Saturday, August 29, 2009

မက်ဒီတေးရှင်း အိုဗာဒေါ့စ် နဲ့ ဆိုက်အဖက်တွေ များလား....


ဘာသာရေး ဆိုက်အတော်များများ ဟိုနားတစ်ခု ဒီနားတစ်ခုဆိုသလို အွန်လိုင်းပေါ်မှာတွေ့လာရပါတယ်။ ကောင်းတယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမဲ့ ..ဘာတစ်ခု တွေ့ရသလဲ ဆိုတော့.. မြန်မာရုပ်ရှင်. ခေတ်ဟောင်း ၀တ္ထု ဖတ်နေရသလိုပဲ။ ဟိုး တုံးက မြန်မာ ၀တ္ထု ဆိုရင် ..လာပြီ....တက္ကသိုလ် နောက်ခံ.ချစ်.ကြိုက်.ညား.ကွဲ။ ရုပ်ရှင် ဆိုရင်လဲ..ဒီအပြင်အဆင် .ဒီဇာတ်လမ်း နဲ့ ဒီလို ပဲ ဇာတ်သိမ်းမဲ့ ကား ပဲ လို့ ဇာတ်လမ်း စ လို့ မကြာမှီပဲ ဇာတ်သိမ်း ခန်း ကို တွေးမိနေတာမျိုး ပေါ့။

ခု လဲ သိပ်မထူး လှပါဘူး။ဗုဒ္ဓဘာသာ အကြောင်း ရေးသားတော့မယ်..ဆိုရင်... အနိစ္စ.ဒုက္ခ. အနတ္တ. ရုပ်.နာမ် ငြီးငွေ့..ပဋိစ္စ သမုပ္ပါဒ်..။ ဟိုမှာကြည့်တော့လဲ မက်ဒီတေးရှင်း..ဒီမှာကြည့်တော့လဲ. ဖြစ်. ပျက်..ငြီးငွေ့.. ...။


ဒီလို..နဲ..ဒီလိုနဲ့...


အစ ၏ ကောင်းခြင်း ..အလယ်၏ ကောင်းခြင်း..အဆုံး ၏ ကောင်းခြင်း နဲ့ ပြည့်စုံ တဲ့ ဗုဒ္ဓတရား.. (အာဒိကလျာနံ..... )
ဖါးခုန် သလို ခုန်ပျံ ကျော်လွှား သွားလို့ မရတဲ့ ဗုဒ္ဓတရား.. ( အနုပုဗ္ဗကထာ...)
ဆိုတဲ့ အဓိပ္ပါယ်တွေ ယနေ့ မှာ တိမ်မြှပ် ပျောက်ကွယ်နေ သလား ပဲ။

ဒါနဲ့ ပတ်သက်ပြီး ကြားမိတဲ့ဖြစ်ရပ် လေးတွေ....

မလေးရှားမှာ ပါ။

တရားစခန်းတွေမှာ တရားလိုက်ထိုင်ပြီး ကိုယ့်ဒေသ မှာ ကိုယ်ပိုင်စခန်း ဖွင့်..ကမ္မဌာန်းဆရာပြန်လုပ်ပါတယ်။

ဟောတဲ့တရားက .တော့ ထူးမခြားနား..လာသမျှ လူအကုန်ကို တရားချည်း ထိုင်ခိုင်းစေတာ ပါ။

ဆရာဘုန်းကြီးကို အားကိုးရမလား လို့ ပြဿနာတွေမေးလျှောက်ပါတယ်။ ပေးတဲ့အဖြေက ..ဘာပဲဖြစ်နေနေ တရားသာ ထိုင်ပါ..အကုန် ပြေလည်သွားစေရမယ်..။

အင်း...ဒီလိုနဲ့...ဒီလို နဲ ..မေးလာတဲ့ ပြဿနာ ပေါင်း သောင်းခြောက်ထောင် ကို ဖြေရှင်း ဖို့ အတွက် မက်ဒီတေးရှင်း ဆိုတဲ့ ဆေးခါးကြီးတစ်မျိုးထဲ စွတ်တိုက် ဆရာကြီးလုပ်လာသမျှ တစ်နေ့ကျတော့ ..ဓါးနဲ့ အလိုက်ခံရပါလေရော....။ ကိုယ်နေရာကျောင်းမှာ ၀ါမဆို ရဲတော့ ပဲ ရှောင်ပုန်းနေရတဲ့အဖြစ်။

ဒါလဲ ပဲ အမှတ်သညာ မရှိ။ နောက်တော့လဲ ထိုနည်းလည်းကောင်း..လာသမျှ လူကုန်.. ဒီဆေးပဲ ထပ်တလဲလဲ တိုက်နေပါပြန်ရော....။


မက်ဒီတေးရှင်း၊ အနိစ္စ ဒုက္ခ. ရုပ်နာမ် ငြီးငွေ့ အိုဗာဒေါ့စ် တွေဖြစ်မှန်းမသိ ဖြစ်နေကြလို့..ဗုဒ္ဓဘာသာ လူမှု အသိုင်းအ၀ိုင်းမှာ ဆိုက်အဖက် တွေ ရနေတာ ဘယ်လောက်ကြာနေခဲ့ပြီလဲ။

မိမိ လူမှု ပတ်ဝန်းကျင်မှာ တင်ပဲ ကြည့်တတ်ရင် မြင်မိ သတိပြုမိမယ် ယူဆရပါတယ် ။


အနုတ္တရော ပုရိသ ဓမ္မသာရထိ ဆိုတဲ့ ဗုဒ္ဓမြတ်ဘုရားရဲ့ ဂုဏ်တော်ကို ရွတ်ဖတ်ရုံ သာ မဟုတ်မူပဲ အနက်အဓိပ္ပါယ် ပါ ထိုးထွင်းသဘောကျ .ဗုဒ္ဓအလိုတော်ကျ သာသနာပြုနိုင်ကြပါစေ ဗျာ..။

http://www.ashinkumara.com/

0 Comments:

blogger templates | Make Money Online