Wednesday, June 25, 2008

မူမမှန်သော ရာထူးဋ္ဌာန နေရာအရွှေ့အပြောင်း




မြန်မာစစ် အစိုးရသည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကူညီမှု လုပ်ငန်းများတွင် ပိုမိုအာရုံ စူးစိုက် လုပ်ကိုင်နိုင်ရန် ဟူသော ဆင်ခြေဖြင့် အချက်အခြာကျသော ၀န်ကြီးဋ္ဌာန တချို့မှ ၀န်ကြီးများအား မမျှော်လင့်ထားသော ရွှေ့ပြောင်းမှု လုပ်ခဲ့သည်အား မြန်မာစစ်အစိုးရပိုင် မီဒီယာ များမှ သောကြာနေ့ အစောပိုင်း ထုတ်ပြန် ကြေငြာချက်များအရ သိရှိရသည်။
စစ်အစိုးရ ပိုင်မီဒီယာမှ ယနေ့ နံနက် ထုတ်ပြန်ကြေညာချက်

ထူးခြားစွာ ပြုမူနေထိုင်တတ်သည့် စစ်အစိုးရသည် ဤအရွှေ့အပြောင်းအား မည့်သည့် အတွက်ကြောင့် ဤသို့ပြုရသည်ကို နေပြည်တော်မှလာသော အတွင်းသတင်း ထွက်ရှိမလာသေးဟု ရန်ကုန်နိုင်ငံရေး အသိုင်းအ၀န်း ၀ါရင့် ပုဂ္ဂိုလ်တဦးမှ ထောက်ပြပြောဆိုသည်။

ယခင်က ပြန်လည်နေရာ ချထားရေး နှင့် လူဝင်မှုကြီးကြပ်ရေး-ပြည်သူ့အင်အား ၀န်ကြီးဋ္ဌာန ၂ခု လက်ကိုင်ထားသော ဗိုလ်ချုပ်မောင်မောင်ဆွေအား ပြန်လည်နေရာ ချထားရေးဝန်ကြီး အဖြစ်သာ ပေးအပ်လိုက်ပြီး လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ၀န်ကြီး အဖြစ် ယခင် အမှတ်(၂)စက်မှုဝန်ကြီး ဗိုလ်ချုပ်စောလွင်အား လည်းကောင်း၊ လစ်လပ်သွားသော အမှတ်(၂)စက်မှု ၀န်ကြီးနေရာအား မကြာမီ အသက် ၆၀ပြည့်တော့ မည်ဖြစ်သော ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း အားပြောင်းရွှေ့ ခန့်ထားလိုက်ကာ စစ်အစိုးရ ၀န်ကြီးအဖွဲ့ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး လက်မှတ်ရေးထိုး ထုတ်ပြန်သည်ဟု သိရှိရသည်။

ယခုကဲ့သို့ မြန်မာစစ်တပ်၏ ထိပ်တန်း စစ်ရာထူးရာခံ ပုဂ္ဂိုလ်များအား အဆင့်နိမ့် နေရာများတွင် တာဝန်ထမ်းဆောင် စေခိုင်းခြင်းမှာ ထုံးစံမရှိသော မူမမှန်ခြင်း တမျိုးဟု အမည်မဖေါ်လိုသူ မြန်မာ့နိုင်ငံရေး သုံးသပ်သူတဦးက ပြောဆိုလိုက်ပြီး၊ သူတို့၏ အတွင်းပဋိပက္ခ ဘယ်လိုဘယ်ပုံ ထပ်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရဦးမည်ဟု လူထုအသံအား ပြောကြားခဲ့ပါသည်။

0 Comments:

blogger templates | Make Money Online