
၂၀၀၉ ခုနှစ် သြဂုတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အနည်းငယ်မှ အသင့်အတင့် ရှိနိုင်သည်။
မိုးအခြေအနေ
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ရွာသွန်းမြဲထက်ပိုပြီး ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ကသာမြို့တို့တွင် (၆)ပေခန့်၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် (၄)ပေခန့် ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ဟင်္သာတနှင့် ပြည်မြို့တို့တွင် (၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။ ချင်းတွင်းမြစ်ရေသည် ခန္တီးနှင့် ဟုမ္မလင်းမြို့တို့တွင် (၇)ပေခန့်၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့တို့တွင် (၆)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
0 Comments:
Post a Comment