Thursday, August 20, 2009

KNU က ခွဲထွက်များ ပြန်လည် ပူးပေါင်းမှု ကြိုးပမ်းသွားမည်



မဇ္ဈိမသတင်းဌာန

ကနော်တို့သာမန်ကရင်ပြည်သူတစ်ယောက်အနေနဲ့ အကြားချင်ဆုံး အလိုချင်ဆုံးသတင်းကတော့ အထက်ကသတင်းမျိုးပါပဲ။ အကယ်၍သာ တကယ်ဖြစ်လာခဲ့မယ်ဆိုရင်...ဆိုတဲ့စိတ်ကူးယဉ်ဖြင့် ညီညွတ်မှုတစ်ခုကို ဖေါ်ဆောင်ပေးတဲ့သူတွေကို ကျနော် ကရင်အမျိုးသားတစ်ယောက်အနေနဲ့ ဦးသုံးကြိမ်ထိုင်ကန်တော့လိုက်အုံးမယ်ဗျာ ။
(စောလင်းနက်စ်)


KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ KNLA တပ်ရင်းအချို့က KNU သို့ DKBA တပ်ဖွဲ့ဝင်များ ပိုမို၍ ပြန်လည် ပူးပေါင်းလာနိုင်မည့် နည်းလမ်းများကို ဆွေးနွေး ရှာဖွေလျက် ရှိသည်။

KNU အတွင်းသို့ လာရောက်ပူးပေါင်းမည့် DKBA တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ရာထူးတာဝန်များအတိုင်း တာဝန်ထမ်းဆောင်ခွင့် ပေးနိုင်ရေးအတွက် တပ်မဟာ (၆) နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဒူပလာယာ ခရိုင်အတွင်းရှိ KNLA တပ်ရင်း ၁၆ နှင့် ၁၇ ရှိ တပ်မှူးအချို့အကြား ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်သည်။

+/- ဆက်ဖတ်ရန်...

0 Comments:

blogger templates | Make Money Online