Tuesday, September 23, 2008

မြန်မာစစ်အစိုးရ အကျဉ်းသား (၉) ထောင်ကျော်လွှတ်ပေး

မြန်မာစစ်အစိုးရကအကျဉ်းသား(၉,၀၀၂)ဦးကို “မေတ္တာရှေ့ထားပြီး ရည်ရွယ်ချက်ကောင်းဖြင့်” ပြန်လည်လွှတ်ပေး လိုက်ကြောင်း ယနေ့ထုတ် ၎င်းပိုင်သတင်းစာများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် ဘာသာရေးယုံကြည်ချက်တို့ကြောင့် အကျဉ်းကျနေသူ (၂,၀၀၀) ကျော်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။


ယခုကဲ့သို့လွှတ်ပေးခြင်းသည်“၎င်းတို့မိသားစုများအတွက်ငဲ့ညှာသောအားဖြင့်” လည်းကောင်း၊ ဒီမိုကရေစီလမ်းပြမြေပုံအဆင့်ပါ၂၀၁၀ပြည့်ရွေးကောက်ပွဲ၌တစိတ်တပိုင်း ပါဝင်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း စစ်အစိုးရ သတင်းစာများက ဖော်ပြသည်။
ထို့အပြင်စည်းကမ်းနှင့်အကျင့်စာရိတ္တကောင်းမွန်လာသောအကျဉ်းသားများဖြစ်သောကြောင့်လည်းယခုကဲ့သို့ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း၊နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဖက် တလမ်းမှအကျိုးပြုစေမည့်နိုင်ငံသားများအဖြစ်သို့ပြောင်းလဲပေးရန်လည်းဆောင်ရွက်ခြင်းဖြစ် ကြောင်းဖော်ပြသည်။
မြန်မာစစ်အစိုးရသည်နိုင်ငံအတွင်းထူးခြားသည့်နေ့များ၌ယခုကဲ့သို့အကျဉ်းသားများပြန်လွှတ် ပေးလေ့ရှိသော်လည်းများသောအားဖြင့်ရာဇ၀တ်သားများသာ ဖြစ်သည်။
ယနေ့လွှတ်ပေးခြင်းသည်လည်းသံဃာတော်များမေတ္တာပို့ဆုတောင်းပွဲပြုလုပ်ခဲ့မှုအားအကြမ်း ဖက်ဖြိုခွင်းခဲ့သည့်တနှစ်ပြည့်အထိမ်းအမှတ်ဖြစ်သောယခုလ(၂၆၊၂၇)ရက်များနီးကပ်လာချိန် နှင့်တိုက်ဆိုင်နေသည်။

0 Comments:

blogger templates | Make Money Online