Saturday, September 20, 2008

ကျောက်မြောင်းတွင် နိုင်ငံရေးဝက်ဘ်ဆိုက်ကြည့်သူများ ဖမ်းဆီးခံရ

September 20th, 2008 by admin
၂၀-၉-၀၈
ယမန်နေ့ညက ကျောက်မြောင်းရှိ အင်တာနက်ကဖေးဆိုင်တခုတွင် နိုင်ငံရေးဝက်ဘ်ဆိုဒ် ကြည့်သူများအား ၀င်ရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်တဦးက ပြောသည်။
ရဲများက သေနတ်များဖြင့်ချိန်ပြီး ဆိုင်တွင်းသို့ဝင်လာကာ သုံးစွဲသူများကို မတ်တပ်ရပ်ခိုင်း၍ addressbars ကိုဖွင့်ကြည့်ပြီး ကြည့်သည်ဖြစ်စေမကြည့်သည်ဖြစ်စေ ထိုဘားအတွင်းတွင် နိုင်ငံရေး address တွေ့ပါက ဖမ်းဆီးခေါ်ဆောင်သွားသည်။ (၅) ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရှိရသည်။


မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း ဆန္ဒပြ


ဖနိဒါ
သောကြာနေ့၊ စက်တင်ဘာလ 19 2008 21:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုသည့် အနေဖြင့် ထောင်တွင်း အစားအစာ လက်မခံ ငြင်းပယ် ဆန္ဒပြနေခဲ့သည်မှာ စုစုပေါင်း ၉ ရက်ကြာခဲ့ပြီ ဖြစ်သည်။

တလကျော်ကြာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရခဲ့သည့် မစုစုနွေးသည် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ထောင်အတွင်း ကျွေးမွေးသည့် အစားအစာများကို လက်မခံ ငြင်းပယ် ဆန္ဒပြနေကြောင်း မစုစုနွေး အမဖြစ်သူ မဌေးဌေးကြည် မှ မဇ္ဈိမကို ယခုလိုပြောသည်။"ရှေ့နေနဲ့ စကားပါးလိုက်တယ်။ အမနဲ့ မတွေ့ရမချင်း လက်မခံဘူးလို့ ပြောတယ်။ ကျမနဲ့ မိသားစုကို ပေးမတွေ့တဲ့အပြင် ကျမမှာလဲ ဘာအပြစ်မှ မရှိဘူး။ အဲဒါတွေကို မရလို့ဆိုပြီး သူ (စုစုနွေး) က ရေနွေးတောင် လက်မခံဘူး ပြောတယ်။ ကျမနဲ့ မတွေ့တာက ကြာပြီ။ ဒီနေ့အထိဘဲ။ ဆေးနဲ့ ပစ္စည်းကို ထောင်ဘူးဝမှာ ပေးထားခဲ့ရတယ်" ဟု မစုစုနွေး၏ အမဖြစ်သူ မဌေးဌေးကြည်က ပြောသည်။အင်းစိန်ထောင် အာဏာပိုင်များထံ မစုစုနွေး နှင့်တွေ့ဆုံခွင့်ပေးရန် အစ်မဖြစ်သူ မဌေးဌေးကြည်မှ တောင်းဆိုစာတင်သွင်းခဲ့သော်လည်း အာဏာပိုင်များမှ တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရရှိခဲ့ပေ။ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တန်နာ မှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ရာ မစုစုနွေးလည်း ပါဝင်ခဲ့သည်။လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် ထောင်တွင်း တင်းကြပ်မှုကို ဆန့်ကျင် ပြောဆိုခဲ့သည့်အတွက် ထောင်ဝန်ထမ်းများနှင့် စကား အချေအတင် ဖြစ်ခဲ့ရာ ၂ ပတ်ကြာ တိုက်ပိတ်ခံခဲ့ရသည်။
၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာတမ်း ချိတ်ဆွဲခဲ့သည့် မစုစုနွေးအား အာဏာပိုင်များက ဖမ်းဆီး ထိမ်းသိမ်းခဲ့ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ လူစုလူဝေးတွင် ပါဝင်မှု နှင့် အစိုးရကို အကြည်ညို ပျက်စေမှု စသည့် ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်။လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် မစုစုနွေးအား တရားရုံးထုတ် အမှုစစ်ဆေးရန် သတ်မှတ်ရက် ဖြစ်သော်လည်း ရုံးထုတ်ခြင်းမရှိဘဲ ရမန်ရက်သာ ပေးခဲ့သည်။
လူ့အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကော့မူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးအား ကနေဒါ အခြေစိုက် “လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ” အဖွဲ့မှ ချီးမြှင့်ခဲ့သည့် ၂ဝဝ၆ ခုနှစ် ဂျွန်ဟမ်ဖရေး လွတ်လပ်ခွင့် ဆုကို ရရှိခဲ့သည့်အပြင်၊ ၂ဝဝ၇ ခုနှစ်တွင် ချက်သမတ နိုင်ငံအခြေစိုက် the People-in-Need အဖွဲ့မှ ချီးမြှင့်ခဲ့သည့် 'Homo Homini Award' ဆုကို ရရှိခဲ့သည်။


စက်တင်ဘာ အရေးတော်ပုံကို အကြမ်းဖက် ဖြိုခွဲခံရပြီးတဲ့ နောက်ပိုင်းမှာ ရှေ့ဆက်ပြီး ဘယ်လိုပုံသဏ္ဍာန်နဲ့ တိုက်ပွဲဝင်ကြမလဲဆိုတဲ့အပေါ် သုံးသပ်ဝေဖန်ချက်တွေ၊ အကြံပြုစဉ်းစားချက်တွေ အတော်များများ ထွက်ပေါ် လာတာကို တွေ့ရပါတယ်။ အရေးတော်ပုံအတွင်း သံဃာတော်တွေ ဦးဆောင်ပြီး အကြမ်းမဖက်ဘဲ အနုနည်း နဲ့ မေတ္တာပို့ချီတက်ဆန္ဒပြတာကို လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ ပြည်သူ တွေအပါအ၀င် နိုင်ငံရေးတောင်းဆိုလှုပ်ရှားသူ အတော်များများဆီက အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မ လုံလောက်တော့ဘူးဆိုတဲ့ အသံတွေ အဓိက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တချို့ကကျတော့ အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အယူအဆကို ရှေ့တန်း မတင်ဘဲ သံတမန်ရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းအပေါ် အားကိုးအားထားပြုပြီး စိတ်ရှည်လက် ရှည် သည်းခံစောင့်မျှော်ဖို့ စဉ်းစားကြတာကိုတွေ့ရတယ်။ အဲဒီလို စဉ်းစားသူတွေဆီက နိုင်ငံတကာဖိအားတွေ ပိုမိုပြင်းထန်လာတဲ့အပေါ် အခွင့်အရေးအမိအရယူပြီး စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာအောင် အား ထုတ်ကြိုးပမ်းမယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သေချာတာကတော့ အကြမ်းမဖက်ရေးနည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရော၊ သံတမန်ရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေးနည်းတွေကို စောင့်စားသူတွေပါ စက်တင်ဘာ အရေးတော်ပုံတုန်းက လို အကြမ်းမဖက်တဲ့နည်း တမျိုးတည်းကို ထပ်သုံးလို့ မရတော့ဘူး ဆိုတာကို လက်ခံလာကြတာပဲ ဖြစ် တယ်။ အဲဒီနည်းကို ထပ်သုံးရင် သံဃာတွေ ပြည်သူတွေ ကျောင်းသားတွေ သက်သက်မဲ့ ထပ်အသတ်ခံရပြီး ထပ် မံရှုံးနိမ့်ဦးမယ်ဆိုတာကို သဘောပေါက် လက်ခံလာကြတာပဲဖြစ်ပါတယ်။ နအဖစစ်အုပ်စုကို ဆန့်ကျင်တိုက် ပွဲဝင်သူမှန်သမျှ အဲဒီနည်းကို ဆက်လက်ကျင့်သုံးဖို့ မသင့်တော့ဘူးဆိုတာကို တညီတညွတ် လက်ခံလာ ကြတဲ့ သဘောပါပဲ (စက်တင်ဘာအရေးတော်ပုံအတွင်း ရှေ့ဆုံးကနေ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ကဗျာဆရာ အောင် ဝေးကဆိုရင် သူ့ရဲ့ ‘အောင်ဝေးစစ်တမ်း’မှာ အဲဒီနည်းကို ယုံကြည်တဲ့သူရှိသေးရင် ယုံကြည်တဲ့သူတွေ ရှေ့ဆုံး ကချီတက်ပြီး ပိုးစိုးပက်စက် အသေခံကြပါလို့တောင် ပြင်းပြင်းထန်ထန် သတိပေးရေးသားထားတာကို တွေ့ရ ပါတယ်)။

ပထမဦးစွာ အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရဲ့ အကြံပြုချက် တွေအပေါ် ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါ အောက်ဖော်ပြပါ တိုက်ပွဲပုံသဏ္ဍာန် အမျိုးအစား အကြံပြုချက်တွေကို တွေ့ရပါတယ်။

(၁) လက်နက်အားကိုးပြီး ဖက်ဆစ်ဆန်ဆန် ဖိနှိပ်ရက်စက်နေတဲ့ နအဖစစ်အုပ်စုကို လက်နက်ကိုင် တော် လှန်ရေးနည်းနဲ့သာ ချေမှုန်းနိုင်မယ်။ အဲဒီအတွက် စုစည်းညီညွတ်တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်နဲ့ အဲဒီတပ်ကို ဦးဆောင်ကွပ်ကဲမှု ပေးနိုင်မယ့် ခေါင်းဆောင်တယောက် အမြန်ဆုံး ပေါ်ထွန်းဖို့လိုတယ်။ အဲဒီလို ပေါ်ထွန်းလာမယ့် လက်နက်ကိုင် တော်လှန်ရေးတပ်ကို နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီလိုလားသူ မြန်မာနိုင် ငံသားအားလုံးက ငွေကြေးကအစ လိုအပ်တာတွေကို အလုံအလောက် ထောက်ပံ့ပေးမယ်။ ပြည်သူတွေက လည်း နအဖစစ်အုပ်စုကို အရင်ကထက် မုန်းတီးပြီး ဆန့်ကျင်တိုက်ခိုက်လိုစိတ်တွေ ပြင်းပြနေတဲ့အတွက် တပ် သားစုဆောင်းရတာ လွယ်ကူမယ်။ အဲဒီနည်းနဲ့ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ပြီး နအဖစစ်အုပ်ကို ဖြုတ်ချမယ်။ ဒီမိုကရေစီနိုင်ငံကို ထူထောင်ရမယ်။

(၂) ရှိရင်းစွဲ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မြို့တွေပေါ်တက်ပြီး နအဖစစ်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားကို ရပ်တန့်စေမယ့် ဖောက်ခွဲဖျက်ဆီးမှုတွေကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ လုပ်ဆောင်တဲ့ နေရာမှာ ပြည်သူတွေကို ထိခိုက်မှုမရှိစေမယ့် ပစ်မှတ်တွေကို သေချာရွေးချယ်ပြီး ဖောက်ခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ မြို့နယ်တွေက ရဲဌာနတွေ၊ ကြံ့ဖွံ့အသင်းရုံးတွေ၊ အမျိုးသမီးရေးရာ အသင်းရုံးတွေ၊ တိုင်းနဲ့ ပြည်နယ်/ မြို့နယ်/ ရပ်ကွက် အေးချမ်းသာယာရေးရုံးတွေ၊ နအဖနဲ့ ဆွေတော်မျိုးတော်တွေ/ အပေါင်းအပါတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အဦးတွေ၊ ကုမ္ပဏီရုံးတွေကို အဓိက ပစ်မှတ်ထား ဖောက်ခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်။ လိုအပ်ရင် အစိုးရယန္တရားအားလုံး လုံးဝရပ်ဆိုင်းသွားစေဖို့ ရုံးဝန်ထမ်းတွေကို ကြိုတင်အသိပေး ကြေညာချက်တွေ ထုတ်ပြန်ပြီး အစိုးရရုံးဌာန အဆောက်အဦးတွေကို ဖြိုခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်(အဲဒီလို လုပ်ဆောင်ရာမှာ အပြစ်မဲ့ ပြည်သူ့ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရတာမျိုး၊ အသက်ဆုံးရှုံးတာမျိုး မဖြစ်အောင် သတိကြီးစွာထားပြီး လုပ်ဆောင်ဖို့ လိုပါတယ်)။ အဲဒီကမှတဆင့် အထွေထွေသပိတ်ကို ဖေါ်ဆောင် အရှိန်မြှင့်ပြီး စင်ပြိုင်အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။

(၃) ပြည်သူတွေအားလုံး ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ရရာလက်နက်စွဲကိုင်ပြီး နအဖရဲ့ ဖိနှိပ်မှုယန္တရားတွေကို ကျားကန်ပေးနေတဲ့ ကြံဖွံ့၊ စွမ်းအားရှင်၊ လုံထိန်း၊ ရဲ၊ မြို့ပေါ်နေ တာဝန်ကျ စစ်သား စတဲ့ ဒေါက်တိုင်တွေ၊ နအဖနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အမျိုးအဆွေတွေ အားလုံးကို အလစ်အငိုက် တိုက်ခိုက်ပြီး သူတို့ သွေးပျက်တဲ့အချိန်မှာ လူထုတိုက်ပွဲကို ပြန်ဖော်ဖို့ ဖြစ်တယ်။ အဲဒီကနေ လူထုတိုက်ပွဲ အရှိန်မြင့်လာတဲ့အခါ စင်ပြိုင်အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ ရရာလက်နက် ဆိုတဲ့နေရာမှာ သေနတ်၊ ဗုံး စတာတွေကို ဆိုလိုတာ မဟုတ်ဘဲ မိမိတို့မှာရှိတဲ့ အပ်တိုတချောင်းကအစ တုတ်၊ ဓား၊ လေးခွ၊ ဂျင်ဂလိအဆုံး သုံးလို့ရတဲ့ ပစ္စည်းပစ္စယအကုန်လုံးကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စွဲကိုင်အသုံး ပြုပြီး တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ အဓိကက နအဖဒေါက်တိုင်(လူပုဂ္ဂိုလ်)တွေအားလုံး သွေးပျက်ခြောက်ခြားပြီး ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ဒါတွေက အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရဲ့ အကြံပြုချက်တွေကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာကြည့်တာ ဖြစ်ပါတယ်။ နံပါတ်(၁) စဉ်းစားချက်အပေါ် သုံးသပ်ကြည့်ရင် အေဘီ အက်စ်ဒီအက်ဖ်လို ကျောင်းသားတပ်မတော်ရော၊ ကေအန်ယူအပါအ၀င် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော ရှိနှင့်ပြီးသားဖြစ်တဲ့အတွက် အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပစ်ပယ်ပြီး လက် နက်ကိုင် တပ်ဖွဲ့သစ်ကို ထူထောင်ဖို့ဆိုတာ စိတ်ကူးယဉ်တဲ့ သဘောဆောင်မယ်လို့ ယူဆမိပါတယ်။ ဖြစ်နိုင် ရင် ရှိရင်းစွဲ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါင်းစည်းပြီး စည်းလုံးညီညွတ်တဲ့ တော်လှန်ရေးတပ်မတော်ကို ဖွဲ့နိုင်ဖို့ကသာ ဖြစ်နိုင်ချေ ပိုရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ၁၉နှစ်ကျော်လုံးလုံး အချိန်ရခဲ့တဲ့အ တွင်းမှာ တစုတစည်းတည်းဖြစ်တဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်မတော်ကို မထူထောင်နိုင်ခဲ့တာကို ကြည့် ရင် စုစည်းနိုင်တဲ့ အရည်အချင်းမျိုးရှိတဲ့ ခေါင်းဆောင်တယောက် ပေါ်ထွန်းမလာတာဖြစ်နိုင်သလို၊ ဖွဲ့စည်းဖို့ ဖြစ်နိုင်တဲ့အခြေအနေတွေ လုံးဝမရှိတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ မျက်စိစုံမှိတ်ပြီး တစုတစည်းတည်းဖြစ်တဲ့ လက်နက်ကိုင် တပ်မတော်ကို ဖွဲ့နိုင်ပြီ၊ နအဖ စစ်အုပ်စုကို အောင်ပွဲရတဲ့အထိ တိုက်နိုင်ပြီထားဦး၊ အဲဒီအောင်ပွဲရ လက်နက်ကိုင်တပ်မတော်ကရော ဒီမိုကရေ စီ နိုင်ငံတော်ကို ချောချောချူချူ တည်ထောင်ခွင့် ပေးပါ့မလား၊ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ကက်စ် ထရိုလို လုပ်နေရင် ဘယ်လိုလုပ်ကြမတုန်းဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ထောက်ပြစဉ်းစားချက်တွေကိုလည်း တွေ့ရပါတယ်။ အဲသလို ဖြစ်နိုင်ချေ နည်းပါးမှု၊ စိုးရိမ်ပူပန်စရာတွေ ရှိနေမှုကြောင့် နံပါတ်(၁) စဉ်းစားချက်ကို အကြံပြုတဲ့သူက အနည်းစု ဖြစ်တာကို တွေ့ရပါတယ်။

အဲဒီလို အကြမ်းမဖက်တဲ့ နည်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယုံကြည်သူတွေ စဉ်းစားတဲ့ အကြံ ပြုချက် အများစုကတော့ အမှတ်စဉ်(၂)နဲ့ (၃)တွေ ဖြစ်တာကို တွေ့ရပါတယ်။ အရေအတွက်အားဖြင့် ဆတူ လောက်ကို တွေ့ရပါတယ်။ အဓိကကတော့ အဲဒီနည်းနာ တခုခုကိုသုံးပြီး လူထုတိုက်ပွဲနဲ့ ချိတ်ဆက် အနိုင် ယူဖို့ အကြံပြုကြတာ ဖြစ်ပါတယ်။ နံပါတ်(၂) စဉ်းစားချက်ကို အကောင်အထည် ဖော်ဖို့အတွက်ဆိုရင် လက် နက်ကိုင်အဖွဲ့တွေ တပေါင်းတစည်းတည်း ဖြစ်စရာမလိုဘဲ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် အချိတ်အဆက် ရှိရှိနဲ့ ကိုယ်ကျွမ်းကျင် ပိုင်နိုင်ရာ မြို့ရွာဒေသတွေကို ၀င်ရောက်ပြီး ဖောက်ခွဲဖျက်ဆီးကြဖို့ပဲ ဖြစ်တယ်လို့ အကြံ ပြုကြတာဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ နံပါတ်(၂)နဲ့ (၃) စဉ်းစားချက် နှစ်ခုစလုံးဟာ နံပါတ်(၁) စဉ်းစားချက်ထက် ဖြစ်နိုင်ချေ ပိုများတယ်လို့ အများစုက သုံးသပ်ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနည်းနာ နှစ်ခုကနေ လူထုတိုက်ပွဲပေါ်လာတဲ့အခါမှာ မြေပေါ်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အချိတ်အဆက်မိမိ လက်တွဲလုပ်ဆောင် ဖို့ အထူးလိုအပ်လှကြောင်း သုံးသပ်တင်ပြရင်း အကြမ်းမဖက်တဲ့ နည်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယုံကြည်သူတွေရဲ့ စဉ်းစားချက်အပိုင်းကို နိဂုံးချုပ်လိုက်ရပါတယ်။

0 Comments:

blogger templates | Make Money Online