Thursday, September 25, 2008

ထိုင်းဝန်ကြီးချုပ်ဟေုာင်း စမတ်ကို ထောင်ဒဏ် (၂) နှစ်ချ

ထိုင်းဝန်ကြီးချုပ်ဟောင်း စမတ် ဆန်ဒရာဝတ်နှင့် ၎င်း၏အမှုတွဲ ဒူးစစ် စီရီဝန် တို့အား ပုဂ္ဂိုလ်ရေး အသရေဖျက်မှုဖြင့် အယူခံတရားရုံးက ထောင်ဒဏ် (၂) နှစ်စီ ယနေ့ချမှတ်လိုက်သည်။
သို့သော် တရားခံ (၂) ဦးအနေဖြင့် တရားရုံးချုပ်သို့ ရက်ပေါင်း (၃၀) အတွင်း နောက်ဆုံးအယူခံလွှာ တင်နိုင်မည်ဖြစ်သည်။
“ဒီတရားခံနှစ်ဦးဟာ နိုင်ငံရေးဦးဆောင်အခန်းမှာ ရှိနေသူတွေလည်းဖြစ်တယ်။ သူတို့ရဲ့ ထင်မြင်ချက်တွေဟာ ပြည်သူတွေအပေါ် သြဇာညောင်းတယ်ဆိုတာလည်းသိလျက်နဲ့ တရားသူကြီးတွေက ပြန်ပြင်နိုင်ဖို့ အခွင့်အရေးပေးနေတဲ့အကြားက တပါးသူထိခိုက်စေမယ့် အမြင်တွေကို ရုပ်သံကနေတဆင့် အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်တယ်” ဟု အယူခံတရားရုံးက စီရင်ချက်အတွင်း ထည့်သွင်းဖော်ပြသည်။
တရားရုံးက တရားခံများအပေါ် စာနာထောက်ထား၍ သက်သာခွင့် ပေးစရာအကြောင်းလုံးဝမရှိကြောင်း ဖော်ပြသည်။
မစ္စတာစမတ်နှင့် ဒူးစစ်တို့သည် ရုပ်သံတွေ့ဆုံစကားပြောခန်းမှတဆင့် ဘန်ကောက် ဒု-အုပ်ချုပ်ရေးမှူးဟောင်း စမတ် ရတ်ချာဖိုးဆစ်ကို ပုဂ္ဂိုလ်ရေး အသရေဖျက်မှုဖြင့် ရာဇ၀တ်မှုတရားရုံးက စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

0 Comments:

blogger templates | Make Money Online