Saturday, January 31, 2009

မဟာဗျူဟာ

Strategy

အပြည့်အစုံသို့...

၆၀ မြောက်ကရင့်တော်လှန်ရေး

knu 60th



AASYC Felicitation Letter for 60th Karen Revolution Day


60th Karen Rvltn Anniversay Message _Bur

အပြည့်အစုံသို့...

သာသနာ့ဥသျှောင်အသင်းဝင်ဘို့ပုံစံ

Membership Form

အပြည့်အစုံသို့...

ညီညွတ်ရေး စစ်တမ်း

မကြာခင်လေးက မဲဆောက်မှာအခြေစိုက်ထားတဲ့ တပ်ပေါင်းစုအမည်ခံအဖွဲ့တဖွဲ့က အမျိုးသားညီညွတ်ရေး လွှတ်တော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဖော်ထုတ်ဖို့ အဆိုပြုချက်ဆိုပြီး ဖြန့်ချီခဲ့တာ တွေ့ရပါတယ်။ မဲဆောက် မှာနေပြီး တနိုင်ငံလုံးအတွက် အမျိုးသားညီညွတ်ရေး လုပ်မယ်လို့ ထူးထွေတည့်အံ့ရာသော် ကြေညာနေပါတယ်။ တနိုင်ငံလုံးအတွက် လုပ်ရအောင် အခြေခံအုတ်မြစ် ဘယ်လောက်ရှိနေသလဲဆိုတာ အရင်ဆုံးဆန်းစစ်ဖို့ လိုနေပါ တယ်။



နောက်တချက်က နိုင်ငံတကာမှာ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ အစိုးရနဲ့ အတိုက်အခံတွေ အခြေအနေ တခုအောက်မှာ ပူးပေါင်းပြီးဖွဲ့စည်းကြတဲ့ အစိုးရပုံစံဖြစ်တယ်လို့ လေ့လာမှတ်သားမိပါတယ်။ ဒါပေမဲ့ NCUB က တဖက်မှာလည်း တိုက်ပွဲဝင်အစိုးရလို့ ပြောနေတော့ ဘယ်လိုမှနားမလည်နိုင်စရာဖြစ်နေပါတယ်။ ဥပမာပြရရင် လက်ရှိ ဇင်ဘာဘွေနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် စဗန်ဂီရိုင်နဲ့ အာဏာရှင်မူဂါဘီတို့ စေ့စပ်ဆွေးနွေးနေတာ အမျိုးသားညီညွတ်ရေးအစိုးရ တည်ထောင်ဖို့ဖြစ်ပါတယ် (ငါးလကြာပြီဖြစ်ပေမဲ့ မအောင်မြင်သေးပါဘူး)။ အမျိုး သားညီညွတ်ရေးလွှတ်တော် ဆိုတာတော့ နိုင်ငံရေးသိပ္ပံမှာ တခါမှမကြားဖူးပါဘူး။ အခု NCUB က အမျိုးသား ညီညွတ်ရေးအစိုးရ လို့ဆိုတော့ နအဖနဲ့ပူးပေါင်းဖို့ လမ်းစပေါ်နေပြီလား။ စေ့စပ်ဆွေးနွေးပွဲတွေ စလုပ်နေပြီလား။ အတွင်းက CRPP, NLD နဲ့ ၉၀ အမတ်တွေကို ထည့်တွက်စရာမလိုတော့ဘူးလား။ ဒါ့အပြင် နအဖနဲ့ မညီညွတ်ခင် NCUB ထဲမှာရော ဘယ်လောက်များညီညွတ်နေပြီလဲ။ ပြည်ပအခြေစိုက်အတိုက်အခံတွေ အားလုံးအနေနဲ့ကြည့် ရင်ရော ဘယ်လောက်များညီညွတ်နေပြီလဲ။ Power base အခြေခံအုတ်မြစ် ဘယ်လောက်ရှိနေသလဲ။ ဒီမေးခွန်း တွေကို အရင်ဆုံးဖြေဖို့လိုပါတယ်။



အမှန်အတိုင်းပြောရရင် NCUB နဲ့တကွ ပြည်ပမှာရှိတဲ့ တပ်ပေါင်းစုတွေဟာ 'တပ်ပေါင်းပျက်'တွေ ဖြစ်နေတာ ကြာပါပြီ။ အထူးသဖြင့် NCUB ရှိနေလို့ ညီညွတ်မှုတွေ ပြိုကွဲနေတာဖြစ်ပါတယ်။ NCUB ကြောင့်ပဲ ပြည်ပအခြေ စိုက်အဖွဲ့တွေ တဖွဲ့ချင်းစီမှာလည်း အားနည်းသထက်နည်း၊ ယိုယွင်းသထက်ယိုယွင်းနေတာ ဘယ်လိုမှ ဖုံးလို့ ဖိလို့ မရပါဘူး။ NCUB ရဲ့ power base ကျဆင်းနေပြီး NCUB ထဲမပါတဲ့ အမျိုးသမီးတပ်ပေါင်းစုနဲ့ ကျောင်းသား လူငယ်တပ်ပေါင်းစုတွေကတော့ ရှင်သန် လှုပ်ရှားနိုင်တာ၊ အားရှိတာတွေ့ရပါတယ်။ ဒါကြောင့် အမျိုးသား ညီညွတ်ရေးအကြောင်း မစဉ်းစားခင် ပြည်ပရောက်အတိုက်အခံများ ညီညွတ်ရေးကို အရင်ဆုံးဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ မဲဆောက်မှာ ဖရိုဖရဲ ရွဲပြဲနေပြီး တပြည်လုံးကို ငါကယ်မှဖြစ်မယ်လို့ ဟိတ်ဟန်ထုတ်မနေပါနဲ့။ အရင်ဆောင်းပါးတပုဒ်မှာ ပြောခဲ့သလို တိုင်းပြည်အပြင်ဘက်က အတိုက်အခံအင်အားစုတွေဟာ အင်မတန့်ကို လမ်းစဉ်တွေ ပေါ်လစီတွေ မှန်နေရင်တောင်မှ တိုင်းပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲခံဖို့အတွက် အလွန်ဆုံးအားဖြင့် ၂၅ ရာခိုင်နှုန်းထက် ပိုအရေးမပါ ပါဘူး။



ဒါဖြင့်ရင် တနိုင်ငံလုံးရဲ့ ၂၅ ရာခိုင်နှုန်းသြဇာရှိမယ့် ပြည်ပရောက်အတိုက်အခံများညီညွတ်ရေးကို ဘယ်လို ဖော်ထုတ်ကြမလဲ။ ပြည်ပအခြေစိုက်အင်အားစု တော်တော်များများဟာ NCUB, DAB, NDF, ENC, FDB, WLB, SYCB, NYF ဆိုတဲ့ တပ်ပေါင်းစုပေါင်းစုံထဲမှာ ပါနေကြတယ်။ တချို့အဖွဲ့တွေဆိုရင် တပြိုင်ထဲမှာ တပ်ပေါင်းစု ၂ ဖွဲ့ ၃ ဖွဲ့လောက်ထဲ ပါနေတာတွေ့ရတယ်။ ဘယ်တပ်ပေါင်းစုမှမပါတဲ့ အဖွဲ့တွေလည်း ရှိသေးတယ်။ ဒီတပ်ပေါင်းစုတွေ ထဲမှာ သူများထက်တမူးသာနေတာက NCUB ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အထဲမှာ DAB နဲ့ NDF ဆိုတဲ့ တပ်ပေါင်းစု ၂ ခုအပြင် MPU ကိုပါ လက်ဝေခံလုပ်ထားပြီး NLD-LA ပါတီကိုတော့ အဲဒီတပ်ပေါင်းစုတွေနဲ့ တန်းတူအဆင့် ပေးထားလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် NLD ပါတီဝင်အများစုဖြစ်တဲ့ ၉၀ ခု ရွေးကောက်ခံအမတ်တွေ ကလည်း NLD-LA ပါတီနဲ့ တတန်းတည်းဖြစ်နေပြန်သေးတယ်။



အတိုက်အခံအားလုံးက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လက်ခံကြပြီး ဗမာလူမျိုးအပါအဝင် တိုင်းရင်းသား အားလုံးတန်းတူရေးကို ကျင့်သုံးဖို့ ပြောနေကြပါတယ်။ ဒါပေမဲ့ NCUB ထဲမှာတော့ NLD-LA က တခြားပါတီတွေနဲ့ တန်းတူမဖြစ်ဘဲ ပါတီကြီးဝါဒ အထူးအခွင့်အရေး ကျင့်သုံးခွင့်ရနေပါတယ်။ KNU လို အင်အားထောင်ချီရှိတဲ့ အဖွဲ့အစည်းကြီးတွေဟာ NLD-LA နဲ့ တန်းတူအခွင့်အရေး မရရှာပါဘူး။ ဒီလိုမှားယွင်းမှုကြီးကြောင့် DAB နဲ့ NDF တပ်ပေါင်းစုတွေကလည်း NCUB ရဲ့ အရိပ်ထိုးလွှမ်းမိုးမှုနဲ့ လက်ဝါးကြီးအုပ်မှုအောက်မှာ တစထက်တစ အင်အား ချိနဲ့ မှေးမှိန်ခဲ့ပါတယ်။ ဒါပေမဲ့ တဖက်ကကြည့်လိုက်ရင် NCUB ဟာ အရင်တုံးက (၈၈-၉၀ ကာလက) DAB, NDF တို့ လှုပ်ရှားစွမ်းဆောင်နိုင်ခဲ့သလောက်လည်း မစွမ်းတာတွေ့ရပြန်ပါတယ်။ အဲဒီတပ်ပေါင်းစုတွေထဲမှာ အခုအခါ ပါတီဝင်အင်အား ၁ ယောက် ၂ ယောက်ပဲရှိပြီး ဘာလှုပ်ရှားမှုမှမရှိတဲ့ လူမသိသူမသိအဖွဲ့ သေးသေး မွှားမွှားတွေက အခန့်သားနေရာယူထားတဲ့အတွက် ဖောင်းပွ လျော့လျဲနေတာလည်း တွေ့ရပါတယ်။ တပ်ပေါင်းစု တွေနဲ့ အဖွဲ့ဝင်ပါတီတွေ အခြေအနေယိုယွင်းနေတာကိုပြတဲ့ အချက်တချက်က မြန်မာပြည်ထဲက ထွက်လာတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ အားလုံးနီးပါးဟာ နယ်စပ်မှာအခြေချ တိုက်ပွဲဆက်ဝင်တာမလုပ်ဘဲ တတိယနိုင်ငံ တွေဆီကိုသာ ထွက်ကုန်ကြတာ ဖြစ်ပါတယ်။



NCUB စာတမ်းမှာပြောသလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေတွေကိုသွားပြီး လူထုအုပ်ချုပ်ရေး ချဖို့ တရားစီရင်ရေးတွေလုပ်ဖို့ဆိုတာလည်း မစဉ်းစားပါနဲ့။ အသက်သွေးချွေးစွန့်လွှတ်ပြီး တိုက်ယူထားတဲ့ ဘယ်တိုင်းရင်းသားမှ လက်ခံမှာမဟုတ်ပါဘူး။ ပြည်မက ရန်သူ့နယ်မြေမှာ အုပ်ချုပ်ရေးတွေ လျှို့ဝှက်ချမယ်လို့ လည်း ခတ်တည်တည်နဲ့ ပြောမနေပါနဲ့။ အကြောင်းသိတွေက ဘယ်သူမှ မယုံပါဘူး။



NCUB ကို ပါလက်စတိုင်းအမျိုးသားကောင်စီလို အဝေးရောက်ပါလီမန်အဖြစ်ရော နိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစု ကြီးအဖြစ်ရော ရည်ရွယ်ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းအမျိုးသားကောင်စီမှာ ပါလက် စတိုင်းတော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့ က တဖွဲ့ချင်းစီပါဝင်ပြီး ပါလက်စတိုင်းဒုက္ခသည်တွေနဲ့ ပြည်ပရောက်ပါလက် စတိုင်းအမျိုးသားတွေက ရွေးကောက်တင်မြှောက်တဲ့ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ပါလက်စတိုင်းအမျိုးသား ကောင်စီ PNC ဟာ ဥပဒေပြုပါလီမန်လွှတ်တော်ဖြစ်ပြီး တော်လှန်ရေး ၁၁ ဖွဲ့ရဲ့ တပ်ပေါင်းစုကြီးကတော့ ပါလက် စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ဖြစ်ပါတယ်။



ဒါနဲ့ယှဉ်ကြည့်ရင် NCUB ဟာ ပုံမကျပန်းမကျနဲ့ တပ်ပေါင်းစုလဲမပီပြင် ပါလီမန်အဖြစ်လည်း အဆင့်မမှီတာ တွေ့ရပါတယ်။ ဒါကြောင့် ထိပ်ပေါ်မှာ အပိုဖြစ်နေတဲ့ NCUB ကင်ဆာအကြိတ်ကို အရင်ဆုံးဖြတ်တောက် ဖျက်သိမ်းပစ်ဖို့ အရေးကြီးပါတယ်။ ဒုတိယဆင့်မှာတော့ ကျန်တဲ့တပ်ပေါင်းစုတွေကို ပေါင်းစည်းပစ်ဖို့လိုပါတယ်။ လှုပ်ရှားမှုမရှိတဲ့အဖွဲ့တွေကို ဖျက်သိမ်း သို့မဟုတ် ထုတ်ပယ်ပြီး အဖွဲ့ပေါက်စနလေးတွေကို ပေါင်းစည်းပစ် သို့မဟုတ် NLD-LA ထဲကို ပူးပေါင်းပစ်ရပါမယ်။ မလေးရှား၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန်တို့မှာ ပြည်တွင်း NLD မလုပ်ခဲ့သူတွေ အဲဒီတိုင်းပြည်ရဲ့ NLD-LA အဖြစ် လုပ်ကိုင်လှုပ်ရှားနေကြသလိုပဲ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နယ်စပ်က အဖွဲ့အသေးလေးတွေလည်း NLD-LA ၊ လူ့ဘောင်သစ်၊ ABSDF စတဲ့ အတော်အတန်ခိုင်မာ အားရှိတဲ့အဖွဲ့တွေထဲ အဖွဲ့လိုက် အလျားလိုက်ပူးပေါင်းပြီး အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေက ပူးပေါင်းခံရ တဲ့အဖွဲ့တွေရဲ့ ခေါင်းဆောင်မှုအဝန်းအဝိုင်းထဲ တွဲဖက်တာဝန်ယူရမှာဖြစ်ပါတယ်။ အောက်ခြေကနေဝင်ရတဲ့ ဒေါင် လိုက်ပူးပေါင်းမှုမျိုးတော့ မဖြစ်သင့်ပါဘူး။



ဒီနည်းနဲ့ ခိုင်မာအားကောင်းတဲ့ အခြေခံအုတ်မြစ်တွေ ရပြီးရင်တော့ ပါလက်စတိုင်းအမျိုးသားကောင်စီထဲ တဖွဲ့ ချင်းနဲ့ ကိုယ်စားလှယ်တဦးချင်းတွေ ပါဝင်ဖွဲ့စည်းသလို ပြည်ပရောက်မြန်မာအတိုက်အခံ တဖွဲ့ချင်းတွေနဲ့ ပြည်ပ ရောက် ၉၀ ရွေးကောက်ခံအမတ်တွေ ပါဝင်တဲ့ အဝေးရောက်လွှတ်တော်ကို တည်ထောင်နိုင်မှာဖြစ်ပါတယ်။ PLO လို ခိုင်မာအားကောင်းတဲ့ တပ်ပေါင်းစုကြီးလည်း ဖြစ်လာမှာဖြစ်ပါတယ်။ CRPP ကိုမထိခိုက်ဖို့အတွက် 'လွှတ်တော်' ဆိုတဲ့နာမည်ကိုတော့ မသုံးသင့်ပါဘူး။ ဒီအဆင့်ရောက်ရင်တော့ အခြေခံခိုင်ခန့်တဲ့ အဝေးရောက် အစိုးရကိုလည်း အလွယ်တကူထူထောင်နိုင်ပါလိမ့်မယ်။ Power base ရှိလာရင် Power base မရှိတဲ့ NCGUB ကို အသာလေးဖယ်ထုတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအဝေးရောက်အစိုးရက ဗမာပြည်လွတ်မြောက်အောင် လုပ်ပေးနိုင်မယ့်အလားအလာကတော့ စောစောကပြောခဲ့သလို အလွန်ဆုံး ၂၅ ရာခိုင်နှုန်းပဲ အကျိုးပြုနိုင်ပါလိမ့် မယ်။



နအဖနဲ့ စေ့စပ်ဆွေးနွေးပွဲမဖြစ်သေးသရွေ့တော့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတာကို စဉ်းစားလို့မရသေးပါ ဘူး။ ဒါ့အပြင် ထိုင်းနိုင်ငံကို အခြေခံနေရတဲ့အတွက် အဝေးရောက်လွှတ်တော်တို့ အဝေးရောက်အစိုးရတို့ ဆိုတာကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့လည်း စိတ်မကူးပါနဲ့။ ကရင်၊ ကရင်နီ၊ ရှမ်းတော်လှန်ရေးအဖွဲ့တွေရဲ့ ဗမာပြည်တွင်းက လွတ်မြောက်နယ်မြေတွေမှာ အခြေစိုက်မယ်လို့လည်း ဖိန့်မနေပါနဲ့။ ၁၉၉၅ မာနယ်ပလော မကျခင်ကာလတွေနဲ့ အခုကာလ ဘာမှမဆိုင်တော့တာ အားလုံးသိနေပါတယ်။ ကျည်လွတ်မြေ တတိယနိုင်ငံ ကနေပြီး ချကြပါလား နှက်ကြပါလား တိုက်ပွဲဝင်အစိုးရလုပ်ကြပါလားလို့လည်း နင်းကန်အော်မနေကြပါနဲ့။ ထိုင်းအစိုးရက ပြဿနာရှာရင် ပတ်စပို့ကိုင်ထားတဲ့ပုဂ္ဂိုလ်ကြီးများအတွက် အကြောင်းမဟုတ်ပေမဲ့ ထိုင်းနိုင်ငံ ထဲက ဘာလက်မှတ်မှမရှိတဲ့ သာမန်တော်လှန်ရေးသမားတွေတင်မက သိန်းနဲ့ချီရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေပါ ဘဝပျက်သွားနိုင်တယ်၊ ရှိစုမဲ့စုတော်လှန်ရေး မျိုးကန်းသွားနိုင်တယ် ဆိုတာ အားလုံးခေါင်းထဲ ထည့်ထားဖို့လိုပါတယ်။



NCUB ကို မဖျက်သိမ်းသရွေ့ အမျိုးသားညီညွတ်ရေးမပြောနဲ့၊ ပြည်ပရောက်အတိုက်အခံတွေရဲ့ ညီညွတ်ရေး တောင် ရမှာမဟုတ်ပါဘူး။ ရိုက်စားညီညွတ်ရေးလောက်တော့ ရချင်ရနိုင်ပါတယ်။ ခြုံပြောရရင် NCUB က ထုတ်လိုက်တဲ့ နှစ်သစ်ကူးကြေညာချက်ဖြစ်စေ၊ အင်တာနက်ကနေ အကြံပြုချက်တွေ ဆွေးနွေးဖို့ ဖိတ်ခေါ်တယ် ဆိုတဲ့ concept paper ဖြစ်စေ အခြေခံမခိုင်တဲ့အတွက် ဘာမှအကျိုးမရှိဘဲ ကျဆင်းနေတဲ့ တော်လှန်ရေးနဲ့ ညီညွတ်ရေးကို ပိုဆိုးဝါးသွားစေတာဘဲ အဖတ်တင်ပြီး ဦးဝင်းတင်ပြောတဲ့ သမိုင်းတရားခံလမ်းကြောင်းအတိုင်း မြောင်းထဲကိုသာ ရောက်သွားလိမ့်မယ်ဖြစ်ကြောင်း ဖော်ထုတ်လိုက်ပါရစေ။



ကွန်အာသာ




အပြည့်အစုံသို့...

လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်

ရဲဘော်ဖိုးသံချောင်း


တလောက ရေဒီယိုအင်တာဗျူးတခုမှာ အဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးကို သူတို့မှာ ဘာအစီအစဉ်တွေရှိသလဲလို့ မေးတော့ သူက သူတို့ရဲ့ အစီအစဉ်တွေကို ပြောပါတယ်။ ဒီနောက် မေးတဲ့သူက အဲဒီအစီအစဉ်တွေအောင်မြင်မယ်လို့ ယူဆပါသလားလို့ထပ်မေးတော့ အဲဒီတာဝန်ရှိသူက ဒါကတော့ လူထုအပေါ် တည်တာပဲ၊ လူထုကိုစောင့်ကြည့်ရမှာပဲလို့ ဖြေတာ ကြားလိုက်ရပါတယ်။

သူပြောပုံက သူ့ဘက်ကတော့ တာဝန်ကျေပြီ။ အဲဒီအတိုင်း လူထုကလိုက်လုပ်ရင် အောင်မြင်မှာပဲ၊ မအောင်မြင်ရင် လူထုရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ နားထောင်ရင်း တုန်လှုပ်သွားမိပါတယ်။ လုပ်ငန်းစဉ်တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာအကောင်အထည်ဖော်တာမလုပ်ရင် ဒါဟာ လူထုရဲ့တာဝန်ပဲလို့ သုံးသပ်တာမျိုးကို အရင် သခင်စိုးပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း (၆ဝ)
ကျော်ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်။ ပြောတဲ့လေသံချင်းတော့ မတူဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်က အတူတူပါပဲ။ တနည်းပြောရရင် ကိုယ်ချမှတ်တဲ့ လုပ်ငန်းစဉ် မှန်မမှန်ဆိုတာ အရေးမကြီး၊ လိုက်လုပ်တဲ့ လူမှာ စွမ်းရည်ရှိမရှိက အရေးကြီးတယ်လို့ဆိုတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီတလောမှာ စက်တင်ဘာသံဃာ့အရေးအခင်းပြီးတဲ့နောက်ပိုင်း အတော်ကြာကြာမကြားရတဲ့ “ဗမာပြည်က လူထုတွေဟာ ကြောက်နေကြတယ်” ဆိုတဲ့စကားလည်း အတော်လေး ပြန်ကြားလာရပါတယ်။ တချို့များဆိုရင် အနောက်နိုင်ငံသားတွေပြောတဲ့ လေကိုလိုက်ပြီး ဗမာပြည်က လူထုမို့ပေါ့၊ တခြားနိုင်ငံက လူထုသာဆိုလို့ကတော့ ဒီလိုဖိနှိပ်နေရင် ပေါက်ကွဲထွက်တာ ကြာလှပြီဆိုတဲ့
စကားမျိုးတွေတောင် ပြောကြပါတယ်။ ဒီလိုအပြောတွေနဲ့ ပြောင်းပြန်၊ ပြည်တွင်းကအသံတချို့ကတော့ လူတွေဟာ သေမထူး၊ နေမထူး ဖြစ်နေပြီ၊ ဘာမှမကြောက်တော့ဘူး၊ ခေါင်းဆောင်မှုမရှိလို့လို့ ပြောတာ ကြားရပါတယ်။
အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ် အခက်အခဲနဲ့ရင်ဆိုင်လာရပြီဆိုရင် ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်လုပ်ကြတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါ တယ်။ ဘာမှမဝေဖန်လိုပါဘူး။ ဒါပေမယ့် ပြည်သူလူထုကိုအပြစ်တင်တာကျတော့ မဝေဖန်လို့မဖြစ်ပါဘူး။ ကိုယ်က ကျည်ဆန်မပြောနဲ့ ဒုံးပျံနဲ့လှမ်းပစ်တောင် မထိနိုင်တဲ့ နေရာမှာနေပြီး ဟိုမှာ သေနတ်ပြောင်းထိပ်နေရသူတွေကို
ကြောက်တယ်လို့ ပြောတာဟာ မတရားလွန်းရာကျပါတယ်။ သေစရာရှိတော့ လူထုက သေရတာပါ။

ခေါင်းဆောင်မှုအတတ်ပညာမှာ အရေးကြီးဆုံးက လူထုအခြေအနေကို နားလည်တာနဲ့ လူထုလက်ခံနိုင်တဲ့၊ လူထုလိုက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တရပ်ချမှတ်ဖို့ ဖြစ်ပါတယ်။ လူထုက အကောင်အထည်မဖော်ရင် ဘာမှဖြစ်မလာပါဘူး။ အဝေးကနေ ကွန်ပျူတာတခု၊ အသံလွှင့်ချက်တခုနဲ့ လူထုလှုပ်ရှားမှုကြီးကို ထိန်းချုပ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ လူထုထဲမှာဆင်း၊
လူထုနဲ့အတူတိုက်ပွဲဝင်ရပါမယ်။ ကိုယ်တိုင်မသွားနိုင်ရင် သွားနိုင်တဲ့လူတွေဆင်း၊ အမြုတေအင်အားအဖြစ်မြှုပ်နှံ၊ အချိန်တန်ရင်တိုက်ပွဲဖော် စသဖြင့် လုပ်ရပါတယ်။ မြေအောက်လုပ်ငန်းဆိုတာ ငွေရှိရင်ဖြစ်တာပဲဆိုတာမျိုး သဘောထားလို့မဖြစ်ပါ။ ငွေလိုအပ်ပါတယ်။ များလေကောင်းလေပါ။ ဒါပေမယ့် ငွေနဲ့ဝယ်ရတဲ့ မြေအောက်ကေဒါနဲ့ တွဲလုပ်ဖို့ဆိုရင်တော့ လူတိုင်းအနည်းဆုံး
နှစ်ခါ စဉ်းစားကြမှာပါပဲ။

တချို့သော ခေါင်းဆောင် (လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေသူ) တွေဟာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်လို့ ထင်နေကြပါတယ်။ ဒါဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် လူထုအထက်ကလို့ ထင်တဲ့လူဟာ တကယ်သာ နိုင်ငံ့ခေါင်း ဆောင်ဖြစ်လာရင် လူထုရဲ့အထက်မှာနေမှာ၊ လူထုထက်ပိုပြီး အခွင့်ထူးတွေ ခံစားမှာ သေချာပါတယ်။ ခေါင်းဆောင်ဟာ လူထုထက် စာပိုဖတ်ထားတာ၊ အဆက်အသွယ်
ပိုကောင်းတာအမှန်ပါပဲ။ ဒါပေမယ့် ဒီလိုကြောင့်မို့ လူထုကို အနုံအ-အတွေလို့ထင်ရင် မှားပါတယ်။ အရေးအကြီးဆုံးအချက်က အရာ ကိစ္စတွေ၊ အထူးသဖြင့် အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေရဲ့အနိုင်အရှုံးကို လူထုကြီးက အဆုံးအဖြတ်ပေးတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့ဖို့ပါပဲ။

လူထုမပါရင် ဘာမှဖြစ်မလာပါဘူး။ အောင်ပွဲဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒါကြောင့်မို့ အောင်ပွဲကို ပြည်ပအကူအညီက ယူလာပေးမယ်လို့ ယူဆမျှော်လင့်ပြီး ကိုယ့်နိုင်ငံက လူထုကိုတော့ စမ်းသပ်ခန်းထဲက ယုန်လို၊ ပူးလိုသဘောထား လုပ်ကိုင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ နောင်မှာ ရှင်းရခက်တဲ့ ပြဿနာတွေ သယ်လာတဲ့လူအဖြစ် ကိုယ်ဟာသမိုင်း တရားခံတောင်
ဖြစ်သွားနိုင်ပါတယ်။

လူထုနဲ့ကေဒါ၊ လူထုနဲ့ခေါင်းဆောင်တို့အကြား မတူတာတွေကိုလည်း သဘောပေါက်ရပါမယ်။ လူထုဟာ နိုင်ငံရေးလုပ်ငန်း တခုတည်းကိုသာ အဓိက လုပ်နေတဲ့ လူတွေမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ စားဝတ်နေ ရေးအတွက် လုံးပန်းရသလို ကျောင်းသားဆိုရင်လည်း ပညာရေးအတွက်လုံးပန်းရ စသဖြင့် အဓိကလုပ်နေတဲ့ လုပ်ငန်းတွေ ကိုယ်စီရှိကြပါတယ်။ ကေဒါ၊ နိုင်ငံရေး သမား၊ နိုင်ငံရေး
ခေါင်းဆောင်ဆိုတာကတော့ နိုင်ငံရေးလုပ်ငန်းကို အဓိကထား လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူများထက် နိုင်ငံရေးအသိလည်း ပိုမြင့်တယ်လို့ ယူဆထားရတဲ့ လူတွေဖြစ်ပါတယ်။ ဒီတော့ လူထုကို ကေဒါ၊ နိုင်ငံ ရေးသမား၊ နိုင်ငံရေးခေါင်းဆောင်တို့လို အချိန်မရွေး ထတိုက်နိုင်ရမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ခေါင်းဆောင်ရဲ့တာဝန်ဟာ လူထုရဲ့ အခြေအနေကို သိရှိပြီး
လူထုလိုက်ပါနိုင်မယ့်အချိန်၊ အဆင့်၊ တိုက်ပွဲသဏ္ဌာန်တို့ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။

ခေါင်းဆောင်ဟာ လူထုကို ဆရာလုပ်ဖို့မဟုတ်ပါ။ ကိုယ်က လူထုထက်ပိုသိတာ၊ ပိုတတ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လူထုမှာလည်း ကိုယ့်ထက်သိတာ၊ တတ်တာတွေ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။ ကိုယ့်ကို သူတို့ကသိဖို့ထက် ကိုယ်က သူတို့ကိုသိဖို့က ပိုအရေးကြီးတယ်၊ ပိုလိုအပ်တယ်ဆိုတာလည်း သတိ ထားသင့်ပါတယ်။ သူတို့ကို ဆရာမလုပ်ခင် သူတို့ဆီမှာ တပည့်ခံသင့်ပါတယ်။
သူတို့ကိုယ့်ကိုယုံဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ ဘယ်သူမှ ကိုယ်မယုံတဲ့ လူရဲ့ ညွှန်ကြားချက်ကို လက်မခံပါဘူး။

နောက်ပြဿနာတခုက ခေါင်းဆောင်မှု (ခေါင်းဆောင်ကိုယ်တိုင်လို့ မဆိုတာ သတိပြုပါ) ဟာ ခေါင်းဆောင်ရမယ့်အချိန်မှာ ခေါင်းဆောင်ရမယ့်နေရာကို သင့်တော်တဲ့သဏ္ဌာန်နဲ့ ရောက်ရှိနေဖို့ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဟာ နည်းသဏ္ဌာန်မျိုးစုံနဲ့ လူထုဆီကို ရောက်ပါတယ်။ ကိုယ်တိုင်လည်းဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ကတာဝန်ပေးထားသူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တခြားနည်းနာ တွေနဲ့လည်း
ဖြစ်ချင်ဖြစ်မယ်၊ လူထုလိုအပ်နေတဲ့အချိန်မှာ ဘာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ စိတ်ဓာတ်အချိန်မီ ရောက်သွားဖို့ အရေးကြီးပါတယ်။

ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးတုန်းက စက်တင်ဘာလ(၂၉) ရက်နေ့မှာ အရေအတွက် ထောင်ပေါင်းများစွာရှိတဲ့ လူထုကြီးဟာ ဒိအရင်နေ့တွေ တုန်းကလိုပဲ သံဃာတော်တွေ ထွက်လာမယ်ထင်လို့ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်း လမ်းတို့မှာ စုဝေးရောက်ရှိနေကြပါတယ်။ ဒါပေမယ့် အခြေအနေက အဲဒီအရင်တညကပဲ သံဃာတော်တွေကို ကျောင်းတွေပိတ်ပြီး ရိုက်နှက်ဖမ်းဆီး ခဲ့လို့ သူတို့ဟာ
ဆန္ဒပြထွက်မလာနိုင်တော့ပါဘူး။ နေ့ခင်း (၁) နာရီ၊ (၂) နာရီ လောက်ကျတော့ စောင့်ဆိုင်းနေတဲ့ လူထုကြီးဟာ သောင်းဂဏန်းဖြစ်သွားပါပြီ။ တကယ်လို့သာ အဲဒီတုန်းက ခေါင်းဆောင်မှုပေါ်လာခဲ့ရင်၊ အနည်းဆုံးလူ (၄-၅) ယေက်ကနေ သံဃာတော်တွေတော့ ဘယ်လိုဖြစ်ကုန်ပြီ၊ လူတွေဆက် တိုက်ပွဲဝင်ကြစို့ဆိုတာမျိုး လှုံ့ဆော်ဦးဆောင်ခဲ့ရင် လူထုကြီးဟာ မုချနောက်က ပါလာမှာပါပဲ။ ဒါပေမယ့် အခုတော့
ဘယ်ခေါင်းဆောင်မှုမှ ပေါ်မလာလို့ လူထုကြီးဟာ တက်တခေါက်ခေါက်နဲ့ ပြန်သွားခဲ့ကြပါတယ်။

ဒါက ပြနေတာက ခေါင်းဆောင်မှုနဲ့ လူထုဆက်စပ်မှုပြဿနာကို သေချာ လေးလေးနက်နက် လေ့လာဖြေရှင်းရမယ်ဆိုတာပါပဲ။ ဒီတာဝန်ကို ခေါင်းဆောင်မှုဘက်က ထမ်းဆောင်ရမှာပါ။ စားဝတ်နေရေးနဲ့ လုံးချာလိုက်နေတဲ့ လူထုက ဒါတွေကိုလေ့လာဖို့၊ ဖြေရှင်းဖို့ အချိန်လည်းမရှိ၊ တခြားအချက် အလက်တွေလည်း မရှိပါဘူး။ ဒါတွေကို မဖြေရှင်းဘဲ လူထုကိုပဲ မေးငေါ့အပြစ် တင်နေလို့ကတော့
နီရိုဘုရင်ရဲ့လုပ်ရပ်နဲ့ ကွာလှမှာမဟုတ်ပါဘူး။


အပြည့်အစုံသို့...

Wednesday, January 21, 2009

အပြည့်အစုံသို့...

ုမဲဆွယ်ပွဲ

မေး - အခုမဲဆွယ်ပွဲလေးစလာပြီနော် အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို ပြည်သူတွေက တုံ့ပြန်ရမလဲဆိုတာ…

ဖြေ - ဒီကောင်တွေက ဝေလေလေတွေပါဗျာ သူ့တို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်က ၂၀၁၀ ရွေးကောက်ပွဲဖြစ်သွားတယ် ဆိုတာလောက်ပဲ မှန်းနိုင်တဲ့ကောင်တွေပါ။ နအဖ က ကြိုးဆွဲရာက ရတဲ့ အရုပ်ကလေးတွေပါ နိုင်ငံရေးတန်ဘိုး ၂ ပြားသားတောင်ရှိတဲ့ဟာတွေ မဟုတ်ပါဘူး။ တကယ်က ကျွန်တော်တို့ အဲဒီလိုအချိန်မှာ အမြတ်ထုတ်လို့ရနိုင်မဲ့ အခွင့်အရေးက လူထုစုစည်းမှုပါ။ သတ္တိရှိတဲ့ တယောက်ယောက်က ဖောလိုးအပ် လုပ်မလိုနဲ့ မေးခွန်းတွေမေးပြီး မဲဆွယ်စည်းရုံးတဲ့လူတွေ အကျပ်ရိုက်လာမှ ဇာတိရုပ် ဖော်ထုတ်ပြီး လူထုကို ဆန့်ကျင်ရေးစိတ်ဓာတ် တဖြည်းဖြည်းနဲ့ ရဲလာအောင်လုပ်ရမှာ၊ ဒါက ဥပမာ တခုပေါ့ဗျာ၊ ဒီလိုလုပ်လို့ရတဲ့နည်းတွေ ဒါဇင်လောက်ကျန်ပါသေးတယ်။



မေး - ကျွန်တော် ဧရာဝတီဘက်ရောက်ပြီးပြီဗျာ၊ ဒုက္ခသည်တွေကို ကူညီဖို့ ထားဦး ထပ်မနှိပ်စက်ဖို့တောင် ခပ်ခက်ခက်ဖြစ်နေတယ်၊ စိတ်မကောင်းစရာဗျာ။

ဖြေ - ဒါဟာ နအဖ မွေးထုတ်လိုက်တဲ့ စနစ်ကြောင့်ပဲဗျ၊ ဒီ ရရင် က တဲ့ ရယက တွေ မယက တွေကို သူတို့ပဲ တရားဝင်ပြည်သူဆီက ဆက်ကြေးကောက်ခွင့်လိုင်စင် ဒင်းတို့ ပေးလိုက်တာ။ အခုမှ ရေနစ်သူဝါးကူထိုး တော့ လူတွေ မခံမရပ်နိုင်ဖြစ်ပြီးအော်လာမှ ပြာယာနဲနဲခတ်လာတာ။ ဒါပေမဲ့ ကျွန်တော်တခုပြောမယ် သူတို့ရဲ့ နည်းဗျူဟာက ပြည်သူကို စားဝတ်နေရေး ကျပ်တည်းအောင်လုပ်ပြီး နိုင်ငံရေးဘက် ဦးမလှည့်လာအောင်လုပ်တဲ့နည်းဗျူဟာဆိုတော့ကာ ဒီစနစ်ကိုလွယ်လွယ်နဲ့တော့ ဖျက်သိမ်းမယ်လို့ မမျှော်လင့်နိုင်ဘူး။ ကျွန်တော်ပြောခဲ့သလိုပေါ့ဗျာ စီးပွားရေး တောင့်တင်းတဲ့ မျိုးချစ်တွေကို လူထုဒုက္ခတွေကို တတ်နိုင်တဲ့နည်းလမ်းနဲ့ ကူညီကြဖို့ နိုးဆော်ကြဖို့ပဲ။ တဖက်ကနေလဲ နအဖ ရဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ကြံဖွံတွေ ဘယ်လိုလူတွေကို နှိပ်စက်တယ်ဆိုတာ ပြည်သူတွေကျယ်ကျယ်ပြန့်ပြန့်သိလာဖို့ လူထုထဲမှာချပြဖို့၊ ဒီအတွက်လူထုစည်းရုံးခွင့် အခွင့်အရေးကို မကြာမီဖောဖောသီသီရတော့မှာ။ ပြောစရာတွေသာ ချက်ကျကျ ပြောဖို့စုထားပေတော့ဗျာ။

မေး - ကျွန်တော်တို့မှာ နောက်ထပ်အန္တရာယ်တစ်ခုရှိသေးတယ်ဗျ၊ ဒုစရိုက်သမားတွေကို ထောင်ကနေလွှတ်ပေးထားပြီး တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် အချိန်မရွေးလုပ်နိုင်တဲ့ ကိစ္စပဲ၊ နောက်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဒီကောင်တွေက နှောင့်ယှက်နှိပ်စက်မယ် ဆိုတဲ့ ယုတ်မာပက်စက်တဲ့ အကြံမျိုးတွေ၊ ဒါကိုကိုင်တွယ်ဖို့ရော?

ဖြေ - ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာ အမြဲခြိမ်းခြောက်ခံနေရတာ၊ သာမာန်အရပ်သားတွေ ကို ဧည့်စာရင်းအတင်းကောက် ပိုက်ဆံတောင်း ရပ်ကွက်ထဲ လူစိမ်းဝင်ရင်သိနိုင်တဲ့ ဒီရပ်ကွက်ကလူကြီးတွေဟာ သူခိုး ဂျပိုးတွေ၊ ဓမြတွေ ကြတော့ ဝင်လာတာ မသိဘူးဆိုတာ တော်တော်မဖြစ်နိုင်တဲ့ကိစ္စပဲ။ ဒီကိစ္စမှာ အရေးအကြီးဆုံးကတော့ ကိုယ်ထူကိုယ်ထ ရပ်ကွက်ညီညွတ်မှုပဲ။ ဒီနှစ်ထဲမှာ ဒီလိုကိစ္စမျိုး များများဖြစ်နိုင်တယ်လို့ ကျုပ်ခန့်မှန်းတယ်ဗျာ ထောင်တွေကိုခါလိုက်တာဟာ နအဖရဲ့ ယုတ်မာညစ်ပတ်လိုက်တဲ့ အကြံထဲက တခုပဲဗျ၊ ဒီအပေါ်မှာ ကျုပ်တို့က အမြတ်ထုတ်ရမဲ့ ဟာကတော့ လူထုစည်းလုံးမှုပဲ။ ဒါကြောင့် ရပ်ကွက်တိုင်းက လူတွေကို အမြဲသတိရှိကြပါ။ တဦးနဲ့တဦးလဲ ကူညီရိုင်းပင်းကြပါ။ ရှင်းရှင်းပြောရရင်ဗျာ တအိမ်ကသူခိုးဆိုတာနဲ့ ရပ်ကွက်က တုတ်ဆွဲဒါးဆွဲပြီး လိုက်ကြဖို့ပဲ။ အုပ်ချုပ်ရေးအာဏာက ပြည်သူကိုအကာအကွယ် မပေးတော့ ပြည်သူက မိမိလုံခြုံရေးကို ကိုယ်ထူကိုထ စနစ်နဲ့ ထူထောင်မှရမယ်။

မေး - လူထုရင်ထဲမှာ ရက်ရက်စက်စက် နှိပ်ကွပ်ထားတဲ့ အရှိန်ကြောင့် အကြောက်တရား ကို လွယ်လွယ်ထုတ်ပစ်လို့မရ ဖြစ်နေတယ်။ ဒါကိုရော ဘယ်လိုလုပ်သင့်သလဲ။

ဖြေ - အောင်ပွဲ တချို့ ကိုလူတွေသိလာအောင် လုပ်ပြီး သတ္တိလေးတွေစမွေးယူရမယ်။ ဘယ်နေရာမှာစပြီးအောင်ပွဲစ ရနိုင်မယ်ဆိုတာ သေသေချာချာစဉ်းစားပြီး ဖန်တီးရမယ်ဗျ။ လူတွေက အာဏာရှင်အစိုးရဟာ သူတို့စိတ်ထင်တိုင်းလုပ်နိုင်တယ်လို့ ထင်နေကြလို့ ဒီလိုအမြင်မျိုးပျောက်အောင် လုပ်ရမယ်။ နအဖ က ကျူးလွန်ပြီးမှားယွင်းခဲ့တာတွေကို လူသိထင်ရှားဖြစ်အောင်လုပ်ရမယ်ဗျ။ နအဖနဲ့နောက်လိုက်တွေ တရားဥပဒေကို လွန်ဆန်ပြီးလုပ်ခဲ့တာမျိုးတွေရှိရင် သူတို့က အုပ်ချုပ်သူဆိုတော့ တရားဥပဒေရဲ့ အပြစ်ပေးခြင်းမခံရဘူး ဒါပေမဲ့ မှားတာလုပ်ခဲ့အတွက် တူညီတဲ့ကိစ္စမျိုး လူသိထင်ရှား မလုပ်ရဲတော့ဘူး။ ဥပမာ အရွယ်မရောက်သေးတဲ့ ကလေးတွေစစ်ထဲ အတင်းလိုက်စေတဲ့ကိစ္စမျိုးဗျာ။ ဒီကိစ္စမျိုးအတွက် နောက်ထပ် ကျူးလွန်နေတာတွေ မရှိတာမဟုတ်ဘူး ဒါပေမဲ့ လူထုကို ဒီလိုကိစ္စမျိုးဖြစ်ခဲ့ရင် ကျွန်တော်တို့ဘက်က အောင်မြင်ခဲ့တဲ့ သာဓကလေးတွေရှိတယ်၊ ကြောက်စရာမလိုဘူး စသဖြင့်ပေါ့ဗျာ။ နအဖ နဲ့ နောက်လိုက်တွေ ဥပဒေကိုလွန်ကျူးပြီး လုပ်ခဲ့တဲ့ ကိစ္စလေးတွေမှာ ဘယ်လိုမှရှောင် လွှဲမရလို့ သူတို့ဖက်က အရှုံးပေးလိုက်ရတဲ့ သာဓကလေးတွေကို လူများများသိအောင်လုပ်။ ၁ အချက် နောက်ထပ်လူထုအပေါ်ထပ်ကျူးလွန်ဖို့ခက်လာမယ်။ ၂ အချက်လူထုအကြောက်တရားလျှော့လာမယ်။ ၃ အချက် အနှိပ်စက်ခံပြည်သူအချင်းချင်း ပိုပြီးစည်းလုံးလာပြီး နောက်ထပ်ဘယ်လိုဖိနှိပ်မှုမျိုးမဆို ငုံခံနေစရာ မလိုတော့မှန်းနားလည်လာမယ်။

မေး - အင်းခင်ဗျားပြောတာလေးတွေ နားထောင်လို့တော့အတော်ကောင်းသား ဒါပေမဲ့ နယ်ဘက်မှာ လူတွေကို မတရားနည်းလမ်းနဲ့ နှိပ်စက်နေတာ ကျတော့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှု၊ သတင်းအမှောင်ချမှု တွေအောက်မှာ ကျွန်တော်တို့လူတွေ အလဲလဲအကွဲကွဲပဲ။ နောက်ပြီး ခင်ဗျားပြောတဲ့အောင်မြင်တဲ့ ကေ့စ် တွေမှာတောင် အောင်မြင်မှုကို တကြွားကြွားမလုပ်နိုင်အောင် ထပ်ပြီး ဖိနှိပ်မှုတွေရှိတယ်။

ဖြေ - ဟိုတုန်းက ပြောတဲ့စကားလေး တခွန်းရှိတယ်ဗျာ 'နိုင်ရင်လဲ နိုင်တယ် ရှုံးရင်လဲ နိုင်တယ်' ဆိုတာ ဖိနှိပ်ခံရမှုတွေ အတွက် ပြည်သူတွေဘက်မှာ သွားစရာလမ်း ၂ မျိုးပဲရှိတယ်။ ၁ က ဖိနှိပ်သူတွေကို တနည်းနည်းနဲ့ ဆန့်ကျင်နိုင်လို့ အောင်မြင်သွားတယ်။ ၂ ဖိနှိပ်မှုတွေကို ရပ်တန့်အောင်မလုပ်နိုင်ဘူး၊ ဒါပေမဲ့ ဖိနှိပ်နေပါတယ်လို့ လူတွေသိအောင် လုပ်နိုင်တယ်၊ လူထု မကြေနပ်မှုကို ဖန်တီးနိုင်တယ်။ အခွင့်အရေးရတာနဲ့ ဒီကိစ္စဟာ ပေါက်ကွဲဖို့လောင်စာ လုပ်နိုင်တဲ့ အခြေအနေမှာရှိတယ်။ ဒီနှစ်နည်းတခုခုဖြစ်အောင်လုပ်ရမယ်ဗျ။ နယ်ကိစ္စတွေအတွက် ခင်ဗျားပြောတဲ့ဟာက အခက်အခဲတခုဆိုတာ ဝန်ခံပါတယ်။ သို့ပေမဲ့ သတင်းအချက်အလက် ပိတ်ဆို့မှု ဟာလက်တွေ့မကျဘူးလို့တော့ထင်တယ် အခုလက်ရှိ အခြေအနေမှာ။ စကားကြုံလို့ပြောလိုက်ရဦးမယ် တကယ်လို့များ ခင်ဗျားပြောသလို နယ်မှာ ဖိနှိပ်ခံရလို့ လူသိထင်ရှားဖြစ်အောင်ဟစ်ဖို့ လိုတယ်ဆိုရင် ကျွန်တော့်ဆီကိုသာ အီးမေးပို့လိုက်ပါ ကျန်တဲ့ကိစ္စ ကျွန်တော့်တာဝန်ထား။ နောက်ပြီး ပြောရဦးမယ်ဗျ ကျွန်တော်တို့ပြည်သူတွေက သိပ်ရိုးသားကြတယ် ဒီအစိုးရကို ကောလာဟလ နဲ့ကောင်းကောင်းမတိုက်တတ်ကြတာလား ကိုယ်ကျင့်တရား ကို အလေးပေးကြလို့လားတော့မသိဘူး။ အမှန်တော့ ဆန့်ကျင်ရေး လုပ်တဲ့အချိန်မှာ သိပ်ပြီး လူကြီးလူကောင်းဆန်နေလို့တော့ သိပ်မတော်ဘူးထင်တယ် အထူးသဖြင့် ဒီစစ်အစိုးရလို ကောက်ကျစ်တဲ့ အင်အားကောင်းရန်သူမျိုးနဲ့ရင်ဆိုင်နေရချိန်မှာ။ အင်္ဂလိပ်တွေတောင် လူကြီးလူကောင်းဆန်စွာနဲ့ ဗမာပြည်ကို စစ် ၃ ကြိမ်နဲ့ ကိုလိုနီလုပ်ခဲ့သေးတာပဲ။ သိပ်ရိုးနေလိုတော့ မဖြစ်ဘူးဗျ။ တဆိတ်ကို တအိတ်လုပ်သင့်ရင်လဲ လုပ်ကြဦး။ အရေးအကြီးဆုံးကတော့ လူထုကိုထိခိုက်ပေါက်ကွဲစေမဲ့ ဟာမျိုးပေါ့ဗျာ။ အမှန်တော့ နအဖ ဟာ အန္တရာယ် အကြီးဆုံးလမ်းမပေါ်မှာ ရောက်နေပြီဗျ။ တဖြည်းဖြည်းနဲ့လောဘဇောတက်တက်လာပြီး ကျူးလွန်မှုတွေ လုပ်လာတာ အန္တရာယ်ဇုန်မှာ ရောက်နေပြီ။ အခွင့်အရေးရလာရင် မိအောင်ဆုပ်ကိုင်ဖို့ပဲ။

မေး - ခင်ဗျားဆိုလိုတာ တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်စေမဲ့ ကောလာဟလ မျိုးလား?

ဖြေ - မရှိတာကြီးကို ရှိအောင်အတင်းလုပ်ယူထားတဲ့ ကောလာဟလမျိုးဆိုရင်တော့ တော်တော်ခက်လိမ့်မယ်ဗျ၊ ကျုပ်တို့လူမျိုးက ရိုးတာကိုး။ ဒါပေမဲ့ သေးသေးလေးတွေကို ပုံကြီးချဲ့ တာလောက်တော့လုပ်လို့ရမှာပါ။ အဓမ္မလုပ်အားပေးတို့ ဘာတို့ဆို နဲနဲပိုပိုသာသာလေးတွေ လုပ်လေဗျာ။ နမူနာပြောပါတယ်။ ဒီပြင့်ဟာတွေချဲ့မယ်ဆို တပုံကြီး။

မေး - နိုင်ငံရေးကိစ္စလေး ဆက်ရအောင် စစ်အစိုးရကတော့ ၂၀၁၀ ကိုချီတက်နေတာပဲ ဒီကိစ္စ အကောင်အထည် မပေါ်ရင်ဘယ်လို ပေါ်ရင် ဘယ်လိုဆိုတာ ပြန်ဆက်ပါဦး။

ဖြေ - အကောင်အထည်ပေါ်ခြင်း မပေါ်ခြင်း ကိုဂရုမစိုက်နဲ့ဗျ။ ကျုပ်တို့ဂရုစိုက်ရမှာက လူထုစည်းလုံးရေးနဲ့ အစိုးရဆန့်ကျင်ရေးပဲ။ စစ်အစိုးရရဲ့ တီးလုံးအတိုင်း မက လေနဲ့။ ဖြစ်နေတဲ့ ဟာအပေါ်မှာ မူတည်ပြီး အခွင့်အရေးဘယ်လိုယူရမယ်ဆိုတာ လောက်ပဲစဉ်းစားပါ။ သူတို့ရဲ့လေတွေ စကားလုံးတွေမှာ အခြေခံပြီးဘာမှ မလုပ်လေနဲ့ကိုယ့်လူ။ ရှင်းရှင်းပြောရရင် ဒီစက္ကူစုတ် အပေါ်မှာ အခြေခံထားတဲ့ ဟာက အာရုံပြောင်းအောင်လုပ်တဲ့ ပွဲကလေးပါ။ ၁ အစိုးရ ပိုင်းဆိုင်ရာ ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်မှာမဟုတ်ဖူး၊ ဒီအာဏာရှင်ပဲ ဆက်သွားမဲ့အုပ်ချုပ်ရေး ၂ ခင်ဗျားကို လူအခွင့်အရေး အပြည့်အဝပေးမှာမဟုတ်သေးဖူး ၃ ဆန့်ကျင်မှုတွေကိုဆက်ဖိနှိပ်ဦးမှာပဲ။ ကဲ ဒီစစ်စိုးရသွားနေတဲ့ လမ်းမကြီးပေါ်မှာ ခင်ဗျားဘာရနိုင်မလဲ ဘာမှမရဘူး။ ဒီဟာ စကားလုံးသာဖြစ်တယ်။ ဗမာပြည်သူတွေအတွက် ဘာမှဖြစ်လာမှာမဟုတ်ဖူး။ အဲဒီတော့ဂရုမစိုက်နဲ့ ကိုယ်လုပ်စရာရှိတာလုပ်၊ ရတဲ့အခွင့်အရေးမှာ ။


အပြည့်အစုံသို့...

အာအက်ဖ်အေ တနင်္ဂနွေ စကားဝိုင်း

မိတ်ဆွေများခင်ဗျား



ဒီကနေ့ (ဇန်န၀ါရီလ ၁၁ ရက်) အာအက်ဖ်အေ တနင်္ဂနွေ စကားဝိုင်းကို နားထောင်ကြည့်ပါ။



ဆရာကြီးတွေဖြစ်တဲ့ ဦးစိန်မြင့်၊ ဦးစိန်ဋ္ဌေးနဲ့ စီးပွားရေးပညာရှင်ဆိုသူ ဦးဇော်ဦးကို မြန်မာပြည်က အဂတိလိုက်စားမှု အခြေအနေနဲ့ပတ်သက်ပြီး အာအက်ဖ်အေက မေးမြန်းဆွေးနွေးစေပါတယ်။



တိုင်းပြည်နဲ့ ပြည်သူလူထုကြီး အကျိုးအတွက် ကိုယ်တိုင်က ဘယ်ဘ၀မျိုး ရောက်နေပါစေ စေတနာထက်သန်တဲ့ ပညာရှင်နဲ့ ကိုယ်ကျိုးကြည့် ပညာရှင် ဆိုတဲ့ နှစ်မျိုးနှစ်စားများလားဆိုပြီး တွေးလိုက်မိပါရဲ့။



အတိအကျဆိုရရင် စိတ်ဓာတ်အားဖြင့် ရိုးသားမူမှန်ပြီး မှန်ကန်စွာ ဝေဖန်ထောက်ပြရဲသူ၊ တတိုင်းပြည်လုံး အတန်းအစား အလွှာ လူမျိုးမရွေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံ ရည်ရွယ်ချက်နဲ့ တိုင်းထွာတွက်ချက်ပြီး လိုအပ်ပါက အုပ်ချုပ်သူ လူတန်းစားကိုပါ ဝေဖန်ထောက်ပြရဲသူ ပညာရှင်နဲ့၊ အုပ်ချုပ်သူ လူတန်းစားကို ဝေဖန်ထောက်ပြဖို့အရေး ဆွံ့အတုံ့ဆိုင်းသူ ပညာရှင်အဖြစ် ခွဲခြားမြင်မိလိုက်တာပါ။



အုပ်ချုပ်သူအာဏာရှင်တွေကို ဝေဖန်ထောက်ပြဖို့အရေး တုံ့ဆိုင်းသူ ပညာရှင်တွေအနေနဲ့ တကိုယ်တော် ကိုယ်ကျိုးစီးပွားတွက်တိန်းနဲ့မို့ မပြောရဲလေသလားလို့ ထင်မြင်စရာ ထပ်ဖြစ်လာပြန်တယ်။



ဘယ်ကာလမှာဖြစ်ဖြစ် အဖြစ်မှန်ကို ရဲတင်းစွာ ဖြေဆိုဝေဖန်နိုင်စွမ်းရှိသူ ပညာရှင်တွေဟာ သူ တတ်ကျွမ်းတဲ့ သက်ဆိုင်ရာပညာနဲ့ ပတ်သက်ဆက်စပ်တဲ့ ကိစ္စရပ်ဖြစ်ရင် နိုင်ငံတော်အုပ်ချုပ်သူတွေဘက်က အပြစ်အနာအဆာ ရှိရင်လည်းပဲ မထောက်မညှာစတမ်း ဝေဖန်သင့်တယ်လို့ ခံယူချင်ပါတယ်။ နိုင်ငံတော်အုပ်ချုပ်သူလို့ ဆိုထားတာကြောင့် နိုင်ငံသားဆိုတဲ့ အခြေခံအရာက မလွဲမသွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။ (တခုတော့ ရှိတာပေါ့လေ။ တိုင်းသူပြည်သား လူအများက လေးစားအားထားရတဲ့ ပညာရှင်မျိုး ဖြစ်စေချင်လို့ပါ။ ပညာရှင်ဆိုတာ သက်ဆိုင်ရာ ပညာတွေကို အပတ်တကုတ် ကြိုးစားအားထုတ်ပြီး အပင်ပန်းခံလုပ်ဆောင်ခဲ့သမျှ အပင်ပန်းခံရကျိုး၊ သမိုင်းကောင်းဖို့အရေး ဖြစ်စေချင်လို့ ပြောတာလည်း ပါပါတယ်။ ဒါပေမဲ့ သောက်အလကား ပညာရှင်၊ လူယုတ်မာ ပညာရှင်၊ တကိုယ်ကောင်းသမား ပညာရှင်တွေလည်း ရှိတတ်တာကို သဘာဝအားဖြင့် သိပါတယ်လေ။)



စိတ်ဓာတ်အားဖြင့် ဒီလောက် မတတ်နိုင်ရင်တောင် အအုပ်ချုပ်ခံ လူများစုကြီးက အုပ်ချုပ်သူ လူနည်းစုကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆဲဆိုနေတဲ့ အခုလို အခြေအနေမျိုးမှာ အုပ်ချုပ်သူ လူနည်းစုဘက် လိုက်ကာပေးတာမျိုး၊ "မကြာခင် ဖြစ်လာမှာပါ' ဆိုပြီး အကြားအမြင်ရ၊ ဆဋ္ဌမအာရုံရသူလို တောင်စဉ်ရေမရ မပြောသင့်ပါ။ အထူးသဖြင့် လူအများ ကြားသိနိုင်တဲ့ မီဒီယာ၊ ရေဒီယိုမျိုးကနေ တိုင်းပြည်ကို မပြောသင့်ပါ။ (အခုအရေးမှာဆိုပါက အာအက်ဖ်အိုကို အပြစ်ပြောစရာမရှိပါ။ သူက ပညာရှင်ကို စိတ်ဓာတ်ရေးရာ၊ သတ္တိရေးရာ၊ အမှန်တရားကို မြတ်နိုးကိုးကွယ်သူ စတဲ့ ပညာရှင်အမျိုးအစားတွေကို ပါဝင်ပါရှိအောင် သမာမျှတစွာ မေးမြန်းထားပါတယ်။ နို့မဟုတ်ပါက အန္တရာယ်ရှိပါတယ်။ ဒီကနေ့ခေတ် မြန်မာပြည် ပြင်ပက ရေဒီယိုတွေနဲ့ အင်တာနက် မီဒီယာသမားတွေ မညံ့ပါ။ အင်မတန်မှကြီးကို အရေးပါပါတယ်။)



ဒီလောက်တောင် စုတ်ပြတ်သတ်ပြီး ကုန်းကောက်စရာ မရှိလောက်အောင် ငတ်ပြတ်ပြီး အသေဆိုးနဲ့ သေနေရတဲ့ လူထုကို ငဲ့ညှာပြီး အပြစ်ရှိသူ ဘယ်လိုလူတန်းစားကိုမဆို ပညာရှင်တွေက ပြောဆိုဝေဖန်သင့်ပါတယ်။ ပြည်တွင်းမှာက သေကွင်းသေကွက်မို့ ပြည်တွင်းက ပညာရှင်တွေကို အပြစ်မတင်လိုပါ။ ပြည်ပကနေဖြင့် ဒီလိုမှမဟုတ်ဘဲ ပညာရှင်ဆိုသူတွေက ပြည်သူလူထုကို မစားရ ၀ခမန်း မျှော်လင့်ချက်တွေ မပေးသင့်ပါ။ ပညာသားပါပါနဲ့ ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ် မပြောသင့်ပါ။ အတိအကျ ညွှန်းဆိုပြောကြားသင့်ပါတယ်။



တခုသိသင့်တာက ပြည်သူတွေဟာ ကိုယ်လောက် (ပညာရှင်လောက်) စီးပွားရေးပညာကို နားလည်ချင်မှ နားလည်ပါ့မယ်။ ဒါပေမဲ့ မတရားတဲ့ စီးပွားရေး ဂုတ်သွေးစုပ်မှုတွေ၊ လူထု သေချင်သေပါလေ့စေ ငါတို့ အုပ်ချုပ်သူတွေ ကောင်းစားနေရင် ပြီးရောဆိုတဲ့ အတန်းအစားတွေအကြောင်း၊ ဒီကနေ့ အလုပ် မလုပ်နိုင်ရင် မနက်ဖြန် ငတ်ရဖို့သာ ပြင်ထားပေတော့ဆိုတဲ့ လက်တွေ့ဘ၀မျိုးကို ခါးသီးတဲ့ သင်ခန်းစာမျိုးကို နှစ်ပေါင်း ဆယ်စုနှစ်များစွာ နောကျေနေတယ်ဆိုတာ သိသင့်ပါတယ်။ သတိချပ်သင့်ပါတယ်။ ဆင်ခြင်သင့်ပါတယ်။ ပညာရှင်များခင်ဗျ။ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ရိုကျိုးစွာ တောင်းပန်လျှောက်ထားလိုပါတယ်ခင်ဗျ။



အုပ်ချုပ်သူတွေကို အကြောင်းအမျိုးမျိုးကြောင့် ဖားချင်ကပ်ချင်တဲ့ အပြောမျိုး၊ 'အုပ်ချုပ်သူများခင်ဗျား - ကျနော်မျိုး လေးစားစွာ စောင့်ကြည့်အားပေးနေပါတယ်' ဆိုတဲ့ အပြောမျိုး၊ ဒီစစ်အုပ်စုခေါင်းဆောင်တွေက ဟန်ပြလောက် ပြောပြောနေတာကို နှစ်ပေါင်း ရာစုနှစ်ထက်ဝက်လောက် ရှိခဲ့တာကို မသိဟန်ပြုပြီး 'ဆက်သွားပါ၊ လုပ်သွားပါ၊ ကောင်းသွားမှာပါ။ ကျနော်မျိုး မောင်ပညာရှင် လာကူပါ့မယ်'' ဆိုတဲ့ အပြောမျိုးနဲ့ ပြည်သူလူထုကို အလုံးကြီးတွေနဲ့ မျှော်လင့်ချက်ပေးတာ၊ေ၀၀ါးထွေပြားအောင် လုပ်တာ၊ ''လက်တွေ့အားဖြင့် လာပါလိမ့်မယ် တဖြေးဖြေးချင်းပေါ့'' ဆိုတဲ့ တွေးလုံးတွေနဲ့ လုံးပါးပါးနေရတဲ့ လူထုရဲ့ ဆင်းရဲချို့တဲ့လွန်းတဲ့ ဘ၀လေးတွေကို လက်ငင်း မကုစားနိုင်ဘဲ မပြောပါနဲ့ မဟာ ပညာရှင်ခင်ဗျား။



တကယ်သာ လွတ်လပ်ပွင့်လင်းပြီး လူထုအခြေခံနဲ့ စခန်းသွားတဲ့ တိုင်းပြည်သာ ဖြစ်ပါပလေ့စေ၊ ကိုယ့်နိုင်ငံက မာနကြီး တခွဲသားနဲ့မို့ နိုင်ငံတကာကို သူတောင်းစားလို လက်ဖြန့်မတောင်းချင်နေပါ၊ တကယ့်ကို စာနာထောက်ထား ကူညီနိုင်တဲ့၊ ကူညီချင်တဲ့ နိုင်ငံတွေ ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ သောက်စစ်အစိုးရနဲ့တော့ မဖြစ်ရေးချမဖြစ်၊ အလုပ်မဖြစ်ပါလို့ ဆိုပါရစေ။



လူကြီးတွေဖြစ်တဲ့ သက်ကြီးရွယ်အို ဆရာကြီး ဦးစိန်မြင့်နဲ့ ဦးစိန်ဋ္ဌေးကို ကန်တော့လိုက်ပါတယ်။ ၀မ်းနည်းကြေကွဲစွာ ယုံကြည်အားထိုး ယုံကြည်ပါတယ်။



ဦးဇော်ဦးကတော့ ဘယ်အရွယ်ရှိလဲ မသိပါ။ သူက မကြာသေးခင်ကပဲ မန္တလေးကို နှစ်ခေါက်လောက် ပြန်ပြီးသူလို့ ပြည်ပရောက် တက်ကြွလှုပ်ရှားသူ နိုင်ငံရေးမိတ်ဆွေတွေ၊ တော်လှန်ရေးမိတ်ဆွေတွေက ပြောနေပါတယ်။ ကျနော် တပ်အပ်တော့ မသိပါ။ ပြန်ခဲ့ရင်လည်း ဘာကြောင့်ပြန်တာလဲ အတိအကျ မပြောနိုင်ပါ။



သူလည်းလေ အိမ်ကို လွမ်းလို့ပဲလေလား၊ စီးပွားရေးအရ ဖောင်ဒေးရှင်း ချချင်လို့လား၊ တိုင်းပြည်ကို ကယ်တင်ဖို့လားလည်း မသိပါ။ သွားပါစေပေါ့လေ။ အဖမ်းအချုပ် မခံရပါစေနဲ့၊ တကယ်ပဲ သူ တွေးထင်သလို ဖြစ်လာပါစေလို့သာ ဆုတောင်းပါ့မယ်။



ဘာပဲဖြစ်ဖြစ် ပြောချင်တာက ပညာရှင်တွေအနေနဲ့ လူထုဘက်ကနေ ရပ်တည်ပြောဆိုနိုင်စွမ်း ရာထောင်သောင်းချီ သတ္တိတွေ ပွားများလာနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ အာဏာရှင် သောက်စစ်ခေါင်းဆောင်ဆိုသူတွေထက် နည်းပရိယာယ်ဆိုတဲ့ အရာမှာ ပိုမိုကြွယ်ဝပါစေလို့ ခေါင်းလေးလေးနဲ့ ဆုတောင်းရမလိုလို ဖြစ်ပါတယ်။



တရားဟောဆရာတွေ၊ ဗုဒ္စဘာသာရေး ခေါင်းဆောင် သံဃာတော်တွေကို သေချင်းဆိုးနဲ့သေအောင် လုပ်ခဲ့တဲ့ သောက်အာဏာရှင် စစ်အစိုးရမျိုးကို စိတ်ရင်းစိတ်ဓာတ် မှန်ကန်စွာနဲ့ ဆေးကုသပြီး သူတော်ကောင်းဖြစ်အောင် လုပ်နေတဲ့ မဟာ စီးပွားရေးပညာရှင်၊ နိုင်ငံရေးပညာရှင်၊ လေ့လာအကဲခတ်သူ ပညာရှင် စိတ်ဓာတ်မျိုး အမှန်တကယ်ရှိရင်တော့ဖြင့် လူ့ဘ၀ကို ဖြတ်သန်းသွားလာရတာ အနည်းငယ် အသေဖြောင့်နိုင်ကြောင်း တင်ပြလိုပါတယ်ခင်ဗျား။



တိုးလေး

နယူးဒေလီ







အပြည့်အစုံသို့...

NCUB နိုင်ငံရေး

NCUB နိုင်ငံရေး

Credential Challenge (CC) လုပ်ရပ်

ဦးမောင်မောင်ဟာ NCUB ခေါင်းဆောင်များကို အပိုင်ကိုင်ထားပြီးဖြစ်လို့ (CC) လုပ်ငန်းအပေါ် သေချာတွက်ထားပြီးပုံရတယ်။ ဒါပေမဲ့ (CC) လုပ်ငန်းအပေါ် တွက်ထားချက်ဟာ ရတနာဂက်စ် ပိုက်လိုင်းလို မဟုတ်တော့ဘူး၊ တက်တက်စင်လွဲသွားတာဖြစ်တယ်။

ပထမဦးစွာ ဦးမောင်မောင်က NCGUB ဝန်ကြီးချုပ်ဦးစိန်ဝင်းနဲ့ လူချင်းတွေ့ပြီး CC ကိစ္စ ရှေ့ဆောင် လုပ်နိုင် မလုပ်နိုင် ညှိနှိုင်းခဲ့ရာ ဦးစိန်ဝင်းက CC လုပ်ငန်းဟာ အကျိုးထက်ထိခိုက်မှုဆုံးရှုံးမှုပိုမယ်၊ ဒါကြောင့် NCGUB အနေနဲ့ ရှေ့ဆောင်မလုပ်နိုင်ကြောင်း၊ ဒါပေမဲ့ ဘယ်အဖွဲ့ပဲလုပ်လုပ် ကန့်ကွက်စရာမရှိဘူး ပြန်ပြောတယ်လို့ ကြားသိရတယ်။ ဦးမောင်မောင်အနေဖြင့် အဲ့ဒီလောက်နဲ့ အားမရသေးဘဲ ဦးစိန်ဝင်းက CC လုပ်ငန်းကိစ္စ လုပ်နိုင် မလုပ်နိုင် NCUB ဥက္ကဌကို လက်မှတ် ရေးထိုးစေပြီး တရားဝင်စာထပ်ပေးပြီး မေးသေးတယ်လို့ ကြားရတယ်။ ဦးစိန်ဝင်းကလည်း CC လုပ်ငန်းဟာ အကျိုးမရှိတဲ့အပြင် ထိခိုက်ဆုံးရှုံးမှုများမယ်၊ မလုပ်နိုင်ကြောင်း၊ သို့သော် မည်သည့်အဖွဲ့အစည်းလုပ်လုပ် မိမိတို့အနေဖြင့် ကန့်ကွက်ရန်မရှိကြောင်း တရားဝင် စာပြန် လိုက်တယ်လို့ ကြားသိရတယ်။

ဦးမောင်မောင်က CC လုပ်ငန်းကိစ္စကို ကမ္ဘာ့ဥပဒေပညာရှင် တဒါဇင်နီးပါးနဲ့ ညှိထားပြီး သေချာပေါက် အောင်မြင်မယ်လို့ ကြိမ်းဝါးထားတယ်၊ NCUB ခေါင်းဆောင်များလည်း ငါတို့ အထွေထွေ အတွင်းရေးမှူးဟာ ဘယ်သူမှ ထည့်မစဉ်းစားမိတဲ့ မဟာလုပ်ငန်းကြီး လုပ်လိုက်တာ၊ အထူးဂုဏ်ယူစွာဖြင့် NCUB တပ်ပေါင်းစုကြီးကနေပြီး နအဖစစ်အစိုးရကို ကုလသမဂ္ဂ ကုလားထိုင်ပေါ်က CC လုပ်ငန်းနဲ့ကန်ချတော့မယ်၊ ထောက်ခံကြ ဟူ၍ထုတ်ပြန်လိုက်တယ်။

ဒါပေမဲ့ NCUB ရဲ့လျှောက်လွှာဟာ ကုလသမဂ္ဂရုံးတံခါးတောင်မှ မဖွင့်နိုင်ပါဘူး။

ကမ္ဘာ့ရှေ့နေများမှာလည်း ရှေ့နေပီပီ အရှုံးမရှိ အစားပဲရှိတယ်ဆိုတာကို တွေ့ရတော့တယ်။ NCUB ကိုယ်တိုင် CC လုပ်ငန်း ရှေ့ဆောင်လုပ်ပေမဲ့ CC လုပ်ငန်းအတွက်ဘဏ္ဍာငွေ ဘယ်လောက်ရတယ် သိကြမှာမဟုတ်ဘူး။ ကမ္ဘာ့ရှေ့နေ ဒါဇင်နီးပါးဌါးခ၊ ထိုင်းမှ USA ခရီးသွားပြန်စရိတ်များ၊ နိုင်ငံ တကာသို့ခရီးစဉ်များ၊ USA အတွင်း ခေါက်တုံ့ခေါက်ပြန်ခရီးသွားလာစရိတ်များ၊ အုပ်စုလိုက် နယူးယောက်မှာ နေထိုင်စရိတ်များ၊ ဒါလောက်ပဲ ခန့်မှန်းတွက်ကြည့်ဦး။ ဒေါ်လာသိန်းနဲ့ချီ ကုန်ပြီ။ ဘဏ္ဍာငွေပေးသူမရှိရင် ဘာနဲ့ သုံးစွဲသလဲ။ ဘယ်သူမှဖြေနိုင်မှာမဟုတ်ဘူး။ ဘယ်လောက်ရသလဲ၊ ဘယ်လောက်သုံးပြီလဲ၊ ဘယ်လောက်ကျန်သေးသလဲ၊ အဖွဲ့အစည်းများနဲ့ ပြည်သူများကို ပွင့်လင်းစွာ အမှန်အတိုင်း အသိပေးချပြဖို့ လိုအပ်နေပါပြီလို့ပဲ တောင်းဆိုချင်တယ်။

အဲ့ဒီလို NCUB က CC လုပ်ငန်း တင်လို့မရတာကို ၊ NCUB တင်လို့မရဘူး ဒါပေမဲ့ ခင်ဗျားတို့ MPU ဆိုတာ ပြည်သူ့လွှတ်တော်အဖွဲ့ပဲ၊ ခင်ဗျားတို့တင်လိုက်ရင် အောင်မြင်မှာ သေချာတယ်၊ ဒါဆိုရင် NCGUB ဦးစိန်ဝင်းတို့ မြောင်းပုပ်ထဲမှာကျသွားပြီ၊ MPU မှာကျော်ကြားလာမယ့်အပြင် ခင်ဗျားတို့ MPU အဖွဲ့ကပဲ အစိုးရဖြစ်သင့်ကြောင်း တခဲနက်ထောက်ခံသွားမယ်လို့ မက်လုံးကောင်းကောင်း ပေးလိုက်တော့ MPU ဒုဥက္ကဌ ဒေါ်စန်းစန်းဟာ အောင်မြင်မှုလမ်း ဒီထက်ကောင်းတာ မရှိဘူးဆိုပြီး CC လုပ်ငန်းကိစ္စ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်တယ်။ ဝန်ကြီးချုပ်ဖြစ်လာမယ့် ဦးသိန်းဦး ကိုလည်း သံအမတ်အဖြစ် ခန့်လိုက်တယ်။ ဒါပေမဲ့ ဒီလျှောက်လွှာလည်း CC ကော်မတီထံ မရောက်ပြန်လေတော့ ဦးသိန်းဦးမှာလည်း တမိနစ်တောင်မှ သံအမတ်ရာထူး မခံစားလိုက်ရပါဘူး။

ဒါပြင် MPU ညီလာခံကို USA မှာလုပ်ပါ၊ ကုန်ကျစရိတ် အားလုံး ဦးမောင်မောင် တာဝန်ယူမယ်ပြောလိုက်တော့ ဦးသိန်းဦး၊ ဒေါ်စန်းစန်းတို့က MPU ညီလာခံကို USA မှာလုပ်ဖို့ နိုင်ငံတကာသို့ ရောက်ရှိနေတဲ့ MP များကို ကသောမျောပါးဆော်သြလိုက်ပြန်တယ်။ နောက်ပြီး ဦးမောင်မောင်၊ ဦးသိန်းဦး၊ ဒေါ်စန်းစန်းတို့အပြင် ခေါင်းဆောင်အချို့သည်ပင်လျှင် CC လုပ်ငန်းဟာ ၂ဝ၁ဝ ခု တိုက်ပွဲဝင်အစိုးရလုပ်ငန်း ဖြစ်တယ်၊ CC လုပ်ငန်းဟာ အမျိုးသားရေး တာဝန် တရပ်ဖြစ်တယ်၊ ဒါကြောင့် CC လုပ်ငန်းနဲ့တိုက်ရမယ်၊ တိုက်ပွဲ ဆိုတာ အနိုင်အရှုံးရှိမှာပဲ၊ နိုင်နိုင်ရှုံးရှုံး တိုက်ရဲရမယ်၊ CC လုပ်ငန်းမတိုက်တဲ့အစိုးရအဖွဲ့ကို ဖြုတ်ချပြီး CC လုပ်ငန်း တိုက်တဲ့ အစိုးရအဖွဲ့ကို တင်ရမယ်ဆိုပြီး နေရာတကာမှာလိုက်ဟောပြောတယ် ဆိုတာလည်း အားလုံးသိ ကြပြီးသားပါ။ ဒီလုပ်ရပ်ဟာ MPU, NCGUB, MP များကို သပ်လျှိုဖြိုခွဲသလိုဖြစ်စေတယ်။ တကယ်ပဲ CC လုပ်ငန်းဟာ နအဖကိုဖြုတ်ချနိုင်ရင် ဦးစိန်ဝင်းမှအစ MP များအားလုံး နအဖပြုတ်ကျမှာကို စိုးရိမ်တဲ့သူ တဦးမှ မရှိဘူးဆိုတာကို လူတိုင်းယုံကြည်ပြီးသားပါ။

ဒါပေမဲ့ CC လုပ်ငန်းရဲ့ နောက်ကွယ်မှာ အကြောင်းနှစ်ချက်ရှိတယ်။ ပထမအချက်က CC လုပ်ငန်း နိုင်နိုင်ရှုံးရှုံးတိုက်ရဲရမယ်၊ တိုက်ပွဲဆိုတာအနိုင်အရှုံးရှိရမှာပဲလို့ ထုတ်ဖေါ်လိုက်တဲ့ အချက်ဟာ CC လုပ်ငန်းမတင်ဖြစ်ရင် ငွေစာရင်းကို ဘယ်လိုမှ စာရင်းချုပ်လို့မရနိုင်ဘူး။ နောက်တချက်က ဦးစိန်ဝင်းက CC လုပ်ငန်းဟာ အကျိုးထက် ထိခိုက် နစ်နာမှုများမယ်၊ ရှေ့ဆောင်ပြီး လက်မှတ် မထိုးနိုင်ဘူးလို့ ထုတ်ဖော်ထားပြီးဖြစ်တော၊့ ဦးစိန်ဝင်းဆီက ဝန်ကြီးချုပ်ရာထူး လုယူမယ့်သူက CC လုပ်ငန်းနေရာ လက်မလွှတ်ချင်ဘူးဆိုတဲ့ အချက်ပဲဖြစ်တယ်။ MPU အကွဲအပြဲ၊ NCGUB အကွဲအပြဲ၊ MP များ အကွဲအပြဲမှ တော်လှန်ရေးတခုလုံးပါ ရိုက်ခတ်လာပြီး နအဖ စိတ်ကြိုက်ဖြစ်သွားမှာ မလွဲပါ။ ...





အပြည့်အစုံသို့...

R2P, Credential Challenge, NUG နှင့် သမိုင်းတရားခံ

၁၉၉ဝ ခု ပါတီစုံရွေးကောက်ပွဲ မဲဆန္ဒရှင်တစု



လုပ်ဖေါ်ကိုင်ဖက်များ၊ ခေါင်းဆောင်များ၊ အမတ်မင်းများခင်ဗျား

နိုင်ငံရေးကိစ္စတွေကို စဉ်းစားတဲ့အခါဖြစ်ဖြစ် အလုပ်စီမံချက်တွေကို ရေးဆွဲချမှတ်တဲ့အခါဖြစ်ဖြစ် အကောင်အထည်ဖေါ်တဲ့အခါဖြစ်ဖြစ် မှန်ကန်သောအချက်အလက်(Facts)တွေကို တွက်ဆ၊ ချမှတ်၊ လုပ်ဆောင်ကြဖို့က အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ဒါတောင်မှ သတ်မှတ်တဲ့ကာလအတွင်းမှာ မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်မယ်လို့ အာမမခံနိုင်ပါဘူး။

အမှန်တကယ်မဖြစ်နိုင်သောဖြစ်ရပ်များ(Fictions)ကို အခြေခံမယ်။ သို့မဟုတ် မှန်ကန်သောအချက်အလက်များ(Facts)ကို အမှန်တကယ်မဖြစ်ခဲ့သောဖြစ်ရပ်များ(Fictions)နှင့် ရောထွေးစဉ်းစားပြီး တွက်ချက်မယ်၊ အကောင်အထည်ဖေါ်မယ်ဆိုရင် အနာတလွဲ ဆေးတစ်လွဲဖြစ်ပြီး နာတာရှည်တတ်ပါတယ်။ အခန့်မသင့်လျင် ပိုဆိုးသွားတတ်ပါသေးတယ်။
အချက်အလက်တွေအကြောင်းဆွေးနွေးကြည့်ချင်ပါတယ်။
၁။ R2Pကို အရင်ပြောပါရစေ။ နာဂစ်ဖြစ်တော့ လူတွေ သိန်းနဲ့ချီသေပြီး သန်းနဲ့ချီ ဘ၀ပျက်ကြပေမဲ့ ဘ၀ရှင်မင်းများ တယောထိုးမပျက်ကြပါဘူး။ သူတို့လည်း ထိရောက်အောင်မကူဘူး။ ပြည်တွင်းက ထိရောက်အောင် ကူမဲ့သူတွေကို ဒုက္ခပေးတယ်။ ပြည်ပကအလုံးအခဲနဲ့ကူမဲ့ UNအပါအ၀င်လူမှုရေးအဖွဲ့တွေကို ဟန့်တားနှောင့်နှေးစေပြီး နိုင်ငံခြားအစိုးရတွေကို ပိတ်ဆို့ခဲ့တယ်။
လူတွေ သန်းနဲ့ချီ ဒုက္ခပင်လယ်ဝေပြီး ကယ်ရာမဲ့ဖြစ်နေတာမို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Bernard Kouchnerက R2Pကို ကိုင်စွဲပြီး မြန်မာပြည်ထဲ အတင်းဝင်ကူဖို့ စအဆိုပြုပါတယ်။ အမေရိကန်သမတ George W. Bushက လူသိရှင်ကြားထောက်ခံပြီး လေယာဉ်တင်စစ်သင်္ဘောတွေကို လိုအပ်ရင် အတင်းဝင်နိုင်ရန် အဆင်သင့်ရှိဖို့ အမိန့်ပေးလိုက်ပါတယ်။ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို ကယ်ချင်တဲ့ဆန္ဒနဲ့ လုပ်ကြတာမို့ ကျေးဇူးတင်ရပါတယ်။ အားရစရာပါ။ ဒါပေမဲ့ စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေနဲ့ ၀င်မကယ်ဖြစ်ခဲ့ပါဘူး။ ဘာကြောင့် မ၀င်နိုင်ခဲ့ရတာလဲ။ ဘယ်သူ့ကြောင့်လဲ။
နိုင်ငံတကာက R2Pသုံးပြီး အတင်းမ၀င်နိုင်ခဲ့ခြင်းသည် NCGUBက ပြတ်ပြတ်သားသား လျင်လျင်မြန်မြန် မတုန့်ပြန်နိုင်ခဲ့လို့၊ ညံ့လို့ဆိုပြီး ဘ၀တူအတိုက်အခံအဖွဲ့အစည်းအချို့ကတောင် NCGUBကို အပစ်တင်ခဲ့တယ်လို့ ကြားသိရပါတယ်။ တစ်ခါ အမေရိကန်က ၀င်ဖို့အဆင်သင့်ဖြစ်နေတာတောင် မ၀င်ဖြစ်ခြင်းသည် အတိုက်အခံအဖွဲ့အစည်းတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ဟန်ချက်ညီညီ မလုပ်ဆောင်နိုင်တာကြောင့်ဆိုပြီး အတိုက်အခံအဖွဲ့အစည်းအားလုံးကို သိမ်းကြုံးဝေဖန်သံတွေလဲ ကြားခဲ့ရပါတယ်။ နယ်စပ်မှာ စာရေးတဲ့ ဆရာဝန်တစ်ဦးကဆိုရင် အခုလိုပြည်ပက အတင်းဝင်ဖို့အဆင်သင့်ဖြစ်ပြီးမှ မ၀င်နိုင်ခြင်းသည် ပြည်တွင်းက NLDက သွက်သွက်လက်လက် ကြေညာချက်ထုတ်ပြီး မကြိုဆိုနိုင်ခဲ့လို့၊ NLDကသတ္တိရှိရှိ ဦးဆောင်မှုမပေးနိုင်လို့ဆိုပြီး ပြည်တွင်းNLDခေါင်းဆောင်တစ်ဦးနဲ့ ရေဒီယိုအင်တာဗျူးမှာ စကားစစ်ထိုးပြီး ပယ်ပယ်နယ်နယ် အပစ်တင်ခဲ့ပါတယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် R2Pသုံးပြီး မ၀င်ဖြစ်ရခြင်းဖြစ်သည်ဟုပြောဆိုခြင်းသည် Fictions ဖြစ်ပါတယ်။ ဘယ်လိုမှ အတင်းဝင်လို့မရနိုင်တဲ့ အချက်အလက်မှန်တွေ (Facts)က အထင်ကရရှိနေပါတယ်။
ရှင်းပါမယ်။ တစ်ကယ်တော့ R2Pသည် စစ်ဘေး၊ စစ်ဒါဏ်ကာလမှာ သက်ဆိုင်ရာအစိုးရတွေက ကိုယ့်ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်ပျက်ကွက်ခဲ့လျင် ပြည်တွင်းရေးကိစ္စပင်ဖြစ်စေကာမူ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတင်းဝင်ရောက်စွက်ဖက်နိုင်ဖို့ အခွငု့်အာဏာပေးထားတာဖြစ်သော်လည်း နအဖရဲ့တာဝန်မဲ့လုပ်ရပ်ကြောင့် နာဂစ်လို သဘာဝပတ်ဝန်းကျင်ဘေးဒုက္ခတွေကိစ္စမှာ R2Pကို အကြုံးဝင်အောင် ဆွဲဆန့်သုံးလို့ ရနိုင်တယ်လို့ ဥပဒေပညာရှင်များကဆိုခဲ့ကြပါတယ်။
သို့သော် အမေရိကန်သမတ Bushက စစ်သင်္ဘောတွေကို လိုအပ်လျင်ချက်ချင်း မြန်မာပြည်ထဲသို့ အတင်းဝင်ရောက်ကူညီနိုင်ရန် အဆင်သင့်ဖြစ်စေဖို့ အမိန့်ပေးတာကို ကြားသိရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Robert Gatesက အင်မတန်စိတ်ပျက်(Disappointed)ခဲ့တယ်ဆိုရင် အံ့သြသွားကြမလား။ ဒါတင်မက ရှေ့တန်းမှာ တာဝန်ယူနေကြတဲ့ အမေရိကန်စစ်ဗိုလ်ချုပ်အချို့တွေကဆိုရင် သမတBushကို ဘာမှနားမလည်ဘဲနဲ့ အခုလိုသောက်ရမ်းအမိန့်ထုတ်ရမလားဆိုပြီး ကြိတ်တောင်ဆဲ(Shit)ကြတယ်လို့ CNNက အတိအလင်း သတင်းကြေညာသွားပါတယ်ဆိုရင်ကော။ ကာကွယ်ရေးဝန်ကြီး စိတ်ပျက်တာ၊ ဗိုလ်ချုပ်တွေ ဆဲတာက မြန်မာပြည်သူတွေကို မကယ်ချင်လို့ မဟုတ်ပါဘူး။ လုပ်ဆောင်လို့မဖြစ်နိုင်တဲ့ မြေပြင်ပေါ်က အချက်အလက်တွေ(Facts on the ground)ကြောင့်ပါ။
နာဂစ်သည် နအဖရဲ့ မိမိရဲ့ပြည်သူတွေအပေါ် တစ်ကမ္ဘာလုံးက ထိတ်လန့်တကြားဖြစ်လောက်အောင် လူသားမဆန်တဲ့ လျစ်လျူရှုမှု၊ ရက်စက်ကြမ်းကြုတ်မှုကို တစ်ကမ္ဘာလုံးကို နေ့စဉ်ရက်ဆက် ရင်သတ်ရှုမောဖြစ်နေရတာကြောင့် ကမ္ဘာ့ထိပ်တန်းသတင်းတစ်ခုဖြစ်ခဲု့ပြီး စစ်ဘက်၊ နယ်ဘက်က ပညာရှင်ပေါင်းစုံ ထောင့်ပေါင်းစုံက မီဒီယာမှာ ဆက်တိုက်ဆွေးနွေးကြခဲ့ပါတယ်။ UNအပါအ၀င် နိုင်ငံတကာကယ်ဆယ်ရေးတွေမှာ လက်တွေ့အတွေ့အကြုံတွေ အများအပြားရှိသူတွေက မြင့်မားသော ကောင်းကင်ပေါ်က ချပေးတဲ့ကယ်ဆယ်ရေး ပစ္စည်းတွေဟာ ၁၀ရာခိုင်နှုံးသာ လိုရာကိုရောက်နိုင်တာမို့ လုံးဝမဖြစ်နိုင်ဘူးလို့ တညီတညွတ်တည်းဆိုကြပါတယ်။ ရဟတ်ယာဉ်များ(Choppers)နဲ့ အနီးကပ်ချပေးမှသာ ဒုက္ခရောက်နေသူတွေဆီ တစ်ကယ်ရောက်မယ်ဆိုပါတယ်။ အားလုံးသိတဲ့အတိုင်း နအဖက ခွင့်မပြုလေတော့ ရဟတ်ယာဉ်နဲ့ အတင်းဝင်ပြီး အနီးကပ်ချပေးတဲ့အခါ နအဖစစ်တပ်က လက်နက်ငယ်နဲ့ပစ်ရင်တောင် ပျက်ကျနိုင်တဲ့ အန္တရာယ်က အထင်အရှားရှိနေပါတယ်။ ဒေါ်လာသန်းရာချီတန်တဲ့ စစ်ရဟတ်ယာဉ်တွေ၊ အဲဒီရဟတ်ယာဉ်တွေထက် တန်ဖိုးပိုကြီးတဲ့ ရဟတ်ယာဉ်မှူးတွေကို ဒေါ်လာတစ်ရာ၊ နှစ်ရာတန်တဲ့ ရေသန့်ဘူး၊ မားမားခေါက်ဆွဲခြောက်တွေနဲ့ ဘယ်အရူးကမှ စွန့်ပြီး မလဲနိုင်ပါဘူး။ ဒါတင်မကပါဘူး။ အတင်းဝင်ပြီး သူပစ်ကိုယ်ပစ်ဆိုရင် မုန်တိုင်းကြောင့် မသေရုံတမယ် ယဲ့ယဲ့သာကျန်နေတဲ့ ဒုက္ခသည်တွေက ကြားညှပ်မိပြီး ကျည်ဆံကြောင့်သေနိုင်သလို၊ စစ်ပွဲကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ပြီး ရေပတ်ပတ်လည်ဝိုင်းနေတဲ့နေရာမှာ ပြေးစရာမြေမရှိနဲ့ ကမ္ဘာထပ်ပျက်သွားနိုင်ပါတယ်။
နောက်ဆုံးမတော့ ဘယ်လိုမှအတင်းဝင်လို့ မဖြစ်နိုင်မှန်းသိလာတဲ့ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်တို့အားလုံး ပါးစပ်ပိတ်၊ လက်လျော့ကာ၊ မြန်မြန်ဝင်လို့မရတဲ့နောက်၊ လုံးလုံးဝင်မရတာနဲ့စာရင် ဖြေးဖြေးနဲ့ရသလောက်ဝင်ကယ်ရတာကို အမြတ်လို့တွက်ပြီး ကုလအတွင်းရေးမှူးချုပ်ကိုလွှတ်၊ နအဖအလိုကျ ဒူးထောက်ပေးလိုက်ရတာပါဘဲ။ ဘီလူးနဲ့ လူနဲ့ သားလုသလိုပေါ့ဗျာ။ အဲဒါကို တကယ့်နိုင်ငံရေး (Real Politic)လို့ခေါ်ပါတယ်။ ဆင်ဖမ်းမဲ့၊ ကျားဖမ်းမဲ့နိုင်ငံရေး (Catch Elephant, Catch Tiger Politic) မဟုတ်ပါဘူး။ (၂၀၁၀ကာလမှာ Real Politicတွေ အများကြီးလာအုံးမှာပါ)။ ဒါ့ကြောင့် R2P အလုပ်မဖြစ်တာက ဘယ်သူညံ့လို့မှ မဟုတ်။ လုပ်မရလို့ဟုသာ မှတ်စေချင်ပါတယ်။
၂။ နောက်တစ်ချက်က Credential Challenge အကြောင်းပါ။ Credential Challengeဆိုတာ နအဖသည် မြန်မာပြည်သူကို ကိုယ်စားပြုတဲ့အစိုးရ မဟုတ်ဘူးဆိုတာကို အကြောင်းပြချက်တွေနဲ့ ကုလအထွေထွေညီလာခံသို့ တက်ရောက်ခွင့်မပြုရန် လျှောက်လွှာတင် တားဆီးပိတ်ဆို့ခြင်းဖြစ်ပါတယ်။ အထွေထွေညီလာခံသည် နိုင်ငံတကာညီလာခံဖြစ်ပြီး လုံခြုံရေးကောင်စီဝင်ဗီတိုရှင်များက ဗီတိုသုံး ကန့်ကွက်လို့မရပါဘူး။ ဒီအဆိုအောင်မြင်သွားရင် နအဖကို ကုလအတွေထွေညီလာခံမှာ တက်ရောက်ဆွေးနွေးခွင့်ကို ပိတ်ဆို့လိုက်မှာဖြစ်ပါတယ်။ အရပ်စကားနဲ့ပြောရရင် ညီလာခံက ကန်ထုတ်ခံရမှာဖြစ်ပါတယ်။ တရုပ်အားကိုးပြီး သူ့ကိုနိုင်ငံတကာက အရေးယူဖို့နေနေသာ ထိလို့တောင်မရဖူးဆိုတဲ့ အချိုးမျိုးနဲ့ မာန်တက်နေတဲ့နအဖ၊ သူတို့ဟာ နိုင်ငံတကာမှာ ၀င်ဆန့်နေတယ်၊ အသိအမှတ်ပြုခံနေရတယ်ဆိုပြီး သူများနိုင်ငံတွေက နိုင်ငံတကာကျင့်ဝတ်အရ ပို့ရိုးပို့စဉ်ပို့တဲ့ လွတ်လပ်ရေးနေ့သ၀ဏ်လွှာမျိုးတွေကို သတင်းစာတွေမှာ မရှက်မကြောက်ဖေါ်ပြ အမှတ်ယူနေတတ်တဲ့ (ကမ္ဘာပေါ်မှာ သိက္ခာရှိတဲ့ ဘယ်နိုင်ငံမှ ဒီလိုပေါကြောင်ကြောင်အလုပ်မျိုးနဲ့ ဂုဏ်မဖေါ်တတ်ပါဘူး) နအဖကို ကုလနိုင်ငံတကာညီလာခံကြီးက ဖယ်ရှားလိုက်နိုင်မည်ဆိုလျင် နအဖရဲ့ အထုအထောင်းအနှိပ်အစက်ကို နေ့တစ်ဓူဝ အလူးအလဲခံနေရတဲ့ လူထုနဲ့ လူထုခေါင်းဆောင်တွေအဖို့တော့ အင်မတန့်ကို စွမ်းပကားကြီးမားတဲ့ အားတိုးဆေးကြီးတစ်ခွက်ပေဘဲ။
သို့သော် နအဖကို ကုလအထွေထွေညီလာခံက နှင်ထုတ်နိုင်ခြင်းသည် တစ်နှစ်တစ်ခါ ကျင်းပတတ်တဲ့ နှစ်ပတ်လည်ညီလာခံတက်ခွင့်ကိုသာ ပိတ်ပင်နိုင်လိုက်ခြင်းဖြစ်ပါတယ်။ နအဖကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်က ရပ်စဲခြင်းမဟုတ်သည့်အပြင် ကုလထဲက အဖွဲ့အစည်းစည်းအသီးသီးမှာလဲ နအဖဘဲ ဆက်လက်ရှိနေအုံးမှာပါ။ နိုင်ငံတကာကလဲ ဆက်လက်အသိအမှတ်ပြုဆက်ဆံနေကြမှာဖြစ်သလို နအဖလဲ ဒါ့ကြောင့် မပြုတ်ကျသွားပါဘူး။ သို့သော် (ဒီသို့သော်က မသေးလှပါ) ကိုယ့်ပြည်သူတွေက အသိအမှတ်မပြုတဲ့အပေါ်မှာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို အင်မတန် အသားယူ ၀ါကြွားလေ့ရှိတဲ့ နအဖအတွက်တော့ ညီလာခံက အဖယ်ရှားခံရခြင်းသည် နှာနုကို ပြင်းပြင်းထန်ထန် ပစ်ထိုးခံလိုက်ရခြင်းပါဘဲ။ အနှစ်နှစ်ဆယ်လုံးလုံး ပွဲတစ်ပွဲမှ မရခဲ့တဲ့ အတိုက်အခံတွေအဖို့ ငြင်းဆန်ရင် မိုက်ရာကျမဲ့ ရတောင့်ရခဲ တိုက်ကွက်တစ်ခုပေဘဲ။ ဒီတစ်နှစ်မှာ မအောင်မြင်ရင် နောက်လာမဲ့နှစ်တွေမှာ မပျက်မကွက် ဆက်လက်ကြိုးစားသင့်တဲ့ အလုပ်ပါ။
Credential Challengeစီမံကိန်းကို တရားဝင် လက်မှတ်ရေးထိုးတင်သွင်းရမဲ့ NCGUBရဲ့ လက်မှတ်မထိုးနိုင်တဲ့ အကြောင်းပြချက်တွေကတော့ သူထုတ်ပြန်တဲ့စာတွေအရ၊ ပြောကြားချက်တွေအရကို ရှေ့နောက်မညီ၊ သဘာဝသိပ်မကျလှတာကို တွေ့ရပါတယ်။ ဆယ့်ရှစ်နှစ်လုံးလုံး မနိုင်နိုင်တဲ့အလုပ်တွေကို နိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တစ်လျောက်လုံးလုပ်ခဲ့ပြီးမှ အခုCridential Challengeကိစ္စကျမှ မအောင်မြင်နိုင်လို့ မလုပ်ဘူးဆိုလာတာကို သိပ်နားလည်လို့မရပါဘူး။ မဖြစ်နိုင်ဘူးထင်တဲ့အလုပ်တွေကို NCGUBက မလုပ်ဘူးဆိုရင် ကုလလုံခြုံရေးကောင်စီမှာ မြန်မာကိစ္စကို တရုပ် (နဲ့ ရုရှား)က ဗီတိုသုံးမယ်ဆိုတာကို သိသိကြီးနဲ့ ဘာလို့ဝင်ကြိုးစားခဲ့ပါသလဲ။ လုပ်သင့်တယ်ထင်တဲ့ အလုပ်တွေကို ဆယ့်ရှစ်နှစ်လုံးလုံးလုပ်ခဲ့ရာမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့အလုပ် ဘယ်နှစ်ခုများရှိခဲ့ပါသလဲ။ မနိုင်တဲ့အလုပ်တွေချည်းဘဲ တလျှောက်လုံး လုပ်နေခဲ့တာ မဟုတ်ဘူးလား။ ဘာအခုမှ အရိုးများတယ် ချေးခါးတယ်ဖြစ်ရပြန်တာလဲ။ မပြောမဖြစ်ဘူးထင်လို့ ပြောနေရပေမဲ့ အားတော့နာပါရဲ့။ လက်ရှိနအဖကို စင်ပြိုင်လုပ် အစိုးရဖွဲ့ဖို့ အရွေးကောက်ခံအမတ်တွေနဲ့ ပြည်တွင်းမှာလျှို့ဝှက်သန္ဓေတည်၊ လွတ်မြောက်နယ်မြေမှာ လူသိရှင်ကြားအစိုးရဖွဲ့၊ ၀န်ကြီးဌာနတွေခန့်ထား၊ စစ်တပ်တွေ၊ လွတ်မြောက်နယ်မြေတွေတည်ထောင်ဖို့ စီမံကိန်းတွေချ၊ နိုင်ငံတကာမှာလဲ Lobbyတွေလုပ်နဲ့ တစ်သက်လုံး တောက်လျှောက်လုပ်ခဲ့ပြီးကာမှ အခုတော့ NCUGBအစိုးရကိုဖွဲ့ရခြင်းသည် နအဖကို စင်ပြိုင်စိန်ခေါ်ဖို့မဟုတ်၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရေးအတွက်သာ ဖွဲ့ခဲ့ခြင်းဖြစ်တယ်လို့ဆိုပြီး ဘက်ဂီယာထိုးလာမယ်ရင် ဆယ့်ရှစ်နှစ်ကျော် ကိုယ်စီးနေခဲ့တဲ့အမြင်း အထီးမှန်း အမမှန်း မသိရာကျမနေပေဘူးလား။
နအဖသည် ကျနော်တို့နှင့် မိတ်ဖက်မဟုတ်။ အတိုက်အခံဖြစ်ပါတယ်။ အတိုက်အခံကို အတိုက်အခံဖြစ်တာမို့ အတိုက်အခံပြုရခြင်းကို ကိုယ့်အတိုက်အခံဖြစ်သူတွေက မကြိုက်သော်လည်း လေးစားအသိမှတ်ပြုရတတ်ပါတယ်။ ဥပမာအနေနှင့် နအဖ မလိုလားဆုံးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နအဖက မလေးစားဘဲ၊ အသိအမှတ်မပြုဘဲ မနေနိုင်တာတွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ဒီနေရာမှာ မျက်စေ့စုံမှိတ်ပြီး သူဖြူတိုင်း ကိုယ်မဲတဲ့အတိုက်အခံမျိုးလုပ်ဖို့ ပြောနေတာမဟုတ်ပါဘူး။ အတိုက်အခံကို မတိုက်ရဲတဲ့သူတွေကို အတိုက်အခံဖြစ်သူက ကြိုက်ပေမဲ့ မလေးစားပါဘူး။ အထင်တောင်သေးတတ်ပါတယ်။ မရဲရင် ကျွဲဗြဲမစီးသင့်ပါ။
၃။ NUG (National Unity Gouvernment) အမျိုးသားညီညွတ်ရေး အစိုးရကို ဖွဲ့စည်းသွားမယ်လို့ NCUB မဟာမိတ်တပ်ပေါင်းစုကြီးက နှစ်သစ်ကူးမှာ ထုတ်ပြန်ကြေညာသွားတာကို NCUBမဟာမိတ်တပ်ပေါင်းစုအတွင်းက အရေးပါအရာရောက်သော ပင်မဒေါက်တိုက်အဖွဲ့ဝင်များဖြစ်တဲ့ MPUရဲ့ တာဝန်ရှိပုဂ္ဂိုလ်အချို့နှင့် NCGUBတို့က တစ်ဖက်သတ်ကြေညာချက်အဖြစ် လူသိရှင်ကြား သဘောမတူကြောင်း မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ငြင်းပယ်လိုက်ကြတာကြောင့် အတိုက်အခံလောကကို အညှာကိုင်လှုပ်လိုက်သလို ပွက်လောရိုက်သွားခဲ့ပါတယ်။ ဒီလိုအရေးကြီးတဲ့ ပေါ်လစီစတိတ်မင့်တွေကို မထုတ်ပြန်ခင် အစည်းအဝေးမထိုင်နိုင်ရင်တောင် အီးမေးတွေ၊ စကိုက်တွေ၊ ဂျီတော့တွေ၊ ဆဲလ်ဖုန်းတွေကတစ်ဆင့် မဟာမိတ်အဖွဲ့ဝင်ခေါင်းဆောင်တွေအကြားမှာ နောက်ဆုံးအဆင့် အတည်ပြု ဆက်သွယ်ညှိနှိုင်းပြီးမှ ထုတ်ပြန်နိုင်ခဲ့မယ်ဆိုရင် ပြည်ပမြန်မာ့ မီဒီယာတွေ အားလုံးလောက်မှာ အခုလို ရုပ်ပျက်ဆင်းပျက်နဲ့ တောမီးလောင်နေခဲ့မှာ မဟုတ်ပါဘူး။ ဒီသတင်းကြောင့် အတိုက်အခံအင်အားစုတွေအားလုံးကို စိတ်အနှောင့်အယှက်ဖြစ်စေ၊ ဒေါသထွက်စေ၊ အားပျက်စေပါတယ်။ အားတက်စေမဲ့ သတင်းမျိုးမဟုတ်ပါဘူး။ ဒီသတင်းကို နအဖသတင်းစာတွေမှာ ထပ်ဆင့်ဖေါ်ပြတာကို မတွေ့ရသေးတာမို့ မသိတာ နအဖတစ်ဦးဘဲကျန်တော့တယ်လို့ ထင်ချင်လိုက်ပါရဲ့။
ဗီအိုအေမှာ ဦးကျော်ဇံသာက သမိုင်းတရားခံအကြောင်း ပြီးခဲ့တဲ့အပတ်က ဒေါက်တာဦးအောင်ခင်၊ ဒေါက်တာဦးအေးကျော်တို့နှင့် ဆွေးနွေးသွားခဲ့ပါတယ်။ ကျနော်တို့ ဗဟုသုတရကြပါတယ်။ ကျနော့အမြင်ကတော့ သမိုင်းတရားခံဆိုတာ သမိုင်းနဲ့ တရားခံကိုပေါင်းစပ်ထားတာပါဘဲ။ မနေ့က ဆုတော်ငွေငါးကျပ်နဲ့ ၀ါးရမ်းထုတ်ခံရတဲ့ တရားခံ သခင်အောင်ဆန်းသည် သမိုင်းမှာ တရားခံမဖြစ်ဘဲ၊ သူရဲကောင်းဖြစ်ခဲ့ပြီ။ နအဖလက်အောက်မှာ နှစ်တိုနှစ်ရှည်ထောင်ဒဏ်တွေ ကျခံရတဲ့ ယနေ့တရားခံ လူထုခေါင်းဆောင်များသည် မနက်ဖန်မှာ သမိုင်းသူရဲကောင်းတွေ ဖြစ်ရမှာကို ကျနော်တို့ သိထားပါတယ်။ ယနေ့အောင်နိုင်သူတွေလို့ သူတို့ကိုယ်သူတို့ထင်ပြီး တရားလိုလုပ်နေတဲ့ စစ်အာဏာရှင်တွေဟာ မနက်ဖန်ရဲ့ သမိုင်းတရားခံတွေပါ။ သမိုင်းတရားခံဆိုတာ သမိုင်းမှာ ဘယ်လိုမှပုန်းရှောင်မရနိုင်တဲ့ တရားခံမျိုးတွေဖြစ်ပါတယ်။
ပြည်ပအတိုက်အခံတွေထဲမှာ သမိုင်းတရားခံအဖြစ်နိုင်ဆုံးအုပ်စုတစ်စုကို ခုနေခါများ ထုတ်ပြပါဆိုရင် MPU (Members of Parliament Union-Burma) မြန်မာနိုင်ငံ လွှတ်တော်အမတ်များ သမဂ္ဂဖြစ်ပါတယ်။ ပြည်ပရောက် အတိုက်အခံတွေကြားမှာ အစိုးရနှစ်ဖွဲ့ဖြစ်ဖို့အတွက်က MPU သာမကွဲရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အင်မတန်ရှင်းပါတယ်။
ပြည်ပရောက်အတိုက်အခံတွေကြားမှာ အစိုးရအဖွဲ့ကို ဘယ်လို၊ ဘယ်ပုံဖွဲ့စည်းပါလို့ ကျနော်ဝင်မငြင်းလို။ NUGဖွဲ့ဖွဲ့၊ NCUGBဖွဲ့ဖွဲ့ အစိုးရတစ်ဖွဲ့သာ ထားရှိနေမည်ဆိုလျင် အနာထပိဏ်သော၊ မောင်ပိဏ်သော၊ ၀ိသာခါသော၊ မခါသော ကျနော်မရွေးလို။ သို့သော် ဒီနေရာမှာ အသေအချာပြောနိုင်တာ တစ်ခုက တစ်ကယ်လို့ လာမဲ့MPUညီလာခံမှာ အမတ်တွေမညီညွတ်မှုကြောင့် စင်ပြိုင်အစိုးရနှစ်ရပ်ပေါ်ထွန်းစေခဲ့မယ်ဆိုရင် ယနေ့ MPU အဖွဲ့ဝင်တွေသည် မနက်ဖန်ရဲ့ သမိုင်းတရားခံတွေ မလွဲမသွေ ဖြစ်လာပါလိမ့်မယ်။ တော်လှန်ရေးတစ်ရပ်ကို အောင်မြင်အောင် မဆင်နွှဲနိုင်လို့၊ ကြာနေလို့ဆိုပြီး သမိုင်းတရားခံမဖြစ်နိုင်ပါဘူး။ တော်လှန်ရေးတစ်ရပ်ကို လမ်းလွဲ၊ လမ်းမှားကို ပို့ဆောင်ပေးမယ့် ယနေ့လက်သည်တွေသည် မနက်ဖန်ရဲ့ သမိုင်းတရားခံတွေဖြစ်မှာ မြေကြီးလက်ခတ်မလွဲပါဘူး။ အမတ်တွေကွဲလို့ အစိုးရနှစ်ဖွဲ့ပေါ်လာရင် တိုင်းရင်းသားခေါင်းဆောင်တွေလည်းကွဲမယ်။ အခြားဒီမိုကရေစီ အတိုက်အခံအဖွဲ့အစည်းက ခေါင်းဆောင်တွေလည်းကွဲမယ်။ အရေးတော်ပုံလဲ ထိုးခွဲခံရမယ်။ အမတ်တွေ မကွဲရင် အစိုးရနှစ်ဖွဲ့လည်း မပေါ်ဘူး။ ခေါင်းဆောင်တွေလဲ မကွဲဘူး။ အရေးတော်ပုံလဲ ထိုးခွဲမခံရဘူး။ MPUအဖွဲ့ဝင် အမတ်များသည် သမိုင်းမှန်ကို ဦးဆောင်ရေးကြမလား။ သမိုင်းတရားခံဖြစ်ပြီး သမိုင်းအမှိုက်ပုံထဲရောက်သွားမလားဆိုတဲ့ မေးခွန်းကိုဖြေပြီး ကိုယ့်သမိုင်းကို ကိုယ်ရေးကြဖို့ လမ်းဆုံလမ်းခွကို ရောက်နေပါပြီ။
အမတ်မင်းများထဲမှာလည်း ငါတို့က နဂိုကွဲမို့ ကော်တဲလို့မရနိုင်ဘူးဆိုပြီး ကိုယ်ဖြစ်စေချင်တာ မဖြစ်လာဘူးဆိုရင် ခလေးဆိုးကြီးတွေလို ရရင်ရ မရရင်ချလုပ်၊ ထစ်ကနဲဆို အကွဲစကားပြော၊ စင်ပြိုင်အစိုးရ နှစ်ဖွဲ့ခွဲထောင်ချင်တဲ့ အီဖေကိုတွေလဲ ရှိကောင်းရှိနိုင်ပါတယ်။ အခုအချိန်ဟာ အမတ်မင်းများအတွက် နအဖရဲ့ဆောင်ပုဒ်တစ်ခုဖြစ်တဲ့ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်ဆိုတာလေးကို ခဏလေးလောက်ဖြစ်ဖြစ် မဖြစ်မနေ ဆွဲယူပြီး ဒုတ်နဲ့ရိုက်လို့ရရ၊ ဓါးနဲ့ခုတ်လို့ရရ အဲဒီအီဖေကိုတွေကို အတင်းဆွဲစေ့ရမဲ့ အချိန်ကောင်းလေးပေါ့ပဗျာ။

လေးစားစွာဖြင့်

အောင်တင်

မှတ်ချက်။ ။ မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။ ခွင့်ပြုချက်တောင်းရန်မလို။


အပြည့်အစုံသို့...

စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုငြီးသံများ

စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုငြီးသံများ

နေသန်မောင်


ယူဂျီလို့ အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့်မှန်းခြေအရ ဆိုရင်တော့ (Third Generation) လို့ သူတို့ကိုယ်သူတို့ ဟစ်ပ်ဟော့ပ် (Hip hop) ဂီတရဲ့ တတိယမျိုးဆက်ဆိုသူ ဆယ်ကျော်သက် လူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ရော့ခ်သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ အပြီးမှာ အက်ဆစ်အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ ဒီဂျေစက်တွေ၊ မိုက်ခရိုဖုန်းတွေ၊ ဘရိတ်ဒန့်တွေနဲ့အတူ ပေါ့ပ် Pop သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊

Hip hop မျိုးဆက်ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ အက်ဆစ်အဖွဲ့၊ သီအိုရီအဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ရဲ့ အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်း စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ က ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။

ရဲလေး၊ ဂျေမီမျိုးဆက်ကို Hip hop ရဲ့ ဒုတိယမျိုးဆက်လို့ ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ VIP ဟာ တတိယမျိုးဆက် ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တခုအနေနဲ့ တွန်းကန် ရုန်းထွက်နေရလို့ပါပဲ။

Hip hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက်မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့အသိုင်းအဝိုင်းအတွင်းက စံနှုန်းနဲ့ တရားမျှတမှု မရှိတဲ့ နိုင်ငံရေးနဲ့ လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။

ရှင်းရှင်းပြောရရင် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်းမှ မွေးဖွားလာတဲ့ မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။ သူတို့ရဲ့အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ရဲ့အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။

လူ ၅ ယောက်ထက်ပိုပြီး (အထူးသဖြင့် လူငယ်ကျောင်းသားတွေ) စုဝေးလို့မရတဲ့ စစ်ဖိနပ်အောက်က တိုင်းပြည်မှာ ဒီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့အတွက် အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။

ကိုယ်ပိုင်သံစဉ် မဖန်တီးနိုင်ဘဲ ကော်ပီသီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ ရော့ခ်၊ ပေါ့ပ် သီချင်းတွေထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။

၎-၅ နှစ် ကလေးတွေကအစ စိုင်းစိုင်းခမ်းလှိုင်သီချင်း မဖွင့်ပြရင် ထမင်းမစားကြတဲ့အထိ Hip hop လှိုင်းလုံးက အတော်ကို ကြီးခဲ့ပါတယ်။ ပြည်ပက မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ Hip hop ကို ထင်ထင်ပေါ်ပေါ်ပဲဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ပဲဖြစ်ဖြစ် အားမပေးပါဘူး။ ဒါပေမယ့် ပြည်ပမှာရှိတဲ့ မြန်မာလူငယ်တစုကနေပြီး (Myanmar Future Generation – MFG) အဖွဲ့အဖြစ် နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီချင်းတွေ အယ်လ်ဘမ်တချပ်စာမက အင်တာနက်ပေါ်ကနေ လွှင့်တင်လိုက်တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး ဟုတ်ပြီကွဆိုကာ အားပေးခဲ့တာပါ။

MFG ရဲ့သီချင်းတွေဟာ မြန်မာပြည်မှာ Underground သီချင်းတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်အစိုးရဆန့်ကျင်ရေး သီချင်းတိုင်းမှာ Hip hop ဂီတက တစတစ နေရာယူခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ရဟန်းသံဃာတော်တွေနောက်က တက်တက်ကြွကြွ အားပေးခဲ့ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့တဲ့ လူငယ်ကျောင်းသားတွေဟာ ဒီ Hip hop မျိုးဆက်ပါပဲ။

ဆံပင်ကို အရောင်ဆိုးပြီး နားနှစ်ဖက်စလုံးမှာ နားကပ်ပန်ထားတဲ့ ဆယ်ကျော်သက် ဒီလူငယ်တွေဟာ သူတို့ဘဝမှာ အင်မတန် စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ နိုင်ငံတော် ယုတ်မာမှုကြီးကို သူတို့မျက်လုံးတွေနဲ့ တပ်အပ် မြင်ခဲ့ကြသူတွေပါ။ သူတို့ဟာ အင်တာနက်ခေတ်က မြန်မာ့အနာဂတ် သူရဲကောင်းတွေပါ။

Generation Wave ဆိုပြီး Hip hop မျိုးဆက်က ဇေယျာသော်၊ ရန်ရန်ချန်းတို့ဟာ စစ်အစိုးရဆန့်ကျင်ရေး ဂီတလှုပ်ရှားမှုထဲမှာပါခဲ့လို့ ထောင်ချ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ကို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။

တက်ကနိုတီးလုံးတွေနဲ့ မြန်မာသံတွေကို ရောစပ်ထားတဲ့ သားစိုးရဲ့ Rap ပုံစံကတော့ မြန်မာဟန်တွေ အတော်ကို လွှမ်းနေတာမို့ တနိုင်ငံလုံးက ကြိုက်ကြပါတယ်။ ဒါပေမယ့် Hip hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ် ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ အသက်ရှူ ကျပ်လာတာကတော့ အမှန်ပါပဲ။

ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။

ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိက္ခာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေအတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။

အဖြေကတော့ သူတို့ရင်ကို ထိလို့ပါပဲ၊ သူတို့ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထွဋ္ဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိုက်ရင် နားမထောင်ရုံပါပဲ။ ဒီလို အယုတ္တအနတ္တ သီချင်းတွေ ရှိနေသင့်ရဲ့လားဆိုပြီး ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။

ပြည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ဆိုပြီး တတ်ရောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကို ကိုက်လို့။

နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။

သူတို့ဟာ တချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။

စစ်ဖိနပ်အောက်မှာ အားလုံးကို ပြားပြားဝပ်နေအောင် ထောင့်စေ့နေအောင် ဖိနှိပ်နေတဲ့ကြားက အဖိနှိပ်ခံရသူ အချင်းချင်းကိုတောင် အတို့အထောင်လုပ်ပြီး တမူး၊ တပဲသာရှိတဲ့ လွတ်လပ်ခွင့်တွေ လိုက်ပြီး ပိတ်ဆို့ဖို့ စဉ်းစားနေတဲ့ အတွေးအခေါ်ဟာ နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့တော့ ထိုက်တန်ပါလိမ့်မယ်။

Revolution တခုဟာ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဂီတ၊ အနုပညာ စတဲ့ အလွှာအသီးသီးမှာ တချိန်မဟုတ် တချိန်တော့ ပေါ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Evolution ဖြစ်ပေါ်လာပြီး သမိုင်းရဲ့တိုးတက်မှုကို သရုပ်ခွဲရတာပါ။ ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီး သွားနေတာဆိုတာ သတိချပ်သင့်ပါတယ်။

Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူ၊ ကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။ ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ အနာဂတ်မြန်မာပြည်မှာ နောင် အနှစ် ၂ဝ ကျရင် ပေါ်ထွက်လာမယ့် မျိုးဆက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလိုပဲ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောတဲ့ ခပ်နုံနုံ ခပ်အအ မျိုးဆက်တွေကို ဒီနေ့ဖန်တီးနေကြတယ်။

ပကတိအမှန်တရားရဲ့ ရက်စက်မှုကို မသတီဘူးဆိုရင် မြန်မာပြည်က လူငယ်တွေဟာ အကြောက်တရားရဲ့ ထောင်ထဲမှာ သူတို့ထက် အဆတရာမက အကြောက်ကြီးတဲ့ လူကြီးတွေနဲ့ ဝမ်းနည်းစရာ နေထိုင်ကြရဦးမှာပါ။ ညစ်ညမ်းသီချင်းတွေပါကွာ၊ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော်မယ်'' ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။ ။
နေသန်မောင်
(နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ယခုအခါ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ သင်ယူနေသူ နောက်ဆုံးနှစ် ကျောင်းသားတဦးဖြစ်သည်။)



အပြည့်အစုံသို့...

NUG နောက်ကွယ်က အကြောင်းတရားတွေ

NUG နောက်ကွယ်က အကြောင်းတရားတွေ


MPU က ၂၀၀၈ ဖေဖော်ဝါရီ ညီလာခံမှာ NCGUB အစိုးရကို တိုးချဲ့မယ်၊ ၂၀၀၈ နှစ်ကုန် ၂၀၀၉ နှစ်ဆန်းမှာ လက်တွေ့တိုးချဲ့မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါဖြင့်ရင် ဘာကြောင့် NUG ဂိုဏ်းက ဇန်နဝါရီ ၁ ရက်နေ့မှာ ကြေညာချက်ထုတ်၊ YouTube အင်တာဗျူးတွေလွှင့် လုပ်ရတာလဲ။ အဖြေကတော့ ပြည်ပနိုင်ငံရေးတခုလုံးကို လက်ဝါးကြီးအုပ်ပြီး သူ့ခြေသူ့လက်လုပ်ချင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် နအဖလိုပဲ ၁၉၉၀ mandate ပစ်ပယ်ရေး ပြောလာတာ ဖြစ်ပါတယ်။

NCUB ထဲမှာ NUG ကိစ္စလို အထူးအရေးကြီးပေါ်လစီကိစ္စကြီးဟာ ညီလာခံလိုမျိုးကနေ ချမှတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ NCUB သဘာပတိအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ တခုလုံးမျက်နှာစုံညီစည်းဝေးပြီး ဆုံးဖြတ်ထားတာတောင် မရှိဘူးလို့လည်း သိလာရပါတယ်။

ပြည်တွင်းမှာ လူထုတိုက်ပွဲ အရှိန်အဟုန်ကြီးလာရင် လုပ်ဖို့ ရည်မှန်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့ ကြွေးကြော်သံကို နားမလည်ဘဲ နိုင်ငံရေးနားမလည်တဲ့ (သို့မဟုတ်) မရိုးမသားစိတ်ရှိတဲ့ ဂိုဏ်းအုပ်စုတခုကနေ ထိုင်းနိုင်ငံထဲမှာ NUG တည်ထောင်ရေး လုပ်ပစ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ဖက်ဒရယ်အစိုးရ ဖွဲ့ဖို့ဆိုပြီး ထိုင်းနိုင်ငံထဲမှာ မြန်မာအတိုက်အခံတွေရဲ့ လွှတ်တော် ၂ ရပ် စုစုပေါင်း အမတ်ဦးရေ ၁၀၀ လောက်၊ သမတ ဒုသမတ ဝန်ကြီးချုပ် ဒုဝန်ကြီးချုပ် ဝန်ကြီး ဒုဝန်ကြီး စုစုပေါင်းလူ ၅၀ နီးပါး၊ ဝန်ကြီးဌာနတွေကို ကြီးကြပ် ထိန်းချုပ်ဖို့ဆိုတဲ့ ဝန်ကြီးအဆင့် ကော်မရှင်အဖွဲ့ဝင် ၁၀၀ ကျော်ထားဖို့ စဉ်းစားတဲ့လူတွေ ထောက်ခံတဲ့လူတွေရဲ့ ဦးနှောက်ကို စိတ်ကုဆရာဝန်နဲ့ အမြန်ပြဖို့လိုနေပါပြီ။

Populist politics လို့ခေါ်တဲ့ လူပြိန်းကြိုက် အပေါစားနိုင်ငံရေးကို ကျွမ်းကျင်တဲ့ NUG ဂိုဏ်းဟာ နအဖစစ်အစိုးရကို ကုလသမဂ္ဂပလက် ဖောင်းပေါ်က မောင်းထုတ်ဖို့ဆိုပြီး ပြည်တွင်းပြည်ပလူထုအကြိုက် Credential challenge ၊ တိုင်းရင်းသား အခွင့်အရေး အပြည့်ပေးဖို့ဆိုပြီး တိုင်းရင်းသားအကြိုက် ဖက်ဒရယ်အစိုးရ၊ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျော်လွှားနိုင်အောင် သံတမန်ရေး နိုင်ငံရေး စစ်ရေး နည်းလမ်းတွေ ကျင့်သုံးတိုက်ပွဲဝင်မယ်ဆိုပြီး အပြုတ်တိုက်ရေးသမားအကြိုက် NUG အစိုးရ၊ စသဖြင့် တမျိုး ပြီးတမျိုး မရိုးရအောင် အသံကောင်းဟစ် လူစုခဲ့ပါတယ်။

တိုက်ပွဲဝင်အစိုးရဖွဲ့ဖို့ဆိုတဲ့ ကြေညာချက်ကို ဟိတ်တလုံးဟန်တလုံးနဲ့ထုတ်ပြီးမှ အနောက်နိုင်ငံတွေ ငြိုငြင်မှာစိုးလို့ အမှားပြင်ဆင်ချက်အဖြစ် စစ်ရေးနည်းလမ်းဆိုတဲ့ စကားလုံးကို ပယ်ဖျက်ပြင်ဆင်ပေးရကတည်းက ဒီအစိုးရဟာ ဘာတွေတိုက်ပွဲဝင်ဖို့ ယုံကြည်ရတော့မှာလဲ။

ထောက်ခံစုဝေးမိတဲ့လူတွေထဲမှာတော့ တချို့က သမတအတု၊ ဝန်ကြီးချုပ်အတု၊ ဝန်ကြီးအတု စတဲ့ တကယ်မဟုတ် တဲ့ရာထူးနေရာ အခွင့်အရေးတွေကိုဘဲ အရူးတယောက်လို မျှော်ကိုးပြီးပါတဲ့လူတွေရှိသလို "သက်ဆင်" လုပ်နည်း အတိုင်း ငွေနဲ့ပေါက်အဝယ်ခံရတာတွေ ရှိတာလည်း အခိုင်အမာကြားနေရပါတယ်။ တကယ့်ကို ရိုးရိုးသားသားနဲ့ နအဖကို အထိနာအောင် ထိုးနှက်နိုင်မယ်လို့ ယုံကြည် စိတ်ကူးယဉ်ပြီး ထောက်ခံပါဝင်ကြတာတွေလည်း ရှိပါတယ်။ အဓိက ဦးဆောင်ဦးရွက်ပြုနေသူတွေအကြောင်း မသိတာရယ်၊ နိုင်ငံတကာအနေအထား၊ သံတမန်ရေးလုပ်ထုံး လုပ်နည်းစနစ်တွေကို နားမလည်တာရယ်၊ တော်လှန်ရေးကြီး ရှည်ကြာနေတာကို အားမလိုအားမရစိတ်ဖြစ်တာရယ် တွေကြောင့် နားမလည် ပါးမလည်ထောက်ခံမိတာလည်း ရှိပါတယ်။ ... ... ...



အပြည့်အစုံသို့...

၂၁ ရာစုတွင်နေထိုင်ရှင်သန်နေကြသော ပြည်သူများနှင့်ဗမာပြည်

၁၈ရာစုပုံစံအုပ်ချုပ်သူု

၁၉ရာစုခံယူချက်နှင့် အတိုက်အခံ

၂၁ ရာစုတွင်နေထိုင်ရှင်သန်နေကြသော ပြည်သူများနှင့်ဗမာပြည်

၁။ အုပ်ချုပ်သူဘက်ကပြတ်သည်၊ အတွင်းအကြည့် အပြင်မကြည့် ဘာမျှအကြည့် လုပ်ချင်သလိုလုပ်သည်။ သတ်ချင်သလိုသတ်သည်။ လိမ်လိမ်ချင်သလို လိမ်သည်။ ပြည်သူကိုလည်း သတ်သည် ခလေးတွေလည်းသတ်သည်။ အဖြူအစိမ်းတို့ ရင်ဝမှာ သွေးအလိမ်းလိမ်း မကြည့်ဝန့်အမြင်ရက်စရာ သံဃာတော်တွေ သင်္ကန်းဝါဝါတွေ အသေအရှင်တွေ မီးသင်္ဂြိုစက်ထဲ သဘက်သရဲတွေ ဝိုင်းဆွဲနေသလို မျိုး။

၂၁ ရာစု ကမ္ဘာ့ရွာကို ဗမာပြည်နှင့် ကန့်လန့်ကာခြား၍ ခွဲခြားဘို့ကြိုးစားသည်။ လူမျိုးခြား၊ ကိုလိုနီ သူ့ကျွန်မခံနဲ့ (ငါ့ကျွန်ခံ) ခေါ်လျှင်ထူး၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဒို့သွေးလည်းမဟုတ် ဒို့သားလည်းမဟုတ် ဘေးပြောတာမယုံနဲ့ စကားလုံးထုံးသုတ်ပြီး စစ်မိစ္ဆာမသာယုတ်ကို ဖုံးအုပ်ဘို့ ကြိုးစားသည်။ လမ်းပြမြေပုံ ခုနှစ်ချက် ညောင်နှစ်ပင် လိမ်ဆင်တွေ တစ်ခုပြီးတစ်ခု။

၂။ အတိုက်အခံတွေဘက်ကြည့်တော့ တစ်ခုမှအသက်မပါ၊ ရှက်စရာတွေခြည်း မျက်ကန်းမျိုးချစ်များက တော်သေးသည်။ မျက်စေ့မကန်းသော မျိုးမချစ်များ၏ ကုလားထိုင်များ၊ မယားငယ်များ၊ ပရိုပိုဇယ်များ ဒေါ်လာများ ကမ္ဘာနှင့် ခေတ်အဆတ်ဆတ် ပြတ်မှုများ အာဏာရှင်က ကမ္ဘာတွင်ပျောက်ကွယ်သွားပြီဖြစ်သော ၁၈ ရာစုကိုလိုနီစကားလုံးကိုပြတိုက်ထဲမှထုတ်၍ သုံးသည်။ အတိုက်အခံက အဲဒါကိုလိုနီမဟုတ်တော့ဘူး အရင်ဆုံးရှင်းရမဲ့ အရင်းရှင်တွေ ဓနရှင်တွေ ဖောက်ပြန်နေတဲ့ လူတန်းစား မမှန်တဲ့ ဘာတဲ့ ညာတဲ့ အော်ရင်း ၁၉ ရာစုအတွေးအမြင်ကို ကိုင်စွဲရင်း အုပ်ချုပ်သူ ညွှန်ပြရာ ဖက်သို့ပင် အတူလိုက် လက်ညှိုးထိုးပြ ဆန့်ကျင်နေကြသည်။

နာဂစ် အငတ်ဘေး သေဘေးနွံတွင်းမှပြည်သူများ၏ ကယ်ပါယူပါ ဆာလွန်းလို့ပါ ဆိုသော မျက်တွင်းဟောက်ပက် လူသေမျက်ခွက် အရိုးစုလက်တို့ကို မျက်စေ့စုံမှိတ် ငြင်းဆန်ရင်း အရင်းရှင်ပြန်သွား၊ ဓနရှင်သင်္ဘောတွေ မင်းတို့ သဘောဆောင်ခွင့် မပြုဘူး။ ဒီခေတ်ကြီးမှာ ပဒေသရာဇ်အာဏာရှင်ကို ထိန်းချုပ်ဘို့ UN ရှိတယ်၊ ဘန်ကီမွန်းရှိတယ်၊ ဘာလဲဂလိုဘယ်၊ ဘာလဲ ဟူးမန်းရိုက်၊ တိန်ရှောက်ဖိန်မှားတယ်၊ ဂေါဘာချော့မမှန်ဘူး၊ ဖရန်စစ်ဖူကူရားမား ထွက်သွား၊ အနောက်ကခေါင်းဆောင်မှန်သမျှ ဥစ္စာရူး၊ ဓနရူး၊ မယားထရူး မာ့ခ် မထိနဲ့ ၊ အိန်ဂျယ်မထိနဲ့ ၊ ငါ့မိန်းမမထိနဲ့၊ ငါ့ခယ်မမထိနဲ့ ၊ ငါ့ကုလားထိုင် မထိနဲ့၊ ငါ့ ပရိုပိုဇယ်မထိနဲ့။

ခေတ်သစ် ရွဲကုန်သည်တို့ နိုင်ငံရေးဇာတ်ခုံအလယ်မှာ အသံကုန်အော်နေကြသည်။

၃။ ပြည်သူတွေ လူကိုလူလိုအသတ်မှတ်ခံချင်သည်၊ လူ့အခွင့် အရေး ငြိမ်းချမ်းရေး လိမ်ညာမှု ကင်းသော ဒီမိုကရေစီရေး ခေတ်မှီတိုးတက်ရေး နေရေး ထိုင်ရေး စားသောက်ရေး ပညာရေး ဘာသာရေး လူမှုရေး ဘာအခွင့်အရေးမှမရှိ။

အိပ် စား ကာမ တိရစ္ဆာန်ထက်အောက်ကျ ငရဲက အဖြစ်ထက်ဆိုးသော ဘဝတွေမှာ ပြည်သူတွေ နေနေရသည်။ ရခဲလှစွာသော လူ့ဘဝမှာ လူဖြစ်ရတာကိုပင် ရင်နာစရာ လို့မြင်နေသည်။

ပြည်သူတွေထံမှ နည်းပေါင်းစုံ ဓါးပြတိုက်၍ ရသမျှ နှင့် မြေပေါ်မြေအောက် သယံဇာတများကို အာဏာရှင်ဖက်စစ်တို့က အမိန့်သားထိုင်စားနေစဉ် အာဏာရှင်ပိတ်ဆို့ထားသော တံတိုင်းကြားမှ ၂၁ ရာစု ကမ္ဘာလူထားထု၏ စာနာမှုတရားနှင့်တိုးဝင်လာသော စွမ်းပကားအကူအညီအထောက်အပံ့များကို အတိုက်အခံဆိုသူ ဖောက်ပြန်ရေးသမားတို့က ကြားမှ စုပ်ယူ ပျော်ပါးစားသောက်နေကြစဉ်

၇ ဂျူလိုင်- ကျွန်းဆွယ်- ဂျွန်- သန့်- မှိုင်း- ငွေစက္ကူ- ဖုန်းမော်- တံတားနီမှသည် ကမ္ဘာကိုကိုင်လှုပ်ခဲ့သော အနှောင်းပိုင်း ၂၀ ရာစု အာဏာရှင် ဖြိုချမှုလှိုင်းလုံး၏ ဗဟိုချက်မ ဖြစ်ခဲ့သည့် ၈ရက် ၈လ ၈၈ အပါအဝင် ၉၀ ကံဆောင်ပွဲ ၉၆- ၉၈- ရွှေဝါရောင်တော်လှန်ရေးသို့တိုင် ပြည်သူတွေ မတ်မတ်ခိုင်ခိုင် လျောက်ခဲ့သည့် ၂၁ ရာစု လူ့အခွင့်အရေးကို ယုံသည်၊ ဒီမိုကရေစီရေးကို ယုံသည်။

ကမ္ဘာ့လူသားထုကို ယုံသည်။

ယုံကြည်သူချင်း လက်ကိုခိုင်ခိုင်တွဲ၍ တိုက်ပွဲဝင်ခဲ့ကြသည်။ ဒါဏ်ရာဗလပွနှင့် လဲကျနေရာမှ အကြိမ်ကြိမ် အားယူ၍ ထခဲ့ကြဖူးပြီ၊ ထလိုက်ကြဦးမည်သာဖြစ်သည်။

နိုင်ရာစားဖြစ်သော သားရဲတိရိစ္ဆာန်တို့၏ အရိုင်းခေတ် အသိအမြင်တို့ကို ကျောက်ဂူနံရံ တို့တွင် နိဋ္ဌိတံ မြှုပ်နှံထားခဲ့ကြပြီဖြစ်သည်။

ပဒေသရာဇ် နှင့် သရဖူ ဒါး သံလျက် တို့ကို အင်ပါယာ မြို့ပျက်များနှင့်အတူ ကမ္ဘာလူသားထုတို့ ကြိတ်ဝါးနင်းခြေ ပြစ်ခဲ့ပြီဖြစ်သည်။

ယနေ့ကမ္ဘာတွင် အာဏာရှင်ဖက်ဆစ်တို့ လက်တစ်ဆုပ်စာမျှပင် မရှိတော့။

လက်နက်ကိုင်အုပ်ချုပ်ပြီးထင်တိုင်းကြဲလိုသော အာဏာရှင်ဖက်ဆစ်သမိုင်း၏ ဇာတ်သိမ်းပိုင်းကို ကမ္ဘာလူသားထုတို့ ယနေ့အဆုံးသတ်ဖို့ ကြိုးစားနေကြပေပြီ၊ အဆုံးသတ်ပေတော့မည်။



မှိုင်းသစ်

အပြည့်အစုံသို့...

Thursday, January 15, 2009

ဗဟုသုတရစေရန် အလို့ငှာ တင်ပေးခြင်းဖြစ်ပါသည်

မေးခွန်း။ ။ခရစ်တော်၏ ဟောပြောချက်များသည် ဗုဒ္ဓ၏ဟောပြောချက်များနှင့် အဘယ့်ကြောင့်ဆင်တူနေသနည်း၊ ခရစ်တော်သည်အရိမေတ္တယျဘုရားလောင်းဖြစ်သည်ဟူသော
စကားသည်မှန်ပါသလော။(မေးမြန်းလျှောက်ထားသူ- ခရစ်ယာန်ဘုန်းကြီး-ဂျေ-အက်မ်ဝစ်လ်ဆင်၊အမ်-အေ၊(Oxford university) ဘုံဘိုင်မြို့
အက်လစ်ဖင်စတုံး ကောလိပ်ကျောင်း English ဘာသာ ပါမောက္ခ။

ဖြေဆိုသူ။ ။ဆရာတော် အရှင် အရိယဓမ္မ။
ဆရာတော်။ ။ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရားပွားများရေး၊သီးခံရေး၊ အပြစ်မှခွင့်လွတ်ရေး စတဲ့အရေးကိစ္စတို့နဲ့ပတ်သက်ပြီး၊ခရစ်တော်ဟောပြောထားခဲ့တဲ့ တရားများဟာ ဗုဒ္ဓကိုယ်တော်မြတ် ကိုယ်တိုင် ဟောပြောတော်မူခဲ့တဲ့ တရားများနဲ့ ဆင်တူပါတယ်၊ ဒါပေမဲ့ဒီလိုဆင်တူသလိုလို ရှိတာနဲ့ ခရစ်တော်ဟာ အရိမေတ္တယျဘုရားလောင်းဖြစ်တယ်ဆိုတဲ့ စကားကတော့ အကြောင်းအကျိုးဆက်စပ်မှုသဘောတရားနဲ့ ကန့်လန့်ဆန့်ကျင်ဖြစ်နေ တယ် ။ အဲဒီတော့ ဒီအယူအဆတွေကို ဖယ်ရှားပစ်ဘို့ရန်ဦးပဉ္ဇင်းက အမေးပုစ္ဆာအချို့ကို မေးဘို့လိုပါလိမ့်မယ်။ အဲဒီအမေးပုစ္ဆာတွေကို ဒကာကြီးက ဖြေဘို့လိုပါလိမ့်မယ်။

(ဤကဲ့သို့ ဆရာတော်က မိန့်တော်မူပြီးနောက် အောက်ပါမေးခွန်းတို့ကို စတင်မေးပါသည်။)

ဆရာတော်။ ။ ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီလူမျိုးတို့ရဲ့ ဘုရားကျောင်းမှ ထွက်ခွါပြီး ပျောက်ကွယ်သွားပါသလဲ ဒကာကြီး။
ဝစ်လ်ဆင်။ ။ ခရစ်တော်ဟာ အသက်(၁၂)အရွယ်မှာ ရေဟူဒီလူမျိုးတို့ရဲ့ ဘုရားကျောင်းမှ ထွက်ခွာပြီး အမိအဘ တို့ကိုစွန့်ခွာသွားခဲ့ပါတယ်။

ဆရာတော်။ ။ ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောသလဲ။
ဝစ်လ်ဆင်။ ။ ခရစ်တော်ဟာ သူ့ရဲ့တရားဓမမ်မတို့ကို သက်တော်(၃၀) က စတင်ဟောခဲ့ပါတယ် ဆရာတော်။

ဆရာတော်။ ။ ဒါဆိုရင် အသက်(၁၂)နှစ်က အသက်(၃၀) အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွားနေပါလဲ။
ဝစ်လ်ဆင်။ ။ ဒီ(၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ သူ့ရဲ့မွေးစားဖခင် သျှင်ယောသ(စိန်ဂျိုးဇက်) နဲ့အတူတကွနေထိုင်လျက်ရှိပါတယ်။

ဆရာတော်။ ။ ဒီအဘိုးတန်တဲ့ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘာများလုပ်နေပါသလဲ။
ဝစ်လ်ဆင်။ ။ သူ့ရဲ့မွေးစားဖခင် သျှင်ယောသ ကို ကူညီပြီး လက်သမားအလုပ်ကို လုပ်နေဟန်တူပါတယ်ဆရာတော်။

ဆရာတော်။ ။ ဒါဖြင့် ခရစ်တော်ဟာ လူသားတို့အားအကုသိုလ်ကံတရားမှ၊ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန်မွေးဖွားလာခြင်းမဟုတ်ဘဲ၊ သျှင်ယောသကို လက်သမားအလုပ်မှာဝင်ရောက်ကူညီဘို့ရန် မွေးဖွားလာရတယ်လို့ ဆိုလိုပါသလား ဒကာကြီး။
ဝစ်လ်ဆင်။ ။ ခရစ်တော်ဟာ လူသားတို့ကို အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် ဖွားမြင်လာခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ၏ တရားဓမ္မတို့ကို ဟောပြောရန် ဖခင်ထာဝရဘုရားသခင်ရဲ့ အမိန့်တော်ကို စောင့်မြော်နေခြင်းဖြစ်ပါတယ် ဘုရား။

ဆရာတော်။ ။ ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဖုရားသခင်ရဲ့ အမိန့်တော်ကို စောင့်နေဆဲ (၁၈)နှစ်တာကာလ အတွင်းသေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကိုပဲသွားကြသလား၊ ငရဲပြည်ကိုပဲသွားကြရသလား။
ဝစ်လ်ဆင်။ ။ ဒီ(၁၈)နှစ်အတွင်းသေကြေပျက်စီးကြရတဲ့လူတွေဟာ အကုသိုလ်ကံထဲနစ်မွန်းပြီး ငရဲဘုံသို့ရောက်
ကုန်ကြရပါတယ် ဆရာတော်။ ဘာပြုလို့လဲဆိုတော့ အဲဒီလူသားတွေအတွက် ကောင်းကင်ဘုံးနန်းတံခါးမပွင့်သေးလို့ပါ ဆရာတော်။

ဆရာတော်။ ။ ဒကာကြီး ယခုပြောတဲ့ စကားအရဆိုရင် ခရစ်တော်ဟာ လူသားတရပ်လုံးကို ကယ်တင်တဲ့ ပုဂ္ဂိုလ်မဟုတ်ဘဲ၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ကပ်ချည်ပြီး သေကြရတဲ့ လူတွေကိုသာ ကယ်တင်တဲ့ ပုဂ္ဂိုလ်ပေါ့။
ဝစ်လ်ဆင်။ ။ ဒီမေးခွန်းဟာ ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် တပည့်တော်မဖြေတတ်ပါ ဘုရား။

ဆရာတော်။ ။ ဒကာကြီးဒါကို မဖြေနိုင်ရင်၊ ဒကာကြီးတို့ရဲ့ဂိုဏ်းမကြီးဖြစ်တဲ့ အင်္ဂလန်ပြည်ဂိုဏ်းချုပ်က ဖြေနိုင်
ပါ့မလား။ ဒါဟာနက်နဲရှုပ်ထွေးတဲ့ ပြဿနာတစ်ရပ်ဖြစ်တဲ့အတွက်အင်္ဂလန်ပြည် ကင်တာဘာရီမြို့က ဂိုဏ်းချုပ်ကြီးလဲ ဖြေနိုင်မှာ မဟုတ်ပါဘူး ဆရာတော်။

ဆရာတော်။ ။ နက်နဲရှုပ်ထွေးတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ဟာဘာလဲ ဒကာကြီး။
ဝစ်လ်ဆင်။ ။ နက်နဲရှုပ်ထွှေးတယ်ဆိုတာဟာ သာမန်လူသားထက်တတ်သိ နားလည်တဲ့ နတ် အစရှိတဲ့ သူတို့ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ထားတဲ့ အမှန်တရားပါဆရာတော်။ ဒီတရားကို ထာဝရဘုရားသခင်ကိုယ်တော်မြတ်သာလျင် ဖြေရှင်းနိုင်ပါမယ် ဆရာတော်။

ဆရာတော်။ ။ ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာ လျှို့ဝှက်တဲ့ အမှန်တရားများပါဝင်လျက်ရှိတယ်ပေါ့။
ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်များဟာ မပြည့်စုံသေးဘူး လို့ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန်
ဘာသာတရားနဲ့ ဆိုင်ရာတရားအချို့ဟာ မှောင်ထဲမှာဘဲရှိနေသေးတယ်ပေါ့၊ ဟုတ်သလား ဒကာကြီး။
ဝစ်လ်ဆင်။ ။ တပည့်တော်မှာ အခြားအဖြေပေးစရာ မရှိလေတော့ ဟုတ်ပါတယ်လို့ဘဲ ၀န်ခံရမှာပါဘဲဆရာတော်။

ဆရာတော်။ ။ ခရစ်တော်ရဲ့ ဒီ(၁၈)နှစ်လုံးလုံးတိမ်မြုပ်ကွယ်ပျောက်နေတဲ့ ဘ၀ကို အမေရိကတိုက် ချီကာဂိုမြို့
က ကမ္ဘာကျော် ခရီးလှည့်လည်သူသုတေသန ပုဂ္ဂိုလ် ပါမောက္ခဂိုးရစ်(ခ်) ရဲ့ မှတ်တမ်းအရဆရာတော် တစ်ခုရှင်းလင်းပြပါ့မယ်။ ဒကာကြီး ဂရုစိုက်ပြီးနားထောင်စေချင်ပါတယ်။
ပါမောက္ခ ဂိုးရစ်(ခ်)ဟာ တိဗက်ပြည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများမှ ခရစ်တော်ကိုယ်တိုင် ဟေ
ဗြဲဘာသာနဲ့ ရေးသားထားတဲ့ မှတ်စုကို ရခဲ့ ပြီး၁၉၅၂ ခုနှစ်က "ခရစ်တော်၏ မသိသေးသောသွန်သင်ဟောပြောချက်များ ဆိုတဲ့ နာမည်နဲ့ စာအုပ်တအုပ်ကို ထုတ်ဝေရေးသားခဲ့ပါတယ်ခရစ်ယာန်ဘာသာကို အလွန်သက်ဝင်ယုံကြည်တဲ့ ပါမောက္ခဂိုးရစ်(ခ်)ဟာ (၁၈)နှစ် လုံးလုံးခရစ်တော်ဒီလိုနစ်မြုပ်
ကွယ်ပျောက်နေတဲ့ အကြောင်းကို အလွန်သိလိုလှတဲ့အတွက် အမေရိကမှာရှိတဲ့ ခရစ်ယာန်ဘာသာ ဂိုဏ်းချုပ်- ဂိုဏ်းအုပ်တို့ကို မေးမြန်းကြည့်တယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူကမှ သူ့ကို ရှင်းလင်းမပြောပြနိုင်ခဲ့ဘူး။ ဒါနဲ့ပဲ ဒီကိစ္စနဲ့ ပတ်သက်လို့ သူကိုယ်တိုင် သုတေသန လုပ်ငန်းထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန်။၊ ယေရှုစလင်၊ ကိုင်ရို၊ တူရကီ၊အိန္ဒိယနဲ့ တိဗက်ပြည်တွေဘက်မှာ အားထက်သန်ရော ကြိုးပမ်းပြီး လိုက်လံစုံစမ်းတော့ နောက်ဆုံး တိဗက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် မဟာထေရ်မြတ်ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း(၁၀၀)ပေါ်မှာ သူကိုယ်တိုင် ဒီ(၁၈)နှစ်အတွင်းတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ကျကျနန ချည်နှောင်ကာ သူ့ကိုတရားဓမ္မများ ဟောပြောသွန်သင်တဲ့ အနေနဲ့ ကန်တော့ခဲ့တဲ့ မှတ်တမ်းကိုရခဲ့တယ်။ အဲဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တိုင် အောက်ပါအတိုင်း ရေးသားထားတာကို တွေ့ရှိရတယ်လို့ဂိုးရစ်(ခ်) က ရေးသားပြတယ်။
..........................ဆက်ဖတ်ရန်....>>>>>> အဲဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တိုင် အောက်ပါအတိုင်း ရေးသားထားတာကို တွေ့ရှိရတယ်လို့ဂိုးရစ်(ခ်) က ရေးသားပြတယ်။
.....................
"ကျွန်ုပ်အား အသက်(၁၂)နှစ်အရွယ်သို့ ရောက်သော အခါ ၊ ရေဟူဒီလူမျိုးတို့၏ ထုံးတမ်းစဉ်လာအရ ရေဟူဒီဘုန်းတော်ကြီးကျောင်းသို့ နွေဦးရာသီပွဲတော်
တွင် ခေါ်သွားကြပါသည်။ ထို ရေဟူဒီကျောင်း၌ ရေဟူဒီဆရာတော်ကြီးများသည် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရုဏာ၊ သူ၏ဒေါသ အမျက်၊ သူ၏တရားမှန်ကန်ခြင်း စသည့် တရားတို့ကို နှီးနှောနေကြ၏။ ကျွန်ုပ်၏အဘိုး၏ အရှိန်အ၀ါဖြင့် ကျွန်ုပ်သည် ရေဟူဒီ ဘုန်းတော်ကြီးများအား ကျွန်ုပ်မသိ နားမလည်သည့် အချက်တို့ကို ၀င်၍မေးမြန်းခွင့်ရရှိုခဲ့၏။ ကျွန်ုပ် ပထမဆုံးမေးသည့် မေးခွန်းကား-
"ယေဟိုးဝါသည် အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို လူ
ယုတ်မာ၊ အချို့ကို လူယုတ်မာ၊ အချို့ကို ရုပ်ရေအလှအပ၊ အချို့ကိုအရုပ်ဆိုး အကြည့်တန်၊ အချို့ကို အသက်ရှည်ရှည်၊ အချို့ကို အသက်ရှည်ရှည်၊ အချို့ကိုအသက်တိုတို၊ အချို့ကို မျက်စိကောင်း၊ အချို့ကို မျက်စိမမြင်၊ အချို့ကို ကျန်းကျန်းမာမာ၊ အချို့ကို ရောဂါသည်၊ အချို့ကို အားအင်အကောင်း၊ အချို့ကို အားအင်အချိအနဲ့ စသည်ဖြင့် လူအချင်းချင်း အဘယ့်ကြောင့် ကွဲပြားခြားနားစွာ ဖန်ဆင်းထားပါသလဲ" ဟုဖြစ်၏။
ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိသတ် အားလုံးသည် အံ့အားသင့်သွားကြ၍ ကျွန်ုပ်၏ မေးခွန်းကို မဖြေ နိုင်သဖြင့် --
အိုး သူငယ် ဤအချက်ကို ယေဟိုးဝါ သာလျှင် သိနိုင်သည် ဟုတ် ရေဟူဒီ ဘုန်းတောင်ကြီးများက ပြန်ပြောကြ၏ ။ တဖန် ကျွန်ုပ် က ဤ ယေဟိုးဝါ သည် အတိတ် ပစ္စုပ္ပန် အနာဂတ် ဟူ၍ သုံးပါးသော ကာလ တို့ကို သိပါ လျက် အဘယ်ကြောင့် ငရဲ ဘုံကို ဖန်းဆင်းခဲ့ပါသနည်း ဟု မေးမြန်းပါသည်။ ထိုအခါ ရေဟူဒီ ဆရာတော်များက ယုတ်မာ ညစ်နွမ်းသူတို့ကို အပြစ်ပေးရန် ငရဲဘုံကို ဖန်ဆင်းခဲ့သသည် ဟုပြန်ဖြေ၏ နောက်တဖန် ယေးဟိုးဝါသည် သူ၏ ဖန်ဆင်းမှူ ဆိုင်ရာ အနာဂတ်ကာလ၏ သဘောကို သိမြင်ပါလျက်နှင့် အဘယ်ကြောင့် ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသနည်း ဟု ကျွန်ုပ်ကထပ်၍ မေးမြန်း လိုက်ပြန်၏ ။ ထိုအခါ အားလုံးသော ရေဟူဒီ ဘုန်းတော်ကြီးများ သည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွနိုပ်အား သူတို့၏ ဂိုဏ်ချုပ် အဖြစ် ရွေးကောက်တင်မြောက်ကြ၏ ။ ထို့နောက် ကျွနိုပ်သည် ကျွန်ုပ်၏ မြင့်မြတ်သည့် ရာထူးအရှိန်ကို အသုံးပြုလျက် နှင်တံတစ်ချောင်းကို ယူကာ ဘုရားတန်ဆောင်းထဲ၌ သူတို့ လုယက် တိုက်ခိုက်၍ ရသော ပစ္စည်းများကို ရောင်းချနေကြ သူများအား နှင်တံဖြင့် ရိုက်ပြီး ဤနေရာ ကား ယေဟိုးဝါ ဘုရားတန်ဆောင်းဖြစ်သည် ။ သင်တို့အတွက် ဈေးရောင်းစရာ နေရာမဟုတ် ဟု ဆိုကာ
နှင်ထုတ်ပစ်လိုက်၏ ။

ယေဟိုးဝါ၏ တရားကာ ရှက်ဖွယ် ဖြစ်နေကြောင်း အခြေအမြစ်မရှိကြောင်း သိမြင်လာသော ကျွန်ုပ်သည် အလွန်မြင့် မြတ်သည့် ဂုဏ်ထူး ၊ နေရာထူးတို့ကို ရနေသည့်တိုင်အောင် ဤ မဟုတ်မမှန်သော စကားကို ရွံရှာမုန်းတီး၍ အမှန်တရားကို မတွေ့တွေ့အောင်ရှာရမည်ဟု သန္နိဌာန် ချလိုက်၏ ။ ထို့နောက် ကျွန်ုပ်သည် ဘုရားရှိခိုးကျောင်းထဲမှ ထွက်၍ မြို့ တော်မှ ထွက်ခွာလာခဲ့၏ ။ ငါးမိုင် ခြောက်မိုင် ကျော်ခန့်လမ်း လျှောက်မိသော အခါ ခရီးသွား ကုန်သည် တစုနှင့်တွေ့၏ ။ သူတို့၏ ဝတ်စားဆင်ယင်ပုံမှာ ရေဟူဒီလူမျိုးများနှင့် ကွဲပြားခြား နား လျက်ရှိရာ သူတို့သည် တိုင်းတပါးမှ လာရောက်ကြသည့် ကုန်သည်များ ဖြစ်ရမည်ဟု သတိပြုမိ၏ ။ သို့နှင့် သူတို့ အနီး စသို့ချဉ်းကပ်လိုက်ရာ ကံအားလျော်စွာ သူတို့ ခေါ်င်းဆောင်နှင့် တွေ့ပြီး သူတို့အား မည်သည့်အရပ်မှ မည်သည့်ကိစ္စဖြင့် လာကြသနည်း ဟု မေးမြန်းလိုက်ပါသည် ။

ထိုအခါ ခရီးသွား ကုန်သည်များ၏ ခေါ်င်းဆောင်များ က သူတိုပသည် တိဗက်ပြည်မှဖြစ်ကြောင်း တိဘက်ပြည်မှ သားရေများ ဦးချိုများ နှင့် ထူးဆန်းသည့် ပစ္စည်းများကို ဂျေရူဆလင်မြို့ မှ ရွှေငွေ ကျောက်သံ ပတ္တမြား နှင့် အခြား အဘိုးတန် ဆေးဝါး တို့နှင့် ဖလှယ်ရန် လာကြကြောင်း ပြောပြ၏ ။ ကျွန်ုပ်သည် ခေါ်င်းဆောင်၏ စိတ်နေစိတ်ထား ကို သဘောကျမိသဖြင့် စကားပြောရင်း ဆိုရင်းနှင့်ပင် လောက၌ လူအချို့က ဆင်းရဲ အချို့က ရုပ်ချော အချို့က အကြည်းတန် အချို့ ကကျန်းမာ အချို့က ချိနဲ့လျက် အဘယ်ကြောင့် မညီမမျှ မွေးဖွားကြသနည်း ဟူသော ရေဟူဒီ ဘုန်းတော်ကြီးများအား ပထမဆုံးမေးသည် မေးခွန်း ကို မေးကြည့်၏ ။

ထိုအခါ ကုန်သည် အဖွဲ့ ခေါ်င်းဆောင်က ချစ်လှစွာသောသူငယ် လူသားများအနက် အချို့က ဆင်းရဲ အချို့ က ရုပ်ချော အချို့ ကအကြည်းတန် အချို့က ကျန်းကျန်းမာမာ အချို့ ကအင်အားချိနဲ့ အဖြစ်ဖြင့် တဦးနှင့် တဦး အသွင်မတူဘဲ မွေးဖွားလာရသည်မှာ အတိတ် ဘဝ က ကာယကံ ဝစီကံ မနောကံ တည်းဟူသော ကမ္မသတ္တိတို့ကြောင့် ပင်ဖြစ်၏ ။ ရုပ်အဆင်းအားဖြင့် လှပချောမွေ့၍ လှပသောအခါ လှပ၍ ကျက်သရေ ရှိသော အသွင်သဏ္ဌာန်သည် ထင်လာကာ ရုပ်အဆင်းအားဖြင့် ဆိုးဝါး၍ စုတ်ပြတ်ဟောင်းနွမ်းသော အဝတ်တို့ကို ဝတ်ဆင်ထားသူ တစ်ယောက်သည် မှန်ရှေ့ တွင် ရပ်လိုက်သောအခါ ရုပ်ဆိုး၍ ကျက်သရေ ယုတ်လှသည် အသွင်သဏ္ဌာန်သည် ထင်လာဘိသကဲ့သို့ အချို့ လူသားတို့သည် အတိတ်ဘဝ က ကမ္မသတ္တိ ကောင်းကြသဖြင့် စည်းစိမ်ဥစ္စာ ချမ်းသာကြ၏ ။ ရုပ်ဆင်းသဏ္ဌာန် လှပကြ၏ ။ ပညာညဏ် ထက်မြက်ကြ၏ ။ ကျန်းမာသန်စွမ်းကြ၏ ။ အချို့  လူသားတို့ကား အတိတ်ဘဝ က ကမ္မသတ္တိ ညံ့ဖျင်းကြသောကြောင့် ဆင်းရဲ နွမ်းပါးကြ၏ ။ အရုပ်ဆိုး အကြည်းတန်းကြ၏ ။ အသိညဏ် ကင်းမဲ့ထုံထိုင်းကြ၏ ။ အင်အားချိနဲ့ ကြ၏ ။ ကိုယ်အင်္ဂါမပြည့်မစုံချို့ တဲ့ ကြ၏ ။ ဤကဲ့သို့ လူသားအချင်းချင်း တဦး နှင့် တဦး ကွဲပြားခြားနားခြင်းမှာ အထက်ကပြောသကဲ့သို့ အတိတ်ဘဝက ကမ္မသတ္တိ အဆိုးနှင့်အကောင်းအရသာဖြစ်၏ မည်သည့် ထာဝရဘုရား သိုမဟုတ် ယေဟိုးဝါ ၏ ဖန်းဆင်းမှူကြောင့်မျှ မဟုတ်ချေ ။ တနည်းအားဖြင့် ဥပမာပေးရသော် ဥယျာဉ်မှူး တယောက်သည် ချိုမွေးသော အပင်ကို စိုက်လျှင် ချိုမွေးသောအသီးစားရ၍ ခါးသောအပင်စိုက်လျှင် ခါးသောအသီး ကို စားရဘိသကဲ့သို့ဖြစ်၏ ။

ကုန်သည် ခေါ်င်းဆောင်ကြီးက ဖြေလိုက်သည့်အဖြေ ကို ကြားလိုက်ရသောအခါ ကျွန်ုပ်သည် အလွန်ဝမ်သားအားရဖြစ်ကာ သူ့အား မည်သူဟောကြားသည့်တရားတို့ကို လိုက်နာပါသနည်း ဟုမေးမိ၏ ။ ထိုအခါ ကုန်သည် ခေါင်းဆောင်ကြီးက အိုချစ်လှစွာသော သူငယ် ကျွန်ုပ်ကား ဗုဒ္ဓကိုယ်တော်မြတ် ဟောကြားတော်မူသော တရားကိုသာ လိုက်နာကျင့်သုံး၏ ။ ဗုဒ္ဓကိုယ်တော်မြတ်သည် လောကသုံးပါးတွင် ပညာ အရှိဆုံး ဖြစ်သည် ။ အလုံးစုံသော တရားတို့ကို အကြွင်းမဲ့သိမြင်တော်မူသည့် သဗ္ဗညုတ ရွှေညဏ်တော်ရှင်လည်းဖြစ်သည် ဓမ္မစကြာတရားရှင်လည်းဖြစ်သည် ။ သစ္စာလေးပါး တရားတော်ကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူသည်။ အနန္တညဏ်တော် အနန္တတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူသည်ဟု ပြန်၍ဖြေကြား ၏ ။ ထိုအခါ အကျွန်ုပ်သည် ဗုဒ္ဓကိုယ်တော်မြတ် ဟောကြားတော်မူသည့် တရားဒေသနာတို့ကို လိုက်နာ ကျင့်သုံးလိုလှသဖြင့် ကျွန်ုပ်၏ မိတ်ဆွေသစ် ကုန်သည် ခေါင်းဆောင်ကြီးအား ကျွန်ုပ်ကို တိဗက်ပြည်ကြီးသို့ ခေါ်ဆောင်၍ ဆရာတော်ကြီး တပါးထံ အပ်နှံပေးပါရန် တောင်းပန်လိုက်၏ ။ ကျွန်ုပ်က ဤကဲ့သို့ တောင်းပန်းလိုက်သော အခါ ကုန်သည် ခေါ်င်းဆောင်ကြီးက အိုသူငယ် ကျွနုပ်သည် သင့်အား တိဘက်ပြည်သို့ခေါ်သွားလိုပါ၏ ။ သို့ရာတွင် သင်သည် အသက်အရွယ်အား ဖြင့်အလွန်နုနယ်၍ မိဘနှစ်ပါးတို့၏ အုပ်ထိန်းခြင်းမှ မကင်းလွတ်သေးသဖြင့် သင်၏ မိဘများကိုယ်တိုင် သင့်အား ကျွန်ုပ်၏ လက်တွင်းသို့ မအပ်နှံသမျှ ကျွန်ုပ်သည် သင့်အား တိဘက် ပြည့်သို့ ခေါ်မသွားနိုင်ပါ ဟု ဖြေဆိုပါသည် ။

ဤတွင် ကျွန်ုပ်က အိုး မိတ်ဆွေ ကုန်သည် ခေါင်းဆောင်ကြီး ဤကိစ္စနင့် ပတ်သတ်၍ စိုးစဉ်းမျှ မစိုးရိမ်ပါလင့် ။ ကျွန်ုပ်သည် အသက်အရွယ်အားဖြင့် အလွန် နုနယ်သော်လည်း အသိပညာ နှင့် ပတ်သတ်သောအခါ မနုနယ်ပါ ။ ရာထူးဌာနန္တရအားဖြင့် မြင့် မားသူတဦး ဖြစ်ပါသည် ။ ကျွန်ုပ် ၏ ခန့်ညားထယ်ဝါလှသည့် ဝတ်စုံနှင့် ဤ အထိမ်းအမှတ်လက်စွပ်တို့ကိုကြည့်ပါ ကျွန်ုပ်သည်ဤမြို့ မှ ရေဟူဒီ ဘုန်ကြီးများ ထဲတွင် အချုပ် အခြာဖြစ်ပါသည် ။ ကျွန်ုပ် သည် ကျွန်ုပ် မသိမမြင်ဘူးသည့် ယေဟိုးဝါ၏ မူမမှန်သောတရားတို့ကို မုန်းတီး ရွံ့ရှာ လှသဖြင့် သစ္စတရားကို မရ ရအောင် မတွေ့တွေ့ အောင် ရှာဖွေလေ့လာမည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျွန်ုပ် ဤကျောင်းကို စွန့်ခွာခဲ့သူဖြစ်၏ ။ အကယ်၍သာ ကျွန်ုပ်သည် သင့်နှင့်ယခု ကဲ့သို့ မတွေ့ပါက သစ္စာတရားကို ရှာဖွေရန် တောကြီးမျက်မည်းထဲသို့ ရောက်နေမည်ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ်သည် သင့်နှင့် တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ သင် က ခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ ဤမြို့ ဤဒေသမှ အမှန်တကယ်ထွက်ခွာမည်ဖြစ်၏


ကုန်သည်ခေါင်းဆောင်ကြီးသည် ကျွန်ုပ်၏ ရဲ့ရင် ပြတ်သားသောစကားနှင့် ပြင်းထန်သော ဆုံးဖြတ်ချက်တို့ကို ကြားသောအခါ ကျွန်ုပ်အား တိဗက်ပြည်သို့ ခေါ်သွားရန်နှင့် တိဗက်ပြည်သို့ရောက် သောအခါ သူ ကိုးကွယ်ဆည်းကပ်သည့် ဆရာတော်ထံ အပ်နှံပေးရန် သဘောတူလေ၏ ။

ကံကောင်းထောက်ပံသဖြင့် ခရီးသွား ကုန်သည်တို့သည် ထို့နေ့မှာပင် တိဘက်ပြည်သို့ ပြန်ကြရန် စီစဉ်ကြသောကြောင့် ကျွန်ုပ်သည် ချက်ခြင်းပင် သူတို့နှင့် အတူတိဘက်ပြည်သို့ လိုက်ပါသွားခွင့် ရခဲ့၏ ။ ၄ လကြာမျှ အလွန်ပြင်းပြင်း ထန်ထန် ဖြင့် ခရီးကြမ်းနှင့်ခဲ့ကြပြီး နောက် ကျွန်ုပ်သည် တိဗက်ပြည်တောင်ပိုင်း မွန်ဘုန်တော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် အရိယပုတ္တမထေရ်ထံသို့ ရောက်ခဲ့၏ ။ ကျွန်ုပ်သည် တိဗက်ဘာသာစကားကို မတတ်ကျွမ်းသော်လည် ခရီး သွား ကုန်သည်ခေါင်းဆောင် ကြီး၏ အကူညီဖြင့် အရှင် အရိယပုတ္တ မဟာထေရ်မြတ်၏ ခြေတော်ရင်းတွင် ခိုလှုံလိုကြောင်း လျှောက်ထားနိုင်ခဲ့၏ ။

ဆရာတော် မဟာထေရ်မြတ်သည် ကျွန်ုပ်အား အစမ်းသဘောဖြင့် ၆ လတိတိ သူ၏ ခြေတော်ရင်းတွင် ပညာသင်ကြားပေးကာ စောင့်ကြည့်ခဲ့၏ ။ ထိုအချိန် ကာလအတွင်း ကျွန်ုပ်သည် တိဗက်ဘာသာကိုလေ့လာခဲ့၏ ။ ၆ လစေ့သောအခါ မဟာထေရ်မြတ်သည် ကျွန်ုပ် ဆန္ဒပြင်းပြမှူကို ယုံကြည်စိတ်ချကာ ကျွန်ုပ် အား သံဃာအပါး ၃၀ ကျော်နှင့် အလွန်ကြီးမားလှသည် ပရိသတ်ရှေ့ မှောက်၌ သာမဏေရ ဇီဝကိရိတ ဟူသောဘွဲ့ ( ဟေဗြဘာသာအရ ယေရူခရစ်တော် ) ဖြင့် သာမဏေ အဖြစ်နှင့် သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြင့်တော်မူလေ၏ ။

တိမ်မြုပ်နေသော ခရစ်တော် ၏ ဟောပြောချက်များ ဟူသော ကျမ်းသည် စာမျက်မှာပေါင်း (၆၀၀) ကျော်ရှိရာ ထိုကျမ်းဂန် တခုလုံးကို ကုန်အောင် ဦးပဉ္ဖင်းဟာ အကြိမ် ၂၀ ကျော် ထက်မနဲ ဟောရမယ် ဖြစ်တယ် ။ ဒါကြောင့် ကျန်တဲ့ အပိုင်းကို အကျဉ်းချူပ် ပြီး ဟောပါရစေ ။

သာမဏေရဇီဝကိရိတ ( သို့မဟုတ် ) ရှင် သာမဏေဟာ ရနှစ် နဲ့ ၆ လတိုင်တိုင် ရှင်သာမဏေ တို့ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်သိက္ခာတို့ကို ကျကျနန ထိန်းသိမ်းခဲ့လေတော့ အရှင်အရိယပုတ္တမဟာထေရ်မြတ်က အသက် ၂၀ အရွယ်သို့ ရောက်တဲ့ အခါ ရဟန်းတော်အဖြစ် ဥပသမ္ပဒါ ပြုပေးတော်မူသတဲ့ ။

ရဟန်းတော်အရှင်ကိရိတ ဟာ စိတ်အားလဲထက်သန် ဗုဒ္ဓရဲ့ တရားကိုလဲ အလွန်ယုံကြည်ကိုးစား တော်မူတဲ့အတွက် စာပေ ပရိယတ်ကိုလဲ တဖက်က သင်အံ ကျက်မှတ် တဖက်က သမထတရားတို့ကို လေ့လာအားထုတ်နေလေတော့ မကြာမီအတွင်းမှာ ဈာန်အဘိညာဉ်တွေရပြီး တန်ခိုးတွေကို ပြနိုင်လာသတဲ့ ။ သူရဲ့  ဆရာတော် အရှင်အရိယပုတ္တကလဲ ရဟန္တာတပါးဖြစ်လေတော့ ခရစ်တော်ရဲ့  အနာဂတ်အရေးကိုသိမြင်တော်မူသတဲ့ ။

ခရစ်တော်ဟာ အလွန်ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ တွေ့ကြုံရမဲအရေးကို မြင်တော်မူသတဲ့ ။ ဒါကြောင့် ရဟန်းတော် ဇီဝကိရိတက သူ့အရပ် သူ့ဌာနသို့ ပြန်ရန် အခွင့်တောင်းတော့ အခွင့်မပြုဘဲ ငြင်းဆန်နေသတဲ့ ။ ဒါပေမဲ့ တကြိမ်မျှသာ အဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန် လျှောက်ထား တောင်းပန်လေတော့......

အို ချစ်သား ဇီဝကိရိတ ချစ်သား ဟာ အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုလျှင် ချစ်သားအား သွားခွင့်ပြုမယ် ဆရာတော်လိုလားတဲ့အချက်တွေ ကတော့
(၁) အကယ်၍ ရေဟူဒီလူမျိုး များ သို့မဟုတ် က္ကသရေလ လူမျိုး များက သင့်အား တံတွေးများထွေး၍ ရှုံ့ ချ ကဲ့ရဲ့ကြသည့်တိုင်အောင် ၊ ခဲအုတ်များနှင့် ပေါက် သည့် တိုင်အောင် ဆဲရေးတိုင်းထွားသည့်တိုင်အောင် ချစ်သားက ချစ်သား၏ ဈာန် အဘိညာဉ် တန်ခိုးကို အသုံးပြု၍ မတုံ့ပြန်ပါနှင့်။
(၂) အကယ်၍ တစုံတစ်ယောက်သောသူက သင့်အား မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲသည့်တိုင်အောင် ချစ်သားက ပကတိတည်ငြိမ်သော သဘောနှင့်သီးခံရ မည်ဖြစ်၏ ။
(၃) အကယ်၍ တစုံတယောက်သော သူက သင်၏ မျက်မှောက်မှာပင် ဗုဒ္ဓကိုယ်တော်မြတ်ကို၎င်း တရားတော်မြတ်ကို၎င်း သဲဃာတော် အရှင်မြတ်တို့ကို၎င်း သွားပုပ်လေလွင့် မတရားသဖြင့် ပြောသည့်တိုင်အောင် နည်းပရိယာယ် ကိုသုံးလျက် သူတို့၏ မိုက်မှားမူကို သိမြင်လာအောင် ဟောပြော ညွန်ပြရမည် ဖြစ်၏ ။ အကြောင်းသော်ကား သူတို့သည် ဘာမျှမသိမမြင် နားမလည်ကြ၍သာ ပြုကြခြင်းဖြစ်ရာ သူတို့အား အပြစ်မှ ခွင့်လွတ်ရမည်ဖြစ်၏ ။
(၄) အကယ်၍ တစုံတယောက်သောသူက အထင်အမြင်လွဲမှားသည်ရှိသော် နားလည်လာသည့်တိုင်အောင် ဥပမာ ဥပမေယျများကိုဆောင်ကာ ဟောပြော ရှင်းလင်းပြရမည်ဖြစ်၏ ။
(၅) မည်ကဲ့သို့ပင်ဖြစ်စေ သင့်အား ကန့်လန်ဆန့်ကျင်ပြုလုပ်နေကြသည့် သင်၏ ရန်သူများအား မုန်းတီးခြင်း ဒေါသဖြစ်ခြင်း စသည့် အရိပ်လကခဏာ တို့ကို မပြပါနှင့် ။
(၆) သင်သည် အခါမလပ် မမေ့မလျော့သော စိတ်ဓာတ် နှင့် ဈာန် အဘိညာဉ် တရားတို့ကို ပွားများပါလေ ။ မေတ္တာကမ္မဌာန်းကို ပွားများကာ ကမ္ဘာလောက ကြီး တဝှမ်းလုံးကို သင်၏ မေတ္တာဖြင့် လွမ်းမိုးပါစေ ။
(၇) အကယ်၍ တစုံတယောက်သောသူ ( သို့မဟုတ် ) လူတစုက သင့်အား ရိုက်နှက် သတ်ဖြတ်စေကာမူ သေသည်အထိ အသိတရားကင်းမဲ့စွာ မိုက်မှားသူတို့ အပေါ်တွင် မေတ္တာ ဂရုဏာ တရားများ ပွားများကာ နောက်ဆုံး သေသည့်အချိန် အထိ ဗုဒ္ဓကိုယ်တော်မြတ် ၏ ဂုဏ်တော် တရားကို အခါမလပ် ဆင်ခြင်အောက့်မေ့ပါလေ ။ သို့မှသာလျှင် သင်သည် သေသည်၏ အခြားမဲ့၌ အလွန်ချမ်းသာသုခ နှင့်ပြည့်စုံသော ဗြဟ္မာဘုံ သို့ ရောက်မည် ဖြစ်၏ ။

ချစ်သား သင်သည် ဤအချက် ၇ ချက် ကိုလိုက်နာ ကျင့်သုံးပါမည်ဟု ဂတိပေးလျှင် သင်သည် ရေဟူဒီလူမျိုး များအား မည်သည့်နည်းနှင့်မျှ မပြုပြင် မပြောင်းလဲ နိုင်မှန်းကို သိလျက်နှင့် ပြုပြင်နိုင်သော်လည်း သူတို့သည် သင်၏ တရားများကို အထင်အမြင်မှားကာ သင် ကွယ်လွန်ပြီး နောက် သင်ဟော ပြောသည့်တရားတို့ထဲမှ ( ၁) ချစ်ခင်ကြင်နာခြင်း (၂) ဂရုဏာပွားများခြင်း (၃) လေးစားခြင်း (၄) ဥပက္ခာပြုခြင်း (၅) သီးခံခြင်း (၆) အပြစ်မှ ခွင့်လွတ်ခြင်း (၇) ကြိုပမ်းအား ထုတ်ခြင်းစသည့် အချက်အလက်တို့ကိုသာ ဆက်လက်ထိန်းသိမ်း၍ သင်၏ နာမည်ဖြင့် ဘာသာ အယူဝါဒ တရပ်ကို ထူထောင် ကြလိမ့်မည် ဟူ၍ အမိန့်ရှိကာ အရိယပုတ္တမထေရ်မြတ်ဟာ ဇီဝကိရိတ အား ပြန်ခွင့်ပြုလိုက်တယ် ။ ဇီဝကိရိတ ကလဲ သူ့၇ဲ ဆရာတော် အမိန့်ရှိတော်မူတဲ့ အချက်လက်တွေကို သေသည်အထိ လိုက်နာကျင့်သုံးပါ့မယ်လို့ ဂတိကဝတ်ပြုပြီးသူ၇ဲ့ နေရပ်ဌာနသို့ ပြန်လာခဲ့တယ် ။

အဲဒီနောက်မှာ ယုဒယာမြို့ မှာ ခရစ်တော် ပထမဆုံး တရားဟောတဲ့အခါမှာ တရားနာသူတွေက သူ့ကို တံတွေးနဲ့ထွေးကြတယ် ။ သူဟောတဲ့ တရားတွေဟာ ဟေဟိုးဝါ ဘုရားသခင်ကိုယ်တော်မြတ်ရဲ့  တရားတွေ မဟုတ်ဘဲ ဗုဒ္ဓ ကိုယ်တော်မြတ် ဟောတဲ့ တရားတွေသာ ဖြစ်တယ်ဆိုပြီး သူ့ကို ဝိုင်းပြီး ပုတ်ခတ်ပြောဆိုကြတယ် ။ ဂျေရုဆလင်နဲ့ ဘာသလီဟန်မြို့  မှာ ဟောပြန်တော့လဲ ဒီအတိုင်းဘဲ ဖြစ်ရပြန်တယ် ။ သူတို့က သူဟောပြောတဲ့ တရားတွေဟာ ဘယ်လောက်ဘဲကောင်းကောင်း တနည်းနည်းနဲ့ တိုက်ဖျက်ကာ ရှုံ့ ချ ပုတ်ခတ်ကျသတဲ့ ။

ဒီလိုအဖြစ်အပျက်နဲ့ရင်ဆိုင်ရတဲ့ အခါမှာ ခရစ်တော်က သူရဲ့  ဆရာ အရိယပုတ္တမထေရ်က သူ့ကိုမှာ လိုက်တဲ့ ပရိယာယ်သုံးရမယ်ဆိုတဲ့ စကားကိုအမှတ်ရပြီး သူဟောတဲ့ တရားဟာ ယေဟိုးဝါဟော တဲ့တရား များ ဖြစ်ကြောင်းဖြင့် လှည်စားပြီး ပြောလိုက်သတဲ့ ။ အမှန်ကတော့ သူဟာ ပရိယာယ်သုံးရမယ်ဆိုတဲ့ စကားကို အဓိပ္ပါယ်ကောက်မှားပြီး ယခုလို လှည့်စားလိုက်ခြင်းဖြစ်တယ် ။ အဲဒီလိုအလှည့်စားမှားလိုက်တဲ့ အတွက် ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာ ကပ်ပြီး ရေဟူဒီ ဘုန်းကြီးများနဲ့ ရောမလူမျိုးတို့ ရဲ့အသတ်ခံသွားရသတဲ့ ။

ခရစ်တော်ဟာ တန်ခိုးပြာဋိဟာတွေ ပြနိင်ပေမဲ့ ရေဟူဒီ လူမျိုးတွေနဲ့ ရောမလူမျိုးတွေရဲ့  နှိပ်စက်မှုတွေကို သေသည် အထိ တည်ငြိမ်စွာနဲ့ပဲ ခံသွားရရှာတယ် ။ သူဟာ သူရဲ့ ဆရာက မှာလိုက်တဲ့ အတိုင်း မည်သည့်ဈာန်အဘိညာဉ် မျှ မသုံးဘဲ တကယ့် အာဇာနည် ပုဂ္ဂိုလ်ပီပီ သေခြင်းတရားကို ရင်ဆိုင်သွားခဲ့တယ် ။ ဒါကြောင့်ရေဟူဒီ လူမျိုးတွေဟာ ခရစ်တော်လိုသူတော်ကောင်း တယောက်ရဲ့ အသက်ကို ရက်ရက် စက်စက် သတ်ဖြတ်မိကြတဲ့အတွက် ယနေ့အထိ ကိုယ့်တိုင်းပြည်ရယ်လို့ လက်ညိုးထိုးပြစရာ တိုင်းပြည်မရှိ ဘာမရှိနဲ့ ကလေကဝ ဖြစ်နေကြတာပေါ့ ။

အဲဒီပါမောက္ခ မစ္စတာ ဂိုးရစ်(ခ်) တွေ့ ရှိထားတဲ့ မှတ်တမ်း အရ ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ သားတော်မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ကောင်းကောင်းကြီး လက်ခံနိုင်ပြီ မဟုတ်လား ။ ဒါပေမဲ့ သူက ကျွန်ုပ်ကား ထာဝရ ဘုရားသခင် ယေဟိုးဝါ၏ သားတော်ဖြစ်သည် ဟူသော စကားကိုပြောကာ ရေဟူဒီ လူမျိုးတွေနဲ့ က္ကသရေလ လူမျိုးတွေကို သူ့တရားကို လိုက်နာကြပြီး သူ့နောက်ကို လိုက်လာအောင် ပရိယာယ်သုံးခဲ့တယ် ။ ဒါပေမဲ့ သူရဲ့ဆရာတော် က နိမိတ်ဖတ်လိုက်တဲ့ အတိုင်းဘဲသူရဲ့ နောက်လိုက်တွေက သူရဲ့ ဟောပြောချက်တွေကို တမျိုးတဖုံ သူတို့ လိုသလိုဆွဲသုံးကြပြီး ယေဟိုးဝါ ကိုရော် ခရစ်တော်ကိုပါ ကိုးကွယ်ဆည်းကပ်ကြတယ် ။

ကျွန်ုပ်သည် ယေဟိုးဝါ ထာဝရ ဘုရားသခင်၏ ဓမ္မဟောင်းကို ပယ်ဖျက်ပြီး ဓမ္မသစ်ကို တီထွင်သည် ။ ကျွန်ုပ်သည် ဘုရားတန်ဆောင်းဟောင်းကို ဖြိုဖျက်၍ ဘုရားတန်ဆောင်းအသစ်ကို တည်ဆောက်သည် ။ ကျွန်ုပ်သည် အရေတော်ကို လှီးဖြတ်၍ သာဘာအယူဝါသရေးရာအရ ကင်းပွန်းတပ်သည်ထုံးတမ်းဓလေ့ကို တီထွင်သည် ။ ဟူသော ခရစ်တော်ရဲ့ သုံးခွန်းတည်းသောစကားတို့ကို သူရဲ့ နောက်လိုက်များက မှားယွင်းတဲ့ အနက်အဓိပ္ပါယ်ဖြင့် ကောက်ယူခံကြတယ် ။ ဒါပေမဲ့ ဒီစကားတွေကို ကြည့်ခြင်းအားဖြင့် သူရဲ့ ဘာသာ အယူဝါဒကို ယေဟိုးဝါရဲ့ ဘာသာ အယူဝါဒနဲ့ လုံးဝမတူကြောင်းကို အထင်အရှား သိမြင်နိုင်ပါတယ် ။ ဒါပေမဲ့ ခရစ်ယန်ဘာသာဝင်တွေက ဒါကို နားမလည်ကြသေးဘူး ။ သဘောမပေါက်ကြသေးဘူး ။ ခရစ်တော်ရဲ့ သွန်သင်ဟောပြော ချက်တွေရဲ့အနက် အဓိပ္ပါယ်ကို နားမလည်ကြသေးဘူး ။

အထက်က ဦးပဉ္ဖင်း ဟောပြောခဲ့တဲ့ တကယ့်တိကျ မှန်ကန်တဲ့ သက်သေ သာဓက တွေ အပြင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့သားတော် မဟုတ်ကြောင်းကို နောက်ထပ်သက်သေ သာဓက ပြပါဦးမယ် ။ ထာဝရ ဘုရားသခင်ရဲ့တရား တွေနဲ့ ခရစ်တော်ဟောတဲ့ တရားတွေရဲ့ခြား နားချက်တွေကို တကယ်တမ်းစီစစ်ကြည့်တတ်ရင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ ရန်သူ တနည်းအားဖြင့် ဆန့်ကျင်သူ ဖြစ်ကြောင်းကို လွယ်လင့်တကူသိမြင်နိင်ပါတယ် ။ ဓမ္မဟောင်းကျမ်းစာထဲမှာ ထာဝရဘုရားသခင်က အဗြဟမ်အား

အကယ်၍သင်၏ မျက်လုံးကို တစုံတယောက်သောသူက ထိုးဖောက်၍ ယူသွားခဲ့သည်ရှိသော် ထိုသူ၏ မျက်လုံးကိုလည်း သင်က ထိုးဖောက်၍ယူလေ ။ အကယ်၍ တစုံတယောက်သော သူက သူ၏နှာခေါင်းကို လှီးဖြတ်သည်ရှိသော် ထိုသူ၏ နှာခေါင်းကို သင်ကလည်း လှီးဖြတ်ပစ်ပါလေ ။ အကယ်၍ တစုံ တစ်ယောက်သောသူက သင်၏ အသက်ကို သတ်ရန် ကြိုးပမ်းခဲ့သည်ရှိသော် သင်ကလည်း ထိုသူ၏ အသက်ကို သတ်ဖြတ်ပါလေ ။ ငါကား ဒေါသတရားဖြင့် ထုံအပ်သည့်ထာဝရဘုရား သခင်တည်း ။ ငါသည် သင့်အား လက်စားချေရေး တရားအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏ ဟုအလေး အနက်ဟောပြောတော်မူခဲ့တယ် ။

ဒါပေမဲ့ဂရုဏာတရား ပွားများလှတဲ့ ခရစ်တော်ကတော့ အကယ်၍ တစုံတယောက်သောသူက သင်၏ခြုံစောင်ကို ယူသွားခဲ့သည်ရှိသော် သင်၏ အင်္ကျီကိုပါ ချွတ်၍ လှူဒါန်းပေးကမ်းပါလေ ။ အကယ်၍ တစုံတယောက်သော သူက သင်၏ လက်ယာဘက်ပါးကို ရိုက်ခဲ့သည်ရှိသော် ထိုသူအား သင်၏ လက်ဝဲဘက် ပါးကိုပါ ရိုက်ပါစေ ။ အစစကို သီးခံပါ ။ သီးခံခြင်းသည်သာလျှင် ကုသိုလ်တရားများကို ပွားများပေးစေနိုင်သည် ။ သင်၏ အိမ်နီးချင်းများကို သင့်ကိုယ်ကို ချစ်ခင်သကဲ့သို့ ချစ်ခင်ပါ မည်သည် သက်ရှိသတ္တဝါ ကိုမျှ အန္တရာယ် မပြုပါနှင့်လို့ သူရဲနောက်လိုက်တွေကို ဟောပြော သွန်သင်ခဲ့တယ် ။

ထာဝရဘုရား ယေဟိုးဝါနဲ့ ခရစ်တော်ဟောတဲ့ ဒီတရားနှစ်ခုဟာ တခုနဲ့တခု စပ်လို့ဟပ်လို့မရအောင် ကွာခြားနေတာကို တွေ့နေရပါတယ် ။ ဒါကြောင့် ခရစ်တော်ဟာ ယေဟိုးဝါရဲ့သားတော်မဟုတ်ပဲ ထာဝရဘုရား ယေဟိုးဝါရဲ ၇န်သူဖြစ်ကြောင်းကိုအသိညဏ်ရှိတဲ့သူတိုင်း အထင်အရှား နားလည် သဘော ပေါက်နိုင်ပါတယ် ဒီနည်းနဲ့ ခရစ်တော်ဟာ ထာဝရဘုရား ယေဟိုးဝါရဲ့ ဓမ္မဟောင်းကို ချိုးဖောက် ဖျက်ဆီးခဲ့တယ် ယေဟိုးဝါရဲ့ ဘုရားတန်ဆောင်း ကို ဖျက် ဆီးခဲ့တယ် အရေးပြားလှီဖြတ်ပြီး ဘာသာအယူဝါဒဆိုင်ရာ ကင်ပွန်းတပ် ထုံးတမ်းဓလေ့ကို ပယ်ဖျက်ခဲ့တယ် ။

ဒီနေ့ရာမှာ အခွင့်သင့်လို့ ခရစ်တော် ပြန်လည်ရှင်သန်လာခြင်းဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်လို့ ဦးဇင်း အကျဉ်ချုပ် သဘော နည်းနည်းဟောချင်ပါတယ် ခရစ်တော် သေပြီး တတိယမြောက်နေ့မှာ ပြန်လည်ရှင်သန်လာတယ်ဆိုတဲ့ အဖြစ်အပျက်ကလေးကတော့ တော်တော်လေးကို ဦးနှောက် ကောင်းကောင်း နဲ့ တီထွင်လိုက်တဲ့ ဇာတ်လမ်းကလေးတပုဒ်ဖြစ်တယ် ။ ဒီဇာတ်လမ်းကို တီထွင် လိုက်တဲ့ လူကတော့ ပြည်တန်ဆာ လုပ်စားတဲ့ပြစ်မှူနဲ့ ရေဟူဒီ တရားရုံးက အမိန့် အရ ရေဟူဒီ တွေက ခဲနဲ့ ဝိုင်းပေါက်ခြင်းခံရတဲ့ မေရီ မက်(ဂ်) ဒါလီနာ ဆိုတဲ့ အမျိုးသမီးတယောက်ဖြစ်တယ် ။

ဟေဟိုးဝါ သက္ကရာဇ် ( ၃၂၀၁) ခုနှစ်မှာ ရောမလူမျိုး ဘုရင်ခံ ပွန်တီယပ်(စ်) ပစ်လေးက ခရစ်တော် ကွယ်လွန်ခြင်းနဲ့ လိမ်လည်လုပ်ကြံထားသော ပြန်လည် ရှင်လာခြင်း ဆိုသော စာတမ်းတစောင့်ကို ထုတ်ဝေခဲ့ပါတယ် ဒီစာတမ်းကတော့

ဘက်သလဟမ်မြို့ မှ မေရီ၏ သား အင်နာယေရူခရစ်၏ မြေးသည် ယေဟိုးဝါ၏ အယူဝါဒကို မထီမဲ့မြင် သေးသိမ် ယုတ်ညံ့အောင် ပြုလုပ်လျက်ရှိသည် ဟူသော ရေဟူဒီဘုန်ကြီး များ၏ တရားစွဲဆိုချက်အရ ရောမလူမျိုးတို့၏ ဥပဒေအရ ၎င်းအား ရာဇဝတ်ကောင်များကို ကားတင်၍ ကွပ်မျက်နေကျ ဖြစ်သည့် ဆီနိုင်တောင်ထိပ်မှ လက်ဝါးကပ်တိုင်၌ ကားတင်၍ ကွပ်မျက်ပစ်လိုက်၏ ။ ထို့နောက် ခရစ်ယာန်ဘာသာဝင်တို့အား ခရစ်တော်၏ အလောင်းကို မည်သူမျှ တူးဖော်ရွှေ့ ပြောင်းခြင်း မပြုရဟု အမိန့်ထုတ်ဆင့်ထားသော်လည်း ခရစ်ယန်ဘာသာဝင် တို့က တူးဖော်ရွှေပြောင်းပစ်မည်ဟူသော ကောလဟာလများ ဖြစ်ပွားနေသဖြင့် သူ၏ အလောင်းကို ကျောက်ဂူထဲတွင် မြုပ်ပြီး အလွန်ကြီးမားသော ကျောက်တုံးကြီးများကို တင်ထားလေ၏ ။ ၎င်းပြင် ရောမစစ်သည် တော် ၅၀ ကို အစောင့်ချထားလေ ၏ ။ ခရစ်တော်သည် တန်ခိုးပြာဋိဟာတို့ ကို ပြသနိုင်သူဖြစ်ရကား ရောမ လူမျိုးဘုရင်သည် သူတဖန်ပြန်၍ ရှင်လာမည် ကို စိုးရိမ်လှသဖြင့် အစောင့် စစ်သားများအား အထူးဂရုတစိုက် စောင့်ကြပ်ရန် အမိန့်ထုတ်လေ၏ ။ ခရစ်တော်အသတ်ခံရပြီး ဒုတိယည၌ မေရီမက်(ဂ်) ဒါလီနာ သည် ကချေသည်အဝတ်တို့ကို ဝတ်ဆင်ပြီး ဆေးစပ်ထားသည် အရက်နီကို ဖန်တဂေါင်းတခုထဲတွင် ထည့်ကာ ခရစ်တော်မြုပ်ရာ ကျောက်ဂူအနီး သို့ ချဉ်းကပ်လေ၏ ။ ရောမစစ်သည်တော်တို့က မက်(ဂ်)ဒါလီနာသည် ခရစ်တော်အား တကယ်တမ်း ကြည်ညိုသူတစ်ယောက်ဖြစ်သည့် အကြောင်းကို ၄င်း ခရစ်တော်၏ အလောင်းကို လာရောက်၍ ယူသည့်သူ့အကြောင်းကို၎င်း မသိကြသောကြောင့် သူ့အား သူတို့ ရှေ့ တွင် ကခုန်သီဆိုခွင့် ပြုထားမိကြ၏ ။ သူ သည် ဆိုရကရ ၍ မောလာသောအခါ အရက်ဖန်တဂေါင်းကို ဖွင့်၍ သောက်ဟန် ပြုလေ၏ ။ သဘာဝ အလျှောက် အရက်ကို တပ်မက်ကြသည့်စစ်သား တော် တို့သည် မက်(ဂ်) ဒါလီနာ က သူတို့ အား အရက်တဂေါင်းကိုပေးလျှင် အားပါတရသောက်လေ၏ ။ စစ်သည်တော်တို့သည် အလွန်ပြင်းထန်တဲ့ သည့် ဆေးများကို ခပ်ထားသည့် မက်(ဂ်) ဒါလီနာ ၏ အရက်ကို တဖန်ခွက်စီ သောက်ကြ၏ ။ မိနစ်အနည်းငယ်ကြာသော အခါ ဆေးစပ်ထားသည့် အရက်တန်ခိုး ကြောင့် နှစ်နှစ် ခြိုက်ခြိုက် ကြီး အိပ်ပျော်ကြရာ ၃ရက်ကြာမှ နိုးကြ၏ ။ ရောမ စစ်သည်တော်များ အိပ်ပျော်နေစဉ်အတွင်း မက်(ဂ်)ဒါလီနာ သည် ခရစ်ယန်ဘာသာဝင်တို့ကို စုကာ ခရစ်တော်၏ အလောင်းမြုပ်နှံထားသည့် ဂူပေါ်မှ ကျောက်စိုင်ကျောက်တုံးကြီးများကို ဖယ်ရှား ပစ်ကြ၍ အလောင်းကိုတူဖော်ယူကာ အစိုးရ အာဏာပိုင်များ မသိသည့် နေရာသို့ တိတ်တဆိတ် ပြောင်းရွှေ့  မြှုပ်နှံလိုက်၏ ။ နောက်တနေ့ နံနက်စောစော အချိန်တွင် မေရီမက်(ဂ်) ဒါလီနာ သည်နန်းတော် တရားလွတ်တော် ဈေးနှင့် ဇတ်ရုံများသို့သွားရာ လမ်းလေးခွ၌ ခရစ်ယန်ဘာသာဝင်များ စွာတို့ကို စုရုံး၍ အို ကျွန်ုပ်တို့၏ ယေရူသခင်အား သက်ဝင်ယုံကြည်သူ အချင်းတို့ ကြည့်ကြကုန်လော့ .. ယေရူကိုယ်တော်မြတ်၏ ကျက်သရေ ရှိလှစွာသော ရုပ်သဏာန် တော်ကို ဖူးမျှော်ကြလော့ ။ ကိုယ်တော်မြတ်ကား ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူလျက်ရှိသည်ကို ကြည့်ကြကုန်လော့ ဟု အော်ဟစ်ကြွေးကြော်ကြ လေသည်။

ရေဟူဒီများး ရောမလူမျိုးများနှင့် အခြားဘာသာများကို သက်ဝင်ယုံကြည်သူတို့က သင်၏ ခရစ်တော်အား အဘယ်မှာနည်း ခရစ်တော်သည် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းလျက်ရှိသည်ဟု သင်တို့က မည်မျှပင် ဟစ်အော် ကြွားဝါနေကြသော်လည်း ငါတို့သည် မမြင်ချေတကား ။ သင်တို့သည် လိမ် လည်နေခြင်းသာဖြစ်၏ ဟု ပြန်၍ပြောကြ၏ ။

ထိုအခါ မေရီမက်(ဂ်) ဒါလီနာက

ခရစ်တော်အား ယုံကြည် ကိုးကွယ်၍ အရေပြားကို ဖြတ်သည့်ထုံးတမ်းဓလေ့ကို မလိုက်နာ မကျင့်သုံးသူတို့သာ ခရစ်တော်ကောင်းကင်ဘုံနန်းသို့ ကြွမြန်း တော်မူသည် ကိုမြင်ကြရချေမည် ။ သခင်ယေရူကိုယ်တော်မြတ်ကို သက်ဝင် ယုံကြည်မူမရှိဘဲ သတ်ဖြတ်လုပ်ကြံ သည့် သင်တို့ ဒိဌိ များကား ခရစ်တော် ကိုမြင်ရမည်မဟုတ်ချေ သင်တို့ ကြည်ကြလော့ ထာဝရဘုရားသခင်၏ တမန်တော်က သူ၏ ဂူပေါ်တွင် တင်ထားသည့်ရာပေါင်းများစွာသော လူအားနှင့်မှ ရွှေနိင်သော ကျောက်တုံးကြီးကို ရွှေပြီးလျှင် အစိတ်စိတ်အမွှာမွှာ ခွဲပစ်သည်ကို တွေ့ကြရမည်။ ၎င်းပြင် ရောမစစ်သည် တော် (၅၀) ကို တမန်တော်က မူးမေ့ နေအောင် ရိုက်နက်ထုထောင်းခဲ့သည် ကိုလည်းကြည့်ကြဦးလော ဟုဆိုပြန်သည် ။

ခရစ်ယန်ဘာသာဝင်တို့က မည်မျှပင် ဟစ်အော် ကြွေးကြော်နေကြသော်လည်း ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းသည်ကို မမြင်ရသည့် အစိုးရအဖွဲ့ အာဏာပိုင်များက ရေဟူဒီလူမျိုးများနှင့် ရောမလူမျိုး တို့သည် ဆီနိုင်တောင်ထိပ်ပေါ်သို့ တက်ကြည့်ကြရာခရစ်တော် ၏ ဂူပေါ်တွင်တင်ထားသည့် ကျောက်တုံးကြီးနှင့် ခရစ်တော်၏ အလောင်းကို မတွေ့ရကြတော့ချေ ။ ၎င်းပြင် ရောမစစ်သည်တော်တို့ မူးမေ့နေကြသည်ကို တွေ့မြင်ရလေ၏ ။

ဤ အဖြစ်အပျက်ကို ဘာတခုမျှ မသိလိုက်ကြသော ရောမစစ်သည်တော်တို့အား ရောမအာဏာပိုင်တို့က ထောင်ထဲသို့ ပို့ကြ၏ ။ သို့ရာတွင် တတိယနေ့၌ ရောမစစ်သည်တော်တို့သည် သတိရလာကြ၍ မက်(ဂ်) ဒါလီနာ က သူတို့ကို အကအဆိုဖြင့် ဖြေဖျော်ပြီးနောက် ဆေးစပ်ထားသည့် အရက်ကို တိုက်ကြောင်း ထို့နောက် သူတို့ သတိလစ်သွားကြောင်းပြန်ဖြေကြလေ၏ ။ ဤကဲ့သို့ အဖြစ်အပျက်အမှန်ကို သိသောအခါ ရောမအာဏာပိုင်တို့သည် မက်(ဂ်) ဒါလီနာ နှင့် တကွ ခရစ်ယာန် ဘာသာဝင် ရေဟူဒီများနှင့် က္ကသရေလ လူမျိုးပေါင်း ၁၀၀၀ ကျော်တို့ကို ဖမ်းဆီး၍ ခေါင်းဖြတ်ပစ်လိုက်ကြ၏ ။

ဒါဟာ ရောမဘုရင် ပစ်လေးရဲ့ မှတ်တမ်းဘဲ ။ ခရစ်တော် ဟာ တန်ခိုး ပြဋိဟာ တွေ ပြနိုင်တာကတော့ မှန်ပါတယ် ။ ဒါပေမဲ့ သူကိုယ်တိုင်က အသက် သေသွားပြီးဖြစ်တော့ ဒီတန်ခိုးပြာဋိဟာတွေကလဲ ဘာမှအသုံးမဝင်တော့ဘူးပေါ့ ။ ခရစ်တော်ဟာလဲ တခြားသတ္တဝါတွေလိုပဲ သေပြီးနောက်ပြန်မရှင် နိုင်တော့ဘူးပေါ့ ။

ဝစ်လဆင် ။ တပည်တော်တို့ တခါမှ မကြားဘူးတဲ့အ ခု ဆရာတော်ဟောပြောတော်မူတဲ့ ရောမဘုရင်ခံ ပစ်လေးရဲ့ မှတ်တမ်းကိုကြားရတော့မှဘဲ ခရစ်တော်ဟာ တိဘက်ပြည်က ဗုဒ္ဓဘာသာရဟန်းတပါးရဲ့ တပည့်သာဝက ဖြစ်တဲ့အတွက် သူပြောပြတဲ့ တရားတွေနဲ့ ဗုဒ္ဓရဲ့ တရားများနဲ့ တူနေကြောင်း ကိုတပည့်တော်သိရပါတယ် ။ နောက်တခုက တော့ သူဟ အရိမိတေယျဘုရား အလောင်းတော်မဟုတ်တဲ့ ဆရာတော်တို့လို့ ဗုဒ္ဓဘာသာ ရဟန်းတော်တပါး ဖြစ်ကြောင်း ဈာန်အဘိညာဉ် ရကြောင်းတို့ကိုလဲ တပည့်တော်လက်ခံပါတယ် ။ သူလဲဘဲ ပထဝီ တေဇာ ဝါယော အာပေါဆိုတဲ့ ဓါတ်လေးပါး အဆောက်အဦး ဖြစ်တဲ့အတွက် အသက်သေပြီးတဲ့နောက် ပြန်ပြီး တဖန်မထနိုင်တော့ဘူး ဆိုတာလဲ တပည်တော် ယုံကြည်ပါပြီ ဆရာတော် ။

ဆရာတော်ဟာ ဘာသာအရပ်ရပ်နှင့်တကွ သိပ္ပံပညာ ကိုပါ နှံနှံစပ်စပ် အသိမြင်များတဲအတွက် တပည့်တော်က ဆရာတော်ကို ကြည်ညိုပါတယ် ။ အခု ဆရာတော် ဟောပြတဲ့အချက်အလက်တို့ကိုလဲ တပည်တော် ယုံကြည်ပါတယ်ဆရာတော် ။

ဤတွင် ပရိသတ်က သာဓု အနုမောဒနာ ခေါ်ကြလေသည်။။။။

အပြည့်အစုံသို့...

blogger templates | Make Money Online