Friday, January 2, 2009

ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ

http://arzarni.blogspot.com/2008/12/blog-post_4241.html



၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ(၄)ရက်နေ့တွင်၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက် စွန့် ကြိုးပမ်းမှုကြောင့်၊ အမိမြန်မာပြည် တိုင်းတပါးကျွန်ဘဝမှလွတ်မြောက်ကာ၊ လွတ်လပ်၍ အချုပ် အချာအာဏာပိုင်နိုင်ငံတနိုင်ငံအဖြစ်၊ ဝင့်ကြွားစွာရပ်တည်နှိုင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် နှင့် ပြည် သူတို့ အတူတကွ လက်တွဲကာ၊ တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းညွှန်ကြားသည့်အတိုင်း၊ အနီး ကပ် ဆုံးရန်သူ ဖြစ်သည့် ဖက်စစ်တို့အားတွန်းလှန်ခဲ့ပြီးသည့်နောက်၊ နယ်ချဲ့တို့ထံမှ လွတ်လပ်ရေး ကို ညီညွတ်စွာရ ယူနိုင်ခဲ့သည်။

လာမည့် ၂၀၀၉ ခု၊ ဇန္နဝါရီ(၄)ရက်ဆိုလျှင်၊ လွတ်လပ်ရေး ရရှိခဲ့သည်မှာ(၆၁)နှစ်ပြည့် မြောက် တော့ မည်ဖြစ်သည်။ (၆၁)နှစ်အတွင်း အမိမြန်မာပြည်မှာပြည်သူအများစုကြီး၊ ဗိုလ်ချုပ်တို့ အရယူပေးခဲ့သည့် လွတ် လပ်ရေး ၏ အနှစ်သာရ ကို အမှန်တကယ် ရရှိခံစားခဲ့ကြရပါရဲ့လား ? . .
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီး၊ တပ်မတော်သည်၊ ဖက်ဆစ်အမွေဆိုးကိုအရယူခဲ့သည့် ခေါင်းဆောင်ဆိုး ၏ လက်အောက်သို့ ရောက်ရှိခဲ့ရပြီးနောက်၊ "ပြည်သူနှင့်အတူ တိုင်းတပါးကျွန်ဘဝမှ လွတ်လပ်ရေး အရယူပေး ခဲ့သည့် တပ်မတော်ဘဝ" မှ " ပြည်သူအခြင်းခြင်း ကျွန်ပြုသည့်၊ စစ်အာဏာရှင်စနစ်ဆိုး ၏ လက်ကိုင် တုတ် တပ်ဘဝ " သို့ ရောက်ခဲ့ရသည်ကို၊ အနှစ်(၆၀)သမိုင်းက အထင်အရှား သက်သေပြနေခဲ့ပြီ ဖြစ်ပါသည်။
မိမိတိုင်းရင်းသား၊ ညီအစ်ကိုခြင်းပြဿနာကို၊ လက်နက်အားကိုး အာဏာရှင်စနစ်ဆိုး၏ ဖြေရှင်းမှုမျိုးဖြင့် ဖြေရှင်းခဲ့ ကြသဖြင့်၊ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရပြီး၊ ၎င်းဒါဏ်ကို ပြည်သူတရပ်လုံး ခါးဆီး ခံခဲ့ရသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ တိုင်းပြည် မွဲပြာကျခဲ့ရပြီး၊ ကမ္ဘာ့အလည်မှာ အောက် တန်းနောက်တန်းကျခဲ့ရသည်။ အစဉ်အလာကြီးမားခဲ့သည့် တပ်မတော် သည်လည်း၊ တိုင်းရင်းသား၊ ပြည်သူ ကိုဖိနှိပ်သည့် လက်ကိုင်တုတ် ယန္တရားအဖြစ် ရောက်ခဲ့ရပြီး၊ လူထု၏ အော့နှလုံးနာမှုကိုခံခဲ့ရ၊ ခံနေရဆဲ ဖြစ်ခဲ့ရသည်။
ဖက်ဆစ်အမွေဆိုးကိုဆက်ခံခဲ့သည့်အာဏာရှင်၏၊ လက်ဝေခံစစ်အာဏာရူးတစု၏ နဖါးကြိုးထိုး ထားခြင်းခံနေရပြီး၊ တပ်မတော်တွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အဆင့်ဆင့်တိုင်းသည်၊ မိမိတို့ ၏အရာရှိကိုသာမကတော့ပဲ၊ အရာရှိ၏ မိန်းမ၊ သားသမီး၊ ယောက္ခမ အဆုံး၊ ကြေး ကျွန်များသဖွယ်ဆက်ဆံခံရ၊ လုပ်ကျွေးပြုစုပေးနေကြရသည် ကို၊ တပ်မတော်သားတိုင်းသိလာကြပြီဖြစ်သည်။ မိမိပြည်သူခြင်း အိုးမဲ သုတ်သတ်ဖြတ်ခိုင်းထားခြင်း၊ အနှစ်သာရမဲ့ စစ်ပွဲများ ဖန်တည်းပေးထားခြင်းဖြင့်၊ တပ်မ တော်သားအားလုံးကို မအားရအောင်၊ မလိုအပ်ပဲအသက်စွန့်ခိုင်းထား ခြင်းဖြင့် ၎င်းတို့၏အာဏာကို ကြီးထွားသထက်ကြီးထွားအောင် တည်ဆောက်ထားခဲ့သည်။ တိုင်းရင်းသား၊ညီအ ကိုများနေထိုင်ရာ နယ်စပ်ဒေသများတွင်လည်း၊ စစ်ပွဲ များကြားတွင် မတရားမှုပေါင်းများစွာကို အစွမ်းကုန်ကျူး လွန်စေသောနည်းဖြင့် ရပ်တည်ခိုင်းခံထားရပြီး၊ ၎င်း၏ အကျိုးဆက်အဖြစ်၊ တပ်မတော်တခုလုံး၏ ဂုဏ်သိက္ခာမှာ၊ ကမ္မာ့အလည်တွင် အဖတ် မဆည် နှိုင် အောင်ကျဆင်းစေခဲ့သည်။
၂၀၀၉ ခုနှစ်၊ ဇန္နဝါရီ(၄)ရက် . . ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ တပ်မတော်သည်၊ ပြည်သူတရပ်လုံး နှင့် လက်တွဲ၍၊ တိုင်းပြည် လွတ်လပ်ရေးကို အရယူပေးခဲ့သည်မှာ၊ (၆၁)နှစ် တင်းတင်းပြည့်ပြီ ဖြစ်သည်။
ဒီကနေ့ အာဏာရှင်၏အစေအခိုင်းခံနေရသည့်တပ်မတော် ဘယ်လိုဆက်ရပ်တည်ကြမည်နည်း?
ပြည်သူလူထုတရပ်လုံးအနေနှင့်၊ အာဏာရှင်တစု၏ မတရားပြုကျင့် အုပ်စိုးထားမှုမှလွတ်မြောက်ဖို့ရာ၊ နည်းမျိုးစုံ ဖြင့်ကြိုးစားခဲ့ကြ၊ ကြိုးစားနေဆဲပင်ဖြစ်သည်။ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲအတွက် ဒီကနေ့မျိုးဆက်တို့ ပေးဆပ်နေကြရသည်။ ဘုရားသားတော် သံဃာတော်များ လူမဆန်စွာ နှိပ်ကွပ် ခံနေကြရသည် . .
အားလုံးမှာ . . . လက်တဆုပ်စာ အာဏာရှင်တို့်၊ မတရားရယူထားသည့် အခွင့်အရေးများလက်မလွှတ်ရရေး တခုတည်းအတွက်သာ၊ စစ်တပ်တခုလုံးမှာအသုံးချခံ အကာအကွယ်ပေးထားခဲ့ရသည်။ အဖိနှိပ်ခံပြည်သူ တရပ်လုံးမှာ၊ စားရာမဲ့သောက် ရာမဲ့၊ အနာဂတ်မဲ့၊ နင်းပြား ဘဝများ ဖြစ်နေကြရသည်။ . . . .
ထိုဘဝများစွာထဲတွင်၊ . . . ဒီကနေ့ တပ်မတော်သားအများစု၏ မိဘများ၊ ဇနီးမယား၊ သားသမီးများလည်း အပါ အဝင်ဖြစ်နေကြရသည်။ တပ်မတော်သားများ၏ မိဘ၊ ဇနီး၊ သားသမီးများသည်လည်း ပြည်သူထဲမှ ပြည်သူများသာ ဖြစ်ကြသည်။ ပြည်သူလူထုကြီးနှင့်ထပ်တူခံစားနေကြရသူများသာဖြစ်ကြသည်။ ပြည်သူလူထုကြီးနှင့်အတူလွတ်လပ်ရေးကို လိုလားနေကြသူများဖြစ်ကြသည်။
လက်တဆုပ်စာအာဏာရူး စစ်ခေါင်းဆောင်တစု၏ . . မိမိတို့နှင့် မိမိတို့ကိုသစ္စာခံသူ က္မျန်တစုသာ ကောင်း စားရေး အတွက်၊ အများစုကို စစ်က္မျန်ပြုထားသည့် စနစ်ဆိုးကြီးမှ ရုန်းထွက်သည့် "ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲ" တွင်၊ ပြည်သူလူထုကြီးနှင့်အတူ ပူပေါင်း ပါဝင်ကြခြင်းဖြင့်၊ . .တပ်မတော်၏ ဂုဏ်သိက္ခာ ကို အချိန်မှီ ကယ်တင်ကြရ မည့်အချိန်ပင်ဖြစ်သည်။
ဒါကြောင့် . . " မျိုးချစ်တပ်မတော်သားအပေါင်းတို့အနေနှင့် . . လာမည့် ဇန္နဝါရီ (၄) ရက် နေ့ကစလို့ . . . သင်တို့နှင့် အနီးကပ်ဆုံးရန်သူကို စတင်ရှာဖွေ တော်လှန်ကြခြင်းဖြင့်၊ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲကြီး မှာ၊ ပြည်သူလူထုကြီး နဲ့အတူပူးပေါင်းကာ၊ အာဏာရှင်စနစ်ဆိုးကြီးကို၊ အမိမြေမှ အပြီးတိုင် ဖယ်ရှားကြပါစို့ ဟု . . (၆၁)နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယမှာ .. . . လေးနက်စွာတိုက်တွန်း ဖိတ်ခေါ်လိုက်ပါတယ် . . .

ကိုရင်အေး
( မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် ) ၊ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ . . . .



0 Comments:

blogger templates | Make Money Online