Friday, August 7, 2009

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဘန်ကီမွန်း ထပ်မံတိုက်တွန်း


နိုင်ငံတကာအသိုင်းအ၀န်းက ဒေါ်အောင်ဆန်းကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုချက်ကို မြန်မာစစ်အစိုးရ အနေဖြင့် ယခုအချိန်၌ လက်ခံလိမ့်မည်ဟု မျှော်လင့်ကြောင်း

မန္တလေးတွင် မိုးခေါ်ပွဲများ ကျင်းပ

မိုးတွင်းကာလ ဖြစ်သော်လည်း အပူပိုင်း ခြောက်သွေ့ ဒေသ မန္တလေးမြို့တွင် မိုးခေါင်လွန်းသောကြောင့် ဒေသခံတို့၏ ဓလေ့ထုံးစံများ အရ ငါးရံ့မင်း လှည့်လည် ပူဇော်ခြင်း၊ လွန်ဆွဲပွဲများ ကျင်းပခြင်းဖြင့် မိုးခေါ်လျက် ရှိကြောင်း မန္တလေးမြို့ခံများက ပြောသည်။

၁ဝ နှစ်သမီး သေဆုံးမှု တရားခံ သေဒဏ်ကျ

မန္တလေးမြို့မှ အသက် ၁ဝ နှစ် အရွယ် မိန်းကလေးတဦးအား အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသူကို မန္တလေးခရိုင် တရားရုံးက ဇူလိုင် ၂ဝ ရက်နေ့တွင် သေဒဏ် အမိန့် ချမှတ်လိုက်သည်ဟု ဒေသခံ ရှေ့နေ တဦးက ပြောသည်။

မလေးရှားရောက် မြန်မာ၆ ဦး လူသတ်မှုဖြင့် သေဒဏ်ချမှတ်

မလေးရှားနိုင်ငံတွင် လူသတ်မှုကျူးလွန်ခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ဦးကို တရားရုံးက ယနေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူတဦးကပြောသည်။

ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရာဘ (ခေါ်) မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၂ သောင်းခန့် ကို ပြီးခဲ့သည့် စနေနေ့က တရားခံနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း နေပြည်တော် မူးယစ်ဗဟိုဌာန မှ တာဝန်ရှိသူ တဦးက ပြောသည်။

ဝန်ဆောင်ခ မတတ်နိုင်သဖြင့် နိုင်ငံခြားထွက်မည့်သူ နည်းပါး

ငွေကြေး မတတ်နိုင်သောကြောင့် နိုင်ငံခြားထွက်အလုပ်လုပ် လိုသူ အရေအတွက် ကျဆင်းနေသဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု ကုမ္ပဏီများမှာ ဝန်ဆောင်ခကို အကြွေးစနစ်ဖြင့် ဖြေရှင်းပေးခြင်း၊
http://www.irrawaddy.org/bur/

0 Comments:

blogger templates | Make Money Online