Monday, May 18, 2009

အင်းစိန်ဈေးထဲကို ၀င်လို့ မရပါ။

မီးပွိုင့်ကနေ ပိတ်ထားပါတယ်။

ယခုအခါမှာ အင်းစိန်ထောင်အတွင်းသို့  ရှေ့ နေ (၄) ဦးနဲ့ 

အမေရိကန်သံရုံးမှသူများ ၀င်ရောက်သွားပါပြီ။ စောင့်ကြည့်နေကြသူများ ဆက်လက်ရှိနေကြပါတယ်။

ပြည်သူလူထုအပြင် ကျောင်းသားများနဲ့  သံဃာတော်များပါ

အင်းစိန်ထောင်ဈေးဘက်နေရာတွေမှာ ရောက်ရှိနေကြပါတယ်။
ဒီ့အတွက် ကျန်သော ပြည်သူလူထုကြီးတစ်ရပ်လုံးမှ

ဝိုင်းဝန်းအင်အားဖြည့်ပေးကြဖို့  အနူးအညွတ် မေတ္တာရပ်ခံကြောင်း

အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ

တောင်းပန်မေတ္တာရပ်ခံလိုက်ပါတယ် ပြန်လည် မျှဝေပေးပါ ။

လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံး မြေသြဇာ

သံရုံးကား ၈ စီး အင်စိန်ဖက် ကိုဝင်ရန်တောင်းဆိုနေ။ သန်းရွှေ

လူမိုက်များက အ၀င်မခံကြောင်းသိရတယ်။

ငါဒို့  တာဝန်

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမူကြီးဟာ

စတင်နေပြီဖြစ်တယ်။အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု နဲ့

စစ်အုပ်ချုပ်ရေး ယန္တယား တွေကို လုံးဝရပ်သွားအောင်လုပ်ရမယ်။

စစ်အစိုးရရဲ့ စနစ်ကြီးအတွင်း အုပ်ချုပ်ရေး ယန္ဒရား နဲ့ ဖိနိုပ်ရေး ယန္တယား

အလယ်မှာ ခါးဆက်အဖြစ် အလုပ်လုပ်ပေးနေတဲ့ - မရက၊ ရရက၊ နဲ့

ကြံ့ဖွံ့ တွေရဲ့ခေါင်းဆောင်တွေကို မြို့တိုင်းနယ်တိုင်းမှာ သက်ဆိုင်ရာ

ပြည်သူအားလုံး တိုက်ထုတ်ပစ် ရမယ်။ တနိုင်ငံလုံးအတိုင်းတာနဲ့ မရက၊

ရရက၊ နဲ့ ကြံ့ဖွံ့ခေါင်းဆောင်တွေကို တိုက်ထုတ်ပစ် ဘို့ တာဝန်ကို

သမိုင်းက ပေးအပ်လာနေပြီဖြစ်တယ်။

၈၈ လေးလုံးအရေးတော်ပုံ ကြီး အောင်ပွဲ ရစေခဲ့တဲ့ အချက်မှာ မဆလ

တိုင်း၊ပြည်နယ်နဲ့  ရပ်ကွက်အဆင့်ဆင့်

မဆလ ပါတီဝင် ၄ သန်း ခန့် ကို ငါဒို့  ချေမှုန်းလိုက်နိင်လို့ ဖြစ်တယ်။ ဒီနေ့

့လည်း နအဖ ယန္တယား မှာအရေးကြီးဆုံးဖြစ်တဲ့ အောက်ခြေယန္တယားကို

စတင်တိုက်ခိုက် ချေမှုန်းပြစ်နိင်မှ သာ ငါဒို့ အောင်ပွဲ ခံနိင်မယ်။

နအဖ ယန္တယားနဲ့  ဒေါက်တိုက်တွေကို ဒီနေ့ က စတင်ပြီး ချေမှုန်းကြ ပါစို့ 



0 Comments:

blogger templates | Make Money Online