတ်ပါလား။
ဤသို့ ဆိုပါလျှင်မိမိပြုလုပ်ခဲ့ပြီးသောမကောင်းမူ့ အများစုကိုကောင်းမူ့ တစ်ခုပြုပြီးကျေပါစေလို့ ဆုတောင်းယုံလောက်
နှင့်ကောပပျောက်နိုင်ရိုးရှိနိုင်ပါ့မလား။အဇာတသတ်မင်းကြီးသည်သာသနာတော်အတွက်ဘုရားပေါင်းများစွာကိုစေတနာအပြည့်ဖြင့်တည်ထားကိုးကွယ်
ခဲ့သော်လည်း" ဖခင်ကိုသတ်သော" ကံ၏အကျိုးကြောင့်အဝီစိငရဲကိုသွားခဲ့ရသည်သာ။
သံဃာကိုသတ်ပြီးယတြာဆောင်ဘုရားကိုတည်ရုံမျှဖြင့်အဘယ်မှာမကောင်းမူ့ ကိုကာကွယ်နိုင်ပါမည်လဲ။နအဖကနေပြည်
တော်မှာဘုရားတည်ပြီးတိုင်းပြည်ကိုကျွန်ပြုနေတာပါလို့ ပြောရင်သိပ်ရိုင်းတယ်လို့ ပြောကြမလား။
ယခုနှစ် ကောဇာသက္ကရာဇ်(၁၃၇၀)၊ခရစ်-၂၀၀၉ -ခုဟာမြန်မာ့သမိုင်းမှာမော်ကွန်းသစ်တွေရေးထိုးမဲ့နှစ်တစ်နှစ်ဖြစ်နေလို့ ပါဘဲ။
မြန်မာ့သမိုင်းကျွမ်းကျင်သူများနှင့်မြန်မာဗေဒင်ပညာရှင်များ၏အဆိုအရမြန်မာမင်းဆက်များဟာ " အ " မှာ စပြီး "သ" မှာဆုံးတယ်လို့ ဆိုကြပါတယ်။
ဟုတ်လည်းဟုတ်နေတာကိုတွေ့ ရမှာပါ။ အနော်ရထာစခဲ့တဲ့ပုဂံခေတ်ဟာ သီဟပတေ့မင်းလက်ထက်မှာဆုံးခဲ့ပြီး၊အလောင်းမင်းတရားစခဲ့တာကလည်း
သီပေါမှာဆုံးခဲ့ပါတယ်။လွတ်လပ်ရေးကိုယူခဲ့တာကဗိုလ်ချုပ်အောင်ဆန်းဆိုတော့သန်းရွှေမှာအဆုံးဆိုတာကလည်းသမိုင်းကပြောလာပါတယ်။ဒီနေရာ
မှာတူညီမူ့ တွေရှိနေတာကိုလည်းတွေ့ ရပါဦးမယ်။အကုန်လုံး" မင်း " ဆိုတဲ့ဘွဲ့ ကိုခံထားကြသူဖြစ်ပေမဲ့အစနှင့်အဆုံးကိုကြည့်ရင်အောင်ဆန်းဟာလည်း
"ဗိုလ်ချုပ်" ဖြစ်နေသလို သန်းရွှေကလည်း" ဗိုလ်ချုပ်"ပါဘဲ။နောက်ထပ်တူနေတာတွေကလည်းမင်းအားလုံးမှာဗေဒင်ပညာရှိတွေကိုမွေးမြူခဲ့ကြတာပါဘဲ။
၁၂၂၈ ခုနှစ်မှာသီပေါမင်းဟာဗေဒင်အခါတော်ပေးဦးပုညရဲ့တွက်ချက်မူ့ တွေ ကြောင့်(မြင်ကွန်းနှင့်မြင်းခုံတိုင်)တို့ ကိုသတ်ခဲ့တယ်
လို့ ဆိုကြပါတယ်။နအဖခေတ်မှာလည်းဗိုလ်ချုပ်၊တင်ဦး၊ဗိုလ်ချုပ်ခင်ညွန့် အရေးတော်ပုံများဟာဗေဒင်အခါတော်ပေးတွေအရဆိုရင်ရောငြင်းလို့ ရနိုင်ပါ့
မလား။မြန်မာနိုင်ငံရဲ့ဇာတာကိုယနေ့ ဇာတာဘဲဖြစ်ဖြစ်ရှေးအရင်ကဇာတာဘဲဖြစ်ဖြစ်ပြောင်းလဲမူ့ မရှိပါဘူး။ဘာကြောင့်လဲဆိုတော့အရင်တုန်းက
"ဗမာ"အခု"မြန်မာ''ဆိုတော့လဲနေ့ နံသဘောအရအတူတူသာဖြစ်ပါတယ်။ဒါကြောင့်မြန်မာ့ဇာတာကိုတည်ပြီးမင်းတို့ ၏ဇာတာနဲ့ နိုင်းယှဉ်ရတာအရမ်း
လွယ်ကူပါတယ်ဟုမန္တလေးမဟာသင်္ကြန်စာရေးနေတဲ့ဆရာတစ်ဦးကပြောဖူးပါသေးသည်။
အားလုံးလက်လှမ်းမီသော သီပေါမင်းလက်ထက်ကနေဇာတာဖွဲ့ တွက်ကြည့်သော်သီပေါမင်း၏မွေးသက္ကရာဇ်မှာ(၁၂၂၀)ခုဖြစ်ပြီးထီး
နန်းကျသောနှစ်" ဦး၊ကောင်း၊လိမ်၊ထုတ်"သီပေါပြုတ်(မင်းဆက်ပြုတ်)ဆိုသည့်အတွက်ကြောင့်(၁၂၄၇)ခုနှစ်ဖြစ်ပါသည်။
သီပေါမင်းဇာတာနှင့်သူ ၏နန်းသက်ကိုနိုင်းယှဉ်သော်"စစ်"အင်္ဂါသည်ပုတိနှင့်မရဏတို့ တွင်ကျရောက်နေပြီးကြာသပတေးအုပ်စိုးပြီးတနင်္ဂနွေခိုက်နေ
သဖြင့် မိန်မတို့ ၏အုပ်စိုးချယ်လှယ်ပြီးလူကြီးများ၏လိမ်ညာလှဲ့ ပတ်မူ့ ကိုခံရမည်။ဆရာဆိုသူတို့ ၏မာယာပရိယာယ်တို့ ကြောင့်မိမိ၏အသက်အိုး
အိမ်ရာထူးပြုတ်ကိန်းရှိသည်။ဆိုသည့်ကိန်းထဲကိုတထေရာတည်းကျရောက်နေသည်ကိုသာတွေ့ ရပါလိမ့်မည်။
သီပေါမင်း၏နန်းသက်သည်လည်း(၇)နှစ်ဖြစ်သဖြင့်စနေဂြိုလ်ဗုဒ္ဓဟူးသက်ရောက်ဖြစ်ပြန်ရာ "ဘယ်သူကယ်၍နိုင်ပါလိမ့်"ဟူသောကိန်း
များထဲကိုစောက်ထိုးသာကျဆင်းပြီးနန်းပါပြုတ်ရလေသည်။ထို့ နောက်ဗိုလ်ချုပ်အောင်ဆန်း၏ဇာတာကိုပြန်ကြည့်သော် ဗိုလ်ချုပ်၏အထွက်အမြတ်
ဖြစ်သောစစ်နံသည်ဗုဒ္ဓဟူးဂြိုလ်၏အုပ်စိုးမူ့ ကိုခံရကာစနေအတိုက်ထဲတွင်ကျရောက်နေပြန်သည်။

အပိုင်း(၂)တွင်ဆက်လက်ဖတ်ရူ့ ပါရန်
ပညာကျော်

အပြည့်အစုံသို့...

Tuesday, March 10, 2009

ဘုရားတည်သော်လည်းသာဓုမခေါ်ပါ

ဗုဒ္ဓဘာသာမှာရတနာသုံးပါးဆိုတာရှိပါတယ်။ဘုရား၊တရား၊သံဃာဟာရတနာသုံးပါးပါဘဲ။ဗုဒ္ဓဘာသာဝင်အများစုဟာရတနာသုံးပါးကို
သိကြပါတယ်။ဘာကြောင့်ရတနာသုံးပါးကိုကိုးကွယ်ရတယ်ဆိုတာတော့တချို့ မသိဘူးလို့ ထင်ပါတယ်။ဗုဒ္ဓမြတ်ဘုရားဟာမကောင်းမူ့ မှန်သမျှကိုပယ်
တော်မူ့ပြီးလူ၊နတ်၊ဗြဟ္မာ၊သတ္တဝါအားလုံးတို့ အားဆင်းရဲမှလွတ်မြောက်ချမ်းသာရောက်အောင်ဆိုဆုံးမနိုင်သောကြောင့်ကိုးကွယ်ရခြင်းပါ။တရားဟာ
လည်းလိုက်နာကျင့်ကြံသူမှန်သမျှကိုကိုယ်စိတ်နှလုံးသုံးပါးလုံးတို အားအေးချမ်းစေသဖြင့်ကိုးကွယ်ရခြင်းဖြစ်သလိုသံဃာတော်တွေဟာမြတ်ဘုရား
ရဲ့တရားမြတ်တွေကိုကျင့်ကြံအားထုတ်သူမျာဖြစ်သလိုတရားဓမ္မများမပျောက်မပျက်ဆီးရအောင်ထိန်းသိမ်းစောင့်ရှောက်ကြသူများဖြစ်သဖြင့်ကိုးကွယ်
နေကြရခြင်းပါဟုအကျဉ်းချုံးကာပြောပါရစေ။
ဗုဒ္ဓဘာသာမှာရတနာသုံးကိုတန်းဖိုးထားကြပါသည်။ရတနာသုံးပါးကိုသရဏဂုံသုံးပါးဟုလည်းခေါ်ဆိုကြပါသည်။ဗုဒ္ဓဘာသာဝင်တစ်ယောက်
ဟုတ်မဟုတ်ကိုခွဲခြားရာတွင်သရဏဂုံသုံးပါးကိုယုံကြည်ခြင်းမယုံကြည်ခြင်းကိုအဓိကအခြေခံပြီးခွဲခြားရသည်သာဖြစ်ပါသည်။သရဏဂုံသုံးပါးကိုမယုံ
ကြည်သောသူသည်ဗုဒ္ဓဘာသာမဟုတ်ပါ။ရတနာသုံးပါးသည်ဤလောက၌ကိလေသာအကုသိုလ်ဟူအမျှတို့ ကင်းရှင်းသဖြင့်ကိုးကွယ်ချဉ်းကပ်သူတို့ အား
လည်းကိလေသာကင်းစေပြီးကုသိုလ်ကိုသာဖြစ်စေ၍"လူချမ်းသာ၊နတ်ချမ်းသာ၊နိဗ္ဗာန်ချမ်းသာ"တို့ ကိုပေးစွမ်းနိုင်သည်။နတ်၊ဗြဟ္မာ၊ဝိဇ္ဇာတို့ သည်ကား
ကိလေသာမကင်းကြသဖြင့်တိုသူတို့ အားမကိုးကွယ်အပ်။ကိလေသာမကင်းလျှင်လိုချင်တပ်မက်ခြင်း၊ကြောက်ရွံ့ ထိတ်လန့် ခြင်းတို့ ရှိကြသည်။ကိုယ်
ကိုယ်တိုင်ကမှလိုချင်တပ်မက်၊ထိတ်လန့် ကြောက်ရွံ့ နေလျှင်သူတပါးတို့ အားကြောက်ရွံ့ ထိတ်လန့် ဘေးအန္တရာယ်ကင်းအောင်ပြုလုပ်ပေးနိုင်ပါမည်
နည်း။
"တော၊တောင်၊အာရာမ်၊အဓိကရသစ်ပင်၊နတ်ကွန်း၊တိရိ စ္ဆာန် တို့ အားကိုးကွယ်ခြင်းသည်ဘေးကင်းသောကိုးကွယ်ခြင်းမဟုတ်၊မြတ်
သောကိုးကွယ်ခြင်းမဟုတ်၊ထိုအရာတို့ အားကိုးကွယ်သဖြင့်ဆင်းရဲအပေါင်းမှမလွတ်မြောက်နိုင်" (ဓမ္မပဒ။ ဂါထာ-၁၈၉)
"ရတနာမြတ်သုံးပါးကိုကိုးကွယ်ခြင်းသည်သာလျှင်ဘေးကင်းသောကိုးကွယ်ဆည်းကပ်ခြင်းမည်၏။မြတ်သောကိုးကွယ်ဆည်းကပ်ခြင်း
မည်၏။အလုံးစုံသောဆင်းရဲအပေါင်းမှလည်းလွတ်မြောက်နိုင်၏ ။" (ဓမ္မပဒ ။ဂါထာ-၁၉၂)
ဟုမြတ်ဘုရားထင်ထင်ရှားရှားဟောခဲ့သည်ကိုတွေ့ ရပါသည်။
ထိုကြောင့်သရဏဂုံသုံးပါးကိုယုံကြည်ရေးမှာဗုဒ္ဓဘာသာတို့ အတွက်အသက်တမျှအရေးကြီးသည်ဟုပြောဆိုတက်ကြပါသည်။ထိုသရဏ
ဂုံကိုသံဃာတော်တို့ ထံတွင်ဆောက်တည်လျှင်ရသလို"ဘုရားရုပ်ပွားတော်၊ဆင်းတုတော်၊စေတီတော်တို့ "၏ရှေ့ တွင်လည်းရွတ်ဆိုအဓိဌာန်လျှင်ရနိုင်ပါ
သည်။
ဘုရားရုပ်ပွားစေတီဟုဆိုရာတွင် "စေတီလေးမျိုး"ရှိပါသေးသည်။'"ဓါတုစေတီ၊ဓမ္မစေတီ၊ဥဒ္ဒေသစေတီ၊ပရိဘောဂစေတီ"ဟုစေတီလေးမျိုး
တွင် မြတ်ဘုရားရဟန္တာတို့ ၏ဓါတ်တော်မွေတော်များဖြင့်ဌာပနာပြီးတည်ထားသောစေတီများကိုဓါတုစေတီဟုခေါ်ပါသည်။ပိဋကတ်သုံးနိကာယ်ငါးရပ်သော
တရားတော်မြတ်အပေါင်းတို့ ကိုဓမ္မစေတီဟုခေါ်ဆိုပြီး၊ဥဒ္ဒေသစေတီဆိုသည်မှာဘုရားမြတ်စွာ၏ပုံတော်ရုပ်ပွားတော်များကိုခေါ်ဆိုပါသည်။ပရိဘောဂစေတီ
ဆိုသည်မှာမြတ်ဘုရား၏အသုံးအဆောင်ဖြစ်သောသင်္ကန်းသပိတ်စသည်တို့ ကိုဌာပနာပြီးတည်ထားသောစေတီပုထိုးများကိုခေါ်ဆိုခြင်းဖြစ်ပါသည်။
ဤစေတီလေးမျိုးကိုပူဇော်သောသူတို့ မှာဘုရားမြတ်စွာကိုသက်ရှိထင်ရှားပူဇော်နေရသည်ဟုစိတ်ဝယ်ဖြစ်ပေါ်စေနိုင်သဖြင့်ကောင်းမြတ်
သောကုသိုလ်ကိုဖြစ်စေပြီးကောင်းမြတ်သောချမ်းသာကိုရရှိစေနိုင်သည်ဟုဗုဒ္ဓဘာသာများကယုံကြည်ကြပါသည်။ထိုကြောင့်လည်းသက်ရှိသံဃာတော်များ
ပင်လျှင်ထိုစေတီများကိုဦးညွတ်ရိုသေပူဇော်ရှိခိုးကြပါသည်။
ထို့ ကြောင့်ဤစေတီများသည်ဗုဒ္ဓဘာသာဝင်တို့ အားမကောင်းမူ့ ကိုမပြုကြကုန်လင့်၊ကောင်းသောကုသိုလ်တရားတို့ ကိုသာပြုကြကုန်လော့
ဟုဆုံးမပေးနေသောသက်ရှိဘုရားများသာဖြစ်သည်ဟုလည်းပြောဆိုနိုင်ပါသည်။ရှေးသူတော်ကောင်းများကသာသနာအဓွန့် ရှည်တည့်တံ့ရေးကိုဦးတည်ကာ
ဘုရားပုထိုးစေတီများကိုမြို့ များရွာများတွင်တည်ထားခဲ့ကြပြီးလူတို့ အားမကောင်းမူ့ ကိုတားမြစ်ပြီးကောင်းမူ့ ကိုတိုးပွားစေခဲ့ကြပါသည်။
ရှေးမြန်မာ့သမိုင်းတွင်ဗုဒ္ဓဘာသာထွန်းကားခဲ့သောရခိုင်၊မွန်၊နှင့်အနော်ရထာမင်းမှစတင်ကာဖဆပလခေတ်ဝန်ကြီးချုပ်ဦးနုလက်ထက်အထိ
ဘုရားပုထိုးစေတီပေါင်းများစွာတို့ ကိုတည်ထားခဲ့ကြပါသည်။ထိုသို့ ဘုရားတည်ထားကိုးကွယ်ခြင်းနဲ့ ပတ်သတ်ပြီးရဟန်းရောလူပါသာဓုခေါ်ခဲ့ကြပါသည်။
သာသနာအကျိုးကိုမျှော်ကိုးပြီးတိုင်းပြည်အေးချမ်းသာရာရေးကိုဦးတည်ကာတိုင်းသူပြည်သားများကောင်းကျိုးတိုးပွားချမ်းသာပါစေကြောင်းကောင်းသော
စေတနာဦးတည်ချက်ဖြင့်ကောင်းစွာပြုလုပ်ခြင်းတို့ ကြောင့်ပေတည်း။
ယနေ့ မြန်မာနိုင်ငံကိုအုပ်ချုပ်နေကြသောစစ်အာဏာရှင်တို့ သည်လည်းမြို့ သစ်တွင်ဘုရားတည်ပြီးထီးတော်တင်ပွဲကိုကျင်းပပြုလုပ်ကြောင်း
မတ်လ(၈)ရက်နေ့ ထုတ်မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာတို့ တွင်ဖတ်လိုက်ရပါသည်။တို့ နိုင်ငံကဗုဒ္ဓဘာသာဘွဲ့ တပ်ထားတဲ့ဗုဒ္ဓဘာသာနိုင်ငံဆိုတော့
ဘုရားတည်တာကောင်းတာပါဘဲဟုစာရေးသူစိတ်ထဲမှာတွေးမလို့ လုပ်သေးတယ်ဦးခေါင်းရှာရှာလည်လည်သွားပါလေတော့သည်။
သတင်းစာတွင်စေတီတော်မြတ်ကြီးတွင်ဌာပနာတော်ထည့်ရန်အတွက်ဗိုလ်ချုပ်မူးကြီးသန်းရွှေနှင့်မိသားစုက "ဆင်ခံရုပ်ပွားတော်ရွှေစင်ပဋိမာ
နှစ်ဆူ"အားသံဃာ့မဟာနာယကဥက္ကဌဆရာတော်ထံကပ်လှူခြင်း။အော်---ဘုရား-ဘုရား-ဘုရား ဟုသာစာရေးသူဘုရားတပြီးမောနေပါတော့သည်။
"မြန်မာနိုင်ငံမှာရှေးဟောင်းစေတီပျက်ပေါင်းများစွာကိုယနေ့ ပြုပြင်မွမ်းမံနေကြပါသည်။ဘယ်ဘုရားဘယ်စေတီထဲကနေဘယ်တိရိ စ္ဆာန်ရုပ်တုကိုရရှိပါသလဲ
ဘယ်သူကြားဖူးကြပါသလဲ၊မြင်ဖူးတွေ့ ဖူးကြပါသလဲ၊"တွေ့ ဖူးမြင်ဖူးသူရှိကပြောကြပါဗျာ။
ကျွန်ုပ်တို့ ရဲ့မြတ်ဘုရားသည်မဟာဂရုဏာတော်ရှင်ဖြစ်သည့်အတွက်ဘယ်သတ္တဝါဘယ်တိရိ စ္ဆာန်ကိုသော်မှညှင်းပမ်းနှိပ်စက်ခြင်းကို
မပြုပါ။ထို့ ကြောင့်ဗုဒ္ဓဘာသာတွင်ဆင်ခံ၊မြင်းခံဘုရားဟူ၍မရှိပါ။ထို့ အပြင်ယနေ့ တည်နေသောဘုရားသည်နိုင်ငံကျက်သရေဆောင်ပြည်သူ့ အကျိုးဆောင်
သာသနာ့အကျိုးဆောင်ဆိုပါလျှင်ထိုဘုရား၌ဆင်ကိုအဘယ်ကြောင့်ဌာပနာထည့်ရပါသနည်း။ဆင်ကိုဌာပနာထည့်ထားသည့်အတွက်"ဘုရားပူဇော်သော
ရဟန်းရှင်လူအားလုံးတို့ သည်ဆင်ဟူသောတိရိ စ္ဆာန်ကိုပူဇော်သလိုဖြစ်နေပါသဖြင့်ဘုန်းကံနိမ့်ခြင်းကိုဖြစ်စေနိုင်ပါသည်။"
ဘုရားတည်ပြီးပြည်သူတရပ်လုံး၏အကျိုးကိုမဖြစ်စေဘဲပြည်သူတစ်ရပ်လုံးဆင်းရဲတွင်းနက်အောင်ဆောင်ရွက်ခြင်းသာလျှင်ဖြစ်ပါသည်။
သံဃာကိုသတ်တာကအသက်ခံရသောသူသာသေသော်လည်းအခုလုပ်ရပ်သည်ကားမြန်မာတစ်မျိုးသားလုံးဖယောင်းတိုင်မီးပမာတမြေ့မြေ့လောင်မြိုက်
ကာတဖြည်းဖြည်းတုံးရပါတော့မည်အဖြစ်မျိုးသာလျှင်ဖြစ်ပါသည်။


ပညာကျော်





အပြည့်အစုံသို့...

The Second Fault Line

အပြည့်အစုံသို့...

blogger templates | Make Money Online