Saturday, January 10, 2009

သူရဲကောင်းတို့ ရဲ့ စက်တင်ဘာ

သူရဲကောင်းတို့ ရဲ့ စက်တင်ဘာ



မြန်မာနိုင်ငံ၌ သံဃာတော်များဦးဆောင်၍ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက်ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့သော

ထင်ရှားသည့် အရေးတော်ပုံကြီးမှာ ၂၀၀၇ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည်။ သို့သော် ကျွန်ုပ်တို့

၏ရင်ထဲတွင် သံဃာတော်များ၏မေတ္တာပို့သံများ၊ မိုးထဲလေထဲတွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ချီတတ်ခဲ့သော ခြေ

သံများသည် မနေ့တနေ့ကလိုပင် ကြားယောင်၊မြင်ယောင် နေဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော

ပြည်သူလုထုအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။ ထိုသို့ ဗုဒ္ဓဘာသာတွင် ဘုရားရတနာ၊ တရားရတနာ၊ သံ

ဃာရတနာ ဆိုသည်မှာအထွတ်အမြတ်ထားကိုးကွယ်ရသည့် ရတနာသုံးပါးပင်ဖြစ်သည်။ ထို့ကြောင့် သံဃာတော်ဆို

သည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ လေးစားကြည်ညို ကိုးကွယ်အပ်သည့် ရတနာသုံးပါးအနက်တပါးအပါအ၀င်ဖြစ်သည်။ ထို

ကဲ့သို့မိမိတို့ လေးစားကြည်ညိုအပ်သောသံဃာတော်များသည် ပြည်သူလူထု၏ ဆင်းရဲကျပ်တည်းမှုအမျိုးမျိုးကို စာနာ

နားလည်သောအားဖြင့် ပြည်သူလူထုကိုယ်စားစစ်အစိုးရထံတွင် တောင်းဆိုအပ်သောအခွင့်အရေးများကို ရဲရဲဝံ့ဝံ့

တောင်းဆိုခဲ့ပါသည်။ ထို့နောက်စစ်အဆိုးရသည်သံဃာတော်များ၏ ငြိမ်းချမ်းစွာတောင်းဆိုသည့် တောင်းဆိုချက်များ

ကို မလိုက်လျောသည့်အပြင် လက်နက်အားကိုး၍ အကြမ်းဖက်နှိမ်နင်းခြင်းဖြင့် မြန်မာနိုင်ငံတွင် ထင်ရှားသည့်အရေး

တော်ပုံများအနက် တခုအပါအ၀င်ဖြစ်သော စက်တင်ဘာအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။


အောက်ပါလင့်တွင်ဆက်လက်ဖတ်ရှုကြပါခင်ဗျာ။


www.thirdeye4u.22web.net


လေးစားစွာဖြင့်

ဟိန်းထက်စံ

0 Comments:

blogger templates | Make Money Online