Tuesday, May 26, 2009

ဒီနေ့သတင်းထူး-၃

လက်ရှိ အင်းစိန်အခြေအနေမှာ ဘဘဦးဝင်းတင်အနေဖြင့် တရားရုံးအတွင်း ၀င်ရောက်ခွင့် မရခဲ့သောကြောင့် အင်းစိန်ဈေးရှေ့ ဘက်တွင် ဆက်လက်စောင့်ဆိုင်းနေဆဲဖြစ်ပြီး၊ စောင့်ဆိုင်းနေကြသော လူအုပ်မှာလည်း မနေ့ ကထက် ပိုမိုများပြားကြောင်း သိရှိရပါတယ်။

: သူတို့ ပြောချင်တာကို ကမ္ဘာကို ပြောနေတယ်။ ဒေါ်စုက မကျန်းမာဘူး ပြောနေချိန်မှာ ဒီလိုမကျန်းမာတဲ့ လူတယောက်ကို ဒီလို အပြစ်စွဲတင်နေတာဟာ မသင့်တော်ဘူး ပြောနေတဲ့တချိန်မှာ ဟောဒီမှာကြည့် ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ် ရှိနေတယ်ဆိုတာ တခုထဲ သက်သက်ပဲ။ ဒီနေ့ သတင်းထောက်တွေ သံတမန်တွေ ဝင်ခွင့်ပြုတာ၊ ဒါပဲ။”

: ဦးဝင်းတင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်) နှင့် ဆက်သွယ် မေးမြန်းချက် အင်္ဂါနေ့၊ မေလ 26 2009 13:45 - မြန်မာစံတော်ချိန် “ကျနော့်အထင်ကတော့ ဒေါ်စုက ဒီနေ့ ကိုယ်တိုင်စစ်ခံမှာလေ။ ကိုယ်တိုင်စစ်ဆိုတဲ့ သဘောက ဒီလိုဗျာ၊ သက်သေနဲ့ အစစ်ခံမယ်ဆိုရင် Cross Questions ဟိုမေး ဒီမေးလုပ်မယ်ကွာ။ တရားသူကြီးက အစစ်ခံချက်တွေကို အကိုးအကား ပြုတယ်ပေါ့ကွာ။ ကိုင်တိုင်စစ်ဆိုတဲ့ ကိုယ့်ဆန္ဒအတိုင်း ထင်မြင်သမျှ ပြောတာက ကိုယ်တိုင်စစ် ခေါ်တယ်။ အဲဒီ ကိုယ်တိုင်စစ်က Cross Questions မမေးတော့ဘူး။ သို့သော် တရားသူကြီးက တရားစီရင်တဲ့အခါမှာ အဲဒါကို ထည့်မစဉ်းစားဘူး။ မှတ်တမ်းထဲမှာ ထည့်တာပဲ ရှိတယ်” “အဲဒီတော့ ကျနော်တို့က ဒေါ်စုကို ကိုယ်တိုင်စစ် လုပ်မယ်။ သက်သေစစ် အစစ်မခံတော့ဘူး။ တရားသူကြီးက ထည့်စဉ်းစားတာတော့ သိပ်မစဉ်းစားတော့ဘူး။ သူတို့က ထောင်ချမှာပဲ။ အဲဒါကြောင့် ကျနော်ထင်တယ်၊ သံတမန်နဲ့ သတင်းထောက်တွေကို ခေါ်ပြတာက ဒေါ်စုက ဘာမှ ပြောခွင့်ဆိုခွင့် မရှိတာ မဟုတ်ဘူး၊ ရေငုံနုတ်ပိတ် နေရတာ မဟုတ်ဘူး၊ ပြောဆိုနေတာ မြင်တယ်မဟုတ်လားဆိုတဲ့ သဘောမျိုးပဲ။ သံတမန်တွေက အရင်တပတ်ကလည်း ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ်နဲ့ သန်စွမ်းနေတယ်။

: အဓိက မေးခွန်းကတော့ နအဖက ဒေါက်တာတင်မျိုးဝင်းကို ဘာလို့ ဖမ်းဆီးထိန်းသိမ်းရတာပါလည်း၊ မဆီမဆိုင်တဲ့သူတွေကြတော့ သက်သေအဖြစ် ဆွဲထည့်ပြီး ဒေါ်အောင်ဆန်းစုကြည့်ရဲ့  ကျန်းမာရေးကို ပုံမှန်တာဝန်ယူပေးနေတဲ့ ဆရာဝန်ကိုကြတော့ တရားဝင် သက်သေအဖြစ် ဘာလို့  မခေါ်ရတာပါလည်း။ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မေးမြန်းရခြင်း ဖြစ်ပါတယ်။: ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ခြံဝန်းအတွင်း လုံခြုံရရေး ယူထားခဲ့တဲ့ လုံခြုံရေးအဖွဲ့ ဝင်တွေကိုပါ ဒီအမှုထဲမှာ နအဖက မထည့်သွင်းဘဲ အခြား မဆိုင်တဲ့ နအဖလက်ပါးစေတွေ ရဲမှူးတွေကို ဆွဲထည့်ရတာ အဓိပ္ပါယ်မရှိပါ။: ထို့ အတူ အရေးကြီးတဲ့ အနေအထားမှာ ရှိနေတဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ခြံဝန်းအတွင်း လုံခြုံရရေး ယူထားခဲ့တဲ့ လုံခြုံရေးအဖွဲ့ ဝင်တွေကို သက်သေအဖြစ် မခေါ်တာဟာ ထူးဆန်းနေပါတယ်။: ပြဿနာစတင်ဖန်တီးခဲ့တဲ့ ယက်တောကိုတော့ အခုထိ စွဲချက်မတင်ဘဲ အိမ်ရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စတင်စွဲချက်တင်တာ မတရားတာပါ။ တရားမျှတသော တရားစီရင်မှု မဟုတ်ပါ။ နအဖကဘက်က တစ်ဘက်စောင်းနင်း စီရင်မှု ဖြစ်ပါတယ်။

: ယက်တောအမှုစဖြစ်ကတည်းက နအဖက ဖမ်းထားပြီး အခုပြန်လွတ်ပေးထားတဲ့ ဒေါက်တာတင်မျိုးဝင်းကို သက်သေအဖြစ် လုံးဝမခေါ်တာ ဒါ နအဖရဲ့  အဓိက ဖုံးကွယ်ချက်တစ်ခု ဖြစ်မယ်လို့  ပြောဆိုကြပါတယ်။

: ဟုတ်ပါတယ်။ မနေ့ က တရားရုံးပြီးချိန်မှာ တရားသူကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့  ထပ်တွေ့ ပါရစေလို့  ပြောတဲ့အခါ တရားသူကြီး တရားရုံးနောက်ပေါက်ကနေ ပြန်မထွက်လာတော့ပါဖူး။

: မနေ့က တရားခွင်မှာ တရားသူကြီးက သူပြောချင်တာပြောပြီးတဲ့နောက် တရားခွင်ကို မနက်ဖြန် မနက် ၁၀ နာရီကိုရွေ့ဆိုင်းကြောင်းပြောပြီး ချက်ချင်းထထွက်သွားခဲ့တယ်။ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ချက်ချင်းလိုက်သွားပြီး သူ့အမှုသည် ဒေါ်စုကိုတွေ့ဆုံဆွေးနွေးခွင့် တောင်းပေမယ့် တရားသူကြီး ပြန်သွားပါပြီဆိုတဲ့ စကားလေးတစ်ခွန်းသာ ရရှိခဲ့ကြောင်းပါ။

0 Comments:

blogger templates | Make Money Online