Tuesday, September 29, 2009

မြန်မာ့နိုင်ငံရေးလိုအပ်ချက်များ (အပိုင်း-၁)

မြန်မာ့နိုင်ရေးဟုပြောလျှင် စစ်အာဏာရှင်နှင့် အတိုက်အခံများ ဟူ၍နှစ်မျိုးခွဲခြားပြီး ပြောဆိုရမည်ဖြစ်ပါသည်။အာဏာရှင် စစ်အစိုးရပိုင်းတွင် လူအပြောင်းအလဲသာရှိနိုင်သော်လည်း မူအပြောင်း အလဲ တော့ဖြစ်လာနိုင်စရာမရှိဘူးဆိုဒါ ကျနော်တို့ သိထားကြပြီးဖြစ်ပါသည်။ အာဏာရှင်များမှာ စစ်သားများ ဖြစ်သည်နှင့်အညီ နိုင်ငံရေးကို စစ်ဗျူဟာတစ်ခု ကဲ့သို့ အသုံးပြုပြီး ရန်သူ(အတိုက်အခံ)များကို နည်းမျိုးစုံဖြင့် လှည့်ဖျား နိုင်စွမ်း ရှိသည်။ တနည်းအားဖြင့် မိမိတို့ ထံတွင် ရှိနေသော အာဏာကို မိမိတို့ အစဉ်လက်စွဲကိုင်ရေး
ဟူသည့် မူဝါဒ ကိုဦးတည်ပြီး အတိုက်အခံ အင်အားစုများနှင့်  ကမ္ဘာ့နိုင်ငံများကို စစ်သုံးပန်းသဖွယ်အသုံးပြုကာ (ထိုးစစ် ၊ခံစစ် ၊ခွာစစ်)ဗျူဟာ များဖြင့် လျှော့တခါ၊ခြောက်တလှည့် မာယာပရိယာယ်ကိုအသုံးပြုကာကွယ်နေခြင်း ဖြစ်သည်ကိုလည်း အားလုံးမြင်တွေ့ နေကြရသည်။
အာဏာရှင်များကို အပြင်ရုပ်ပိုင်းဆိုင်ရာအရကြည့်ပါလျှင် မတူကွဲပြားနေသည်ဟုထင်ရသော်လည်း မိမိတို့ ထံတွင်ရှိနေသောအာဏာကို မိမိတို့ လက်စွဲကိုင်ရေး ဟူသည့် ခံယူချက်ဦးတည်ချက်မှာမူ အာဏာရှင် ခေါင်းဆောင်အားလုံးတို့ ၏ တူညီနေသောအဓိကအချက်တစ်ခုလည်းဖြစ်ပါသည်။ သို့ ပါ၍ အချင်းချင်းမတူညီ ကွဲပြားနေမူ့ များအာလုံးကို အာဏာအဓွန့် ရှည် တည်မြဲရေးဟူသော မူဝါဒတစ်ခုက အာဏာရှင်အားလုံးကိုထိန်းကျောင်းထားခြင်းဖြစ်သည်။
အတိုက်အခံအင်အားစုများ တွင်မူ "ဒီမိုကရေစီ" အရေး ဆိုသည့် ဦးတည်ချက်ကို ဦးတည်ပြီး တမျိုးသားလုံးလွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသော မူဝါဒ ကို ယနေ့ လက်စွဲပြု တိုက်ပွဲဝင်နေကြသည်ဟုထင်ပါသည်။
ဤသို့ တိုက်ပွဲဝင်ရာတွင်မူ တိုင်းရင်းသားလူမျိုးစုများ နှင့် နိုင်ငံရေးအင်အားစုများ ဟူ၍နှစ်မျိုး တွေ့ ရပါသည်။တိုင်းရင်းသားလူမျိုးစုများဆိုသည်မှာ (တိုင်းရင်းသားအဖွဲ့ အစည်းများ အားလုံးကိုဆိုလိုခြင်း)ဖြစ်ပါသည်။နိုင်ငံရေး အင်အားစုများဆိုသည်မှာ (ပါတီ အဖွဲ့ အစည်းများနှင့် ကျောင်းသားအစရှိသည့် အဖွဲ့ အစည်း အင်းအားစုများအားလုံး)ကိုဆိုလိုချင်းဖြစ်ပါသည်။
(က) နိုင်ငံရေးအင်အားစုများ။
×××××××××××××××××
နိုင်ငံရေးအင်အားစုများအားလုံးသည် စစ်မှန်သော ဒီမိုကရေစီအရေး ဦးတည်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးမူဝါဒကို လက်ကိုင်ပြုလိုကြသည်။ သို့ သော် ပါတီအဖွဲ့ အစည်း၊ နိုင်ငံရေးအင်အားစုများ မူဝါဒ နှင့် ဦးတည်ချက် များမှာတူညီနေကြသော်လည်း လမ်းစဉ် ကွဲပြားနေကြသည်။
ဤသို့ ကွဲပြားရခြင်းမှာ
(၁) အဖွဲ့ အစည်းတစ်ခုကို ပီပီပြင်ပြင်ပုံစံပေါ် အောင်မဆောင်ရွက်နိုင်ခြင်း။
(၂) ရှိပြီးအဖွဲ့ အစည်းများပူးပေါင်းဆောင်ရွက်မူ့ အားနည်းခြင်း။
(၃) တစ်ဦးတစ်ယောက်၏ဦးဆောင်မူ့ အသွင်ဆောင်နေသောအဖွဲ့ အစည်းပုံပေါ်နေခြင်း၊
(၄)တစ်ဦးတစ်ယောက်၏အားနည်းချက်ကိုသာရှာဖွေနေကြခြင်း။
(၅)ခေါင်းဆောင်ဖြစ်ရေးသာလုံးပန်းနေကြရခြင်း။
(၆)ကိုယ်စိတ်ကူးကိုကိုယ်ပုံဖေါ်နေကြခြင်း
(၇)နေရာအစားထိုးမူဝါဒပြောင်းလဲနိုင်မူ့ မရှိခြင်း။
(၈)ပုဂ္ဂိုလ်ရေးကိုဦးစားပေးနေကြခြင်း။
(၉)အချင်းချင်းလေးစားသောခေါင်းဆောင်မရှိခြင်း။
(၁၀)နိုင်ငံရေးအရေခြုံသူများပါဝင်နေခြင်း။
(၁၁)အခွင့်အရေးနိုင်ငံရေးသမားများရှေ့ ထွက်လာခြင်း။
(၁၂) ဦးဆောင်နိုင်စွမ်းရှိသူများခေါင်းဆောင်မဖြစ်ခြင်း။
(၁၃)ပြည်သူတရပ်လုံးအသိအမှတ်ပြုခေါင်းဆောင်မရှိခြင်း။
(၁၄)ရရှိနေသောလုပ်ပိုင်ခွင့်များကို နေရာတကျမသုံးစွဲနိုင်ခြင်း။
(၁၅)ရန်သူ့ နောက်လိုက်လမ်းစဉ်ကိုသာကျင့်သုံးနေကြခြင်း တို့ ကြောင့်ဖြစ်ပါသည်။

(ခ)တိုင်းရင်းသားလူမျိုးစုများ။
××-×××××××××××××××××
တိုင်းရင်းသားလူမျိုးစုများအားလုံးသည် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသောဦးတည်ချက်ကို လက်ကိုင်ပြုထားကြသည်။သို့ သော် ခိုင်မာသည့်နိုင်ငံရေးလမ်းစဉ်တခုကို ပူးပေါင်းချမှတ်နိုင်ခြင်းမရှိပေ။
ဤသို့ ဖြစ်ရခြင်းမှာ
(၁)တိုင်းရင်းသားအချင်းချင်းသွေးကွဲနေကြခြင်း။
(၂)လက်နက်နှင့်လက်နက်မဲ့ ပူးပေါင်းမရနိုင်ခြင်း။
(၃)လူမျိုးနွယ်စုတစ်ခုချင်းစီ၏လွတ်မြောက်ရေးကိုဦးတည်နေခြင်း။
(၄)မိမိလူမျိုးနွယ်စုတို့ ၏လေးစားချစ်ခင်မူ့ ကိုမရခြင်း။
(၅)အပြောနဲ့ အလုပ် လွဲမှားနေခြင်း။
(၆)အတက်ပညာပြည့်ဝသောခေါင်းဆောင်မရှိခြင်း။
(၇)လူမျိုးနွယ်စုအချင်းချင်းလေးစားမူ့ မရှိခြင်း။
(၈)နေထိုင်းဆင်းရဲမူ့ ဒဏ်ကိုရေရှည်မခံနိုင်ခြင်း။
(၉)အမျိုးသားရေးနှင့်တစ်မျိုးသားလုံးရေးကို ခွဲခြားနေကြခြင်း။
(၁၀)မျိုးဆက်သစ်များမမွေးထုတ်နိုင်ခြင်း တို့ ကြောင့်ဖြစ်ပါသည်။
(ကျနော့်၏အမြင်သက်သက်သာဖြစ်ပါသည်။)
ကိုကို(ရွှေဝါရောင်)



0 Comments:

blogger templates | Make Money Online