Thursday, June 4, 2009

JAC(Mae Sot) မှ ဦးဆောင်၍ မဲဆောက် Love God Church တွင် ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန် ဘာသာဝင်များ အထူးဆုတောင်းပွဲပြုလုပ်


ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ Love God Church တွင် ဗုဒ္ဓဘာသာ များနှင့် ခရစ်ယာနဘာသာဝင်များ ပူးပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အထူး ဆုတောင်းပွဲတခုကို ယနေ့ညနေ ၆နာရီ ၃၀ က ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့
ဗုဒ္ဓဘာသာဝင်များနှင့်ခရစ်ယာန်များ ၊တိုင်းရင်သား လူမျိုးစု အဖွဲ့များ၊ စိတ်ပါ ဝင်စားသူ မြန်မာရွှေ့ပြောင်းနေထိုင်သူများ တက်ရောက်ကြပါသည်။
အခမ်းအနား၏ အစီအစဉ်ကြီးကြပ်သူ အဖြစ် JAC ၏ ဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ ခရစ်ယာန်ဘာသာဝင် စောမွန်ရှီးမှ ဆောင်ရွက်ပြီး တက်ရောက်လာကြသော ဧည့်သည်တော်များထဲမှ NCGUB ဝန်ကြီး အဖွဲ့ဝင် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း၊ FDB မှ ဒေါက်တာနိုင်အောင်တို့မှ ဆုတောင်းဆန္ဒပြု စကားများ ပြောကြားခဲ့ကြပါသည်။
ထို့နောက် ဆုတောင်းမှု အစီအစဉ်ကို စတင်ရာတွင် Love God Church မှ ဆရာမ ဒေါ်မိမိခိုင်မှ ခရစ်ယာန် ထုံးစံ ဆုတောင်းမှုပြုလုပ်ခဲ့ပြီး၊ မြန်မာဗုဒ္ဓဘာသာ ထုံးစံ မေတ္တာသုတ် ရွတ်ဖတ်ခြင်း နှင့် မေတ္တာပို့သခြင်းကို ဆရာတော် ဦးဥာဏသီဟမှ ဆောင်ရွက်ခဲ့ပါသည်။ JAC ၏ ဦးဆောင် ကော်မတီဝင် တဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ခိုင်မှ JAC ၏ မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ချက်ကို ဖတ်ကြားခဲ့ပါသည်။
နိဂုံးချုပ် အနေဖြင့် အခမ်းအနားတက်ရောက်လာသူ ခရစ်ယာန် ဘာသာဝင် ဒေါက်တာ ဘသိန်းဝင်းမှ နိဂုံးချုပ် ဆုတောင်းစကားကို ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ထူးခြားချက်တခုအနေဖြင့် ထိုဆုတောင်းပွဲ၏ ခရစ်ယာန်ဘာသာ ထုံးစံ ဖယောင်းတိုင်များ ထွန်းညှိ ဆုတောင်း နေစဉ်တွင် အနီးအနားရှိ ရွှေ့ပြောင်း အလုပ်သမားများ အချို့က ကိုယ်တိုင် ဖယာင်းတိုင်များ ထွန်းညှိ ပါဝင်ခဲ့ကြသလို အချို့ကလည်း မိမိတို့ အိမ်ရှေ့ ဝရံတာများတွင် ဖယောင်းတိုင်များကို စီတန်းထွန်းညှိ ထားကြခြင်းကို ထူးခြားစွာ တွေ့မြင်ခဲ့ရပါသည်။

http://cacburma.blogspot.com/

0 Comments:

blogger templates | Make Money Online