Sunday, August 16, 2009

သူ တော်စင် ဒေါ်စု၊ လူယုတ်မာ သန်းရွှေ ၊ အရူးယက်တော နဲ့  သောက်သုံးမကျတဲ့ ဆီနိတ်တာ


ဆီနိတ်တာ ဂျွန်ဝဘ် နဲ့ သူဇနီး ဗီယက်နမ်အမျိုးသမီး

အမေရိကန်အစိုးရကိုယ်စားလှယ်အဖြစ် ဗမာပြည်ကိုရောက်ရှိနေတဲ့ ဆီနိတ်တာ ဂျင်ဝဘ် က နအဖ နဲ့ သွားရောက်ဆွေးနွေး နေပါတယ်။ ဆွေးနွေးပွဲမှာ သူက ဂျွန်ယက်တောကို အမေရိကန်ကိုသူနဲ့ တပါထည်း ပြန်ခေါ်သွားမယ်။ နအဖ ကလည်း ပြန်ထည့် ပေးဖို့သဘောတူတယ်။ ဒါပေမဲ့ သူ့က ကျန်ရှိတဲ့ပြစ်ဒဏ်တွေ အမေရိကန် မှာ ဆက်လက်ကျခံရမှာဖြစ်တယ်လို့ဆိုပါတယ်။

နအဖ က ဂျွန်ယက်တော့ကိုလွတ်ပေးလိုက်တာကောင်းပါတယ်။ ဒါပေမဲ့ မေးစရာရှိတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုရော ဘာကြောင့်မလွတ်ပေးတာပါလဲ ဆိုတာကတော့ နအဖ က ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ဖမ်းဆီးထားခြင် နေတယ်ဆိုတာ ပိုမိုပေါ်လွင်သွားစေပါတယ်။ နောက်တခုကတော့ သန်းရွေဟာ အမေရိကန် ကိုတော့ အကြောက် ဒူးတုန်တယ်ဆိုတာလည်း ပေါ်လွင်သွားစေပါတယ်။ ဂျွန်ယက်တောကို သာ လွတ်မြောက်အောင်လုပ်ပေးခဲ့ပြီး ဂျွန်ယက်တော ကြောင့် အပြစ်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ထပ် အကျယ်ချုပ် ၁နစ်ခွဲ ထပ်ကြနေတာကို လွတ်အောင် မလုပ်ပေးနိင်ဘူးဆိုရင်တော့ ဆီနိတ်တာ ဂျွန်ဝဘ်ဟာ တော်တော် ဆောက်သုံးမကျဘူးလို့ ပြောရပါလိမ့်မယ်။

0 Comments:

blogger templates | Make Money Online