Monday, June 23, 2008

အိန္ဒိယက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၈၄သန်း ချေးငှားမည်

June 23rd, 2008 by admin

အိန္ဒိယနိုင်ငံက ထိပ်တန်း အစိုးရအရာရှိတဦး မြန်မာနိုင်ငံကို ရောက်ရှိနေစဉ် အခုအပတ်အတွင်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက် တရပ်ကို လက်မှတ်ထိုးဖို့ရှိပြီး၊ မြန်မာစစ်အစိုးရအတွက်လည်း အကြွေး အမေရိကန်ဒေါ်လာ ၈၄သန်း ပေးဖို့ ကမ်းလှမ်းချက်လည်း ရှိနေပါတယ်။
အိန္ဒိယနိုင်ငံ စီးပွားရေးနဲ့စွမ်းအင်ဝန်ကြီး ဂျရမ်း ရာမတ်ရှ်ဟာ မနေ့က ရန်ကုန်မြို့ကို ထွက်ခွာသွားပါတယ်။ မြန်မာနိုင်ငံမှာ ရှိစဉ်အတွင်းမှာတော့ နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုတွေ တိုးများလာစေဖို့ ရည်ရွယ်တဲ့ ၁၀နှစ်ကြာ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့လည်း ရှိပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၈၄သန်း အကြွေးပေးဖို့ အိန္ဒိယနိုင်ငံဖက်က ကမ်းလှမ်းချက်ကိုလည်း မစ္စတာ ရာမတ်ရှ်ရဲ့ ခရီးစဉ်အတွင်းမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် နာဂစ်ဆိုက်ကလုံးမုန်တိုင်းလွန် ပြန်လည်ထူထောင်ရေးအစီအစဉ်အတွကလည်း အမေရိကန်ဒေါ်လာ နှစ်သန်း ပေးသွားဖို့ရှိပါတယ်။
ဒီနှစ်သန်းကိုတော့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လျပ်စစ်ဓါတ်အားပေးစက် ၁၆လုံး ကို ပြန်လည်ပြုပြင်ရေးအတွက် ပေးအပ်မှာဖြစ်ပါတယ်။ ။

0 Comments:

blogger templates | Make Money Online