Friday, September 26, 2008

သံဃာတော်တွေအပေါ် နှိပ်ကွပ်မှုကို အရေးယူရန် အမေရိကန် ဆောင်ရွက်မည်

မြန်မာနိုင်ငံမှာမနှစ်ကသံဃာထုလှုပ်ရှားမှု ရွှေဝါရောင်တော်လှန်ရေး အတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက် နှိပ်ကွပ်ခဲ့ရာမှာ တာဝန်ရှိတဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို တရားဥပဒေအရအရေး ယူရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ ဆက်လက်ကြိုးပမ်း သွားမယ်လို့ သမ္မတကတော် လော်ရာဘုရှ် (Laura Bush) ကပြောဆိုလိုက်ပါတယ်။

စားဝတ်နေရေးကျပ်တည်းကြတဲ့ လူထုအတွက် မေတ္တာရှေ့ထားပြီး ငြိမ်းချမ်းစွာ ကြွချီဆန္ဒပြခဲ့ကြတဲ့ သံဃာထုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည်နေ့ အကြိုအထိမ်းအမှတ်အဖြစ် သမ္မတ ကတော်လော်ရာဘုရှ်က ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ မေတ္တာပို့၊ ဆန္ဒပြခဲ့တဲ့ သံဃာထုနဲ့ လူထုကို မြန်မာစစ်အစိုးရက သေနတ်နဲ့ပစ် ဖြိုခွင်းခဲ့ရာမှာ ၃၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက မှတ်တမ်းတင်ထားခဲ့ပါတယ်။

VOA သတင်းဌာနမှ ကိုးကားတင်ပြထားပါသည်။

0 Comments:

blogger templates | Make Money Online