Thursday, June 4, 2009

ရန်ကုန်မြို့တွင် စီအင်န်ဂျီ ဓာတ်ငွေ့ အရောင်းဆိုင် ဖွင့်လှစ်ရန်အတွက် စက်ကိရိယာများ ရောက်ရှိလာ

Photobucket

စစ်သားတိုင်း သူရဲကောင်းဖြစ်ကြပါရဲ့လား ?

02/06/2009
မြန်မာစကားမှာ မြွေ မြွေချင်း ခြေမြင်သတဲ့။ ဆိုလိုတဲ့အဓိပ္ပါယ်က တစ်ဦးနှင့်တစ်ဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုအတွင်း အကျိုးသိ အကြောင်းသိ အတွင်းရေးကိစ္စတွေကအစ အချင်းချင်း သိနေကြခြင်းကို ရည်ရွယ်ထားတဲ့စကားဖြစ်ပါတယ်။ ယခုလည်းကြည့်ပါ စစ်သားလို့ဆိုလိုက်ရင် စစ်သားဟောင်းဖြစ်ဖြစ် တာဝန်လက်ရှိထမ်းဆောင်ဆဲ စစ်သားဖြစ်ဖြစ် စစ်သားဟာ စစ်သားပါပဲ။ မူလရည်ရွယ်ချက်ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကျရောက်လာမဲ့ အန္တရာယ်ကို ကာကွယ်ဖို့ပဲလေ။ လုပ်ဆောင်ချက်ချင်းမတူနေရမယ် မူလ ရည်ရွယ်ချက်ချင်းကတော့ အတူပါ။ မတူကွဲပြားမှုတွေကိုတော့ မျိုးချစ်စိတ်ရှိသူတွေက တိုင်းပြည်နဲ့ လူမျိုးကောင်းကျိုးအတွက် ဖော်ထုတ်သွားကြပါလိမ့်မယ်။ ဒါကတော့ မတူကွဲပြားတဲ့ အချက်ပါ။

မနေ့က ၁.၆.၂၀၀၉ ဟာ လွတ်လပ်ရေးတိုက်ပွဲဝင် သခင်သိန်းဖေရဲ့ ၉၃-နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ထိုမွေးနေ့ပွဲကို မနက်ပိုင်းမှာ သခင်သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပခဲ့ရာ ၀ါရင်နိုင်ငံရေးသမားဟောင်းကြီးတွေ လက်ရှိနိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ စသည်ဖြင့် သခင်သိန်းဖေကို လေးစားကြည်ညိုကြတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များ အခန်းအနားကို တက်ရောက်ခဲ့ကြတယ်လို့ကြားသိရပါတယ်။ ယခုလို သခင်သိန်းဖေရဲ့ ၉၃ နှစ်ပြည့်မွေးနေ့ပွဲမှာ ပြည်ပအခြေစိုက် မြန်မာဘာသာ အစီစဉ်နဲ့ ထုတ်လွှင့်ကြတဲ့ သတင်းဌာနတွေကလည်း အင်တာဗျူးလုပ်ခဲ့ကြပါတယ်။ ၄င်းအင်တာဗျူးတွေရဲ့ ပြန်လည်ဖြေကြားချက် များစွာထဲက ဘီဘီစီ သတင်းထောက်ရဲ့ အမေးတစ်ခုဖြစ်တဲ့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းချုပ်ထားတဲ့အပေါ်မှာရော ဘယ်လိုမြင်မိလဲခဗျ ဆိုတဲ့အမေးကို သခင်သိန်းဖေ ပြန်ဖြေသွားတာက သြ အဲဒါ မိန်းကလေးတစ်ယောက်ကို ခါးတောင်းကြိုက်ဖမ်းပြီးတော့ အမျိုးမျိုး စွပ်စွဲချက်တွေလုပ်နေတာကတော့ မလုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်နေတာပေါ့ ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာပြောချင်တာကတော့ စစ်တပ်အင်အားကို သိန်းဂဏန်းချီပြီး ရှိနေပါတယ်ဆိုတဲ့ စစ်ခေါင်းဆောင်ကြီး မောင်သန်းရွှေ ရဲ့အပေါ်မှာ ထိုက်တန်တဲ့ သခင်ကြီးတွေရဲ့ အမြင်သဘောထား တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပါလိမ့်မယ်။ စစ်သားချင်းတော့တူပါတယ် ဒါပေမယ် မတူတာက လက်နက်နဲ့ ပြည်သူကို ကာကွယ်ပေးခဲ့ကြပြီး သူရဲကောင်းဖြစ်လာသူနဲ့ ၊ မိမိရဲ့ ရာထူးအာဏာအတွက် လက်နက်းအားကိုးနဲ့ ပြည်သူတွေကို သတ်ဖြတ်အနိုင်ကျင့်တတ်တဲ့  သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ အစွန်းအထင်းကို ရေဆေးလို့ရနိုင်ပေမယ့် သမိုင်းကြွေး တွေကိုတော့ ရေဆေးလို့ မရနိုင်ဘူးဆိုတာ နားလည်ထားသင့်ကြပါတယ်။

http://www.wanna23.co.cc/

e rest of your post here.

0 Comments:

blogger templates | Make Money Online