Wednesday, June 3, 2009

ကျော်ဆန်း ရေ ကြည့် လည်း အာပါဦး






သာကီနွယ်ဆိုတဲ့ဘလောက်ကကျော်ဆန်းကိုယ်တိုင်ဦးစီးနေတဲ့ဘလောက်ဖြစ်ပါတယ်။ ဒီဘလောက်မှာ အင်တာနက်သတင်တန်းလာရောက်ပို့ ချနေတဲ့  ဖိလီသောမ်ဆင်ကို ယက်တော လိုမှားယွင်းစွာဖေါ်ပြထားပါတယ်။ ကျော်ဆန်းရေ ကြည့်လည်း အာပါဦးလို့  သတိပေးလိုက်ပါတယ်။


အာဆီယံအစည်းဝေးရှိသဖြင့် ဒေါ်စုအား ထောင်မချသေးပဲအချိန်ဆွဲ နေခြင်းဖြစ်

နအဖ ဟာ အာဆီယံအစည်းဝေးရှိနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အားရုံးတင်နေခြင်းကို အချိန်ဆွဲလိုက်ခြင်းဖြစ်ပြီး အာဆီယံအစည်းဝေးပြီးသွားပါက ဒေါ်စု အား ထောင်ချရန် စီစဉ်ပြီးဖြစ်ကြောင်းသိရပါတယ်။ ဒေါ်စုအား မည်သည့် နေရာတွင်ထားမည်ဆိုသည်နှင့်ပတ်သက်ပြီး နအဖ အတွင်း
ခေါင်းကိုက်နေသည်ဟုသိရသည်။ ဒေါ်စုအားအင်းစိန်ထောင်ထွင်ထားပါက လူထု က လူထု နှင့်နိင်ငံတကာ က
လက်လှမ်းမိတဲ့အနေထားတွင်ရှိနေသဖြင့် ဒေါ်စုအား ရဲ မွန် ရိပ်သာတွင်လည်း ထားကောင်းထားနိင်ကြောင်း
နအဖ အတွင်း မှ လာသော သတင်းများအရသိရပါတယ်။

တူး တူမော်ရိုး ( Two Tomorrow)


သိန်းစိန် အင်္ဂလိပ်စကားမပြောတတ်ပဲ ၀န်ကြီးလုပ်နေခြင်း

ဗီယက်နမ် မှာလုပ်တဲ့ အာဆီယံအစည်းဝေးမှာ သိန်းစိန် ဟာ ခွေးအကြီးလှည်းနင်းနေသလို ပဲ ဖြစ်နေတယ်ဆိုပဲ။အင်္ဂလိပ်လို ကလည်း မတတ်တော့ ဘာမှလည်းဝင်မဆွေးနွေးနိင်၊ သတင်းတောက်တွေကို ရှောင်ပုန်းနေတယ်။ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့စကား က သိန်းစိန်အတွက်တော့ ပြောင်းပြန်ဖြစ်နေတာပေါ့။ပညာကလည်း ဟုတ်တိပတ်တိ မတတ်၊ ဒီအက်စ်အေလား၊ အိုဒီအက်စ်ကလားခြောက်တိခြောက်ချဲ့ တတ်ထားတဲ့ပညာက အာဆီယံအစည်းဝေးမှာ တိုးလို့ မပေါက် ။ ဒီတော့အစည်းဝေးတလျောက်လုံးမှာ ဗီယက်နမ်ဝန်ကြီးချုပ်နားကပ်ထိုင်နေရသတဲ့။ တတ်တဲ့ အင်္ဂလိပ်စကားကလည်း -YOU GO . I GO. YOU eat I eat . သဘက်ခါ မြန်မာ ပြည်ပြန်ကို Tomorrow -Tomorrow - Two Tomorrow I GO home. လို့  စင်္ကပူ ၀န်ကြီးချုပ်ကိုပြောသတဲ့။ မြန်မာတွေအင်္ဂလိပ်စကားကို အာဆီယံတွေ ဖြုံခဲ့တာ အစဉ်အဆက်ပါ။ ဒီ နွားအဖွဲ့ တက်လာမှာသောက်ရှက်လုံးလုံးကွဲတာပဲဗျာလို့  နိင်ငံခြားရေး ရုံးမှာ တာဝန်ကျနေတဲ့ ၀န်ထမ်းတဦးကညည်းပါတယ်။ သူက ဆက်ပြီး ခင်ဗျား ကြည့် စမ်းပါ။ မြန်မာ ပြည်မှာ ရေခဲရေရောင်းတဲ့ချာတိတ်ကတောင် တိုးရစ် က ဟေ့ တခွက်ဘယ်လောက်လဲ ဆိုရင် - တူးကေ ( 2 K ၊နစ်ကျပ်)
လို့ ပြောနိင်တဲ့လူမျိုးတွေဗျ။ ခုတော့ ဗျာ Tomorrow - Tomorrow - Two Tomorrow တဲ့ ဗျာ။


ရန်သိမ်း
http://komoethee.blogspot.com/

0 Comments:

blogger templates | Make Money Online