Tuesday, June 9, 2009

မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး၏တရားပွဲ လန်ဒန်ဝိဟာရ၌ အောင်မြင်စွာပြီးဆုံး


လန်ဒန်သို့ အလည်အပတ်ခရီးရောက်ရှိတော်မူနေသော မန္တလေး မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ၏ လန်ဒန်ရှိ ဒါယိကာ ဒါယိကာမများကို တရားရေအေး အမြိုက်ဆေးတိုက်ကျွေးသည့် တရားပွဲကို မနေ့ညနေ ၇ နာရီအချိန်မှာ စတင်ပြီး ၈ နာရီခွဲခန့်မှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ ထို့နောက်မှတော့ ဒါယိကာ ဒါယိကာမများမှ လှူဖွယ်ဝတ္တုများဆပ်ကပ်ခြင်း နှင့် ဆရာတော်အား အလည်အပတ်ခရီးနှင့် ပက်သက်ပြီး အမေးအဖြေများပြလုပ်ခဲ့ကြပြီး အခမ်းအနားကိုအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

ဆရာတော် ဟောကြားသည့်တရားတော်များမှာ စိတ်နှလုံးချမ်းမြေ့ဖွယ်၊ အတုယူကြိုးစားဖွယ်ရာ တရားတော်များဖြစ်လို့ တရားနာလာရောက်သူ ပရိသတ်များမှာလည်း အထူးအားရပီတိဖြစ်ခဲ့ကြပါတယ်။ ထို့နောက်မှာတော့ လန်ဒန်ဝိဟာရကျောင်းမှ တရားနာလာ ပရိသတ်များကို ကြာဇံကြော်ဖြင့် တည့်ခင်းဧည့်ခံခဲ့ပါတယ်။
http://cmsmdy.blogspot.com/

0 Comments:

blogger templates | Make Money Online