Sunday, August 16, 2009

ဦးဝင်းတင် ဆေးရုံတင်ထားရ


Photobucket

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီ ဝင်တဦးဖြစ်သူ ဦးဝင်းတင်သည် မနေ့ညက ကျမ်းမာရေး အခြေအနေ ချို့ယွင်းလာသဖြင့် ပုဂ္ဂလိက ဆေးရုံတခုတွင် တင်ထားရပြီး ယနေ့တွင် အသေးစားခွဲစိတ်မှုတခု ခံယူရန် ရှိသည်ဟု သိရပါသည်။
ကျမ်းမာရေး အခြေအနေအရ ဖုန်းဆက်သွယ်ခြင်း သတင်းမေးမြန်းခြင်းများကို ဆရာဝန်များ၏ ညွှန်ကြားချက် အရ တားမြစ် ထားကြောင်း အတူနေမိသားစုများက ပြောပြပါသည်။
ဦးဝင်းတင်သည် အကျဉ်းထောင်ထဲတွင် ၁၉နှစ်ကျော် နေခဲ့ရစဉ်ကတည်းက နှလုံးရောဂါ၊ အာရုံကြော ရောဂါများကို ခံစားခဲ့ရ သဖြင့် ယခုထိ ဆေးကုသမှု ခံယူနေရသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲ ဆိုမှု ပြုလုပ်နေစဉ် ကာလတွင် အမြဲလိုပင် အင်းစိန်ထောင်ရှေ့သို့ သွားရောက်အားပေးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက် ချသည့် နေ့တွင်လည်း ကိုယ်တိုင်သွားရောက် အားပေးခဲ့ပြီး ထိုနောက် တွင် ကျမ်းမာရေး အခြေအနေကြောင့် အိမ်တွင် အနားယူနေရာမှ မသက်သာသဖြင့် ဆေးရုံသို့ တင်လိုက်ရခြင်း ဖြစ်ပါသည်။
http://saffrontoward.blogspot.com

0 Comments:

blogger templates | Make Money Online