Tuesday, June 24, 2008

တက္ကသိုလ်ကျောင်းအပ်ခများ ကျောင်းသားဟောင်းကို မြှင့်တောင်းနေ

ဒဂုံတက္ကသိုလ်ရင်ပြင်မှ ကျောင်းသားများ

ရန်ကုန် အဝေးသင် တက္ကသိုလ်များတွင် တက္ကသိုလ်ကျောင်းအပ်ခများကို နှစ်ကျကျောင်းသားများကို ကျောင်းအပ်ခ မြှင့်တောင်း၍ ကျောင်းသားများ မကျေမနပ်ဖြစ်နေကြသည်။ ဒဂုံတက္ကသိုလ်နှင့် တာဝဟု ကျောင်းသားများခေါ်ကြသော အရှေ့ပိုင်း တက္ကသိုလ် ကျောင်းအားလုံးတွင် တောင်းနေခြင်း ဖြစ်သည်။

“ပုံမှန်နှစ်သစ် အတွက်ကျောင်းသားတစ်ယောက်က ကျောင်းအပ်ခ ၉၅၀၀ လောက်ကျတယ်။ အဲဒါကကျောင်းသားအသစ်တွေ အတွက်၊ ကျောင်းသားအဟောင်းတွေ့ကတော့ ၃၅၀၀ လောက်ပဲကုန်ကျတယ်။ ဒီနှစ်တော့ ကျောင်းသား အဟောင်းတွေ ကိုလဲ ကျောင်းသားအသစ်နှုန်းအတိုင်းတောင်းတယ်။ နောက်ပြီးကျောင်းသုံးစာအုပ်တွေ့ကိုလည်း မယူမနေရဆိုပြီး အားလုံး ယူခိုင်းတယ်။ နှစ်ကျကျောင်းသားတွေ့က မနှစ်ကစာအုပ်တွေ့ရှိတယ်ပြောတော့ သင်ရိုးသစ်တွေပါတယ်ပြောတယ်။ ပြန်တိုက် ကြည့်တော့ အရင်နှစ်တွေ့ကအတိုင်းပဲ ဘာမှမထူးဘူး”ဟု တာဝမှ အဝေးသင်ကျောင်းသားတဦးဖြစ်သူ မောင်သူရိန်က ပြောကြားသည်။

“သူတို့က ကြိုတင်ပြီးတော့လည်း မကြေငြာပေးထားဘူး။ ကျောင်းသွားအပ်တော့မှ ပြောတာ။ အဲဒါကတော့မကောင်းဘူး။ တော်တော်ဒုက္ခရောက်တယ်။ ကျောင်းကိုတစ်ခါ တစ်ခါသွားရတာက မလွယ်ဘူး။ အလုပ်လုပ်နေတဲ့ သူဆိုရင် တစ်နေ့ကုန် ခွင့်ယူမှရတယ်။ အဝေးသင်ကျောင်းသားအများစုက အလုပ်လုပ်ပြီးကျောင်းတက်နေရတာများတယ်။ သူတို့ကျောင်းအပ်ခက ၁၀၀၀၀ နားကပ်နေပြီ ၊ နောက်ကျူရှင်လခ တွေ့က ၃ လပြတ်ကို ၅၀၀၀၀ လောက်ပေးရတယ်။ ကျောင်းကိုသွားတဲ့ကားခက တစ်နေ့ကို ၅၀၀ လောက်မှာရှိတယ်”ဟု ဆက်လက် ပြောပြသည်။

ဒဂု့တက္ကသိုလ်နှင့် သံလျင် (တာဝ) တက္ကသိုလ်များသို့ မြို့တွင်းမှ ကားစီးလျှင် တနာရီကျော် (ကားစောင့်ချိန်မပါ) ကြာမြင့်ပြီး သံလျင်တံတားကြီးကို ဖြတ်ကျော် ကျောင်းတက်ရသော သံလျင်တက္ကသိုလ်မှာလည်း အလားတူ ကြာသဖြင့် အသွားအပြန် ကားပေါ်တွင် အလွန် အချိန်ပေးရသော ကျောင်းများ ဖြစ်သည်။ ကျောင်းတက်ချိန်များတွင် ကားများမှာ လူပြည့်ကျပ်ပြီး ကျောင်းသားများ တွဲလောင်းခို လိုက်ပါလာလေ့ရှိသည်။

0 Comments:

blogger templates | Make Money Online