Wednesday, September 2, 2009

နအဖဟာ မိစ္ဆာဒိဌိပီပီ ယုတ်မာမှုကတော့ ကမ်းကုန်တယ်။


ယခင်က လူပြောများခဲ့ကြတဲ့ မြန်မာအာဏာရှင်တွေရဲ့  ယတြာခြေတာတွေကို တစ်မျိုးပြီး တစ်မျိုး ကြားကြမှာပါ။ အာဏာရူးတို့ ပီပီ အာဏာမြဲဖို့  လုပ်ရမယ်ဆိုရင် လူသတ်ရတာလည်း လုပ်ရဲရုံတင်မက ဘုရား တရား သံဃာပါ မရှောင် စော်ကားမိုက်ရိုင်းခဲ့ကြတာ ယတြာမပြောနဲ့  လက်တွေ့ ပါ တွေ့ မြင်ခဲ့ပြီးကြပါပြီ။

ဘုရားနဲ့ ပတ်သက်ရင်လည်း မလုပ်သင့်တာတွေ လုပ်လို့ လုပ်၊ တရားနဲ့  ပတ်သက်ရင်လည်း ချုပ်ချယ်ကန့် သတ်မှုတွေ လုပ်လို့ လုပ်၊ သံဃာနဲ့ ပတ်သက်ရင်လည်း စော်ကားလို့  စော်ကားနဲ့  နအဖတွေရဲ့  မိုက်ရိုင်းမှုကတော့ ကမ်းကုန်တဲ့အဆင့်ထက် ကျော်လွန်းနေတယ်။
http://www.niknayman-niknayman.co.cc/
ယုတ်မာတဲ့နည်းတွေနဲ့ ယတြာအမျိုးအမျိုးခြေကာ အာဏာ လက်မလွတ်ဖို့  ကြိုးစားနေတဲ့ အဏာပိုင်တွေဟာ ယခုတဖန်လည်း စက်တင်ဘာရွေဝါရောင်တော်လှန်ရေး ပြန်ဖြစ်မှာ အသည်းအသန် စိုးရိမ်နေပြီး စက်တင်ဘာလ မတိုင်ခင် လအနည်းငယ် အလိုမှာဘဲ သံဃာတော်တွေကို အနိုင်စီးရထားနိုင်ဖို့ အတွက် ယတြာနည်းအသစ်ကို ထပ်မံပြုလုပ်လိုက်ပါတယ်။

အောက်ဖေါ်ပြပါ ဓါတ်ပုံထဲမှာ ပါတဲ့အတိုင်း - နအဖတွေရဲ့  မိုက်ရိုင်းစော်ကားမှုကို တွေ့ မြင်ကြရမှာပါ။


















အဲဒါကတော့ ရန်ကုန်မြို့ အတွင်းမှာ လွန်ခဲ့တဲ့ နှစ်လလောက်က နအဖက ရန်ကုန်မြို့ တွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့် တွေကို ရုတ်သိမ်းလိုက်ခဲ့ရာကနေ မကြာမီမှာ ပြန်လည် စီးနင်းခွင့်  ပြုလိုက်ပါတယ်။

ဒါပေမယ့် နအဖတို့ ရဲ့  ရိုင်းစိုင်းလွန်းလှသော လုပ်ရပ်တွေအတိုင်း ဆိုင်ကယ်များကို ပုံမှန်မူလအရောင်အတိုင်း စီးနင်းခွင့်မပြုတော့ဘဲ သံဃာတော်များဝတ်ရုံတဲ့ သင်္ကန်းအရောင်ဖြစ်တဲ့ လိမ္မော်ရောင် ခြယ်သပြီးမှ စီးနင်းစေခြင်း ဖြစ်ပါတယ်။

မိစ္ဆာဒိဌိ နအဖဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ သံဃာတော်တွေ လှုပ်ရှားမှုနဲ့  ပတ်သက်ပြီး ပြောဆိုတဲ့နေရာမှာ သံဃာတော်များအား စကားဝှက်အဖြစ် “လိမ္မော်သီး” (သို့ မဟုတ်) “အ၀ါရောင်” လို့  သတ်မှတ်ခေါ်ဆို အသုံးပြုခဲ့ကြတယ်။

ယခုအခါ သံဃာတော်များအား လိုသလိုကိုင်တွယ် ထိမ်းချုပ်နိုင်ရေးအတွက် ယတြာခြေတဲ့အနေနဲ့  လိိမ္မော်ရောင် ( သင်္ကန်းအရောင်ကို - သင်္ကန်းကို - သံဃာကို ) အထက်ကနေ ခွစီးပြီး လိုရာခရီး သွားနိုင်ရေးအတွက် ယုတ်မာအောက်တန်းကျသောနည်းနဲ့  ယတြာခြေတာ ဖြစ်ပါကြောင်းနဲ့  အင်မတန် ရိုင်းစိုင်းသောလုပ်ရပ်ဖြစ်ကြောင်း ပြည်သူအများ သိရှိစေရန် သက်သေဓါတ်ပုံနဲ့ တကွ ဖေါ်ပြလိုက်ပါတယ်။

(ဓူဝံကြယ်)။

0 Comments:

blogger templates | Make Money Online