Thursday, June 12, 2008

နာဂစ် ကြောင့် ဗိုက်ကြီးသည် တသောင်းခန့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုလ


ိုပိုစ့် တင်ပေးသူမှာ Administrator
Thursday, 12 June 2008
http://www.peoplemediavoice.com
နီနီဇော် (ရန်ကုန်)
မုန်တိုင်း ဒါဏ်ခံရသော ရန်ကုန် ဒဂုံမြို့သစ်မှ ကိုယ်ဝန်ဆောင် တဦး

နာဂစ်မုန်တိုင်း ဒါဏ်ခံရသည့် ဒေသများမှ ဗိုက်ကြီးသည် တသောင်းခန့် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂမှ အထူးကျွမ်းကျင်သူ ၀ီလီယံ ရိုင်ယန် က ဗုဒ္ဓဟူးနေ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။


အာရှတွင် အဆင်းရဲဆုံး တိုင်းပြည်တခု၌ ကိုယ်ဝန်ဆောင်နှင့် မီးဖွားခြင်း ကိစ္စရပ်များသည် အလွန်ပင် အန္တရာယ်ကြီးစွာ စွန့်စားရကြောင်း ကုလသမဂ္ဂ လူဦးရေ ပြန့်ပွားမှု ထိမ်းချုပ်ရေး ရံပုံငွေအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ၀ီလီယံ ရိုင်ယန်မှ ပြောဆိုသည်။ ဆက်လက်ပြီး ပြောဆိုရာတွင် မုန်တိုင်းကျရောက်ရာ ဒေသတွင် နေ့စဉ် မီးဖွားသူ အယောက် ၁၀၀ ခန့်ရှိနေသည်ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မီဒီယာများသို့ ထုတ်ဖေါ်ပြောဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ဆေးရုံ၊ ဆေးကုသခန်းများ နှင့် အတူ သူနာပြုများပါ ပျောက်ကွယ်ခဲ့ရသလို ကိုယ်ဝန်ဆောင်မိခင်များ မည်သို့ သွားရောက်၍ ထိရောက်သော ကုသမှုမျိုး ပေးနိုင်မည့် အကူအညီ လိုအပ်လျှက်ရှိသည်ဟု ပြောဆိုသည်။

မစ္စတာရိုင်ယန်မှ ဆက်လက်ပြောဆိုရာတွင် ဆေးရုံ၊ ဆေးခန်းများ ပြန်လည် ပြုပြင်ခြင်း၊ သူနာပြုများအား ထိရောက်သော ကုသမှုပေးနိုင်ရန် လေကျင့်ပေးခြင်းများ အချိန်များစွာ ယူဆောင် လုပ်ကိုင်ရမည် ဖြစ်သည်ဟု ထပ်လောင်းပြောဆိုသည်။ ကုလသမဂ္ဂ လူဦးရေ ပြန့်ပွားမှု ထိမ်းချုပ်ရေး ရံပုံငွေအဖွဲ့မှ မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဋ္ဌာနသို့ ရာဘာ လက်အိပ်များ၊ ဆေးရုံသုံး အခြားပစ္စည်းများ အထောက်အပံ့ ပြုထားသော်လည်း မြို့နယ် ၁၀ခု၌သာ အကျိုးသက်ရောက်မှု ရှိသေးသည်ဟု သိရှိရသည်။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များမှ ပြောဆိုသည်မှာ မြန်မာစစ်အစိုးရ၏ အကူအညီပေးရေး အစီစဉ်သစ်မှာ လုပ်ငန်းစီးဆင်းမှု အလွန်ပင် နှေးကွေးလျှက် ရှိနေသေးသည်ဟု ပြစ်တင် ဝေဖန်ကြသည်။ ယခုအပါတ် အင်္ဂါနေ့တွင် စစ်အစိုးရ အာဏာပိုင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်း၊ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေး အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းရာ ထုံးစံအတိုင်း ကြိုးနီစနစ်ကြောင့် ထူထဲသော စာရွက်စာတမ်း အထောက်အထားများ၊ အကြိမ်ကြိမ် အဖန်ဖန် ရှင်းလင်း တင်ပြ ရမှုများ ရှိနေဆဲပင်။ ထိုအတွက်ကြောင့် ကမ္ဘာ့ ကြက်ခြေနီအဖွဲ့မှ မလိုလားအပ်သော အဆင့်များ ဖြတ်ကျော်နေရသဖြင့် မုန်တိုင်း အကူအညီပေးမှု နှောင့်နှေးခဲ့ရသည်ဟု ပြောဆိုလိုက်သည်။

ခေါင်းမာသော စစ်အစိုးရအား ဖျောင်းဖြခြင်းနှင့် နာဂစ်ကြောင့် ဆာလောင်နေသူ ၂.၄သန်းသော ပြည်သူများအတွက် ထိရောက်သော ကူညီမှုပေးနိုင်ရန် သုံးပွင့်ဆိုင် တွေ့ဆုံမှု ဖြစ်သော ကုလသမဂ္ဂ၊ အာဆီယံ နှင့် မြန်မာနိုင်ငံ ဦးတိုက် ဆွေးနွေးကြဖို့ လိုပြီဟု သုံးသပ်နေကြသည်။

0 Comments:

blogger templates | Make Money Online