Wednesday, June 4, 2008

ဘာဆက်လုပ်မလဲ NLD

ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီခေါင်းဆောင်များ တိုင်ပင်ဆွေးနွေးနေစဉ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ၏ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရ၏ အခြေခံဥပဒေသစ်က ဖယ်ထုတ်လိုက်ပြီလို့ စစ်အစိုးရပိုင် သတင်းဌာနက ပြောခဲ့ပါတယ်။

ဒီနှစ် မေလက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းအပြီး ပျက်စီးသွားတာတွေကို လက်ရှိ မြန်မာစစ် အစိုးရက ပြန်လည် တည်ဆောက် ဖို့ အ တွက် ကလေး သူငယ် တွေကိုတောင် ချန်မထားပဲ အရင်ထက် ပိုပြီး အဓမ္မလုပ်အားခိုင်းစေတာတွေ ရှိလာနိုင် တယ် လို့ နိုင်ငံတကာ အလုပ် သမား သမဂ္ဂ (အိုင်အယ်လ်အို ILO) က ၃ဝ-၅-၂ဝဝ၈ နေ့မှာ သတိပေးလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီ အတိုက်အခံတစ်ဦးဖြစ်တဲ့ မခင်ဥမ္မာဟာ ဒီနှစ်အတွက် Anna Lindh ဆုအား ရရှိသွားခဲ့ပါတယ်။ မခင်ဥမ္မာသည် မြန်မာ့ဒီမိုကရေစီ ရရှိရေးအတွက် ပြင်းပြင်းထန်ထန် ကြိုးစားထုတ်တဲ့အတွက် ဆုချီးမြှင့်လိုက် ရခြင်းဖြစ်တယ်လို့ Anna Lindh အထိမ်းအမှတ် ရံပုံငွေမှတာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားသွားခဲ့ပြီး။

0 Comments:

blogger templates | Make Money Online