Tuesday, June 9, 2009

ရွှေဝါရောင်မြန်မာရဟန်းတပါးထိုင်းမြန်မာနယ်စပ်ရောက်ရှိ...


>
ရွှေဝါရောင်တော်လှန်ရေးအတွင်း ဦးဆောင်ပါဝင်ခဲ့သူ မြန်မာရဟန်းတော်တစ်ပါး နယ်စပ်သို့ ရောက်ရှိလာခဲ့ သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပြန်ကြားရေးနှင့် စည်းကမ်းထိမ်းသိမ်းရေး တာဝန်ဖြင့် ပါဝင်ခဲ့သောသက်တော် ၃၃နှစ် သိက္ခာတော်၁၃ ၀ါရှိ အရှင်နေမိန္ဒသည် မေလ ၃၀ရက်နေ့၌ ထိုင်း- မြန်မာ နယ်စပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း ရန်ကုန်တိုင်းဒေါပုံမြို့နယ် စတုဘုမ္မိက ကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူခဲ့သည်။

(ဦးဇင်းတို့ ဒုတိယနေ့  မှာပေါ့ရွှေတိဂုံဘုရားအရှေ့  ဖက်မုဒ်မှာ အပါး ၂၀ လောက်နေရာယူခဲ့တယ်။ဦးဇင်းတို့  စလောက်တုန်းက ဦးဂမ္ဘီရတို့ နဲ့ မဆက်သွယ်ရသေးဘူး။ ဒါပေမယ့်နောက် တော့သူကပြင်ပမီဒီယာနဲ့  အဆက်အသွယ်ရှိတော့ပိုအားကောင်းလာတာပေါ့။ မြန်မာနိုင်ငံမှာက အထွေအထူး စည်းရုံးစရာမလိုဘူး၊ အကုန်လုံးမခံချင်ဖြစ်နေတာလေ။ ဦးဇင်းတို့ ရှေ့ ကတက်လာလိုက်တာနဲ့  အားလုံးတက်လာလိုက်ကြတာပဲ။ မျက်ရည်ယိုဗုံးတွေ ၊သေနတ်တွေနဲ့ ပစ်လာတော့ ပုထုဇဉ်ပဲလေ။ ကြောက်ကြတာပေါ့။ ညဘက်ကျတော့ ဘုန်းကြီးကျောင်းတွေကို ၀င်ပြီးဖမ်းတယ်လေအားလုံးထွက်ပြေးကြတော့တာပေါ့ ဦးဇင်းတို ကျောင်းကိုလာပြီးတော့ ပစ္စည်းတွေသိမ်းယူသွားတယ်။ဒုတ်တွေနဲ့ ရိုက် သေနတ်တွေနဲ့  ပစ်တော့ဦးဇင်းတို့  အုတ်တံတိုင်းကိုကျော်ပြေးကြတယ်။မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တော့ဦးဇင်းတို့ တစ်စုရေကန်ထဲမှာစိမ်နေကြရတယ်လေ) သူငယ်ချင်းသံဃာတော်များမှာ နယ်မှလာရောက်ကြသူများဖြစ်သဖြင့်မိဘများ မှာမစုံစမ်းတတ် သဖြင့်သေဆုံးသူပျောက်ဆုံးသူ မြောက်များစွာရှိကြောင်းပြောသည်။ ထောင်မှထွက်လာသော သံဃာအချို့ မှာလည်းယားနာ၊ ၀မ်းဖေါ့ဝမ်းရောင်နှင့် အမောမခံနိုင် လောက်အောင် ချိနဲနေကြကြောင်းပြောသည်။ လူများ မထင်မှတ်ထားသော ရွှေဝါရောင်တော်လှန်ရေးပေါ်ပေါက်လာသောအခါ စစ်အစိုးရအနေဖြင့် ခြေမကိုင်မိလက် မကိုင်မိဖြစ်နေချိန်၊သံဃာတော်များထောင်သောင်းချီပြီးနိုင်ငံအနှံ့  ပေါ်ပေါက်လာသောအခါ ပြည်သူလူထုကပူး ပေါင်းပါဝင်ရန်တောင်ဆိုခဲ့ကြသည်။ သံဃာနှင့်ပြည်သူ တပေါင်းတစည်း တည်း မဖြစ်လာပဲမည်သည့် အတွက်ကြောင့်၊ အောင်ပွဲခံသည့်အဆင့်သို့  မရောက်ရှိခဲ့သလဲ ဆိုသောအမေးကို အရှင်နေမိန္ဒ က( ဦးဇင်းတို့  ကိုဒကာဒကာမတွေက ပြောတယ်။ ပူးပေါင်းပါဝင်မယ်ပေါ့။ဘုန်းကြီးတွေကပြောတယ် ဘုန်းကြီးတို့  သက်သက်မေတ္တာပို့  လမ်းလျှောက်မယ် ။လူတွေဝင်လာရင်ဖြိုခွင်းခံရနိုင်တယ်။ အစိုးရဟာ ဘုရားသားတော်တွေကိုတော့မရက်စက်တန်လောက်ပါဘူး။ အေးအေးချမ်းချမ်းပဲ ဖြေရှင်းချင်ပါတယ်။ ဒီလိုတွေးပြီးလူပုဂ္ဂိုလ်တွေရဲ့  အင်အားကိုမစုခဲ့ကြတာလည်း ဦးဇင်းတို့  အားနည်းချက်လို့ ပြောမလား၊ဦးဇင်းတို့  ကတော့ပြည်သူတွေနာမှာမလိုလားတဲ့အတွက်ပါ) ဟုမိန့်  တော်မူသည်။ ရွှေဝါရောင်တော်လှ န်ရေကြီးပြီးဆုံးပြီးနောက်ပိုင် နယ်ရာဒေသအစုံ တိုတွင် လှည့်လည်သီတင်းသုံးနေထိုင်နေခဲ့ရပြီး။ လုံးဝနေထိုင်ရပ်တညှ်ုမဖြစ်နိုင်တော့သဖြင့် နယ်စပ်သို့ တိမ်းရှောင်လာခဲ့ကြောင်း သိရသည်။ နောက်ဖြစ်ပေါ်လာနိုင်ခြေရှိသောလူထုအုံကြွမှုအခြေအနေများအားရှင်းပြရာတွငအာဏာရှင်စနစ်ကို
မလိုလာကြတော့သော်လည်း လူအများမှာ နေ့ ညစားဝတ်နေရေးတို့တွင်လုံးချာလည် နေပြီးငတ်ပြတ်နေကြသည်ဟုဆိုသည်၊ အထူးသဖြင့် စွမ်းအားရှင်ကြံ့ ဖွံ့ နှင့် ရတို့ မှာ နေရာတိုင်း လမ်းတိုင်းတွင်စောင့်ကြပ်နေကြပြီး နိုင်ငံရေးစကားပြောဖို့  ပင်ခက်ခဲနေကြောင်း ပြောသည်။ စာသင်တိုက်များတွင် လည်း ကျောင်ထိုင်အဆောင်ပိုင် ဘုန်းတော်ကြီးများကို အာဏာာပိုင်များကနိုင်ငံရေးလုပ်သည့် စာသင်သားသံဃာတော်များကို ကျောင်းတွင် တည်းခိုနေထိုင်ခွင့်မပြုရန်လက်မှတ်ထိုးခိုင်းထားရုံမက သတင်းပေးအင်ဖော် မာများလည်း ကျောင်းတိုင်း တွင် ထားရှိကြောင်းသိရသည်။မြန်မာလူထုမှာ မကျေနပ်မှုများ စွာရှိနေပြီး လူထုကိုခေါင်းဆောင်နိုင် မည့်လူပုဂ္ဂိုလ်များ ပေါ်ထွက်လာပါကအချိန်မရွေး လူထုအုံကြွမှုဖြစ် လာနိုင်ကြောင်း ပြောထိုအရှင်နေမိန္ဒကမိန့်တော်မူသည်။
ပြည်တွင်းမှာနေလျှင်ထောင်ကျမည်ဖြစ်ပြီးပြည်ပမှနှေုလုပ်နိုင်သမျှမြန်မာ့အရေးကိုဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

သတင်း....ဦးကျော်သောင်း(ဘန်ကောက်)
http://jacbaburma.blogspot.com/2009/06/blog-post_6966.html

0 Comments:

blogger templates | Make Money Online