Tuesday, August 25, 2009

ကိုးကန့်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ တပ်ဦးက ပြတ်ပြတ်သားသား တုန့်ပြန်


August 24, 2009

မကြာသေးခင်က အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ကိုးကန့် ဒေသမှာ နအဖ အစိုးရက မူးယစ်ဆေးဝါး တားဆီးရေး အကြောင်းပြချက်နဲ့ စစ်ရေးအရ ခြိမ်းခြောက် ရန်စခဲ့တာကြောင့် ကိုးကန့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီအရေးနဲ့ပတ်သက်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ တပ်ဦး (Peace and Democratic Front)က ပြတ် ပြတ်သားသား တုန့်ပြန် ကန့်ကွက်တဲ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ တပ်ဦး ဆိုတာဟာ ဗမာပြည် ကွန်မြူနစ် ပါတီက ခွဲထွက်ပြီး နအဖ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ကိုးကန့်။ ၀၊ အခါ၊ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) အဖွဲ့တွေ က ၁၉၉၄ ခုနှစ်မှာ စတင် ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။




http://vimutti.blogspot.com/

0 Comments:

blogger templates | Make Money Online