Thursday, June 4, 2009

ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော ဗမာများအား ဖမ်းမိ




မေလ ၁ ရက်နေ့ ထိုင်းနိုင်ငံထုတ် Phuket Gazette Daily Newspaper မှ Kom Chad Luek ၏ “Human smuggling suspects arrested in Ranong” ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။

ပြီးခဲ့တဲ့ စနေ့ မနက်အစောပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်း မြို့ရှိ အိမ်တစ်အိမ်အတွင်း၌ ထိုင်းနိုင်ငံအတွင်းသို့ တရား မ၀င် ၀င်ရောက်လာသော ဗမာအလုပ်သမား ၃၄ ယောက်ကို ထိုင်း နိုင်ငံသား နှစ်ယောက် နှင့်အတူ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသူများ နှင့်အတူ ဗမာ အလုပ်သမား များအား ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်ခွင့်ပြုခဲ့သည့် ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ အရာရှိနာမည်များကို စာရင်းပြုစုထား သည့် ကွန်ပြူတာ (notebook) တစ်လုံးကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

စနေနေ့မနက် လေးနာရီက လူဝင်မှုကြီးကြပ်ရေးအရာရှိ နာဆာသာခရစ် ပင်ပက်ခ် ဦးဆောင်သော ထိုင်းလူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ နှင့်အတူ ထိုင်းလက်နက်ကိုင် စစ်သားများသည် ရနောင်းခရိုင်၊ ခွန်ဆက် အဒူဒီချက်ကူးလ် အပိုင်၊ တန်ဘွန်ဘန် ရွာရှိ တရားမ၀င် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနှင့် ပက်သက်သည်ဟု သံသယရှိသည့် အိမ်တစ်အိမ်သို့ ရောက်ရှိခဲ့သည်။ ထိုအိမ်သည် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်မှ တရားမ၀င် ၀င်ရောက်လာသော အလုပ်သမားများ နိုင်ငံတောင်ပိုင်းရှိ အခြားနေရာများသို့ မပို့မီ ယာယီတည်းခိုရာ အိမ်ဖြစ်သည်ဟု သတင်းရထားခဲ့သည်။ ထိုအိမ်အပြင်ဘက်တွင် ရဲများက ရေခဲပုံးများထဲတွင် ထည့်ထားသော ဗမာလူမျိုး ၃၄ ယောက်ကို တင်ဆောင်ထားသော ကုန်တင်ကား နှစ်စီးကို တွေ့ရှိခဲ့သည်။


ထိုအိမ်အနီးရှိ အခြားအိမ်တစ်အိမ်တွင် မစ္စတာ ခွန်ဆက် ဆိုသူအား ကိုးမီလီမီတာ ပစ္စတိုသေနတ် အပါအ၀င် ကျည်ဆံ ၄၈ တောင့် နှင့်အတူ တရားမ၀င် ဆေးဝါးများကိုလည်း ဖမ်းဆီးရမိခဲ့သည်။

မစ္စတာ ဆွန်ဆက် နှင့် ဇနီးဖြစ်သူ ၀ီလိုင်လက်ခ် တို့က ၄င်းတို့အနေနှင့် ဗမာလူမျိုးများအား ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ခွင့်ရရန် ကူညီခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့သည်။ ၄င်းတို့အား ဖမ်းဆီးမိသည့်အချိန်တွင် အဆိုပါ ကုန်တင်ကား နှစ်စီးသည် ဖန်င နှင့် ဖူးခက်ဘက်သို့ ထွက်ရန်ပြင်ဆင်နေကြောင်းလည်း ရဲက ပြောသည်။

ဖူးခက်ရှိ အလုပ်သမား စခန်းများ နှင့် ရာဘာခြံများတွင် ထိုင်းနိုင်ငံ၌တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားခြင်း မရှိသော အလုပ်သမားများလည်း ရှိသည်။ သို့သော် ထိုနေရာများသို့ သွားရောက်အလုပ်လုပ်ရန် ထိုင်းနယ်စပ်ကို ဖြတ်သန်းဝင်ရောက် လာသည့် သူများကို ဖမ်းဆီးရသည်မှာ ထိုင်း အာဏာပိုင်များအဖို့ ကြောင် နှင့် ကြွက် လိုက်တမ်းပြေးတမ်း စကားနေရသည် နှင့် တူသည် ဟု ဆိုသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်းသို့ ကုန်တင်ကားဖြင့် တရားမ၀င် ၀င်ရောက်လာရင်း ပြီခဲ့သည့်နှစ် ဧပြီလက ကားထဲ၌ အသက်ရှုကြပ်၍ သေဆုံးခဲ့ကြသည့် ဗမာလူမျိုး ၅၄ ယောက် ကိစ္စသည် နိုင်ငံတကာ သတင်းများတွင် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။

ယခုတစ်ခါ အဖမ်းဆီးခံရသူများထဲမှ အသက် ၂၅ နှစ်ရှိ မမူမူစော က သူမသည် ဖူးခက်ဖို့ သွားပြီး အလုပ်လုပ်မည့်သူ ဖြစ်ကြောင်း၊ ဖူးခက်သို့သွားရန်အတွက် ဗမာပွဲစားတစ်ဦးကို ထိုင်းဘတ် တစ်သောင်း ပေးခဲ့ရကြောင်း ပြောပါသည်။ ဆွန်ဆက်တို့ လင်မယားကိုလည်း တရားမ၀င်လူခိုးသွင်းမှုနဲ့ ပက်သက်ပြီး တရားစွဲဆိုထားကာ၊ ၄င်းတို့ နှစ်ဦးကို ရနောင်းရဲစခန်းသို့ မပို့မီ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ၊ မရှိကို စစ်ဆေးရန် ရနောင်းဆေးရုံသို့ ပို့ထားကြောင်း သိရှိရသည်။
ထိုတရားမ၀င် နယ်စပ်ဖြတ်ကျော် လူခိုးသွင်းမှု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ဗိုလ် Chalemphol Thehopakan က ထိုလင်မယားသည် တရားမ၀င် နယ်စပ်ဖြတ်ကျော် လူခိုးသွင်းမှုကွန်ယက်တွင် ခေါင်းဆောင်အဆင့်ရှိကြောင်း ပြောခဲ့သည်။

“မစ္စတာ ခွန်ဆက် အိမ်ထဲမှာ ကျနော်တို့ ကွန်ပြူတာ (notebook) တစ်လုံးကိုပါ တွေ့ခဲ့တယ်။ အဲဒီအထဲမှာ ဒီအမှုမှာ ပါဝင် ပက်သက်နေတဲ့ လူတွေရဲ့ အမည်နဲ့ သူတို့ကွန်ယက်ထဲမှာ ပါဝင်နေတဲ့ အဖွဲ့ဝင်အမည်တွေပါတယ်။ နောက်ပြီး ဒီနေရာကနေ အခြားနေရာတွေကို ဘယ်လို၊ ဘယ်ပုံ ဖြတ်သန်း၊ ၀င်ရောက်မယ်ဆိုတဲ့ အစီအစဉ် ဇယားကိုလည်း ဆွဲထား တာကို တွေ့ရတယ်။ နောက်ပြီးတော့ အခုလို လူခိုးသွင်းမှုမှာ လုံခြုံမှုရှိဖို့အတွက် မစ္စတာ ခေါင်ဆက် အနေနဲ့ ပိုက်ဆံ လာဘ်ထိုးခဲ့တဲ့ အရာရှိတွေရဲ့ အမည်တွေလည်းပါတယ်။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့အတွက် ကွန်ပြူတာကို တော့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို လွှဲပေးမှာပါ” လို့ ထိုင်း စစ်တပ်မှ ဗိုလ် Chalermphol က ပြောသည်။

ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေဆီက လာတဲ့သတင်းများအရ မစ္စတာ ခွန်ဆက် နှင့် အဖွဲ့အစည်းသည် ရနောင်းမြို့တွင် တရားမ၀င် လူခိုးသွင်းနေသော အဖွဲ့အစည်းများအနက် လူဆယ့်ငါးယောက်ဖြင့် ဖွဲ့စည်းထားသော နံပါတ် ၁၂ အကြီးဆုံးအဖွဲ့အစည်း ဖြစ်ကြောင်း၊ အဆိုပါ ကွန်ယက်သည် ထိုင်းနိုင်ငံတောင်းပိုင်း ဒေသများသို့ တစ်လလျှင် ရွှေ့ပြောင်းအလုပ်သမား ၅၀၀၀ ၀န်းကျင် ပို့ပေးနေကြောင်း နှင့် ထိုကဲ့သို့ ပြုလုပ်နေသည်မှာ ၁၀ နှစ်ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ယခုအခါ ရနောင်း လူဝင်မှုကြီးကြပ်ရေးက တရားစွဲဆိုပြီးလျှင်၊ ဗမာပြည်သို့ ပြန်ပို့မည်ဟု သိရှိရသည်။
http://kyawtheinkha.blogspot.com/

0 Comments:

blogger templates | Make Money Online