Wednesday, June 3, 2009

ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ ကဗျာ



ဒီပဲယင်းလုပ်ကြံမှု (ဒေါ်အောင်ဆန်းစုကြည်အား စစ်သူခိုးရက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ရာဇ၀တ်မှု) အမှတ်တရ စပ်ဆိုထားတဲ့ ကဗျာဆရာ ကြည်မောင်သန်းရဲ့ “ဒီပရင်္ဂ” ကဗျာ (ချယ်ရီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၈)ကို ယနေ့ ဒီပဲယင်းလုပ်ကြံမှု (၆)နှစ်ပြည့်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဒီကဗျာနဲ့ပတ်သက်ပြီး စစ်အဆိုးရ စာပေကင်ပေတိုင် (စိစစ်ရေး)က ဖိအားပေးတဲ့အတွက် ထိုစဉ်က ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ လင်းထိပ်သျှင် အယ်ဒီတာအဖြစ်မှ နုတ်ထွက်ပေးလိုက်ရပါတယ်။ ဒီပရင်္ဂ ကဗျာ ချယ်ရီမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းကစလို့ ကဗျာရေးသူ ဆရာကြည်မောင်သန်းရဲ့ ကလောင်အမည် ဆက်လက်သုံးစွဲခွင့်ကိုလည်း စစ်အဆိုးရ စာပေကင်ပေတိုင်က ပိတ်ပင်အရေးယူခဲ့ပါတယ်။


စလေဦးပုည၏ကဗျာတစ်ပုဒ်

ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊
တောလေ့ပေါက် နန်းမူ၊ အိမ်သူကို ဧည့်စောင်း၊
သူကောင်းကို အပြစ်တင်၊
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။
လေးတရာ့ဆီမှန်လျှင်၊ ရေနံလောက်မကောင်း၊
စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်၊
တူရိယာ နတ်စည်စောင်း၊
သူဖုန်းတောင်းချင်းကတဲ့သွင်။
ဝါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊
မုန်းဇာတ်ကြံကြပြီ၊ ဘုန်းရို့ဝသီ၊
ခုများဖြင့် မုသားညီတယ်၊
အပလီ ဗိုလ်မင်းပလေး။ ။

(စလေဦးပုည)

0 Comments:

blogger templates | Make Money Online