Sunday, May 24, 2009

လူထုခေါင်းဆောင်အတွက် ကျောက်ပန်းတောင်းလူငယ်တွေ စတင်လှုပ်ရှား


လူထုချစ်မြတ်နိုးတဲ့ခေါင်းဆောင် ငြိမ်းချမ်းရေးရဲ့ မီးရှုးတန်ဆောင် ၊မြန်မာ့ဒီမိုကရေစီအရေးရဲ့ လမင်းကြီး ဒေါ်အောင်ဆန်းစုကြည် မတရားအမှုဆင်ဖမ်းဆီးခံထားရတာကနေ လွတ်မြောက်အောင် ကျောက်ပန်းတောင်းလူငယ် ၄၀ကျော်ဟာ စုရပ်ကနေ မဟာစေတီကြီးဘုရားဆီကို တူညီဝတ်စုံဝတ်ကာချီတက်ပြီး ငါးလွှတ်ကာ ဆုတောင်မေတ္တာပို့ခဲ့ကြပါတယ်၊၊ ဒီဆုတောင်းတဲ့ပွဲကို လက်ကိုင်ဒုတ်တွေက စောင့်ကြည့်အင်းအာပြပြီး မေးမြန်းတာရှိခဲ့ပေမဲ့ တစုံတရာတော့ အနှောက်အယှက်မပေးဘူးလို့သိရပါတယ်၊ (ကျေးဇူးကြီးပါပေ့) ၊ ပြည်သူချစ်တဲ့ ခေါင်းဆောင်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဥပဒေဘောင်အတွင်းက လှုပ်ရှားမှုဖြစ်တာကြောင့် ပြည်သူတရပ်လုံး မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ဆုတောင်းမေတ္တာပို့လမ်းလျှောက်တဲ့ပွဲတွေ လုပ်ပြီး နအဖကို ဆန့်ကျင်ကြပါစို့ လို့တိုက်တွန်းရင်းဖြေးဖြေးချင်း တိုက်ပွဲအရှိန်မြှင့်တင်ကြတာပေါ့။

အညာနွေ တမာမြေ
http://www.wanna23.co.cc/

0 Comments:

blogger templates | Make Money Online