Tuesday, August 25, 2009

‘နံပါတ်ဝမ်း’ သန်းရွှေရဲ့ (ကိုယ်ရေးအကျဉ်း)


23-8-2009
ဘယ်အချိန်မှာ ဘယ်သူ့ကပ်ရမယ်ဆိုတာကို စစ်အုပ်စုတိုင်းက သိတယ်။ ကြေးစားစစ်ဗိုလ်ရဲ့ဗီဇစိတ်ကြောင့်ပဲ ဖြစ်လိမ့်မယ်။ “အိမ် စောင့်” ရတုန်းက အမေရိကန်၊ အစ္စရေးလ်ကို ကပ်တယ်။ မဆလ စစ်အုပ်စုက တအိမ်လုံးသိမ်းမိတော့ ကမ္ဘာ့ဗိုလ်ကြီး (၂) ဗိုလ်ကို ကပ် တယ်။ နောက်တော့ အမွေခံ ‘နဝတ’ က တရုတ်နဲ့ အာဆီယံ၊ အိန္ဒိယကို ကပ်တယ်။ အခုတော့ နအဖ က တရုတ်၊ အာဆီယံ၊ အိန္ဒိယ အပြင် အမေရိကန်ကိုပါကပ်ဖို့ လမ်းစရသွားပြီ။

ဂြိုဟ်ကောင် ‘ဂျွန်ယက်တော’ ကို အမေရိကန်လွှတ်တော်အမတ်က အထူးစစ်လေယာဉ်နဲ့ခေါ်ပြီး ပြန်သွားနိုင်ခဲ့ပြီ။ သန်းရွှေကို ‘အ’ တယ် မထင်ပါနဲ့။ အောက်ခြေကနေ အခုအမြင့်ဆုံး နံပါတ်ဝမ်းအထိ တက် လာနိုင်တာဟာ ဘယ်အချိန်မှာ ဘယ်သူ့ကပ်ရမယ်ဆိုတာ သိလို့၊ အကင်းပါးလို့ပဲ။

၁၉၅ဝ နှစ်ပိုင်းတွေက မြောက်ပိုင်းတိုင်းမှာ ဆိုရှယ်လစ်စစ်ဗိုလ်ကြီး တွေ စုမိပြီး ဗကပ ချေမှုန်းရေး ထိုးစစ်ကြီးတွေ ဆင်တုန်းက သန်းရွှေက အဲဒီတုန်းက တန်ခိုးထွားနေတဲ့ မြန်အောင် သခင် ချစ်မောင်ကို ကပ်မိတယ်။ မြန်အောင်သခင်ချစ်မောင်ရေးတဲ့ “နိုင်ငံ ရေးသံဝေဂစာတမ်း’ (သူ့စာအုပ်နာမည်တော့ မေ့နေပြီ) အဲဒီစာတမ်း မှာ အထက်ဗမာပြည် ထိုးစစ်ကြီးအတွင်း စိတ်ဓာတ်စစ်ဆင်ရေးဋ္ဌာန ရဲ့အာဏာပိုင်အဖြစ် ပါဝင်နေရတုန်းက နာမည်ပျက်ရုံ အရက် သောက်တဲ့အကျင့်ရကြောင်း ရေးဖူးတယ်။ အဲဒီကာလက သန်းရွှေ က ဗိုလ်ပေါက်စပဲ။ မြန်အောင်သခင်ချစ်မောင်ကို အထူးပြူစုတဲ့ စားပွဲထိုးအလုပ် တက်တက်ကြွကြွ လုပ်ခဲ့တယ်။ ချစ်မောင် မျက်စိ ကျသွားတယ်။ နောက်တော့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ ရောက်သွား တယ်။ ကွန်မြူနစ်ပျက် ပါရီပြန် ကိုချစ်လှိုင် (အခု ကိုကိုမောင်ကြီး) က အလားအလာကောင်းတဲ့သူအဖြစ် သန်းရွှေကို မွေးမြူတယ်။ အဲဒီကတည်းက သန်းရွှေဟာ တက်လမ်းချည်းပဲ တွေ့ရတော့တယ်။

နောက်ဆုံးနေဝင်းက အာဏာအမွေလွှဲတော့ နံပါတ်တူးအဖြစ်နဲ့ အာဏာပိုင်တယောက် ဖြစ်လာတာပဲ။ တဦးတည်း အာဏာပိုင်တော့ မဟုတ်သေးဘူး။

ဗိုလ်စောမောင်က နိုင်ငံရေးအကွက် မမြင်ဘူး။ ရိုးတယ်။ အတယ်။ ၁၉၉ဝ ရွေးကောက်ပွဲဟာ အာဏာလွှဲပေးဖို့လုပ်တဲ့ ရွေးကောက်ပွဲလို့ ထင်ခဲ့ပြီး စကားတွေ အလွန်အကျွံ ပြောမိတယ်။ နောက်ဆုံးတော့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား မပြန်ရဘဲ သူပဲ အရူးဖြစ်ကာ ဇာတ်သိမ်းရတယ်။

ဗိုလ်စောမောင် မရှိတော့ သန်းရွှေဟာ နံပါတ်ဝမ်း (နာမည်ခံသာ) ဖြစ်နေတာပဲ။ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်နဲ့ ပူးတွဲအာဏာ ကျင့်သုံး နေရတာ ဖြစ်တယ်။ နေဝင်းကိစ္စပေါ်တော့ ဗိုလ်ခင်ညွန့် အာဏာကျစပြုတယ်။ ဒဘယင်း (ဒီပဲယင်း) ပြီးမှပဲ ဗိုလ်ခင်ညွန့်ကို ဖယ်ပစ်နိုင် တာပဲ။ ဗိုလ်ခင်ညွန့်ကိုစွဲတဲ့ အမှုက ကြီးတယ်။ ဗိုလ်စောမောင်ကို ဖယ်ရှားတုန်းကလိုလုပ်လို့ မဖြစ်ဘူး။ ဒါကြောင့် ထောင်နှစ်ရှည် ချတယ်။ ပြီးမှ ဆိုင်းငံ့ပေးတယ်။ ဆိုင်းငံ့တာရဲ့ အကြောင်းကတော့ ‘စစ်အုပ်စုဝံသာနုစိတ်’ ကြောင့်ပါ။ (တလောက ဗြုတ်စဗျင်းတောင်း တယောက်က ဗိုလ်ခင်ညွန့်ကို သန်းရွှေရဲ့ မွေးစားသားလို့ပြောတာ ကြားလိုက်ရတယ်။ စစ်အုပ်စုထိပ်သီးတွေရဲ့ ကိုယ်ရေးအကြောင်း မသိဘဲ သန်းရွှေကို (ဖား) ချင်လွန်းအားကြီးပြီး ပြောလိုက်ပုံရတယ်။ နေဝင်းရဲ့ မွေးစားသားဆိုရင် ဟုတ်သလိုလို ရှိဦးမယ်။)

သန်းရွှေ နံပါတ်ဝမ်း စစ်စစ်ဖြစ်တာ ဒဘယင်း (ဒီပဲယင်း) အပြီး ဗိုလ်ခင်ညွန့်ကို့ ဖြုတ်ပြီးမှ ဖြစ်တာပါ။

ဓနုပုံပြင်တခု ရှိတယ်။ စပါးကြီးမြွေမှာ သူဋ္ဌေးကွက်ဆိုတဲ့ အကွက်တကွက်ရှိတယ်။ အကွက်တွေ ထောင်သောင်းထဲမှာ တကွက်ပဲ ပါတာ တဲ့။ ပြီးတော့ အဲဒီအကွက်က ပုံမှန်မရှိဘူး။ အမြဲ စက္ကန့်နဲ့အမျှ ပြောင်းနေတာဆိုပဲ။

အဲဒီသူဋ္ဌေးကွက်ကို ပထမဆုံး တုတ်ချက်နဲ့ ရိုက်မိရင် ဒီရေအလား စည်းစိမ်တိုးပြီး သူဋ္ဌေးဖြစ်တာပဲတဲ့။

သန်းရွှေလည်း မြန်အောင်ချစ်မောင်ကို ကပ်မိတာဟာ သူဋ္ဌေးကွက်ကို ရိုက်မိတာပဲ ဖြစ်လိမ့်မယ်။

သန်းရွှေဟာ အခု အမေရိကန်ကိုကပ်ဖို့ လမ်းစရသွားပြီ။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ချုပ် - ဂြိုဟ်ကောင်က ကျော့ကျော့မော့မော့ အိမ်ပြန်သွားပြီ။ အမေရိကားမှာ သူက တစုံတရာ ထင်ပေါ်ကျော်ကြားသူ ဖြစ်ဦးတော့မယ်။ ‘ဗမာပြည်အရေး ကျွမ်းကျင်သူ’ နိုင်ငံခြား သား နောက်ထပ်တယောက် တိုးပြန်ဦးမယ်။

ဘန်ကီမွန်းလာတုန်းက ‘ဒေါ်စု’ နဲ့တွေ့ခွင့် မပေးဘူး၊
ဂျင်ဝက်ဘ်ကိုတော့ တွေ့ခွင့်ပေးတယ်။ ဘာ့ကြောင့်လဲ။

(၁) ဘန်ကီမွန်းက ကုလသမဂ္ဂ(UN) (S/G)အတွင်းရေးမှူးချုပ်အနေနဲ့ လာတာပဲ။္က္ဒ မှာက ကြီး ‘၅’ ကြီးက အခရာပဲ။ ကြီး ‘၂’ ကြီးကို နအဖ က ကပ်ထားမိတယ်။ UN မှာ ကာကွယ်ပေးမယ့်သူ ရှိပြီးဖြစ်တယ်။ ဒါကြောင့် UN ရဲ့ S/G ကို ဒေါ်စုနဲ့တွေ့ဖို့ ခွင့်မပြုနိုင်ဘူးလို့ ပြောဝံ့တယ်။ ပြောနိုင်တယ်။ ပြီးတော့ နအဖ ထိပ်သီးတွင်းမှာ ဒေါ်စုအမှုနဲ့ ပတ်သက်ပြီး သဘောထားညှိရဆဲကာလလည်း ဖြစ်နေတယ်။ အဆုံးအဖြတ် မကျသေးဘူး။ ဒါကြောင့် တရားရုံးရဲ့ကိစ္စထဲ ဝင်မစွက် ချင်လို့ အကြောင်းပြပြီး ငြင်းလို့ရတယ်။

ဂျင်ဝက်ဘ်ကတော့ အမေရိကားက လာတာပဲ။ အထက်လွှတ်တော်အမတ်လည်း ဖြစ်တယ်။ သမ္မတအိုဘားမားနဲ့လည်း တပါတီတည်းဖြစ်ပြီး ရင်းနှီးတယ်။ ဒေါ်စုကလည်း အမှုပြီးလို့ အိမ်ချုပ်အဖြစ် အိမ်ပြန်ရောက်နေပြီ။ ထောင်ထဲ သွားတွေ့ ရမှာ မဟုတ်ဘူး။ ဒါကြောင့်ပဲ သန်းရွှေက တွေ့ပေးဖို့ စီစဉ်လိုက်တာပဲ။ အခုအရေးအကြီးဆုံးအဖြစ်က (နအဖဝင် အားလုံး သဘောညီညွတ်နေတာက) အမေရိကန်နဲ့ ရင်ကြားစေ့ရေးပဲ။ ဒေါ်ကလင်တန်ကလည်း လေသံပစ်ထားတာ ရှိတယ်။

နောက် ဗိုလ်ခင်ညွန့် ရှိတုန်းကလို အမေရိကန်အရာရှိက စီစဉ်ပေးတဲ့ သူတချို့လို ဗမာပြည်ထဲ ခိုးကြောင်ခိုးဝှက်လာ တာ မဟုတ်ဘူး။ ဝက်ဘ်ကိုယ်တိုင် လော ကနေ အထူးလေယာဉ်စီးပြီး နေပြည်တော်ကို တိုက်ရိုက်ဝင်လာတာပဲ။

သန်းရွှေက ပါးပါတယ်။ ဒါအခွင့်ကောင်းပဲဆိုတာ သူသိတယ်။ တရုတ်က အမေရိကန်နဲ့ ရင်ကြားစေ့ချင်တုန်းကလို ‘ပင်ပေါင်ဒီပလိုမေစီ’ မျိုး လုပ်နေစရာ မလိုဘူး။ အထက်လွှတ်တော်အမတ်ကိုယ်တိုင် လာနေပြီပဲ။ ဒီအခွင့်ကောင်းကို သန်းရွှေ ကောင်းကောင်းအသုံးချလိုက်တာပဲ။


(၂) ဒေါ်စုကို ဝက်ဘ် ဘာသွားပြောသလဲ မသိပါဘူး။ ဖြစ်နိုင်တာ ပြောရရင် သန်းရွှေက ‘စကားပါး’ လိုက်တာကို ပြောပုံ ရတယ်။

NLD ရွေးကောက်ပွဲ သပိတ်မမှောက်သင့်ကြောင်း၊ ‘ရွှေဂုံတိုင်’ ကို အသေကိုင်ထားရင် လမ်းပိတ်နေမှာဖြစ်ကြောင်း၊ ပြည်သူ ၉ဝ% ရာခိုင်နှုန်းက အတည်ပြုပေးထားတဲ့ ‘၂ဝဝ၈ အခြေခံဥပဒေ’ ကို ပြန်လည်သုံးသပ်ပြင်ဆင်တာ (နအဖ) က လုပ်မှာမဟုတ်ကြောင်း စတာတွေပြောတာလည်း ဖြစ်နိုင်တာပဲ။ တနာရီလောက်ကြာတဲ့ စကားဝိုင်းမှာ ပြောတာတွေ များမှာပါ။

ဝက်ဘ်က မောင်စူးစမ်းလိုတော့ နိုင်ငံရေးဆိုတာတို့၊ စပေ့စ်တို့၊ ဘာတို့ သွယ်ဝိုက်ပြောနေမှာ မဟုတ်ပါဘူး။ မောင် စူးစမ်းကတော့ ဒဲ့ဒိုး (တဲ့တိုး) မပြောဝံ့ဘူး။ ရွေးကောက်ပွဲ သပိတ်မမှောက်နဲ့၊ နေရာပျောက်သွားမယ်လို့ ပြောချင်တာကို စကားလုံးကြီးကြီးကျယ်ကျယ်သုံးပြီး ပြောတာမျိုးတော့ ပြောမှာမဟုတ်ဘူး။

အမေရိကန်ပုံစံ ဟောဟောဒိုင်းဒိုင်း ပြောမှာပဲ။ ဒေါ်စုကလည်း အကင်းပါးပြီးသားပါ။ အမေရိကန်လွှတ်တော်နဲ့ အမေရိ ကန်သမ္မတ ဘယ်လိုစခန်းသွားသလဲဆိုတာ သိပါတယ်။ ဘာပြောသလဲဆိုတာတော့ အချိန်ကျရင် ဒေါ်စု ပြောပါလိမ့် မယ်။


(၃) ဂျင်ဝက်ဘ်က ဘယ်တော့ ရွေးကောက်ပွဲဝင်ရမလဲဆိုတာ မသိပါ။ ဒီလောက်လည်း အရေးမကြီးလို့ Google မှာ မရှာတော့ပါဘူး။ သေချာတာက သူ့အနေနဲ့ အမှတ်တိုးသွားပြီ ဆိုတာပါပဲ။ အလုပ်ကြမ်းနဲ့ ထောင် ‘၇’ နှစ် ချခံထားရတဲ့ ဂြိုဟ်ကောင်ကို လွတ်အောင်လုပ်ပေးနိုင်လို့ ကျော်ကြားထင်ရှားသူ ဖြစ်မှာပါ။ သမ္မတဟောင်းကလင်တန်ရဲ့ နာမည် ကောင်း မျိုးတော့ ဝက်ဘ်ရမှာပါ။

နေ့သစ်မီဒီယာ
မှကူးယူဖေါ်ပြသည်

အစအဆုံး..ကြည့်ချင်ပါက....

http://lanka-msma.blogspot.com/

0 Comments:

blogger templates | Make Money Online