Tuesday, March 3, 2009

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့လယ်မှာရှိတဲ့ ဈေးအကြီးဆုံး Buddha Bar စားသောက်ဆိုင်ဟာ အင်ဒိုနီးရှားသမ္မတဟောင်း မဂါဝတီ ဆုကာနိုပုထရီရဲ့ သမီး ပူဝမ်မဟာရနီ



http://ashinmettacara.blogspot.com/
အင်ဒိုနီးရှားသမ္မတဟောင်း သမီးအပါအ၀င် Buddha Bar စားသောက်ဆိုင်ပိုင်ရှင်တွေကို တရားစွဲဆိုတော့မှာဖြစ်ပါတယ်။
ဒါကတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့လယ်ခေါင်က Buddha Bar စားသောက်ဆိုင်



ကျောင်းသားဥက္ကဌ အေကို နူဂရိုဟိုကတော့ Buddha Bar စားသောက်ဆိုင်အသစ်နဲ့ မန်းတင်းမှာရှိတဲ့ဆိုင်ကို ပိတ်ပစ်ရမယ်၊ ဒါဟာ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်၊ ဘာသာရေးကို စော်ကားတာဖြစ်တယ်လို့ Jakarta Globe ကို တနင်္ဂနွေနေ့ကပြောကြားလိုက်ပါတယ်။

သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနတွေကိုလည်း ဒီနာမည်အသုံးပြုမှုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံဗုဒ္ဓဘာသာအဖွဲ့အစည်းတွေက တိုင်းကြားထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘာသာရေးသင်္ကေတတွေကို အလွဲသုံးစားလုပ်တာနဲ့ပတ်သက်ပြီး ဂျာကာတာအစိုးရအနေနဲ့ စားသောက်ဆိုင်မဖွင့်ခင် ဥပဒေကို လေးစားလိုက်နာသင့်တယ်လို့ အေကိုက ဆိုပါတယ်။ “ဗုဒ္ဓဘာသာတွေရဲ့ဒေါသကိုရှောင်ရှားဖို့ Buddha Bar စားသောက်ဆိုင်အသစ်ကို ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ ဂျာကာတာအစိုးရကို တိုက်တွန်းတယ်”လို့ အေကိုက ပြောပါတယ်။

ကျန်တော်တို့ Buddha Bar စားသောက်ဆိုင်ပိုင်ရှင်တွေကို တရားစွဲဆိုနိုင်ရေးအတွက် လုံလောက်တဲ့ အထောက်အထားတွေနဲ့အတူစီစဉ်နေပါပြီ၊ ဗုဒ္ဓဘာသာကို ကာကွယ်ရမယ့် အင်ဒိုနီးရှားရဲ့ဖွဲ့စည်းပုံဥပဒေတွေကို ပျက်ကွက်နေတဲ့ ဗဟိုအစိုးရကိုပါ တရားစွဲဆိုသွားဖို့ ငါတို့တွေ စဉ်းစားနေပြီ လို့ အေကိုက ဆက်ပြောပါတယ်။

Buddha Bar အမည်နဲ့စားသောက်ဆိုင်ကို ၁၉၉၆ ခုနှစ်မှာ ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ စတင်ဖွင့်လစ်ခဲ့ပြီး၊ လန်ဒန်၊ နယူးယောက်၊ ဒူဘိုင်း၊ ဆော်အိုပေါ်လို၊ ကိယက်ဗ်၊ ကိုင်ရို နဲ့ ဗေးရွတ်တို့အထိ ဖွင့်လစ်လာခဲ့ပါတယ်။ ထိုင်းအစိုးရနဲ့ စင်္ကာပူအစိုးရတို့ ဒီနာမည်နဲ့ ဆိုင်ကို မဖွင့်ဖို့ ပိတ်ပင်တာမြစ်ထားပါတယ်။ ဂျာကာတာကတော့ ဒီဆိုင်ကိုဖွင့်တာ အာရှမှာ ပထမဆုံးမြို့တော်ပါ။

ဒီဆိုင်ဖွင့်သူကိုယ်တိုင်က သမ္မတဟောင်းတစ်ဦးရဲ့သမီးဖြစ်သလို၊ Democratic Party of Struggle ကိုအမွေဆက်ခံမယ့်သူလည်း ဖြစ်ပါတယ်။

ဘယ်လိုပင်ဖြစ်စေ အင်ဒိုနီးရှားနိုင်ငံရဲ့ ဗုဒ္ဓဘာသာဦးရေဟာ ၂သန်းကျော်ကျော်လောက်သာရှိပေမယ့် ချမ်းသာသူများဖြစ်ကြတဲ့အတွက် အင်ဒိုနီးရှားအစိုးအနေနဲ့ သူတို့ကို မလွန်ဆန်ရဲတာတော့ အမှန်ပဲ။ Buddha နာမည်နဲ့ အကျိုးစီးပွားရှာနေကြသူတွေကို အင်ဒိုနီးရှားလူမျိုးဗုဒ္ဓဘာသာဝင်တွေကတော့ ကန့်ကွက်ဖို့လုပ်နေကြတဲ့အချိန်မှာ မြန်မာဗုဒ္ဓဘာဂျာများကတော့ အိုစ်မာဘင်လာဒင်ကို အိမ်ပေါ်တင်ကြွေးပြီး နေရာတစ်နေရာမှာ ပုန်းအောင်းခိုင်းထားပါတယ်။

၂၀၀၄ ခုနှစ် တုန်းကလည်း Hollywood Buddha အမည်ရှိ ဇာတ်ကားကို သီရိလင်္ကာ နဲ့ ထိုင်းနိုင်ငံရှိ (မြန်မာနိုင်ငံ မပါ) သံဃာတော်များက ကန့်ကွက်ခဲ့ကြပါတယ်။ ကန့်ကွက်ရခြင်းရဲ့အကြောင်းကတော့ ထိုဇာတ်ကားကို ထုတ်ဝေသူလည်းဖြစ်။ ဒါရိုက်တာလည်းဖြစ်၊ သရုပ်ဆောင်လည်းဖြစ်တဲ့ Philippe Caland ဟာ ဘုရားဦးခေါင်းပေါ်မှာ ထိုင်နေတဲ့ပုံနဲ့ ပိုစတာလုပ်ခဲ့လိုပါ။ စက်တင်ဘာ ၂၄ရက်နေ့ထိုဇာတ်ကား မထွက်ခင် သီရိလင်္ကာသံဃာတော်များနှင့် သီရိလင်္ကာမှာပညာသင်နေကြတဲ့မြန်မာ၊ ကမ်ဗောဒီယား နီပေါ၊လာအို့စ်အပါအ၀င် သံဃာတော် ၅၀၀လောက်ဟာ ကိုလံဘိုမြို့တော်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြလို့ ထိုဟောလီးဝုဒ်ဇာတ်ကားကိုပိတ်ပစ်ခဲ့ရပြီး၊ ဒါရိုက်တာကိုယ်တိုင်လည်း တောင်းပန်ခဲ့ရပါတယ်။




0 Comments:

blogger templates | Make Money Online